fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
A Mother's Nightmare (2012) ⭐IMDB: 5.8/10 (2 k Votes) 🎬 #Crime #Mystery #Thriller #TVMovie 🗓 2012 🎞 tv movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Mother’s Nightmare (2012) “မိခင်သောက”IMDb – 5.8/10 ဒီကားကတော့ Flashမင်းသား ဂရန့်ဂတ်စတင်ရဲ့ The Flash ဇာတ်လမ်းတွဲ မရိုက်ခင်၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ teen thrillerရုပ်ရှင်ပါ။ဒီကားထဲမှာတော့ ကျွန်တော်တို့ရဲ့ အမြန်ကောင်က ခရစ်ဆိုတဲ့ စာတော်ပြီး ရိုးသားကြိုးစားတဲ့ လူလိမ္မာလေးပေါ့။ဒီလူလိမ္မာလေးက စော်ပစ်ကောင်လေးဖြစ်သွားလို့ ကြေကွဲလူငယ်လေး လုပ်နေတုန်းမှာပဲသူတို့ကျောင်းကို ဗန်နက်ဆာဆိုတဲ့ ရေလည်ဟော့တဲ့ ခပ်မိုက်မိုက် စော်လေးတစ်ဗွေပြောင်းလာပါတယ်။ပုံမှန်ဆို ခရစ်တို့လို လူရိုး စာဂျပိုးလေးတွေကို ဗန်နက်ဆာလို ခါးသေးရင်ချီ ခပ်ဟော့ဟော့ မိန်းမလှလေးကစာရင်းထဲတောင် ထည့်မှာမဟုတ်ပေမဲ့ ဗန်နက်ဆာကတော့ ခရစ်ကို ကြွေသွားပြီးရေလာမြောင်းပေးလုပ်ရင်းနဲ့ ခဏအတွင်းမှာပဲ တွဲဖြစ်ခဲ့ကြပါတယ်။လူလိမ္မာလေးဖြစ်ခဲ့တဲ့ ခရစ်တစ်ယောက် ဗန်နက်ဆာအတွက်နဲ့ အတန်းတွေပျက်၊ စာမေးပွဲတွေကျအမေဖြစ်သူကို ကလန်ကဆန်တွေလုပ်တတ်လာပြီး ဗန်နက်ဆာရဲ့ အစွဲအလန်းကြီးမှု လွှမ်းမိုးမှုတွေမှာ တဖြည်းဖြည်း ပိတ်မိလာပါတယ်။ဒီလိုနဲ့ ပျက်စီးစပြုလာတဲ့ခရစ်ဟာ သူသိထားတဲ့ ဗန်နက်ဆာရဲ့အကြောင်းတွေက အလိမ်အညာတွေဖြစ်ပြီးဗန်နက်ဆာရဲ့ အတိတ်က စိတ်ဒဏ်ရာတွေကို သိလာချိန်မှာတော့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာတစ်မျိုးတစ်ဖုံ ပြောင်းလဲသွားရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့aungmo3hanပဲ ဖြစ်ပါတယ်)
...

Dark Night of the Scarecrow 2 (2022) ⭐IMDB: 3.4/10 (145 Votes) 🎬 #Horror 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1981 ခုနှစ်က ထွက်ရှိထားတဲ့ Dark Night Of The Scarecrowရဲ့ ဒုတိယမြောက် ဇာတ်ကားဖြစ်တဲ့ Dark Night Of The Scarecrow 2 ကို တင်ဆက်ပေးချင်ပါတယ်။ Single mom ဖြစ်သူ ခရစ်ရိုင်မာဟာ သူရဲ့သားလေးဖြစ်သူ ဂျရမီနဲ့အတူ အခြေချနေထိုင်ဖို့ စတက်ဘယ်ဖီးလ်ကောင်တီကို ပြောင်းလာပါတော့တယ်။ သူတို့ပြောင်းလာတဲ့အချိန်မှာ ၉၀ခုနှစ်တုန်းကလို တုန်လှုပ်ခြောက်ခြားဖွယ် လူသတ်မှုတွေ ပြန်လည်ဖြစ်ပွားလာပါတယ်။ အဆိုပါ လူသတ်မှုတွေနဲ့ ခရစ်ရိုင်မာတို့ သားအမိနဲ့ ဘယ်လိုပတ်သက်နေမလဲ …. ဂျရမီလေးကရော ဘယ်လိုအခန်းကဏ္ဍာကနေ ပါဝင်နေမှာလဲ ….မစ္စစ် ရိုင်မာကရော သူရဲ့သားလေးကို ဘယ်လိုကယ်တင်မလဲ …. အစရှိတာတွေကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ Horror ကြိုက်တတ်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ကား တစ်ခုဖြစ်ကြောင်းပြောရင်း နိဂုံးချုပ်အပ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။
...

105 Minutes (2024) ⭐IMDB: 8.2/10 (2 k Votes) 🎬 #Bollywood #Drama #Horror #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 50 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 105 Minutes (2024)ပုံရိပ်မဲ့ ချောက်ချားမှုများ IMDb-8.3/10 Hansika Motwani ရဲ့တစ်ကိုယ်တော် Horror/thriller ကားတင်ဆက်ပေးလိုက်ပါတယ် ရှော့ပင်းထွက်ပြီး အိမ်ပြန်လာတဲ့ဂျာနူးတစ်ယောက်အမှောင်ထဲမှာ အားလုံးနဲ့အဆက်အသွယ်ပြတ်ပြီးချောက်ချားစရာတွေကြုံတွေ့လာတဲ့အချိန်…ဘယ်သူဘယ်ဝါ ဘာကြောင့်မှန်းမသိဘဲ ထိတ်လှန့်စေတဲ့အသံပိုင်ရှင်ရဲ့ အငြိုးအတေး ၊ အမိန့်ပေးစေခိုင်းမှုတွေ ၊နိုးတစ်ဝက်အိပ်တစ်ဝက်နဲ့ အိပ်မက်လိုထင်ယောင်ထင်မှားတွေ ၊နိုးလာတဲ့အချိန် မြင်တွေ့ရတဲ့ ရင်ထိတ်စရာပုံရိပ်တွေ ၊ဘယ်ကမှန်းမသိ ရုတ်တရက်ကြုံတွေလာရတဲ့အမှောင်ထဲကထောင်ချောက်တွေနဲ့ နာကျင်မှုတွေ ဒီလိုတွေဖြစ်နေရတဲ့ အဓိကအကြောင်းအရင်းကဘာလဲဒီလိုထိတ်လန့်စရာအခြေအနေကနေရော ဂျာနူးတစ်ယောက်တည်း တွန်းလှန်ကျော်ဖြတ်နိုင်မလား…Horror ပရိသတ်ကြီးပဲ ရှုစားအကဲဖြတ်ပေးပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni တို့ပဲဖြစ်ပါတယ်
...

