fa
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Srikakulam Sherlockholmes (2024) ⭐IMDB: 8.8/10 (2 k Votes) 🎬 #Bollywood #Comedy #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 8 မိနစ် 22 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Srikakulam Sherlockholmes 2024 (ဆရီကာကူလမ်ရှားလော့ခ်ဟုမ်း) ယခုတစ်ခါမှာတော့ ဟာသမင်းသားကြီး Vennela Kishoreပါဝင် တင်ဆက်ထားတဲ့Comedy thriller/Mystery အမျိုးအစား စုံထောက်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အမေဖြစ်သူရှာမီလာရဲ့ (ရှာ)၊ အဖေဖြစ်သူ လော့ခ်နတ်သ်ရဲ့ (လော့ခ်)၊သူ့ကိုယ်ပိုင်နာမည် ဟုမ်းပရာကေ့ရှ်က (ဟုမ်း) ဒီစကားလုံးတွေကိုပေါင်းစည်းပြီးတော့ သူ့ကိုယ်သူ ရှားလော့ခ်ဟုမ်းလို့ နာမည်ပေးခါအလွတ်စုံထောက်လုပ်နေတဲ့ စုံထောက်ကြီးတစ်ယောက်ပေါ့။ သူဟာ အရင်က ရဲအရာရှိတစ်ယောက်ဖြစ်ပေမဲ့ အသက်အရွယ်ကြောင့်နဲ့အပြင်မှာပဲ အလွတ်စုံထောက်အဖြစ်လုပ်နေပြီး အမှုတွေကိုအလွယ်လေးပဲ ဖြေရှင်းနိုင်တဲ့အတွက်ကြောင့် နာမည်ကြီးပါတယ်။ တစ်နေ့မှာတော့ သူတို့နေထိုင်ရာ ဆရီကာကူလမ်ရဲ့ ကမ်းခြေမှာမယ်ရီဆိုတဲ့ကောင်မလေး အသတ်ခံရပြီး ဒီအမှုကို စုံစမ်းတဲ့အရာရှိဟာသတင်းထောက်တစ်ယောက်နဲ့အတူ စိန်ခေါ်မှုလုပ်ခဲ့ရင်း တစ်ပတ်အတွင်းအမှုကို ပေါ်ပေါက်အောင် မဖြေရှင်းနိုင်ရင်အလုပ်ကနေထွက်မယ်ဆိုပြီးပြောခဲ့မိပါတယ်။ သို့သော်လည်း ဒီလိုတွေ စိန်ခေါ်လာပြီးမှ အထက်က အရင်ဝန်ကြီးချုပ်ဟောင်းသေဆုံးရတဲ့ကိစ္စနဲ့ပတ်သတ်ပြီး သူ့ကိုတာဝန်ပေးခါ တစ်ပတ်အတွင်းစုံစမ်းရေးအဖွဲ့နဲ့ သေချာစုံစမ်းဖို့ အမိန့်ကျလာတဲ့အခါမှာ အရာရှိကြီးခမျာတိုင်ပတ်နေပါတော့တယ်။ ဒီလိုနဲ့ တပည့်တွေကို အကြံပေးတဲ့အခါမှာတော့သူတို့ဟာ ရှားလော့ခ်ဟုမ်းကို ညွှန်းကြတဲ့အတွက် ပေါက်တဲ့နဖူးမထူးဘူးဆိုတဲ့အတိုင်းပဲ မျက်လုံးစုံမှိတ်ပြီး ရှားလော့ခ်ဟုမ်းကိုပဲမယ်ရီသေတဲ့အမှုကို ၇ရက်အတွင်း စုံစမ်းခိုင်းပါတော့တယ်။ ဒီလိုနဲ့ ရှားလော့ခ်ဟုမ်းတစ်ယောက် မယ်ရီသေတဲ့အမှုကို ဘယ်လိုတွေ စုံစမ်းသွားမလဲ ….အမှုမှန်ရော ပေါ်ပေါက်သွားမှာလား …..ဒီနောက်ကွယ်မှာ ဘယ်လို ဇာတ်ရှုပ်တွေ ရှိနေဦးမှာလဲ …..ဆိုတာတွေကို ကြည့်ရှုရမဲ့အပြင် ဟာသမင်းသားကြီးVennela Kishoreရဲ့ တလွဲဟာသလေးတွေကိုလည်းမြင်တွေ့ရမှာဖြစ်လို့ လက်မလွှတ်သင့်တဲ့ဟာသစုံထောက်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~Cym~KKKZ~ZweYan တို့ပဲဖြစ်ပါတယ်)
...

Melanie's Grave (2024) ⭐IMDB: 4.4/10 (79 Votes) 🎬 #Thriller 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 42 မိနစ် 3 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 သည်းထိပ်ရင်ဖိုဇာတ်ကားတွေကြိုက်နှစ်သက်သူတွေအတွက် Melanie’s Grave ဆိုတဲ့စိတ္တဇဇာတ်ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားထဲမှာအဓိကတွေ့ရမှာကတော့ ကိုယ်ကဘယ်လောက်ပဲ ဖြူစင်အောင်နေခဲ့သည်ဖြစ်စေ ပတ်ဝန်း ကျင်ကအရောင်တွေဝိုင်းဆိုးတဲ့အခါမှာတော့ ယုန်သူငယ်လေးလို ဖြူစင်ခဲ့တဲ့လူတစ်ယောက်က မြေခွေးကြီးလိုပြောင်းလဲသွား တတ်တယ်ဆိုတာကိုပညာပေးနည်းနည်းထည့်ပြီး စိတ္တဇလူသတ် ကားဖြစ်အောင်အသက်သွင်းထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးရဲ့အဓိကဇာတ်ကောင်ကတော့ မယ်လ်လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး လက်ရှိဖြစ်နေတဲ့အရာတွေနဲ့ သူ့ရဲ့ဆိုးဝါးခဲ့တဲ့အတိတ်ကိုတစ်လှည့်စီပြသသွားတာကိုတွေ့ ရမှာဖြစ်ပါတယ်။မယ်လ်က ငယ်ငယ်လေးကတည်းက အဖေ ဖြစ်သူရဲ့ဒဏ်တွေကိုခံစားခဲ့ရပြီး အမေဖြစ်သူကလည်းနည်းနည်းလေး တောင်မှ သူ့ကိုမကာကွယ်ပေးခဲ့ပါဘူး။အဲ့ဒါကြောင့်ပဲစိတ်ဒဏ်ရာ ရခဲ့ပြီး အသက်ကြီးလာတဲ့အခါမှာတော့ စိတ်ရောဂါသည်တစ်ယောက် ဖြစ်လာပါတော့တယ်။အခုအချိန်မှာတော့ သူ့ဘာသာသူ အိမ်ထဲမှာ တစ်ယောက်တည်းနေထိုင်နေပြီး တစ်ပတ်တစ်ခါ လာတွေ့တဲ့ လူမှုဖူလုံရေးဝန်ထမ်းကလွဲရင်တခြားဘယ်သူနဲ့မှမဆက်ဆံခဲ့တော့ ပါဘူး။ဖြစ်ချင်တော့တစ်နေ့မှာ သူတို့နားမှာဓားပြမှုဖြစ်ပြီး သေနတ်မှန် ထားတဲ့ဓားပြတစ်ယောက်က သူ့အိမ်ထဲဝင်လာပါတော့တယ်။ ဒီလိုနဲ့လူကြောက်တတ်တဲ့မယ်လ်တစ်ယောက် ဒီဓားပြနဲ့တစ်အိမ် တည်းမှာ အချိန်အတိုင်းအတာတစ်ခုအထိအတူနေရမဲ့ကံပါလာတဲ့ အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စား စရာရှုစားရမှာဖြစ်ပါတယ်။
...

