Burma Manchester United Hightlight &News
رفتن به کانال در Telegram
1 414
مشترکین
+924 ساعت
+137 روز
+70130 روز
آرشیو پست ها
တိုက်စစ်မှုး ဟွိုက်လန်းရဲ့သွင်းဂိုးရခဲ့တာအမြတ်ပဲ။ဘိုင်ယန်ကွင်းမှာအနောက်ကနေလိုက်ကစားဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးဆိုတာ ဂိုးပြတ်ရှုံးခဲ့ဖူးတဲ့အသင်းကသက်သေပဲ😝
#Demon(TGI)
တိုက်စစ်မှုး အသစ်လေးရဲ့စျေးဦးပေါက်သွင်းဂိုးနဲ့ပထမဆုံးယူနိူက်တတ်ရဲ့ချန်ပီယံလိဂ်သွင်းဂိုး.......။
#Demon(TGI)
ဥရောပရဲ့အကောင်းဆုံးကစားသမားဆန်ကာတင်စာရင်းထဲတောင်မပါဝင်ခဲ့တဲ့ ကျနော်တို့ရဲ့အသင်းခေါင်ဆောင် ဘရူနိူရဲ လူဇင်ဘတ်နဲ့နိူင်ငံပွဲမှာ ရပ်တန့်လို့မရတဲ့သွင်းဂိုးနဲ့ခြေစွမ်း.....။
#Demon(TGI)
ကောင်ကင်ကြီးကပြာတယ် ညရဲ့အလင်းရောင်ကအေးမြတယ် လန်ဒန်မြို့မှာရက်ဖိုဒ့်ဂိုးသွင်တယ်.....။
Goal Rashford 27'
Arsenal 0-1 Rashford
နံပါတ်အသစ်ကိုပြောင်းလဲဝတ်ဆင်မဲ့ဂါနာချိုနဲ့ကစားသမားအသစ်တို့ရဲ့ကျောနံပါတ်များ......။
#Demon (TGI)
OFFICIAL !
တိုက်စစ်မှူး ဟွိုင်လန် နှင့် တောင်ပံကစားသမားဂါနာချို တို့ ရဲ့ကျောနံပတ်။
#Demon(TGI)
OFFICIAL!
ယူနိုက်တက်၏ ချန်ပီယံလိဂ်အုပ်စုပွဲစဥ်များ
20/09 Bayern Munich (အဝေး)
03/10 Galatasaray (အိမ်)
24/10 Copenhague (အိမ်)
08/11 Copenhague (အဝေး)
29/11 Galatasaray (အဝေး)
12/12 Bayern Munich (အိမ်)
#Demon(TGI)
Championship PFA ရဲ့ပရိတ်သတ်တွေပေးတဲ့ဆုကိုအာမက်ဒီယာလိုကရရှိခဲ့ပါတယ်.....။
#Crd
POTM!
ယူနိုက်တက်ပရိသတ်များရွေးချယ်သည့် တစ်လတာအကောင်းဆုံးကစားသမားဆုကို အသင်းခေါင်းဆောင် Bruno Fernandes မှ ရရှိသွားခဲ့သည်။
#Crd
🗣 Sergio Reguilon : "ဘဝမှာ မင်းအရာရာအတွက် အဆင်သင့်ဖြစ်ရမယ်၊ ဒီလိုကြီးကျယ်ခမ်းနားတဲ့သမိုင်းကြောင်းနဲ့ ဒီကလပ်ကြီးကို ကိုယ်စားပြုခွင့်ရဖို့ဆိုတာ ငါငြင်းလို့မရတဲ့တစ်ခုပါပဲ။
မန်နေဂျာနဲ့ စကားပြောပြီးရင် သူဘာတွေ လိုအပ်တယ်ဆိုတာ ကျွန်တော်သိပြီး အသင်းကို အောင်မြင်မှုရရှိအောင် ကူညီပေးရာမှာ ကျွန်တော်ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။
ဒီရာသီမှာ မန်ယူအသင်းကို ပံ့ပိုးပေးနိုင်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒီအဖွဲ့အတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ အားလုံးကို ကျွန်တော့်ရဲ့ အရည်အသွေးတွေကို ပြသဖို့ အဆင်သင့်ပါပဲ။”
#Demon(TGI)
TRANSFER
Mason Greenwood သည် ဂီတာဖေးအသင်းသို့ အငှါးဖြင့် ပြောင်းရွှေ့ရန်သဘောတူညီမှုရခဲ့ပြီဖြစ်သည်။
[Fabrizio Romano]
#Demon(TGI)
🗣 Sofyan Amrabat : “မန်ချက်စတာယူနိုက်တက်ကစားသမားဖြစ်လာရတာ ဂုဏ်ယူစရာကောင်းပါတယ်။ ဒီအခိုက်အတန့်ကို စိတ်ရှည်ရှည်ထားခဲ့ရပေမယ့် ကျွန်တော်ဟာ ကျွန်တော့်ရဲ့နှလုံးသားကို အမြဲနားထောင်ပေးသူတစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့ ကျွန်တော့်အိပ်မက်ကလပ်ကို ကိုယ်စားပြုနေပါတယ်။”
“ကျွန်တော်က စိတ်အားထက်သန်တဲ့ ကစားသမားပါ။ ကျွန်တော် ဒီစွမ်းအင်ကို အသင်းအတွက် ဆောင်ကျဉ်းပေးချင်ပါတယ်၊ အသင်းအတွက် ကျွန်တော် လုပ်ဆောင်ပေးနိူင်သမျှအားလုံးကိုလုပ်ဆောင်သွားမှာပါ”
Erik ten Hag က ဘယ်လိုအလုပ်လုပ်ရတာကြိုက်လဲ ၊ သူ့ကစားသမားတွေဆီက လိုအပ်တာတွေကို ကျွန်တော် အတိအကျသိပါတယ်။ သူ့ရဲ့ နည်းပြနဲ့ လမ်းညွှန်မှုက ကျွန်တော့်ကစားသမားဘဝအစောပိုင်းက ကစားသမားတစ်ယောက်အနေနဲ့ အများကြီးတိုးတက်လာတာကို ကျွန်တော်သိပါတယ်။ ကျွန်တော့်ရဲ့ အရည်အချင်းတွေက ဒီရာသီမှာ အသင်းကို အောင်မြင်အောင် ကူညီပေးနိုင်ဖို့ပါပဲ။”
#Demin(TGI)
TEAM NEWS
Rasmus Hojlund နှင့် Reguilon တို့ နှစ်ယောက်လုံး အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပြီး လာမည့်တနင်္ဂနွေနေ့ အာဆင်နယ်နှင့်ပွဲ လူစာရင်းတွင် ပါဝင်လာမည်ဟု အဲရစ်တန်ဟက်မှ အတည်ပြုပြောကြားခဲ့သည်။
Hojlund အနေဖြင့် ပထမကစားသမား ၁၁ ယောက်စာရင်းတွင် ပါဝင်ရန်ပင် အဆင်သင့်ဖြစ်နေပြီဟုသိရသည်။
[men]
(ကစားသမားအသစ်ဆိုအာကြီးကိုဂိုးသွင်းတာသင်သိပါသလား)😝😝
#Demon(TGI)
