fa
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
A Millionaire's First Love (2006) ⭐TMDB: 73% User Score 🎬 #Drama #Melodrama #Romance 🗓 2006 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 54 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Millionaire’s First Love (2006) ********************************** ဒီကားလေးကတော့ Crash Landing On You ထဲကမင်းသားကြီး Hyun Bin နဲ့Ghost ထဲကမင်းသမီး Lee Yeon Hee တို့ကအဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပြီး ဒါရိုက်တာ Kim Tae Kyun ရိုက်ကူးပြသထားတဲ့Romance, Comedy ကားလေးဖြစ်ပါတယ် .. ဇာတ်လမ်းအကျဉ်း************** ဆိုးလ်မြို့သားလေး ဂန်ဂျယ်ဂယောင်းကသူ့အဘိုးဖြစ်သူ ဆုံးပါးပြီးနောက် သူအမွေဆက်ခံရဖို့အတွက်အဘိုးဖြစ်သူရဲ့ သေတမ်းစာထဲကအတိုင်းဘိုရမ်အထက်တန်းကျောင်းကို ကျောင်းပြောင်းလာခဲ့ရာက .. မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာတဲ့ မွေးရာပါရောဂါသည် ချွဲအွန်းဟွမ်နဲ့ တွေ့ပြီးနောက်သူ့ဘဝရဲ့တန်ဖိုးထားရတဲ့အရာကို ဘယ်လိုရှာတွေ့သွားမလဲဆိုတာကိုချိုချိုအေးအေးလေး ခံစားကြည့်ရှုရမှာဖြစ်ပါတယ် .. (ဇာတ်လမ်းအညွှန်းကို Lucienမှရေးသားထားပါတယ်)
...

Kabali (2016) ⭐IMDB: 6.1/10 (15 k Votes) 🎬 #Action #Crime #Drama 🗓 2016 🎞 movie 🌎 #India ⏰ 2 နာရီ 25 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခပ်ကြမ်းကြမ်းအက်ရှင်ကားတွေကြိုက်နှစ်သက်သူတွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်..IMDb ကတော့  6.4 ပဲဖြစ်ပါတယ် သူ့နာမည်က ကာဘာလီ..လူတိုင်းလေးစားရတဲ့သူတစ်ဦးဖြစ်သလိုဂိုဏ်းစတားတစ်ဦးလည်းဖြစ်ပြန်တယ်..သူဟာ လူအများကြီး ရုန်းရင်းဆန်ခတ် ဖြစ်တဲ့နေရာမှာ မတရားစွပ်စွဲခံရပြီး ထောင်ဒဏ် ၂၅ နှစ်တိတိချမှတ်ခြင်းခံခဲ့ရတယ်သူ့မိသားစုတစုလုံးဟာလည်း..အဲ့ရုန်းရင်းဆန်ခတ်ဖြစ်တဲ့နေရာမှာ အကုန်လုံးသေဆုံးခဲ့တယ်.. လူမသေပေမယ့် ဘဝသေသွားတဲ့ ကာဘာလီ..ကံကောင်းထောက်မစွာနဲ့ ပြန်လွတ်လာတဲ့အခါမှာ သူချစ်ရတဲ့မိသားစု..အတွက်..သူ့ကိုမကောင်းကြံခဲ့တဲ့သူတွေကို ပြန်လည်ရှာဖွေရေးစတင်ပါတော့တယ်..ဒီလိုနဲ့ နောက်ကွယ်က အဖွဲ့အစည်းကြီးတခုနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့
...

Trouble (2024) ⭐IMDB: 6.1/10 (4 k Votes) 🎬 #Action #Comedy #Crime 🗓 2024 🎞 movie 🌎 #Sweden ⏰ 1 နာရီ 39 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ Conny လို့ခေါ်တဲ့ ကလေးတစ်ယောက်အဖေ တစ်ခုလပ် အရောင်းသမားတစ်ယောက်ဟာ တီဗွီဝယ်တဲ့အိမ်ကိုတိဗွီ သွားတပ်ပေးရင် လူသတ်သမားအဖြစ်စွပ်စွဲခံရတာကြောင့် ထောင်ကျသွားပါတယ်။ သူသတ်တာမဟုတ်တဲ့လူသတ်မှုကိုတရားခံစွဲခံရတဲ့အခါ ဘယ်လိုမျိုးပြန်လည်လွတ်မြောက်အောင်လုပ်မလဲ… လူသတ်တရားခံကရော ဘယ်သူလဲ… Conny တစ်ယောက်နောက်ဆုံးမှာအပြစ်မရှိကြောင်းသက်သေပြနိုင်ပါ့မလားဆိုတာကို ပေါ့ပေါ့ပါးပါးလေး ကြည့်လို့ကောင်းမယ့် ဆွီဒင်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ IMDb မှာလည်း 6.1 အထိရရှိထားတာကြောင့် လက်လွတ်မခံဘဲစောင့်ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်။
...

The Pyramid (2014) ⭐IMDB: 4.6/10 (28 k Votes) 🎬 #Horror #Mystery #Thriller 🗓 2014 🎞 movie 🌎 #Morocco #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇင်ဘာ၅ရက်ကထွက်ရှိထားတဲ့ထိတ်လန့်ဖွယ်သည်းထိတ်ရင်ဖိုအက်ရှင်ဇာတ်ကားတစ်ကားအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ မြင်နေကျပိရမစ်တွေနဲ့ မတူတဲ့ အီဂျစ်ရှေးဟောင်းပိရမစ်ကို တူးဖော်ရင်းကြုံတွေ့ရတဲ့ အဖြစ်အပျက်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ ရှေးဟောင်းသုတေသန ပညာရှင် သားအဖနှစ်ဦးဖြစ်တဲ့ မိုင်လ်စ်ဟိုဟ်ဒန်နဲ့ နိုရာဟိုလ်ဒန်တို့ပါဝင်တဲ့ အမေရိကန်ရှေး ဟောင်းသုတေသနပညာရှင်အဖွဲ့ဟာ အီဂျစ်နိုင်ငံရှိ သဲကန္တာရထဲမှာ ပျောက်ဆုံးနေတဲ့ လွန်ခဲ့တဲ့ နှစ်ငါးထောင်လောက်က ဧရာမပိရမစ်ကြီးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူတို့အဖွဲ့နဲ့အတူ ရုပ်သံ ရိုက်ကူးရေးအဖွဲ့လည်း ပါဝင်ပြီး ရှေးဟောင်းပိရမစ်ကြီးထဲကိုဝင်ရင်း ပိတ်မိခဲ့ပါတော့တယ်။ ပိရ မစ်ထဲက ဝင်္ကပါပုံစံလမ်းကြောင်းတွေနဲ့ မှောင်မှောင်မည်းမည်းမြင်ကွင်းတွေကြောင့် မျှော်လင့်ချက်မဲ့စွာ လမ်းစပျောက်ခဲ့ကြပါတယ်။ နှစ်ပေါင်းထောင်နဲ့ချီပြီး မြေအောက်မှာပျောက်ကွယ်နေတဲ့ ပိရမစ်ဖြစ်တာကြောင့် မှောင်မှောင်မည်းမည်းထဲမှာ မထင်မှတ်ထားတဲ့ချောက်ချားဖွယ်အရာတွေနဲ့ ဆုံရပါတော့တယ်။ ရှေးဟောင်းသုတေသီတွေကို တစ်ဦးပြီးတစ်ဦး ဘယ်သူက ရက်ရက်စက်စက် သတ်ဖြတ်တာလဲ။ နိုရာတို့သားအဖကော ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလား။ ရှေးဟောင်းပိရမစ်ကြီး ဘာတွေဆက်ဖြစ်ဦးမယ်ဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုလိုက်ပါဦးနော်။ သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်တာကြောင့် ပြကွက်နဲ့ အသံတွေက ရင်ခုန်စိတ်လှုပ်ရှားစေမှာ ဖြစ်ပြီး ပရိသတ်အတွက်တော့ အရသာသစ်တစ်ခုပေးဦးမယ်လို့ ထင်ပါတယ်။ ဒီဇာတ်ကားမှာ နိုရာအဖြစ် အက်ရှ်လေဟင်ရှော၊ မိုင်လ်စ်အဖြစ် ဒဲနစ်အိုဟဲနဲ့ သရုပ်ဆောင် ပေါင်းများစွာပါဝင်ထားပြီး ၂၀ ရာစုမြေခွေးရုပ်ရှင်ထုတ်လုပ်ရေးက ဖြန့်ချိတာဖြစ်ပါတယ်။
...

