ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Spinning Gold (2023)
⭐IMDB: 6.3/10 (867 Votes)
🎬 #Biography #Drama #Music #Musical
🗓️ 2023 🎞️ Movie
📺 #1080p #720p #480p
💿 2.0 GB ⦿ 1.0 GB ⦿ 538.6 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 18 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Spinning Gold (2023)
ဒါကတော့ မှတ်သားလောက်ဖွယ်ရာ လူတစ်ယောက်ရဲ့အတ္ထုပ္ပတ္ထိဇာတ်လမ်းပါ။ဒီဇာတ်လမ်းကို သူ့ဘဝအကြောင်းသူပြန်ပြောနေပုံနဲ့ရိုက်ကူးထားပြီး ဒီဇာတ်လမ်းမှာ သူကလူတိုင်းကို စိန်ခေါ်ထားပါတယ်။
“မင်းတို့ ငါ့နာမည်ကိုမမှတ်မိဘူးဆိုတာမင်းတို့တစ်ယောက်ချင်းကို ဒေါ်လာတစ်ရာစီလောင်းရဲတယ်ဒါပေမဲ့ ငါက မင်းတို့ကို ကခုန်စေခဲ့တယ်တဲ့”
သူ့ကိုမမှတ်မိရင်တောင် သူနဲ့ပတ်သက်ခဲ့သူတွေကိုတော့ ဂီတချစ်သူတွေဆို သေချာပေါက်သိကြမှာပါ။Kiss, The Village People, George, Donna Summer,Bill Withers, Isley Brothers, Parliament နဲ့တခြားအဆိုရှင်ပေါင်းများစွာပါပဲ။Donna Summer ရဲ့ Orgasmic moan တွေပါဝင်ပြီး၁၇ မိနစ်တာကြာတဲ့ Love to Love You သီချင်းကိုလဲ ပရိသတ်ကစွဲစွဲထင်ထင်ရှိနေဦးမယ်လို့ထင်ပါတယ်။ဒီအဆိုကျော်ကြီးတွေက သိပ်ကိိုထူးခြားပြည့်စုံသူတွေဖြစ်ကြပေမယ့် သူတို့ရဲ့ထူးခြားမှုကိုပရိသတ်တွေလက်ခံနိုင်ဖို့ သူတို့ဂီတတွေကိုလက်ခံနိုင်ဖို့သူတို့အိပ်မက်တွေကိုအသက်သွင်းပေးခဲ့သူကတော့ ဒီဇာတ်လမ်းရဲ့ဇာတ်ကောင် ကာဆာဘလန်ကာဓာတ်ပြားခွေထုတ်လုပ်ရေးရဲ့တည်ထောင်သူ နီးလ်ဘိုးဂတ်ပါပဲ။ဒီဇာတ်လမ်းကသိပ်ပြည့်စုံလွန်းနေတာကြောင့် ဘာမှထပ်မညွှန်းလိုတော့ပါဘူး။ဒီဇာတ်လမ်းကို နီးလ်ရဲ့သားဖြစ်သူကရိုက်ကူးထားတာပါ။နီးလ်ကသူ့သားငယ်စဥ်မှာပဲဆုံးပါးသွားခဲ့တော့ အဖေ့ကိုသေချာ သိခွင့်မရခဲ့တဲ့သားက အဖေ့မိတ်ဆွေတွေကိုလိုက်မေးမြန်းပြီး ဒီဇာတ်လမ်းကိုရေးဖွဲ့ထားပါတယ်။လူတွေရဲ့မှတ်ဥာဏ်ကထူးဆန်းတယ်တဲ့။ လူတွေကလဲသူတို့မှတ်မိချင်ရာကိုမှတ်မိကြပြီး မေ့ချင်ရာကိုမေ့ပစ်တတ်ကြတယ်။အဲ့တော့ဒါအားလုံးကအမှန်လားဆိုရင်တော့ မဟုတ်ပါဘူး။နီးလ်ဘိုးဂတ်လို ဘဝကတိုတောင်းခဲ့ပေမယ့် အဲ့ဒီဘဝတိုလေးမှာပဲ သူ့ရဲ့ကိုယ်ပိုင်အိပ်မက်တွေအပြင်သူများတွေရဲ့အိပ်မက်တွေအများကြီးကိုပါ အသက်သွင်းပေးခဲ့တဲ့လူတစ်ယောက်ရဲ့ဘဝဇာတ်လမ်းကို ဘယ်လိုလုပ်အတိအကျပြောနိုင်မလဲ။နည်းနည်းလျှော့ပြောတာလေးတွေရှိမယ် ချဲ့ကားပြောထားတာလေးတွေရှိမယ်ဇာတ်လမ်းသွားကောင်းအောင်ပြင်ဆင်ထားတာလေးတွေရှိမယ်။ဒါပေမဲ့သားတစ်ယောက် အဖေတစ်ယောက်အတွက်အမှတ်တရဖန်တီးထားတဲ့အမှန်တွေမဟုတ်ရင်တောင် အမှန်တွေပဲဖြစ်တဲ့ဒီဇာတ်လမ်းကိုကြည့်ရှုရင်းတစ်ခေတ်တစ်ခါကအဆိုကျော်ကြီးတွေ သူတို့သီချင်းတွေနဲ့လဲရင်းနှီးခွင့်ရမယ့်ဇာတ်လမ်းကောင်းပါပဲ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။
{21+}Sweaty Miyuki Yokoyama [MXGS-633 ]
⭐⁉️
🎬 ##Adult #Asian
🗓️ ⁉️ 🎞️ Movie
📺 #1080p #720p
💿 2.0 GB ⦿ 1.0 GB
🌎 #⁉️
⏰ 2 နာရီ 3 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မီယူကီ ရဲ့ ဆင်ဆာမပါတဲ့အလှလေးတွေကို ရင်ခုန်ကြည့်မယ်ဂျပန်မ လှလှလေးတွေက ရင်ခုန်စရာအသစ်ဆန်းတွေရှာတက်ကြတယ်အချောလေးတွေက အထိတွေ့ကို ပုံစံမျိုးစုံခံစားကြည့်ချင်ကြတယ်ဒါရိုက်တာတွေကလည်း အချောလေးတွေကို အမှီလိုက်ရရှာတယ်အချောလေးတွေက ဘယ်လောက်ပဲ ပင်ပန်းပါစေ အစွမ်းကုန်ပွင့်လန်းတာပါပပဲ
ဒီဇာတ်ကားလေးက အချောလေး မီယူကီရဲ့ ခံနိုင်အားကိုစမ်းသပ်တယ်ဆိုလည်းမမှားပါဘူးမီယူကီ ကချွေးထွက်တာကိုအရမ်းမုန်းတယ်လေသူ့ကို ဆက်တင်ချထားတာက ချွေးနဲ့ နပန်းလုံးရမဲ့ ရိုက်ကွင်းသူချွေးတွေကို ဘယ်လို ရုန်းကန်မလဲသူဘယ်လောက်ထိရင်ခုန်စိတ်လှုပ်ရှားပြီးသူ့အထင်နဲ့အမြင် ဘယ်လိုတက်တက်စင်အောင် လွဲသွားသလဲဆိုတာDS Fans တွေ သိရအောင် အခုပဲကြည့်သင့်ပါတယ်
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။
Citadel (2012)
⭐IMDB: 5.4/10 (7 k Votes)
🎬 #Drama #Horror #Thriller
🗓️ 2012 🎞️ Movie
📺 #1080p #720p #480p
💿 1.3 GB ⦿ 626.5 MB ⦿ 346.5 MB
🌎 #Ireland #UnitedKingdom