Realm of Terracotta (2021) ⭐TMDB: 56% User Score 🎬 #Adventure #Animation #Fantasy 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 51 မိနစ် 35 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ခေတ်အဆက်ဆက် ဧကရာဇ်မင်းတွေဟာ Forbidden Cityထဲကရုပ်တုစစ်တပ်လိုရုပ်တုပေါင်းများစွာကို မြေမြှုပ်ခဲ့တယ်လို့ဆိုကြတယ်။အချိန်တွေကြာလာတဲ့အခါ ကမ္ဘာကြီးရဲ့အသက်သွင်းမှုကြောင့်ဒီရုပ်တုတွေဟာ အသက်ဝင်လာပြီး မြေအောက်ကမ္ဘာတစ်ခုအဖြစ်နဲ့နေထိုင်ကြတယ်။ ကောင်းကင်အောက်ကကမ္ဘာကြီးမှာ ဆန်းကြယ်မှုတွေအပြည့်ရှိသလိုမြေအောက်ကမ္ဘာကြီးမှာလဲ အံ့ဩစရာတွေနဲ့အပြည့်ရှိပါတယ်။ချင်ယန်ဆိုတဲ့မြို့တစ်မြို့ရှိပြီးတော့ မြို့ပြင်မှာ ခြင်္သေ့လို့ခေါ်တဲ့ရှေးဟောင်းသတ္တိဝါတွေနေထိုင်တယ်။ချင်ယန်မြို့ကရုပ်တုစစ်သားတွေနဲ့ ခြင်္သေ့တွေဟာ အမြဲစစ်ဖြစ်နေခဲ့တယ်။ ချင်ယန်မြို့မှာ တောက်တိုမယ်ရလုပ်ရတဲ့ကောင်လေးတစ်ယောက်ဟာရုပ်တုတို့ရဲ့မွေးကတည်းကချမှတ်ပြီးသားကံကြမ္မာကိုဆန့်ကျင်ပြီးတော့လက်ရွေးစင်စစ်သားတစ်ယောက်ဖြစ်ချင်ခဲ့တယ်။တစ်နေ့မှာ စစ်သူကြီးကသူ့ကို ခြင်္သေ့တစ်ကောင်ဖမ်းလာရင်လက်ရွေးစင်တပ်သားအဖြစ်ရာထူးတိုးပေးမယ်လို့ပြောလာတဲ့အတွက်အရဲစွန့်မြို့ပြင်ကိုထွက်ပြီးတော့ ခြင်္သေ့ရှာဖွေရေးစတင်ခဲ့ပါတယ်။ ခြင်္သေ့ဖမ်းတဲ့ခရီးမှာ ထူးဆန်းတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံခဲ့ပြီးတော့ ခြင်္သေ့အတူဖမ်းဖို့ဖြစ်လာခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ခြင်္သေ့ဖမ်းတဲ့ခရီးမှာ ဘယ်လိုအခက်အခဲတွေနဲ့စိန်ခေါ်မှုတွေပြည့်နေမလဲဆိုတာကြည့်လိုက်ပါဦးနော်။
...

The Secret Weapon (2021) ⭐IMDB: 6.4/10 (39 Votes) 🎬 #Action #Adventure #Drama #Mystery 🗓 2021 🎞 movie 🌎 #Thailand ⏰ 1 နာရီ 30 မိနစ် 31 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 The Secret Weapon (2021)************************ 2021 ခုနှစ်က ထွက်ထားတဲ့ ထိုင်းအက်ရှက်ကားလေးတစ်ကားကို CM ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်… အဖေကို သတ်သွားတဲ့ သူကို ပြန်ရှာပြီး လက်တုံ့ပြန်ဖို့ စီစဉ်နေတဲ့ စစ်သမီးလေး Joy… သူ့အဖေကို သေစေခဲ့တယ်လို့ ယူဆရတဲ့ လျှို့ဝှက်အဖွဲ့အစည်းထဲကို Joy တစ်ယောက် အဖေရဲ့မိတ်ဆွေအကူအညီနဲ့ ဝင်ရောက်လာခဲ့ပါတယ်… တကယ်တမ်း အဖွဲ့ထဲရောက်သွားချိန်မှာတော့ သူမထင်ထား သိထားခဲ့တာတွေနဲ့ မတူညီတဲ့ အချက်တွေရှိနေတာကို တွေ့လာခဲ့ရပြီး တကယ့်နောက်ကွယ်က အမှန်တရားတွေကို ထပ်မံရှာဖွေဖို့ ကြိုးစားရပါတော့တယ်… ဒါဆိုရင် တကယ့် အမှန်တရားက ဘာဖြစ်မလဲ… Joy အဖေရဲ့ သေဆုံးမှုမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှုပ်ထွေးမှုတွေရှိနေမလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော်… ဇာတ်လမ်းအညွှန်းကို Kao မှ ရေးသားပေးထားပါတယ်
...

Fox Demon Legend (2025) ⭐TMDB: 0% User Score 🎬 #Horror #Mystery #Thriller 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 17 မိနစ် 34 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ဟိုးယခင်တည်းက တရုတ်ပြည်ကြီးမှာ နာမည်ကြီးတဲ့ဓလေ့ထုံတမ်းစဉ်လာတခုရှိကြတယ်။ဒါကတော့ မွေးမွေးချင်းမငိုတတ်တဲ့မွေးကင်းစကလေးတွေဟာသရဲ တစ္ဆေစတဲ့နာနာဘာဝတွေကိုမြင်နိုင်ပြီးတော့အနာဂတ်ကိုကြိုတင်မြင်နိုင်စွမ်းရှိကြတယ်လို့ပြောကြတယ်။ ဒီလိုမွေးကင်းစကလေးတွေကို ဒေသအလိုက်ပြောင်းခေါ်လေ့ရှိပြီးတော့ ဒီကားလေးထဲမှာချင်းရွှေမြို့ဆိုတဲ့မြို့လေးတစ်မြို့မှာတော့သူတို့ကိုသိုက်ကလာသူတွေလို့ခေါ်ကြတယ်။တနေ့မှာ ရွာအကြီးအကဲမိသားစုထဲသမီးလေးတစ်ယောက်မွေးဖွားလာပြီးတော့သူ့ကို ကျင်းလင်လို့အမည်မှည့်ပေးခဲ့တယ်။ အဲ့သမီးလေးက သိုက်ကလာသူဖြစ်နေမှန်းသိကြတဲ့အခါ ရွာသားတွေကသူ့သမီးကိုဖမ်းချုပ်ပြီး သမီးခန္ဓာကိုယ်ထဲကမြေခွေးမကောင်းဆိုးဝါးကိုဖယ်ထုတ်ဖို့မီးရိူ့သတ်ပစ်ကြိုးစားကြပါတော့တယ်။ ဒီအချိန်မှာပဲ မြေခွေးဖြူလေးတကောင်ရွာထဲကိုရောက်လာတဲ့အချိန်မှာရွာသားတွေကကျင်းလင်ဟာမြေခွေးမကောင်းဆိုးဝါးဖြစ်ကြောင်း ပိုမိုယုံကြည်လာကြတဲ့အချိန်မှာစုန့်ထိုက်လိုင်လို့အမည်တွင်ပြီး သိုင်းလောကမှာတော့ သခင်ကြီး(၉) လို့နာမည်တွင်တဲ့အဖိုးအိုက လာရောက်တားဆီးပြီးကျင်းလင်ကိုကယ်တင်ပေးခဲ့တယ်။ အဲ့အချိန်ကနေစပြီး ချင်းရွှေမြို့မှာဆက်တိုက်ထူးဆန်းတဲ့ကိစ္စတွေပေါ်ပေါက်လာပြီးတော့ဒီအမှုကိုဖြေရှင်းပေးဖို့သခင်ကြီး (၉) ကိုတောင်းဆိုတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲ
...

