ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Christmas with the Kranks (2004) ⭐TMDB: 61% User Score 🎬 #Comedy #Family 🗓 2004 🎞 Movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအစမှာတော့ လူသာနဲ့ နိုရာတို့ရဲ့ တစ်ဦးတည်းသောသမီးလေးက တောင်အမေရိကမှာရှိတဲ့ ပီရူးနိုင်ငံကို ခရီးထွက်သွားပါတယ်။ နောက်နှစ်ခရစ်စမတ်မှ ပြန်လာတော့မှာ ဖြစ်ကြောင်းလည်း မိဘနှစ်ပါးကို ပြောခဲ့ပါသေးတယ် အထီးကျန်ပြီးကျန်ခဲ့တဲ့ ခရန့်ခ်တို့လင်မယားက ဒီနှစ် ခရစ်စမတ်မှာ သမီးလေးမရှိတဲ့အတွက် ပါဝင်ဆင်နွှဲခြင်းမပြုတော့ဘူးလို့ ရပ်ကွက်ထဲမှာရော အသိမိတ်ဆွေတွေကိုရော လိုက်လံပြောကြားပါတော့တယ်။ ဒါပေမဲ့ ခရစ်စမတ်နေ့ ရောက်မှ သူတို့ရဲ့ သမီးလေးက အိမ်ပြန်လာတဲ့ လမ်းမှာ ရောက်နေပြီဖြစ်ကြောင်း အကြောင်းကြားပြီး မိဘနှစ်ပါးကို အံ့အားသင့်အောင် လုပ်လိုက်တဲ့အခါ သူတို့လင်မယားနှစ်ယောက် ခရစ်စမတ်ပွဲကို အမြန် ဘယ်လိုစီစဉ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ မိသားစုဟာသကားဖြစ်တဲ့အလျောက် ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။...
What You Wish For (2023) ⭐IMDB: 6.7/10 (1 k Votes) 🎬 #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #Colombia #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လောင်းကစားပြဿနာတွေကြောင့် လက်တင်အမေရိကကို ထွက်ပြေးလာခဲ့တဲ့ စားဖိုမှူးရိုင်ယန်ဟာ သူ့ရဲ့ မိတ်ဆွေဟောင်းတဦးဖြစ်တဲ့ ဂျက်နဲ့ဆုံတွေတဲ့အခါမှာတော့….. ဂျက်ကလည်း သူဌေးကြီးမိသားစုတစုအတွက် သီးသန့်စားဖိုမှူးအဖြစ် လုပ်ကိုင်နေတာဖြစ်ပြီး တရက်မှာတော့ ဂျက်ဟာ သူ့ကိုယ်သူ ရုတ်တရက် သေကြောင်းကြံစည်သွားခဲ့ပါတယ်။ ဒီနောက်မှာတော့ ရိုင်ယန်က ဂျက်ရဲ့နာမည်ကိုယူ၊ ဂျက်ရဲ့နေရာမှာ လူစားဝင်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ဖောက်သည်တွေနဲ့ ဆုံတွေ့ရတဲ့အခါမှာတော့….. သူ့ရဲ့မိတ်ဆွေဂျက်က ဘာကြောင့်ကြိုးဆွဲချသတ်သေ သွားခဲ့ရတာလဲ၊ သူလုပ်ကိုင်နေတာက တကယ့်စားဖိုမှူး အလုပ်မှဟုတ်ပါ့မလား၊ သူနဲ့လက်တွဲအလုပ်လုပ်နေတဲ့ သူဌေးကြီးတွေရဲ့လျှို့ဝှက်ချက်က ဘာတွေဖြစ်မလဲ နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေရှိနေမလဲ ဆိုတာကို အသဲတအေးအေးနဲ့ ရင်ဖိုစွာကြည့်ရှုရမယ့် သဲထိတ်ရင်ဖို ဇာတ်ကားကောင်းတခုဖြစ်ပါတယ်...
Flight of the Phoenix (2004) ⭐TMDB: 60% User Score 🎬 #Action #Adventure #Drama #Romance #Thriller 🗓 2004 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်း အညွှန်း ရေနံမှော်အလုပ်သမား ခရီးသည်အချို့ပါလာတဲ့ ကုန်တင် လေယာဉ်တစ်စင်းက နမ်မစ် ဆိုတဲ့ မွန်ဂိုလီးယား သဲကန္တာရကို ဖြတ်အသွားမှာ မုန်တိုင်းနဲ့တိုးပြီး ပျက်ကျခဲ့ရာကနေ ဇာတ်လမ်းကို စတင်ထားပြီး သဲကန္တာရထဲကနေ သူတို့ ထွက်နိုင်အောင်လုပ်နိုင်ကြပါ့မလားဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမယ့် စွန့်စားခန်း၊ သည်းထိတ်ရင်ဖိုနဲ့ အက်ရှင်တွေ နှောထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ သဲကန္တာရမှာ အသက်ဆက်ဖို့ သူတို့ ဘာလုပ်ကြမလဲ၊ ဘယ်လိုပြဿနာတွေသူတို့ဆီ ရောက်လာကြမလဲ၊ အချင်းချင်းကြား ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ ဘယ်လို ဖြေရှင်းကြသလဲ၊ ဘယ်လိုအားမွေးကြသလဲ ဆိုတာကို စိတ်ပါဝင်စားစွာနဲ့ ကြည့်ရှုရမှာပါ။ ၂၀၀၄ ကထွက်ထားပေမယ့် Old But Gold ဖြစ်တဲ့ ဇာတ်ကားလေးတစ်ကားပါ။ 20th Century Fox ကတင်ဆက်ထားတာဖြစ်ပြီး IMDb rating 6.1 ရထားတော့ မဆိုးဘူးလို့ပြောလို့ရပါတယ်။ Effect တွေက တကယ့်လက်တွေ့ဆန်ပြီး ကိုယ်ပါ ဇာတ်လမ်းထဲကို ပါဝင်စီးမျှောမိနေမယ့် ကားတစ်ကားမို့ တန်းသာ pick လိုက်ပါတော့ ကိုယ့်လူ။...