⏰ 1 နာရီ 25 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တွမ်မီကူလီဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ သူရဲ့ဇနီးဖြစ်သူ ထူးဆန်းတဲ့ကလေးတစ်သိုက်တိုက်ခိုက်ခံရပြီးချိန်ကစပြီးတော့ နာတာရှည်လူအုပ်ကြောက်ရောဂါကို ခံစားနေရသူဖြစ်ပါတယ်။ ပျက်စီးနေတဲ့နေရာတစ်ခုဖြစ်တဲ့ အီဒင်တောင်းမှာပိတ်မိနေရင်းနဲ့ ဇနီးဖြစ်သူကိုတိုက်ခိုက်ခဲ့သည့်သူများ သမီးဖြစ်သူနောက်ကိုလိုက်နေတယ်ဟု ခံစားရကာထိတ်လန့်ခြောက်ခြားနေရာမှ မိမိထိတ်လန့်နေသော အရာကိုနားလည်ပေးတဲ့ တရားဟောဆရာတစ်ဦးနဲ့တွေ့ဆုံခဲ့ပါတယ်။ ဇနီးဖြစ်သူကို စောင့်ရှောက်ပေးခဲ့တဲ့သူနာပြုမလေးကတော့ တွမ်မီတစ်ယောက်အကြောက်လွန်ပြီးထင်ယောင်ထင်မှားဖြစ်တယ်ထင်ကာ ကူညီပေးဖို့ကြိုးစားပါတော့တယ်။ တရားဟောဆရာမှ ဖြစ်ကြောင်းကုန်စင်ကိုရှင်းပပြလိုက်သောအခါ တွမ်မီကူလီတစ်ယောက် အကြောက်လွန်နေခြင်းလား ဇနီးဖြစ်သူကိုတိုက်ခိုက်သွားတဲ့ကလေးတွေကရော ဘယ်ကလာတာလဲ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမှာလဲ စသည်ဖြင့် စိတ်ဝင်စားဖွယ်ကြည့်ရှုရမည့် သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်ပါတယ်။
Finding You (2021)
⭐IMDB: 6.4/10 (7 k Votes)
🎬 #Drama #Romance
🗓️ 2021 🎞️ Movie
📺 #1080p #720p
💿 1.9 GB ⦿ 797.0 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 59 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Genre – Romance, DramaIMDB – 6.4/10
စိမ်းလန်းတဲ့ရှုခင်းတောတောင်သဘာဝတွေနဲ့ အိုင်းရစ်ရှ်တေးဂီတ
တွေနဲ့အတူ ကမ္ဘာမတူတဲ့နှစ်ခုက လူနှစ်ယောက်ရဲ့ အချစ်
ဇာတ်လမ်းလေး ကြည့်ကြရအောင်ဗျာ။
ဇာတ်လမ်းလေးကတော့ တယောဂီတ လူရွေးပွဲမဝင်လို
စိတ်ပျက်လက်ပျက်နဲ့ နိုင်ငံခြားပရိုဂရမ်ယူပြီး အိုင်ယာလန်ကို
အစ်ကိုခြေရာအတိုင်းနင်းပြီး သွားမယ့်ကောင်မလေး
တစ်ယောက်။ သွားနေတဲ့လမ်းခရီးမှာတင် ဘတ်ကက်ဆိုတဲ့
နာမည်ကြီး မိန်းကလေးတွေအသည်းစွဲ ဟော့ရှော့မင်းသားနဲ့
တွေ့ခဲ့ပါတယ်၊ တွေ့ကတည်းက ဘုနဲ့ဘောက်ပေါ့။ အိုင်ယာလန်
မြိုငယ်လေးကိုရောက်တော့လည်း တည်းတဲ့နေရာမှာ
တစ်နေရာတည်းဖြစ်နေကြသောအခါ….
ဘဝကို အပြောင်းအလဲဖြစ်ချင်နေတဲ့ ကောင်မလေးတစ်ယောက်
ဒီနေရာသစ်တစ်ခုမှာ ပညာတွေဘယ်လိုယူပြီး တိုးတက်သွားနိုင်မလား…
စိတ်ကြီးဝင် အသောက်အစား အပျော်အပါးမက်တဲ့ ရုပ်ရှင်
မင်းသားတစ်ယောက်ရဲ့ ဘဝအမှန်တွေ….
တစ်ယောက်ကို တစ်ယောက် စတွေ့တုန်းက ကြည့်မရကြပေမယ့်
ဘယ်လိုအဆင်ပြေပြီး အထောက်အပံ့တွေ ပေးနိုင်သွားမယ်…
ဆိုတာကို ရိုက်ကူးထားတဲ့ အချစ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
ဒီရုပ်ရှင်မှာ စိမ်းစိုသာယာနေတဲ့ အိုင်ယာလန်ရှုခင်းတွေ
မျက်စိအေးအောင် ကြည့်ရမယ်၊ အိုင်ရှစ်ရိုးရာသံစဉ်တွေ
ဓလေ့တွေ လူအကျင့်စရိုက်လေးတွေ လေ့လာခွင့်ရမယ်။
ခွင့်လွှတ်ခြင်း၊ မေတ္တာတရား၊ မိသားစု၊ သံယောဇဉ်တွေ ရသအဖုံဖုံ
ခံစားရမှာပဲဖြစ်ပါတယ်။ အားလုံးပဲကြည့်ရှုခံစားပြီး
ဘဝအမောပြေပျောက်နိုင်ကြပါစေခင်ဗျာ….
( အညွှန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ပဲ ဖြစ်ပါတယ် )
Riceboy Sleeps (2022)
⭐IMDB: 7.6/10 (437 Votes)
🎬 #Drama #Family #History #Romance
🗓️ 2022 🎞️ Movie
📺 #1080p #720p
💿 1.9 GB ⦿ 930.3 MB
🌎 #Canada
⏰ 1 နာရီ 57 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Riceboy Sleeps (2022)
IMDb – 7.6/10, Rotten Tomatoes – 95% ~
90 ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားပြီး သားငယ်အတွက် ပိုကောင်းတဲ့ဘဝကိုရည်ရွယ်လို့ ကိုရီးယားကိုစွန့်ကာ ကနေဒါကိုလာခဲ့တဲ့ အာဃ မုဆိုးမလေး ဆိုယွန်းနဲ့ သားလေး ဒုံဟျွန်းတို့ ၂ယောက်အကြောင်းကို ကိုယ်ပိုင်မှတ်ဉာဏ်တွေလိုမျိုး ညှင်ညှင်သာသာလေး ဆွဲခေါ်ပြသွားမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားမှုတို့ ခွဲခြားဆက်ဆံမှုတို့လို အသုံးအနှုန်းတွေကို ရေရေလည်လည် သုံးတတ်ကြသူတချို့ဟာ ကိုယ်တိုင်က အဲ့ဒီ့လို ပြန်အထောက်ခံရတဲ့အခါ ဆတ်ဆက်ထိမခံဖြစ်တတ်ကြတဲ့သဘာဝကိုလည်း မြင်ရမှာပါ။
နိုင်ငံကြီးသားဆိုတာ နိုင်ငံက “ကြီး” နေတာကို ပြောတာမဟုတ်ဘဲ လူက ကြီးမြတ်တာကို ပြောတာဆိုသလိုပါပဲ “နိုင်ငံကြီး”မှာနေသလောက် “နိုင်ငံကြီးသား” မဟုတ်တဲ့ သူတွေနဲ့ နေ့စဉ်ဘဝမှာ ရင်ဆိုင်ရမယ့် အရှေ့တိုင်းသား သားအမိရဲ့ နိစ္စဓူဝဒုက္ခအဖုံဖုံ…။
အက်ရှင်ကားတို့ ဒရမ်မာ အပြင်းစားတို့ မဟုတ်ပေမယ့်လည်း ကြည့်သူကို ထပ်တူကျလိုက်ခံစားမိစေမယ်ဆိုတာတော့ အာမခံနိုင်ပါတယ်။ ကိုယ်တိုင်လည်း အရှေ့တိုင်းသားဖြစ်တဲ့အလျောက် ဒီထဲက ဆိုယွန်းဟာ ကိုယ့်အမေ မဟုတ်၊ ကိုယ်အမေနဲ့ တစ်စက်မှ မတူသည့်တိုင် အမေ့ကို ပြန်သတိရစေမယ့် ခံစားမှုမျိုးကို ပေးနိုင်တဲ့ သိပ်လှတဲ့ ရုပ်ရှင်တစ်ခုပါ။
ရုပ်ရှင်သမားတွေအတွက်ပြောချင်တာကတော့ ဒီရုပ်ရှင်ဟာ တစ်ကားထဲမှာတင် Aspect Ratio ၂ခု သုံးသွားတယ်ဆိုတာလေးပါ။ ဘယ်နေရာမှာ ဘယ်လိုပြောင်းသွားပြီး ဘာကြောင့်များ ပြောင်းသုံးသလဲဆိုတာ လေ့လာချင်တယ်ဆိုရင်တော့ ဒေါင်းကြည့်လိုက်ရုံပါပဲ။
