fa
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Chicken for Linda! (2023) ⭐IMDB: 7.1/10 (671 Votes) 🎬 #Animation #Comedy #Family #Musical 🗓 2023 🎞 movie 🌎 #France #Italy ⏰ 1 နာရီ 16 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ချစ်စရာ ပြင်သစ် animation ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် လင်ဒါဆိုတဲ့ ကလေးမလေးက ငယ်ငယ်လေးကတည်းက ဖခင်ကိုဆုံးရှုံးလိုက်ရပြီး အမေဖြစ်သူ ပူလတ်နဲ့ နှစ်ယောက်တည်း နေထိုင်ပါတယ် တစ်နေ့မှာတော့ မေမေက လင်ဒါ့ကို သူ့လက်စွပ်ခိုးတယ်လို့ စွပ်စွဲပြီး အပြစ်ပေးတဲ့ အနေနဲ့ သဘောဆိုးတဲ့ လင်ဒါရဲ့ အန်တီ့အိမ်မှာ တစ်ညသွားထားပါတယ် တကယ်တမ်း လက်စွပ်ကို သမီးလေးခိုးတာမဟုတ်မှန်း သိသွားတဲ့အခါ သူ့ညီမအိမ်ကနေ သမီးကို သွားပြန်ခေါ်လာပြီး သမီးလိုချင်တာတစ်ခု ပြန်လုပ်ပေးဖို့ ကတိပေးလိုက်ပါတယ် အဖေ့ကို မမှတ်မိတော့ပေမယ့် လင်ဒါလေးဟာ အဖေချက်တဲ့ ထူးရှယ်ကြက်သားဟင်းကို စားချင်တယ် ပြောလာလို့ ကြက်သားရှာဝယ်ပေမယ့် အလုပ်သမားသပိတ်ကြောင့် ဆန္ဒပြပွဲတွေဖြစ်ပြီး ဈေးတိုင်းပိတ်ထားတဲ့အခါမှာ ဘယ်လိုတွေ ဆက်လက်ကြုံရမလဲ ပရိသတ်ကြီး ဆက်လက်ကြည့်ရှုပေးပါဦး
...

Against the Ropes (2004) ⭐TMDB: 50% User Score 🎬 #Drama #Romance 🗓 2004 🎞 movie 🌎 #Germany #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 *”Against the Ropes”* ဇာတ်ကားသည် 2004 ခုနှစ်မှာထွက်ရှိခဲ့တဲ့ အားကစားဒရမ်မာ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် ဂျက်ကီကယ်လန်ဆိုတဲ့ အားကစားမှာ စိတ်အားထက်သန်လှတဲ့ အမျိုးသမီးတစ်ဦးရဲ့ လက်ဝှေ့လောကထဲကိုတိုးဝင်ပုံကို ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ အမျိုးသမီးများကို အလေးထားမှုမရှိတဲ့လက်ဝှေ့လောကမှာ အမျိုးသားများနဲ့ရင်ဘောင်တန်ပြီး တန်းတူယှဉ်ပြိုင်ရင်း အလုပ်ကိုကြိုးစားရုန်းကန်သွားပုံကို စိတ်ဝင်စားဖွယ်ဖော်ပြထားတာပါ။ လက်ဝှေ့လောကမှာ နာမည်မရှိသေးတဲ့ လက်ဝှေ့သမားတစ်ယောက်ကို နာမည်ကျော်တစ်ဦးဖြစ်တဲ့အထိ လေ့ကျင့်သင်ကြားပေးပြီး စိန်ခေါ်မှုများ အခက်အခဲများနှင့်အောင်မြင်မှုကို ထင်ဟပ်ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတကား ဖြစ်ပါတယ်။
...

Passengers (2008) ⭐TMDB: 61% User Score 🎬 #Mystery #Romance #Thriller #Drama 🗓 2008 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 cm ပရိသတ်ကြီးကို ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ Mystery Romance Thriller ဇာတ်လမ်းလေး တစ်ခုကတော့ Passengers ဆိုတဲ့ ဇာတ်ကားလေးပါ။ ဒီဇာတ်ကားမှာ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Anne Hathaway နဲ့ Patrick Wilson တို့ခေါင်းဆောင်ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကြောင်း ပြောရရင် ကမ်းခြေတစ်ခုအနီးမှာ လေယာဉ်ပျက်ကျ မတော်တဆမှု ဖြစ်ခဲ့ပါတယ်။ အဲဒီမတော်တဆမှုမှာ အသက်မသေဘဲ ရှင်ကျန်ရစ်တဲ့ ခရီးသည် ငါးဦးကို ကလဲရာဆိုတဲ့ စိတ်အထူးကု ဆရာဝန်မလေးက အဖွဲ့လိုက် ဆွေးနွေးကုသမှု အကြံပေးနေတာပါ။ ဒီငါးဦးထဲမှာမှ အဲရစ်ဆိုတဲ့ ကောင်လေးက တခြားသူတွေနဲ့ မဟုတ်ဘဲ ကလဲရာနဲ့ တစ်ဦးချင်း သီးသန့်တွေ့ဆုံ ဆွေးနွေးဖို့ တောင်းဆိုပြန်ပါတယ်။ သူတို့နှစ်ဦးကြားမှာ စစတွေ့ဆုံကတည်းက အဲရစ်က ကလဲရာကို သဘောကျမိပြီး ကလဲရာဘက်ကတော့ ကျင့်ဝတ်ပိုင်းဆိုင်ရာကြောင့် ဒါကိုမသိကျိုးကျွံ နေဖို့ ကြိုးစားနေတာပါ။ ဒီလိုနဲ့ ဆရာဝန်မလေးနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ ကျန်လေးဦးမှာ တစ်ယောက်ပြီး တစ်ယောက် ပျောက်ဆုံးကုန်ကြတဲ့အခါ လူနာတွေအတွက် စိတ်ပူမိတဲ့ ကလဲရာ တစ်ယောက် လေကြောင်းလိုင်းဘက်က သူနဲ့ တွေ့ဆုံမေးမြန်းရာမှာလည်း ကျေနပ်စရာ အဖြေမရပါဘူး။ ဒီပဟေဠိကို ဖော်ထုတ်ဖို့ ကြိုးစားရင်းနဲ့ သူမကိုယ်တိုင် ဒီလေယာဉ် မတော်တဆမှုမှာ ပါဝင်ပတ်သတ်နေတာကို သိလိုက်ရတဲ့ အချိန်မှာတော့
...