A Most Atrocious Thing (2024) ⭐IMDB: 4.0/10 (141 Votes) 🎬 #Comedy #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 13 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ indie ရုပ်ရှင်ကားကို ရုပ်ရှင်ထဲမှာ ပါတဲ့ cast တွေကပဲ ဇာတ်ညွှန်းရေး Direct လုပ်ထားတာပါ။ ဒေါ်လာ ၅၀၀၀ ပဲ သုံးထားတဲ့ ဘက်ဂျက်ကားပေမယ့် ပြီးစလွယ် အဖြစ်ရိုက်ထားတာမဟုတ်ဘဲ သပ်သပ်ရပ်ရပ် ရှိပါတယ်။ Plotကလည်း Colorado တောထဲက အပန်းဖြေအိမ်ကို ဘွဲ့ခရီး သွားကြတဲ့ လူငယ်တစ်စု အကြောင်း ရိုက်ထားတာပါ။ သမင် လိုက်ထွက်ကြရင်းနဲ့ ရလာတဲ့ သမင်သားကို ချက်စားကြရင်း ဘာဆက်ဖြစ်ကြမလဲဆိုတာ ရင် တမမနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ horror ဆိုပေမယ့်လည်း ပေါ့ပေါ့ပါးပါးနဲ့ ဟာသတွေနှောထားတာမို့လို့ ကြည့်ပျော်စေမယ့် ရုပ်ရှင်ကားဖြစ်ပါတယ်။...
Zoolander (2001) ⭐TMDB: 62% User Score 🎬 #Comedy 🗓 2001 🎞 movie 🌎 #Germany #UnitedStates #Australia #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB 6.5/10 ရရှိထားတဲ့ Comedy ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် မင်းသမီး Christine Taylor နဲ့ မင်းသားကြီး Will Ferrell တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ထူးခြားတဲ့အကြည့်တွေနဲ့ ဆွဲဆောင်နိုင်စွမ်းရှိသူ ဒဲရစ်ဇူးလန်ဒါက ဖက်ရှင်လောကရဲ့ အောင်မြင်တဲ့ အမျိုးသားမော်ဒယ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ သူ့ရဲ့ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကို အစွန်းအထင်းဖြစ်စေမယ့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပြီး သူက မော်ဒယ်လောကကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အနားယူဖို့ ဆုံးဖြတ်ပြီး မကြာခင်မှာပဲ ဖက်ရှင်လောကရဲ့ အကျော်အမော်ဒီဇိုင်နာကြီး မူဂါတူက အလုပ်အတူလုပ်ဖို့ ကမ်းလှမ်းခဲ့တာကြောင့် ရိုးရိုးသားသား လက်ခံခဲ့ပေမဲ့ တကယ်တမ်း မူဂါတူရဲ့အကြံက သူ့ကို ဦးနှောက်ဆေးပြီး မလေးရှားဝန်ကြီးချုပ်ကို သတ်ဖို့အတွက် ခိုင်းစေဖို့ ဖြစ်နေတဲ့အခါ.. သူက မူဂါတူရဲ့အကြံအတိုင်း မလေးရှားဝန်ကြီးချုပ်ကို သတ်လိုက်မှာလား.. မသတ်ဘဲ ဦးနှောက်ဆေးတာကို ရှောင်လွဲနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်လိုက်ကြပါဦးနော်။...
Ghostbusters II (1989) ⭐TMDB: 66% User Score 🎬 #Comedy #Fantasy #Uncategorized #Action #SciFi 🗓 1989 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1984 မှာထွက်ရှိခဲ့တဲ့ Ghostbusters ရဲ့ အဆက်ဖြစ်တဲ့ ဒုတိယမြောက်ရုပ်ရှင်ပါ။ ဒီရုပ်ရှင်မှာတော့ နယူးယော့မြို့တော်ကြီးကို မာ့ရှ်မယ်လို လူသားကြီးရဲ့ ရန်ကနေ ကာကွယ်ပေးခဲ့ပေမဲ့ အဆောက်အဦးပျက်စီးမှုတွေအတွက် သရဲဖမ်းသမားအဖွဲ့ကိုဖျက်သိမ်းပြီး သရဲဖမ်းတဲ့အလုပ်တွေလုပ်ခွင့်ရပ်ဆိုင်းထားပါတယ်။ ဒီကိစ္စတွေဖြစ်ပြီး ငါးနှစ်အကြာမှာ မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ အကူအညီတောင်းမှုကြောင့် သရဲဖမ်းသမားဟောင်းတွေ သဘာဝလွန်ဖြစ်ရပ်တစ်ခုကိုစုံစမ်းကြရင်း နယူးယော့ခ်မြို့အောက်မှု စီးဆင်းနေတဲ့ အကျိအချွဲမြစ်ကြီးကို တွေ့ခဲ့ကြပါတယ်။ ဒီအကျိအချွဲတွေက လူတွေရဲ့ မကောင်းတဲ့စိတ်ကိုတုံ့ပြန်နိုင်ပြီး လူမျိုးစုံရှိနေတဲ့ နယူးယော့ခ်မြို့လည်မှာစီးဆင်းနေတာပါ။ ဒီအကျိအချွဲတွေစီးဆင်းနေကြတာကလည်း မန်ဟက်တန် အနုပညာပြတိုက်မှာရှိနေတဲ့ 17 ရာစုနှစ်က မင်းဆိုးတစ်ပါးဖြစ်တဲ့ ဗီဂိုရဲ့ပုံတူပန်းချီကားဆီဖြစ်ပြီး မြို့ထဲမှာလည်း သဘာဝလွန်ဖြစ်ရပ်ဆန်းတွေမျိုးစုံ ကမောက်ကမဖြစ်လာတာကို သရဲဖမ်းသမားတွေ ဘယ်လိုတားဆီးကြမလဲ၊ ဗီဂိုပုံတူပန်းချီကားမှာရော ဘယ်လိုသဘာဝလွန်အစွမ်းတွေရှိနေမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။...
Ghostbusters (1984) ⭐TMDB: 75% User Score 🎬 #Comedy #Fantasy #Action #SciFi 🗓 1984 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ငယ်ဘဝအမှတ်တရ မူရင်း သရဲဖမ်းသမားများရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ သူ့ခေတ်သူ့အခါက ဝက်ဝက်ကွဲအောင်မြင်လူကြိုက်များခဲ့တဲ့အပြင် Oscar nominations လည်း 2 ခုဝင်ခဲ့ပြီး တခြားဆုတွေလည်းရရှိခဲ့ပါသေးတယ်။ အခုနှစ်ထဲမှာလည်း Ghostbusters: Frozen Empire ဆိုတဲ့ sequel တစ်ကားထပ်ထွက်ထားပါသေးတယ်။ ဒီပထမဆုံးရုပ်ရှင်မှာတော့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကို ခေတ်သစ်သိပ္ပံပညာနဲ့ ပေါင်းစပ်ပြီး ရူးသွပ်စွာလေ့လာကြတဲ့ သိပ္ပံပညာရှင် သူငယ်ချင်းသုံးယောက်၊ သူတို့အလုပ်လုပ်တဲ့ တက္ကသိုလ်ကနေ အလုပ်ဖြုတ်ခံလိုက်ရတဲ့အခါမှာ မီးသတ်ရုံအဟောင်းတစ်ရုံနဲ့ ကားအစုတ်တစ်စီးကိုဝယ်လိုက်ပြီး သရဲဖမ်းသမားများအဖွဲ့ကို တည်ထောင်လိုက်ကြပါတယ်။ အဲဒီနောက်မှာတော့ သူတို့ဖန်တီးထားတဲ့ သရဲဖမ်းကိရိယာတွေကိုသုံးပြီး မြို့ထဲမှာ သောင်းကျန်းနေတဲ့ သရဲတွေကို လိုက်လံဖမ်းဆီးပေးရင်း ဂိုဇာ လို့ခေါ်တဲ့ ရှေးခေတ်ဟစ်တီ ဖျက်ဆီးခြင်းနတ်ဘုရား ပြန်လည် နိုးထလာမဲ့အရေးကို တားဆီးပေးဖို့ဖြစ်လာပါတော့တယ်။ ငယ်ငယ်က ကြောက်ကြောက်လန့်လန့်နဲ့ ကြည့်ခဲ့ရတဲ့ ဟာသ-ဟော်ရာအမျိုးအစား ရုပ်ရှင်ဖြစ်တာမလို့ ပြန်ကြည့်ပြီး စိတ်အပန်းဖြေလို့ကောင်းမဲ့ ရုပ်ရှင်တစ်ကားပါဗျ။...