ရုပ်ရှင်ဖန်တီးသူ Anthony Shim ဟာ သူ့ငယ်ဘဝရဲ့ တမ်းတစရာတချို့တွေကို ဒီရုပ်ရှင်မှာ ဖော်ပြသွားတာ ရင်နှင့်အမျှပါပဲ။ နောက်ပြီး TIFF တို့ Busan တို့လို ပွဲကြီးတွေရဲ့ ဆုတွေအပါအဝင် ဆုပေါင်း ၂၃ ဆုရရှိထားပါသေးတယ်…။
(ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)
Star Dancer (2023)
⭐IMDB: 2.1/10 (8 Votes)
🎬 #Adult #Drama #Thriller
🗓️ 2023 🎞️ Movie
📺 #1080p #720p
💿 1.8 GB ⦿ 771.4 MB
🌎 #Philippines
⏰ 1 နာရီ 34 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Star Dancer (2023)
အိုဒတ်ဆာဟာ မနီလာမှာရှိတဲ့ ဘဲလေးကျောင်းတစ်ကျောင်းမှာ ပညာသင်ဆုရခဲ့ပေမယ့်လည်း ကံဆိုးစွာပဲ ခြေထောက်မှာဒဏ်ရာရခဲ့ပြီး အနားယူရာကနေ ဘယ်တော့မှ ဘဲလေးပြန်မကနိုင်တော့ဘူးဆိုတာသိရပြီး ကျောင်းထွက်ခဲ့ရပါတယ်။ အဆောင်အတူနေ သူငယ်ချင်းကောင်မလေးတွေက သူတို့အလုပ်လုပ်တဲ့ကလပ်မှာ Dancer အဖြစ်လျှောက်ဖို့ပြောလို့ လိုက်သွားခဲ့မိရာကနေ ကလပ်ပိုင်ရှင်ရဲ့သား ပရင်စ့်ဆိုသူက မျက်စိကျပြီး မြှောက်စားတဲ့နောက် သူဟာ Lakeside ဆိုတဲ့ကလပ်မှာ Star Dancer တစ်ယောက်ဖြစ်လာပါတော့တယ်။
မပြေလည်တဲ့ မိသားစုကိုထောက်ပံ့နေရတဲ့ သူ့အတွက် ကလပ်ကရတဲ့ ညကြေးတွေနဲ့တင် မလုံလောက်တဲ့အခါ အခန်းဝင်ဖို့ တစ်ဆင့်တက်ဖို့ ကမ်းလှမ်းတာတွေကြုံရတဲ့ကြားက ပရင်စ့်ရဲ့မျက်နှာကိုထောက်ပြီးသူထိန်းချုပ်ထားခဲ့ပေမယ့်လည်း တစ်ချိန်တုန်းက ကလပ်ရဲ့ Star Dancer ဟောင်း ဂျီဆဲလ်ဆိုတဲ့ မိန်းမလှလေးပြန်ရောက်လာတဲ့အချိန်မှာတော့ အခြေအနေတွေတစ်မျိုးတစ်ဖုံပြောင်းလဲလာပါတော့တယ်။
ဘာကြောင့်လဲဆိုတော့ ဂျီဆဲလ်ဟာ ကချေသည်ဟောင်းတစ်ယောက်ဖြစ်ရုံမက သူ့လက်ရှိချစ်သူ ပရင်စ့်ရဲ့ရည်းစားဟောင်းတစ်ယောက်လည်းဖြစ်နေလို့ပါပဲ။
ရင်းနှီးပြီးသားဖြစ်လောက်မယ့် မင်းသမီးချောလေး Denise Esteban နဲ့ ပြီးခဲ့တဲ့ Stalkers Series မှာ Apple အဖြစ်၊ Pantaxa Laiya မှာ Host အဖြစ် ပါဝင်ခဲ့တဲ့ Rose Van Ginkel တို့ရဲ့အကအလှ အကြီး အကျယ် ပြိုင်ဆိုင်မှုတွေကိုဆက်လက်ရှုစားကြပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)
Danger Close (2019)
⭐IMDB: 6.8/10 (14 k Votes)
🎬 #Action #Drama #War
🗓️ 2019 🎞️ Movie
📺 #1080p #720p #480p
💿 2.5 GB ⦿ 1.0 GB ⦿ 637.5 MB
🌎 #Australia
⏰ 1 နာရီ 59 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Danger Close: The Battle of Long Tan (2019)
၁၉၆၆ ခုနှစ် ဩဂုတ်လမှာ လောင်းတန်လို့ ခေါ်တဲ့ ဗီယက်နမ်တွေရဲ့ ရော်ဘာစိုက်ခင်းတစ်ခုထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဩစတြေးလျနဲ့ နယူးဇီလန် နိုင်ငံက အတွေ့အကြုံမရှိသေးတဲ့ လူငယ် စစ်သား ၁၀၈ ယောက် နဲ့ အတွေ့ကြုံရှိတဲ့ မြောက်ဗီယက်နမ်နဲ့ ဗီယက်ကောင်း စစ်သား ၂၅၀၀ တို့ ရဲ့ တိုက်ပွဲပါ။
မိုးထဲရေထဲ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေပါ ကုန်သွားတဲ့အခါမှာတော့ တိုက်ပွဲအတွေ့အကြုံ နုနယ်သေးတဲ့ လူငယ်လေးတွေ သူတို့ ဆက်ပြီး ယှဉ်သန်နိုင်ဖို့ ဘယ်လိုတွေ ကျားကုတ်ကျားခဲ ရှေ့ဆက်ရမလဲ?
နယ်မြေကျွမ်းကျင်တဲ့ ဗီယက်ကောင်းတွေလက်ထဲ သားကောင်မဖြစ်သွားဖို့အတွက်ဆို သူတို့ ဘာဆက်လုပ်ကြမလဲ? ဆိုတာ …
End of Watch (2012)
⭐IMDB: 7.6/10 (257 k Votes)
🎬 #Crime #Drama #Thriller #Action #Adventure
🗓️ 2012 🎞️ Movie
📺 #1080p #720p #480p
💿 2.3 GB ⦿ 1.2 GB ⦿ 719.8 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 49 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2012 ခုနှစ်ကထွက်ရှိထားတဲ့ Action & Crimes ရုပ်ရှင်အမျိုးအစားဖြစ်ပြီး IMDb 7.6/10 အထိရရှိထားပါတယ် ဇာတ်လမ်းမှာတော့ Brian နဲ့ Zavala ဆိုတဲ့ရဲအရာရှိနှစ်ယောက်ဟာ လော့စ်အိန်ဂျလစ်မြို့မှာနေ့စဉ်ကင်းလှည့်ရင်း လူဆိုးတွေနဲ့ရာဇဝတ်မှုတွေနှိမ်နင်းနေတာကိုတွေ့ရမှာပါ သူတို့နေ့တိုင်းလူဆိုးတွေဖမ်းရင်းဘာတွေကြုံတွေ့ရမလဲဆိုတာကိုစောင့်ကြည့်ရတာတကယ့်ကိုစိတ်လှုပ်ရှားစရာပါပဲ ဒီဇာတ်ကားမှာသရုပ်ဆောင်ဖို့အတွက် အဓိကဇာတ်ဆောင်နှစ်ယောက်က LAရဲဌာနမှာ ငါးလလောက်ရဲတွေနဲ့အတူသွားနေပြီးလေ့ကျင့်ခဲ့ရပါတယ်တဲ့ ရဲကားအက်ရှင်ကားကောင်းကောင်းကြိုက်တဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုပါပဲ
The Memory of a Killer (2003)
⭐IMDB: 7.2/10 (10 k Votes)
🎬 #Action #Crime #Drama #Uncategorized #Thriller
🗓️ 2003 🎞️ Movie
📺 #1080p #720p
💿 2.4 GB ⦿ 904.1 MB
🌎 #Belgium
