ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Copenhagen Does Not Exist (2023) ⭐IMDB: 5.8/10 (469 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Denmark #Norway #Sweden ⏰ 1 နာရီ 38 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Koebenhavn Findes Ikke (Or) Copenhagen Does Not Exist 2023 အီဒါလို့ခေါ်တဲ့ကောင်မလေးဟာ ရုတ်တရက်ကြီး စကားတစ်ခွန်းမှ မပြောဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။တိုက်ခန်းလွတ်တစ်ခုတည်းမှာ ဆန်ဒါ့ကို အီဒါ့အဖေနဲ့ အစ်ကိုနှစ်ယောက်က သော့ခတ်ပြီးတော့ထားထားပါတယ်။ ဆန်ဒါဆိုတာကတော့ အီဒါ့ကောင်လေးပေါ့၊ဒီလိုနဲ့ အီဒါပျောက်ဆုံးသွားတဲ့ကိစ္စနဲ့ ပတ်သတ်ပြီးတော့ဆန်ဒါ့ကို စစ်မေးမြန်းတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲ ……… အီဒါပျောက်ဆုံးသွားတဲ့ကိစ္စက ဆန်ဒါ့ကြောင့်ရော ဖြစ်နေမလား ….ဆိုတာကို ကြည့်ရှုရမယ့် ဒရာမာဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~BpL~Alex~ToMo တို့ပဲဖြစ်ပါတယ်)...
Hot Blooded Angel (2024) ⭐TMDB: 10% User Score 🎬 #Action #Crime #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 12 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကိုယ့်ရဲ့ယုံကြည်ရာ နားခိုရာတစ်ခုကိုကာကွယ်ဖို့ကြိုးစားတဲ့မိန်းကလေးတစ်ယောက်အကြောင်း အက်ရှင်ကားလေးဖြစ်ပါတယ်။တရုတ်တန်းဆိုတာ အနယ်နယ်အရပ်ရပ်ကတရုတ်တွေအတွက်နွေးထွေးတဲ့နားခိုရာတစ်ခု အားကိုးရာတစ်ခုပဲဖြစ်တယ်။ အပေါ်ယံမှာအိမ်ခြံမြေစီမံကိန်းလုပ်ငန်းရှင်လိုလိုနဲ့မကောင်းမှုတွေ ပြစ်မှုပေါင်းများစွာကျူးလွန်နေတဲ့သူဌေးကြီးတစ်ယောက်ဟာ တရုတ်တန်းရှိတဲ့နေရာကိုမျက်စိကျလိုချင်တဲ့အတွက် နည်းအမျိုးမျိုးနဲ့ဒုက္ခပေးပါတော့တယ်။ အာဏာပိုင်တွေနဲ့ပေါင်းကြံတဲ့ မသမာတဲ့လူမိုက်ဂိုဏ်းသားတွေကိုဒီနတ်သမီးလို့တင်စားခံရတဲ့ကောင်မလေးဟာ ဘယ်လိုရင်ဆိုင်မလဲ…..ရန်ငြိုးတွေကိုအသစ်ရောအဟောင်းပါရောပြီးရှင်းတဲ့အကြောင်းကိုမမလှလှတွေရဲ့အက်ရှင်ခန်းများများနဲ့ကြည့်ရမှာဖြစ်ပါတယ်။...
The Visit (2015) ⭐TMDB: 63% User Score 🎬 #Horror #Mystery #Thriller 🗓 2015 🎞 movie 🌎 #UnitedStates #Japan #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Visit ဟာ Horror/Documentary အမျိုးအစားရုပ်ရှင် ဇာတ်လမ်းလေးဖြစ်ပြီး M. Night Shyamalan ဇာတ်ညွှန်းရေး ရိုက်ကူးကာ Olivia DeJonge, Ed Oxenbould, Deanna Dunagan တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ Budget $5M နဲ့ရိုက်ကူးပြီး ရုံတင်ငွေ $100M နီးပါးပြန်လည် ရရှိခဲ့တဲ့ ဝေဖန်ချက်ကောင်းတွေနဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ဒါရိုက်တာ Shamalan အတွက် တစ်ကျော့ပြန်လည် အောင်မြင်မှု ရစေခဲ့တဲ့ကားလေးလဲဖြစ်ပါတယ်။ Becca နဲ့ Tyler တို့မောင်နှမနှစ်ယောက်ဟာ သူတို့တစ်ခါမှ မတွေ့ဘူးတဲ့ အဘိုးအဘွားတွေဆီ ငါးရက်သွားနေဖို့ Masonville ဆိုတဲ့မြို့လေးဆီ အလည်သွားကြပါတယ်။ သူတို့ရဲ့ ငါးရက်တာ ခရီးစဥ်မှာ သူတို့အဘိုးအဘွားတွေရဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေ ကြောင့် တစ်စစထိတ်လန့်လာရရင်း နောက်ဆုံးမှာတော့ ဒီခရီးစဥ်ဟာ သူတို့ဘဝအတွက် ကြောက်ရွံ့တုန်လှုပ်စရာအကောင်းဆုံးအဖြစ် အပျက် ဖြစ်သွားပါတော့တယ်...