The Unborn Child (2011) ⭐TMDB: 39% User Score 🎬 #Drama #Horror #Thriller 🗓 2011 🎞 movie 🌎 #Thailand ⏰ 1 နာရီ 36 မိနစ် 4 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 The Unborn Child (2011)*********************** ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ The Unborn Child ဆိုတဲ့ ထိုင်း Horror ဇာတ်ကားကောင်းလေးကို CM ပရိသတ်တွေကို မိတ်ဆက်ပေးချင်ပါတယ်…ဒီဇာတ်လမ်းလေးကတော့ ထိုင်းမှာဖြစ်ပွားခဲ့တဲ့ အရက်စက် အဆိုးရွားဆုံး ဖြစ်ရပ်မှန်တစ်ခုကို ကျောရိုးယူပြီး ရိုက်ကူးထားတာဖြစ်ပါတယ်… ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ ဗုဒ္ဓဘာသာဘုရားကျောင်းတစ်ခုရဲ့ ရေခဲတိုက်လိုအခန်းတစ်ခုမှာ တရားမဝင် ကိုယ်ဝန်ဖျက်ချပေးတဲ့ ဆေးခန်းတွေကပို့ပေးထားတဲ့ သေဆုံးပျက်စီးနေပြီးသား သန္ဓေသားလောင်း ၂,၀၀၂ လောင်း ရှာဖွေတွေ့ရှိတဲ့ ဖြစ်စဉ်ကြောင့်…ပညာပေးတဲ့အနေနဲ့ရော နောက်ထပ်ဒီလိုမျိုးဖြစ်ရပ်တွေ ပပျောက်သွားဖို့ ရည်ရွက်ချက်နဲ့ ဒါရိုက်တာက ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်း————- သတင်းဓာတ်ပုံဆရာ ထရီနဲ့ သူ့ရဲ့ဇနီးဖြစ်သူ ကျောင်းဆရာမ ဖင်မ်တို့နှစ်ယောက်ဟာ သမီးဖြစ်သူ ယယ်မိုင်လေးကို ကျောင်းပို့ကျောင်းကြိုတဲ့အချိန်မှာ ယယ်မိုင်လေးက ထူးဆန်းတဲ့စကားတွေ ပြောလာခဲ့ပါတယ်… မောင်လေးကို အိမ်ခေါ်လာချင်တယ်လို့ တဖွဖွပြောဆိုနေတဲ့ သမီးဖြစ်သူကြောင့် ကလေးရဲ့စိတ်ကျန်းမာရေးကို မိဘတွေ စိတ်ပူပန်လာခဲ့ရပါတယ်…တစ်ချိန်တည်းမှာပဲ ဖင်မ်ရဲ့ ကျောင်းသား‌တွေဖြစ်တဲ့ ဘုံနဲ့ခမ်တို့ကလည်း မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားတဲ့အခါ လူငယ်တွေ ထုံးစံအတိုင်း အတွေ့အကြုံရှိတဲ့ သူငယ်ချင်းကို အကူအညီတောင်းပြီး တရားမဝင်ကိုယ်ဝန်ဖျက်ချခဲ့ပါတယ်…အကုသိုလ်ကို မမြင်နိုင်သော်ငြား ပြုထားတဲ့မကောင်းမှုတွေစုပြုံလာတဲ့ တစ်ချိန်မှာ ကိုယ့်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်ဆိုတဲ့ လောကဓမ္မတာတရားအတိုင်း ကျူးလွန်သူတွေဆီကို အပြစ်ဒဏ်ဟာ တစ်နည်းနည်းနဲ့ ပြန်ရောက်လာပါတော့တယ်…ဒါပေမဲ့လည်း မဆီမဆိုင် ထရီနှင့်ဖင်မ်တို့ရဲ့ သမီးလေးဆီမှာမှ ဘာလို့ ဒီလိုထူးဆန်းတဲ့ ထိတ်လန့်ဖွယ်ရာတွေ တွေ့ကြုံလာရတာလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးကြည့်ရင်း ဆက်လက်အဖြေရှာလိုက်ရအောင်နော်… ဇာတ်လမ်းအညွှန်းနှင့် ဘာသာပြန်သူကတော့ Reddy ဖြစ်ပါတယ်
...

At the Gate of the Ghost (2011) ⭐TMDB: 60% User Score 🎬 #Drama #Thriller #Mystery 🗓 2011 🎞 movie 🌎 #Thailand ⏰ 1 နာရီ 42 မိနစ် 36 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 At the Gate of the Ghost (2011)******************************** ထိုင်းနိုင်ငံရဲ့နာမည်ကြီး မင်းသားတွေဖြစ်တဲ့ မာရီယို(Mario Maurer )… ဘုန်းကြီးဇာတ်ရုပ်တွေနဲ့နာမည်ကြီးလှတဲ့ ဟာသမင်းသားကြီး မမ် (Mum Jokmok ) အပြင် နာမည်ကြီးထိပ်တန်းမင်းသားမင်းသမီးများစွာနဲ့ ပုံဖော်ရိုက်ကူးထားပြီး အချိန်ပေးကြည့်ရှုရတာထိုက်တန်မည့် ဇာတ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်း————- ငယ်စဉ်ကလေးဘဝကတည်းက သာသနာ့ဘောင်မှာ ပျော်မွေ့တဲ့ ကိုရင်’အနော့’… မိဘနှစ်ပါးရဲ့ ဆန္ဒအရ လူထွက်ပြီး မိဘအလုပ်မှာ ကူညီပေးရင်း လောကီရေးရာတွေမှာ မပျော်တဲ့ ‘အနော့’… တစ်ရက် မိခင်ဖြစ်သူ ဆုံးပါးသွားတဲ့အခါမှာ မိခင်ကိုကျေးဇူးဆပ်ချင်သည်ဟုဆိုကာ သင်္ကန်းဝတ်ခဲ့သူပြန်ဝတ်ခဲ့သူ ဦးပဉ္စင်း’အနော့’… လူ့လောကကြီးမှာ လူသားတွေ ကြုံတွေ့ခံစားရတဲ့ အို၊ နာ၊ သေ ကပ်ဆိုးကြီး (၃)ပါး… အသက်ရွယ်အိုမင်းကျန်းမာရေးယုတ်လျော့လာတဲ့ ဖခင်ရဲ့ လူဝတ်လဲဖို့ တောင်းဆိုချက်… ကြုံတွေ့လာရတဲ့ ထူးဆန်းတဲ့လူသတ်မှုတစ်ခု စတဲ့အချက်တွေကြောင့် သာသနာ့ဘောင်မှာဆက်နေဖို့လည်း သူ့ကိုယ်သူ ယုံကြည်စိတ်ချမှု လျော့နည်းလာတဲ့ ဦးပဉ္စင်း’အနော့’…ဖခင်ရှိရာ အိမ်သိုပြန်လာရင်း မုန်တိုင်းမိတဲ့အတွက် သစ်ခုတ်သမားနဲ့အတူတူ ဥမင်လှိုင်ခေါင်းမှာ နားခိုခဲ့ကြပါတယ်…ဦးပဉ္စင်းလူထွက်မှာကို တားနေတဲ့ သစ်ခုတ်သမားနဲ့ ဥမင်ထဲမှာ နေထိုင်သူ သုဘရာဇာကြီးတို့ စကားလက်ဆုံကျခဲ့ကြပါတယ်… အဲဒီလို စကားလက်ဆုံကျချိန်မှာ လူတွေရဲ့ အတောမသတ်နိုင်တဲ့ အတ္တလောဘရမ္မက်ကြောင့် ပျက်စီးကြရပုံတွေကို ပြောဆိုဆွေးနွေးကြတဲ့အခါ…ခဏတာနားခိုခဲ့တဲ့ဥမင်လှိုင်ခေါင်းထဲက ဆွေးနွေးချက်တွေက ဦးပဉ္စင်း’အနော့’ရဲ့ သဘောထားခံယူချက်တွေအပေါ် ဘယ်လိုလမ်းကြောင်းပြောင်းပေးရင်း အလင်းရအောင် လုပ်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်… ဇာတ်လမ်းအညွှန်းနှင့် ဘာသာပြန်သူကတော့ Dao Phyo ဖြစ်ပါတယ်
...