Red Line (2023) ⭐IMDB: 3.9/10 (49 Votes) 🎬 #Action #Adventure #Thriller #Drama 🗓 2023 🎞 movie 🌎 #China #HongKong #Taiwan ⏰ 1 နာရီ 39 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Andy Lau နဲ့ ထိုင်ဝမ်သရုပ်ဆောင်တွေပါဝင်ထားတဲ့စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ကားဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ပြိုင်ကားဆိုတာ အစကတည်းကအသက်နဲ့ရင်းရတဲ့ပြိုင်ပွဲတစ်ခုပါ။လူငယ်တွေဟာ အရှိန်ကိုခုံမင်ပြီး အသက်နဲ့ရင်းပြီးပြိုင်တဲ့ပြိုင်ပွဲမှာအနိုင်ရပြီလို့ထင်ပေမယ့် ကားနက်တစ်စီးဟာ ရုတ်တရက်လိုက်လာပြီးအဆုံးအစွန်ထိရောက်အောင်တွန်းပို့တဲ့အတွက်ပြိုင်ကားမောင်းသူဟာ သေသွားခဲ့ပါတယ်။ ဒါကိုသာမန်အရှိန်လွန်တဲ့ဖြစ်ရပ်တစ်ခုလို့ထင်ကြပေမယ့် ကြိမ်ဖန်များလာတဲ့အခါအားလုံးHellCatလို့နာမည်ပေးထားတဲ့ ဒီကားနက်ဟာတရားမဝင်မြေအောက်ပြိုင်ကားမောင်းတဲ့သူတွေကိုပစ်မှတ်ထားနေတာကို သတိထားမိလာကြတယ်။ အဲဒီအကြောင်းကိုမသိသေးတဲ့ရှောင်လော့ဆိုတဲ့ကောင်လေးဟာသူ့ အစ်ကိုကပြိုင်ကားမောင်းရင်းသေသွားတာကြောင့်ပြိုင်ကားမောင်းတာကိုစွန့်လွှတ်ပြီး လူတွေရဲ့အသက်ကိုကယ်ရတဲ့အရေးပေါ်လူနာတင်ကားပြောင်းမောင်းနေခဲ့တယ်။မထင်မှတ်ပဲ သူ့အစ်ကိုသေရတာ ဒီငရဲကြောင်ကြောင့်ဆိုတာသိလိုက်ရတော့သူငယ်ချင်းတွေနဲ့ပူးပေါင်းပြီး လက်စားချေဖို့အစီအစဉ်စလိုက်ပါတော့တယ်။
...

Black Dog (2024) ⭐TMDB: 72% User Score 🎬 #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 55 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ Black Dogs ဇာတ်ကားလေးကတော့ နာမည်ကြီးဒါရိုက်တာကြီးGuan Huက ရိုက်ကူးထားပြီး ရုပ်ရှင်လောကမှာ နာမည်ကြီးဂုဏ်ယူစရာကောင်းတဲ့ဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ Cannes Film festival မှာUn Certain Regard ဆုကြီးနဲ့ Palm Dog Award-Grand Jury Prize ဆိုတဲ့ဆုကြီးနှစ်ဆုတောင်ရထားတာပဲဖြစ်ပါတယ် ။ အဓိကသရုပ်ဆောင်အနေနဲ့ ထိုင်ဝမ်မင်းသားကြီး Eddie Peng ကပါဝင်သရုပ်ဆောင်ထားပြီး Tong Liya , Jia Zhangke ,Zhang Yi အစရှိသဖြင့် နာမည်ကြီးဝါရင့်သရုပ်ဆောင်ကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ –ဂိုဘီသဲဂန္တာရတစ်နေရာမှာ ချစ်ရှားမြို့ကိုလာတဲ့ ခရီးသည်ယာဉ်တစ်စီးဟာဘယ်ကလာမှန်းမသိတဲ့ ခွေးအုပ်ကိုရှောင်ရင်း တိမ်းမှောက်သွားပါတော့တယ် ။ဒီကားထဲမှာပါလာတဲ့သူတစ်ယောက်က နဂိုက မြို့ရဲ့နာမည်ကြီးတေးဂီတအဖွဲ့ကအဖွဲ့ဝင်တစ်ဦးလည်းဖြစ် ၊ မော်တော်ဆိုင်ကယ်အဖွဲ့မှာလည်းအတော်ဆုံးဆိုင်ကယ်မောင်းသမားတစ်ဦးဖြစ်ခဲ့တဲ့ လန်ရုံဟွေးဖြစ်ပါတယ် ။ သူကလူသတ်မှုနဲ့ထောင်ကျပြီး ဆယ်နှစ်ကြာမှ မြို့ကိုပြန်ရောက်လာတဲ့အချိန်မှာမြို့က တော်တော်များများပြောင်းလဲသွားခဲ့ပါတယ် ။ အဲဒီထဲမှာမှမြို့သစ်စီမံကိန်းကြောင့် မြို့ကပိုင်ရှင်နဲ့ခွေးတွေကိုမြို့ပြင်ကိုမောင်းထုတ်နေတဲ့အစီစဉ်လည်းပါပါတယ် ။ အဲဒီအချိန်မှာပဲအစိုးရက ခွေးနက်တစ်ကောင်မှာ ခွေးရူးပြန်ရှိနေတယ်လို့သံသယရှိပြီး အဲဒီခွေးကိုဖမ်းနိူင်ရင် ဆု‌ကြေးငွေကြီးကြီးပေးမယ်လို့ထုတ်ပြန်ထားခဲ့ပါတယ် ။ထောင်ကထွက်လာခါစလန်ရုံဟွေးတစ်ယောက်ဘာအလုပ်မှမရှိတော့ အဲဒီခွေးနက်ကိုလိုက်ဖမ်းဖို့ကြံစည်ပါတော့တယ် ။ ဇာတ်လမ်းလေးထဲမှာတော့ ဆုကြေးငွေလိုချင်လို့ လိုက်ဖမ်းမဲ့ခွေးလေးနဲ့သူဘယ်လိုသံယောဇဉ်တွယ်သွားမလဲ ? ဘယ်လိုအတားအစီးအခက်အခဲတွေနဲ့ဒီလေလွင့်ခွေးလေးတွေကို ကယ်တင်သွားမလဲဆိုတာကိုemotional ဖြစ်သည်အထိ ခံစားကြည့်ရှုရမှာဖြစ်လို့တိချစ်တတ်တဲ့သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့အကြောင်းပြောရင်း ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ။
...