Tommy Boy (1995) ⭐TMDB: 68% User Score 🎬 #Adventure #Comedy 🗓 1995 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တွမ်မီ.. လူလေးတွမ်မီလို့ ချစ်စနိုးခေါ်တဲ့ ဝတုတ်လေးတစ်ယောက်ရှိပါတယ်။ ဘယ်နေရာမှာမှ မထူးချွန်ပေမယ့် လူချစ်လူခင်တော့ ပေါရှာသူပေါ့။ ကောလိပ်ကို ၇နှစ်လောက်တက်ပြီးခါမှ ကပ်သီးလေးနဲ့ အောင်ပြီး အဖေရှိရာဆီ ပြန်ခဲ့ချိန်မှာတော့ အဖေဟာ သူ့အတွက် စပရိုက်ကြီး ၂ခုကို စီစဉ်ထားခဲ့ပါတယ်။ တစ်ခုကတော့ ဖခင်ရဲ့ကားလုပ်ငန်းစက်ရုံမှာ ရုံးခန်းတစ်ခုပေးပြီး ရာထူးပေးတာဖြစ်ပြီး နောက်တစ်ခုကတော့ …. အဲ့လို စပရိုက်စ်အကြီးစားကြီး ၂ခုပေးပြီး တစ်ခုကို မပြီးပြတ်ခင်မှာပဲ အဖေဟာ ဆုံးပါးသွားပါတယ်။ လူလေးတွမ်မီ ဘယ်လိုရှေ့ဆက်မလဲ...
The Beat Beneath My Feet (2014) ⭐IMDB: 6.4/10 (2 k Votes) 🎬 #Comedy #Drama #Music #Family 🗓 2014 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 32 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB: 6.4Rotten Tomatoes: 50%Genre: Comedy/Drama ဒီရုပ်ရှင်လေးကတော့ ၂၀၁၄ မှာထွက်ခဲ့တဲ့ ကြည့်လို့ကောင်းသော ဟာသ/ဒရာမာ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ညွှန်း တွမ်ဟိဆိုတာက အနုပညာပိုးတော်တော်လေးပါပေမယ့် အတော်လေးရှက်တတ်ကြောက်တတ်တဲ့ ဆယ်ကျော်သက်တစ်ယောက်ဖြစ်ပါတယ်။ ပါရမီရှိပေမယ့် တကယ့်တကယ်တမ်းလူတောမတိုးရဲပါဘူး။ အဖေနဲ့အမေကလည်း ငယ်ငယ်ထဲက ကွဲသွားတာကြောင့် Broken Family တစ်ခုကနေ ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်။ သူတို့အိမ်အောက်ကိုပြောင်းလာတဲ့ လူကလည်း လူမှုရေးနားမလည်၊ နေ့နေ့ညည သီချင်းတွေဖွင့်ပြီး သောင်းကျန်းနေတဲ့လူဖြစ်ပါတယ်။ ဒါပေမယ့် သိလိုက်ရတာက အဲဒီလူဟာ နာမည်ကြီးတီးဝိုင်းတစ်ခုက အခွန်ရှောင်လာတဲ့ ဂစ်တာသမား/အဆိုတော် မက်စ်စတုန်းဖြစ်ပါတယ်။ ဒါကိုသိသွားတဲ့ တွမ် ဟာ မက်စ်စတုန်းကိုဆရာတင်လိုက်ပါတယ်။ ဒီလိုနဲ့ ဆရာသမားနှစ်ယောက် ဘယ်လိုများရှေ့ဆက်ကြမှာလဲ။...
Totem (2023) ⭐IMDB: 7.1/10 (3 k Votes) 🎬 #Drama #Comedy 🗓 2023 🎞 movie 🌎 #Spain #Mexico #France #Denmark #Netherlands ⏰ 2 နာရီ 31 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Totem (2023)တောရိုင်းဥယျာဉ်၏အလှတရား IMDb 7.1/10 အသက်ခုနနစ်နှစ်အရွယ် ကောင်မလေးဖြစ်တဲ့ ဆိုလီစီတိုဟာတစ်ရက်မှာသူ့အဖေ တိုနာ အတွက်စပရိုက်ပါတီတစ်ခုလုပ်ဖို့ သူ့အဖိုးရဲ့အိမ်ကိုအလည်အပတ်အနေနဲ့သွားရင်းတစ်ရက်တာကုန်ဆုံးခဲ့တယ်။ တစ်နေကုန်ပါတီပွဲအတွက်ကူညီပြင်ဆင်ပေးနေရင်းထိုနေ့အလင်းရောင်မှိန်လာတာနဲ့အမျှ သူမရဲ့ဘဝဟာအံ့ဩစရာကောင်းစွာပြောင်းလဲတော့မယ်ဆိုတာကိုသဘောပေါက်နားလည်လာပါတော့တယ်။ Mexico ရုပ်ရှင်ပွဲတော်မှာ Nominee 44 ခု Award 19 ခုဆွတ်ခူးထားပြီးနိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ Nominee ပေါင်းများစွာဝင်ခဲ့တဲ့ဇာတ်ကားကောင်းလေးပါကြည့်နေရင်း အလွန် ဝမ်းနည်းမှုနဲ့အတူဆွတ်ပျံ့ဖွယ်ကောင်းတဲ့ရသကိုပါတစ်ပါတည်းခံစားရစေပြီးရင်ထဲမှာတစ်သက်လုံးစွဲကျန်နေစေခဲ့မဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်မှာပါ (အညွှန်းရေးသားသူ Bluri ဖြစ်ပြီး ဘာသာပြန်ဆိုသူ CM Team မှဖြစ်ပါတယ်)...
