Electrical Learning Group
رفتن به کانال در Telegram
ြမန်မာဘာသာဖြင့် လေ့လာဖတ်ရှုနိုင်မည့်လျှပ်စစ်စာအုပ်များအပါအဝင် လျှပ်စစ်ပိုင်းဆိုင်ရာ ဗဟုသုတများကို ဝေမျှပေးသွားမည်ဖြစ်ပါသည်။
نمایش بیشتر4 978
مشترکین
+124 ساعت
+77 روز
+830 روز
آرشیو پست ها
✅ဆိုလာကြိုးတွေဝယ်ရင် ဘယ်လိုရွေးဝယ်မလဲ၊
LSZH/Heat Resistance/UV Resistanceပါတာတွေ ဘာကြောင့်ရွေးသင့်တာလဲ၊ကြိုးဆိုဒ်ဘယ်လိုရွေးရမလဲ၊ဘက်ထရီကြိုးတွေကိုရော ဘယ်လိုရွေးရမလဲ၊Fuseတွေ၊Breakerတွေ၊SPDတွေ ဘယ်လိုရွေးရမလဲ၊Dry Contactတွေကို ဘယ်လိုသုံးရသလဲ၊မိုးကြိုးလွှဲစံနစ် ဘယ်လိုတပ်ရသလဲ၊မြေဓာတ်ချစံနစ် ဘယ်လိုတပ်ရသလဲ၊သေချာသိရပါမယ်။
ဆိုလာပြားတွေအထိုင်ချဖို့ Aluminium Rail/L-Feet/Mid Clamp/End Clamp/Grounding Clampတွေ ကိုယ်တိုင်ရွေးချယ်တတ်ပါမယ်။
✅ဆိုလာစံနစ်ဒီဇိုင်းတွက်ချက်ခြင်းအပိုင်းမှာတော့
(က)ဝန်အားတွက်ချက်ခြင်း
(Load Calculation)
(ခ)ဆိုလာပြား အချပ်ရေနှင့် ပြိုင်ဆက်/တန်းဆက် တွက်ချက်ခြင်း
(Solar PV Modules)
(ဂ)ဘက်ထရီအရေအတွက်နှင့် ပြိုင်ဆက်/တန်းဆက် တွက်ချက်ခြင်း
(Battery Selection)
(ဃ)အင်ဗာတာရွေးချယ်ခြင်း
(Inverter System)
(င)ကွန်ထရိုလာရွေးချယ်ခြင်း
(Controller Unit)
(စ)ကြိုးနှင့်ဘရေကာ ရွေးချယ်ခြင်း
(Cables and Breakers)
(ဃ)တပ်ဆင်မည့်နေရာရွေးချယ်ခြင်း
( Location Choice)
(င)ကုန်ကျစရိတ်တွက်ချက်ခြင်း
(Estimation)စတာတွေ သေချာသင်ရပါမယ်။
✅ဆိုလာအထိုင်တပ်ဆင်ခြင်း၊
အင်ဗာတာတပ်ဆင်ခြင်း၊Settingထည့်ခြင်း၊ Wifiချိတ်ဆက်ခြင်း၊ BMS Communication ချိတ်ဆက်ခြင်း၊Combiner Boxတပ်ဆင်ခြင်း၊Parallelချိတ်ပြီး 3Phaseပြောင်းခြင်း စတာတွေအပြင်၊Site Surveyဘယ်လိုဆင်းရမယ် ဆိုတာက စလို့ ပစ္စည်းသွင်းဖို့ကိစ္စတွေအထိလည်းအကြံဉာဏ်ကောင်းတွေရနိုင်တာမို့Installationလုပ်တတ်ချင်တဲ့သူတွေ၊ဆိုင်ဖွင့်ချင်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ သင်တန်းဖြစ်ပါတယ်။
🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯
လက်တွေ့ပိုင်းတွေမှာ ထိထိရောက်ရောက်ဖြစ်စေဖို့အတွက် သင်တန်းသားဦးရေ အကန့်အသတ်နဲ့ လက်ခံသင်ကြားမှာဖြစ်ပါတယ်။
🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔
2026ခုနှစ် မေလ(၄)ရက်နေ့မှာ
သင်တန်းစတင်မှာဖြစ်ပါတယ်။
သင်တန်းကြေး၃၀၀၀၀၀ကျပ်နဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး သင်တန်းကာလ(၅)ရက်ကြာမြင့်မှာဖြစ်ပါတယ်။
သင်တန်းအချိန်ကတော့
⏰⏰⏰⏰⏰⏰⏰
Monday to Friday (၅)ရက်ဆက်တိုက်
နံနက်(၉)နာရီမှညနေ(၃)နာရီအထိ ဖြစ်ပါတယ်။
☎️☎️☎️☎️☎️☎️☎️
အကြောင်းကိစ္စတစ်ခုခု
ပေါ်ပေါက်လာသောကြောင့်
သင်တန်းရက်ရွှေ့လိုပါက
မိမိ စရန်ငွေသွင်းပြီးအပ်ထားသော
သင်တန်းအပတ်စဉ် မစတင်မီ
(၅)ရက် ကြိုတင်အကြောင်းကြားပေးရမည်။
🛑🛑🛑🛑🛑🛑🛑🛑
ကြိုတင်အကြောင်းမကြားဘဲပျက်ကွက်ပါက
စရန်ငွေကိုလုံးဝ(လုံးဝ)ပြန်အမ်းမည်မဟုတ်ဘဲ
နောက်နောင်လည်း မည်သည့်အတန်းတွင်မှ
တက်ရောက်ခွင့်ပြုတော့မည်မဟုတ်ပါ။
သင်တန်းတည်နေရာ။ ။လှည်းတန်းစင်တာ(၃)လွှာ၊ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့။
ဆက်သွယ်ရန်☎️
လျှပ်စစ်ဝန်ဆောင်မှုလုပ်ငန်းစု
ESE Engineering Training
09785338566
09955338566
Basic++ Solar PV System Design and Installation ပြင်ပလက်တွေ့တန်း Batch(35)
💓💓💓💓💓💓💓💓💓💓💓💓💓💓💓💓
Basic Solar PV System Design Online သင်တန်းကို သင်တန်းသား(4000)ကျော် တက်ရောက် ခဲ့ကြသည် အထိ ခရီးပေါက်ခဲ့ပြီးဖြစ်ပါသည်။
☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️
ပြင်ပ Solar System Training Packageများကို
🔹Aung Phone Pyae Co.,Ltd.
🔹MPNM Co.,Ltd.
🔹G-Link Electro Trading Co.,Ltd.
🔹Sanli Environmental(Myanmar) Co.,Ltd.
🔹Stanol Myanmar Co.,Ltd.
🔹IME Construction Co.,Ltd.
🔹Myo Thein Electronic(Yangon).
🔹Felicity Solar Myanmar
🔹Grand Royal Group of Co.,Ltd.
🔹SL Solar Co.,Ltd.
🔹Conca Myanmar Co.,Ltd.
🔹KEG Co.,Ltd.