Salmon Fishing in the Yemen (2011) ⭐IMDB: 6.8/10 (67 k Votes) 🎬 #Comedy #Drama #Romance 🗓 2011 🎞 movie 🌎 #UnitedKingdom #UnitedStates #France ⏰ 1 နာရီ 48 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 cm ပရိသတ်ကြီးကို ဒီတစ်ခါ ရိုမန့်ဟာသဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားအမည်ကအတိုင်း ယီမင်နိုင်ငံလို အပူပိုင်းဒေသ နိုင်ငံတစ်ခုမှာ ဆယ်လ်မွန်ငါးတွေ မွေးမြူဖို့ ကြိုးစားတာပါ။ ဆယ်လ်မွန်ငါးတွေရဲ့ တခြားငါးတွေနဲ့ မတူတဲ့ သဘောသဘာဝက အားလုံးသိကြတဲ့ အတိုင်းပဲ သူတို့ဟာ ရေငံမှာ ကြီးထွားရှင်သန် ကျက်စားကြပြီး ဥဥမျိုးပွားချိန်အတွက်ကျမှ ရေကိုဆန်တက်ပြီး သူတို့ရဲ့ ဇာတိမူလ မြစ်ဖျားခံရာ ရေချိုဒေသတွေဆီ ကူးခတ်ပြန် ကြတာပါ။ ဆယ်လ်မွန်ငါးတို့ရဲ့ ဇွဲလုံ့လ ဝီရိယဉာဉ်ဟာ လူသားတွေအတွက် အားကျပမာယူစရာ ဖြစ်သလို ငါးဖမ်းသမားတွေအတွက်လည်း ဆယ်လ်မွန်ငါးတွေဟာ တန်ဖိုးရှိတဲ့ ငါးမျိုးစိတ်ပါပဲ။ ဇာတ်ကားမှာတော့ ယီမင်နိုင်ငံက ခေါင်းဆာင် စော်ဘွားကြီး တစ်ယောက်ဟာ သူသဘောကျလှတဲ့ ဆယ်လ်မွန်ငါးတွေကို နိုင်ငံထဲမှာ ရှိစေချင်တဲ့ ဆန္ဒအရ ငွေကုန်ကြေးကျ ဘယ်လောက် များနေပါစေ..ရအောင်လုပ်မယ်ဆိုပြီး ပရောဂျက်အတွက် အကြံပေးကုမ္ပဏီက သူ့ကိုယ်စားလှယ်ဖြစ်တဲ့ ဟယ်ရီယက်ဆိုတဲ့ အမျိုးသမီးလေးကို တာဝန်ပေးလိုက်ပါတယ်။ ဒေါက်တာအဲဖရက်ဒ်ဂျုံးစ်ဆိုတဲ့ ငါးပါရဂူဘွဲ့ရ အစိုးရအရာရှိ တစ်ယောက်ကို နိုင်ငံရေးအရ ချစ်ကြည်ရေးအတွက်ရော မီဒီယာ အာရုံလွှဲပြောင်းတဲ့ အနေနဲ့ပါ ဒီဖြစ်နိုင်ခြေ နည်းပါးလှတဲ့ ပရောဂျက်ကို ဟယ်ရီယက်နဲ့ အလုပ်အတူ တွဲလုပ်ဖို့ ဖိအားပေး တာဝန်ပေးလိုက် ချိန်မှာတော့….။ သူတို့နှစ်ဦးကြားက ကတောက်ကဆဖြစ်မှုလေးတွေနဲ့ ပရောဂျက် တစ်လျှောက် ရင်ဆိုင်ရတဲ့ နိုင်ငံရေး၊ လူမှုရေးတွေကို ဟာသနှော ရိုက်ကူးတင်ဆက်ထားပါတယ်။
...

Welcome To My Side (2024) ⭐TMDB: 0% User Score 🎬 #Adventure #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 15 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟာသကားလေးတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက်သွေးမတော်သားမစပ်တဲ့ ညီအစ်ကိုသံယောဇဉ်တွေနဲ့စိတ်ဓာတ်ကောင်းတဲ့ခေါင်းဆောင်ကောင်းအကြောင်းကိုရိုက်ပြထားတဲ့ဇာတ်ကားလေးကို CM ကနေတင်ဆက်ပေးလိုက်ပါပြီ ။ ဇာတ်လမ်းအကျဉ်းလေးကတော့ –တစ်နိုင်ငံလုံး ပလိပ်ရောဂါကြောင့် အငတ်ဘေးဆိုက်နေတဲ့အချိန်ပညာတတ်တစ်ယောက်ဖြစ်တဲ့ ပါးသောင်းဆိုတဲ့လူငယ်လေးဟာလည်းသူ့အလုပ်ကိုစွန့်ပြီးအစားအသောက်ရှာဖို့မြို့ပြင်ရွာပြင်အနှံ့အစားအသောက်ရှာဖို့ထွက်ရပါတော့တယ် ။ ဒီလိုနဲ့ကံကြမ္မာဖန်လာပြီး စာရင်းကိုင်တစ်ယောက်ဖြစ်တဲ့သူက သူဖုန်းစားတစ်ယောက်၊အမဲလိုက်သမားတစ်ယောက် ၊ သင်းကွပ်သမားတစ်ယောက် ၊သမားတော်တစ်ယောက်နဲ့အတူ ဓားပြလုပ်ဖို့ဖြစ်လာပါတော့တယ် ။ဓားပြလုပ်ပေမဲ့ အငတ်ဘေးဆိုက်နေတဲ့သူတွေချည်းဆိုတော့သူတို့ဓားပြတိုက်ဖို့လည်းလူမရှိဖြစ်နေခဲ့ပါတယ် ။ဒီလိုနဲ့ပလိပ်ရောဂါဖြစ်နေတဲ့ကောင်မလေးတစ်ယောက်နဲ့တွေ့ပြီးသွေးလင်ဇီးမှိုကိုရှာဖို့ဖြစ်လာခဲ့ပါတော့တယ် ။ ဇာတ်လမ်းလေးထဲမှာတော့ သူတို့၅ယောက် လင်ဇီးရှာရင်းကြုံတွေ့ရမဲ့အခက်အခဲတွေ စည်းလုံးကြပုံလေးတွေကိုဟာသလေးနှောပြီးရိုက်ထားတာကိုမြင်ရမှာဖြစ်လို့ဇာတ်ကားလေးကိုအဆုံးထိကြည့်ဖို့မမေ့ပါနဲ့နော်
...