Infernal Storm (2021) ⭐TMDB: 20% User Score 🎬 #Crime 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 29 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျပန်စစ်တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားကြသူတွေဟာ တိုင်းပြည်အတွက်အနစ်နာခံကာ သေပွဲဝင်ဖို့အမြဲတမ်း အသင့်ဖြစ်နေကြတဲ့သူတွေပါမနက်ဖြန် နေထွက် နေဝင်တာကို မြင်ရ မမြင်ရ မသေချာဘဲနဲ့ဆက်လက်လျှောက်လှမ်းနေကြတဲ့ ရဲရင့်တဲ့သူရဲကောင်းတွေပဲဖြစ်ကြပါတယ် ယခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ဂျပန်စစ်သားတွေအုပ်စိုးချိန်တရုတ်တော်လှန်ရေးသမားတွေဖြစ်တဲ့ ကွန်မြူနစ်တွေ ဘယ်လောက်ခက်ခဲကြမ်းတမ်းစွာ စစ်ဆင်ရေးဆင်းရပုံတွေကို ရိုက်ကူးပုံဖော်ထားခြင်းဖြစ်ပါတယ် ဇာတ်လမ်းအကြောင်းအရာလေးကတော့…တရုတ်ကွန်မြူနစ်ဌာနချုပ်ဟာ အူတာနယာစစ်ဆင်ရေးကိုလုပ်ဆောင်ဖို့ သေသေချာချာလေ့ကျင့်ရေးဆင်းထားတဲ့ လျှို့ဝှက်အေးဂျင့်လေးယောက်ကို ဟာပင်းကို စေလွှတ်လိုက်ပါတယ် ဒါပေမဲ့လည်းသူတို့ရဲ့အတွင်းလူသစ္စာဖောက်ခံရပြီး သရုပ်မှန်ပေါက်ကြားဖို့ဖြစ်လာတဲ့အချိန်မှာတော့သူတို့လေးယောက် ဘယ်လိုအခက်အခဲတွေနဲ့ ဘယ်လိုရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကိုစိတ်ဝင်စားဖွယ် ရင်တမမနဲ့ ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်...
Deadpool & Wolverine (2024) ⭐IMDB: 8.1/10 (213 k Votes) 🎬 #Action #Adventure #Comedy #MarvelUniverse #SciFi #Xmen #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStates #UnitedKingdom #Australia #NewZealand #Canada #UnitedStatesofAmerica ⏰ 2 နာရီ 8 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Deadpool & Wolverine (2024) IMDb Rating (8.3) / Rotten Tomatoes (80%) HDTS TELESYNC Version အသစ်ထွက်လာပြီး ရုပ်သံ တော်တော်လေး ကြည်လင်တာမလို့ ထပ်မံ Update တင်ဆက်လိုက်ပါတယ်။ဒီ Version မှာ အသံက အဆင်ပြေသွားပြီး ရုပ်ထွက်လဲ နဂိုထက်ပိုကောင်းလာသလို ကြော်ငြာတွေရှုပ်နေတာမျိုးမရှိတော့ပါဘူး။ဘာသာပြန်ကတော့ Official Engsub စာဖိုင်မထွက်သေးတာမို့ နားထောင်လို့ရသလောက် အကောင်းဆုံး ပြန်ပေးထားပါတယ်။အရင် Version က လိုတာပိုတာလေးတွေလဲ ထပ်မံပြင်ဆင်ထားသလို Timing တွေကစလို့ တိကျအောင်ပြန်ပြင်ထားပေးပါတယ်။ ဒီရုပ်ရှင်အပြင် အရင်ထွက်ခဲ့တဲ့ Deadpool နှစ်ကားကိုလည်း Channel Myanmar Web and App မှာ ကြည့်နိုင်ပါပြီ။ပြီးတော့ ဒီရုပ်ရှင်နဲ့ဆက်စပ်တဲ့ MCU ရုပ်ရှင်အကုန်၊ Fantastic Four နှစ်ကား၊ Blade ၃ ကား၊ Loki စီးရီး စတာတွေကိုလည်းChannel Myanmar Web and App မှာ အသင့်တင်ပေးထားပါတယ်။Deadpool & Wolverine (2024) ရုပ်ရှင်ဟာ Loki စီးရီးထဲက TVA အချိန်ခရီးသွားအဖွဲ့နဲ့ ချိတ်ထားတာမို့ ဒါမကြည့်ခင် Loki စီးရီး ကို အရင်ကြည့်ရင် ပိုနားလည်မှာပါ။ ဇာတ်လမ်းအကျဉ်း ဒက်ပူးဟာ အဗန်ဂျာအဖွဲ့ထဲကို ဝင်ဖို့ကြိုးစားပေမဲ့ မအောင်မြင်တာရယ်၊ စော်နဲ့ ပြတ်တာရယ်ကြောင့် စိတ်ဓာတ်ကျပြီးကားအရောင်းစာရေးပဲ လုပ်နေတော့တာပါ။ဒါပေမဲ့ တစ်နေ့မှာတော့ အချိန်စီးကြောင်းကွဲထွက်တာတွေကို ထိန်းချုပ်တဲ့ TVA ဆိုတဲ့အဖွဲ့က လာဖမ်းသွားပါတယ်။အဓိက အကြောင်းရင်းကတော့ ဒက်ပူးရဲ့ စကြဝဠာက ပျက်စီးတော့မှာဖြစ်လို့ဒက်ပူးကို ပျက်စီးတဲ့အထဲ မပါအောင် သူတို့အေးဂျင့်အဖြစ်ခိုင်းလို့ရအောင် ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ဒါပေမဲ့ စကြဝဠာကို မပျက်စီးအောင် ကယ်ဖို့ ဝူးဗရင်းရဲ့ အကူအညီနဲ့ ဖြစ်နိုင်တယ်ဆိုတာ သိလိုက်ရတဲ့အခါစကြဝဠာပေါင်းစုံကို ခြေဆန့်ပြီး ဝူးဗရင်းတစ်ယောက်ကိုရှာပါတော့တယ်။နောက်ပိုင်းမှာတော့ ဝူးဗရင်းနဲ့ဒက်ပူး နှစ်ယောက်သား အချင်းချင်းချလိုက်၊ စွန့်စားခန်းတွေဖွင့်လိုက်ဖြစ်နေတာကို ဆက်ကြည့်ရုံပါပဲ။ဒီရုပ်ရှင်မှာ အရင်ရုပ်ရှင်တွေထဲက နာမည်ကြီး ဇာတ်ကောင်တွေကို ဧည့်သည်အဖြစ်ထည့်ပြီးဟာသတွေလုပ်ထားတာမို့ရယ်လည်းရယ်ရ ကြည့်လို့လည်း ကောင်းပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။...