I Miss U (2012) ⭐IMDB: 5.5/10 (236 Votes) 🎬 #Horror #Romance 🗓 2012 🎞 movie 🌎 #Thailand ⏰ 1 နာရီ 57 မိနစ် 44 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 I Miss U (2012)*************** ရိုလည်း ရိုချင် ကြောက်လည်း ကြောက်ချင်သူတွေအတွက် Horror, Romance ဇာတ်လမ်းလေးတစ်ခု CM မှ တင်ဆက်ပေးလိုက်ပါတယ်…ဒေါက်တာ ထနာ အဖြစ် Tik Jesdaporn Pholdee, ဒေါက်တာ နော့ အဖြစ် Ja Natthaweeranuch Thongmee နဲ့ ဒေါက်တာ ဘီး အဖြစ် Saiparn Apinya Sakuljaroensuk တို့ကအဓိကပါဝင်ထားပါတယ်… ဇာတ်လမ်းအကျဉ်း————- ‘ဘီး’ဆိုတဲ့ ငယ်ငယ်လှလှ ဒေါက်တာပေါက်စလေးဟာ အလုပ်သင်ဆင်းတဲ့ ခွဲစိတ်ဌာနက သူ့ supervisor ဖြစ်တဲ့ ဒေါက်တာ’ထနာ’နဲ့ တွေ့ခဲ့ရပါတယ်…ဆေးရုံက တစ်ယောက်စကားတစ်ယောက်နားနဲ့ ဒေါက်တာထနာနဲ့ သူ့ချစ်သူဖြစ်တဲ့ ဒေါက်တာ’နော့’တို့ရဲ့ ရင်နင့်စရာ ဇာတ်လမ်းကိုလည်း သိခဲ့ရပြီး ကူညီပေးချင်ခဲ့ပါတယ်…ကြာလာတာနဲ့အမျှ ဒေါက်တာ’ထနာ့’အပေါ် ‘ဘီး’က ချစ်မိသွားခဲ့ပြီး ‘နော့’ကိုမေ့ပစ်‌နိုင်အောင်ကူညီပေးခဲ့ပေမဲ့ ထနာကလည်း လုံးဝမမေ့နိုင်ဖြစ်နေခဲ့ပါတယ်… ဒေါက်တာမလေး’ဘီး’က ဆုံးပါးသွားတဲ့ချစ်သူအပေါ် အချစ်ကြီးချစ်တဲ့ ဒေါက်တာ’ထနာ့’ရဲ့အချစ်ကိုရရှိနိုင်ပါ့မလား… လူတွေပြောကြသလို တကယ်ပဲ ဒေါက်တာ’နော့’ဆိုတဲ့ သဘောကောင်းတဲ့ဆရာဝန်မလေးက သေဆုံးသွားပြီးတဲ့နောက် သူ့ရည်းစားထနာ့ကို လာပက်သက်တဲ့မိန်းကလေးတိုင်းကို ခြောက်လှန့်နေခဲ့တာလား… ဒါမှမဟုတ် တိုက်ဆိုင်မှုသက်သက်တွေလားဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Kim ဖြစ်ပါတယ်
...

Old Guy (2024) ⭐IMDB: 5.1/10 (480 Votes) 🎬 #Action #Comedy 🗓 2024 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 11 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Action ကြိုက်တဲ့ ပရိတ်သတ်တွေအတွက်ပဲဖြစ်ပါတယ်.. Danny Dolinski ဆိုသူဟာ စာချုပ်နဲ့လူသတ်ရတဲ့အလုပ်ကို လုပ်ကိုင်နေရသူဖြစ်ပါတယ်… ဒါပေမဲ့ အရိုးအဆစ်ယောင်ရောဂါကြောင့် အလုပ်ကို နားထားရတာဖြစ်ပါတယ်.. တစ်နေ့အလုပ်ကိုပြန်လုပ်ရတဲ့အချိန်မှာတော့ သူ့တာဝန်ဟာ လူသတ်ရမဲ့တာဝန်မဟုတ်တော့ဘဲ Wihlborg ဆိုတဲ့ လူငယ်လေးကို လေ့ကျင့်သင်ကြားပေးရမဲ့တာဝန်အဖြစ် ပြောင်းလဲသွားပါတော့တယ်… နှစ်ယောက်သား ဘယ်လိုအတွဲညီညီ အလုပ်လုပ်ကြမလဲဆိုတာ action ခန်းတွေနဲ့တကွ ကြည့်ရှုရမှာပါ
...