တို့တွင် ပြုလုပ်ပေးခဲ့ပြီးဖြစ်ပါသည်။
🔶🔷🔶🔷🔶🔷🔶🔷🔶🔷🔶
T-4Link Training Centerနှင့်
ASE Engineering Trainingတို့တွင်
Electrical Instructorအဖြစ်ဖြင့်
Electrical Controlပညာရပ်များ
သင်ကြားဖို့ချပေးခဲ့ဖူးပါသည်။
💎💎💎💎💎💎💎💎💎💎💎
Knowledge Sharing Programများအဖြစ်
💠Felicity Solar Myanmar
💠Shark TOPSUN Product Training
💠EI Basic Solar Training(1/2025)Part Time
💠SOLAX Power Myanmar နှင့်
💠SD+Product & Technical Trainingနှင့်
💠SSID(Electrical Control Training)စသည့်
Electrical နှင့် Solar ပညာရပ်ဆိုင်ရာများ
Sharing ပြုလုပ်ပေးခဲ့ပြီးဖြစ်ပါသည်။
💙💙💙💙💙💙💙💙💙💙💙💙💙💙
ဆိုလာတပ်ဆင်ခြင်းလုပ်ငန်းနယ်ပယ်ထဲကို စတင်အခြေချလိုသူများ နည်းစနစ်ကျကျနန၊ယုံကြည်မှု
ပြည့်ပြည့်ဝဝနဲ့ လုပ်ကိုင်နိုင်ကြစေဖို့ရည်ရွယ်ကာ
ယခု ပြင်ပလက်တွေ့သင်တန်းကို လက်တွေ့ပစ္စည်းအစုံအလင်နဲ့ (34)ကြိမ်မြောက် သင်တန်းအဖြစ်
လာမယ့် ၂၀၂၆ခုနှစ်၊မေလ(၄)ရက်နေ့မှာ
ESE Engineering Training(လှည်းတန်း)တွင် သင်ကြားပေးဖို့ စီစဉ်ထားခြင်းဖြစ်ပါသည်။
💥💥💥💥💥💥💥💥💥💥
ထပ်တိုးသင်ခန်းစာတွေအနေနဲ့
Hybrid Inverterတွေနဲ့
High Voltage Battery Installation
သင်ခန်းစာတွေမှာ
Zero Export အကြောင်း၊
Smart Loadအကြောင်း၊
Micro Inverter Inputအကြောင်း၊
DRMအကြောင်း၊RSDအကြောင်း၊
HV Battery Installation Procedureအကြောင်း၊
စတာတွေ ထပ်မံထည့်သွင်း
သင်ကြားပေးသွားမှာဖြစ်ပါတယ်။
BESSအကြောင်းတွေလည်း
ထပ်တိုးလေ့လာကြရမှာဖြစ်ပါတယ်။
⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡
Electrical Conceptတွေ သေချာမသိဘဲ
ဆိုလာလုပ်ငန်းလုပ်ရင် အခြေခံအဆင့်တပ်ဆင်ရုံလောက်ပဲ လုပ်နိုင်ပြီး ပြစ်ချက်ရှာတဲ့နေရာ၊
ဒီဇိုင်းစဉ်းစားတဲ့နေရာ၊Capacityကြီးကြီးတွေ
အထိ တဆင့်တိုးလုပ်ကိုင်တဲ့နေရာမှာ အခက်အခဲရှိနိုင်တာမို့ Science & Electrical Conceptတွေကိုလည်း သေသေချာချာလေးသိရအောင် ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်။
🌀🌀🌀🌀🌀🌀🌀🌀🌀🌀
လုပ်ငန်းခွင် အခက်အခဲများကို ဖြေရှင်းစေနိုင်ရန်အတွက် Experience Sharing အစီအစဉ်ကိုလည်း
ထပ်တိုးထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။