The Sea Shall Not Have Them (1954) ⭐TMDB: 72% User Score 🎬 #Drama #War 🗓 1954 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 33 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1954 ခုနှစ်ထွက် “ The Sea Shall Not Have Them “ ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက် ပေးလိုက်ပါတယ်။ “ The Sea Shall Not Have Them “ ဆိုတာကတော့ ဗြိတိန် လေကြောင်းနှင့်ပင်လယ် ကယ်ဆယ်ရေးရဲ့ ဆောင်ပုဒ်တစ်ခုပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ကာလတည်ထားပြီး John Harris ရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ်ပြန်လည် အသက်သွင်းထားတာလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ မြောက်ပင်လယ်ထဲလေယာဉ်ပျက်ကျခဲ့တဲ့ ဗြိတိန်ဗုံးကြဲလေယာဉ် ကစစ်သားတွေ အသက်ကယ်လှေတစ်စီးနဲ့ပင်လယ်ထဲမှာအသက်ရှင်သန်ဖို့ကြိုးစားကြပုံ, တစ်ဖက်မှာလည်း ကိုယ့်ရဲဘော်တွေ ဂျာမန်တွေလက်ထဲရောက်မသွားခင် လေကြောင်းနှင့်ပင်လယ်ကယ်ဆယ်ရေးအဖွဲ့ရဲ့ ရာသီဥတုအခြေအနေတွေ အခက်အခဲတွေမျိုးစုံကြားက ကယ်တင်ဖို့ကြိုးစားကြပုံတွေကို ကြည့်ရှုရမှာပါ။...
Interstate (2024) ⭐TMDB: 0% User Score 🎬 #Thriller #Fantasy 🗓 2024 🎞 movie 🌎 #France #Italy #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကြေးစားလူသတ်သမားဖရန့်ခ်ဟာ လူသတ်မှုကျူးလွန်တာကို ရပ်တန့်ပြီး သူချစ်ရတဲ့အမျိုးသမီးနဲ့အတူ ထွက်ပြေးဖို့အစီအစဉ်ချခဲ့ပေမဲ့ ထူးဆန်းတဲ့လူငယ်တစ်ဦးနဲ့ သူ့သူဌေးကြောင့် အစီအစဉ်ပျက်ရကိန်းကြုံလာပါတယ်။ အဲဒီလူငယ်လေးက ဖရန့်ခ်ကို ဘာကြောင့်နှောင့်ယှက်နေလဲ ဖရန့်ခ်မှာရော ဘယ်လိုအတိတ်ရှိခဲ့လဲဆိုတာ ဆက်လက်စောင့်ကြည့်ရမယ့် သဘာဝလွန်ဇာတ်လမ်းလေးတစ်ခုပါ။...
Soul Snatcher (2020) ⭐TMDB: 61% User Score 🎬 #Comedy #Fantasy 🗓 2020 🎞 movie 🌎 #China ⏰ 2 နာရီ 5 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာ 2020 ရဲ့ နာမည်ကြီးဇာတ်ကား တစ်ကားလို့ ဆိုနိုင်တဲ့နာမည်ကြီး မိန်းမပျိုဝိညာဉ်လို့ နာမည်ကြီးပြီး version စုံထွက်တဲ့တရုတ်ဇာတ်လမ်းကြီးကို အခြေခံပြီးပုံစံတစ်မျိုးပြောင်းထားတဲ့ ဇာတ်ကားကောင်းလေးပေါ့… ဒီကားကို အဓိကကြည့်သင့်တာကတော့ go go squid မှာ နာမည်ကြီးခဲ့တဲ့ပျိုတိုင်းစွဲ လီရှန့် နဲ့ nine percent က မန်ဘာဟောင်း မားမားတို့ရဲ့ကလေးလေး နုံနုံ (ခ) ချန်လိနုံတို့ သရုပ်ဆောင်ထားတာကြောင့်ပါဒါဟာ နုံနုံရဲ့ ပွဲဦးထွက်ကားလေးမို့ အားလုံးက အချစ်ပိုပြီး အားပေးနေကြတာပေါ့ ဇာတ်လမ်းလေးနည်းနည်းပြောပြမယ်ဒီကားလေးက အရင်အတိုင်း အမှုထမ်းစာမေးပွဲဖြေဖို့ ကြိုးစားနေတဲ့စာကြမ်းပိုးလေးနဲ့ လေလွင့် မိန်းမပျိုဝိညာဉ်ကြားက အချစ်ဇာတ်လမ်းလေးပါပဲ ဒါပေမယ့် မိန်းမပျိုလေးကတော့ ဇာတ်လိုက်မဟုတ် ဇာတ်လိုက်ကနတ်ဖြစ်ဖို့ ကြိုးစားပြီး အမြုတေလိုက်ရှာနေတဲ့ မြေခွေးလေးပေါ့ဖြစ်ချင်တော့ အမြုတေပိုင်ရှင်က စာကြမ်းပိုးလေးဖြစ်နေတော့မြေခွေးလေးနဲ့ စာကြမ်းပိုးကြားက သူငယ်ချင်းသံယောဇဉ်ကိုပုံဖော်ထားတဲ့ ဇာတ်ကားလေးလို့ဆိုနိုင်မယ် ပါးပါးလေး bromance လည်းပါလို့ မှန်ဘီလူးမလေးတို့လည်းကြည့်ကြည့်လိုက်ပါဦး...