Joshua: Imai Pol Kaka (2024) ⭐IMDB: 6.1/10 (402 Votes) 🎬 #Action #Bollywood #Drama #Thriller #Crime 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 8 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Joshua( 2024) ကြေးစားချစ်သူ ၂၀၂၄ မှအသစ်စက်စက်ထွက်ရှိထားပြီး IMDb 6.0/10 ရရှိထားတဲ့EX ကို အသက်ပေးပြီး ကာကွယ်သွားမဲ့ ကြေးစားလူသတ်သမားကားလေး လာပါပြီ။ ဂျော့ရှ်ရွှာဟာ ရက်စက်ကြမ်းကြုတ်တဲ့ ကြေးစားလူသတ်သမားတစ်ဦးပါ။ငွေသာရရင် တွေ့ရာသင်္ချိုင်း ဓားမဆိုင်းတဲ့လူမျိုးပေါ့။ ဒါပေမဲ့ ဒီလူကြမ်းကြီးမှာလည်းအတိတ်က အချစ်ဇာတ်လမ်းရှိခဲ့ပါသေးတယ်။ အဲဒါကတော့ ရှေ့နေမလေး ကွန်ဒါဗီနဲ့ပဲဖြစ်ပါတယ်။ အကြောင်းကြောင်းကြောင့်လမ်းခွဲခဲ့ရတဲ့သူတို့ကို ကံကြမ္မာတစ်ပတ်လည်ပြီး ပြန်ဆုံဖို့ အကြောင်းဖန်လာချိန်မှာတော့ဂျော့ရှ်ရွှာတစ်ယောက် ကွန်ဒါဗီ့ကို သက်တော်စောင့်လုပ်ပေးဖို့ဖြစ်လာပါတော့တယ်။အကြီးစားမူးယစ်ဆေးအမှုကိုရုံးတင်ရမဲ့ EX ရှေ့နေမလေးကို တာဝန်အတိုင်းစာချုပ်ပြီးသည်အထိ ကာကွယ်ပေးသွားနိုင်ပါ့မလား…။ ကွန်ဒါဗီ့ရဲ့ မူးယစ်ဆေးအမှုကရော သက်တော်စောင့် ငှားရလောက်အောင်ဘာလို့သိပ်အန္တရာယ်များနေရတာလဲ…။ နှစ်ယောက်သားရဲ့တစ်ကျော့ပြန်ဆုံစည်းမှုမှာ ရင်ထဲကမီးပွားလေးတွေ ပြန်တောက်လောင်လာဦးမလား… (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM BOLLYWOOD TEAM ကပဲဖြစ်ပါတယ်)
...

The Legend of Bruce Lee (2008) ⭐TMDB: 65.0% User Score 🎬 #Documentary #Action #Adventure #Drama 🗓 2008 🎞 Series 🌎 #China ⏰ 46 မိနစ် 13 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Legend of Bruce Lee (2008)  Cultural phenomenal လို့ခေါ်တဲ့ တစ်ခေတ်တစ်ယောက် ထွန်းထွန်းပေါက်ကြသူတွေထဲမှာ ဘရုစ်လီ ဆိုတာ ဒဏ္ဍာရီဆန် ဂန္တဝင်မြောက်တဲ့ သိုင်းပညာရှင် အတွေးအခေါ်ပညာရှင်ကြီးပါ။ သရုပ်ဆောင်တွေ ရုပ်ရှင်ဒါရိုက်တာတွေ ထုတ်လုပ်သူဆိုတာတွေက ကျွဲကူးရေပါလာတဲ့ အောင်မြင်မှုတွေမလို့ အရေးတယူ မပြောတော့ပါဘူး။သိုင်းပညာဆိုတဲ့ ပညာရပ်မှာတော့ တစ်ဖက်ကမ်း ခပ်ရုံမက ထုံးလိုချေ ရေလိုနှောက် အဆင့်ထက်ကျော်တဲ့၊ သိုင်းပညာနဲ့ ဘရုစ်လီ၊ ဘရုစ်လီ နဲ့ သိုင်းပညာဟာ ခွဲခြားလို့မရတော့ဘဲ တစ်သားထည်းဖြစ်သွားတဲ့ အဆင့်ကို ရောက်နေသူကြီးပါ။အတွေးအခေါ်ပိုင်းမှာလည်း ဘရုစ် ပြောခဲ့တဲ့ စကားတွေ အတွေးအခေါ်တွေကို သိုင်းပညာရပ်မှာသာမက အခြားနယ်ပယ်တွေမှာလည်း တခုတ်တရ သုံးစွဲရတဲ့အထိ လေးနက်ပြောင်မြောက်လွန်းလှပါတယ်။ဘုရားသခင်ဟာ အကောင်းဆုံးတွေကို လူတစ်ယောက်တည်းမှာ စုပြုံထည့်မပေးတတ်ဘူးတဲ့။ လီရှောင်လုံ လို့ခေါ်တဲ့ ဘရုစ်လီ ကတော့ ဘုရားသခင် မှားယွင်းဖန်ဆင်းမိတဲ့ အပြီးပြည့်စုံဆုံးသော လူသားတစ်ယောက်ပါပဲ။ လူ့လောကမှာ ကြာကြာမထားရဲဘဲ သူ့သက်တမ်း ၃၂ နှစ်မှာ ပြန်ခေါ်လိုက်ရတာကိုပဲ ကြည့်တော့။လီရှောင်လုံ က ပြဿနာကို မီးထွန်းရှာတတ်သူလေးပါ။ သူ့ရဲ့နေ့ရက်တွေက ရန်ဖြစ်ထိုးကြိတ်ခြင်းတွေနဲ့ ပြည့်နေတာပါပဲ။ အိမ်ကိုပြန်လာတိုင်း ဖူးရောင်လို့၊ သွေးစို့လို့ ဆိုတာမျိုးတွေချည်းပဲ။အဖေက ပြဇာတ်သရုပ်ဆောင်အလုပ်နဲ့ ကိုလိုနီခေတ် ဟောင်ကောင်မြို့မှာ ပုဂ္ဂလိကကျောင်းကိုထားတယ်။ ဒါပေမဲ့ လီရှောင်လုံ စာကြိုးစားသလားဆိုတော့ ဟင့်အင်းလို့ ယတိပြတ် ဖြေရမှာပါပဲ။ဘယ်လိုပဲဖြစ်ဖြစ် လီရှောင်လုံ ဟာ ဘရုစ်လီ ဆိုတဲ့နာမည်နဲ့ အထက်တန်းကျောင်းသားလေး။ စာမကျက်ဘဲ ရန်လိုက်ဖြစ်နေတဲ့ကောင်လေး။ သူ့ကို နိုင်ငံခြားသားကျောင်းသားတွေက နှိမ်လွန်းလို့ ချာချာအကမှာ အထက်တန်းကျောင်းအဆင့် ဟောင်ကောင်ချန်ပီယံဖြစ်တဲ့အထိ ကြိုးစားခဲ့သူ။ ဒါပေမဲ့ သူဘာပဲလုပ်လုပ် သူ့ကိုခေါ်ကြတဲ့နာမည်က “အလကား အသားဝါကောင်” တဲ့။ဒီလိုနဲ့ အများသိကြတဲ့အတိုင်း သူ့ဘဝကို ပြောင်းလဲစေတဲ့ဆရာ၊ ဝင်းချွမ်ဆရာတစ်ဆူ IP man လို့ခေါ်တဲ့ ဆရာ ရိမန် နဲ့ ဆုံလိုက်ရချိန်မှာ လီရှောင်လုံ ဆိုတဲ့ နဂါးလေးက မီးလျှံတညီးညီးနဲ့ နဂါးကြီးဖြစ်လာခဲ့တယ်။ အနောက်တိုင်းက ကွန်ဖူး လို့ကြားလိုက်တာနဲ့ ဘရုစ်လီ ဆိုတာကို တန်းသိတဲ့အဆင့်။ ကွန်ဖူးကြောင့် အနောက်ကမ္ဘာမှာ ဘရုစ်လီ ဖြစ်လာခဲ့တာမဟုတ်။ ဘရုစ်လီ ကြောင့်သာ အာရှသိုင်းပညာ ကွန်ဖူးကို တစ်ကမ္ဘာလုံးက သိသွားခဲ့ရတာ။ဒီလို ကြီးကျယ်လွန်းလှတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဇာတ်ကြောင်းကို ဇာတ်လမ်းတွဲအနေနဲ့ “ဘရုစ်လီ ရဲ့ ဒဏ္ဍာရီ” ဆိုပြီး ရိုက်ကူးထုတ်လွှင့်ပြသထားပါတယ်။ 2008 ခုနှစ်မှာ ထုတ်လွှင့်ပြသထားပြီး ဂန္ဓာလရာဇ် သမိုင်းတလျောက် ကြည့်ရှုနှုန်း အများဆုံး စီးရီးပါပဲ။ ထူးခြားတာက အစ season တွေကနေ နောက်ဆုံး season ရောက်တဲ့အထိ ကြည့်ရှုနှုန်းက တဖြည်းဖြည်းတက်လာတာဖြစ်ပြီး နောက်ဆုံး season က ကြည့်ရှူနှုန်း အများဆုံးပါ။ရိုက်ကူးရေးကြာမြင့်ချိန် ကိုးလအတွင်း ပြီးစီးအောင် ရိုက်ကူးခဲ့ပါတယ်။ ဘရုစ်လီ နေရာမှာတော့ ဟောင်ကောင်မင်းသား Danny Chan သရုပ်ဆောင်ထားတာပါ။ Michelle Lang က ဘရုစ်လီ ရဲ့ အမျိုးသမီးနေရာက သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။စုစုပေါင်း အပိုင်း ၅၀ ပါမှာဖြစ်ပြီး CM ကနေ ပုံမှန်တင်ဆက်ပေးသွားမှာပါ။ ကျွန်တော်ငယ်ငယ်က ဘရုစ်လီ ကို မမီလိုက်ပါဘူး။ ဂျက်ကီချန်း ခေတ်မှာ ကြီးပြင်းခဲ့ရပေမဲ့ ဘရုစ် ရဲ့ ဇာတ်ကား‌တွေ ကြည့်လိုက်ရချိန်မှာ အသည်းစွဲသွားခဲ့ရသူပါ။ လူ့သက်တမ်း နှစ်သုံးဆယ် နှစ်နှစ်စွန်းပဲ နေလိုက်ရပေမဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ကိုင်လှုပ်သွားတဲ့ လီရှောင်လုံ ရဲ့ အထုပ္ပတ္တိဇာတ်လမ်းတွဲကို ကြည့်ရှုခံစားလိုက်ကြရအောင်လား။
...