All About My Wife (2012) ⭐IMDB: 6.6/10 (2 k Votes) 🎬 #Comedy #Drama #Romance 🗓 2012 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 1 မိနစ် 26 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 All About My Wife (2012) ************************* IMDb….6.6 ဒီတစ်ခေါက်မှာတော့ CMပရိသတ်ကြီးတို့အတွက် မင်းသားကြီး Lee Sun Kyun ရဲ့ အိမ်ထောင်ရေးဟာသကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ။ ဒီကားလေးမှာတော့  My Mister, Parasite တို့မှ မင်းသားကြီး Lee Sun Kyun, Moving,Miracle in Cell No.7 မှ မင်းသားကြီး Ryu Seung-ryong, Search: WWW မင်းသမီးIm Soo Jung နဲ့ Asian Prince လေး Lee Kwan Soo တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်လေးဟာ 2012 Blue Dragon Film Award မှာ Best Actressနဲ့ Best SupportingActor ဆု, KOFRA Film Award Ceremony မှာ Best Supporting Actor ဆုတို့ကိုဆွတ်ခူးရရှိထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ။ ဒူဟျွန်း (Lee Sun Kyun)ဟာ လှပပြီး စမတ်ကျပေမဲ့လည်း  ပူညံပူညံလုပ်တတ်တဲ့ ဇနီး( Im SooJung )ကို စိတ်ကုန်ပြီး ဇနီးသည်ရဲ့ အဝေးမှာပဲ နေချင်သူပါ… ။ တစ်နေ့မှာတော့ သူတို့ရဲ့ အိမ်နီးနားချင်း ယောက်ျား( Ryu Seung ryoung)ဟာ မြာပွေပြီး မိန်းမတွေကိုဖြားယောင်းတဲ့နေရာမှာ ကျွမ်းကျင်တဲ့သူဆိုတာ သိလိုက်ရတဲ့ အခါမှာ .. သူ့ဇနီးကို ဖြားယောင်းခိုင်းပြီးကွာရှင်းခွင့်ရဖို့ကြံစည်ပါတော့တယ်… တကယ်ပဲ သူကြံစည်ထားသလိုမျိုး ကွာရှင်းခွင့်ရသွားမှာလား ..ဇနီးဖြစ်သူရဲ့ တန်ဖိုးကိုရောနားလည်လာနိုင်ဦးမှာလားဆိုတာကိုတော့ Channel Myanmarနဲ့အတူခံစားကြည့်ရှုလိုက်ရအောင်နော် .. ။ (အညွှန်းကို Htoo Pyae မှ ရေးသားထားပါတယ်)
...

Class of 1999 (1990) ⭐TMDB: 60% User Score 🎬 #Action #Horror #SciFi #ScienceFiction 🗓 1990 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 7 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 အမေရိကန် အထက်တန်းကျောင်းတွေမှာ ကျောင်းသားတွေဟာ ဂိုဏ်းဂဏဖွဲ့စည်းကာ သောင်းကျန်းလာတာကြောင့် ကျောင်းတွေပိတ်ရတဲ့အထိ ဆိုးရွားလာခဲ့တယ်။ ကျောင်းနား၀န်းကျင်တွေကို လူငယ်ဂိုဏ်းတွေက အပိုင်စီးထားတာကြောင့် အာဏာပိုင်တွေလက်လျှော့ထားရတဲ့ ဥပဒေမဲ့ဇုန်ရဲ့အလယ်မှာတည်ရှိနေတဲ့ ကန်နေဒီအထက်တန်းကျောင်းကို ပြန်ဖွင့်နိုင်ဖို အဖွဲအစည်းတွေဖွဲကာ လုပ်ဆောင်နေတဲ့သူတချို့ဟာ ကျောင်းသားတွေကိုထိန်းဖို့ စစ်တပ်သုံး cyborg သုံးယောက်ကို ကျောင်းဆရာဆရာမအနေနဲ့ ခန့်လိုက်တဲ့အချိန်မှာတော့ မျှော်လင့်မထားတာတွေဖြစ်လာခဲ့တယ်။ ဂိုဏ်းဂဏအသီးသီးဖွဲ့ကာ စည်းလုံးမှုမရှိကြတဲ့ကျောင်းသားတွေနဲ့ စက်ရုပ်တွေကြား တိုက်ပွဲကိုကြည့်ရှုခံစားရမယ့် sci-fi ဇာတ်ကားတစ်ကားပါ။
...

Raging Phoenix (2009) ⭐TMDB: 64% User Score 🎬 #Action #Crime #Thriller 🗓 2009 🎞 movie 🌎 #Thailand ⏰ 1 နာရီ 54 မိနစ် 41 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ငယ်ငယ်တုန်းကအရမ်းကြိုက်ခဲ့ရပြီး အခုချိန်ပြန်ကြည့်ရင်လည်း ကောင်းနေဆဲ ၂၀၀၉ ခုနှစ်ထွက်ထိုင်းဇာတ်ကြမ်း။ မိန်းကလေးတွေကို ပြန်ပေးဆွဲပြီး ထူးဆန်းတာတွေလုပ်နေတဲ့ လူဆိုးဂိုဏ်းတစ်ခုဖြစ်တဲ့ ဂျာဂွာဂိုဏ်းကို တိုက်ဖျက်ကြမယ့်လူတစ်စု။ ဂျာဂွာဂိုဏ်းကြောင့် ဘ၀ပျက်လောက်အောင် နစ်နာခဲ့ရပြီး လက်စားပြန်ချေဖို့ အချိန်ကောင်းကိုစောင့်နေကြတဲ့သူတို့က ဂျာဂွာဂိုဏ်းပြန်ပေးဆွဲတာခံရတဲ့ မိန်းကလေးတစ်ယောက်ကို ကယ်လိုက်မိရာကနေ အဲဒီမိန်းကလေးနဲ့ပေါင်းပြီး ဂျာဂွာဂိုဏ်းကို ဘယ်လိုမျိုး လက်စားချေကြမလဲ။
...

Mrs. (2023) ⭐TMDB: 57% User Score 🎬 #Bollywood #Comedy #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 47 မိနစ် 33 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Mrs. 2025 “မိဖုရားလား ဘုရင်မလား” အိမ်ထောင်ရေးဆိုတာ ပုံပြင်တွေထဲကလို ချစ်တဲ့သူနဲ့လက်ထပ်ပြီးအမြဲတမ်း Happy Ending ဖြစ်သွားတတ်တာမျိုး မဟုတ်ပါဘူး။ အိမ်ထောင်ပြုလိုက်ပြီးမှ ဘ၀စတယ်လို့တောင် ပြောလို့ရပါတယ်။အထူးသဖြင့်ကတော့ မိန်းကလေးတွေပေါ့။ အပြင်အလုပ်လုပ်သည်ဖြစ်စေမလုပ်သည်ဖြစ်စေ၊ အိမ်‌ထောင်ပြုလိုက်တာနဲ့မိန်းကလေးတစ်ယောက်ရဲ့ဘ၀ဟာ လုံး၀ပြောင်းလဲသွားရတာပါ။ အဲဒီလို မိန်းကလေးတစ်ယောက်ရဲ့ မိဘအိမ်မှာနေတဲ့ အပျိုဘ၀နဲ့အိမ်ထောင်ရှင်ဘ၀ အကွာကြီးကွာခြားပုံအကြောင်း လက်တွေ့ဘ၀မှာဖြစ်တတ်တာလေးတွေကို ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းထဲမှာ ရီချာဆိုတဲ့ ပညာတတ်မိန်းမချောလေးဟာသူ့ကိုလာမြန်းတဲ့ ဆရာ၀န်လေးဒီဝါကာနဲ့ မြင်မြင်ချင်းချစ်မိသွားပြီးလက်ထပ်လိုက်ကြပါတယ်။ အစပိုင်းမှာတော့ ချစ်ကြည်နူးတစ်တီတူးတဲ့ပျော်စရာဇာတ်၀င်ခန်းလေးတွေပါပဲ။ ‌နောက်ပိုင်းမှ ဇာတ်လမ်းစတာပါ။ ရီချာဟာ သူတို့ဓလေ့အတိုင်း ခင်ပွန်းသည်အိမ်မှာ လိုက်နေရပါတယ်။ဒီဝါကာတို့ မိသားစုဟာ သဘောကောင်းတဲ့ ပညာတတ်မိသားစုဖြစ်ပေမဲ့ရှေးရိုးဆန်ပြီး ဖိုဝါဒကြီးစိုးတဲ့မိသားစုမျိုးလို့ ဆိုရမှာပါ။အဲဒီမှာ ခေတ်ပညာတတ်မိန်းကလေး ရီချာနဲ့ သွားတွေ့တာပါပဲ။ အစပိုင်းတော့ ရီချာတစ်ယောက် ယောက္ခမဖြစ်သူနဲ့အတူ အိမ်ရှင်မတာ၀န်တွေကိုသူနိုင်သလောက် လုပ်ပေးပါသေးတယ်။ ဒါ‌ပေမဲ့ နောက်ပိုင်းမှာတော့ သူသိပ်ချစ်တဲ့အကကိုလည်း မကအား၊ သူလုပ်သမျှကလည်း အရာမထင်သလို၊အလုပ်ထွက်လုပ်ရတဲ့သူတွေလောက်ပဲ ပင်ပန်းတယ်ထင်ကြပြီးထုံးစံအတိုင်း အိမ်မှာကျန်ခဲ့တဲ့ အိမ်ရှင်မရဲ့ဘ၀က အရေးမပါ၊ အသိအမှတ်ပြုမခံရတဲ့အခါ…။ ရီချာတစ်ယောက် သူ့ရဲ့အိမ်ထောင်ရှင်မဘ၀ကို ဘယ်လိုရှေ့ဆက်ရင်ဆိုင်သွားမလဲဆိုတာတွေးစရာ ပညာယူစရာလေးတွေနဲ့အတူ ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲကဖြစ်ရပ်တွေသာ ကွာချင်ကွာသွားမယ်၊ လက်တွေ့မှာ သဘောတရားချင်းအတူတူပဲမို့အိမ်ထောင်ရှိသူတွေရော အိမ်ထောင်ပြုဖို့ အစီစဉ်ရှိတဲ့သူတွေပါ ကြည့်ထားရင်မမှားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~ToMo~KKKZ~Zwe Yan ပါ။)
...