Kalki 2898 AD (2024) ⭐IMDB: 7.6/10 (43 k Votes) 🎬 #Action #Adventure #Bollywood #Fantasy #SciFi #Drama #ScienceFiction #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 56 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kalki 2898 AD (2024)IMDb – 7.6/10 စောင့်မျှော်နေကြတဲ့ ပရာဘာ့စ်ရဲ့ရုပ်ရှင်ကားသစ်ကြီးကိုNetflixကနေထုတ်လွှင့်ခဲ့ပြီဖြစ်လို့ CMပရိသတ်အတွက် တင်ဆက်ပေးလိုက်ပါတယ်။ဘာဟုဘာလီရုပ်ရှင်တွေနဲ့ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့တလေဂူးမင်းသားကြီး ပရာဘာ့စ်၊ နာမည်ကျော် တမီးလ်မင်းသားကြီး ကာမယ်ဟာဆန်၊ဟိန္ဒူရုပ်ရှင်လောကက မင်းသားကြီး အမီတာဘချမ်း၊ မင်းသမီးချောတွေဖြစ်တဲ့ဒီပီးကားနဲ့ ဒီရှားတို့လို သရုပ်ဆောင်အကျော်အမော်တွေများစွာပါဝင်ထားကြပါတယ်။ Kalki Cinematic Universeရဲ့ ပထမဆုံးရုပ်ရှင်ပေါ့။ ၃၀၁၂ဘီစီ ကူရုခ်ရှက်တရာစစ်ပွဲကြီးမှာ မမွေးသေးတဲ့ကလေးကိုသတ်ခဲ့တဲ့အတွက် အာရှဝါသာမာကိုအရှင်ဗိဿနိုးရဲ့ ရှစ်ကြိမ်မြောက်လူဝင်စားက ကျိန်စာတိုက်ခဲ့ပါတယ်။ဆုတ်ကပ်ခေတ်ကြီးမှာ နေမင်းကြီးပျောက်ကွယ်သွားတဲ့အခါ… လေထုထဲမှာ အဆိပ်အတောက်တွေနဲ့ပြည့်နေတဲ့အခါ… ဂင်္ဂါမြစ်ကြီးထဲမှာရေတစ်စက်မှ မရှိတော့တဲ့အခါ သူ နောက်တစ်ကြိမ်လူပြန်ဝင်စားတဲ့အချိန်ကာလီရဲ့ရန်ပြုတာကနေ ကယ်တင်ဖို့ သေခြင်းရှင်ခြင်းမရှိဘဲ အပြစ်တွေကိုတစိမ့်စိမ့်ခံစားရင်း စောင့်မျှော်နေရမဲ့ကျိန်စာ။ ၂၈၉၈အေဒီမှာ ကမ္ဘာကြီးပေါ်မှာ မြို့ကြီးတစ်မြို့ပဲကျန်ရှိတော့တဲ့အချိန်။ကယ်တင်ရှင်စစ်သည်တော်ပေါ်ထွန်းလာမယ်ဆိုတဲ့ နမိတ်စကားတစ်ခွန်းကို ယုံကြည်ချက်ထားရင်းအဘိုးကြီးဗီရန်တစ်ယောက် မမွေးသေးတဲ့ကလေးရဲ့မိခင်ဖြစ်သူကို ရှာဖွေနေရာကစ ထူးခြားတဲ့ဇာတ်လမ်းနဲ့ရုံတင်ကားကြီးကို ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Death Town (2024) ⭐TMDB: 0% User Score 🎬 #Adventure #Mystery #Thriller 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 11 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နှစ်ပေါင်းများစွာအတွင်း စစ်ရှုပ်ထွေးမှုနဲ့ ဝေးရာမှာရှိပြီးအေးချမ်းသာယာခဲ့တဲ့ ဝူချန်မြို့မှာ မတော်တဆ သေဆုံးမှုတွေဆက်တိုက် ဖြစ်နေခဲ့ပါတယ်။ ရွာသားတွေရဲ့ ပြောပုံအရတော့အားရီးနတ်ကို ပြစ်မှားမိပြီး တားမြစ်နယ်မြေဖြစ်တဲ့ဝိညာဉ်ပျောက်တောထဲကို ဝင်မိတဲ့အတွက် သေရတာတဲ့…… ကင်းလှည့်အဖွဲ့ အဖွဲ့ခေါင်းဆောင် ချန်မော့က လိုက်လံစုံစမ်းနေတဲ့အချိန်မှာရေနစ်သူမိန်းကလေးပိုင်စွမ်းကို ကယ်ခဲ့ပါတယ်။ အပြင်လောကနဲ့အဆက်အသွယ်မရှိတဲ့ ဝူချန်မြို့မှာ အပြင်လူတစ်ယောက်ရောက်လာခြင်းက နိမိတ်မကောင်းတဲ့အတွက်ချန်မော့က ပိုင်စွမ်းကို သူ့အိမ်ထဲမှာပဲ ဖွက်ထားပေးခဲ့ပါတယ်။ ပိုင်စွမ်းက အပြင်လောကမှာရှိတဲ့ အသိပညာတွေ မျှဝေပေးမှုကြောင့်ချန်မော့ကလည်း အားရီးနတ်ကို အယုံအကြည်မရှိတော့ဘဲလူသေမှုတွေကို လိုက်လံစုံစမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။လူသေမှုတွေ နောက်ကွယ်မှာ ဘယ်လို အကြံအစည်ကြီးတွေ ရှိနေမလဲ……ချန်မော့တို့အဖွဲ့ကရော မြို့ထဲကလူတွေကိုအမြင်မှန်ရလာအောင် လုပ်ပေးနိုင်မလားဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။
...