⏰ 1 နာရီ 59 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အယ်(လ်)ဇိုင်းမားဆိုတဲ့ရောဂါ အကြောင်းကြားဖူးလား။
မှတ်ဉာဏ်တွေပျောက်သွားတဲ့ ရောဂါပေါ့။
တံခါးပိတ်ခဲ့ပြီလား ၊သော့ဘယ်နားထားလဲ စတဲ့
အကြောင်းအရာသေးသေးလေးတွေကနေစပြီး လူတွေ၊
နာမည်တွေ၊လမ်းတွေ မမှတ်မိတော့တာမျိုးအထိဖြစ်တတ်
တယ်။ပြီးတော့ အဲ့ရောဂါရရင် အနီးစပ်ဆုံး(လတ်တလော)
ဖြစ်ထားတဲ့ အဖြစ်အပျက်တွေက စပြီး မေ့တတ်တယ်တဲ့။
တစ်ကိုယ်တည်းရှင်သန်ရတာ တော်တော်ခက်ခဲမယ့် ရောဂါမျိုးပေါ့။
သာမာန်လူတစ်ယောက်အတွက်တောင် ဘဝရှင်သန်မှုကို
ကပြောင်းကပြန်ဖြစ်အောင် လုပ်နိုင်တဲ့ ဒီရောဂါက လူသတ်သမား
တစ်ယောက်မှာ ရှိနေမယ်ဆိုရင်ရော၊၊ဘယ်လိုဖြစ်မယ်ထင်လဲ၊၊
ဒီဇာတ်ကားက အန်ဂျလို လဲဒါ ဆိုတဲ့ အယ်(လ်)ဇိုင်းမားရောဂါရှိတဲ့
လူသတ်သမားအဘိုးကြီးတစ်ယောက် အကြောင်းရိုက်ထားတာ၊၊
သူ့ခေတ်သူ့အခါက သျှမ်းသျှမ်းတောက် ကြေးစားဆိုပေမယ့်
ရောဂါဖိတဲ့ဒဏ်ကိုခံလာရတော့ အနားယူဖို့ စဉ်းစားရတာပေါ့၊၊
ဒါပေမယ့် သူအနားမယူခင်မှာ အလုပ်တစ်ခုလာအပ်တယ်၊၊
ဘယ်(လ်)ဂျီယံနိုင်ငံကို သွားပြီး လူသတ်ပေးဖို့တဲ့၊၊အနားယူဖို့
စဉ်းစားထားပေမယ့် နောက်ဆုံးအနေနဲ့လုပ်ပေးပါကွာဆိုတဲ့
တောင်းဆိုချက်ကြောင့် အဘိုးကြီးလည်း လက်ခံလိုက်တယ်၊၊
ဒီနေရာမှာ ဖြတ်ပြောရရင် အန်ဂျလိုဟာ လူသတ်သမားဆိုပေမယ့်
သူ့စည်းနဲ့ သူရှိတယ်၊၊(၁၃)နှစ်အောက်ကလေးတွေကို မသတ်ဘူး၊၊
ကလေးတွေကို လိင်ပိုင်းအရဖိနှိပ်တာတွေ အကြမ်းဖက်တာတွေဆို
လက်မခံဘူး၊၊ ဖြစ်ချင်တော့ အခုနောက်ဆုံးဆိုပြီး သူလက်ခံလိုက်တဲ့
အလုပ်မှာ ကလေးတစ်ယောက်ကို သတ်ပေးဖို့ဖြစ်လာတယ်၊၊
အလုပ်အပ်တဲ့လူတွေကလည်း ဘယ်(လ်)ဂျီယံမှာ အာဏာရှိ
ပါတယ်ဆိုတဲ့ ထိပ်တန်းနိုင်ငံရေးသမားမိသားစု၊၊
အန်ဂျလို လဲဒါတစ်ယောက် ဘာဆက်လုပ်မလဲ၊၊
သူ့ရဲ့ရပ်တည်ချက်စည်းမျဉ်းတွေကို နောက်ဆုံးတစ်ခေါက်မှာ
ဖောက်ဖျက်လိုက်မလား၊၊
အယ်(လ်)ဇိုင်းမားရောဂါနဲ့ သူ့လူသတ်သမားအလုပ်နဲ့ရော ဘယ်လို
နှစ်ပါးသွားမလဲ၊ စတာတွေကို ဒီဇာတ်ကားမှာ ကြည့်ရမှာဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Dutch စကားပြော
အက်ရှင်ကားဖြစ်ပါတယ်၊၊
IMDB မှာလည်း 7.2/10 ရရှိထားပြီး Leon : The Professional
နဲ့တောင် ယှဉ်လို့ရတယ်ဆိုတဲ့ အထိညွှန်းကြတာကြောင့်
ကြည့်ရှုကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်၊၊
( ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ် )
Priest of Evil (2010)
⭐IMDB: 5.8/10 (2 k Votes)
🎬 #Action #Mystery #Thriller
🗓️ 2010 🎞️ Movie
📺 #1080p #720p
💿 1.9 GB ⦿ 788.9 MB
🌎 #Finland
⏰ 1 နာရီ 46 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့ကို သည်းထိတ်ရင်ဖို့
ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်ကားနာမည်ကတော့ Priest of Evil ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ တီမိုက
ရဲတစ်ယောက်ပါ။ ဘဝကို မိသားစုနဲ့အတူ ပျော်ရွှင်စွာ
ဖြတ်သန်းနေသူဆိုလည်း ဟုတ်ပါတယ်။ တစ်နေ့မှာတော့
သမီးဖြစ်သူ အယ်မီက သူငယ်ချင်းတွေနဲ့အတူ အပြင်
သွားဖို့လုပ်ခဲ့တယ်။ အဖေဖြစ်တဲ့ တီမိုက တာဝန်ချိန်ပြီးတဲ့
အခါမှာ သွားကြိုပေမဲ့ ကံမကောင်းစွာပဲ အယ်မီဟာ
သေဆုံးသွားခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီးတော့
မိန်းမဖြစ်သူနဲ့ ကတောက်ကဆဖြစ်ပြီး အိမ်ထောင်ရေး
မသာယာခဲ့တော့ပါဘူး။ ဒါ့အပြင် တရားခံကိုလည်း ရှာမတွေ့ခဲ့ပါဘူး။
နှစ်အနည်းငယ်ကြာပြီးနောက်မှာ မြေအောက်ရထားလူသေမှု
တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ တီမိုတို့အဖွဲ့က အဲဒီအမှုကို
လိုက်ရတာပါ။ အဲဒီအမှုလိုက်ရင်းနဲ့မှ အရင်က ကိုယ့်ကိုယ်ကိုယ်
အဆုံးစီရင်မှုလို့ သတ်မှတ်ထားတဲ့ အမှုဟောင်းတွေနဲ့ သွားချိတ်
ဆက်နေခဲ့တာကို သိခဲ့ရတယ်။ နောက်ဆုံးမှာတော့ ဒီအမှုဟာ
ထင်သလောက်မရိုးရှင်းပဲ ကွင်းဆက်လူသတ်သမားဖြစ်နိုင်တယ်လို့
ကောက်ချက်ချခဲ့တယ်။ အဲဒီလိုကနေ သမီးဖြစ်သူ သေဆုံးခဲ့တဲ့
အမှုနဲ့ နွှယ်နေတာကို တွေ့ခဲ့ရပါတယ်။
ကဲ…ဒီလိုဆိုရင် တီမိုက အဲဒီလူသတ်သမားက ဘယ်သူလဲဆိုတာ
ဖော်ထုတ်နိုင်မလား၊ ဘယ်လိုဖော်ထုတ်သွားမလဲ၊
အဲဒီလူသတ်သမားက တကယ်ပဲ သူ့သမီးရဲ့ သေဆုံးမှုနဲ့
ဆက်နွှယ်နေသူလား၊ သူက ပြစ်မှုတွေကို ဘာလို့ကျူးလွန်
နေရလဲဆိုတာကိုတော့ Priest of Evil ဆိုတဲ့ ဒီဇာတ်ကားထဲမှာ
ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုလိုက်ကြပါနော်။
Anatomy of Time (2021)
⭐IMDB: 6.4/10 (210 Votes)
🎬 #Drama
🗓️ 2021 🎞️ Movie
📺 #1080p #720p #480p
💿 1.9 GB ⦿ 946.4 MB ⦿ 468.8 MB
🌎 #Thailand #France #Netherlands #Singapore