No Tears for the Dead (2014) ⭐IMDB: 6.7/10 (7 k Votes) 🎬 #Action #Crime #Drama #Thriller 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 56 မိနစ် 44 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 File size…(1.4 GB)/(720 Mb)Quality….Blu-Ray 1080p / 720pFormat… mp4Duration…. 01:56:00Genre… Action, Crime, Drama, ThrillerSubtitle….Myanmar Subtitle (Hardsub)Encoder….GarfieldTranslated by Su
...

Bangkok Haunted (2001) ⭐TMDB: 45% User Score 🎬 #Horror #Mystery 🗓 2001 🎞 movie 🌎 #Thailand ⏰ 2 နာရီ 5 မိနစ် 36 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Bangkok Haunted (2001)*********************** ဟာသမနှောတဲ့ Thai horror စစ်စစ်ကိုမှ ခံစားလိုသူတွေအတွက် ၂၀၀၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ old but gold ထိုင်းသရဲကားလေးတစ်ကားကို CMမှ ပြန်လည်တင်ဆက်ပေးလိုက်ပါပြီ… ဒီကားလေးကတော့ anthology horror movies အမျိုးအစားဖြစ်ပြီးတော့ မတူညီတဲ့သရဲဇာတ်လမ်း ၃ ခု၊ မတူညီတဲ့ရသ ၃ ခုကို ခံစားရမှာဖြစ်ပါတယ်ဗျ… ဇာတ်လမ်းလေးကိုတော့ သူငယ်ချင်း ၃ ယောက် ကော်ဖီဆိုင်ထိုင်ရင်း ဆက်မိစပ်ရာနဲ့ သရဲအကြောင်းပြောရာကနေ အစပျိုးထားပါတယ်…ဒီမှာတော့ ရှေးဟောင်းဗုံ၊ ပီယဆေးနဲ့ ကြိုးတန်းလန်းနဲ့အလောင်းဆိုပြီး ဇာတ်လမ်း ၃ ခု ကို တင်ဆက်ပေးထားပါတယ်… ဇာတ်လမ်းအကျဉ်း————- ပထမတစ်ခုမှာတော့ ဘယ်သူပို့မှန်းမသိဘဲ ဆိုက်ဆိုက်မြိုက်မြိုက် အိမ်ကိုရောက်လာတဲ့ ရှေးဟောင်းဗုံတစ်လုံး၊ ဒီဗုံကရှေးဟောင်းပစ္စည်းဆိုတော့ စိတ်ဝင်စားစရာပေမဲ့ ဗုံရဲ့နောက်ကွယ်မှာ သမိုင်းကြောင်းတွေရှိနေပါသတဲ့… ဘယ်လိုသမိုင်းကြောင်းတွေဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ခံစားကြည့်လိုက်ပါဦးဗျာ… ဒုတိယဇာတ်လမ်းမှာတော့ ရည်းစားနဲ့ပြတ်ခါစ ဂျီယက်တစ်ယောက် အိမ်နီးချင်းအစ်မကြီးဆီကနေ ပီယဆေးလက်ဆောင်ရလိုက်ပြီး ဒီပီယဆေးအစွမ်းနဲ့ပဲ အချစ်ကနေ သေမင်းခံတွင်းဝ ရောက်သွားဖို့ ဖြစ်သွားတဲ့အခါ… ဂျီယက်တစ်ယောက် အသက်ရှင်နိုင်ပါ့မလားဆိုတာ ရင်တဖိုဖိုနဲ့ ကြည့်ရှုလိုက်ပါဦးနော်… တတိယဇာတ်လမ်းကတော့ ကြိုးတစ်ချောင်းနဲ့အလောင်းတစ်လောင်း၊ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုလို့လူတိုင်းက ယူဆကြပေမဲ့ ဒါကိုမယုံနိုင်တဲ့ ရဲအုပ်’နော့’တစ်ယောက် အမှုကိုစုံစမ်းရာကနေ သူသိလာရတဲ့အမှန်တရားက ဘာတွေဖြစ်မလဲ… Jumpscare တွေလည်းပါတယ်ဆိုပေမဲ့ creepy sense ကို အပြည့်အဝရစေမဲ့ ဇာတ်လမ်းလေးတွေဆိုတော့ ညဘက်တစ်ယောက်တည်းဖြစ်နေသူတွေ တစ်ယောက်ယောက်ရှိနေတဲ့ခံစားချက်လေး လိုချင်ရင်တော့ ညဘက်မှာ နားကြပ်လေးနဲ့ ကြည့်ရှုခံစားဖို့ recommend ပေးလိုက်ပါတယ်… ဇာတ်လမ်းအညွှန်းနှင့် ဘာသာပြန်သူကတော့ Mary ဖြစ်ပါတယ်
...