Riding the Bullet (2004) ⭐TMDB: 51% User Score 🎬 #Horror #Thriller #Drama 🗓 2004 🎞 movie 🌎 #UnitedStates #Germany #Canada ⏰ 1 နာရီ 40 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Stephen Kingရဲ့ Riding the Bulletဆိုတဲ့ ဝတ္တုကို ပြန်ရိုက်ထားတဲ့ကားပါ။ ဒါရိုက်တာက အတော်ကြီးထဲမပါနေတာတောင် ဇာတ်အိမ်နဲ့ နောက်ခံစကားပြောတွေက တော်တော်ကြမ်းပါတယ်။ ကြည့်နေတုန်းက ဒီကားက ဇာတ်အိမ်နဲ့ အဖြစ်အပျက်တွေ Narrativeတွေက ကားနဲ့မလိုက်အောင် ဘာလို့လန်းနေတာလဲလို့ တွေးမိပေမဲ့ ကားဆုံးလို့ စတိုရီက ဘယ်သူလဲရှာတော့ စတီဖင်ကင်းမှန်းသိတော့ အံ့ဩစရာတော့မဟုတ်တော့ဘူး။ စတီဖင်ကင်းဝတ္တုကတော့ စတီဖင်ကင်းဝတ္တုလို့ပဲပြောရမှာပါပဲ။ စတီဖင်ကင်းရဲ့ ဟော်ရာကားမဟုတ်တဲ့ကားတွေ အားလုံးနီးပါးက Narrativeပိုင်းတွေ တော်တော်လှနေတတ်သကိုး။ ကင်းဖန်ဖြစ်ဖြစ် ဒီတိုင်းဖြစ်ဖြစ် ကြည့်သင့်တဲ့ကားပါပဲ။ Ratingတွေကတော့ ကျန်တဲ့အချက်တွေကြောင့် မကောင်းလှပေမဲ့ ဇာတ်လမ်းကတော့ စိတ်ဝင်စားစရာကောင်းသလို Conceptလည်းလှပါတယ်။ ပုံမှန်ဆိုလူတွေက ရှင်သန်ခြင်းကို ချစ်တတ်ကြပြီး သေခြင်းကို ကြောက်တတ်ပေမဲ့ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် အလန်ပါကာကတော့ သေခြင်းကိုချစ်ပြီး ရှင်သန်ခြင်းကိုကြောက်နေတဲ့လူပါ။ ဒီလိုနဲ့ သူ့မွေးနေ့တစ်ရက်မှာ ရေချိုးကန်ထဲ သတ်သေဖို့လုပ်ပါတယ်။ ဒီအချိန်မှာ သူ့ရည်းစားနဲ့ သူငယ်ချင်းတွေက Supriseတိုက်ဖို့ ရောက်လာလို့ သေရင်းတန်းလန်းနဲ့ ဆေးရုံရောက်သွားတယ်။ ဒီလိုနဲ့ ဆေးရုံက ဆင်းလာပြီးနောက် ဂျွန်လန်နွန်ရဲ့ရှိုးပွဲကိုသွားကြည့်ဖို့လုပ်ကြတုန်း သူ့အမေက လေဖြတ်သွားလို့ ဆေးရုံရောက်နေတာကို သိလိုက်ရတယ်။ ဒီလိုနဲ့ရှိုးပွဲသွားဖို့အစီအစဉ်ကိုဖြတ်ပြီး သူ့အမေရှိတဲ့ မိုင်ပေါင်းများစွာအကွာက ဇာတိကဆေးရုံလေးကို လမ်းမှာတွေ့သမျှကားတွေ လိုက်တားဆီးရင်း ပြန်လာခဲ့တယ်။ ကားကြုံလိုက်စီးရင်း ဘယ်လိုလူတွေနဲ့တွေ့ပြီး ဘာတွေဖြစ်ပြီး သေခြင်းကို သဘောကျတဲ့ကောင်လေးဟာ ရှင်သန်ခြင်းကို ချစ်တတ်လာမလဲ ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။ ရုပ်ရှင်စကားအတိုင်းဆို ရှင်သန်ခြင်းကို ပိုချစ်တတ်လာဖို့ သေခြင်းနဲ့ပွက်ကာသီကာလေးကြုံဖူးဖို့လိုတယ်တဲ့ ။ သေခြင်းဆိုတာ ရှင်သန်ခြင်းကို ပိုအဓိပ္ပာယ်ရှိစေတဲ့အရာပါပဲ။ ဒီသေခြင်းနဲ့ရှင်ခြင်းအကြောင်း ဇာတ်လမ်းမှာ သေခြင်းနဲ့ ရှင်ခြင်းကို စတီဖင်ကင်းက လှလှပပကြီး ပြောပြထားတာကို ကြည့်ရမှာပါပဲ။
...