သင်တန်းကနေ ဘာတွေသင်ပေးမှာလဲ
✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️
✅နေဘယ်လိုထွက်သလဲ၊နေကနေ စွမ်းအင်ဘယ်လောက်ရနိုင်သလဲ၊အလင်းမှာဘာတွေပါသလဲ၊နေလမ်းကြောင်း ဘယ်လိုကြည့်မလဲ၊အရပ်မျက်နှာဘယ်လိုကြည့်မလဲ၊Azimuth/Tilt Angleဆိုတာတွေက ဘာတွေလဲ၊အဲဒါတွေသေချာသိရပါမယ်။
✅ဆိုလာပြားတွေကနေ စွမ်းအင်ဘယ်လိုရသလဲ၊
ဆိုလာအမျိုးအစားတွေ ဘယ်လိုခွဲမလဲ၊အတု/အစစ်ဘယ်လိုခွဲမလဲ၊ဆိုလာသက်တမ်းက ဘယ်လောက်ခံမလဲ၊ဆိုလာပြားမှာရေးထားတဲ့အချက်အလက်တွေကို ဘယ်လိုဖတ်ပြီး ဘယ်လိုယူသုံးမလဲ၊အပူချိန်များရင် ဘယ်လိုသက်ရောက်မှုတွေရှိမလဲ၊စွမ်းအင်အများဆုံးရအောင် ဘယ်လိုတပ်မလဲ။Mono/Poli/Half-Cell/Bifacial/P-Type/N-Typeဆိုတာတွေက ဘာလဲ၊အဲဒါတွေသေချာသိရပါမယ်။
✅အင်ဗာတာဆိုတာဘာလဲ၊အမျိုးအစားတွေ ဘယ်နှစ်မျိုးရှိသလဲ၊သက်တမ်းဘယ်လောက်ခံသလဲ၊MPPTနဲ့PWMဘယ်သူကပိုကောင်းသလဲ၊
On-grid /Off-grid/Hybrid/Surge Factor/Low Frequency/High Frequency/Maximum Vocစတာတွေက ဘာတွေလဲ၊အင်ဗာတာတပ်ဖို့ နေရာဘယ်လိုရွေးမလဲ၊ဘာတွေ သတိထားရမလဲ၊ဘယ်လိုProcedureနဲ့ စပြီးဖွင့်ရသလဲ၊သေချာသိရပါမယ်။အင်ဗာတာ Settingတွေလည်းကိုယ်တိုင်ထည့်တတ်တဲ့အထိ လက်တွေ့သင်ရပါမယ်။
✅ဘက်ထရီအမျိုးအစားတွေဘယ်နှစ်မျိုးရှိသလဲ၊သက်တမ်းတွေဘယ်လောက်ခံကြသလဲ၊တချို့ဘက်ထရီတွေဘာလို့ သက်တမ်းတိုတာလဲ၊Maintenanceဘယ်လိုလုပ်မလဲ၊Cycle Curveတွေ ဘယ်လိုဖတ်မလဲ၊Cutoff Voltageကို ဘယ်လောက်ထားရမလဲ၊DOD/SOC/Bulk Charge/Float Charge/Equalizationဆိုတာတွေက ဘာတွေလဲ၊Charge Rate/Discharge Rate ဆိုတာက ဘာတွေလဲ၊ဘက်ထရီတွေကို Series/Parallelဘယ်လိုချိတ်မလဲ၊တပ်ဆင်တဲ့အခါ ဘယ်အချက်တွေကို အထူးဂရုစိုက်ရမလဲ၊ကြိုးတွေပြန်ဖြုတ်ဖို့လိုရင် စံနစ်တကျ ဘယ်လိုပြန်ဖြုတ်မလဲ၊Ah/kWhဆိုတာကဘာတွေလဲ၊ BMSဆိုတာကရော ဘာလဲ၊စတာတွေ သေချာသိရပါမယ်။BMSစံနစ် ပါတဲ့Battery ကို Inverterနဲ့ Communication ချိတ်တာတွေ၊Wifi Datalogger တပ်ပြီး ဖုန်းထဲက ကြည့်လို့ရဖို့ Configuration လုပ်တာတွေသိရပါမယ်။
On Grid တပ်ထားမိပြီး မီးတွေပြန်ပျက်ချိန်
Grnset လည်းမရှိ၊BESSလည်းမသုံးနိုင် ဆိုရင်၊
On Gridကြီး ပြန်ဖြုတ်ပြီး Off Gridသို့မဟုတ်