Shall We Dance? (2004) ⭐TMDB: 64% User Score 🎬 #Comedy #Drama #Romance 🗓 2004 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၀၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ အချစ်ဟာသဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်….ဇကာတင်ဆု ၇ ဆုရရှိထားပါတယ်…မင်းသားမင်းသမီးတွေကတော့ ရွှေရောင်ကမ္ဘာလုံးဆုရရှိထားတဲ့ မင်းသားကြီး Richard Gere နဲ့ မင်းသမီးတွေကတော့ Susan Sarandom နဲ့ Jennifer Lopez တို့ပါဝင်ထားပါတယ် ဇာတ်လမ်းအကြောင်းလေးပြောရရင်တော့ အမွေကိစ္စစီမံခန့်ခွဲပေးတဲ့ ရှေ့နေဖြစ်သူ ဂျွန်ကလက်ခ်ဟာ အိမ်ထောင်ကျခဲ့တာ နှစ် ၂၀ နီးပါကြာခဲ့ပါပြီ… သူဟာမိသားစုကိုချစ်တဲ့သူတစ်ယောက်ဖြစ်ပေမဲ့လည်း သူကိုယ်တိုင်ကလည်းအလုပ်ရှုပ် မိန်းမဖြစ်သူကလည်းအလုပ်ရှူပ်သူတစ်ယောက်ဖြစ်လေတော့ နေ့စဉ်အလုပ်နဲ့အိမ်၊အိမ်နဲ့အလုပ် ဒီလိုပုံမှန်ကိစ္စတွေကြား သူဟာပျင်းရိလာခဲ့ပါတယ်…ဆန္ဒမပြည့်ဝဖြစ်လာခဲ့ပါတယ် ဂျွန်ကလက်ခ် နေ့စဉ်အလုပ်ကအပြန် လမ်းမှာ မြင်တွေ့ရသူကတော့ ပေါ်လီနာဆိုတဲ့ကချေသည်မိန်းကလေးဖြစ်ပါတယ်…သူမဟာနေ့စဉ် မစ်စ်မစ်ဇီရဲ့အကသင်တန်းမှ ပြတင်းပေါက်ကနေတဆင့် အပြင်ကိုငေးကြည့်လေ့ရှိပါတယ်…. ဂျွန်ကလက်ခ်ဟာပေါ်လီနာကိုတွေ့ပါများလာတဲ့အခါ မစ်စ်မစ်ဇီရဲ့အကသင်တန်းကိုတက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်… ဒီလိုနဲ့ဂျွန်ကလက်ခ် အကသင်တန်းတက်တော့ အိမ်ပြန်နောက်ကျလာတယ်….အပြုအမူတွေပြောင်းလာတယ်…ဒါကိုသတိထားမိတဲ့ မိန်းမဖြစ်သူဘယ်ဗာလီက စုံထောက်တစ်ယောက်ကိုငှားပြီး သူ့ယောက်ျားနောက်ကိုလိုက်ခိုင်းပါတော့တယ်….ဒီတော့ ဂျွန်ကလက်ခ်နဲ့ပေါ်လီနာတို့ကြားဘယ်လိုဖြစ်သွားမလဲ….မိန်းမဖြစ်သူဘယ်ဗာလီက ဂျွန်ကလက်ခ်အကသင်တန်းတက်နေမှန်းသိသွားတဲ့အခါဘာဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါခင်ဗျာ...
In Good Company (2004) ⭐TMDB: 60% User Score 🎬 #Comedy #Drama #Romance 🗓 2004 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မိသားစုနဲ့ အတူကြည့်ပြီး အပန်းဖြေလို့ရမယ့် ရုပ်ရှင်ကားလေးပါ။ ဒီရုပ်ရှင်က ၂၀၀၀ခုနှစ် အစောပိုင်းတုန်းက ထွက်ထားတာဖြစ်ပြီး Rom/Com အမျိုးအစားဖြစ်ပါတယ်။ Rotten Tomatoes လည်း 82% ရထားပြီး မင်းသားကြီး Dennis Quaid, Topher Grace နဲ့ မင်းသမီး Scarlett Johansson တို့ ဦးဆောင်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Dan က Sports America ဆိုတဲ့ အားကစားမဂ္ဂဇင်းက ကြော်ငြာစာမျက်နှာတွေရဲ့ အရောင်းပိုင်းကို ဦးစီးနေတဲ့ မန်နေဂျာ တစ်ယောက်ပါ။ သူ့မှာ သမီးလေး၂ယောက်နဲ့အတူ ချစ်ဖို့ကောင်းတဲ့ မိသားစုလေးရှိပါတယ်။ မိန်းမကိုလည်း အရမ်း ချစ်သလို သမီးနှစ်ယောက်ကိုလည်း အစိုးရိမ်ကြီးပြီး နေရာတကာ လိုက်စောင့်ရှောက်ချင်သူပါ။ တစ်နေ့တော့ သူမမျှော် လင့်ထားတာ ဖြစ်လာပါတယ်။ သူတို့ ကုမ္ပဏီကို Globecom ဆိုတဲ့ ကုမ္ပဏီကြီးတစ်ခုက ဝယ်ယူသွားပြီး အလုပ်သမား အမြောက်အများကို လျှော့ပေါ့လိုက်တာပါ။ သူ့ကိုလည်း ရာထူးလျှော့လိုက်ပြီး ဌာနဦးစီးမှူးနေရာကို Globecom က ငယ်ငယ်ရွယ်ရွယ်နဲ့ တက်ကြွတဲ့ Carter ဆိုတဲ့ ကောင်လေးကို ပေးလိုက်ပါတယ်။ Carter က ကြော်ငြာအရောင်းပိုင်းမှာ အတွေ့အကြုံမရှိသေးတဲ့ အပြင် သူ့ရာထူးကိုပါ လုသွားတော့ Dan တစ်ယောက်အခဲမကြေဖြစ်နေရပါတယ်။ ဒီလိုနဲ့ တစ်ရက် Dan တို့အိမ်ကို Carterက ညစာ ဝင်စားရင်းနဲ့ Dan ရဲ့ သမီးအကြီးမလေး Alex နဲ့ ခင်သွားပါတယ်။ ဆက်တွေ့ဖြစ်ကြရင်း ချစ်ကြိုးသွယ်တဲ့ အဆင့်ရောက်သွားတဲ့အခါ သမီးတွေကို ဘယ်သူနဲ့ အရောမဝင်စေချင်တဲ့ Dan တစ်ယောက် သူ့ဘော့စ်ဖြစ်တဲ့ Carter နဲ့ရော သဘောတူပါ့မလား။ ဘာဆက်ဖြစ်မှာလဲဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုပေးပါ။...