Money Electric: The Bitcoin Mystery (2024) ⭐IMDB: 6.6/10 (3 k Votes) 🎬 #Documentary #Mystery 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 6.4 ဒီနေ့ခေတ်မှာ Bitcoin နဲ့ Cryptocurrency ဆိုတဲ့ စကားလုံးတွေကို လူတိုင်းနီးပါးကြားဖူးကြမှာပါ။ ဒါပေမဲ့ ၂၀၀၉ ခုနှစ်မှာ Bitcoin စထွက်ရှိခဲ့ပြီး 15 နှစ်အကြာ ၂၀၂၄ ခုနှစ်အထိ ဆက်ရှိနေသေးတဲ့ အကြီးဆုံး ပဟေဠိကြီးကတော့ Bitcoin ရဲ့ ဖန်တီးရှင် Satoshi Nakamoto က ဘယ်သူလဲဆိုတဲ့ မေးခွန်းပါပဲ။ Satoshi Nakamoto ကတော့ Bitcoin ကိုဖန်တီးခဲ့ပြီး နှစ်နှစ်အကြာ ၂၀၁၁ ခုနှစ်မှာ အပြီးပိုင်ပျောက်ကွယ်သွားခဲ့ပြီး သူပိုင်ဆိုင်တဲ့ Bitcoin က သန်းနဲ့ချီနိုင်တာဖြစ်လို့ အကယ်၍သာ Bitcoin က နိုင်ငံတကာသုံး ငွေကြေး ဖြစ်လာခဲ့ရင် Satoshi ကဘုရင်တစ်ပါးလိုဖြစ်သွားမှာပါ။ ခေတ်အဆက်ဆက်မှာလည်း Satoshi ဘယ်သူလဲဆိုတဲ့ မေးခွန်းကို သတင်းသမားတွေ၊ ခရစ်ပတိုသမားတွေ အဖြေရှာဖို့ ကြိုးစားခဲ့ကြပေမဲ့ အခုချိန်အထိ ဒီနာမည်ရဲ့နောက်ကွယ်ကလူကို မသိကြရသေးပါဘူး။ အောက်တိုဘာလ ရှစ်ရက်နေ့မှာ HBO ကနေ ထုတ်လွှင့်လိုက်တဲ့ Documentary အသစ်စက်စက်လေးမှာတော့ Bitcoin ရဲ့ နောက်ကွယ်က အခြေခံအလုပ်လုပ်ပုံတွေ၊ အတွေးအမြင်အယူအဆတွေအပြင် bitcoin စပေါ်လာချိန်ကတည်းက ပတ်သတ်ဆက်နွယ်ခဲ့သူတွေကိုပါ အင်တာဗျူးပြီး Satoshi Nakamoto ရဲ့ သရုပ်မှန်ကို ဖော်ထုတ်ဖို့ ကြိုးစားတာကို ကြည့်ရှုကြရမှာပါ။ ငွေကြေးတွေအလွန် အနာဂတ်မှာ ဘယ်သူက အာဏာကိုဆုပ်ကိုင်ထားနိုင်မလဲ ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုလိုက်ကြပါဦးဗျ။
...

Boxer (2024) ⭐IMDB: 6.4/10 (961 Votes) 🎬 #Drama #Sport 🗓 2024 🎞 movie 🌎 #Poland ⏰ 2 နာရီ 32 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၁၉၈၀ ခုနှစ်တုန်းက ပိုလန်မှာနိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်ပြီး တိုင်းပြည်က ပျက်စီးယိုယွင်းလာကာ ပြည်သူပြည်သားတွေ အတွက်မလုံခြုံတဲ့ တက်လမ်းမရှိတဲ့ အနာဂတ်မရှိတဲ့တိုင်းပြည် တစ်ခုဖြစ်လာခဲ့ပါတော့တယ်။အထူးသဖြင့် လူငယ်တွေက အနစ်နာဆုံးဖြစ်ပြီး တိုင်းပြည်ကိုငြိမ်းချမ်းအောင်လုပ်ပေးဖို့ အတွက် သူတို့မှာလည်းလုပ်နိုင်စွမ်းမရှိတဲ့အတွက် တခြားသော အကောင်းဆုံးနည်းလမ်းကတော့ နိုင်ငံရပ်ခြားကိုကူးပြောင်း တာပဲဖြစ်ပါတယ်။အဲ့ဒါကြောင့် အဲ့ဒီကာလမှာ ပိုလန်နိုင်ငံကနေ နိုင်ငံရပ်ခြားတွေကိုထွက်ပြေးတိမ်းရှောင်ခဲ့တဲ့လူပေါင်းသန်းနဲ့ ချီရှိခဲ့ပြီး အဲ့ဒီလူတွေထဲမှာကိုယ့်ရဲ့အစွမ်းအစတွေကိုထုတ်ပြခွင့် ရခဲ့တဲ့ အားကစားသမားတွေလည်းပါဝင်ခဲ့ပါတယ်။အဲ့ဒါကြောင့် ဒီလူတွေရဲ့ဘ၀တွေကိုပေါ်လွင်အောင် ကိုးကားရိုက်ကူးထားတဲ့ Boxer ဆိုတဲ့ IMDb Rating 6.5 အထိရရှိထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အထက်မှာပြောခဲ့တဲ့အတိုင်း အခြေအနေမဟန်လို့နိုင်ငံခြားကို လစ်ခဲ့ရတဲ့သူတွေထဲမှာ ယက်ဒရစ်နဲ့ဇနီးသည်လည်းအပါအဝင် ဖြစ်ပါတယ်။ယက်ဒရစ်ရဲ့အဖေက လက်ဝှေ့ချန်ပီယံတစ်ယောက် ဖြစ်ခဲ့ပြီး သားဖြစ်သူအပေါ်မှာလည်း ပညာတွေကိုလက်ဆင့်ကမ်း ထားပေးတဲ့အတွက် ယက်ဒရစ်လည်း ကျွမ်းကျင်လက်ဝှေ့သမား တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့်ဒီလိုတက်လမ်းမရှိတဲ့ တိုင်းပြည်တစ်ခုမှာ ထူးချွန်အောင်မြင်နေလို့ကလည်း ဘာမှမထူးတဲ့ အတွက် သူ့လက်ဝှေ့ကျွမ်းကျင်မှုတွေကိုသေချာထုတ်ဖော်ပြသနိုင်ပြီး ပိုကောင်းတဲ့အနာဂတ်ကိုရရှိနိုင်ဖို့အတွက် ဇနီးဖြစ်သူနဲ့အတူတူ အင်္ဂလန်ကိုတရားမဝင်ပြောင်းရွေ့နေထိုင်ခဲ့ကြပြီး ဘ၀ကိုခက်ခက် ခဲခဲဖြတ်သန်းခဲ့ကြပါတော့တယ်။ ဒါပေမယ့်ပတ္တမြားမှန်ရင်နွံမနစ်ဘူးဆိုတဲ့အတိုင်း သူ့ရဲ့လက်စွမ်း တွေကြောင့် ရသင့်ရထိုက်တဲ့ဝင်ငွေနဲ့ နာမည်ကျော်ကြားမှုကိုရရှိ လာခဲ့ပြီးနောက်ပိုင်းမှာတော့ အောင်မြင်မှုဒဏ်ကိုမခံနိုင်တဲ့ယက်ဒရစ် တစ်ယောက်ရဲ့ဘ၀မှာ ရှေ့လျှောက်ဘာတွေရင်ဆိုင်ကျော်ဖြတ် သွားရဦးမယ်ဆိုတာကို စိတ်ဝင်စားစရာတွေအများကြီးနဲ့ကြည့်ရှု ခံစားရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
...