The Seven Darks (2024) ⭐IMDB: 4.0/10 (43 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 4 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအစမှာ လူတစ်ယောက်ကို အမည်မသိ အသံဖျက်ထားတဲ့ သူစိမ်းတစ်ယောက် ဖုန်းလှမ်းဆက်ပါတယ် အိမ်က အခန်းထဲမှာ တစ္ဆေသဏ္ဌာန် သတ္တဝါတစ်ကောင်ကို မြင်လိုက်ရတဲ့အခါမှာ… သူငယ်ချင်းကောင်မလေးကို တွေ့ဖို့ အကူအညီတောင်းရပါတယ် သူခိုင်းတဲ့အတိုင်း အထူးပြုလုပ်ထားတဲ့ အသံဖိုင်ကို နားထောင်ပြီး အိပ်မွေ့ချ မေ့ဖျောက်ဖို့ကြိုးစားတဲ့အခါမှာ… ကြောက်လန့်စရာ အိပ်မက်ဆိုးကို တွေ့ကြုံရပါတော့တယ် လော့အိန်ဂျလိစ်က လူခြေပြတ်တဲ့ လမ်းမတွေမှာ အိမ်ပြန်နောက်ကျတဲ့လူတွေကပါ… အမျိုးမျိုးသော ခြောက်လှန့်မှုတွေကို ကြုံတွေ့လာရတဲ့ အချိန်မှာတော့
...

Newcomer Debut Angel – Suzumori Remu ( Decensored – BGN-054 ) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 3 နာရီ 11 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကဲ တက်သစ်စ မင်းသမီးချောလေး Suzumori Remu ရဲ့ Debut လေးကိုတင်ဆက်ပေးလိုက်ပါပြီခင်ဗျာ……ဆံပင်ကုတ်ဝဲလေးနဲ့ ကျောင်းသူလေးတစ်ယောက်လို ရိုးသားဖြူစင်တဲ့ ပုံစံလေးပိုင်ဆိုင်ထားတဲ့ မင်းသမီးလေးတလက်ပါပဲ……ချစ်စရာလေးကလည်းကောင်း သရုပ်ဆောင်လေးကလည်းတော် ကိုယ်လုံးကိုယ်ပေါက်လေးကတော့ အပြစ်အနာအဆာမရှိမှတော့ ဘာပြောကောင်းလိုက်မလဲ….. ဒါနဲ့ ဒီ BGN-054 ကားလေးက သူ့ရဲ့ ပွဲဦးထွက်မိတ်ဆက်ပုံစံလေးဆိုတော့ သူ့အကြောင်းလေးတွေပါတင်ဆက်ထားတာပါ အရင်က သူနာပြုလုပ်ရာကနေ JAV model ချစ်စရာလေးတွေကို အားကျပြီး ဒီ လောကထဲခြေစုံပစ်ဝင်လာတဲ့သူလေးပါပဲ…….အစဆိုတော့ ကြောက်လန့်နေတဲ့ပုံလေးတွေ ရှက်ရွံ့နေတဲ့ပုံလေးတွေက ရင်ကိုဗလောင်ဆူသွားစေမှာတော့ အသေအချာဖြစ်နေတာမို့ လက်မနှေးဘဲ အမြန်ဆုံးသာ ကြည့်ရှုလိုက်ကြပါဦးလို့……… (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။
...

Lucky Girl (2022) ⭐IMDB: 5.8/10 (127 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #Ukraine #Germany ⏰ 1 နာရီ 33 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကင်ဆာရောဂါသည်တစ်ယောက်ရဲ့ ဘဝကို ခြယ်မှုန်းထားတဲ့ ယူကရိန်းရုပ်ရှင်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ဥရောပဖလင် ပရိသတ်တွေ နှစ်ခြိုက်ကြမယ့် အမိုက်စား သရုပ်ဆောင်ချက်တွေနဲ့အတူ… အရောင်အသွေးစုံလှတဲ့ set design တို့ကိုလည်း ခံစားရဦးမှာပါ Nina(ခေါ်) “မိကံကောင်း” လေးက နာမည်ကြီးတီဗီအစီအစဥ်တင်ဆက်သူ တစ်ယောက်ဖြစ်ပါတယ် ဒီကောင်မလေးက မာနကြီးတယ် ရိုင်းစိုင်းတယ် ကိုယ်ထင်တာကို ဇွတ်တရွတ်လုပ်တတ်တယ် ဒါပေမဲ့ လူအများအားကျလောက်အောင် ပြည့်စုံတဲ့ မိန်းကလေးတစ်ယောက် ….တစ်နေ့ ကင်ဆာဖြစ်မှန်း သိလိုက်ရတဲ့ နေ့ကစပြီး သူကမ္ဘာပျက်ရတော့တယ်… သူလုံးဝခံနိုင်ရည်မရှိဘူး ပိုင်ဆိုင်တာတွေ တစ်စတစ်စ ဆုံးရှုံးရရင်း တချိန်ကမာန်တွေလည်း မနိုင်တော့ လျှော့ရတော့တာပါပဲ ကင်ဆာရောဂါသည် သူငယ်ချင်းတွေကလည်း အချင်းချင်း ဖေးမတစ်လှည့်… ဟိတ်ဟန်ကြီးတဲ့ Nina ကို ဆုံးမသွန်သင် ပညာပေးတာက တစ်ဖုံနဲ့ … မိကံကောင်းလေးတစ်ယောက် ပြောင်းလဲလာနိုင်ပါ့မလားဆိုတာကိုတော့ … ကင်ဆာရောဂါသည်တစ်ယောက်ရဲ့ စိတ်ခံစားချက်အဖုံဖုံတို့ကို တွေ့မြင်ခံစားရမှာပဲ ဖြစ်ပါတယ်
...