What's Eating Gilbert Grape (1993) ⭐TMDB: 77% User Score 🎬 #Drama #Romance 🗓 1993 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 * What’s Eating Gilbert Grape * IMDB – 7.8/10Rotten Toamtoes – 89% Leonardo DiCaprio နဲ့ Jonny Depp တို့ အတူ တွဲရိုက်တဲ့ ရှားရှားပါးပါး ရုပ်ရှင် . . ။ အမေရိကန် မြို့ငယ်လေးတစ်မြို့ရဲ့ လူနေမှုဘဝ တွေကို မြင်ရမယ့် ရုပ်ရှင် . . ။ အတက်အကျ အနိမ့်အမြင့် အချိုးအကွေ့တွေနဲ့ ဝေဝေဆာဆာ ဖန်တီးထားတဲ့ ဇာတ်ညွှန်းတစ်ပုဒ်ကို ခံစားရမယ့် ရုပ်ရှင် . . ။ ဇာတ်လမ်းအကျဉ်းက အသက် 24 နှစ်အရွယ် Gilbert (Jonny Depp) ဆိုတဲ့ ကောင်လေးနဲ့ သူ့မိသားစုအကြောင်း ပါ။ သူ့မှာ စိတ်မမှန်တဲ့ အူကြောင်ကြောင် ညီတစ်ယောက် (Leonardo) ရှိတယ်။ ဒီရုပ်ရှင်ကို ကြည့်မယ်ဆိုရင် သူတို့ရဲ့ နေ့စဉ်ဘဝ အပါအဝင် ဝမ်းနည်းစရာ စိတ်ပျော်စရာ စတဲ့ ခံစားချက် အမျိုးမျိုးကို ထိတွေ့ရမှာပါ။ ဒီရုပ်ရှင်က 1993 ခုနှစ်မှာ ထွက်ခဲ့ပါတယ်။ အဲ့အချိန်တုန်းက Leonardo ရဲ့အသက် 19 နှစ်ပဲ ရှိပါသေးတယ်။ သူ့ရဲ့ သုံးကားမြောက်ရုပ်ရှင်ပါ။ ဒါ့အပြင် Leo ရဲ့ ပထမဆုံး အော်စကာ ဇကာတင် စ ဝင်တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ Supporting Actor အနေနဲ့ ဝင်တာပါ။ အဲ့ဒီကနေ စ လိုက်တာ နောက်ဆုံး The Revenant ကျမှ အော်စကာ ရပါတော့တယ်။ ဒီရုပ်ရှင်မှာ Leo ကို တစ်ခါမှ မမြင်ဖူးတဲ့ သူငယ်နပ်စား စိတ်ရောဂါရှင် အူတိအူကြောင် ကောင်လေးတစ်ယောက်အနေနဲ့ မြင်ရမှာပါ။ Jonny Depp လည်း ဒီကားကို ရိုက်ကူးနေချိန်မှာ အသက် ၃၁ ပဲ ရှိပါသေးတယ်။ ကျွန်တော်ကတော့ ဒီကားမှာ Depp ကို ကြွေတယ်။ အေးတိအေးစက် နဲ့ သရုပ်ကို ဆောင်ထားပြီး မထင်ထားတာတွေ ထ ထ လုပ်တဲ့ Depp . . ။ ရူပါကလည်း အဖြောင့်။ (ဆော်တွေတော့ မသိ။ ကိုယ်တော့ ကြွေတယ်) သူနဲ့ Leo နဲ့ ညီအစ်ကို နှစ်ယောက်ဆိုတဲ့ Character ကို ကြည့်ရတာ Legend ကြီး နှစ်ယောက်ရဲ့ ကနဦးဘဝ နှစ်ခုကို တစ်ပြိုင်တည်း လေ့လာခံစားနေခွင့် ရသလိုကို ဖြစ်နေပါတော့တယ်။ အခြား Character တွေဆိုရင် အဲ့ဒီအချိန်က နာမည်ကြီးမင်းသမီးကြီး Luliette Lewis တို့ Mary Steenburgen တို့လည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။ အခြားနာမည်ရှိပြီးသား Character တစ်ချို့လည်း ပါသေးတယ်ဆိုတော့ ဒီရုပ်ရှင်က character တော်တော်မြိုင်တယ်ပြောရမယ်။ အခြားသော Music တို့ DOP တို့ Production Design တို့ စတဲ့ ကဏ္ဍ အသီးသီးမှာတော့ ဒီဘက်ခေတ်ရုပ်ရှင်တွေလောက် ခေတ်မမှီပေမယ့်လည်း ရိုးရှင်းသပ်ရပ်ပြီး ဒီနေ့ထိ မျက်စိအရသာကို ရှိနေပါတယ်။ ပေါ့ပေါ့ပါးပါးလည်းဖြစ် . . အနှစ်သာရလည်းပြည့်ဝတဲ့ Hollywood ရဲ့ classic drama ကား တစ်ကားကို ကြည့်ချင်တယ်ဆိုရင်တော့ What’s Eating Gilbert Grape ကို ရွေးချယ်ဖို့ အကြံပြုအပ်ပါတယ်။ _________မောက်ခမ်းဝါ (ရုပ်ရှင်အညွှန်းကို မောက်ခမ်းဝါ FB မှကူးယူဖော်ပြပါသည်။)...