Hybridထပ်ဝယ်သုံးရရင် ဒုက္ခများနိုင်တာမို့
ကိုယ့်အခြေအနေနဲ့ သေချာစဉ်းစားပြီး ရွေးချယ်တပ်ဆင်ကြဖို့ အကြံပြုပေးတာဖြစ်ပါတယ်။
(Hybridစံနစ်တပ်သုံးထားပြီး မီတာခ မသက်သာလို့ စိတ်ညစ်နေရတဲ့သူတွေရှိရင်လည်း ဆက်သွယ်နိုင်ပါတယ်၊ဖြေရှင်းလို့ရတဲ့နည်းလမ်းတွေရှိပါတယ်။ကူညီဖြေရှင်းပေးနိုင်ပါတယ်။)
Hybrid Inverterတွေဟာ Residential ဘက်ကိုလည်း 6kVAအထိ ဆင်းထုတ်ပြီး ဈေးကွက်မှာ နေရာယူပါတယ်၊အာမခံများများ၊IPကောင်း ကောင်း၊အရည်အသွေးကောင်းကောင်း ကြိုက်တဲ့သူတွေ ဝယ်သုံးကြပါတယ်။C&I ဘက်ကိုလည်း Capacityကြီးကြီးတွေနဲ့ တိုးပါတယ်၊အခုနောက်ဆုံး Solisကထုတ်ထားတဲ့ 125kVA Hybridဆိုရင် 10လုံးအထိ Parallelရပါတယ်။Hybrid စံနစ်ဟာ 1.25MVAအထိ C&Iဘက်ကOn Grid Marketကိုလည်း ဝင်တိုးပြီးရောင်းပါတယ်။
Hybrid Inverterကို Grid-tied Modeနဲ့ထားသုံးရင် Grid ရှိနေသမျှ Without Batteryနဲ့ အလုပ်လုပ်ပါတယ်။Parallel Operationအတွက် Without Batteryနဲ့မရခဲ့ရင်လည်း Small Buffer Battery Bankတပ်ပြီးသုံးလို့ရပါတယ်။Hybrid Inverterတွေဟာ အခုနောက်ပိုင်းမှာ Large Scaleတွေအတွက်ပါ သုံးလို့ရလာတဲ့အထိ Powerfulဖြစ်လာနေပါတယ်။
အခုအချိန်ကာလမှာမီးတွေမှန်နေလို့ On Grid Inverterပဲတပ်သုံးမယ်လို့ စဉ်းစားမယ့်အစား
မီးမှန်နေချိန်မှာ Without Batteryနဲ့သုံးထားမယ်၊မီးပြန်ပျက်ရင် Batteryတပ်လိုက်မယ်ဆိုပြီး
Hybrid Inverterတပ်သုံးထားလိုက်တာဟာလည်း ရွေးချယ်စရာOption တခုအဖြစ် တည်ရှိနေကြောင်း ရှင်းရှင်းလင်းလင်းသိကြစေချင်လို့
ဒီပို့စ်ကို ရေးရခြင်းဖြစ်ပါတယ်။
ESE Engineering
09785338566
မီးမှန်ချိန်မှာ On Grid Inverter သုံးမယ့်အစား Hybrid Inverterဘာကြောင့်သုံးသင့်တာလဲ
✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️
အခုကာလဟာ ရွှေပြည်ကြီးမှာ မီးတွေမှန်နေလို့
ဆိုလာ/အင်ဗာတာ/ဘက်ထရီတွေကို ရောင်းဝယ် ဖောက်ကားတပ်ဆင်အသက်မွေးနေကြသူတွေအလုပ်အကိုင်တွေပါးနေကြတဲ့ကာလဖြစ်ပါတယ်။
တချို့နေရာ၊တချို့ရပ်ကွက်တွေ အလှည့်ကျနဲ့ပျက်သလောက်ပျက်ပေမယ့် ငါတို့ဆီရော မီးကမှန်လာလိမ့်နိုးနိုး ဆိုတဲ့အတွေးကြောင့် မတပ်သေးဘဲစောင့်နေကြသူတွေကလည်းရှိနေကြပြန်တယ်။မဖြစ်သာလို့တပ်ရတဲ့သူ၊ပေါများလို့တပ်ကြတဲ့သူတချို့နဲ့ နယ်ဘက်ဈေးကွက် ကတော့ တပ်ဆင်နေကြဆဲဖြစ်ပါတယ်။ဒီနေရာတွေဟာ ဒီကာလအတွက် ဈေးကွက်နေရာတွေဖြစ်ပါတယ်။