The Feeling That the Time for Doing Something Has Passed (2024) ⭐TMDB: 56% User Score 🎬 #Uncategorized #Comedy 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Feeling That the Time for Doing Something Has Passed (2023)(ImdB 5.5,Rt score 85%, Metacritic 77%) ဒီတစ်ခါ ပရိသတ်ကြီးကိုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့အမျိုးသမီးဒါရိုက်တာ ဂျိုအန်နာအာနိုးရဲ့ ကိုယ်တိုင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ပြီးလက်စွမ်းပြရိုက်ကူးထားတဲ့ ဟာသ-ဇာတ်ကြောင်းပြောပုံစံဇာတ်ကားလေးပဲဖြစ်ပါတယ် ဟာသဆိုတဲ့နေရာမှာ ဒီအတိုင်း ရီစရာတွေထက် လောကကြီးကိုအရွဲ့တိုက်စောင်းချိတ်ပြီး ထေ့ငေါ့နေတဲ့ပုံစံမျိုးကို ပိုတွေ့ရမှာပါ…ဇာတ်ကားခေါင်းစဉ်အတိုင်းပဲ ကိုယ်လုပ်ချင်တဲ့အရာတစ်ခုက အခုလုပ်လို့မရတော့တဲ့ ဖီလင်ဆိုတာဘာလဲပေါ့ကိုယ်ငယ်ငယ်တုန်းက ပါဝါရိန်းဂျားနာရီလိုချင်တယ် အခုချိန်မှာမလိုချင်တော့တာလားရလဲဘာလုပ်ရမှန်းမသိတော့တာလား လုပ်ခွင့်မရလို့ပဲဝမ်းနည်းနေလားဒါရိုက်တာက အဲ့လိုခံစားချက်မျိုးကို မိန်းမတစ်ယောက်နဲ့ဘဝနဲ့ယှဉ်ပြီး ပုံဖော်ပြသွားတာပါပဲ ဇာတ်လမ်းအကျဉ်းကတော့ သာမန်အလုပ်အကိုင်နဲ့မိန်းမတစ်ယောက်ရဲ့ နေ့စဉ်နိစ္စဓူဝငြီးငွေ့ဖွယ်ရာ ဘဝနဲ့ဘဝကိုစိတ်အပန်းဖြေချင်လို့ လုပ်တဲ့ BDSM အတွေ့အကြုံကလည်း ဘေးကကြည့်တဲ့သူပါ ပျင်းဖို့ကောင်းအောင် ငြီးငွေ့ဖို့ကောင်းတာကိုသူ့အနေနဲ့ ဘယ်လိုခံစားချက်တွေနဲ့ ရှေ့ဆက်နေတာလဲဘဝမှာငယ်ရွယ်တုန်းလုပ်ချင်ခဲ့တာတွေက ဘာတွေလဲဘာတွေဆက်လုပ်မှာလဲ ဘယ်လိုဆက်ရှင်သန်မှာလဲ ဘဝဆိုတာဘာလဲဆိုတာ ပရိသတ်ကြီးပဲဒီထဲက ဇာတ်ဆောင် အန်းနဲ့အတူ တစ်စိတ်တစ်ပိုင်းအဖြေဝင်ရှာကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ်… အညွှန်းနဲ့ဘာသာပြန်ကတော့Saii Thurein Lynnဖြစ်ပါတယ်
...

Inside the Mind of a Dog (2024) ⭐IMDB: 7.2/10 (1 k Votes) 🎬 #Bollywood #Documentary 🗓 2024 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 15 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကိုယ့်အိမ်မှာမွေးထားတဲ့ခွေးလေးတွေကိုကြည့်ရင်း သူတို့စိတ်ထဲမှာဘာတွေများတွေးနေပါလိမ့်လို့ စဉ်းစားဖူးတဲ့သူတွေရှိလားဗျ။ဒီတစ်ခါတော့ ဒီမေးခွန်းကိုဖြေပေးမယ့် Netflixရဲ့ Documentaryလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ခွေးလေးတွေဟာ ကျွန်တော်တို့လူတွေအတွက် အရမ်းသစ္စာရှိတဲ့မိတ်ဆွေကောင်းတွေဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။အိမ်မွေးခွေးလေးတွေအဖြစ်ကစပြီး မသန်စွမ်းသူတွေကိုကူညီပေးတဲ့ လက်ထောက်ကူခွေးလေးတွေအဖြစ်အထိခွေးတွေဟာ လူတွေကို အထောက်အကူပြုပါတယ်။ ဒီ documentaryထဲမှာတော့ ကျွမ်းကျင်သူတွေဟာ ခွေးလေးတွေရဲ့ အမူအကျင့်နဲ့ တွေးခေါ်ပုံတွေကိုသိပ္ပံနည်းကျ လေ့လာထားပါတယ်။ ဒီလိုလေ့လာမှုတွေအပြင် ထူးခြားတဲ့ ခွေးလေ့ကျင့်ရေးကျောင်းတွေရဲ့အကြောင်းကိုပါ ကြည့်ရဦးမှာပါ။ ခွေးလေးတွေကို လူတွေနဲ့ပိုမိုရင်းနှီးအောင်ကျွမ်းကျင်သူတွေက ဘယ်လိုသင်ကြားပေးလဲဆိုတာကို တွေ့ရမှာဖြစ်ပါတယ်ဗျ။ ဒီ documentaryလေးထဲမှာ ခွေးလေးတွေ ဘယ်ကနေဆင်းသက်လာတယ်ဆိုတာကနေစလို့၊ဘာကြောင့်ခွေးလေးတွေဟာ အောင်မြင်တဲ့ သတ္တဝါမျိုးစိတ်ဖြစ်ရတယ် ဆိုတဲ့မေးခွန်းမျိုးတွေအထိသိပ္ပံနည်းကျ အဖြေရှာတာတွေကို တွေ့ရှိရမှာပါ။ ဒါ့အပြင် အရေးအကြီးဆုံးဖြစ်တဲ့လူတွေနဲ့ ဘယ်လိုရင်းနှီးလာရသလဲ ဆိုတာကိုလည်း ကောင်းကောင်းရှင်းပြထားပါသေးတယ်။ ဒါကြောင့် ခွေးလေးတွေကို ချစ်တတ်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲံခွေးလေးတွေအကြောင်းကိုပိုပြီးနားလည်ချင်လို့ပဲဖြစ်ဖြစ် ကြည့်သင့်တဲ့ documentaryတစ်ခုပါပဲ။ခွေးလေးတွေရဲ့အကြောင်းကို လေ့လာချင်တဲ့သူတွေအတွက်ရော ဗဟုသုတတွေ အများကြီးရစေမှာပါ။
...