Night Shift (2023) ⭐IMDB: 5.2/10 (928 Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ Night Shift ဆိုတဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့….. ဂွမ်တေလာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ မိုတယ်တစ်ခုမှာ ညဆိုင်းအလုပ်လာလုပ်ပါတယ် သူ့ရဲ့ပထမဆုံးအလုပ်လုပ်တဲ့ညမှာပဲ ထိပ်လန့်စရာကောင်းတဲ့ပုံရိပ်တွေကိုမြင်တွေ့နေရပြီး အဲ့မိုတယ်ဟာ သရဲခြောက်တယ်လို့ သံသယဝင်လာပါတယ် အဲ့ဒီမိုတယ်ကြီးကလည်း ဟောင်းနွမ်းနေပြီဖြစ်ပြီး အဲ့ကရေကူးကန်ကြီးမှာလည်းဘတွင်းနက်ကြီးပေါက်နေပါတယ် ပစ္စည်းတွေထားတဲ့ဂိုထောင်ကလည်း တံခါးကအပြင်ကနေပဲဖွင့်လို့ရပြီး အထဲကနေပြန်ဖွင့်လို့မရပါ အဲ့လိုထူးဆန်းပြီးခြောက်ခြားစရာကောင်းတဲ့မိုတယ်ကြီးမှာ မိန်းကလေးတစ်ယောက်တည်း ညပိုင်းအလုပ်လုပ်ရတဲ့အခါ…….. ​နောက်ပြီး လာတည်းခိုတဲ့ဧည့်သည်တွေကလည်း ထူးဆန်းပြီးကြောင်တောင်တောင်နိုင်တဲ့သူတွေနဲ့ပါကြုံတွေ့ရပါတယ် အဲ့ဒါတင်မကဘဲ ဂွမ်ရဲ့အတိတ်ကဖြစ်ရပ်ဆိုးကြီးက လူဆိုးတစ်ယောက်က သူ့နောက်ကိုလိုက်နေပါတယ်လို့ ဂွမ်တစ်ယောက်သံသယရှိနေတဲ့အခါ
...

Horse in the Coat! (2023) ⭐IMDB: 4.4/10 (25 Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #Russia ⏰ 1 နာရီ 35 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပိုဒ်ဗာရီဇို့ဗ်ဆိုတဲ့ လက်ထောက်အုပ်ချုပ်ရေးမှူးတစ်ယောက်ဟာ လာဘ်စားပေမဲ့ ဖမ်းခံရမှာကိုတော့ ကြောက်နေသူတစ်ဦးပဲဖြစ်ပါတယ်။ သူ့ရဲ့ လာဘ်စားဖော်တွေ အဖမ်းခံရရင် သူ့မှာ ကြောက်ဒူးတုန်ပြီး ဆုတောင်းရတာလည်း အမောပါ။ ပိုဒ်ဗာရီဇို့ဗ်မှာ ဇနီးသည်ချောချောလေးတစ်ယောက်လည်း ရှိပါတယ်။ ဇနီးဖြစ်သူဟာလည်း ချမ်းသာကြွယ်ဝချင်တဲ့စိတ်နဲ့ ပိုဒ်ဗာရီဇို့ဗ်ဖြစ်သူကို ယူထားတာဖြစ်ပြီး ဇနီးဖြစ်သူကို တိတ်တခိုး ကြိုက်နေတဲ့ ဘေးအိမ်ကလူတစ်ယောက်လည်းရှိနေပါသေးတယ်။ ဒီလိုနဲ့ နှစ်သစ်မကူးခင်ရက်ပိုင်းမှာ သူနဲ့ သူ့မိန်းမရဲ့ နှစ်ပတ်လည်ပွဲလေးကျင်းပရင်း အဲဒီပွဲမှာပဲ သူ့ကို လာဘ်စားတဲ့အမှုနဲ့ လာရောက်ဖမ်းခြင်းကို ခံလိုက်ရပါတော့တယ်။ ယောက်ျားဖြစ်သူ အဖမ်းခံရတဲ့နောက်မှာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အသိမ်းမခံရဖို့အတွက် ဘယ်လိုတွေ ထုခွဲရောင်းချသွားမလဲ…..ဇနီးဖြစ်သူကို တိတ်တခိုးကြိုက်နေတဲ့သူကရော ခင်ပွန်းဖြစ်သူမရှိချိန်မှာ ဘယ်လိုတွေ ကြိုးပမ်းဦးမလဲ …….ပိုဒ်ဗာရီဇို့ဗ်ဖြစ်သူကရော ဘာတွေဆက်ဖြစ်သွားမလဲ …. စတာတွေကို ဟာသလေးတွေနှောပြီးတော့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
...