တကယ်တော့ ဆိုလာဆိုတာ မီးပျက်မှတပ်ရမယ့်အရာမှမဟုတ်ဘဲ၊မီးတွေမှန်နေလည်း ရေရှည်အကျိုးအမြတ်အတွက် တွက်ခြေကိုက်လို့ တပ်သင့်တပ်ထိုက်တဲ့စံနစ်ဖြစ်ပါတယ်။Client Baseတွေကို Educationကောင်းကောင်း ပေးနိုင်ရင် ပိုတပ်လာကြပါလိမ့်မယ်။အရင်လိုPostလေးတင် Boostလေးထိုးရုံလောက်နဲ့ အလုပ်ဖြစ်မယ့်ကာလကိုတော့ ကျော်လွန်လာခဲ့ပြီဆိုတာကို လက်မခံချင်လည်း လက်ခံရပါလိမ့်မယ်။
ဒီကာလဟာ တပွဲတလမ်း အကဲစမ်းမယ်ဆိုတဲ့စိတ်နဲ့ ဆိုလာလောကထဲဝင်လာသူတွေ စိတ်ညစ်လှည့်ပြန်တဲ့ကာလဖြစ်ပါတယ်။တကယ့်တကယ် ရေရှည်ရပ်တည်ဖို့ ဆုံးဖြတ်ထားပြီးသား အုပ်စုတွေကတော့ ဒီကာလာဟာ Capacity Buildingလုပ်ရမယ့်ကာလလို့ သတ်မှတ်လက်ခံပြီး ကိုယ့်Teamရဲ့ အရည် အသွေး တိုးတက်ရေးအတွက် အာရုံစိုက်လုပ်နေကြတဲ့ကာလဖြစ်ပါတယ်။Trainingကိစ္စ လာဆွေးနွေးကြတဲ့ကုမ္ပဏီတွေ၊သင်တန်းကို သူတို့ဝန်ထမ်းတွေပို့ပြီး Upgradeလုပ်တဲ့ကုမ္ပဏီတွေ၊Training Program တွေ စလုပ်နေတဲ့ကုမ္ပဏီတွေ ပိုတွေ့လာနေရပါတယ်။
ဒီကာလဟာ တာဝန်မယူလိုသူတွေ ခေါင်းရှောင်ဖို့ စတင်ပြင်ဆင်နေတဲ့ကာလဖြစ်ပြီး တာဝန်ယူလိုသူတွေကတော့ အလုပ်ပါးတုန်း Serviceတွေ ပိုလုပ်ပေးမယ်ဆိုတဲ့စိတ်နဲ့ Customer Careကို သေချာလေးလုပ်ပေးလာနေတဲ့ကာလဖြစ်ပါတယ်။ပါးစပ်နဲ့ပေးထားသမျှကတိတွေ ဘယ်သူတွေလက်တွေ့ တည်မတည် မြင်သာလွန်းတဲ့ကာလဖြစ်ပါတယ်။အကျိုးအမြတ်နည်းတော့ လုပ်ငန်းရပ်ထားလိုက်တဲ့သူတွေ၊နောင်တချိန် အကျိုးအမြတ်ထပ်ရဖို့မြင်လို့ လုပ်ငန်းပြန်စရင်တော့ ကြောင်ရှိ၊ကြည့်ရှောင်ကြစေချင်တယ်။(ခက်ခဲလို့ ရပ်တံ့ရတဲ့သူတွေကို မဆိုလိုပါ၊အမြတ်နည်းလို့ ရပ်တံ့သူတွေကိုသာ ဆိုလိုပါတယ်။)ဆိုလာဟာ ရေရှည်အကျိုးစီးပွားအတွက် တည်ဆောက်ရတဲ့လုပ်ငန်းစဉ်ဖြစ်တာမို့ အခုတမျိုး တော်ကြာတမျိုး သမားတွေနဲ့ဆက်ဆံရင် ဆက်ဆံသူတွေပဲ စိတ်ဆင်းရဲကြရမှာဖြစ်ပါတယ်။