⏰ 1 နာရီ 58 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Anatomy of Time (2021)
နာမည်နဲ့လိုက်အောင်ကိုပဲ ဒီကားရဲ့ အချိန်စဉ်တွေက ဟိုတစ်စ ဒီတစ်စဆိုသလိုဖြစ်နေတယ်။အဖြစ်အပျက်စဉ်အလိုက်တော့မဟုတ်ဘူး ဒါပေမဲ့ အချိန်ကာလအားဖြင့်တော့ ၂ခုကို သုံးထားတယ်။မိန်းမတစ်ယောက်ရဲ့ အပျိုဘဝနဲ့ အဘွားကြီးဖြစ်သွားတဲ့အချိန်ပေါ့။ဒီနေရာမှာ သူက ဒီအမျိုးသမီးရဲ့ ငယ်ဘဝကို ပုံဖော်တဲ့နေရာမှာ အရောင်တွေစိုစိုပြည်ပြည်သုံးထားသလိုခန္ဓာလှုပ်ရှားပုံဖော်မှုတွေကအစ ရမ္မက်နဲ့သိချင်စိတ်ကို မြင်နေရတယ်။ တော်တော်လေးသိသိသာသာပါပဲ။ဒါတော့ ဒီထိုင်းဒါရိုက်တာရဲ့ အားသာချက်လို့ပြောရမလား မင်းသမီးရဲ့သရုပ်ဆောင်စွမ်းကိုပဲ ချီးကျူးရမလားပါပဲ။နောက် သူ့အဖေက နာရီပြင်ဆရာဖြစ်သလို ဒီကားရဲ့ အပြတွေရဲ့ ဖြည့်စွက်မှုတစ်ခုလိုဖြစ်နေတဲ့ အရှေ့တိုင်းဖလော်တွေကို ပြောသွားတဲ့လူပေါ့။ဒီဇာတ်ကောင်ကို တည်ဆောက်ထားတာ တော်တော်ဝေဝါးပေမဲ့ သူ့ထည့်ချင်တဲ့အဖြည့်တစ်ခုနဲ့ ပဟေဠိတစ်ခုကို ထည့်ပေးနိုင်တဲ့ ဇာတ်ကောင်လို့မြင်ရတယ်။နောက်ထပ်မြင်ရတဲ့ ဇာတ်ကောင်က မင်းသမီးရဲ့ ယောက်ျားဖြစ်လာမယ့်သူတစ်ဖြစ်လဲ ဖြစ်နေတဲ့သူတစ်ဖြစ်လဲ စစ်ခေါင်းဆောင်တစ်ယောက်။သူလည်းမထူးဘူးပြောရမလိုလိုပဲ ။ သူ့မကောင်းမှုတွေများတာကို သိရပေမဲ့ အဲဒီမကောင်းမှုတွေက ဘယ်လောက်ထိတာသွားသလဲတော့ ရေရေရာရာပြမသွားဘူး။ ဒါတော့ သူ့အပြအပိုင်းပေါ့။
သူ့ခေတ်က ထိုင်းနိုင်ငံရဲ့ အာဏာရှင်စနစ်နဲ့ ကွန်မြူနစ်သူပုန်တွေကြားက တင်းမာမှုတွေရှိခဲ့တဲ့ ဆိုးဆိုးရွားရွားခေတ်တစ်ခုမှာတည်ထားတယ်။တိုင်းပြည် ဒုက္ခဝေတဲ့ခေတ်ပေါ့။ ဒီကားရဲ့ အဓိကပုံဖော်မှုဟာ ခေတ်ရယ် သူ့ဖလော်အတိုင်း အကျိုးအဆက်ရယ်လို့တော့ ထင်သာမြင်သာရှိနေတယ်။ခုနဇာတ်ကောင်တွေအားလုံးဟာလည်း အချိန် နိုင်ငံနဲ့ လူတွေကို ကိုယ်စားပြုထားတဲ့ ဇာတ်ကောင်တွေလို့လည်း မသိမသာတော့ ပုံပေါ်နေတယ်။ဘာအကြောင်းလဲမေးလာရင်တော့ ခေတ်ပျက်ကြီးတစ်ခုပေါ့ အဲဒီထဲကလူတွေပေါ့။ အဲဒီထဲက အမိနိုင်ငံတစ်ခုပေါ့။နောက်ပြီးတော့ အဲဒီအရာတွေအားလုံးကို တိုက်စားသွားတဲ့အချိန်ပေါ့။အဲဒီလူတွေရဲ့မကောင်းမှုတွေကိုလည်း အချိန်အဆက်ဆက်ကိုဖြတ်ပြီး အဲဒီနိုင်ငံကြီးက မစွန့်မပစ် ထွေးပိုက်ထားတုန်းပဲ။
Dabbe: The Possession (2013)
⭐IMDB: 6.8/10 (7 k Votes)
🎬 #Horror
🗓️ 2013 🎞️ Movie
📺 #1080p #720p
💿 2.7 GB ⦿ 1.3 GB
🌎 #Turkey
⏰ 2 နာရီ 15 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ခရစ်ယာန်သရဲကို ဗမာဘုန်းကြီး နိုင်ပါ့မလားဆိုပြီး
ဟီးဟီးဟားဟားနဲ့ ဟာသ ပြောဖူးကြတယ်မို့လား။
ဒီကားထဲက သရဲက အဲ့လို သရဲ။ဘယ်ဘုရားပြေးကပ်ရမှန်း
မသိအောင်ကို ကြမ်းတာ။သူတို့ အခေါ်အရတော့
ဂျင်(မကောင်းဆိုးဝါး)ပေါ့။ အဲ့တာကလည်း အကြောင်းရှိတယ်။
ဒီဇာတ်ကား ဇာတ်အိမ်တည်ရာ တူရကီက ဟိုးနှစ်ပေါင်းထောင်ချီ
ကတည်းက Abrahamic Religions လို့ခေါ်တဲ့ ဂျူး၊ခရစ်ယာန် နဲ့
အစ္စလာမ်ဘာသာတွေ ထွန်းကားခဲ့တဲ့ နေရာ။ဆိုတော့ သရဲကလည်း
ကြမ်းပြီပေါ့။ဘာသာ(၃)ခုလုံးက ဘုရားတွေကို ဆင်းကယ်ကြပါဆို
သလိုမျိုးပဲ။အလာရှင်မြတ်ကို တိုင်တည်ပါ၏ ဖြစ်လိုက် ၊သခင်ယေရှု၏
နာမတော်တွင် ဖြစ်လိုက်ရယ်။ဆိုတော့ ဇာတ်ကားအကြောင်း
ဆက်ကြရအောင်။
ဒီကားကတော့ Dabbe series တွေထဲမှာ (၄)ကား မြောက်ပေါ့။
ပြီးတော့ အကြမ်းဆုံး ကြောက်စရာအကောင်းဆုံး
ကားလို့လည်း ညွှန်းကြတယ်။
ဇာတ်လမ်းအစမှာ ဖရော့အာကတ်လို့ခေါ်တဲ့ ဟောဂျာ(ပရောဂဆရာ)
တစ်ယောက်က အက်ဘရူလို့ ခေါ်တဲ့ စိတ်ရောဂါကုဆရာဝန်မ
တစ်ယောက်ကို ဖိတ်ပြီး ဂျင်အပူးခံထားရတဲ့ လူနာတစ်ယောက်ကို
ပရောဂ နှင်ပြတယ်။စဉ်းစားကြည့်ဗျာ။ပရောဂဆရာက လူနာကို မှော်တို့
ဓာတ်တို့ နတ်တို့နဲ့ ကုတယ်။ဆရာဝန်မက ဆေးတို့ ဘာတို့နဲ့ သိပ္ပံနည်းကျ
ကုတယ်။ပရောဂဆရာအမြင်မှာ သရဲပူးတယ်ဆိုပေမယ့် ဆရာဝန်မအမြင်
မှာတော့ စိတ်ကစဉ့်ကလျားဖြစ်တယ်။လူတစ်ကိုယ် စိတ်အမျိုးမျိုးဖြစ်
တယ်ပေါ့။အဲ့မှာ ပရောဂဆရာ သူ့ကို ဖိတ်ပြီး ကုပြတဲ့ လူနာက
ပျောက်သွားရော။ဆရာဝန်မကတော့ လုပ်ဇာတ်ကြီး မယုံဘူးပေါ့။ပြီးတော့
ရှင်ဟာ လူလိမ်မဟုတ်ဘူးဆိုရင် သူခေါ်လာပေးမယ့် လူနာကို
ကုပြပါဆိုပြီး စိမ်ခေါ်တယ်။ အဲ့လူနာက သူနဲ့ တူမလိုရင်းနှီးတဲ့
ကလေးမလေး။မင်္ဂလာဆောင်တဲ့နေ့မှာ အကောင်းကြီးကနေ
ထဖောက်ပြီး လူရာချီရှေ့မှာ သတို့သားကို ဓားနဲ့ ထိုးသတ်ပလိုက်တာ။
အဲ့နောက်တော့ အရူးထောင်ရောက်သွားရော။အဲ့မှာလည်း
ဘယ်ဆရာဝန်မှ ကုလို့မရတဲ့သူ။
ဒါနဲ့ ပယောဂဆရာကလည်း စိမ်လိုက်ပေါ့။နှစ်ယောက်သား
ကင်မရာတွေ မှတ်တမ်းတင်ပစ္စည်းတွေနဲ့ အဲ့ကောင်မလေးဆီ
ချီတက်ကြရရော။ အဲ့ဒီမှာပဲ ငါးပါးရော သံဃာစင်ရော မှောက်တာပဲ။