Shayda (2023) ⭐IMDB: 6.8/10 (669 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Australia #UnitedKingdom ⏰ 1 နာရီ 58 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လတ်တလော ဆိုရှယ်မီဒီယာမှာ ခပ်စိတ်စိတ် မြင်ရတွေ့နေရသလိုမျိုး Domestic violence အကြောင်း ရိုက်ကူးထားတဲ့ Shaydaဆိုတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအနေအထားကိုပြောရရင်တော့ ရိုးရိုးရှင်းရှင်းနဲ့ မှန်းရလွယ်တဲ့ ပလော့တွစ်တွေဘာတွေမပါတဲ့ ဒရာမာတစ်ပုဒ်ပေမဲ့ domestic violence ဆိုတာဘာလဲ။ ကိုယ်သာဒီလိုအဖြစ်နဲ့ကြုံလာခဲ့ရင် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို ၆ နှစ်အရွယ်သမီးလေးရဲ့မိခင် ရှေဒါဆိုတဲ့ဇာတ်ကောင်ရဲ့ POVနဲ့ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ အီရန်နိုင်ငံသူ ရှေဒါတစ်ယောက် ခင်ပွန်းဖြစ်သူဟိုစိန်ရဲ့ အကြမ်းဖက်ရိုက်နှက် အလိုမတူမုဒိမ်းကျင့်မှုတွေ ခဏခဏခံရပြီးတဲ့နောက်မှာတော့ သတ္တိမွေးပြီး အီရန်ကနေ ဆွေမရှိမျိုးမရှိ ဩစတေးလျကို ထွက်ပြေးပြီး အမျိုးသမီးဂေဟာတစ်ခုမှာ သွားနေပါတယ်။ အရင်ကလည်း ကွာရှင်းခွင့်တောင်းဖို့ ကြိုးစားဖူးပေမဲ့ သမီးလေးမိုနာကို အတင်းခေါ်သွားပြီး အကြပ်ကိုင်တဲ့အတွက် ဒီတစ်ခါတော့ သမီးနဲ့အဝေးကိုထွက်ပြေးပြီးမှ ကွာရှင်းဖို့ တရားစွဲတာပါ။ အီရန်ဆိုတာက အမျိုးသားတွေကို အခွင့်ထူးပေးတဲ့နိုင်ငံဖြစ်နေတာကြောင့် ရှေဒါဘက်က သက်သေနဲ့တင်ပြနေတာတောင်မှ တရားရင်ဆိုင်နေစဉ်ကာလအတွင်းမှာ မိုနာလေးကို ဟိုစိန်နဲ့တွေ့ခွင့်ပေးရဖို့ ဖြစ်လာပါတော့တယ်။ မိန်းမဆိုတာ ‌ယောက်ျားကိုခစားရမှာပဲ ပြုစုပေးရမှာပဲဆိုတဲ့ အတ္တသမားခင်ပွန်းသည်ဟိုစိန်၊ သမီးလေးကိုသနားရင် ကြိတ်မှိတ်သည်းခံလိုက်ပါလား သူကအဖေကောင်းပဲလေဆိုတဲ့ ရှေဒါရဲ့အမေ၊ မိမိကအကြမ်းဖက်ခံရတာပါဆိုပြီး သက်သေတင်တာတောင်မှ ဟိုလိုဒီလို ခနဲ့တဲ့တဲ့အပြောတွေနဲ့တရားရုံးနဲ့ရှေ့နေတွေ၊ ဒီမိန်းမဘာအပြစ်လုပ်လို့ ရိုက်ခံရလဲမှမသိတာဆိုတဲ့ ဖိုဝါဒီအရိုးစွဲနေတဲ့ပတ်ဝန်းကျင်ရယ်၊ ဒီလိုပြဿနာပေါင်းစုံကြားကနေ ရှေဒါတစ်ယောက် သူ့ကိုယ်သူရော သမီးလေးမိုနာကိုပါ ကာကွယ်ဖို့ ဘယ်လိုကြိုးစားသွားမလဲဆိုတာ ရှုစားရမှာပါ။ အပေါ်ယံကြည့်ရင်တော့ Just a emotional dramaတစ်ပုဒ်ဆိုပေမဲ့ ဒီမှာအဓိကပြချင်တဲ့အရာကတော့ domestic abuseဆိုတာ ခေါင်းငုံ့ခံနေရမယ့်အရာမဟုတ်ဘူးဆိုတာ၊ သည်းခံနေရင် သူပြောင်းလဲလာမှာပါလို့ တွေးလို့မရတဲ့အရာဆိုတာ၊ လက်ပါတတ်တဲ့ယောက်ျားတစ်ယောက်ရဲ့မာယာမှာမျောပြီး ငါပြောင်းလဲနေပါပြီဆိုတာကို မယုံမိဖို့ ပြသထားတာဖြစ်ပြီး ငြိမ်ခံလေ တစ်ဆင့်တက်လေဖြစ်မယ့်အရာဖြစ်တာကြောင့် ရှေဒါလိုသတ္တိမွေးပြီး အလွတ်ရုန်းနိုင်တဲ့သူ‌တွေဖြစ်လာပါစေလို့ မျှော်လင့်ရင်းနဲ့ပဲ ဒီကားလေးကို ဘာသာပြန်ဆိုလိုက်ရပါတယ်။ ဒဏ်ရာတွေနဲ့မိန်းမသားတစ်ယောက်ဖြစ်ခဲ့ဖူးရင်တောင် သူတို့လည်း ပျော်ရွှင်မှုနဲ့ထိုက်တန်တယ်မဟုတ်ပါလား။
...

Paloma, Nakakalalaki Ka (1998) ⭐TMDB: 20.0% User Score 🎬 #Adult #Drama #Romance 🗓 1998 🎞 movie 🌎 #Philippines ⏰ 1 နာရီ 51 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Paloma (1998) “တိမ်ထူထူကြားက ဥယျဉ်မှူး”IMDb – 6.5/10 ပါလိုမာဆိုတာ အိမ်ကြီးထဲကနေ ဘယ်ကိုမှထွက်ခွင့်မရှိဘဲ အစ်မကြီးဖြစ်သူနဲ့အတူနေရသူလေး။ချစ်တဲ့သူနဲ့ အကြိမ်ကြိမ်ထွက်ပြေးခဲ့ပေမဲ့ အစ်မဖြစ်သူက မရရအောင်ခွဲပြီး ပြန်ခေါ်လာခဲ့တာ။အစ်မဆိုပေမဲ့ အစ်မအရင်းမဟုတ်ဘဲ မိဘတွေဆုံးပါးသွားကတည်းက အပျိုကြီးမမရဲ့မွေးပြီးစားခြင်းခံနေရတဲ့သူ။ တစ်ရက် အပျိုကြီးမမက ခြံထဲမှာ အလုပ်လုပ်ဖို့ ဥယျာဉ်မှူးတစ်ယောက်ခန့်လိုက်ပါတယ်။ဥယျာဉ်မှူးဖြစ်ဖို့အရည်အချင်းတွေက အသက်ငယ်ရမယ်၊ ကျန်းမာရေးကောင်းရမယ်၊သူတို့အိမ်မှာပဲနေရမယ်တဲ့။ အဲဒီလို ငယ်ရွယ်ပြီး ကျန်းမာသန်စွမ်းတဲ့ ဥယျာဉ်မှူးကလေး သူတို့အိမ်ကိုရောက်လာတဲ့အခါမှာတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ဖြစ်ပါတယ်)
...

Case of Kondana (2024) ⭐IMDB: 9.0/10 (109 Votes) 🎬 #Bollywood #Crime #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 22 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Case of Kondana (2024)ကွင်းဆက်လူသတ်မှု IMDb 9.3/10 ပရိသတ်ကြီးအကြိုက်တွေ့စေမဲ့ Thriller/Crimeရုပ်ရှင်ကားလေးတင်ဆက်ပေးထားပါတယ်သက်သေမချန်ခဲ့တဲ့ကွင်းဆက်လူသတ်မှုတွေနဲ့အမှုဖြေရှင်းပုံတွေကိုလည်း အားပါးတရကြည့်ရှုရမှာပဲဖြစ်ပါတယ် အမှားလုပ်မိတာနဲ့ နှစ်ရှည်လများအလုပ်လုပ်ပေးခဲ့သူဆိုလည်းမထောက်အပြတ်ရှင်းတတ်တဲ့ လူမိုက်ခေါင်းဆောင်မာဟင်ဒါ.. သူတို့ဂိုဏ်းကတော့ လူမိုက်တွေကြားထဲနာမည်ကြီးရုံတင်မကရဲတွေကပါပြန်ကြောက်ရတဲ့ဂိုဏ်းတစ်ခုပေါ့ဆာဂျူးဆိုတာကတော့ သားဖြစ်သူရဲ့ကျန်းမာရေးအခြေအနေကြောင့်ငွေလိုနေတဲ့လူတစ်ယောက်ပါကုန်ကျစရိတ်မတတ်နိုင်လို့ ပိုက်ဆံဘယ်နားကရမလဲရှာကြံနေရသူတစ်ယောက်လူသတ်မှုတွေဆက်တိုက်ဖြစ်နေလို့ ရဲတွေဘာလုပ်နေကြလဲလို့ ပြည်သူတွေမေးခွန်းထုတ်နေကြတဲ့အချိန်လူသတ်မှုက အမှုခင်းတစ်ခုနဲ့တစ်ခုမှာ သုံးသွားတဲ့လက်နက် သတ်ပုံသတ်နည်း‌တွေဆင်တူနေလို့ကွင်းဆက်လူသတ်မှုလို့သတ်မှတ်ပြီး ဒီအတွက်တာဝန်ရှိသူကတော့ လက်ရှ်မီးပေါ့ အထက်လူကြီးတွေကပါတခြားအမှုတွေကိုရပ်ခိုင်းပြီး ဒီကွင်းဆက်လူသတ်မှုကိုပဲစုံစမ်းခိုင်းတဲ့ထိ ဖိအားတွေများနေသူ.. သူတို့အဖွဲ့ထဲကို လူသစ်တစ်ယောက်ရောက်လာခဲ့တယ်ဝီလ်ဆန်တဲ့ လူသစ်မို့မာဟင်ဒါတို့ဂိုဏ်းအကြောင်းဘာမှမသိတာမို့ ရန်ဖြစ်ရင်းပါးချလိုက်မိရာကသူတို့၄‌ယောက်ကံတွေ ဘယ်လိုဆက်သွယ်သွားကြမလဲကွင်းဆက်လူသတ်မှုကိုရော ဖော်နိုင်ကြမလားဆိုတာကိုတော့ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်
...