The Hidden Face (2011) ⭐IMDB: 7.3/10 (47 k Votes) 🎬 #Adult #Crime #Drama #Mystery #Thriller 🗓 2011 🎞 movie 🌎 #Colombia #Spain #UnitedStates ⏰ 1 နာရီ 37 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘားတစ်ခုမှာ အလုပ်လုပ်တဲ့ ဖာဘီယာဆိုတဲ့ မိန်းမလှလေးဟာ သူ့တို့ဆီမှာအရက်လာသောက်ရင်း အမူးလွန်ငိုကြွေးနေတဲ့ သူစိမ်းယောက်ျားတစ်ယောက်နဲ့ မမျှော်လင့်ပဲပတ်သက်မိခဲ့ပါတယ်။ အချိန်တိုအတွင်းမှာ သံယောဇဉ်ကြီးမိရာကနေ သိလိုက်ရတာက အဲ့ဒီလူဟာ အေဒရီယန်ဆိုတဲ့ ဂီတမှူးတစ်ယောက်။ သူ့ အတူနေရည်းစားက သူ့နဲ့ ရှေ့မဆက်နိုင်တော့ပါဘူးလို့ ပြောပြီး အိမ်ကနေ ထွက်သွားရာကနေပျောက်နေတယ်။ ရဲတွေကပါ လိုက်ပြီး အမှုဖွင့်စုံစမ်းကြရာကနေ ရက်ကြာလာတော့ အေဒရီယန်ကိုပါ သံသယတရားခံ အဖြစ် သတ်မှတ်ထားကြတဲ့ အခြေအနေ။ ဖာဘီယာဟာ အေဒရီယန်တို့ အိမ်မှာလိုက်နေဖြစ်တယ်။ သူ တစ်ယောက်တည်းရှိချိန်ဆိုရင် အိမ်ထဲက ထူးခြားတဲ့အသံတွေကြားရတယ်။ လျှပ်စစ်မီးတွေ ပျက်လိုက်လာလိုက်ဖြစ်တာ သူ့ကိုတစ်ယောက်ယောက်စောင့်ကြည့်နေသလိုခံစားချက်မျိုးတွေရလာတဲ့အခါ..။ အေဒရီယန်ရဲ့ရည်းစားဟာ တကယ်ပဲ သူ့ဟာသူ အိမ်က ထွက်သွားတာလား? ဒီပျောက်ဆုံးမှုမှာ အေဒရီယန်ကိုယ်တိုင်ရော ရိုးသားရဲ့လား? သူတစ်ယောက်တည်းရှိချိန်တွေမှာ ကြားနေရတဲ့အသံတွေ ထူးခြားဖြစ်စဉ်တွေရဲ့ တရားခံက ဘယ်သူလဲ? အစကနေ အဆုံးထိ သိချင်စိတ်နဲ့ ရင်တစ်ထိတ်ထိတ်ကြည့်ရမှာပါ။ ဥရောပကားတွေထုံးစံလိင်ခန်းတစ်ချို့ပွင့်လင်းတာတွေ ပါတဲ့အတွက် မိသားစုနဲ့ကြည့်ဖို့ အဆင်မပြေလောက်ပါဘူး။
...

Joker: Folie à Deux (2024) ⭐IMDB: 5.3/10 (93 k Votes) 🎬 #Crime #Drama #Musical #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 2 နာရီ 18 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Joker: Folie à Deux (2024) IMDb Rating (5.3) 2019 တုန်းက မင်းသားကြီးဝါကင်းဖီးနစ်ကို အော်စကာ ရစေခဲ့တဲ့ Joker ရုပ်ရှင်ရဲ့ နောက်ဆက်တွဲအဖြစ် ထွက်ရှိလာတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Folie à Deux ဆိုတာကတော့ ပြင်သစ်ဘာသာဖြစ်ပြီး “နှစ်ယောက်တွဲ ရူးသွပ်မှု” လို့ အဓိပ္ပါယ်ရပါတယ်။ ရူးသွပ်မှုတစ်ခုခုကို လူတစ်ယောက်ထက်ပိုပြီး ခံစားရတဲ့အခါ ဒီရောဂါ နာမည်ကို သုံးလေ့ရှိပါတယ်။ ဒီဂျိုကာရုပ်ရှင်ကတော့ DC ရဲ့ မူရင်း စကြဝဠာမှာ မပါပါဘူး။ “DC Elseworlds” လို့ခေါ်တဲ့ အခြားစကြဝဠာ တစ်ခုမှာ ဖြစ်ပျက်နေတာတွေကို ပြသထားတာ ဖြစ်ပါတယ်။ မူရင်းဒါရိုက်တာ Todd Phillips ပဲ ရိုက်ကူးထားပြီး ဟာလီကွင်း နေရာမှာတော့ လေဒီဂါဂါက ပါဝင်ထားပါတယ်။ ရုပ်ရှင်ကတော့ မှုခင်း ဆိုက်ကို ဒရာမာကိုမှ musical နဲ့ ရောထားတာပါ။ ဒါကြောင့် Greatest Showman တို့ Les Misérables တို့လို သီချင်းဆိုတာ ကတာတွေ ပါဝင်နေပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ************** အာသာဖလက် ခေါ် ဂျိုကာဟာ လူ ငါးယောက်ကို သတ်မှုနဲ့ စွဲချက် တင်ခံထားရပါတယ်။ စိတ်ရောဂါအကျဉ်းထောင်ထဲမှာ တရားခွင်အတွက် စောင့်ဆိုင်းရင်း လီဆိုတဲ့မိန်းကလေးနဲ့ ချစ်မိသွားကြပါတယ်။ ဒီရုပ်ရှင်အစအဆုံးကတော့ တရားခွင်မှာ ဂျိုကာနဲ့ သူ့ကို သေဒဏ်ပေးချင်တဲ့ ရှေ့နေ ဟာဗေးဒန့်တို့ အပြန်အလှန် ချေပပုံတွေရယ် ဂျိုကာနဲ့ ဟာလီကွင်း ကြားထဲက စိတ္တဇအချစ်ရယ်ကိုပဲ ပုံဖော်ပေးထားပါတယ်။ စီးရီးသဘောအရ ဆိုရင် အဓိကဇာတ်လမ်းပါတဲ့အပိုင်းမဟုတ်ဘဲ အဖြည့်ခံအပိုင်းလောက်ပဲ ရှိတာမို့ အားပေးမှုနည်းပြီး rating နည်းနေတာလည်း ဖြစ်ပါလိမ့်မယ်။ ဇာတ်အိမ်ကြီးကျယ်မှုဆီ မသွားဘဲ ဖျော်ဖြေရေးသက်သက်သာ ဖန်တီး ထားတာမို့ ရိုက်ချက်တွေ သီချင်းတွေ ခံစားဖို့သက်သက်ပဲ ကြည့်တာ အကောင်းဆုံးပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။)
...