Santa Tell Me (2024) ⭐IMDB: 7.1/10 (1 k Votes) 🎬 #Comedy #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 39 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Santa Tell Me” (2024) ကတော့ အတွင်းပိုင်းဒီဇိုင်နာ Olivia အဖြစ် Erin Krakow သရုပ်ဆောင်ထားတဲ့ ခရစ္စမတ်ရုပ်ရှင်ဖြစ်ပါတယ်။ သူအချစ်စစ်အမည်ကတော့ Nick ဖြစ်ပါတယ်လို့ Santa ထံမှ စာတစ်စောင်ရလာတယ်။ Daniel Lissing အဖြစ် သရုပ်ဆောင်ထားတဲ့ ထုတ်လုပ်သူ Chris နှင့် home makeover ရှိုးတစ်ခုတွင် အလုပ်လုပ်ရင်း မတူညီတဲ့ Nicks သုံးဦးနှင့် ချိန်းတွေ့ခဲ့တယ်။ သူရဲ့ ချိန်းတွေ့မှုတွေက မှားယွင်းလာတာနှင့်အမျှ သူ Chris ကို နှစ်သက်လာပါတယ်။ ဝေဖန်ရေးဆရာတွေက ရုပ်ရှင်ကို ရယ်စရာကောင်းတဲ့ ဇာတ်လမ်းနဲ့ သရုပ်ဆောင်ချက်ကောင်းတွေကြောင့် နှစ်သက်ကြပါတယ်။ Fangirlish က “twists, turns, drama, and romance ပါတယ်လို့ပြောပါတယ် Dan Kolbet က ဇာတ်ကားကို 8/10 ပေးပြီး “တကယ်ကောင်းတယ်” လို့ ခေါ်ပါတယ်။ Marvelous Geeks Media က “outstanding” နှင့် “effortless” ဖြစ်တယ်လို့ဆိုပါတယ်။ ပျော်စရာကောင်းပြီး ကြည်နူးစရာကောင်းတဲ့ ခရစ္စမတ်ရုပ်ရှင်ပါ။
...

13: Game of Death (2006) ⭐TMDB: 64% User Score 🎬 #Comedy #Horror #Crime #Drama #Mystery #Thriller 🗓 2006 🎞 movie 🌎 #Thailand ⏰ 1 နာရီ 49 မိနစ် 58 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 13: Game of Death (2006)************************ ငွေဆိုတာ ဒုတိယဘုရားသခင်တဲ့…ငွေဟာအရာရာကိုမဝယ်နိုင်ပါဘူးလို့ပြောနေပေမဲ့ ဒီငွေဆိုတဲ့အရာဟာ လူတိုင်းရဲ့ဘဝမှာ မရှိမဖြစ်လိုနေတဲ့အရာတစ်ခုပါပဲ… တစ်ဘဝလုံး ငွေနောက်လိုက်ရင်း ငွေရဲ့ကျေးကျွန်ဘဝ ရောက်မှန်းမသိရောက်သွားရသူတွေလည်း ဒုနဲ့ဒေးရယ်ပေါ့လေ…ဒီငွေဆိုတာ စကားလုံးအရရိုးရှင်းသလောက် လက်တွေ့ဘဝမှာတော့ ဘယ်လောက်ထိလွှမ်းမိုးနိုင်လဲဆိုတာကို ရိုက်ကူးတင်ဆက်ထားတဲ့ Old But Gold ထိုင်း Thriller 13 Game of Deathဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်… ဒီဇာတ်ကားကို လူတွေသိပ်မသိရင်တောင် သူ့ရဲ့ Remake versionဖြစ်တဲ့ 13 Sinsဆိုတဲ့ဇာတ်ကားကိုတော့ Thriller hardcore fanတွေက သိကြမယ်ထင်ပါတယ်… ဒီတော့ ဒီဇာတ်လမ်းလေးက ဘယ်လိုဖြစ်တည်လာလဲဆိုတာ ဆက်လက်ရှုစားကြပါဦး… ဇာတ်လမ်းအကျဉ်း————- တစ်ခါတလေမှာ ရိုးသားကြိုးစားတဲ့သူတွေအတွက် လောကကြီးမှာ နေရာမရှိဘူးဆိုတဲ့စကားဟာ ဖူချစ်အတွက်တော့ ကွက်တိကိုမှန်နေတဲ့စကားတစ်ခွန်းပေါ့…အလုပ်လည်းအဆင်မပြေ အိမ်ကလည်းနှင်ချခံရ ကားလည်းသိမ်းခံရတဲ့အပြင် ဖောက်သည်ကိုပါ လုပ်ဖော်ကိုင်ဖက်ကဖျံကျသွားခဲ့ပါတယ်… ချစ်သူကလည်း ငမွဲမလို့ စွန့်ပစ်တာခံလိုက်ရတဲ့ဖူချစ်တစ်ယောက် ဘဝရဲ့ဟိုးအောက်ဆုံးကိုရောက်နေချိန်မှာ ထူးဆန်းတဲ့ဖုန်းကောလ်တစ်ခု ဝင်လာပါတယ်…စိန်ခေါ်မှု ၁၃ခုနဲ့အတူ စိန်ခေါ်မှုတစ်ခုချင်းစီတိုင်းအတွက် မက်လောက်စရာဆုကြေးငွေနဲ့ နောက်ဆုံးအထူးဆုဖြစ်တဲ့ ဘတ်သန်း ၁၀၀ကို ရယူပိုင်ဆိုင်နိုင်ခွင့်ရှိပါမယ်တဲ့… ဘဝရဲ့အောက်ဆုံးရောက်နေတဲ့ဖူချစ်အတွက် ဘတ်သန်း ၁၀၀ဆိုတာ ခြုံကြားကနေ ဘုံဖျားကိုပို့ပေးနိုင်မဲ့ အခွင့်အရေးတစ်ခုဆိုတော့ ရရာကောက်ရိုးတစ်မျှင်ကိုဆွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်…အဲဒီလိုမျိုး ကြီးမားလှတဲ့ မက်လုံးတစ်ခုရဲ့နောက်ကွယ်က ပေးဆပ်ရမယ့်တန်ကြေးက ဘာဖြစ်မလဲဆိုတာ CMနဲ့အတူ ရှုစားလိုက်ကြရအောင်ပါ… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Mary ဖြစ်ပါတယ်
...

Hello Stranger (2010) ⭐TMDB: 72% User Score 🎬 #Comedy #Romance 🗓 2010 🎞 movie 🌎 #Thailand ⏰ 2 နာရီ 2 မိနစ် 33 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Hello Stranger (2010)********************* ATM , One Day လို ဇာတ်ကားမျိုးနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး Chantavit Dhanaseviနဲ့ မင်းသမီးချောလေး Nuengthida Sophon ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို CM ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်း************** ထိုင်းကနေ ကိုရီးယားကို ချစ်သူလေးနဲ့အတူ ခရီးသွားအဖွဲ့နဲ့လိုက်ဖို့ အကုန်ပြင်ဆင်ပြီးတော့မှ ချစ်သူနဲ့ပြတ်ပြီး တစ်ယောက်တည်းပဲ ထွက်လာခဲ့ရတဲ့ ဒန်ဆိုတဲ့ ကောင်လေး… ကိုရီးယားက သူငယ်ချင်းဖြစ်သူ မင်အာရဲ့ မင်္ဂလာပွဲကို ချစ်သူက သွားခွင့်မပေးလို့ သူငယ်ချင်းနဲ့အတူ ခရီးထွက်တာပါဆိုပြီး လိမ်ပြီး ထွက်လာခဲ့တဲ့ မေဆိုတဲ့ကောင်မလေး… သူတို့နှစ်ယောက်ဟာ ထိုင်းလူမျိုးတွေဖြစ်ပေမဲ့ ထူးထူးခြားခြား ကိုရီးယားမှာ လာပြီးဆုံတွေ့ကြပါတော့တယ်… အချင်းချင်း နာမည်တောင် မသိကြပေမဲ့ တခြားနိုင်ငံမှာတွေ့ရတဲ့ ထိုင်းလူမျိုးအချင်းချင်း ကူညီဖေးမကြရင်း ဘာတွေဆက်ဖြစ်သွားကြမလဲ… နှစ်ယောက်သားချစ်ရသူတွေကိုယ်စီရှိကြပေမဲ့ အချစ်ရေးကိစ္စမှာ ဘယ်လိုလွဲချော်မှုတွေဖြစ်လာဦးမလဲ… ဘယ်လိုအဆုံးသတ်မျိုး ကြုံရမလဲဆိုတာကိုကြည့်ရှုရမဲ့ အချစ်ဟာသ ဇာတ်လမ်းလေးဖြစ်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Char Ou ဖြစ်ပါတယ်
...

