fa
Feedback
မဟာဗောဓီမြိုင်ဆရာတော်ဘုရားကြီး၏တရားတော်များ

မဟာဗောဓီမြိုင်ဆရာတော်ဘုရားကြီး၏တရားတော်များ

رفتن به کانال در Telegram

ဆရာတော်ဘုရားကြီးကိုကြည်ညိုလေးစားလို တရားတော်များကိုမူရင်းအတိုင်းကူးယူဖော်ပြပါသည်။မူရင်းရေးသားသူများကိုလည်း ဤနေရာမှခွင်တောင်းပါသည်။Creditလည်းပေးပါသည်။🙏🙏🙏

نمایش بیشتر
2 698
مشترکین
-224 ساعت
+327 روز
+12630 روز
جذب مشترکین
سپتامبر '26
سپتامبر '26
+27
در 0 کانال‌ها
اوت '26
+193
در 0 کانال‌ها
Get PRO
ژوئیه '26
+220
در 0 کانال‌ها
Get PRO
ژوئن '26
+165
در 0 کانال‌ها
Get PRO
مه '26
+172
در 0 کانال‌ها
Get PRO
آوریل '26
+132
در 0 کانال‌ها
Get PRO
مارس '26
+38
در 0 کانال‌ها
Get PRO
فوریه '26
+36
در 0 کانال‌ها
Get PRO
ژانویه '26
+55
در 0 کانال‌ها
Get PRO
دسامبر '25
+75
در 1 کانال‌ها
Get PRO
نوامبر '25
+61
در 0 کانال‌ها
Get PRO
اکتبر '25
+53
در 0 کانال‌ها
Get PRO
سپتامبر '25
+62
در 0 کانال‌ها
Get PRO
اوت '25
+57
در 1 کانال‌ها
Get PRO
ژوئیه '25
+83
در 1 کانال‌ها
Get PRO
ژوئن '25
+42
در 1 کانال‌ها
Get PRO
مه '25
+68
در 0 کانال‌ها
Get PRO
آوریل '25
+74
در 2 کانال‌ها
Get PRO
مارس '25
+69
در 1 کانال‌ها
Get PRO
فوریه '25
+73
در 1 کانال‌ها
Get PRO
ژانویه '25
+196
در 0 کانال‌ها
Get PRO
دسامبر '24
+237
در 1 کانال‌ها
Get PRO
نوامبر '24
+239
در 2 کانال‌ها
Get PRO
اکتبر '24
+316
در 2 کانال‌ها
Get PRO
سپتامبر '24
+169
در 1 کانال‌ها
Get PRO
اوت '24
+195
در 0 کانال‌ها
Get PRO
ژوئیه '24
+62
در 0 کانال‌ها
Get PRO
ژوئن '24
+65
در 0 کانال‌ها
Get PRO
مه '24
+110
در 1 کانال‌ها
Get PRO
آوریل '24
+50
در 0 کانال‌ها
Get PRO
مارس '24
+57
در 0 کانال‌ها
Get PRO
فوریه '24
+312
در 0 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
05 سپتامبر+1
04 سپتامبر+2
03 سپتامبر+5
02 سپتامبر+9