ဘာဖြစ်မလဲ သိချင်တော့ ကိုယ့်ဟာကိုယ် ဆက်ကြည့်ကြပါ :3
IMDB လည်း 6.8 ရထားပြီး ဘာသာပြန်တဲ့ ကျွန်တော်လည်း ညဘက်မပြန်ရဲလို့
နေ့ခင်းဘက် ပြန်ထားတဲ့ ကားဆိုတော့ သရဲကားကြိုက်တဲ့သူတွေ
သေချာပေါက် အကြိုက်တွေ့ပါလိမ့်မယ်။
( ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ် )
The Wonder Weeks (2023)
⭐IMDB: 4.5/10 (188 Votes)
🎬 #Comedy #Drama
🗓️ 2023 🎞️ Movie
📺 #1080p #720p
💿 1.6 GB ⦿ 725.3 MB
🌎 #Netherlands
⏰ 1 နာရီ 31 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Wonder Weeks(2023)
************************
ဒီဇာတ်ကားလေးကတော့ မွေးခါစဘေဘီလေးတွေကို မေမေ၊ဖေဖေတို့ကအစွမ်းကုန်ဘယ်လိုထိန်းကျောင်းကြမလဲမြင်တွေ့ရမယ့်ကားလေးပါ။များသောအားဖြင့် ကလေးယူမယ် ကိုယ်ဝန်ဆောင်မယ်ဆိုရင်သာ ကြိုတင်ပြင်ဆင်လေ့ရှိကြပေမယ့်ကလေးမွေးပြီးနောက်ပိုင်းကြုံရမယ့်အရာတွေကို ကြိုတင်မှန်းမထားနိုင်သလို ပြင်ဆင်ထားဖို့ကလည်းခက်ခဲပါတယ်။ဥပမာ ညဖက်ကလေးထထငိုလို့ အိပ်မရတာမျိုး၊ ကလေးက မဆော့မကစားဖြစ်နေတာဘာဖြစ်မှန်းမသိရတာမျိုးပေါ့။မိမိကလေးက နေကောင်းလား၊ အစားဝင်လား၊ ဒီအရွယ်မှာ ပုံမှန်ပဲလား၊ တစ်ခုခုဖြစ်နေပြီလားနဲ့ မေမေဖေဖေတို့က ပူပန်ကြမှာအမှန်ပါပဲ။ဒီအကြောင်းအရာတွေကို ဇာတ်လမ်းလေးထဲမှာ မိသားစုသုံးစုနဲ့ ပုံဖော်ရိုက်ကူးထားပါတယ်။ပထမမိသားစုက မေမေက အရမ်းအစိုးအရိမ်ကြီး စည်းစနစ်ကျလွန်းပါတယ်။အိပ်တာစားတာကအစ အချိန်ဇယားအတိုင်းလုပ်လွန်းတော့ မီးမီးလေးက အဝလွန်လာရော၊ဒါကိုဘယ်လိုကျော်ဖြတ်ကြမလဲ။ဒုတိယမိသားစုကျတော့ ဓလေ့မတူကြတာဗျ။ဖေဖေ့ဘက်က ဓလေ့တစ်ခု မေမေ့ဘက်ကဓလေ့တစ်ခုနဲ့ဗျာများရင်း ဗရုတ်သုတ်ခလေးတွေဖြစ်ကြတာပေါ့။တတိယမိသားစုကျတော့ မေမေနှစ်ယောက် ဖေဖေတစ်ယောက်ဗျ။ဖေဖေက ဗရုတ်ကခပ်ကျကျ မေမေတစ်ယောက်က တစ်ယူသန်နဲ့ဗျ။ကဲ ဒီမိသားစုလေးတွေရဲဘဝက ကလေးကိုယ်စီထိန်းကျောင်းရင်း
ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။
High Tension (2003)
⭐IMDB: 6.7/10 (75 k Votes)
🎬 #Horror
🗓️ 2003 🎞️ Movie
📺 #1080p #720p #480p
💿 1.9 GB ⦿ 693.2 MB ⦿ 352.2 MB
🌎 #France
⏰ 1 နာရီ 31 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
High Tension (2003)
သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အဲလက်စ်နဲ့ မာရီတို့ဟာ ပိတ်ရက်မှာစာလုပ်ဖို့အတွက် နယ်မြို့လေးမှာရှိတဲ့ အဲလက်စ်ရဲ့ အိမ်ကို ခရီးထွက်လာခဲ့ပါတယ်။ အဲလက်စ်ဟာ ယောက်ျားတွေကို စိတ်ဝင်စားသူဖြစ်ပေမယ့် မာရီကတော့ အဲလက်စ်ကို တစ်ဖက်သက် စိတ်ဝင်စားနေသူဖြစ်ပြီး အဲလက်စ်ကိုလည်းပိုင်ဆိုင်ချင်နေသူပါ။
အဲလက်စ်တို့အိမ်ကိုရောက်ပြီး နေရာတကျဖြစ်တဲ့အချိန်မှာတော့ မထင်မှတ်ထားတဲ့ဧည့်သည်တစ်ဦး ရောက်လာပါတော့တယ်။ အဲ့ဒီဧည့်သည်ကလည်း အဲလက်စ်ကို လိုချင်နေတဲ့သူဖြစ်နေတဲ့အခါ အဲလက်စ်ကိုရဖို့ ဘယ်လောက်အထိလုပ်သွားမလဲ။
မာရီကရောအဲလက်စ်ကို ဘယ်လိုကယ်တင်မလဲ။ အဲ့ဒီဧည့်သည်ရဲ့သရုပ်အမှန်ကရော ဘယ်သူလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ သွေးသံရဲရဲအခန်းများစွာပါဝင်တဲ့အတွက် ကလေးသူငယ်များနဲ့ နှလုံးမကောင်းသူများ ကြည့်ရှုဖို့မသင့်ပါ။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့APPပါ။)
Aum! (2021)
⭐IMDB: 7.4/10 (56 Votes)
🎬 #Adventure #Biography #Drama #Thriller
🗓️ 2021 🎞️ Movie
📺 #720p #638p
💿 1.7 GB ⦿ 1.3 GB ⦿ 358.8 MB
🌎 #Indonesia
⏰ 1 နာရီ 26 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Aum! (2021)
ခုရက်ပိုင်းမှာ Mockumentary တွေ ဓာတ်ကျနေတဲ့ပရိသတ်တို့အတွက် Indonesia Mockumentaryလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Western Mockumentary တွေလို Hypeနေတာမျိုးမဟုတ်ပေမဲ့ ကြည့်လို့အဆင်ပြေတဲ့ comedy movieလေးတစ်ခုတော့ ဖြစ်မှာပါ။
ဒီကားလေးထဲမှာတော့ Part 1 နဲ့ Part 2 ဆိုပြီး 2 ပိုင်းခွဲထားတာကို မြင်ရမှာပါ။Part 1 မှာတော့ အစိုးရသစ်ပြန်လည်ဖွဲ့စည်းရေးအတွက် တိုက်ပွဲဝင်နေတဲ့ တက်ကြွလှုပ်ရှားသူ ဆထရီယာအကြောင်း ရိုက်ကူးထားတဲ့ Low Budget movieလေးတစ်ခုကို ပြထားတာဖြစ်ပြီးPart 2 ကမှ ရုပ်ရှင်လောကကို ထေ့ငေါ့ပြီးလှောင်ထားတဲ့ Mockumentary တစ်ဖြစ်လဲ Part 1 က ရုပ်ရှင်ကို ရုပ်လုံးပေါ်လာအောင် ရိုက်ကူးခဲ့တဲ့ဖြစ်စဉ်ကို ဖော်ပြထားတာပါ။