Golam (2024) ⭐IMDB: 7.3/10 (2 k Votes) 🎬 #Bollywood #Crime #Mystery 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 58 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Golam ( ဂိုလမ် )7.7/10 · IMDb ဒီဇာတ်ကားဟာ 2024 ထွက် သည်းထိတ်ရင်ဖိုမှုခင်းစုံထောက်ကားပဲဖြစ်ပြီး IMDb 7.7/10 ရရှိထားပါတယ် ဇာတ်လမ်းအကျဉ်း-ပုံမှန်အတိုင်း လည်ပတ်နေတဲ့ IT Firm တစ်ခုမှာအလုပ်ချိန်အတွင်း လူသေမှုတစ်ခုဖြစ်လာတာကြောင့်အားလုံးကို မေးခွန်းပေါင်းများစွာနဲ့ ချာချာလည်စေခဲ့ပါတယ်.. ဒါပေမဲ့ အဲဒါဟာ လူသေမှုမဟုတ်ဘဲ ပိပိရိရိကြံစည်ထားတဲ့ လူသတ်မှုတစ်ခုဖြစ်နေတဲ့အခါ…Golam ဇာတ်ကားဟာ ဇာတ်ပို့ ၊ ဇာတ်ရံအမြောက်အမြားသုံးစွဲထားတဲ့အပြင်လူတိုင်းကိုသံသယအမြင်နဲ့ကြည့်မိအောင် ရိုက်ပြထားတာကြောင့်လူသတ်သမားဘယ်သူဆိုတာတွေးရင်း ဇာတ်လမ်းအဆုံးထိဇာတ်ရှိန်မကျဘဲ စီးမျောခံစားနိုင်မှာပါ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျ)...
Café Daughter (2023) ⭐TMDB: 0% User Score 🎬 #Drama 🗓 2023 🎞 movie 🌎 #Canada ⏰ 1 နာရီ 37 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ Dramaအမျိုးစားဖြစ်ပေမယ့် လူမျိုးရေးကိစ္စတွေလည်း အမျာကြီးပါပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့ ကော်ဖီဆိုင်လေးဖွင့်ထားတဲ့ မိသားစုလေးတစ်စုမှာ စီးပွါးရေးအဆင်မပြေကြပါဘူး ဒီကြားထဲသူတို့မိသားစုက တရုတ်နဲ့ အင်ဒီးယန်း စပ်ထားတာပါ တရုတ်ဖြစ်တာကအဆင်ပြေပေမယ့် အင်ဒီးယန်းဆို အရမ်းလူမျိုးရေးခွဲခြားကြပါတယ် အဲ့ဒါကြောင့် အင်ဒီးယန်း မှန်းမသိအောင်နေထိုင်ခဲ့ရပါတယ် တစ်နေ့တော့ အမေဖြစ်တဲ့သူက နေမကောင်းဖြစ်တာကြောင့် သူ့အဖေဆီ သွားဖို့ဖြစ်လာပါတယ် သူတို့က အင်ဒီးယန်း မျိုးနွယ်တွေပါ အဲ့ကနေမှ လူမျိုးရေးခွဲခြားတဲ့အကြောင်းတွေနဲ့ မိသားစုလေးတစ်စုအကြောင်းကို ပေါ့ပေါ့ပါးပါးကြည့်လို့ရအောင် ရိုက်ပြထားတဲ့ပုံစံလေးဖြစ်ပါတယ် Dramaကြိုက်တဲ့သူတွေအတွက်တော့ အတော်အဆင်ပြေမယ်ထင်ပါတယ် ဇာတ်ကားနာမည်လေးက...
Passion Play (2011) ⭐TMDB: 48% User Score 🎬 #Drama #Fantasy #Romance 🗓 2011 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Passion Play (2010) အရင်က နာမည်ကြီး trumpet player ဖြစ်ခဲ့တဲ့ Nate Poole က လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့ ဇနီးကို မသိဘဲအိပ်မိရာကနေ လူဆိုးဂိုဏ်းခေါင်းဆောင်က လိုက်သတ်လို ကန္တာရထဲ ထွက်ပြေးခဲ့ရတယ်။ အဲဒီမှာသူ ဆပ်ကပ်ပွဲတစ်ခုဆီရောက်သွားပြီး မထင်မှတ်ဘဲ အတောင်ပံတွေရှိတဲ့ မိန်းမလှလေးကို တွေ့ခဲ့ချိန်မှာတော့ သူ့ဘဝကြီးရော ငှက်အတောင်ပံတွေနဲ့ မိန်းမပျိုလေးရဲ့ဘဝရော ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။ နာမည်ကြီး မင်းသားမင်းသမီးကြီးတွေဖြစ်တဲ့ Mickey Rourke၊ Megan fox၊ Bill Murray၊ Rhys Ifans နဲ့ Kelly Lynch တိုအကုန် ပါဝင်တာမို မလွတ်တမ်းကြည့်ရှုသင့်ပါတယ်နော်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Handsome Guys (2024) ⭐IMDB: 6.9/10 (91 Votes) 🎬 #Comedy #Horror #Romance #Supernatural #Action 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 42 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Handsome Guys (2024) ************************ ဒီဇာတ်ကားလေးက black comedy horror film ဖြစ်ပြီးတော့ ဒါရိုက်တာ Nam Dong-hyeop က ရိုက်ကူးထားတာဖြစ်သလို Canadian comedy horror film ဖြစ်တဲ့ Tucker and Dale vs Evil ကို remake ပြန်ရိုက်ထားတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ Lee Sung-min, Lee Hee-joon, Gong Seung-yeon, Park Ji-hwan, Lee Kyu-hyung စတဲ့ ဒိတ်ဒိတ်ကြဲတွေက ပါဝင်အားဖြည့်ပေးထားကြပါတယ်။ ဇာတ်လမ်းအညွှန်း- ဂျယ်ဖီးနဲ့ ဆန်းဂူတို့ ညီအစ်ကိုနှစ်ယောက်ဟာ ဥပဓိရုပ်ကြောင့် အမြဲတမ်း လူမိုက်တွေလို့ အထင်မှားခံနေရသူတွေဖြစ်ပေမဲ့လည်း သူတို့ ညီအစ်ကိုနှစ်ယောက်ဟာ ဥရောပစတိုင်အိမ်လေးမှာ နေဖို့ စိတ်ကူးအိပ်မက်ရှိကြသူတွေပါ။ တစ်နေ့မှာ သူတို့ စိတ်ကူးထဲက အိမ်လေးဆီ ပြောင်းရွှေ့နေနိုင်ခဲ့ပါတော့တယ်။ ဒါပေမဲ့ အိမ်အောက်မှာ သူတို့ မမျှော်လင့်ထားတဲ့ အရာကြီး ရှိနေခဲ့ပြီး မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေ ရောက်လာတဲ့အခါ အဲဒီအရာကြီးကို အမှတ်မထင် နှိုးမိလိုက်သလို ဖြစ်သွားတဲ့အခါမှာတော့… ဘာတွေ ဆက်ဖြစ်ကြလဲဆိုတာကိုတော့ ရယ်လည်းရယ်ရသလို ကြောက်စရာလည်းကောင်းလို့ဆိုပြီး ကြည့်ရှုသူတွေကြားမှာ ပေါက်နေတဲ့ ဒီဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။ (အညွှန်းကိုတော့ Miri မှ ရေးသားထားပါတယ်။)...
Evidence (2012) ⭐IMDB: 5.0/10 (5 k Votes) 🎬 #Uncategorized #Horror #SciFi 🗓 2012 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ 2012 တုန်းကထွက်ထားတဲ့ sci-fi horror ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်အိမ်ကိုဖွဲစည်းထားတာက သူ့ခေတ်သူ့ခါနဲ့ယှဉ်ရင်တောင် budget လိုပြောလိုရပါတယ်။ ဒါပေမဲ့ plot ပိုင်းတဲ့ သရုပ်ဆောင်တွေရဲ့ ပိုချသွားမှုတွေကကောင်းတာကြောင့် ကြည့်သင့်ကြည့်ထိုက်တဲ့အထဲပါတယ်လိုပြောလိုပါတယ်။ ဇာတ်လမ်းအကျဉ်းသူငယ်ချင်းလေးယောက်ဟာ တောအုပ်တစ်ခုထဲမှာ အပန်းချေစခန်းချထွက်ဖို ဖြစ်လာခဲ့ပါတယ်။ ရောက်ရောက်ချင်းနေ့မှာတင်ပဲနေ့ခငကြောင်တောင်အချိန်မှာ ထူးဆန်းတာ တွေကို မြင်လိုက်ရတဲ့ကြောင့် ရောက်တဲ့နေ့ထဲက ငြိမ်းငြိမ်းချမ်းချမ်းမနေခဲ့ပါဘူး။ အဲဒါအပြင်ကို လေးယောက်က တစ်ယောက် တစ်စိတ်နဲ့ဆိုတော့ ဆုံးဖြတ်ချက်ချလိုက်တဲ့အခါတိုင်း စိတ်ဝမ်းကွဲတတ်ကြပါတယ်။ ဒါပေမဲ့ တတိယမြောက်နေ့မှာ သူတို စခန်းချတဲ့နေရာအထိ အမည်မသိသတ္တဝါတစ်ကောင်က လာရောက်ထိပါးတဲ့အခါမှာတော့… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Until I Destroy My Husband's Family (2024) ⭐TMDB: 0% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 #Japan ⏰ 38 မိနစ် 57 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Otto no Katei wo Kowasu made (AKA) Until I Destroy My Husband’s Family (2024) ဂျပန် Manga Webcomic တစ်ခုဖြစ်တဲ့ Otto no Katei wo Kowasu made ကို အခြေခံရိုက်ကူးထားပြီးခုထုတ်လွှင့်နေစဉ်မှာလဲ လောင်ရတယ်ဆိုပြီး Rating တွေတက်ပြီး လူကြိုက်များနေပါတယ်။အပိုင်း (၇) ပိုင်းထုတ်လွှင့်သွားမှာဖြစ်ပြီး CM အနေနဲ့ မြန်မာစာတန်းထိုးနဲ့ တောက်လျှောက်တင်ဆက်သွားပါမယ်။ ဇာတ်လမ်းအကျဉ်းကတော့… တစ်ဘဝမှာတချစ် တချစ်မှာ တအိမ်ထောင်လို့ ယုံကြည်ထားပြီး…အချစ်ဦးနဲ့ပဲလက်ထပ်ထားတဲ့ ကီဆာရာဂီ မိနိုရီ တစ်ယောက်…သူ့ဘဝမှာ လုံးဝကို ပြီးပြည့်စုံတဲ့ အချစ်ကို ရှာတွေ့ထားသူတစ်ယောက်ပေါ့…အထက်တန်းကျောင်းမှာ ပထမဆုံး ချစ်သူထားခဲ့ပြီးပထမဆုံးအနမ်းလည်း သူနဲ့အိမ်ထောင်ကျတော့လည်း သူနဲ့သေတစ်ဖန်သက်တစ်ဆုံး သူနဲ့ပဲ ဘဝကို အဆုံးသတ်မယ် တွေးထားသူပေါ့…ဒီလိုပျော်ရွှင်ဖွယ်စိတ်ကူးယဉ်ကမ္ဘာထဲနေနေတဲ့သူ့ကို ကိစ္စတစ်ခုက လုံးဝလှန့်နိုးလိုက်ပါတယ်… ဒါကတော့ တစ်နေ့ သူ့ယောက်ကျားအိမ်မှာကျန်ခဲ့တဲ့ ဖုန်းကို ကြည့်လိုက်မိချိန်သူ့ယောက်ကျားက လူတစ်ယောက်နဲ့ ချိန်းထားတယ်တဲ့… သိချင်လို့ လိုက်ကြည့်မိတော့အထက်တန်းကျောင်းသားလေးတဲ့… မဟုတ်ဘူး