အခုလို မီးတွေမှန်တဲ့ကာလမှာ မီးမှန်ခြင်းနှင့်အတူ မီတာယူနစ်သုံးစွဲခတွေပါ တက်လာတဲ့အတွက် Energy Savingမလုပ်ရင် မီတာခတွေ အရင်ထက်အရမ်းများမှာသေချာပါတယ်၊ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားလာတဲ့အတွက် ကုန်ချောဈေးတွေသူများထက် ပိုတင်ရောင်းရမယ်ဆိုရင် ဈေးကွက်မှာ ကိုယ့်ထုတ်ကုန်က ရောင်းပန်းမလှဖြစ်ပါလိမ့်မယ်။ဒီပြဿနာကို ဖြေရှင်းဖို့အတွက် မီတာယူနစ်ဖိုး လျော့စေဖို့အတွက် On Gridဆိုလာစံနစ်တွေ တပ်ဆင်ကြဖို့ စိတ်ဝင်စားမှု မြင့်တက်လာကြတာကို တွေ့လာရပါတယ်။၂နှစ်ခွဲ ၃နှစ်နဲ့ အရင်းကြေမယ့်စံနစ်ဖြစ်တာမို့ ၂၄နာရီမီးရလို့ မီတာခဈေးတက်တဲ့အုပ်စုတွေတိုင်းက တပ်ကြဖို့ပြင်ဆင်လာနေကြပြီဖြစ်ပါတယ်၊On Gridရဲ့ Marketက တဖန်ပြန်လည်နိုးထလာတဲ့ အချိန်အခါဖြစ်ပါတယ်။
ဒီနေရာမှာ ၂၄နာရီ မီးပေးတဲ့အစီအစဉ်က ဘယ်လောက်ရေရှည်သွားနိုင်မယ်ဆိုတာကို တိတိကျကျမသိရသေးတဲ့အတွက် တကယ်လို့များ အရင်လို မီးတွေပြန်ပျက်ခဲ့သော် ဆိုတဲ့ ရှုထောင့်ကနေ စဉ်းစားကြည့်ရင် On Gridစံနစ်ကို Large Scaleအတွက် တပ်လိုက်သူတွေဟာ Solar+Genset ပုံစံသုံးဖို့ Hybrid Controllerနဲ့ တွဲဖက်သုံးခြင်း သို့မဟုတ် BESS Solutionသုံးခြင်း နှစ်ခုထဲတခုခုကို ရွေးကြရပါလိမ့်မယ်။Gensetရှိထားပြီးသားသူတွေက ပထမနည်းကိုသုံးကြမှာဖြစ်ပြီးတော့ Genset ရှိမထားသူတွေက ဒုတိယနည်းကို သုံးကြမှာဖြစ်ပါတယ်။Gensetရွေးရင် Maintenanceနဲ့ ဆီဖိုးနဲ့ ဆီဝယ်ရတဲ့ဒုက္ခတွေရှိပါမယ်၊BESSရွေးရင် ဈေးကြီးပါမယ်။
Small and Medium Scale စက်ရုံတွေလုပ်ငန်းတွေအတွက်ကတော့ On Grid+Genset သို့မဟုတ် On Grid+ BESS သုံးမယ့်အစား အခုလို မီးမှန်တဲ့ ကာလမှာ Without Batteryနဲ့ သုံးလို့ရပြီး မီးပြန်ပျက်တဲ့ကာလမှာ Battery ထည့်ပြီး အလွယ်ကူဆုံး တန်းသုံးလို့ရမယ့် Hybrid Inverter ကို တပ်ဆင်သုံးစွဲတာက ပိုအဆင်ပြေပါလိမ့်မယ်။Gensetမလို၊ Controllerမလို၊ပြင်ထိန်းမလို၊ဆီဖိုးမလို၊ဆီဝယ်ရမယ့် ဒုက္ခမရှိ၊ ဆူညံသံကင်း၊BESSလောက်လည်း မကုန်တဲ့ Hybrid စံနစ်က ပိုပြီး Effectiveဖြစ်စေမှာပါ။
Small and Medium Scale C&Iလုပ်ငန်းတွေမှာ မီတာခလျှော့ချချင်ရုံသက်သက်အတွက် On Gridပဲ တပ်ထားလိုက်တာမျိုးထက်စာရင် မီးမှန်နေချိန်မှာ Batreryမတပ်သေးဘဲ On Gridလိုသုံးလို့ရ၊မီးတွေပြန်ပျက်ရင် Battery လေး ထပ်ထည့်ပြီး Hybrid လိုသုံးလို့ရမယ့် Hybrid Inverterကိုရွေးချယ်သုံးတာက
ပိုမိုအဆင်ပြေလွယ်ကူစေမှာဖြစ်ပါတယ်။