Elevator (2024) ⭐TMDB: 0% User Score 🎬 #Comedy #Romance 🗓 2024 🎞 Series 🌎 #Philippines ⏰ 1 နာရီ 35 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Elevator (2024) ဒီကားကတော့ ထူးထူးခြားခြား ဓာတ်လှေကားထဲပဲ ဇာတ်အိမ်တည်သွားတာများတယ်။ဒါပေမဲ့ အဓိကကတော့ ဓာတ်လှေကားမဟုတ်ဘူးပေါ့။နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတဲ့လူတွေအကြောင်း။ကိုယ်တိုင်ကလည်း အဲဒီလိုလူဖြစ်နေပေမဲ့ အဲဒီလိုလူတွေကို ကူညီချင်လို့ App တစ်ခု ရေးပြီးအဲဒီappအတွက် ရင်းနှီးမြုပ်နှံသူကို ဓာတ်လှေကားစောင့်ကောင်လေးလုပ်ရင်း ဓာတ်လှေကားထဲပဲ ရှာခဲ့တဲ့အကြောင်းပေါ့။ဓာတ်လှေကားမှာ အတက်နဲ့အဆင်းရှိသလို ဓာတ်လှေကားထဲမှာ သူလည်း အတက်တွေ အဆင်းတွေ ကြုံခဲ့ရတယ်။ဓာတ်လှေကားထဲပဲ အချစ်ကိုတွေ့ခဲ့သလို ဓာတ်လှေကားကနေပဲ အချစ်နဲ့ဝေးခဲ့တယ်။ဓာတ်လှေကားကနေပဲ ရင်းနှီးမြုပ်နှံသူရခဲ့သလို ဓာတ်လှေကားထဲကနေပဲ ငွေတွေကို သူကျောခိုင်းခဲ့တယ်။သူ့အိပ်မက်ကတော့ သူ့လို ပြည်ပဝင်လုပ်သားတွေ အလုပ်အကိုင် အလွယ်တကူရှာလို့ရအောင်အိမ်ကိုငွေလွှဲရအောင် အဆင်ပြေအောင်လုပ်ပေးနိုင်တဲ့ App ကို သေချာလေး ထုတ်နိုင်ဖို့ပေါ့။အဲဒီအိပ်မက်ဖြစ်လာအောင် သူဘာတွေဖြတ်သန်းရမလဲ ကျွန်တော်တို့ ဒီရုပ်ရှင်မှာ ကြည့်ရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့WiRa Aungပဲ ဖြစ်ပါတယ်။
...

Bad Monkey (2024) ⭐IMDB: 7.3/10 (2 k Votes) 🎬 #Comedy #Crime #Drama 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 46 မိနစ် 29 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 7.3/10 ရရှိထားတဲ့ အသစ်ထွက် Dark Comedy/Drama ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသားကြီး Vince Vaughn က အဓိကပါဝင်သရုပ်ဆောင်ထားပြီး Season 1 အနေနဲ့ အပိုင်း ၁၀ ပိုင်းထွက်ရှိသွားမှာဖြစ်ပါတယ်။ ရန်စီက မိုင်ယာမီက ရဲအရာရှိဖြစ်ပြီး စိတ်လိုက်မာန်ပါ လုပ်လိုက်တဲ့အမှုတစ်ခုကြောင့် အလုပ်ကနေ အနားယူလိုက်ရပါတယ်။ သူအနားမယူခင် နောက်ဆုံး ကိုင်ခဲ့ရတဲ့အမှုက ထူးထူးဆန်းဆန်း ပင်လယ်ထဲကနေ လက်မောင်းတစ်ဖက် တွေ့ခဲ့တဲ့အမှုပါ။ ခေါင်းမပါ၊ ကိုယ် မပါဘဲ လက်တစ်ဖက်သက်သက်ပဲ တွေ့ခဲ့တာမို့ လက်ပိုင်ရှင် ဘယ်သူလဲ ရှာပုံတော်ဖွင့်လို့တွေ့ခါစမှာပဲ သူက အလုပ်ထုတ်ခံလိုက်ရပါတယ်။ အလုပ်ထုတ်ခံလိုက်ရပေမဲ့လည်း ဇွဲမလျှော့တတ်တဲ့ ရန်စီက လက်ပိုင်ရှင်က အသတ်ခံရတာလား၊ မတော်တဆသေဆုံးတာလားဆိုတာကို လိုက်လံရှာဖွေဖို့ကြိုးစားရင်း သပွတ်အူလိုအမှုထဲ ရောက်သွားခဲ့ရာမှာတော့.. ဘယ်လိုအလွဲလွဲအချော်ချော်တွေနဲ့ အမှုလိုက်မလဲဆိုတာကိုတော့ အခွီတစ်လိုင်း ကြည့်ရှုရမှာပါ။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန်က Emily ပါ)
...

Batman: Caped Crusader (2024) ⭐IMDB: 7.3/10 (10 k Votes) 🎬 #Animation #Crime #Action #Adventure #Family #Fantasy #SciFi 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 26 မိနစ် 19 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 DCရဲ့ နာမည်ကြီးဇာတ်ကာင် Batmanရဲ့ animation ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ Batman : Caped Crusaderကို Amazon Primeကနေ ထုတ်လွှင့်လိုက်ပါပြီ။ IMDb 7.4,RT 95%နဲ့ နိုင်ငံတကာက DC hardcore ဖန်တွေကြား အတော်လေး ချီးကျူးခံနေရတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ Animationပိုင်းတွေ fight scene‌တွေမှာ အတော်လေး ကောင်းသလို ဇာတ်လမ်းပိုင်းကလည်း ဂေါ်သမ်မြို့ကြီးထဲက မှုခင်း‌တွေ၊ ဂိုဏ်းတွေနဲ့ ရင်ဆိုင်ရပုံတွေ၊အမှုဖြေရှင်းပုံတွေကို စုံထောက်ဆန်ဆန် ရိုက်ကူးထားလို့ မူလ Batmanရဲ့အရသာကို အပြည့်အဝပြန်ခံစားရစေတဲ့ Animation ပါပဲ။ အထွေအထူးညွှန်းနေစရာတောင် မလိုတာမို့ ကြည့်ရှုခံစားလိုက်ပါဦး။
...