အထက်တန်းကျောင်းသားလေး အမေပါပါသေးတယ်…အထက်တန်းကျောင်းသားလေး အမေကို မွေးနေ့ပွဲလုပ်ပေးနေပုံက ပြီးပြည့်စုံတဲ့ မိသားစုတစ်ခုလိုပဲ…သူ့ကိုသိပ်ချစ်တဲ့ယောက်ျားက တခြားမိန်းမကို ပြုံးရယ်ပြနေသတဲ့လား…သူနဲ့ပဲဆိုင်တဲ့ အပြုံးတွေက တခြားသားအမိနဲ့လည်း ဆိုင်တယ်တဲ့လား…သူ့သားလေးအပေါ် အေးစက်သလောက် သူများသားအပေါ် အရမ်းတွေ ကြင်နာပြနေတယ်တဲ့လား…သူ့သားလေးအဖေက သူများသားအဖေပါဖြစ်နေပြီလား…သူတို့က ဘယ်အချိန်တည်းက ဒါမျိုးတွေဖြစ်နေကြတာလဲ…မေးခွန်းပေါင်းများစွာနဲ့ သူမဟာ မူးမေ့မတတ်ဖြစ်သွားပါတော့တယ်။ အဲ့ဒီကလေးအမေဟာလဲ သူတို့နဲ့ကျောင်းတုန်းက အတန်းတူတွေပဲဆိုတော့သူချစ်ရတဲ့ခင်ပွန်းဟာ ဘယ်အချိန်ကတည်းက သူမကို ဖောက်ပြန်နေတာလဲ….ရှေ့ဆက်ခရီး ဘယ်လိုဆက်မလဲ…သူမခံစားနေရတာတွေအတွက် ဘယ်လိုတွေ လက်စားချေမလဲဆိုတာ….။ သူ့လောက် လောင်တဲ့ကားတောင် သူ့လောက်မလောင်တာမို့…တစ်ခုခုနဲ့ လောင်ပြီး စိတ်အပန်းဖြေချင်ရင် ဒီဂျပန်စီးရီးလေးကို ကြည့်လိုက်ကြပါနော်။ File Size –800 MB /400 MB (Appx;) @EpisodeQuality – WEB-DL 1080p/720PDuration – 50 min (@Episode)Subtitle – Myanmar HardsubFormat – mp4Genre : Thriller, Psychological, Romance, DramaTranslator –Chu ChuEncoder – Ka Naung Download Season(1)Complete============== Episode-1 (1080p) >>>Yoteshin/Gdtot/MegaUp/Usersdrive Episode-1 (72op) >>>Telegram/Yoteshin/Gdtot/MegaUp/Usersdrive/StreamSB – ကျန်ရှိသောအပိုင်းများကို ထွက်ထွက်ချင်းထပ်မံတင်ဆက်သွားပါမည်။ -အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။...
The Mallorca Files (2019) ⭐IMDB: 6.7/10 (3 k Votes) 🎬 #Crime #Drama 🗓 2019 🎞 tv series 🌎 #UnitedKingdom #France #Germany #Spain ⏰ 46 မိနစ် 2 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Mallorca Files (2019) Season 1Genre – Crime, DramaIMDB – 6.7/10 စပိန်နိုင်ငံရဲ့ လှပတဲ့ကျွန်းလေးတစ်ကျွန်းပေါ်မှာ ခပ်မြူးမြူးတီးလုံးလေးတွေနဲ့အတူလူမျိုးမတူ စရိုက်မတူတဲ့ စုံထောက်နှစ်ဦး ဒုစရိုက်မှုတွေကိုလိုက်လံဖြေရှင်းကြတာ ကြည့်ရမယ့် BBCထုတ်စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ စုံထောက်ဘလိတ်ခ်ဆိုတာက ဗြိတိသျှသူတစ်ယောက်။မယောရ်ကာကျွန်းပေါ်ကနေ လူဆိုးတစ်ယောက်ဖမ်းလာပြီး လန်ဒန်ကို ပြန်ပို့ရတော့မှာ။ အဲဒီမှာတင် လူဆိုးက အသတ်ခံရပြီး ပြဿနာတက်တော့ အထက်အရာရှိကလန်ဒန်ကိုပဲ ပြန်လာပါတော့ သူတို့ ဖြေရှင်းပေးမယ်ဆိုတာကိုလက်မလျှော့ချင်တဲ့စိတ်နဲ့ ဆက်နေပြီး ဖြေရှင်းဖို့ ဖြစ်လာတော့တယ်။ ဒါပေမဲ့လည်း မယောရ်ကာရဲဌာနကတော့ တစ်ယောက်တည်း မလိုက်နဲ့အဖော်ထည့်ပေးမယ်ဆိုပြီး ထူးထူးခြားခြား အမှုလိုက်တတ်တဲ့လူပျော်ကြီး ဂျာမန်စုံထောက်မက်စ်နဲ့ ထည့်ပေးလိုက်ရော။ အဲဒီမှာတင် အလုပ်ဆိုရင် ရုပ်တည်ကြီးနဲ့ စနစ်တကျ မပြုံးမရယ် အသေကောင်လိုပဲ လုပ်တတ်တဲ့ ဗြိတိသျှသူနဲ့ဘာနေနေ ကပျက်ကချော်နဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း မလုပ်ပဲ ပေါက်ကရ လုပ်တတ်တဲ့ ဂျာမန်သားတို့ နှစ်ယောက်ပူးပေါင်းပြီးစပိန်နိုင်ငံက မယောရ်ကာကျွန်းလေးပေါ်က ရာဇဝတ်မှုတွေကို ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာ ပေါ့ပေါ့ပါးပါး ကြည့်ရမှာပါ။ Season တစ်ခုကို အပိုင်း ၁၀ ပိုင်း ပါဝင်ပြီး Season ၃ခုထိ ထွက်ရှိထားပြီး အကုန်လုံးကို CMမှတင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးလို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thura ~ Wunna ~ MMHein ~ Zwe ~ Vတို့ဖြစ်ပါတယ်)...