Hancock (2008) ⭐TMDB: 63% User Score 🎬 #Action #Crime #Drama #Comedy #Fantasy 🗓 2008 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသားကြီး Will Smith နဲ့ မင်းသမီး Charlize Theron တို့ရဲ့ Hancock ရုပ်ရှင်ဟာ စူပါဟီးရိုးမဆန်တဲ့ Drama ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ လူအများကို ကယ်တင်နေပေမယ့် ဟုတ်ကဲ့ခင်ဗျ ကျေးဇူးပါခင်ဗျ လောကွတ်တွေမလုပ်တတ် မပြောတတ်လို့ လူတွေရဲ့ ချစ်ခင်မှုကို မရရှာတဲ့ စူပါဟီးရိုး.. နှလုံးလှပေမယ့် လူကြမ်းတာကြောင့် လူတွေကလဲမုန်း ….သူကလဲ လူတွေ ဘယ်လိုထင်ထင် နေချင်သလို နေတတ်တဲ့ စူပါဟီးရိုးကြီး Hancock…. သူ့ဘဝအစစ်အမှန်က ဘာလဲ…သူ့အစွမ်းတွေက ဘယ်ကရတာလဲ…သူ့ကိုဒီလိုပုံစံဖြစ်အောင် ဘယ်သူတွေကပြုလုပ်ထားတာလဲ…စသည်ဖြင့် ပဟေဠိများစွာနဲ့ Hancock… ဒီလိုလူကြမ်းလူစွမ်းကြီးဘဝကို ဘယ်သူက ကယ်တင်ပြီးလှပအောင်ပြုလုပ်မလဲဆိုတာ…..။ စူပါဟီးရိုးကားလို့ဆိုနိုင်ပေမယ့် ဒရမ်မာသက်သက် ထိရှရတဲ့ ရုပ်ရှင်မျိုးဖြစ်ပြီး Unrated Version နဲ့တင်ဆက်လိုက်ပါတယ်။ Hancock 2 ဆက်လက်ထွက်ရှိဖို့ မင်းသမီး Charlize Theron က စောင့်မျှော်နေပြီး အချိန်တစ်ခုမှာထွက်ရှိလာနိုင်ကြောင်းပါ။...
The Acolyte (2024) ⭐TMDB: 53% User Score 🎬 #Mystery #SciFi #Fantasy 🗓 2024 🎞 Series 🌎 #UnitedStatesofAmerica ⏰ 41 မိနစ် 8 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Acolyte (2024) ဒစ္စနေးကနေ ထုတ်လုပ်တဲ့ စတားဝေါ ဇာတ်လမ်းတွဲအသစ်လာပါပြီ။ဒီဇာတ်လမ်းကတော့ The High Republic ဆိုတဲ့ ဂျဒိုင်းတွေ ဘုန်းမီးနေလ တောက်ပနေတဲ့ ပြည်ထောင်စုခေတ်ကို အခြေတည်ထားတာပါ။ Skywalker Saga ဆိုတဲ့ ပင်မ စတားဝေါ ရုပ်ရှင်တွေ မစခင် နှစ် ၅၀-၁၀၀ လောက်က ခေတ်ပဲဖြစ်ပါတယ်။ အက်ရှင်အသားပေးဖြစ်ပြီး ရိုက်ချက်နဲ့ဇာတ်လမ်းတွေ စိတ်ဝင်စားဖို့ကောင်းပါတယ်။မာစတာယိုးဒါးကတော့ Skywalker Saga မှာ အသက် ၉၀၀ ကျော်နေပြီမို့ The High Republic ခေတ်မှာလည်း ရှိနေတာ သေချာပါတယ်။ ဘယ်လိုပုံနဲ့ပါလာမလဲတော့မသိသေးပါဘူး။ဇာတ်လမ်းအကျဉ်းဂျဒိုင်းအဖွဲ့ကနေ နုတ်ထွက်ခဲ့ပြီး စက်ပြင်ဆရာလုပ်နေတဲ့ အိုရှာဆိုတဲ့မိန်းကလေးဟာ တစ်နေ့မှာ မာစတာ အင်ဒါရာကို လုပ်ကြံမှုနဲ့အဖမ်းခံခဲ့ရပါတယ်။ ဒါပေမဲ့ သူလုပ်ခဲ့တာမဟုတ်ဘဲ သူ့ရဲ့ သေသွားပြီးထင်တဲ့ အမွှာအစ်မက လုပ်တာဖြစ်နေပါတယ်။ အဲဒီလုပ်ကြံမှုရဲ့နောက်ကွယ်က အကြံကြီးတွေကို ဘယ်လိုဆက်ဖြေရှင်းကြမလဲ ကြည့်ရမှာပါ။စီစန် ၁ မှာတော့ အပိုင်း ၈ ပိုင်းပါဝင်မှာဖြစ်ပြီး ပထမအပတ်မှာ ၂ပိုင်းနဲ့ ကျန်အပိုင်းတွေက တစ်ပတ်ကိုတစ်ပိုင်းနှုန်းထွက်မှာဖြစ်ပါတယ်….ကျန်အပိုင်းများကိုလည်း အချိန်နဲ့တပြေးညီဆက်လက်တင်ဆက်ပေးသွားပါ့မယ်...