Low Budget ကလည်းဖြစ် နိုင်ငံရေးတွေပါနေတော့ ခိုးကြောင်ခိုးဝှက်ကရိုက်ရ၊ အာဏာပြတတ်တဲ့ဒါရိုက်တာနဲ့ ရုပ်ရှင်အဖွဲ့သားတွေကြားက ပဋိပက္ခ၊အကြောင်းအရာကိုပဲအဓိကထားချင်တဲ့ ထုတ်လုပ်သူနဲ့ ဆန်းသစ်တဲ့ဇာတ်လမ်းဇာတ်ကွက်တွေကို ကွန့်ပြီးထည့်ချင်တဲ့ အတွေးသမားဒါရိုက်တာကြားက အားပြိုင်မှု၊Limited resourcesဖြစ်နေမှပဲ ဖန်တစ်ရာလွဲနေတဲ့ ရုပ်ရှင်အဖွဲ့သားတွေရဲ့ ဟာသဖြစ်ရပ်တွေကို သရော်ပြီး ရိုက်ကူးထားတာဖြစ်လို့Asian Mockumentary အကြောင်း တစေ့တစောင်းရှုစားချင်ရင်တော့ ဒီရုပ်ရှင်လေးကိုကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်
အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။
Beau Is Afraid (2023)
⭐IMDB: 7.1/10 (19 k Votes)
🎬 #Comedy #Drama #Horror #Adventure #Fantasy
🗓️ 2023 🎞️ Movie
📺 #720p
💿 1.2 GB
🌎 #UnitedStates #UnitedKingdom #Finland #Canada #UnitedStatesofAmerica
⏰ 3 နာရီ 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Beau Is Afraid (2023)
~ IMDb – 7.1/10, Rotten Tomatoes – 67% ~
မင်းသားကြီး ဝါကင်းဖီးနစ်ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဟာသ၊ ဒရာမာ၊ ဟော်ရာ အမျိုးအစားပါ။ ရုပ်ရှင်လောကရဲ့ ထူးထူးဆန်းဆန်းနဲ့ ပြောင်မြောက်တဲ့ ရုပ်ရှင်တွေကို ထုတ်လုပ်နေကျ A24 ကုမ္ပဏီရဲ့ ရုပ်ရှင်ပေါ့။ ဒါရိုက်တာကလည်း ဟော်ရာရုပ်ရှင်လောကရဲ့ ပြောစမှတ်ဖြစ်စရာ ရုပ်ရှင်နှစ်ကားဖြစ်တဲ့Midsommarနဲ့Hereditaryကို ရိုက်ခဲ့တဲ့ Ari Aster ပါပဲ။ သူကိုယ်တိုင် ဇာတ်ညွှန်းရေး ဒါရိုက်တာ၊ တွဲဖက်ထုတ်လုပ်သူအဖြစ်လုပ်ခဲ့တာပါ။ ရုပ်ရှင်တစ်ခုလုံးက အိပ်မက်ဆိုးကြီးနဲ့ တူနေပါတယ်။ ကြောက်စရာတွေ ရယ်စရာတွေ သောင်းပြောင်းဖြစ်နေပြီး တစ်ခုကနေ တစ်ခုကို ခုန်ကူးသွားပါတယ်။
ဒီရုပ်ရှင်ဟာ မူလက ၄ နာရီစာ ရိုက်ကူးဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ရုံတင်ဖို့အတွက် ၂ နာရီ ၅၉မိနစ် ဖြစ်အောင် ချုံ့လိုက်ရတာပါ။ မူရင်း ၄ နာရီများ ရှိရင် ကြည့်ချင်စရာပါပဲ။ ဒီရုပ်ရှင်ဟာ ပရိသတ်တွေကို အရှုံးသမား ဆန်ကုန်မြေလေးတစ်ယောက်ရဲ့ နေရာကနေ ခံစားမိအောင် ပြချင်တာပါလို့ ဒါရိုက်တာက ပြောခဲ့ပါသေးတယ်။ ဝါကင်းဖီးနစ်ဟာ သရုပ်ဆောင်တဲ့နေရာမှာ ဆရာတစ်ဆူပါပဲ။ ဒါပေမဲ့ ပိုပီပြင်သွားအောင် သူထပ်ကြိုးစားခဲ့တာတွေရှိပါသေးတယ်။ သူရဲ့လက်ပတ်တီးထဲကို အပ်အချွန်တွေစိုက်ထားပြီး အဲဒီလက်ကို သုံးလိုက်တိုင်းနာကျင်သွားတဲ့ပုံကို သဘာဝကျအောင်လုပ်ခဲ့တာပါ။ ဗိုက်မှာလည်း စက္ကူညှပ်တွေ ညှပ်ထားပြီး လမ်းလျှောက်လိုက်တိုင်း ဗိုက်သားနာနေတာကို ဟန်မဆောင်ဘဲ တကယ်တူအောင် သရုပ်ဆောင်ခဲ့ပါသေးတယ်။
ဒီတော့ ရုပ်ရှင်ကြည့်မယ်ဆိုရင် ရုပ်ရှင်က ဘာအကြောင်းလဲ မေ့မသွားအောင် သေချာတာလေးကို မှတ်ထားလိုက်ပါ။ သားတစ်ယောက်က သူ့အမေရဲ့ဈာပနကို အမီ အိမ်ပြန်တယ်။ ဒါပါပဲ။ ဇာတ်လမ်းနာမည်က “ဘိုး ကြောက်တယ်” တဲ့။ ဘိုးဘာကိုကြောက်လဲဆိုတာ ခေါင်းစဉ်မှာမပါပါဘူး။ ဘိုးကလည်း အများကြီးကိုကြောက်ပါတယ်။ လူသတ်သမားတွေ၊ မိစ္ဆာတွေ၊ လိပ်ပြာမလုံတာတွေ၊ ဘာမှန်းမသိတာတွေ အကုန်ကြောက်ပါတယ်။ ဇာတ်လမ်းထဲမှာ ခွဲထွက်သွားတဲ့ ဇာတ်လမ်းတွေ၊ ပြောင်းသွားတဲ့ Theme တွေ၊ သဲလွန်စတွေလိုလိုတွေအများကြီးပါပါတယ်။ အကောင်းဆုံးအကြံပေးချင်တာက ပြသမျှကို ထိုင်ကြည့်နေဖို့ပါပဲ။ လိုက်စဉ်းစားဖို့လည်းမကြိုးစားပါနဲ့၊ နားလည်ဖို့လည်းမကြိုးစားပါနဲ့၊ သင်ခန်းစာယူဖို့လည်းမကြိုးစားပါနဲ့။ အေး ပြချင်တာပြကွာဆိုပြီး ထိုင်ကြည့်လိုက်ပါ။ ဒါဆိုအရသာရှိပါလိမ့်မယ်။ ကြည့်ပြီးသွားလို့ အတွေးအမြင်တွေ ရဗြူးတွေ တင်ချင်ရင်ချန်နယ်မြန်မာဂရုကနေ ဖိတ်ခေါ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)
Akasha Veedullo (2022)
⭐IMDB: 7.8/10 (2 k Votes)
🎬 #Bollywood #Drama #Romance
🗓️ 2022 🎞️ movie
📺 #1080p #720p
💿 2.5 GB ⦿ 1.1 GB
🌎 #India
⏰ 2 နာရီ 24 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Aakasa Veedhullo (2022)IMDb 7.8/10
မောင်လေးနဲ့မမဇာတ်လမ်းကြိုက် ပရိတ်သတ်ကြီးတွေအတွက် စောင်ကိုက်ကြည့်ရှုရမဲ့ဇာတ်လမ်းကောင်းလေးလာပါပြီရှင် မင်းသမီးချောလေးPujita Ponnadaပါဝင်သရုပ်ဆောင်ထားပြီး Rating အပျံ့စားနဲ့ရိုမန့်ကားလေးတစ်ကားပဲဖြစ်ပါတယ်
ဆစ်ဒူးကတော့ ဂီတကိုရူးသွပ်တဲ့လူ ဂီတလောကထဲဝင်ရောက်ဖို့ အရာရာပစ်ချခဲ့ပြီးလျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့လူပေါ့ သီချင်းတွေကလည်းတစ်ပုဒ်ဆိုတစ်ပုဒ်အလျောက်.. လူငယ်တွေအတွက်တော့ သူက Rock Star သူ့ပွဲတွေတိုင်းလူတွေကြိတ်ကြိတ်တိုးတဲ့အထိ နာမည်ကြီးပါတယ် ဒါပေမဲ့ သူဒီအလုပ်ကနားလိုက်တာ၄နှစ်တောင်ရှိနေပါပြီတဲ့ ဒါကဘာလို့များလဲ…