01 سپتامبر+10
پست‌های کانال
လူ့ဘဝနှင့်သာသနာ ဒီလိုအခြေအနေမျိုးမှာ ကဿပဘုရားရှင် လက်ထက်က ရဟန်းတော် ခုနစ်ပါး ဘယ်ပုံကြိုးစား အားထုတ်သွားတယ်ဆိုတာ ကြည့်ကြရအောင်။ သာသနာ့ နှောင်းကာလဆိုတော့ သံဃာတွေဘက်ကလည်း သံဃာအကျင့်မရှိတော့ဘူး။ ဒကာတွေဘက်ကလည်း သဒ္ဓါက ပါးပြီး တဏှာပွားနေတော့ ပညာကပါးရှားနေပြီ။ သံဃာကို မြင်ရမယ့်အစား ပုဂ္ဂိုလ်ခင် ဖြစ်ကုန်ကြပြီ။ တံငါ ငါးမျှားသလို၊ မုဆိုး ပိုက်ထောင်သလို ဟိုဖြင့် ရနိုးနိုး၊ ဒီဖြင့် ရနိုးနိုးနဲ့ တဏှာနဲ့ လိုက်နေကြတာ။ အကန်းယုံတွေသာ ပုံနေပြီး အကောင်းယုံ မရှိတော့ဘူး။ ဒီတိုင်းနေလို့ကတော့ ရေစုန်မျောကြမယ်။ သာသနာရဲ့ နှောင်းပိုင်းကာလ ရောက်လာပြီ။ နေဝင်ခါနီး စပါးလှမ်းရတဲ့ အဖြစ်မျိုး တို့ကြုံနေရပြီ။ ဒါကြောင့် လက်မတင် အချိန်ကလေးကို အားထုတ်ကြစို့။ ဘီလူးစီး၊ သရဲစီးသလို လောဘကြီး၊ ဒေါသကြီး စီးပွားရှာ အာရုံခံစားနေတဲ့ လူတွေ အနားမှာ အားထုတ်ရင်တော့တို့ အားထုတ်လေလေ ဓမ္မဓာတ်အားကို မခံနိုင်တဲ့အတွက် ကိလေသာတွေ ထကြွလေလေ တို့ဆီလာပြီး ချစ်ညှဉ်း ညှဉ်းလေ ဖြစ်တော့မယ်။ ပြီးတော့ တို့ရဟန်းလောကမှာလည်း အကျင့်မတူ၊ အမြင်ချင်းမတူလို့ရှိရင် တို့ကိုတစ်မျိုး မြင်နိုင်တယ်။ ဒါ့ကြောင့် ဝေးရာ၊ ကွယ်ရာ သွားပြီး အားထုတ်ကြစို့ရဲ့။ အဲဒီလို ရဟန်းတော် ခုနစ်ပါးတိုင်ပင်ညီညွတ်ပြီး မထေရ်ကြီးက ရှေ့ဆုံးက ...၊ မထေရ်အငယ် ဆုံးလေးက နောက်ဆုံးက ကြွသွားကြတယ်။ လူသူအပူ ကင်းဝေးရာ တောခေါင်ခေါင် တောင်မြင့်မြင့် တစ်နေရာကို ရောက်လာကြတော့ ဒီတောင်ကြီး ဘယ်လောက်မြင့် မတ်သလဲဆိုရင် ကြိုးနဲ့တွယ်ပြီး တက်ရတဲ့အထိ မြင့်မတ်တယ်။ ဘယ်သူဘယ်ဝါမှ ရောက်မလာနိုင်တဲ့ တောင်ထိပ်ပိုင်းနေရာကို ရွေးချယ်လိုက်ကြတယ်။ တောင်ထိပ် ရောက်တော့ နွယ်ကြိုးကြီးတွေကို ဖြတ်ချပြီး နောက်ကြောင်း ရှင်းလိုက်ကြတယ်။ တောင်ထိပ်ပေါ်မှာ ရဟန်းခုနစ်ပါး ကြိုးစားအားထုတ်လိုက်ကြရာ အကြီးဆုံးရဟန်း တော်ကြီးဟာ ရောက်ခါစ ပထမညမှာပဲ အဘိညာဉ်ခြောက်ပါးနှင့်တကွ ရဟန္တာအရှင်မြတ်ကြီး ဖြစ်သွား ပါတယ်။ အဲဒီမှာ ရဟန္တာအရှင်မြတ်ကြီးက ကျန်တဲ့မထေရ် ခြောက်ပါး ကျင့်နိုင်အောင် ငါဆွမ်းခံပြီး ကျွေးမယ် သဲသဲမဲမဲ အားထုတ်နေတဲ့ ရဟန်းတွေကို 'ငါ့ရှင်တို့' အစာမစားဘဲ အားထုတ်နေရင် သင်တို့လိုချင်တဲ့ တရားမရ နိုင်၊ သင်တို့သွားချင်တဲ့ ခရီးမဆုံးဘဲ ရှိလိမ့်မယ်'လို့ ညွှန်ပြတော့ ကျန်တဲ့ ရဟန်းတွေက ... အရှင်ဘုရားရဲ့ ဘုန်းကံကြောင့် ရတဲ့ဆွမ်းကို တပည့်တော်တို့ မစားပါရစေနဲ့၊ တပည့်တော်တို့ ဘုန်းကံနဲ့ရတဲ့ ဆွမ်းကိုပဲ စားပါရစေလို့ လျှောက်ထားပြီး ဆက်အားထုတ်ကြတယ်။ အဲဒီမှာ ဒုတိယသံဃာ အနာဂါမ် ဖြစ်တော်မူတယ်။ ကျန်သံဃာများ အစာမစားဘဲ ပြင်းပြင်းထန်ထန် အားထုတ်ကြလေတော့ ပျံလွန်တော် မူကုန်တယ်။ အနာဂါမ်ရဟန်းကြီး ဗြဟ္မာ့ဘုံရောက်ပေမယ့် ပျံလွန်သွားတဲ့ ငါးပါးကတော့ နတ်ပြည်၊ လူ့ပြည် ခုန်ဆင်းရင်း ဂေါတမဗုဒ္ဓဘုရား ပွင့်တော်မူလာချိန်မှာ အဲဒီ ငါးပါးသည် ပဉ္စဝဂ္ဂီငါးပါး ဖြစ်လာတယ်။ ကဿပဘုရားရှင်ရဲ့ သာသနာနှောင်းပိုင်းမှာ အသေခံပြီး ကျင့်ခဲ့လို့ ဂေါတမဘုရားလက်ထက်မှာ ဧတဒဂ်ရ ရဟန္တာများ ဖြစ်လာကြတယ်။ ဒီနေရာမှာ ပြောလိုတာက အဲဒီအရှင် မြတ်ကြီးများသည် ရသင့်ရထိုက်တဲ့ ဒုလ္လဘတွေရပြီး အပ္ပမာဒသုံးပါး အကုန်သုံးစားပြီး နိဗ္ဗာန်စံဝင်သွားကြပြီ ဆိုတာပါပဲ။ သူတို့ ကြိုးစားသလို ကြိုးစားကြပါ။ ငါတို့ နောက်လိုက်ပြီး ငါတို့ကျင့်သလို မကျင့်ရင် ငါတို့ရဲ့ သာဝကအစစ်မဖြစ်၊ ဒကာအစစ်မဖြစ်၊ အတွင်းနေပုဂ္ဂိုလ်မဖြစ်၊ တို့နဲ့တွေ့ရကျိုးလည်းမနပ်ဘဲ အလကား ငွေကုန်သံပြာဖြစ်ကြလိမ့်မယ်။ အဲဒီလို မဖြစ်ကြရအောင် ကဿပဘုရားရှင်လက် ထက်တော်က ရဟန်းခုနစ်ပါးကဲ့သို့ စွန့်လွှတ်စွန့်စား ကြိုးစားကျင့်ကြံကြဖို့ နောက်ဆုံးအနေနဲ့ သတိပေးခဲ့ချင်ပါတယ်။ တစ်ခုခု ရနိုးနိုးနဲ့ တို့နောက်လိုက်နေလို့ သတိပေးတာလည်းပါတယ်။ တို့အကျင့်ကို မခင်ဘဲနဲ့ ပုဂ္ဂိုလ် ရေးခင်ပြီး လိုက်နေတဲ့အတွက် သတိပေး တာလည်းပါတယ်။ တို့သတိပေးနေတာ နားမှာ သံမှို နှက်သကဲ့သို့ တလေးတစား နာကြားပြီး တို့ကိုမျှော်နေမယ့်အစား၊ ကပ်နေမယ့်အစား၊ လိုက်နေမယ့်အစား