The Listener (2022) ⭐IMDB: 5.5/10 (359 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၂၄ မတ်လမှာအသစ်ထွက်ရှိထားတဲ့ The Listener ရုပ်ရှင်ဟာ Drama အမျိုးအစားဖြစ်ပေမယ့် သည်းထိတ်ရင်ဖို ခံစားချက်ကိုလည်းခံစားရမှာဖြစ်ပါတယ်။ ဒါရိုက်တာ Steve Buscemi ကရိုက်ကူးထားပြီး တစ်ကားလုံးကို ဘတ်သ်အဖြစ်သရုပ်ဆောင်တဲ့မင်းသမီး Tessa Thompson တစ်ယောက်တည်းနဲ့ရိုက်ကူးထားတာပါ။ ဘတ်သ်ဟာ ညတိုင်းအမေရိကန်တစ်နိုင်ငံလုံးရဲ့နေရာအနှံ့က ဖုန်းတွေကိုလက်ခံဖြေကြားပေးရတဲ့ အကူအညီဖုန်းလိုင်း တစ်ခုမှာ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်နေတာဖြစ်ပါတယ်။ အထီးကျန်တဲ့လူတွေ၊ မျှော်လင့်ချက်ကင်းမဲ့နေသူတွေ အစရှိသဖြင့်လူပေါင်းမျိုးစုံဆီကဖုန်းတွေကို နားထောင်ပေးပြီး သူတို့လိုအပ်တဲ့အကြံဉာဏ်တွေကို ဘတ်သ်က ပြန်ပေးလေ့ ရှိပါတယ်။ ဇာတ်ကားကတော့ ကိုရိုနာပြီးခါစအချိန်ကိုအခြေခံ ထားတဲ့အတွက် ပြီးခဲ့တဲ့နှစ်ဟာ ဖုန်းခေါ်သူတွေအပြည့်နဲ့ ဘတ်သ်အတွက် ပင်ပန်းခဲ့တဲ့နှစ်ဖြစ်လို့ ဘတ်သ်ဟာ စေတနာ့ ဝန်ထမ်းအဖြစ်လုပ်ကိုင်မှုကနေ အနားယူတော့မှာလည်း ဖြစ်ပါတယ်။ ရုပ်ရှင်အစကနေအဆုံးအထိ ဘတ်သ်ရဲ့ ဖုန်းခေါ်ဆိုမှုတစ်ညတာကိုရိုက်ကူးပြထားပြီး ဖုန်းတစ်လုံးနဲ့ ဘတ်သ်ရဲ့ဇာတ်ဝင်ခန်းတွေသာပါဝင်ပေမယ့် လူပေါင်းမျိုးစုံ ဖုန်းဆက်ကြတဲ့အထဲမှာ ဘတ်စ်က တစ်စုံတစ်ယောက်ကို ကယ်တင်နိုင်မှာလား။ တစ်စုံတစ်ယောက်ရဲ့အသက်ကိုလက်လွှတ်ဆုံးရှုံးလိုက်ရမှာလား ဆိုတာ ရင်ဖိုစွာစောင့်မျှော်ကြည့်ရှု့ရမှာဖြစ်ပါတယ်။ တခြားလူတွေရဲ့ဘ၀တွေကိုအကြံပေးဖုန်းပြောဆိုမှုတွေကနေ ဘတ်သ်ကိုယ်တိုင်ရဲ့ဇာတ်ကြောင်းကိုပါ ဖြည်းဖြည်းချင်း ဖော်ထုတ်သွားတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဖုန်းတစ်လုံးနဲ့နှိမ့်သိမ့်ပေးနေတဲ့ လူတကာပြောတာတွေနားထောင်ပေးနေတဲ့၊ လူတွေနဲ့ ဆက်သွယ်စကားပြောနေတဲ့ဘတ်သ်နဲ့အတူ ရုပ်ရှင်ကို လိုက်ပါစီးမျောခံစားကြည့်ရမှာပဲဖြစ်ပါတယ်။...
Bag of Lies (2024) ⭐IMDB: 4.1/10 (179 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bag of Lies ဇာတ်ကားဟာ ၂၀၂၄ ခုနှစ်ထွက် Netflix က ရိုက်တဲ့ horror အမျိုးအစား ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကို ပြောရမယ်ဆိုရင် ကင်ဆာဖြစ်ပြီး သေခါနီး ဖြစ်နေတဲ့မိန်းမကို ကယ်တင်ဖို့အတွက် အစွမ်းကုန် ကြိုးစားပေမဲ့ အရာမထင် ဖြစ်နေတဲ့ Matt တစ်ယောက် ရရာကောက်ရိုး လှမ်းဆွဲရာကနေ အိမ်ကို ဘာမှန်းမသိတဲ့ အထုပ်တစ်ထုပ် ယူလာပြီး ထူးဆန်းတဲ့ အစီအရင်တွေကို သတ်မှတ်ချက်ပေါင်း များစွာနဲ့ ပြုလုပ်ခဲ့ပါတယ် အစီအရင်တွေကြောင့် ဖြစ်လာမဲ့အရာတွေက အကောင်းတွေလား အဆိုးတွေလား ၂ ခုလုံး ဒွန်တွဲပြီး ရောက်လာမှာလား အဆုံးသတ်မှာ သူမျှော်မှန်းထားသလို သူ့မိန်းမ ကောင်းသွားမှာလား စတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပဲ ဖြစ်ပါတယ်။...
Do the World Darts 10 (2007) ⭐TMDB: 0% User Score 🎬 #Action #DoTheWorldDart #Drama 🗓 2007 🎞 movie 🌎 #China ⏰ 1 နာရီ 39 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက နောက်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ် ၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါ ဝမ်ကျန့်ဝေးနဲ့ဖေးယန့်ဟာ နောက်ဆုံးတော့လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြပါပြီ။သူတို့ရဲ့မင်္ဂလာပွဲကိုစည်စည်ကားကားကျင်းပနေတဲ့အချိန်မှာတော်ဝင်လျှို့ဝှက်အမိန့်တော်ရောက်လာခဲ့ပါတယ်။ဂျပန်ပင်လယ်ဓားပြတွေဟာ ဂျိုဆွန်းပြည်ကိုဝင်ရောက်ကျူးနေတာကြောင့်ဂျိုဆွန်းဘုရင်ဟာ မင်တိုင်းပြည်ကိုအကူအညီတောင်းလိုက်တဲ့အတွက်မင်ဘုရင်ကြီးက ဂျိုဆွန်းကိုကူညီမယ့် အမြှောက်ကြီး(၁၀)လက်ကိုထျန်းရှန်ပို့ဆောင်ရေးလုပ်ငန်းကိုတာဝန်ပေးလိုက်တာပဲဖြစ်ပါတယ်။ ထျန်းရှပို့ဆောင်ရေးလုပ်ငန်းအဖွဲ့ဝင်တွေဟာ အမြှောက်တွေကိုလက်လွှဲယူမယ့်ရွာလေးကိုရောက်တော့ သူတို့ဟာနောက်ကျသွားခဲ့ပါပြီ……ဒါဟာထျန်းရှပို့ဆောင်ရေးလုပ်ငန်းအတွက်အန္တရာယ်အများဆုံးနဲ့ အရေးကြီးဆုံးတစ်ခုတာဝန်ဖြစ်လာပါတော့တယ်...
