fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

Electrical Learning Group

Electrical Learning Group

رفتن به کانال در Telegram

ြမန်မာဘာသာဖြင့် လေ့လာဖတ်ရှုနိုင်မည့်လျှပ်စစ်စာအုပ်များအပါအဝင် လျှပ်စစ်ပိုင်းဆိုင်ရာ ဗဟုသုတများကို ဝေမျှပေးသွားမည်ဖြစ်ပါသည်။

نمایش بیشتر
4 978
مشترکین
+124 ساعت
+77 روز
+830 روز
آرشیو پست ها
Solar Batch Batch (33) ဖေဖော်ဝါရီ16ရက်နေ့ စပါတော့မယ်ခင်ဗျာ 09785338566

Basic Solar PV System Design & Installation ဆိုလာပြင်ပလက်တွေ့သင်တန်း Batch(33)ကို ဖေဖော်ဝါရီ(၁၆)ရက်နေ့မှာ ဖွင့်ပေးသွားဖို့ရှိပါတယ်ခင်ဗျာ။ သင်တန်းချိန်-မနက်(၉)ညနေ(၃) တနင်္လာမှစနေအထိ(၆)ရက်ဆက်တိုက်။ သင်တန်းကြေး ၂သိန်းခွဲကျပ်။ သင်တန်းတည်နေရာ-လှည်းတန်းစင်တာ(၃)လွှာ။ ဆက်သွယ်ရန်-09785338566 သင်တန်းအကြောင်းအသေးစိတ်ဖတ်ရန် 👇👇👇👇👇👇👇👇👇👇👇👇👇👇 https://www.facebook.com/100064688139228/posts/1306542358178690/

photo content

photo content

စိတ်ကြည်ရင် ရုပ်ကြည်မယ်၊ကြည်လင်တဲ့ ရုပ်နာမ်ဟာ အမှန်မြင်ဖို့ ဆီကိုဦးတည်မယ်၊လွတ်မြောက်ရာလမ်းစရဲ့ တံခါးဝကို တွန်းဖွင့်နိုင်စွမ်းတဲ့အထိမြင့်မားမယ့် စိတ်စွမ်းအားတွေရလာပါလိမ့်မယ်။ မိတ်ဆွေများအားလုံး သံသရာလွတ်လမ်းကို ပိတ်စေနိုင်တဲ့အထိ ဆိုးကျိုး ပေးနိုင်တဲ့ ကျေးဇူးတရားကိုချေဖျက်လိုစိတ်ကို ကြိုးစားစွန့်ပယ်နိုင်ကြကာ ကျေးဇူးသိစိတ်ကို မွေးမြူနိုင်ကြပြီး ကောင်းကျိုးချမ်းသာများ ရရှိပိုင်ဆိုင်ကြပါစေ။