Traffic (2016) ⭐IMDB: 6.7/10 (3 k Votes) 🎬 #Drama #Thriller #Action #Adventure 🗓 2016 🎞 movie 🌎 #India ⏰ 1 နာရီ 44 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီနှစ်မှထွက်တဲ့ ဘောလိဝုဒ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေဒီကားထဲမှာတော့ ပရိတ်သတ်တွေသိလောက်တဲ့ တော်တော်ကြီးကို ရင်နှီးနေမယ့် မင်းသား မင်းသမီးတွေပါဝင်ထားပါတယ်ဒီကားက တကယ်တော့ ချင်းနိုင်မှာဖြစ်ပျက်ခဲ့တဲ့ အိန္ဒိယတစ်နိုင်ငံလုံးကို တုန်လှုပ်ခြောက်ချားသွားစေခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို မှီငြမ်းရိုက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ပါ ဇာတ်လမ်းအကျဉ်းကတော့ ရှင်းပါတယ်နာမည်ကြီးစူပါစတားတစ်ယောက်ရဲ့ သမီးလေး နှလုံးရောဂါဖြစ်လို့ ခွဲစိတ်ကုသရတော့မယ့် အချိန် နှလုံးအစားထိုးဖို့ရှာနေတဲ့အချိန်သူနဲ့ကိုက်တဲ့နှလုံးရလာတော့ အချိန်ကလည်းကပ်နေပြ ဘယ်လိုမှပို့ပေးလို့မရတဲ့အချိန်မှာတစ်နာရီကို ၁၂၀ကီလိုနှုန်းနဲ့ ကမ္ဘာပေါ်မှာ အရှုပ်ဆုံးလမ်းတွေထဲတစ်ခုဖြစ်တဲ့ မွန်ဘိုင်းလမ်းတွေပေါ်မှာ မောင်းရဖို့ ကြုံလာတော့အခါ… ဇာတ်လမ်းကတော့ ဒီလောက်ပါပဲဒါပေမယ့် ဒီကားကပေးသွားတဲ့ အတွေးလှိုင်းဂယက်တွေကိုတော့ ချုပ်ထိန်းလို့မရစေရဘူးလို့ အာမခံနိုင်ပါတယ်တွေးစရာတွေ plot တွေ အများကြီးချန်သွားခဲ့တဲ့ ကားကောင်းတစ်ကားပါလို့… (ဇာတ်လမ်းအညွန်းကိုတော့ ရဲခန်.မင်းမှ ရေးပေးထားတာဖြစ်ပါတယ်)
...

Popular Theory (2023) ⭐IMDB: 5.8/10 (293 Votes) 🎬 #Adventure #Comedy #Family #ScienceFiction 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မွေးရာပါ သိပ္ပံမှာပါရမီပါတဲ့ အာဝင် ဟာ ငယ်ငယ်တည်းက physics မှာတော်ပြီး ဉာဏ်ကြီးရှင်လို စကားပြောတတ်လို့လူတွေက လူထူးဆန်းလိုဆက်ဆံခံရပါတယ်။ ဒါပေမဲ့ တစ်နေ့ကျောင်းက စကော်လားရှစ်ဆုအတွက် သူ့လိုမျိုး ဉာဏ်ကြီးရှင် Chemistry တော်တဲ့ စာဂျပိုး နဲ့ တူတူပေါင်းလုပ်ရင်း အလွဲလွဲအချော်ချော်တွေဖြစ်တာကို ဟာသပုံစံမျိုးလေးရိုက်ပေးထားတာပါ။
...

Technoboys (2024) ⭐IMDB: 5.3/10 (792 Votes) 🎬 #Comedy #Music 🗓 2024 🎞 movie 🌎 #Mexico ⏰ 1 နာရီ 50 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်းကတော့ 1990 ဝန်းကျင်လောက်က နာမည်ကြီးခဲ့တဲ့ Technoboys ဆိုတဲ့ မက္ကဆီကိုယောက်ျားလေးအဆိုတော်အဖွဲ့ဟာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပေမယ့် အဖွဲ့ခေါင်းဆောင် Allan ရဲ့ Melenaဆိုတဲ့ အဆိုတော်ကောင်မ‌လေးနဲ့ အချစ်ရေးပြဿနာကြောင့် ချက်ချင်းနာမည်ပျက်ခဲ့ရပြီး Technoboys လည်း ပျက်သွားခဲ့ရပါတယ်။ နှစ်နှစ်ဆယ်‌ကြာပြီးနောက် Technoboys နာမည်ဟာ Loyalty Free ဖြစ်လာပြီးနောက် Allan နဲ့ သူ့ရဲ့ Manager အသစ်ဖြစ်တဲ့ George တို့က Copyright ကို ဝယ်ယူလိုက်ပြီး Technoboys ကိုပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းကြပုံတွေကို ဟာသဆန်ဆန်ကြရမယ့် မက္ကဆီကို Dark Comedy ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ဒီထဲမှာ Politic တွေ LGBTQ တွေကို ဒဲ့ Shade တာတွေပါတွေ့ရမှာဖြစ်ပြီး နာမည်ကြီးအောင်မြင်နေတဲ့သူတွေရဲ့နောက်ကွယ်က ဆိုးဝါးတဲ့ ဖြစ်ရပ်မှန်တွေကိုပါတွေ့ရမှာဖြစ်ပါတယ်။ IMDB မှာလည်း 5.3 ထိရထားတဲ့ Latino ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်
...

House of Spoils (2024) ⭐IMDB: 4.9/10 (3 k Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ မကြာသေးခင်ကမှထွက်ရှိထားပြီး IMDbမှာ 4.8/10အထိရရှိထားတဲ့ဇာတ်ကားလေးတစ်ကားပါ။ ဒီဇာတ်ကားထဲမှာတော့ ရည်မှန်းချက်ပြည့်ဝပြီး တက်လမ်းတွေကိုအမြဲရှာနေတဲ့စားဖိုမှူးတစ်ယောက်ဟာ သူအလုပ်လုပ်နေတဲ့နာမည်ကြီးစားသောက်ဆိုင်ကထွက်ခဲ့ပြီး ကိုယ်ပိုင်လုပ်ငန်းစဖို့ကြိုးစားပါတယ်။ ဒါပေမဲ့ ဘဝဆိုတာအမြဲတမ်းလွယ်ကူနေတာမဟုတ်လေတော့ ပြဿ‌နာပေါင်းစုံနဲ့ ဒုက္ခတွေတွေ့ရပါတော့တယ်။ သူ့ကိုအမြဲသံသယဝင်နေတဲ့ စီးပွားရေးတွဲဖက်၊ ရင်းနှီးမြုပ်နှံသူတွေ‌ကြားထဲမှာ သူ့ကိုယ်သူပြန်အဖတ်ဆယ်ဖို့ကြိုးစားရင်း ဆက်တိုက်ဆိုသလို သူပြောင်းလာတဲ့အိမ်မှာ မကျွတ်သေးတဲ့ဝိဉာဉ်တစ်ကောင်ကပါ အမျိူးမျိုးဒုက္ခပေးလာတဲ့အခါမှာတော့… ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုပေးကြပါဦး။
...