Mutant (2024) ⭐TMDB: 40% User Score 🎬 #Romance #ScienceFiction #War 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 33 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ အပြင်လောက လက်ရှိ ၂၁ရာစုမှာကြောက်စရာ ကောင်းလောက်အောင် အရမ်းကိုဖွံ့ဖြိုးတတ်တက်လာပြီးတော့အနာဂတ်မှာ လူသားမျိုးနွယ်ကိုပါ အန္တာယ်ပေးလာနိုင်တယ်ဆိုတဲ့လူလုပ်ဉာဏ်ရည်တု AI နဲ့ လူသားတွေကြားက စစ်ပွဲအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးကတော့လူသားမျိုးနွယ်အတွက် အထောက်အကူဖြစ်စေဖို့အတွက် လက်ရှိ AI ထက်တစ်ဆင့်မြင့်တဲ့ ခံစားချက်ပါထည့်သွင်းထားပြီးကိုယ်ပိုင်အသိစိတ်ရှိစေတဲ့ပရိုဂရမ်ပါ ထျန်းရုန်ချစ်ပ်ပြားကိုအင်ဂျင်နီယာကြီး ကျူးရုန်ကတီထွင်ခဲ့ပါတယ် ။ မူလရည်ရွယ်ချက်က လူသားအထောက်အကူပြုနည်းပညာဆိုပေမဲ့ကိုယ်ပိုင်အသိစိတ်ရသွားတဲ့ ပင်မကိုယ်ထည် AI ဟာ လူသားမျိုးနွယ်ကိုမျိုးသုဉ်းသွားသည်အထိ သတ်ဖြတ်ပြီး စက်ရုပ်တွေကိုကမ္ဘာမြေပေါ်မှာ အစားထိုးနေရာရဖို့ ကြိုးစားပါတော့တယ် ။ အဲဒါကြောင့်ပဲ AI စက်ရုပ်စစ်တပ်ကြီးရဲ့ လူသားမျိုးနွယ်တွေကိုမျိုးသုဉ်းသတ်ဖြတ်ခြင်းအစီအစဉ်ကြီးစတင်လာပြီး လူသားတွေဘက်ကလည်းခုခံစစ်အနေနဲ့ပြန်လည်တိုက်ခိုက်ကြတဲ့အခါမှာတော့လူသားတွေနဲ့ AI ကြားစစ်ပွဲကြီးပေါ်ပေါက်လာပါတော့တယ် ။ လူသားတွေထက်နည်းပညာတစ်ဆင့်မြင့်တဲ့အပြင် ဦးနှောက်ကပါအဆ၃၀ အဆင့်မြင့်နေတဲ့ AI ကိုလူသားတွေဘယ်လိုပြန်တိုက်ခိုက်မလဲ ?အနိုင်ရောတိုက်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းလေးထဲစိတ်ဝင်စားစွာကြည့်ရှုလိုက်ပါအုံးနော်...
Do the World Darts 9 (2007) ⭐TMDB: 20% User Score 🎬 #Action #DoTheWorldDart #Drama 🗓 2007 🎞 movie 🌎 #China ⏰ 1 နာရီ 37 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက 9 ကားမြောက်ဖြစ်ပါတယ်အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ် ၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါ မင်းကြီးကြိုက်နှစ်သက်ဆုံး ခုနှစ်စဉ်ကြယ်မင်သွေးတုံးကိုနယ်ကနေ နန်းမြို့တော်ကို တာဝန်ယူပို့ပေးရတဲ့ ဟွေ့ယိုပို့ဆောင်းရေးကလမ်းခုလတ်မှာ ဓားပြတွေဆီကနေပစ္စည်းအလုခံလိုက်ရပါတယ် ။ ဒီကိစ္စကို ဒေသခံရုံးတော်ကသိသွားတော့ အထက်ကိုမပေါက်ကြားခင်ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းဖို့လုပ်ခဲ့ပါတယ်။ ပို့ဆောင်ရေးကလူတွေကို၇ရက်အတွင်းပစ္စည်းမပို့ဖို့နဲ့ သတင်းကိုလည်းအပြင်ကိုမပေါက်ကြားဖို့မိန့်ကြားခဲ့ပါတယ် ။ ဒီလိုအမိန့်ကိုလက်မခံနိုင်တဲ့ဝမ်ကျန့်ဝေးတစ်ယောက် ရုံးတော်မှာအစ်ကိုလီကိုသွားရှာပြီးမေးမြန်ခဲ့ချိန်မှာတော့ ဓားပြတွေက ပစ္စည်းနဲ့ ရုံးတော်ကဖမ်းထားတဲ့ထူအိမ်တော်ရဲ့ တတိယသားကိုလဲလယ်ဖို့ချိန်းခြောက်စာပို့ထားတာကိုသိသွားခဲ့ပါတယ် ။ ဒီလိုနဲ့ ဝမ်ကျန့်ဝေးတစ်ယောက် ဓားပြတွေကြီးစိုးတဲ့နယ်မြေကမိတ်ဆွေဟောင်းကိုသွားရှာပြီး ဓားပြတွေကိုရင်ဆိုင်ဖို့လုပ်ပါတော့တယ် ။ကဲ ဓားပြတွေကိုရင်ဆိုင်ရင်း ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲ ?နောက်ကွယ်မှာရော ဘယ်လိုအခက်အခဲတွေကြုံရမလဲဆိုတာကိုစိတ်ဝင်စားစွာနဲ့ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိစောင့်ကြည့်ဖို့မမေ့ပါနဲ့နော်...
Do the World Darts 8 (2007) ⭐TMDB: 20% User Score 🎬 #Action #DoTheWorldDart #Drama 🗓 2007 🎞 movie 🌎 #China ⏰ 1 နာရီ 33 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ၈ ကားမြောက်ဖြစ်ပါတယ်အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ် ၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါ ဒီတစ်ခေါက် CMကတင်ဆက်ပေးမှာကတော့ ထျန်းရှပို့ဆောင်ရေးအဖွဲ့အစည်းသခင်ငယ်ဖြစ်တဲ့ ဝမ်ကျန့်ဝေးက စီးပွားရေးသူဌေးတစ်ယောက်ဖြစ်တဲ့ကွမ်ချင်းရှန်းရဲ့ ထန်ခေတ်အမျိုးသမီးပိုးချည်ပြင်ပန်းချီပို့ဆောင်ကာကွယ်ရေးအလုပ်ကိုလက်ခံခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ် အဲ့ဒီပန်းချီဟာ ထန်ခေတ်နာမည်ကျော်ပန်းချီတစ်ခုဖြစ်ပြီးဒီပန်းချီကိုမကောင်းသူတွေမျက်စောင်းထိုးမှာစိုးလို့ကွမ်ချင်းရှန်းက ပန်းချီပြပွဲကျင်းပပြီး အလျင်အမြန်ရောင်းထုတ်ချင်ခဲ့တယ်သိုင်းလောကနာမည်ကျော်ဓားပြဖြစ်တဲ့ အမြီးကိုးချောင်းမြေခွေးလဲဒီပန်းချီကိုမျက်စောင်းထိုးခဲ့လေရာ ဖေးယန့်ကလက်ခံဖို့တွန့်ဆုတ်ခဲ့ပေမဲ့ဝမ်ကျန့်ဝေးကအတင်းလက်ခံခဲ့တယ် အဲ့ဒီနောက်မှာတော့ကွမ်ချင်းရှန်းအိမ်တော်မှာဓားပြရန်ကာကွယ်ဖို့အတွက် ထောင်ချောက်မျိုးစုံ ပြင်ဆင်ခဲ့တယ်ဒါပေမဲ့ ပန်းချီက နောက်ဆုံးမှာအခိုးခံလိုက်ရလို့ပန်းချီကိုပြန်ရအောင်ကြိုးစားရင်းက လိမ်ညာမှုကြီးတစ်ခုကို တွေ့ရှိခဲ့ကြပေတယ် ဒီဇာတ်လမ်းလေးမှာ ဝမ်ကျန့်ဝေးတို့က ဘယ်လိုလိမ်ညာမှုမျိုးနဲ့ ကြုံတွေ့ခဲ့ရပြီးဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်နော်...