Cheaters (2024) ⭐TMDB: 0.0% User Score 🎬 #Adult #Asian #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 52 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျူနိုနဲ့ ဧပရယ်တို့ဟာ အိမ်မက်တွေအကြီးကြီးနဲ့လူငယ်တွေဖြစ်ပြီး နှစ်ဦးစလုံးမှာ သူဌေးသား၊သူဌေးသမီး ချစ်သူတွေ ကိုယ်စီရှိကြပါတယ်။ အတွေးအခေါ် အယူအဆ အဆင့်အတန်းကွာခြားမှုတွေကြောင့် ချစ်သူတွေနဲ့ပြဿနာတွေ တက်လေ့ရှိကြပြီး အဆင်မပြေဖြစ် စိတ်ညစ်နေချိန်မှာ သူတို့နှစ်ယောက်တွေ့ဆုံခဲ့ကြပါတယ်။ ဘ၀တူတွေဖြစ်သလို အချင်းချင်းလည်းနားလည်မှုရှိကြတဲ့သူတို့နှစ်ယောက်ဟာ ဖောက်ပြန်ဇာတ်လမ်းစခဲ့ကြပြီး ဘယ်အချိန်မှာရပ်လိုက်ရမလဲ မသိနိုင်တော့တဲ့အခါမှာတော့..။ Angeline Aril နဲ့ Kara Fernandez ဆိုတဲ့မင်းသမီးအသစ်စက်စက်လေးနှစ်ဦးကိုပထမဆုံးမိတ်ဆက်ပေးထားတဲ့ဇာတ်ကားပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Megamind Rules! (2024) ⭐TMDB: 61.0% User Score 🎬 #Animation 🗓 2024 🎞 Series 🌎 #UnitedStatesofAmerica ⏰ 23 မိနစ် 42 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Megamind Rules! (2024)  2024 March မှာ release လုပ်ထားတဲ့ မီဂါမိုင်း အသစ်စက်စက် ဇာတ်လမ်းတွဲလေးလာပါပြီ မက်ထရိုစီးတီးရဲ့ ဟီးရိုးစတိုင်အသစ်နဲ့ မီဂါမိုင်း ပဲဖြစ်ပါတယ်ခေတ်နောက်ကျနေတဲ့ မီဂါမိုင်း တစ်ယောက် သူ့ကိုဘယ်သူကမှ အသိအမှတ်မပြုတော့ဘဲနဲ့ လူကြိုက်နည်းသွားပြီး ဘယ်သူမှဂရုမစိုက်တော့တဲ့ အချိန်ပေါ့ သူ့ကိုပြန်ပြီး အသိအမှတ်ပြုကြဖို့အတွက် ဟီးရိုးကွက်တွေ ထုတ်သုံးပေမယ့် အရာမရောက်ဘဲနဲ့ ဇာတ်ကောင်အသစ်ဖြစ်တဲ့ ကေကို ဆိုတဲ့ ကောင်မလေးနဲ့မှ ဒီဘက်ခေတ်ကို နားလည်ပြီး Social Media တွေ၊ Web Channel တွေ၊ Live Stream တွေကို အမှီလိုက်သုံးပြီး ၂၁ ရာစုရဲ့ မီဂါမိုင်း အသစ်အနေနဲ့ ဖန်တီးထားတာပါEpisode 8 ခုပါဝင်ပါတယ် All Round Rating အရကတော့ အတော်လေးနည်းပေမယ့် E4 နဲ့ E5 ကိုတော့ 6.9/10 ပေးထားပြီး Fun တွေအနေနဲ့လည်း All Round Rating ကို 6/10 ပေးထားကြပါတယ် ဆိုတော့ ကြည့်လို့အဆင်ပြေတဲ့ Animation Series လေးတစ်ခုပါပဲဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်
...

Rahel Makan Kora (2023) ⭐TMDB: 0.0% User Score 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 12 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rahel Makan Kora (2024) “ချစ်ခြင်းတရားမှာ သက်သေတည်”IMDb – 8.1/10 ရင်ကိုနွေးစေမဲ့ မလေယာလမ်းစကားပြော မိသားစုဒရာမာအိန္ဒိယရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးပါရစေ။ ဂါတမီဆိုတာ ဇွဲကောင်းမှု စိတ်အားထက်သန်မှုနဲ့အတူစိတ်ဓာတ်မာကျောတဲ့ အမျိုးသမီးလေးတစ်ယောက်။ မိသားစုကြီးရဲ့တာဝန်ကို အပြည့်အ၀ယူထားပြီး အခက်အခဲတွေအများကြီးနဲ့ရင်ဆိုင်နေရပေမဲ့ မှန်တာကို ရဲရဲဝင့်၀င့်ထောက်ပြရဲတဲ့ အာဂသတ္တိခဲမလေး။ အသားယူတတ်တဲ့ အလုပ်ရှင်တွေကို ငြိမ်ခံမနေဘဲတုံ့ပြန်တာကြောင့် အလုပ်အမျိုးမျိုးပြောင်းလုပ်နေရတဲ့သူ။ ကိုရာကတော့ မိခင်နဲ့အတူ သားမိနှစ်ယောက်အေးချမ်းတဲ့ဘ၀လေးကို ဖြတ်သန်းနေတဲ့ လူတစ်ယောက်။ မိခင်ဖြစ်သူကတော့ ရပ်ကွက်ရဲ့ အော်ကြောလန်အမှန်တရားဘက်တော်သားကြီးပေါ့။ မိခင်ဖြစ်သူက ဂါတမီလေးကိုတွေ့တော့ သဘောအကျကြီးကျပြီးစိတ်ထဲမှာ သားတော်မောင်နဲ့ကြိတ်ပြီးသဘောတူနေလေရဲ့။ဒါပေမဲ့ ဂါတမီနဲ့ ကိုရာတို့မှာကလည်းအရင်ဆုံဖူးသား ဇာတ်လမ်းလေးရှိနေတဲ့အခါမှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Gone Mom (2021) ⭐IMDB: 6.2/10 (706 Votes) 🎬 #Crime #Drama #TVMovie #Thriller 🗓 2021 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် may လ 2019 ခုနှစ်မှာ ပျောက်ဆုံးသွားတဲ့ ကလေး ၅ ယောက်ရဲ့မိခင် Jennifer Dulos ရဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းကိုပြန်လည်ရိုက်ကူးထားတဲ့ thriller/mystery ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့… Jennifer Dulos တစ်ယောက် ရှုပ်ထွေးလှတဲ့ New York မြို့ပြကြီးကနေ တိတ်ဆိတ်တဲ့နယ်မြို့လေးတစ်ခုကို ခေါင်းအေးအေးထားပြီး စာရေးဖို့ထွက်လာပါတယ်။ လူတွေရဲ့ဘဝကိုလုံးဝပြောင်းလဲသွားစေမယ့် အခိုက်အတန့်တစ်ခုဆိုတာရှိတယ်။ အဲဒါကိုလူတွေကသတိမထားခဲ့မိကြတာပါ။ Jennifer ရဲ့ ဘဝအလှည့်အပြောင်းက အဲဒီမြို့လေးမှာပဲ စတင်ခဲ့တယ်ဆိုရမှာပေါ့။
...