Gold Raiders (2024) ⭐IMDB: 3.3/10 (130 Votes) 🎬 #Action 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 29 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယခုအခါမှာတော့ ၂၀၂၄ ခုနှစ်ထွက် အက်ရှင် သဘာဝလွန်ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကြောင်းအကျဉ်းချုံးပြောရရင်တော့ ပင်လယ်ဓားပြကြီး မုတ်ဆိတ်နက်မြှုပ်ခဲ့တဲ့ ရတနာတွေကို လိုက်ရှာဖွေကြတာပါ…ဟယ်ရာနဲ့အသီနာဆိုတဲ့ညီအစ်မနှစ်ဦးဟာ ဆိုဆိုင်ရတီအဖွဲ့အစည်းအတွက် ရှေးဟောင်းရတနာတွေရှာဖွေပေးနေသူတွေပါ…သူမတို့နဲ့အပြိုင်အော်ဒါဆိုတဲ့အဖွဲ့အစည်းကလည်းရတနာတွေလိုက်ရှာကြတဲ့အဖွဲ့အစည်းပါပဲ… ဒီလိုနဲ့ ဟယ်ရာနဲ့အသီနာတို့ဟာပင်လယ်ဓားပြကြီး မုတ်ဆိတ်နက်မြှုပ်နှံခဲ့တဲ့ရတနာတွေကိုလိုက်ရှာဖို့ တာဝန်ပေးခံရပါတယ်…ပြီးတော့ ဟယ်ရာကသဘာဝလွန်စွမ်းအားတစ်ခုပိုင်ဆိုင်ထားပါတယ်….အဲ့ဒါကတော့အဖြစ်အပျက်တွေကိုကြိုမြင်နေတာပါ….ကဲ ဒါဆိုရင်တော့ ဟယ်ရာနဲ့အသီနာညီအစ်မနှစ်ယောက် ရတနာလိုက်ရှာတဲ့အခါ ဘယ်လိုအခက်အခဲတွေကြုံတွေ့မလဲ…ဟယ်ရာကရောဘာလို့အဖြစ်အပျက်တွေကိုကြိုမြင်နေရတာလဲ…ပြိုင်ဘက်အဖွဲ့အစည်းဖြစ်တဲ့အော်ဒါအဖွဲ့ကရောသူတို့ကိုဘယ်လိုတားမလဲဆိုတာဆက်လက်ကြည့်ရှုကြပါခင်ဗျာ
...

Brothers (2024) ⭐IMDB: 5.4/10 (6 k Votes) 🎬 #Action #Comedy #Crime 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မိသားစုတွေအများစုမှာ မျိုးရိုးစဉ်ဆက် Profession တွေရှိ ကြတယ်။ တချို့မိသားစုတွေက ရှေ့နေမျိုးရိုးဆွေ၊ တချို့က ဆရာဝန်မျိုးရိုးတွေ။ မန်ဂါမိသားစုကတော့ မျိုးရိုးစဉ်ဆက်မှာ ဆိုးပေ့မိုက်မေ့ဆိုတဲ့ ဒုစရိုက်မှုမှန်သမျှအကုန်လုပ်တဲ့ မိသားစုပါ။ အမြွှာညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ ဂျူဒီ နဲ့ မုခ် က ငယ်စဉ်ကတည်းက မိသားစုဆီကနေ သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေကြောင့် ခိုးဝှက်တဲ့ အလုပ်တွေမှာ လက်စွမ်းထက်တယ်။ သူတို့အမေဖြစ်သူက တစ်ရက်မှာ ဓားပြတိုက်ရင်း ရဲလက်ကနေ ထွက်ပြေးရတာကြောင့် ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့ ဖြစ်လာပါ တော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာပဲ စက်ရုံတစ်ရုံကိုဝင်ခိုးနေရင်း အဖမ်းခံရပြီး အစ်ကိုဖြစ်သူ ဂျေဒီက ထောင်ကျသွားပါတော့တယ်။ ဂျေဒီ ထောင်က ပြန်လွတ်လာချိန်မှာတော့ ပျက်စီးသွားတဲ့ဘဝကို ပြန်အဖတ်ဆည်ဖို့ ကြိုးစားပါတော့တယ်။ ညီဖြစ်သူမုခ်ကတော့ အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရကာ ဘဝကို တည်တည် ငြိမ်ငြိမ်နဲ့ဖြတ်သန်းနေခဲ့ပါပြီ။ ဒီဇာတ်လမ်းလေးမှာတော့ ညီအစ်ကိုနှစ်ယောက်ပေါင်းပြီး နောက်ဆုံး မစ်ရှင်လေးတစ်ခု လုပ်ကြချိန်မှာ ကြုံတွေ့ရမဲ့ အလွဲတွေနဲ့ မိသားစုတွင်း ဆက်ဆံရေးတွေကို ဟာသနဲ့အက်ရှင်ရောကာ ကြည့်ရှုခံစားကြရမှာပဲ ဖြစ်ပါတယ်။
...

The Park Maniac (2024) ⭐TMDB: 60% User Score 🎬 #Crime #Drama #Horror #Thriller 🗓 2024 🎞 movie 🌎 #Brazil ⏰ 1 နာရီ 43 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Park Maniac (2024) ဟာ True Crime, Crime, and Drama အမျိုးအစား Brazilian Portuguese စကားပြောဇာတ်ကားဖြစ်ပါတယ်။ Brazil နိုင်ငံ São Paulo မြို့မှာ 1998 ခုနှစ်ဝန်းကျင်က အမှန်တကယ်ဖြစ်ပျက်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ‌စော်ကားမှု၊ လူသတ်မှုတွေအမြောက်အများ ကျူးလွန်ခဲ့တဲ့ Francisco de Assis Pereira ဆိုသူရဲ့အကြောင်း‌ကို နောက်ခံထားရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း The Worker’s သတင်းစာတိုက်မှာ အလုပ်လုပ်နေတဲ့ Elena ဆိုတဲ့ကောင်မလေးဟာ အလုပ်ဝင်ဖြစ်တာမကြာ‌သေးတာကြောင့် အလွန်ရုန်းကန်နေရတဲ့အချိန်ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ The Park Maniac ဖြစ်လာမယ့် Francisco ဟာ Rollerblader တစ်ဖြစ်လဲ Delivery သမားတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်နေပြီး အလွန်နာမည်ကြီးချင်သူလည်းဖြစ်နေပြန်ပါတယ်။ တစ်နေ့မှာတော့ Francisco ဟာ သူနာမည်ကြီးလာဖို့အတွက် အကြံဆိုးတစ်ခုကို စတင်အကောင်အထည်ဖော်ပါတော့တယ်။ အဲဒါကတော့ မိန်းကလေးတွေကို အလုပ်အတွက် ဓာတ်ပုံရိုက်ခံရင် ငွေရမယ်လို့ လှည့်ဖြားပြီး လိင်ပိုင်းဆိုင်ရာစော်ကားတာ၊ သတ်ဖြတ်တာတွေပါ။ ဒီလိုနဲ့ Elena ဟာ အဲဒီလူသတ်‌မှုတွေ ဖြစ်လာတာကို သိရှိသွားပြီးနောက် နည်းမျိုးစုံနဲ့ လူသတ်သမားကို ဖော်ထုတ်ဖို့ ကြိုးပမ်းရင်း သေဆုံးမှုတွေဆက်တိုက်ဖြစ်လာတဲ့အခါ Elena က São Paulo တစ်မြို့လုံးကို ခြိမ်း‌ခြောက်နေတဲ့လူသတ်သမားကို ဘယ်လိုမျိုးစုံစမ်းဖော်ထုတ်မလဲဆိုတာ စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့် ဇာတ်ကားကောင်းပဲဖြစ်ပါတယ်
...