Do the World Darts 6 (2007) ⭐TMDB: 0% User Score 🎬 #Action #DoTheWorldDart #Drama 🗓 2007 🎞 movie 🌎 #China ⏰ 1 နာရီ 34 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ၆ကားမြောက်ဖြစ်ပါတယ်အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ် ၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါ ဒီကားကတော့ ထျန်းရှပို့ဆောင်ရေးလုပ်ငန်းရဲ့ခေါင်းဆောင်ကြီးဝမ်ကျောက်ရှင်းရဲ့ တစ်ကိုယ်တော်ဇာတ်လမ်းပါ။ဝမ်ကျောက်ရှင်းမှာ ငယ်ငယ်ကတည်းကရင်းနီးခဲ့တဲ့မိတ်ဆွေဟောင်းတစ်ယောက်ရှိခဲ့တယ်။ မိတ်ဆွေဟောင်းလို့ဆိုပေမယ့်ခံယူချက်ချင်းမတူတာကြောင့် သူတို့ကမတည့်ပါဘူး။ ဒါပေမယ့် မိတ်ဆွေဟောင်းဟာ ရောဂါအပြင်းအထန်နဲ့သေလုဆဲဆဲဖြစ်နေချိန်မှာ သူ့ရဲ့အရေးကြီးတဲ့ပစ္စည်းတစ်ခုကိုဇာတိမြေရှန်းရှီးကိုပို့ပေးဖို့အပ်ခဲ့တယ်။ ဒါပေမယ့်ဘာပစ္စည်းမှန်းမသိတဲ့အတွက် ဝမ်ကျောက်ရှင်းကလက်မခံခဲ့ပါဘူး။ အကြောင်းရှိလို့ ဝမ်ကျောက်ရှင်းကရှန်းရှီကိုပြန်တဲ့အချိန်မှာသူ့နောက်ကိုကလေးလေးတစ်ယောက်ကလိုက်နေတာကိုသိလိုက်ရတယ်။ဒီကလေးလေးက သူ့မိတ်ဆွေဟောင်းရဲ့ တစ်ဦးတည်းသောအမွေဆက်ခံမယ့်သားဖြစ်နေတာကိုသိသွားပြီးတဲ့နောက်မှာဇာတိမမြေရှန်းရှီးကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီကလေးကိုလက်ခံလိုက်တဲ့အချိန်ကစပြီးတော့လမ်းမှာအတားအဆီးတွေ အန္တရာယ်တွေအမျိုးမျိုးနဲ့ကြုံကြပါတော့တယ်။ဒီကလေးလေးတစ်ယောက်ကိုဘာကြောင့်လူတွေအများကြီးကလိုက်ဖမ်းနေတာလဲ……အသက်(၅၀)ကျော်အဖိုးကြီးနဲ့ အသက်(၁၀)နှစ်ကျော်ကလေးတစ်ယောက်ဟာခရီးစဉ်တစ်လျှောက်ဘယ်လိုဖြတ်သန်းကြမလဲဆိုတာ…….အဖိုးကြီးရဲ့ငါ့မအိုသေးဆိုပြီးတော့အစွမ်းတွေပြသွားတဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်။...
Do the World Darts 7 (2007) ⭐TMDB: 0% User Score 🎬 #Action #DoTheWorldDart #Drama 🗓 2007 🎞 movie 🌎 #China ⏰ 1 နာရီ 30 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက 7 ကားမြောက်ဖြစ်ပါတယ်အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ် ၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါ မင်မင်းဆက်ခေတ်အတွင်းမှာ မြို့တော်မှ ထျန်းရှပို့ဆောင်ရေးရဲ့သခင်လေးဝမ်ကျန့်ဝေးကို ကျန့်ယွမ်စစ်သူကြီး ချန်ကျန့်နန်က အလုပ်အပ်ခဲ့ပါတယ်။အလုပ်ကတော့ စစ်သူကြီးရဲ့ သမီးဖြစ်သူ ယင်ယင်နဲ့ပေချီမင်းသားအိမ်တော်မှ တင်တောင်းလက်ဆောင်သေတ္တာကိုနယ်စပ်ကို ကာကွယ်ပို့ဆောင်ပေးဖို့ပဲ ဖြစ်ပါတယ်။ နယ်စပ်မှာရှိနေတဲ့ ပေချီမင်းသားက သူ့သားတော်နဲ့ ယင်ယင်ကိုလက်ထပ်ပေးဖို့ ပြောထားပြီးသား ဖြစ်နေပါသတဲ့။ ဒါပေမဲ့ချန်ကျန့်နန်က သူ့သမီး ယင်ယင်သာ ဒီကိစ္စကို သိရင် နယ်စပ်ကိုထွက်ခဲ့မှာ မဟုတ်ဘူးဆိုတာ သိနေတဲ့အတွက် သမီးကို သတိရတယ်လို့ အကြောင်းပြပြီး ခေါ်ခဲ့ပါတယ်။ နောက်နေ့မှာ ပို့ဆောင်ရေးအဖွဲ့က ခရီးစဉ်ကို စတင်ပါတော့တယ်။ဖေးယန့်ကလည်း ငယ်စဉ်ကတည်းက ယင်ယင်နဲ့ ခင်မင်ရင်းနှီးခဲ့တဲ့အတွက်အတူတူလိုက်ပါဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့နဲ့အတူ စစ်သူကြီးရဲ့လက်အောက်ဖြစ်သူဒုတပ်မှူးလီဖုန်းလည်း လိုက်ပါလာခဲ့ပါတယ်။စစ်သည်တွေနဲ့ ဒုတပ်မှူးလည်း လိုက်ပါလာတဲ့အတွက်ဝမ်ကျန့်ဝေးတို့အတွက် ပေါ့ပါးနေသလို ဖြစ်နေပါတယ်။ ဒါပေမဲ့ တကယ်တော့ ဒီလောက်မလွယ်ပါဘူး။ ခရီးထွက်ပြီးသိပ်မကြာခင်မှာပဲ သူတို့ဟာ ဓားပြတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ဒါပေမဲ့ ဓားပြတွေက ပစ္စည်းဥစ္စာကို လိုချင်တာ မဟုတ်ဘဲ ယင်ယင်ကို ဖမ်းဖို့ ဖြစ်နေပါတယ်။ ဓားပြတွေက လမ်းတစ်လျှောက်နှောင့်ယှက်နေတဲ့ ခရီးလမ်းက အဆင်ပြေပါ့မလား…….ယင်ယင်ကရော သူ့ကံကြမ္မာကို သိသွားချိန် ဘယ်လို တုံ့ပြန်လိမ့်မလဲ……ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။...