ကျေးဇူးတရားကို ချေဖျက်ခြင်း(ထမ္ဘ) သံသရာလွတ်လမ်းကို မြင်နိုင်တဲ့ဉာဏ် ပေါ်မလာအောင် ပိတ်ပစ်နိုင်တဲ့အထိ ဆိုးကျိုးပေးတတ်တဲ့ စိတ်နေစိတ်ထားတွေထဲမှာ ကျေးဇူးတရားကိုချေဖျက်ခြင်း(ထမ္ဘ)လည်း တခုအပါအဝင်ဖြစ်ပါတယ်။ မိဘနဲ့ သားသမီးကြားမှာဆိုရင်လည်း တချို့သားသမီးတွေက မိဘတွေကို ငါတို့က တဖန် ပြန်လည်လုပ်ကျွေးနေတာပဲ၊ ငါတို့တာဝန်ကျေတယ်ဆိုတဲ့စိတ်မျိုးထားတတ်ကြတယ်၊သူတို့တုန်းကထက်တောင် ငါတို့က ပိုပြည့်စုံအောင် ပြန်လုပ်ပေးနေတာပဲဆိုတဲ့အချိုးနဲ့ မိဘကိုတောင် ပြန်ပြီး ကျေးဇူးတင်ခိုင်းချင်နေကြသေးတယ်။ကျွေးကျေးဇူးတော့ ကျေရင်ကျေမယ်၊လူဖြစ်အောင်မွေးပေးခဲ့တဲ့ကျေးဇူးကိုတော့ ဓမ္မနည်းလမ်းနဲ့ဆပ်မှပဲ ကျေနိုင်မှာပါ။မိဘကို ကျွေးနိုင်ပေးနိုင်ရုံလောက် နဲ့ မကျေနပ်ဘဲ ဓမ္မနဲ့ပါ ကျေးဇူးဆပ်နိုင်အောင် လုပ်ကြပါ။ထမ္ဘ ဆိုတာ ကိုယ့်ကိုယ်ကို ဟုတ်လှတယ်မှတ်ပြီး သူတပါးကျေးဇူးကို မျက်ကွယ်ပြုချင်တဲ့ မာနအခြေခံစိတ်ပါပဲ။ တချို့တချို့တွေ ဘဝမှာ အဆင်ပြေအောင်မြင်လာတဲ့အခါ ကိုယ်က ဘာမှမဟုတ်သေးတဲ့အချိန်၊ရုန်းကန်နေရတဲ့အချိန်၊တည်ဆောက်နေရတဲ့အချိန်မှာတုန်းက ကိုယ့်အနားမှာ စိတ်ရင်းစေတနာရင်းနဲ့ ရပ်တည်ကူညီ သင်ကြားပြသ စောင့်ရှောက်ပေးခဲ့ကြတဲ့သူတွေကို မေ့ပစ်တတ်ကြတယ်၊ငါ့ဘက်က ဘာတွေပြန်လုပ်ပေးခဲ့တာပဲ၊ကျေပြီ ဆိုတဲ့အတွေးမျိုးတွေ မိုက်မိုက်မဲမဲ မတွေးမိစေနဲ့။မူကြိုဆရာမလေးက ဝလုံးလေးပဲ သင်ပေးခဲ့တယ်ဆိုရင်တောင် ကိုယ်ရခဲ့တဲ့ဘွဲ့ဟာ သူ့ကျေးဇူးမကင်းတာ သေချာတယ်။ကျေးဇူးတရားတွေကို မျက်ကွယ်ပြုမိရင် ကိုယ်ပဲနစ်တာတတ်တာမို့ ထမ္ဘကို သတိပြုကြဖို့ပါ။ ဘယ်မိဘ၊ဘယ်ဆရာသမား၊ဘယ်မိတ်ဆွေကောင်းကမှ ကိုယ့်ဆီက တခုခုမျှော်ကိုးပြီးတော့ကိုယ့်အတွက် လုပ်ပေးကြတာမျိုး မရှိပါဘူး၊မေတ္တာစိတ် စေတနာစိတ်နဲ့ ပဲ မျှော်လင့်ခြင်းကင်းကင်းနဲ့ လုပ်ပေးကြတာမို့ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ သူတို့မေတ္တာတွေကို ငွေနဲ့တိုင်းလို့မရနိုင်ဘူး။အဲဒါကြောင့်ပဲ မြတ်စွာဘုရားက အနန္တ(၅)ပါးတို့ ခင်ပွန်းကြီး(၁၀)ပါးတို့ ဟောခဲ့တာ။ ကိုယ့်ရဲ့ အဆင်ပြေမှု၊အောင်မြင်မှု၊ကြွယ်ဝမှုတိုင်းဟာ ဘယ်သောအခါမှ မိဘကျေးဇူး ဆရာကျေးဇူးမိတ်ဆွေကောင်းတွေရဲ့ကျေးဇူနဲ့ကင်းပြီး သီးခြားဖြစ်တည်နိုင်တာမရှိဘူးဆိုတာ သတိချပ်ဖို့လိုတယ်။ Grammarမှာလည်း Active /Passive ဆိုတာရှိသလို Incomeမှာလည်း Active/Passiveဆိုတာရှိတယ်၊ BMSမှာလည်း Active/Passiveဆိုတာရှိတယ်။ ဘွဲ့ရလာတာ ငါကြိုးစားလို့ဆိုပြီး Activeကိုပဲမြင်တယ်၊ကိုယ့်မိဘရဲ့ နောက်ကွယ်က ရုန်းကန်ပေးခဲ့ခြင်းဆိုတဲ့ Passive ကိုတော့ မေ့ပစ်ချင်ကြတယ်။ ငါအောင်မြင်လာတာ ငါကြိုးစားလို့ဆိုပြီး Activeကိုပဲမြင်တယ်၊ကိုယ့်အနားမှာ စိတ်ရင်းနဲ့ ရပ်တည်ကူညီပေးခဲ့ကြတဲ့သူတွေရဲ့တန်ဖိုး Passiveကို