သူ့အချစ်ရေးကိုပြောရရင်လည်း မမနဲ့စတွေ့ပုံက ဆေးလိပ်မသောက်တတ်သောက်တတ်နဲ့စမ်းသောက်တဲ့၂၂နှစ်အရွယ်ဆစ်ဒူးကို ၂၅နှစ်မမက သင်ပေးတာကစပါတယ် မိုးမမြင်လေမမြင်ချစ်ကြတဲ့ဒီ မနဲ့မောင်အတွဲလေးရော ကြာရှည်ခံပါ့မလား ဆစ်ဒူးတစ်ယောက်သူ့ရဲ့ဂီတလောကထဲကိုပြန်သွားနိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်(အညွှန်းရေးသားသူကတော့ Yunniဖြစ်ပြီး ဘာသာပြန်တွေကတော့ Yunni~BpL~YH~Aditiတို့ပဲဖြစ်ပါတယ်)
In the Name of Love (2011)
⭐IMDB: 6.4/10 (181 Votes)
🎬 #Drama
🗓️ 2011 🎞️ Movie
📺 1080p #1080p #720p #480p
💿 2.5 GB ⦿ 1.5 GB ⦿ 512.0 MB
🌎 #Philippines
⏰ 2 နာရီ 7 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
In the name of love (2011)
၂၀၁၁ ခုနှစ်တုန်းက အောင်မြင်ခဲ့တဲ့ ဖိလစ်ပိုင် အချစ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဉ်းလေးကတော့ အကသမား အမ်မန်ဆိုတဲ့ ကောင်လေးဟာသူ့ရဲ့သားလေးပညာရေး အတွက် နိုင်ငံခြားမှာပိုက်ဆံရှာရင်းနဲ့ စီးဒီးစ် ဆိုတဲ့ချစ်စရာကောင်းတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ရပါတယ်။သူတို့ရဲ့အချစ်ခရီးလမ်းဟာ အိပ်မက်တွေနဲ့ အပြည့်ပေါ့။ပြန်ရောက်ရင် လက်ထပ်ကြမယ် သူ့ရဲ့သားလေးကိုလဲ ကျောင်းကောင်းကောင်းမှာ ထားမယ်ဆိုပြီးပေါ့။ဒီလိုနဲ့ ပျော်ရွှင်နေခဲ့ရတာကနေ လေဆိပ်မှာ အဖမ်းခံလိုက်ရတာကနေ သူ့ရဲ့ဘဝကြီး ပျက်စီးသွားခဲ့ရတယ်။သူ့ရဲ့စွန့်ပစ်သွားတဲ့ ကောင်မလေးကို စိတ်နာရင်းနဲ့ပဲ ဖိလစ်ပိုင်ကို ပြန်ရောက်လာတဲ့အခါဇိမ်ခံကားကြီးပေါ်မှာ သူ့ကောင်မလေးကို ပြန်တွေ့လိုက်ရတော့ …. ။
မင်းသမီးလေးကြည့်ရင်ကို ဇာတ်လမ်းက တန်နေပြီ လို့ ပြောလို့ရတယ်။ဒီထက်ပိုကာကတော့ ဇာတ်လမ်းကလည်းကောင်း ဆိုတော့ ပိုအဆင်ပြေတာပေါ့။၂၀၁၁ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဖိလစ်ပိုင် ကားဆိုပေမဲ့ အနုပညာကတော့ အရှေ့တောင်အာရှမှာ မခေဘူးဆိုတဲ့အထဲကပါ။“အချစ်ဟူသော အမည်နာမအားဖြင့်” ဇာတ်ကာလေးကို ကြည့်ရှု အားပေးလိုက်ကြပါဦး ….
အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။
Siren (2006)
⭐IMDB: 5.4/10 (895 Votes)
🎬 #Horror #Thriller
🗓️ 2006 🎞️ Movie
📺 #1080p #720p #480p
💿 1.7 GB ⦿ 856.2 MB ⦿ 421.5 MB
🌎 #UnitedStates #Japan
⏰ 1 နာရီ 27 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Siren (2006)
Siren ဆိုတဲ့ ဗီဒီယိုဂိမ်းစီးရီးကို ပြန်လည်ရိုက်ကူးထားတဲ့ ဂျပန် Horror ဇာတ်ကားလေးဖြစ်ပါတယ်။လူသူဝေးတဲ့ ကျွန်းတစ်ကျွန်းကို သတင်းထောက်တစ်ယောက်က သားသမီးနှစ်ယောက်နဲ့အတူ ပြောင်းလာပါတယ်။သားငယ်လေးက ကျန်းမာရေးမကောင်းတဲ့သူဆိုတော့ သူ့ရောဂါအတွက် နေရထိုင်ရအဆင်ပြေမယ့်နေရာကို ပြောင်းလာကြတာပါ။သူတို့ပြောင်းလာတဲ့ကျွန်းမှာတော့ ကျွန်းသူကျွန်းသားတွေက ထူးခြားနေတဲ့အပြင် အဲဒီကျွန်းမှာ ဒဏ္ဍာရီတစ်ခုရှိနေပါတယ်။အဲဒါကတော့ ရေသူမအော်သံကြားရင် အပြင်မထွက်နဲ့၊ အသတ်ခံရလိမ့်မယ်ဆိုတာပါပဲ။တိုကျိုကပြောင်းလာတဲ့ သားအဖတွေအတွက်တော့ အဲဒါက ရယ်စရာတစ်ခုလိုဖြစ်နေပါတယ်။ရေသူမအော်သံဆိုတဲ့ အသံကြီး ကြားလိုက်ရတဲ့ တစ်ညမှာတော့အဖေဖြစ်သူက တိရစ္ဆာန်တွေကို ဓာတ်ပုံရိုက်ဖို့ တောအုပ်ထဲထွက်သွားရင်းမနက်လင်းတဲ့အထိ ပြန်ရောက်မလာတဲ့အခါမှာတော့ …ရေသူမအော်သံဆိုတာ တကယ်ရှိတာလား၊ ဒဏ္ဍာရီသက်သက်ပဲလားဆိုတာကိုရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုသွားကြပါဦး။
အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။
The Modern Way (2022)
⭐IMDB: 5.3/10 (124 Votes)
🎬 #Drama #Crime
🗓️ 2022 🎞️ Movie
📺 #1080p #720p #480p
💿 1.1 GB ⦿ 624.1 MB ⦿ 303.9 MB
🌎 #UnitedKingdom
⏰ 1 နာရီ 29 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Modern Way (2022)
ဒီရုပ်ရှင်ကိုတော့ ၁၉၈၀ ခုနှစ် ဝန်းကျင်က အင်္ဂလန်ရဲ့ဂိုဏ်းတွေဖြစ်တဲ့Mod၊ Skinhead နှင့် Biker တို့ကို နောက်ခံထားပြီး ရိုက်ကူးပြသထားတာပါ ။
ဇာတ်လမ်းလေးက ဗြိတိန်ဆန်ဆန် တက်ကြွလန်းဆန်းတဲ့ရသကိုခံစားမိစေပါတယ်။ဇာတ်လမ်းက ရှေ့ဘာဆက်ဖြစ်မလဲဆိုတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တယ်လို့ပြောရပါမယ် ။
Danni ဆိုတဲ့ကောင်မလေးက အိမ်တွင်းရေးအဆင်မပြေမှုလေးတွေကြောင့်Skinhead ဂိုဏ်းဝင်ဖြစ်မှန်းမသိ ဖြစ်လာပြီး သူလေးကြောင့် ဘယ်သူတွေဒုက္ခရောက်မလဲ။သူကကော ဒီဒုက္ခတွင်းထဲရုန်းထွက်နိုင်မှာလား ဆိုတာကို ရှုစားအားပေးကြပါဦးခင်ဗျာ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Pyae Phyo Minပဲ ဖြစ်ပါတယ်။