Cold in July (2014) ⭐IMDB: 6.7/10 (38 k Votes) 🎬 #Crime #Thriller #Drama 🗓 2014 🎞 movie 🌎 #UnitedStates #France #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မိသားစုကိုချစ်မြတ်နိုးတဲ့ Richard Dane က ညနက်သန်းခေါင် သူ့အိမ်ထဲကို ကျူးကျော်ပြီးဝင်လာတဲ့ Freddy Russell ဆိုတဲ့သူကို မတော်တဆသတ်မိသွားတဲ့အခါ၊ ထင်မှတ်မထားတဲ့အဖြစ်ကြောင့် Freddy အဖေ ထောင်ထွက် လူမိုက်ကြီးက Richard Dane တို့မိသားစုကို လက်စားချေဖို့ ကြံစည်လာတဲ့အခါ… Richard တယောက် ကြံရာမရဖြစ်ပြီး ရဲတပ်ဖွဲ့ကို အကူအညီတောင်းပါတော့တယ်။ ဒါပေမဲ့ Freddy အဖေကို ရဲတွေက လူမသိသူမသိလုပ်ကြံဖို့ ကြိုးစားတဲ့အခါ ဒီနောက်ကွယ် မှာတော့ FBI ရဲ့ ဘယ်လိုပူးပေါင်းကြံစည်မှုတွေ၊ လှည့်ကွက်တွေရှိနေတာလဲ။ Richard Dane တယောက် ဘယ်လိုလှည့်စားခံခဲ့ရတာလဲ။ Richard က Freddy အဖေကိုကယ်ထုတ်ပြီး သူတို့နှစ်ယောက်ပူးပေါင်းလိုက်ကြတဲ့အခါ Freddy အစစ်ကို ရှာပုံတော်ဖွင့်ကြမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းက အစပိုင်းမှာ ရိုးရိုးရှင်းရှင်းစတင်ထားတယ်ဆိုပေမဲ့ နောက်ပိုင်းမှာတော့ အထူးစုံထောက်ကြီး Johnson ကပါ ပူးပေါင်းပါဝင်လာတဲ့အခါ ရာဇဝတ်မှုအရှုပ်တော်ပုံကြီးကို တဆင့်ပြီးတဆင့် ဖော်ထုတ် သွားကြမှာဖြစ်ပါတယ်။ အချိန်ပေးပြီး ကြည့်ရကျိုးနပ်စေမယ့် မှုခင်းစုံထောက်ဇာတ်ကားကောင်းဖြစ်လို့ အသည်းတအေးအေး ကြည့်ရှုကြရမှာဖြစ်ပါတယ်။
...

Black Death (2010) ⭐TMDB: 60.0% User Score 🎬 #Action #Drama #History #Horror 🗓 2010 🎞 tv movie 🌎 #UnitedKingdom #Germany ⏰ 1 နာရီ 42 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၁၃ရာစုနှစ်ခေတ်ဟောင်းက ဘာသာရေး၊အောက်လမ်းအယူ အစွဲတွေကြားမှာ ဇာတ်အိမ်တည်ထားပြီး အတော်ကြည့်လို့ ကောင်းတဲ့ ဇာတ်ကားတစ်ပုဒ်ပဲဗျ…။ အဓိကသရုပ်ထားတဲ့သူတွေကလည်း GOTထဲက ဘိုရိုမီယာမင်းသားSean Bean၊ Fantastic Beast မင်းသားEddie Redmayneနဲ့ GOTထဲကမှော်ဆရာမ မယ်လီဆန်ဒရီအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီး Carice van Houtenစတဲ့ ဒိတ်ဒိတ်ကြဲတွေပါပဲ…။ ဒီဇာတ်လမ်းထဲမှာလည်း သူတို့ရဲ့ သရုပ်ဆောင်ပုံက ပြောစရာမလိုအောင်ကွက်တိကျနေပြီး ဇာတ်လမ်းနဲ့ တစ်သားတည်းဖြစ်လွန်းလှပါတယ်…။ ဇာတ်လမ်းအကြောင်းကိုပြောပြရရင်…။ အချိန်ကာလအားဖြင့် ၁၃၈၄ခုနှစ်၊ အင်္ဂလန်မှာ ပလိပ်ကပ်ရောဂါ ကြီးဖြစ်ပွားပြီး တိုင်းပြည်တစ်ဝက်လောက်ကလူတွေ သေကြေပျက်ဆီးကြရပါတယ်…။ လူတွေယုံကြည်ကြတာက ဒီရောဂါဟာ ဘုရားသခင်က ပြစ်ဒဏ်ခတ်တာ၊ အပြစ်ရှိတဲ့လူတွေကို ဆေးကြောသုတ်သင်ဖို့ ဘုရားသခင် စီရင်ချက်ချလိုက်တာပဲပေါ့…။ သို့ပေမယ့် စိမ့်တောတွေဝန်းရံလျက်ရှိတဲ့ရွာလေးတစ်ရွာမှာတော့ အဲ့ဒီကပ်ရောဂါ လုံးဝမကျရောက်ပါဘူးတဲ့…။ ရောဂါမဖြစ်လို့ လူမသေတဲ့အပြင် အဲ့ဒီရွာမှာက သေပြီးသား လူတွေကို အသက်ပြန်သွင်းတတ်တဲ့ စုန်းမ၊အောက်လမ်း ဆရာရှိနေတယ်လို့လည်း သတင်းတွေ ထွက်လာပါတယ်….။ အဲ့ဒီခေတ်မှာက ဘုရားသခင်ကလွဲပြီး တခြားယုံကြည် သက်ဝင်သူရှိရင်…၊ စုန်းမဆိုပြီး မိစ္ဆာဒိဌိဆိုပြီး မီးရှို့သုတ်သင်ခံရပါတယ်…။ အခုလည်း ဒီလိုသတင်းစကားတွေကြောင့် အဲ့ဒီရွာမှာ တကယ်ပဲ စုန်းမ၊ အောက်လမ်းဆရာ ရှိမရှိသိနိုင်ဖို့ဆိုပြီး ပုပ်ရဟန်းမင်းကြီးက သူရဲကောင်းတပ်ဖွဲ့တစ်ဖွဲ့ကိုစေလွှတ်ဖမ်းဆီးစေပါတယ်…။ ဇာတ်လမ်းလေးကဒီလိုနဲ့ အစပြုခဲ့ပြီး…. Action, Drama, History, Horror, Mystery စတဲ့ရသအစုံ ပါဝင်တာမို့ ကြည့်ရှုခံစားသင့်တဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်
...