မေ့ပစ်ချင်ကြတယ်။ ဝယ်သူတွေကြောင့် ငါ့စီးပွားတက်တယ်ဆိုပြီး Activeကိုပဲမြင်တယ်၊ရောင်းရအောင်ကြိုးစားပေးကြသူတွေရဲ့တန်ဖိုး Passive ကို မေ့ပစ်ချင်ကြတယ်။ တခါတလေ ငါရှာလို့ စီးပွားတိုးတာလို့ ပဲမြင်တယ်၊ကိုယ့်အိမ်ထောင်ဘက်ရဲ့ သဒ္ဓါစိတ်ကြောင့် ငွေကြေးတွေ ကိုယ့်အိတ်ထဲ လာဖိတ်တာလည်း ဖြစ်တတ်တယ်။အခုပြောတဲ့အချက်တွေကို ကြည့်တတ်သူတချို့ပဲ မြင်တတ်ကြတာပါ။ မိဘနဲ့ဆရာကတော့ရှင်းတယ်၊ အစကတည်းက အဖြူထည်သက်သက်တွေ၊ကိုယ်ဆိုးလည်း ဆက်ချစ်နေမှာပဲ၊ကိုယ်မိုက်ရင် ဆက်ပြီးဆုံးမနေမှာပဲ၊ကိုယ် အဆင်မပြေဖြစ်ခဲ့ရင်လည်း ကိုယ့်ဘက်က ဆက်ရပ်တည်မှာပဲ။မိတ်ဆွေအုပ်စုတွေကတော့ ကျေးဇူးတရားကို ချေဖျက်လိုတဲ့ကိုယ့်စိတ်(ထမ္ဘ)ကို မြင်ရင် စိတ်မကောင်းစွာနဲ့ ကိုယ့်အနားက ခွာကြလိမ့်မယ်။မိတ်ကောင်းဆွေကောင်း အရင်းအမြစ်ကောင်းတွေ ကိုယ့်အနားက ခွာသွားကြရင် သတိသာထားတော့၊ပြင်သင့်တာတွေ ပြန်ပြင်တော့၊မဟုတ်ရင် (၇)နှစ်အတွင်း ကိုယ့်ဖြစ်တည်မှုတွေ နောက်ပြန်ဆင်းသွားလိမ့်မယ်။ ကိုယ့်ဘဝမှာ ရုပ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုတန်ဖိုးတွေ တိုးလာ​ပေမယ့် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်အေးချမ်းမှုတွေ တိုးမလာဘူးဆိုရင် ဘဝကြီးက အလကားပဲ။ ကိုယ့်ဖြစ်တည်မှုကိုပြန်ကြည့်ရင် ရုပ်ခန္ဓာဟာ တနေ့တခြား အိုမင်းလာနေတာ ငြင်းမရဘူး၊ရုပ်ပိုင်းဆိုင်ရာ အားနည်းလာမှုကို စိတ်ပိုင်းဆိုင်ရာ အားကောင်းသန်မာမှုနဲ့ ကြံ့ကြံ့ခံနိုင်ပါမှ ကျွန်တော်တို့ဘဝ နေဝင်ချိန်ကို တည်တည်ငြိမ်ငြိမ် ဖြတ်သန်းနိုင်ကြမှာ။ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးတွေတိုးတက်လာဖို့ဆိုရင် သူတပါးကျေးဇူးကို မျက်ကွယ်ပြုချင်တဲ့ မာနအခြေခံစိတ်ကို ဖယ်ကြည့်ပါ။ကျေးဇူးတရားကို သိမြင်တတ်တဲ့စိတ် မွေးကြည့်ပါ။ ကိုယ်စားဖို့ စပါးစိုက်ပေးတဲ့သူတွေ၊ကိုယ်ဝတ်ဖို့ အထည်ချုပ်ပေးတဲ့သူတွေ၊ကိုယ်ချမ်းသာဖို့ အလုပ်လုပ်ပေးနေတဲ့ ဝန်ထမ်းတွေ စသဖြင့် ကိုယ့်အပေါ်ကျေးဇူးရှိကြရှာတယ်ဆိုတဲ့ အမြင်လေးနဲ့ မြင်ကြည့်၊သူတို့အပေါ်ထားတဲ့ ကိုယ့်စိတ်တွေ နူးညံ့လာမယ်၊ငဲ့ညှာစိတ်တွေပေါ်လာမယ်၊ကိုယ်ချင်းစာစိတ်တွေပေါ်လာမယ်၊တခုခု ပြန်လုပ်ပေးချင်စိတ်တွေပေါ်လာမယ်၊မေတ္တာစိတ်တွေပေါ်လာမယ်၊တဖြေးဖြေးနဲ့ ကျေးဇူးတရားကိုသိမြင်မှုအခြေခံစိတ်လေးက ကိုယ့်စိတ်ကို ပိုမိုအေးချမ်းတဲ့နယ်ပယ်ကို ခေါ်ဆောင်သွားလိမ့်မယ်။

photo content

Solarပိုင်းတွေ အခမဲ့လေ့လာချင်ရင် Channelလေး Joinထားကြပါခင်ဗျာ

Solar Online Class တက်ထားသူများခင်ဗျာ Facebookနဲ့Telegram Groupမှာ Inverter Settingပိုင်း သင်ခန်းစာတွေ ထပ်တင်ပေးနေပါတယ်ခင်ဗျာ

စနေ၊တနင်္ဂနွေ ပွဲမှာ ရှိပါမယ် သိချင်တာ မေးချင်တာ ဆွေးနွေးချင်တာရှိရင် လာခဲ့လို့ရပါတယ်ခင်ဗျာ

photo content