Little Miss Sunshine (2006) ⭐TMDB: 77% User Score 🎬 #Comedy #Drama 🗓 2006 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 34 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Little Miss Sunshine(2006) IMDb…7.8,,,,Rotten….91% ဒီကားက ဇာတ်ပို့နဲ့ ဇာတ်ညွှန်းအော်စကာဆုတွေရရှိခဲ့တဲ့ကားပါ…ဟာသကားတွေကြိုက်နှစ်သက်တဲ့သူတွေအဖို့ Steve Carell  ကိုနာမည်သာမမှတ်မိတာ လူမြင်လိုက်ရုံနဲ့ ဒီဘိုးတော်ကားတွေကရယ်လည်းရယ်ရသလို တွေးစရာ မှတ်သားစရာလေးတွေ ပေးပြီးရင်ထဲကျန်အောင်လုပ်နိုင်တယ်လို့ တွေးစေနိုင်လောက်သည့်အထိ သူ့ကားတွေတော်တော်များများက ကောင်းခဲ့တာပါ….IMDb တွေ Rotten တွေကလည်း ကြွရွလို့… ကလေးမလေးတစ်ယောက်ရှိတယ်..သူက   မိုင် (၈၀၀)လောက်ဝေးတဲ့နေရာမှာ အလှမယ်ပြိုင်ဖို့ရှိတယ်… အဘိုး၊ဦးလေး ၊အမေနဲ့အမေတို့က ဆင်းရဲလေတော့ ကားစုတ်လေးငှားပြီးသွားကြတယ်.. လမ်းမှာ ဒုက္ခမျိုးစုံတွေကြသလို ..အလွဲလွဲအချောချောပေါင်းစုံနဲ့ပေါ့…တွေးစရာမှတ်သားစရာလေးတွေ ဘယ်လောက်ပါလဲဆိုတာတော့ ကိုင်းခံစားကြည့်လိုက်ပါဦးဗျ…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye Pye Sone ပဲဖြစ်ပါတယ်… ————————————————- ဒီကားက ဇာတ်ပို့နဲ့ ဇာတ်ညွှန်းအော်စကာဆုတွေရရှိခဲ့တဲ့ကားပါ…ဟာသကားတွေကြိုက်နှစ်သက်တဲ့သူတွေအဖို့ Steve Carell  ကိုနာမည်သာမမှတ်မိတာ လူမြင်လိုက်ရုံနဲ့ ဒီဘိုးတော်ကားတွေကရယ်လည်းရယ်ရသလို တွေးစရာ မှတ်သားစရာလေးတွေ ပေးပြီးရင်ထဲကျန်အောင်လုပ်နိုင်တယ်လို့ တွေးစေနိုင်လောက်သည့်အထိ သူ့ကားတွေတော်တော်များများက ကောင်းခဲ့တာပါ….IMDb တွေ Rotten တွေကလည်း ကြွရွလို့… ကလေးမလေးတစ်ယောက်ရှိတယ်..သူက   မိုင် (၈၀၀)လောက်ေ၀းတဲ့နေရာမှာ အလှမယ်ပြိုင်ဖို့ရှိတယ်… အဘိုး၊ဦးလေး ၊အမေနဲ့အမေတို့က ဆင်းရဲလေတော့ ကားစုတ်လေးငှားပြီးသွားကြတယ်.. လမ်းမှာ ဒုက္ခမျိုးစုံတွေကြသလို ..အလွဲလွဲအချောချောပေါင်းစုံနဲ့ပေါ့…တွေးစရာမှတ်သားစရာလေးတွေ ဘယ်လောက်ပါလဲဆိုတာတော့ ကိုင်းခံစားကြည့်လိုက်ပါဦးဗျ…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye Pye Sone ပဲဖြစ်ပါတယ်
...

Vengeance (2006) ⭐TMDB: 41% User Score 🎬 #Action #Fantasy #Horror #Thriller 🗓 2006 🎞 movie 🌎 #Thailand ⏰ 1 နာရီ 44 မိနစ် 20 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Vengeance (2006)**************** ဒီဇာတ်လမ်းကတော့ ထောင်ဖောက်ပြီး ထွက်ပြေးသွားတဲ့ ထောင်သားတွေကို လိုက်ဖမ်းရင်း ကျိန်စာသင့် သစ်တောထဲကို ရောက်သွားကြတဲ့ ရဲအဖွဲ့ရဲ့အကြောင်းကို ရိုက်ကူးပြထားတာဖြစ်ပါတယ်… Action, Fantasy, Horror, Thriller အမျိုးအစားဖြစ်လို့ ရင်တဖိုဖိုနဲ့ ကြည့်ရဦးမှာပါ… ထောင်သားတွေဟာ ထောင်ထဲကနေ ထွက်ပြေးလာတဲ့နောက် ရဲတွေရဲ လက်က လွတ်မြောက်ဖို့အတွက် မြန်မာနှင့် ထိုင်းနိုင်ငံ နယ်စပ်မှာရှိတဲ့ သစ်တောကြီးကို ဖြတ်ပြီး မြန်မာနိုင်ငံထဲကို ဝင်ဖို့ ကြိုးစားကြပါတယ်… တစ်ဖက်မှာ ရဲအရာရှိအသစ်ကလည်း ရာဇဝတ်သားတွေကို ဖမ်းဆီးချင်တဲ့ စိတ်ဓာတ်တွေ တက်ကြွနေတာကြောင့် ရေဆုံးမြေဆုံး လိုက်လာပါတော့တယ်…သူတို့ မသိကြတာကတော့ အဲဒီသစ်တောကြီးထဲမှာ ထူးဆန်းတဲ့လူမျိုးစုတွေနဲ့ သတ္တဝါကြီးတွေ နေထိုင်နေကြတယ်ဆိုတာပါပဲ… ဒီလိုနဲ့ ထောင်သားအဖွဲ့နဲ့ ရဲအဖွဲ့တို့ ကျိန်စာသင့် သစ်တောကြီးထဲမှာ ဘယ်လိုအန္တရာယ်တွေ ကြုံတွေ့ရမလဲဆိုတာ ဒီဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်… ဇာတ်လမ်းအညွှန်းနှင့် ဘာသာပြန်သူကတော့ Okka ဖြစ်ပါတယ်
...