Women in Blue (2024) ⭐IMDB: 6.7/10 (335 Votes) 🎬 #Crime #Drama 🗓 2024 🎞 tv series 🌎 #Mexico ⏰ 55 မိနစ် 7 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အပြာရောင်ဝတ်စုံအောက်မှ အမျိုးသမီးများ ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်များအပေါ်မှာ မှိငြိမ်းရိုက်ကူးထားတဲ့ စပိန်နောက်ခံစကားပြော series တစ်ခုဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်ဝန်းကျင် မက္ကဆီကိုစီးတီး မြို့လေးမှာ အမျိုးသမီးတွေကို သတ်ပြီးတာနဲ့ အဝတ်ချွတ်ခဲ့တဲ့ “အဝတ်ချွတ်သူ” လို့ နာမည်ပေးခြင်းခံထားရတဲ့ လူသတ်သမားတစ်ယောက် လွတ်မြောက်လို့နေပါတယ်။ အဲဒီအချိန်မှာ ပြည်သူတွေကအစိုးရနဲ့ ရဲတပ်ဖွဲ့ကို ဝေဖန်အပြစ်တင်နေကြသလို ဒါကိုပဲ သတင်းလုပ်ပြီးရေးသားနေတဲ့ မီဒီယာတွေရဲ့ အာရုံကို ပြောင်းဖို့အတွက် အစိုးရက ရဲမေ ရဲတပ်ဖွဲ့ ဖွဲ့စည်းရေး ပရိုဂရမ်ကို အကောင်အထည်ဖော်လိုက်ပါတော့တယ်။ ဒီအခါမှာတော့ ယောကျ်ားက ဖောက်ပြန်လို့ ရဲတပ်ဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့ မာရီးယာ အယ်လီနာ ဒီ လာ တော်ရီ ရဲတွေဆိုရင် အမြင်မကြည်တဲ့ သူ့ညီမ ဗလင်တီနား ကမာ့ချို မော်ရားလက်စ် သုံးနှစ်လောက်အလုပ်လုပ်ခဲ့ပေမယ့် လစာ မတိုးတဲ့ အန်ဂျလိစ် ခရုဇ် နဲ့ မိန်းကလေးဆို အိမ်အလုပ်ပဲလုပ်ရမယ်လို့ ပုံသွင်းခံထားရတဲ့ ဂါဘီနာ ဟယ်ရာ မာတီးနက်စ် ဗာ့စ်ကီ ဆိုတဲ့ အမျိုးသမီး ၄ ယောက်ဟာ ရဲမေ ရဲတပ်ဖွဲ့ ဖွဲ့စည်းရေး ပရိုဂရမ်မှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီ series ဟာဆိုရင် ဥပဒေစိုးမိုးမှုဆိုင်ရာ ရှုပ်ထွေးမှုတွေ၊ ကျားမဆိုင်ရာခွဲခြားဆက်ဆံခံရမှုတွေကို မီးမောင်းထိုးပြထားတာဖြစ်ပြီး အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်မှုနဲ့ လက်တွေ့ဘဝသူရဲကောင်းဆန်ဆန် အသာပေးဇာတ်လမ်းများကို စိတ်ဝင်စားသူတိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီတော့ သူတို့ လေး ယောက်သား ဘာအခက်အခဲတွေကြုံတွေရဦးမလဲ၊ အမှုကိုဖြေရှင်းရင်းနဲ့တရားမျှတမှုကို ဘယ်လိုဖော်ဆောင်သွားမလဲဆိုတာကို ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။
...

Kacher Manush Dure Thuiya (2024) ⭐IMDB: 7.9/10 (933 Votes) 🎬 #Bollywood #Drama #Romance 🗓 2024 🎞 movie 🌎 #India #Bangladesh ⏰ 2 နာရီ 24 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kacher Manush Dure Thuiya 2024 (LDRSတို့ရဲ့ချစ်ဒုက္ခ) ဖာဟန်ဆိုတဲ့ မိဘမဲ့ကောင်လေးတစ်ယောက်၊ ဘဝကို ကြိုးစားရုန်းကန်ရင်းနဲ့ကွန်ပျူတာသိပ္ပံဘွဲ့ကို ကြိုးစားအရယူနေတဲ့ စာတော်တဲ့ကောင်လေး။ ရှာမင်ဆိုတဲ့ကောင်မလေးကတော့ အတိတ်ကအမှားတစ်ခုအတွက်ထပ်ပြီးတော့ မိသားစုမျက်နှာမငယ်ရအောင် လုပ်ငန်းအသစ်တည်ထောင်ရင်းကြိုးစားလုပ်ကိုင်နေတဲ့ကောင်မလေးတစ်ယောက်။ ရှာမင်က အလုပ်ကိုကြိုးစားလုပ်ကိုင်နေပေမယ့် အစ်ကိုဖြစ်သူကတော့အိမ်ထောင်ပဲ ပြုပေးချင်နေပြီး အမြဲ ဒီကိစ္စကြောင့် မောင်နှမနှစ်ယောက်ရန်ဖြစ်ရပါတယ်။ဒီလိုနဲ့ ဖာဟန်နဲ့ ရှာမင် ဆုံတွေ့ကြပြီး ချစ်ကြိုက်မိသွားရာကနေအကြောင်းကြောင်းကြောင့် နှစ်ယောက်သား အဝေးရောက်သွားတဲ့အခါမှာတော့ ….. အဝေးကနေပဲ ချစ်ကြရတဲ့သူတို့နှစ်ယောက်ကြားက အလွမ်း, နာကျင်မှု, သံသယတွေ, ဒေါသတွေ,မယုံကြည်မှုတွေနဲ့အတူ ဆက်ဆံရေးတစ်ခုကို ဘယ်လိုအဆင်ပြေအောင်နေသွားကြမလဲဆိုတာကို ကြည့်ရှုရမယ့် အချစ်ဒရာမာဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)
...

Dead Line (2023) ⭐IMDB: 8.0/10 (2 k Votes) 🎬 #Bollywood #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dead Line 2023 (မရဏစည်း) IMDb-8.2/10 အချိန်အတော်ကြာမှ ဘောစိမမဂျူလီနဲ့ သူ့ရဲ့ချစ်သူရောဘတ်တို့နှစ်ယောက်တည်းအတူချစ်ခရီးထွက်လာကြတာပေါ့။သူတို့ အဝေးပြေးလမ်းမမှာ ကားမောင်းလာရင်းနဲ့ ထူးထူးဆန်းဆန်းကောင်မလေးငယ်ငယ်ချောချောတစ်ယောက်အဝေးပြေးလမ်းမှာ လမ်းလျှောက်နေတာတွေ့ပါသတဲ့။ ဒီအချိန်မှာတော့ ဟီးရိုးဝင်လုပ်ချင်တဲ့ ရောဘတ်က ကောင်မလေးကိုတင်ခေါ်သွားဖို့ပြောပေမဲ့ သံသယများတဲ့ဂျူလီရဲ့ငြင်းဆန်မှုကြောင့် မတင်ခေါ်ဖြစ်လိုက်ပါဘူး။ ဒီလိုနဲ့ အပန်းဖြေအိမ်မှာနေဖို့ စားသောက်စရာတွေဝယ်ခြမ်းပြီးပြန်အထွက်မှာလမ်းလျှောက်နေတဲ့ကောင်မလေးကို ထူးထူးဆန်းဆန်း ထပ်တွေ့ပြန်တော့ဒီတစ်ကြိမ်မှာ ရောဘတ်ရဲ့တိုက်တွန်းမှုနဲ့ ဂျူလီတစ်ယောက် သံသယမေးခွန်းတွေနဲ့အတူမိုနီကို ကားပေါ်တင်ခေါ်လာတာက သူတို့နှစ်ယောက်ရဲ့ ကံဆိုးမိုးမှောင်ကျဖို့ လမ်းစဖြစ်လာချိန်မှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှဖြစ်ပါတယ်)
...