The Tyrant (2024) ⭐IMDB: 9.6/10 (5 Votes) 🎬 #Action #Adventure #Drama 🗓 2024 🎞 tv series 🌎 #SouthKorea ⏰ 51 မိနစ် 37 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Tyrant (2024) *********************** အပိုင်းသစ် (၁ မှ ၄) စ/ဆုံး မင်းသားကြီး Cha Seung-Won နဲ့ Kim Sun-Ho တို့သာမက မင်းသား Kim Kang-Woo နဲ့ မင်းသမီး Joo Yoon-su တို့အပြင် အခြားနာမည်ကြီးတွေပါဝင်ထားတဲ့ အမိုက်စားအက်ရှင်ကားသစ်ကြီး ထွက်လာပါပြီ။ ဇာတ်လမ်းအညွှန်းကတော့- Tyrant လို့ခေါ်တဲ့ Program ရဲ့ နောက်ဆုံးနမူနာဟာ တစ်နေရာကိုပို့ဆောင်ရင်း မတော်တဆ ပျောက်ဆုံးသွားပါတော့တယ်။ ဒါရိုက်တာ ချွဲ (Kim Sun-Ho)ကတော့ အစိုးရအဖွဲ့အစည်းတစ်ခုရဲ့ ဗျူရိုဒါရိုက်တာဖြစ်ပေမဲ့ ဒီ Tyrant program ကို တရားမဝင်ခွဲခြမ်းစိတ်ဖြာနေတဲ့သူပါ။ အင်ဆန်း (Cha Seung-Won) ကတော့ အေးဂျင့်အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီးတော့ Tyrant Program နဲ့ ပတ်သတ်တဲ့သူမှန်သမျှကို လိုက်ရှင်းပစ်နေတဲ့သူပေါ့။ Paul (Kim Kang-Woo)ကတော့ နိုင်ငံခြားထောက်လှမ်းရေး အေဂျင်စီတစ်ခုရဲ့ အေးဂျင့်တစ်ဦးဖြစ်ပြီး Tyrant Program ရဲ့ နောက်ဆုံးနမူနာကို ဖျက်ဆီးပစ်ဖို့အတွက် အမိန့်ရထားတဲ့သူပါ။ ဒီလိုနဲ့ ပျောက်ဆုံးသွားတဲ့ Tyrant Program ကို မတူညီတဲ့ရည်ရွယ်ချက်အသီးသီးနဲ့ ပြန်လည်ရယူဖို့ကြိုးစားရင်း အချင်းချင်း ဘယ်လိုဘယ်ပုံ ရင်ဆိုင်တိုက်ခိုက်သွားကြမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Hsu Pyae မှ ရေးသားထားပါတယ်။)...
The Abandon (2022) ⭐IMDB: 4.3/10 (1 k Votes) 🎬 #Horror #SciFi #Thriller #ScienceFiction 🗓 2022 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 37 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အီရတ်နဲ့ စစ်ပွဲမှာ စစ်တိုက်ရင်း ဒဏ်ရာရသွားတဲ့ စစ်သား Miles Willis တစ်ယောက် အဖြူရောင်အလင်းတန်းကို မြင်ပြီး ထူးဆန်းတဲ့ ကုဗတုံးပုံအခန်းထဲမှာ နိုးလာတယ်။ ကုဗတုံးပုံအခန်းဟာ မြေဆွဲအားအလိုက် ရုတ်တရက် ဦးတည်ချက်တွေပြောင်းလဲတာတွေ၊ အပူချိန်ပြောင်းလဲတာတွေ၊ အခန်းကျဉ်းလာတာတွေကြောင့် Miles တစ်ယောက် သူ့ရဲ့ဒဏ်ရာအခြေအနေ ပိုဆိုးလာခဲ့တယ်။ ဒါ့အပြင် အခန်းနံရံပေါ်မှာလဲ စာလုံးတွေ သင်္ကေတတွေဟာ တစ်ခုပြီးတစ်ခုပေါ်လာပြီး Miles ကို အဖြေရှာလို့မရအောင်ဦးနှောက်ခြောက်စေခဲ့တယ်။ အဲ့သင်္ကေတတွေကရောဘာလဲ။ Miles တစ်ယောက် အခန်းထဲကရော အသက်ရှင်လျက်ထွက်လာနိုင်မှာလားဆိုတာတော့ Thriller/Sci-Fi ကြိုက်တဲ့သူတွေအတွက် The Abandon ဆိုတဲ့ကားလေး အကြိုက်တွေ့စေမှာပါ။...