Trick (2016) ⭐IMDB: 5.4/10 (5 Votes) 🎬 #Drama #Thriller 🗓 2016 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 53 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Trick (2016) ဇာတ်ကားနာမည်အတိုင်း လှည့်ကွက်တွေအပြည့်နဲ့ Trick ဇာတ်လမ်းဟာကိုရီးယားနိုင်ငံရဲ့ မီဒီယာနယ်ပယ်က အကျင့်ပျက်ချစားမှုတွေအကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းက‌တော့ သတင်းတင်ဆက်မှု နယ်ပယ်မှာ အောင်မြင်တဲ့ PD တစ်ဦးဖြစ်လာခဲ့တဲ့ အီဆော့ဂျင်ဟာစားသောက်ကုန်လုပ်ငန်းတစ်ခုရဲ့သတင်းကို လူထုဆီ မှားယွင်းတင်ဆက်ခဲ့ပြီး လူ‌သေမှုပါ ဖြစ်စေခဲ့တဲ့အတွက် PD အလုပ်ကနေ နုတ်ထွက်ခဲ့ရပါတယ်။ အဲဒီလိုနဲ့ နှစ်အနည်းငယ်ကြာပြီးနောက်မှာတော့ ရုပ်သံလိုင်းတစ်ခုရဲ့သူဌေးဟာ အဆုတ်ကင်ဆာဖြစ်နေတဲ့အမျိုးသားနဲ့ဇနီးဖြစ်သူတို့ရဲ့အကြောင်းကို မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့ အီဆော့ဂျင်ကို ကမ်းလှမ်းလာခဲ့တဲ့အခါမှာတော့…။ အီဆော့ဂျင်အနေနဲ့ မှတ်တမ်းရုပ်ရှင်ကို အောင်မြင်အောင်လုပ်ပြီး သူ့ရဲ့နာမည်ပျက်ကို ချေဖျက်နိုင်သွားမလားဒါမှမဟုတ် ဘယ်လိုမထင်မှတ်ထားတာတွေများ ဖြစ်လာမလဲ ဆိုတာကတော့အညွှန်းနဲ့တင် ဖော်ပြဖို့ မလုံလောက်တာမို့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါဦး‌နော်။ အညွှန်းနဲ့ ဘာသာပြန်ကတော့Hmweဖြစ်ပါတယ်။
...

Rippy (2024) ⭐IMDB: 4.0/10 (374 Votes) 🎬 #Horror #Mystery #Thriller 🗓 2024 🎞 movie 🌎 #Australia ⏰ 1 နာရီ 24 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2024 မှာထွက်ရှိထားတဲ့ Horror- Thriller ရုပ်ရှင် ဇာတ်လမ်းအသစ်ဖြစ်ပြီး ဒါရိုက်တာ Ryan Connan ဦးစီးရိုက်ကူးထားကာ Michael Biehn, Tom Block, Martin Blum တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ Maddy ဟာ သူမကိုကယ်တင်ပေးရင်း ဆုံးပါးသွားတဲ့ သူ့ဖခင်ဖြစ်သူ ရဲဝန်ထမ်းရဲ့ ခြေရာကိုအမှီလိုက်နင်းဖို့ရာ ဆန္ဒရှိသူရဲမေတစ်ဦးပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့မြို့မှာ လူတွေကို ရက်ရက်စက်စက် သတ်ဖြတ်မှုတွေပေါ်ပေါက်လာခဲ့ပြီး တရားခံဖြစ်သူဟာ မယုံကြည်နိုင်စရာကောင်းစွာပဲ သားပိုက်ကောင်ကြီးတစ်ကောင် ဖြစ်နေတဲ့အခါ
...

Death Streamer (2024) ⭐IMDB: 2.8/10 (146 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 14 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက မော်ဒန် အခုခေတ် သွေးစုပ်ဖုတ်ကောင်ကားလို့ ပြောရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ Live လွှင့်ပြီး သွေးစုပ်ပြတဲ့ သွေးစုပ်ဖုတ်က‌ောင်တွေ ဖြစ်လို့ပါ။ ဒီကားထဲမှာ အဓိက ကြည့်ရှုရမှာကတော့ သွေးတွေ .. နို့သီးခေါင်းတွေနဲ့ စော်ချောချောလေးတွေကို ကြည့်ရမှာဖြစ်ပြီး တစ်ကားလုံးကို ခြုံပြီးပြောရရင် .. ကြည့်လို့ကောင်းတဲ့ သွေးစုပ် ဖုတ်ကောင်ကား တစ်ကားလို့ ပြောရမှာပဲ ဖြစ်ပါတယ်။ ( ဘာသာပြန်နဲ့ အညွှန်းကတော့ BZW ဖြစ်ပါတယ်
...