The Monk and the Gun (2023) ⭐IMDB: 7.4/10 (949 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #Bhutan #Taiwan #France #UnitedStates #HongKong #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်အကြောင်းကိုမပြောချင် ကျွန်တော်တို့ သိထားရမှာလေးတွေရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအကြောင်းလေးတွေကို သိမှ ဒီရုပ်ရှင်လေးကပေးချင်တဲ့ ရသကိုအပြည့်အဝခံစားနိုင်မှာ ဖြစ်လို့ပါ။ လက်ရှိကျွန်တော်တို့ နေနေကြတဲ့ ကမ္ဘာကြီးဟာ အင်မတန်ပူပြင်းလှတဲ့ သဲကန္တာရကြီးဆိုပါစို့. အဲလိုဆိုရင် ဒီကားထဲမှာပါတဲ့ ဘူတန်နိုင်ငံလေးဟာ အိုအေစစ်လိုမျိုးနိုင်ငံလေးပါပဲ။ ဘူတန်နိုင်ငံဆိုတာ ကုန်းတွင်းပိတ်နိုင်ငံသေးသေးလေးဖြစ်ပြီး တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံကြားမှာတည်ရှိပါတယ်။ နိုင်ငံက အရမ်းသေးပြီး နေထိုင်တဲ့လူဦးရေက တစ်နိုင်ငံလုံးပေါင်းမှ တစ်သန်းလောက်တောင် မပြည့်ပါဘူး။ ဒီရုပ်ရှင်ဇာတ်ကြောင်းကို အခြေတည်ထားတဲ့ ၂၀၀၆ ခုနှစ်ဝန်းကျင်အချိန်လောက်မှာ အဲဒီ့နိုင်ငံလေးကို ဘုရင်စနစ်နဲ့ပဲ အုပ်ချုပ်နေခဲ့တာပါ။ ဆိုတော့ ဘုရင်ကြီးရဲ့ ဩဇာဟာ ပြည်သူတိုင်းအပေါ်မှာ သက်ရောက်ပြီး ပြည်သူတိုင်းကလည်း သူတို့ရဲ့ဘုရင်ကြီးကို ချစ်ခင်မြတ်နိုးကြပါတယ်။ နောက်ပြီး ဘူတန်နိုင်ငံဟာ ဗုဒ္ဓဘာသာအဓိက ကိုးကွယ်တဲ့နိုင်ငံဖြစ်ပြီး သူတို့ရဲ့ ဘုရင်ကြီးဟာလည်း မေတ္တာတရားနဲ့ပေါင်းစပ်ပြီး ပြည်သူတွေကို အုပ်ချုပ်တာကြောင့် သူတို့တိုင်းပြည်လေးဟာ လောဘဒေါသမောဟတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေ အတော်လေးနည်းပါးပါတယ်။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုကိုတိုင်းတာတဲ့ GDP ညွှန်းကိန်းဟာ ဘူတန်နိုင်ငံမှာ အလုပ်မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ GDP ကို ပြည်သူတွေရဲ့ ပျော်ရွှင်မှုနဲ့ တိုင်းတာတာပါတဲ့။ စာတွေအရ 1990 လောက်ကတည်းက သူတို့ဆီမှာ ပလပ်စတစ် မသုံးစွဲရသလို ၊ သစ်ပင်ဝါးပင်တွေကို ခုတ်ယူခြင်းကိုလည်း လုံးဝ တင်းကြပ်စွာ တားဆီးထားပါတယ်။ တောရိုင်းတိရစ္ဆာန်တွေအား ဖမ်းဆီးစားသောက်ခြင်းကိုလည်း လုံးဝတားမြစ်ထားပြီး အသားငါးစားဖို့အတွက် အိန္ဒိယနိုင်ငံဘက်ကနေပဲ တင်သွင်းခွင့် ပြုပါသတဲ့။ နောက် ဖိုဝါဒအားကောင်းဖို့ဆိုတာ ဘူတန်မှာ မဖြစ်နိုင်ပါဘူး။ အိမ်ထောင်မှုတခုရဲ့ အရေးကြီးတဲ့ ကဏ္ဍတွေကို အမျိုးသမီးတွေကပဲ ဦးစီးကြရသလို အမွေခွဲရင်တောင် အမျိုးသမီးများကပဲ ပိုရပါသတဲ့။ ဆိုတော့ အပေါ်က အကြောင်းအရာတွေကို ကျွန်တော်တို့ သိထားမှာသာ ဒီရုပ်ရှင်လေးက ပေးချင်တဲ့ အနှစ်သာရကို ကောင်းကောင်းကြီး ခံစားလို့ရမှာပါ။ ဆိုတော့ ဒီရုပ်ရှင်ကို Oscar ဆု စကာတင်စာရင်းဝင်ခဲ့တဲ့ “Lunana: A Yak in the Classroom” ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဘူတန်လူမျိုး ဒါရိုက်တာ Pawo Choyning Dorji ရဲ့ နောက်ထပ်ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်တဲ့ “The Monk and The Gun” နဲ့ မိတ်ဆက်ပေးပါရစေ. ဒီရုပ်ရှင်လေးကိုတော့ ဘူတန်နိုင်ငံရဲ့ ဘုရင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့ကာလဖြစ်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ဝန်းကျင်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်. ရုပ်ရှင်လေးလို့ သုံးနှုန်းရတဲ့ အကြောင်းအရင်းကတော့ ဒီရုပ်ရှင်ကိုကြည့်ရင်းနဲ့ ဘူတန်နိုင်ငံရဲ့ သဘာဝအလှတွေအပြင် ဘူတန်လူမျိုးတွေရဲ့ ပွင့်လင်းရိုးသားဖြူစင်မှုတွေကို အထင်းသားတွေ့မြင်နိုင်လို့ပဲဖြစ်ပါတယ်. ဒါ့အပြင် အဲဒီ့ ၂၀၀၆ ခုနှစ်တာကာလမှစပြီး ဘူတန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သက်တမ်းအနုဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် ဖော်ဆောင်နေတဲ့ ကာလာဖြစ်ပါတယ်. ဒီရုပ်ရှင်လေးမှာတော့ သူတို့ဘူတန်နိုင်ငံမှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲကြီးအတွက် တစ်ခါမှမဲပေးခဲ့ဖူးခြင်းမရှိတဲ့ တောရွာက ပြည်သူတွေကို အစမ်းရွေးကောက်ပွဲလုပ်ပေးတာမျိုးလေးတွေ၊ အဲဒီ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ရွာသားတွေ၊ ဘုန်းကြီးတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကလူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်မလဲဆိုတာကို ဟာသလေးနှောပြီး စိတ်ဝင်စားဖို့ကောင်းအောင် ဒါရိုက်တာက ချပြထားပါတယ်. အဲဒီအချိန်မှာပဲ နိုင်ငံထဲကဩဇာတိက္ကမရှိတဲ့ ဆရာတော်တပါးက သူ့လက်အောက်က ပဉ္ဇင်းငယ်တပါးကို သေနတ်တလက် ရှာဖွေခိုင်းပါတယ်။ တိုက်ဆိုင်စွာပဲ အမေရိကက ရှားပါးလက်နက်တွေ ရှာဖွေစုဆောင်းသူ အမေရိကန်သား တဦးကလည်း ဘူတန်နိုင်ငံအတွင်းသို့ ဝင်ရောက်လာတာ ဖြစ်တယ်။ ယင်းနောက်မှာတော့ သူတို့တွေ ဘာလုပ်ကြလဲ ၊ ဘာကြောင့် ဒီသေနတ်ကို လိုချင်ကြရသလဲ ဆိုတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ဇာတ်လမ်းနဲ့အတူ စီးမြောပြီး ပြုံးမိရင်း စိတ်ကြည်နူးချမ်းမြေ့စွာနဲ့ ကြည့်ရှု့ကြရမယ့် ရုပ်ရှင် ဖြစ်ပါတယ်။
...