Grrr... (2024) ⭐IMDB: 4.4/10 (240 Votes) 🎬 #Bollywood #Comedy #Drama #Family 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 59 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Grrr.. (2024)“ဂါး!!” CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့မလေယာလမ် ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် အမျိုးဇာတ်မတူညီလို့ အကြောင်းပြပြီး သတ်ဖြတ်မှုတွေ ပေါများတဲ့ကီရယ်လာပြည်မှာ ရီဂျီမွန်ဆိုတဲ့ အမျိုးသားတစ်ယောက် ပျောက်ဆုံးသွားတယ် သူကတော့ သူတို့နယ်က အကောင်ကြီးကြီးနိုင်ငံရေးသမားရဲ့ သမီးဖြစ်သူနဲ့ ကြိုက်နေတာဖြစ်ပြီးမီဒီယာနဲ့ လူထုကတော့ သူ့အဖေက သဘောမတူလို့ သတ်လိုက်ပြီလို့ပဲ ထင်ကြေးပေးကြပါတယ် အဲဒီနေ့က သူနဲ့ သူ့ကောင်မလေး ရာချနာ နှစ်ဦးသဘောတူ လက်မှတ်ထိုးကြဖို့ ရာချနာ ချိန်းထားတဲ့နေရာကို သူသွားတဲ့နေ့ဟိုရောက်တော့ ရာချနာက ဖုန်းလည်းမကိုင် ပေါ်လည်းမလာတာကြောင့် သူ့ချစ်သူကပစ်သွားပြီအထင်နဲ့ အမူးသောက်ပြီး ဘယ်သို့ဘယ်ပုံ မမျှော်လင့်ထားတဲ့အန္တရာယ်တွေကြုံရမလဲဆိုတာကို ပရိသတ်ကြီး ကြည့်ရှုအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

Last Night (2010) ⭐TMDB: 61% User Score 🎬 #Drama #Romance 🗓 2010 🎞 movie 🌎 #France #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ Romantic Drama ဇာတ်ကား တစ်ကားဖြစ်ပြီးတော့ Massy Tadjedin က director အနေနဲ့ရော writer အဖြစ်နဲ့ပါ ဦးဆောင်ရိုက်ကူးထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ Avatar ရုပ်ရှင်နဲ့ နာမည်ကြီး လာတဲ့ Sam Worthington, မင်းသမီးချော Keira Knightley တို့က အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ပေးထား ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ Michael နဲ့ Joanna တို့ဟာ သူတို့ရဲ့အိမ်ထောင်ရေးမှာ ပျော်နေကြတဲ့ ဇနီးမောင်နှံနှစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့အိမ်ထောင်ရေး ထဲကို မမျှော်လင့်ထားတဲ့သူတွေ အမှတ်မထင် ဝင်ရောက်လာတဲ့ အခါမှာတော့ အရမ်းချစ်ကြတဲ့ဇနီးမောင်နှံနှစ်ယောက်ဟာ တစ်ယောက်ပေါ်တစ်ယောက် သံသယတွေဝင်လာပြီးတော့ မယုံသင်္ကာတွေဖြစ်လာကြပါတယ်။ အဲဒီလိုမျိုး ဘေးကနေ မဆိုင်တဲ့ လူတွေဝင်ပါလာတဲ့ကြားကနေ သူတို့နှစ်ယောက်ဟာ ပြန်လည် သင့်မြတ်အောင် ဘယ်လိုတွေကြိုးစားကြမလဲ၊ တကယ်ရော ပြန်လည် သင့်မြတ်နိုင်ပါ့မလားဆိုတာတွေကိုတော့ ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ။
...

Raaj Kahani (2023) ⭐IMDB: 8.1/10 (1 k Votes) 🎬 #Bollywood #Drama #Romance 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 48 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Raaj Kahani (2023) ( ရာ့ဂျ်ရဲ့ဇာတ်လမ်း ) တယ်လဂူရုပ်ရှင်တစ်ခုဖြစ်ပြီး ဒါရိုက်တာ Raj Karthiken က ရိုက်ကူးထားတာပါ။ဒီရုပ်ရှင်မှာ Raj Karthiken, Chandrika Awasthi, Saha Sonia, Priya Paul တို့လိုသရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားအညွှန်းကတော့ ရာ့ဂျ်ဟာ ရုပ်ရှင်ဇာတ်ညွှန်းရေးသူဖြစ်ပြီး သူ့ရဲ့ဇာတ်လမ်းကို ရိုက်ခွင့်ရဖို့အတွက်ဒါရိုက်တာဆီမှာ ဇာတ်လမ်းကိုပုံဖော်ပြောပြတာကနေစပါတယ်။ ဇာတ်လမ်းရဲ့နာမည်က သူ့အမေနာမည်ဖြစ်ပြီး သူကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ဖြစ်ရပ်မှန်လို့လည်း ပြောပါတယ်။ ဇာတ်ညွှန်းထဲမှာ ကောလိပ်ကျောင်းတစ်ခုကိုအခြေတည်ထားပြီး ကျောင်းသားတွေရဲ့ဘ၀နဲ့ အပျော်အပါးလိုက်စားတာ ၊ရည်းစားကိစ္စဘာညာတွေကို ပုံဖော်ထားပါတယ်။ အစပိုင်းမှာတော့ နည်းနည်း ပေါတောတောနိုင်ပေမဲ့ နောက်ပိုင်းမှာဇာတ်လမ်းဇာတ်အိမ်ဘယ်လိုပြောင်းလဲသွားမလဲဆိုတာနဲ့ ဘာကြောင့်သူ့အမေရဲ့နာမည်ပေးရတယ်ဆိုတာကိုတော့ ကျွန်တော်တို့ရဲ့တင်ဆက်မှုနဲ့အတူ လိုက်ပါကြည့်ရှုပေးပါဦးဗျာ ( ဘာသာပြန်နဲ့အညွှန်းက CM Bollywood Team မှဖြစ်ပါတယ်
...