Dinner with Friends (2001) ⭐TMDB: 54% User Score 🎬 #Comedy #Drama #Romance 🗓 2001 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၁၉၉၈ ခုနှစ်က ပြဇာတ်ရေးဆရာ Donald Margulies ရဲ့ ပူလစ်ဇာဆုရပြဇာတ်ကို မှီငြိမ်း ရိုက်ကူးထားတာဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်းလည်း ကြာပြီဖြစ်သလို သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာလည်း ကြာပြီဖြစ်တဲ့ အိမ်ထောင်သည်စုံတွဲ (၂) တွဲဖြစ်တဲ့ ဂေ့ဘ် နဲ့ ကယ်ရန်၊ တွမ် နဲ့ဘက် ဟာ ကလေး (၂) ယောက်စီရပြီးချိန်အထိ အစားအသောက်ဝေဖန်ရေးဆောင်းပါးရှင် ဂေ့ဘ် နဲ့ ကယ်ရန် တို့ရဲ့ လက်ရာကို မြည်းစမ်းကြရင်း ဂေ့ဘ်တို့အိမ်မှာ ညစာပါတီကျင်းပကြတဲ့ အလေ့အထကို နှစ်များစွာကြာအောင် ထိန်းသိမ်းခဲ့ပါတယ်။ တစ်ညမှာ ဘက် နဲ့ ကလေး (၂) ယောက်ပဲ ဂေ့ဘ်တို့ရဲ့ ညစာစားပွဲကို ရောက်လာနိုင်ခဲ့ပါတယ်။ တွမ်တစ်ယောက် ဒီစီကို သွားနေရတယ်လို့ ဘက်ကပြောပြီး ညစာကို ထုံးစံအတိုင်း အတူတူစားပြီးတဲ့နောက် ဂေ့ဘ်နဲ့ ကယ်ရန်ကလည်း သူတို့ရဲ့ ခရီးစဉ်အကြောင်းကို ရွှန်းရွှန်းဝေအောင် ပြောနေကြပါတယ်။ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းပြီး စိတ်တူကိုယ်တူပြောဆိုနေကြတဲ့ ဂေ့ဘ် တို့ (၂) ယောက်ကိုကြည့်ပြီး ဘက်က မခံစားနိုင်တော့ဘဲ ရင်ဖွင့်လာခဲ့ပါတော့တယ်။ တွမ်က သူ့ကို ထားခဲ့တော့မှာဖြစ်တဲ့အကြောင်း၊ နန်စီဆိုတဲ့လေယာဉ်မယ်နဲ့ တွေ့နေပြီဆိုတဲ့အကြောင်း သူ့ကို ရင်ဖွင့်ခဲ့တာတွေ၊ သူတို့ ကွာရှင်းတော့မယ်ဆိုတဲ့အကြောင်းတွေကို ပြောရင်းနဲ့ ငိုချလာခဲ့ပါတော့တယ်။ အားရပါးရ ရင်ဖွင့်ခဲ့ပြီးနောက်မှာတော့ ဘက်က ကလေး (၂) ယောက်နဲ့အတူ အိမ်ကို ပြန်လာခဲ့ပါတယ်။ ထိုအချိန်မှာ ဒီစီကို သွားနေပြီဖြစ်တဲ့ တွမ်ကလည်း ရောက်ချလာခဲ့ပြီး လေယာဉ်ခရီးစဉ် ဖျက်သိမ်းလို့ ပြန်လာခဲ့တာဖြစ်ကြောင်း ဘက်ကို ပြောပြကာ ညစာစားပွဲအကြောင်းကို မေးမြန်းခဲ့ပါတယ်။ နည်းမျိုးစုံအစ်အောက် မေးမြန်းပြီးနောက်မှာ တွမ်က ဂေ့ဘ်တို့ကို ရင်ဖွင့်ခဲ့ပြီလားလို့ စွပ်စွဲမေးမြန်းခဲ့ပါတယ် သူတို့ (၂) ယောက်လုံးဆုံမှ ကွာရှင်းမယ့်အကြောင်း ဂေ့ဘ်နဲ့ကယ်ရန်တို့ကို မျက်နှာချင်းဆိုင်ပြောဖို့ သဘောတူထားတာ ဖြစ်တဲ့အကြောင်း တစ်ယောက်တစ်ခွန်း ပြောကြရင်း ရန်ဖြစ်ခဲ့ကြပါတယ်။ လုံးလားထွေးလားအခြေအနေကနေ ပွေ့ဟယ်ဖက်ဟယ် နဲ့ ချစ်ပွဲဝင်ခဲ့ကြပြန်ပါတယ်။ ဂေ့ဘ်နဲ့ ကယ်ရန်တို့ကလည်း ဘက်စကားကိုပဲ မယုံသင့်ကြောင်း၊ တွမ်ရဲ့စကားကိုလည်း နားထောင်သင့်ကြောင်း ဂေ့ဘ်က တစ်ဖက်၊ ကယ်ရန်ကလည်းမိသားစုအပေါ် သစ္စာဖောက်သွားတဲ့ တွမ့်ကို ခွင့်မလွှတ်သင့်ကြောင်း ငြင်းခုန်နေချိန်မှာပဲ တွမ်က ပေါက်ချလာခဲ့ပါတော့တယ်။ ကယ်ရန်က တွမ်ကို မတွေ့ချင်ပေမယ့် ဂေ့ဘ်က မေတ္တာရပ်ခံခဲ့တာကြောင့် ဧည့်ခံစကားပြောခဲ့ပေမယ့် သဘောထားချင်း မတိုက်ဆိုင်ကြဘဲ စိတ်ဆိုးပြီး အိပ်ရာဝင်သွားပါတော့တယ်။ တွမ်က ဂေ့ဘ်တစ်ယောက်တည်းကိုပဲ ဘက်က သူ့ကို မထိတွေ့တော့တဲ့အကြောင်း၊ သူ စမ်းသပ်မှုတစ်ခု လုပ်အပြီးမှာတော့ ဘက်က သူ့ကို တစ်ပတ်တိတိ မထိတွေ့ဘဲနေနိုင်ကြောင်း သိပြီးတဲ့အခါမှာ ကြေကွဲရပုံတွေကို ရှင်းပြရင်း သူနဲ့ စိတ်သဘောထားချင်းတူတဲ့ နန်စီကို တွေ့ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ အိမ်ထောင်ရေးတစ်ခုမှာ နှစ်ဦးနှစ်ဖက် ဘယ်သူမှားတယ်မှန်တယ်ဆိုတာကို လက်ညှိုးထိုး ငြင်းခုန်နေကြမလား၊ တစ်ယောက်အမှားကို တစ်ယောက်ခွင့်လွှတ်ပြီး ရှေ့ဆက်ကြမလား၊ အိမ်ထောင်ရေးဆိုတာကလည်း အချစ်တွေနဲ့ လက်ထပ်ခဲ့ကြပေမယ့် နှစ်များစွာကြာတော့မှ အပြစ်တွေမြင်လာခဲ့ပြီး ကိုယ်က မနက်ခင်းတိုင်းကို သူစိမ်းတစ်ယောက်ဘေးကနေ နိုးထနေရပါလားဆိုတဲ့ အသိဝင်လာတတ်ကြပါတယ်။ အိုမင်းတဲ့အထိ ပေါင်းသင်းခဲ့ကြတဲ့သူတွေကရော တစ်ယောက်ကိုတစ်ယောက် ဘယ်နှစ်ကြိမ်အထိ ခွင့်လွှတ်ခဲ့ကြပြီးပြီလဲ။ ခွင့်မလွှတ်နိုင်လို့ ကိုယ့်ရဲ့အစစ်အမှန်လက်တွဲဖော်ကို ရှာဖွေတဲ့သူတွေကိုရော အပြစ်ဆိုရမှာလား။ အတွေးပေါင်းများစွာ ပေးနိုင်တဲ့ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုရပါလိမ့်မယ်။
...