တို့ဟောထားတဲ့၊ တို့ရေးထားတဲ့၊ လမ်းညွှန်ထားတဲ့ ဘုရားရှင်ရဲ့ တရားတော်များကို ရိုရိုသေသေနဲ့ လိုက်နာ ကြိုးစားကြဖို့ ဒီကနေ သတိပေးခဲ့ပါတယ်။ #မောင်သွေးချွန် (TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ ) See less Credit 🪷 Original Uploader 🙏🙏🙏♥️

2
အရေးကြီးတဲ့အတွက် ရိုးရိုး ဒုလ္လဘတောင် မဟုတ်တော့ဘဲ အတိဒုလ’ဘလို့ ဆိုရပါတယ်။ ဒုလ္လဘငါးပါးသည် မမေ့အပ်သော အပ္ပမာဒ၊ ဒီတော့ အပ္ပမာဒသုံးမျိုးကို ပြန်ကြည့်ရင် ဝယဓမ္မသင်္ခါရမှာ အပျက်ကိုမြင်နိုင်တဲ့ ပုဂ္ဂိုလ်ဘယ်သူရှိသလဲ။ အတွင်းရဲ့ သဘောသဘာဝကို မမြင်သမျှ အပျက်ကို မမြင်နိုင်၊ အဖြစ်ကို မမြင်ရင်လည်း အပျက်ကို မမြင်နိုင်၊ ဒီလိုမြင် ဖို့ ဘာအရေးကြီးသလဲ၊ သရဏဂုံဆိုတဲ့ ဘုရား၊ တရား၊ သံဃာ ဒီသရဏဂုံ သုံးပါးသာလျှင် ဝယဓမ္မကို သိနိုင်တယ်။ အပြင်ကြည့်ကို 'ပလပ်၍ အတွင်းကြည့်ကို နှိုက်ပြီး သိနိုင်တဲ့အသိ၊ ကြည့်နိုင်တဲ့ အကြည့်တွေ ဒီသာသနာတော်မှာသာရှိတယ်။ ဝယဓမ္မလို့ခေါ်တဲ့ ကိုယ့်ကိုယ်တွင်းရဲ့ ကိုယ့်အဖြစ်နဲ့ ကိုယ့်အပျက်၊ ပြုပြင်သမျှ သင်္ခါရမှန်သမျှ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ်၊ ဘယ်ဘုံမှာနေနေ၊ ဘာဖြစ်ဖြစ် ကံနဲ့ ပြုပြင်ထားတာမှန်သမျှ ကံသတ္တိ၊ စိတ်နဲ့ ပြုပြင်ထားတာမှန်သမျှ စိတ်သတ္တိ၊ ဥတုအာဟာရတို့နဲ့ ပြုပြင်ထား တာမှန်သမျှ ဥတုအာဟာရတို့ရဲ့ သတ္တိက ပြန်ပြီးဖျက်ဆီးတဲ့အတွက် ဒီကံတွေ၊ စိတ်တွေ၊ ဥတုအာဟာရတွေ ပြုစဉ်ကာလတုန်းက အဲဒီမှာ အပျက်လက်နက်က ပါသွားပြီးသား၊ ဖြစ်တာမှန်သမျှ အပျက်ကိုသွားရမယ်၊ ဖြစ်ပြီးပျက် နေပါတယ်ဆိုတဲ့ ဝယဓမ္မ သင်္ခါရကို အတွင်းကျကျ မသိရင် ရသင့်ရထိုက်တဲ့ ဒုလ’ဘငါးပါးလို့ခေါ်တဲ့ အခွင့် အရေးငါးမျိုးကို ယူနိုင်ပါဦးမလား၊ ဝယဓမ္မဖြစ်ပျက် သဘောမသိရင် တန်ဖိုးကြီးတဲ့ သရဏဂုံ အပ္ပမာဒလည်း မရနိုင်တော့ဘူး။ ဝယဓမ္မသင်္ခါရဆိုတဲ့ အပျက်ကို မြင်ဖို့လည်း အင်မတိအင်မတန် အရေးအကြီးဆုံးလို့ မှတ်ခဲ့ကြပါ။ တို့ဒကာ ဒကာမများ တို့နောက်လိုက်များကို ဒီတရားနဲ့ နောက်ဆုံးအနေနဲ့ ဘာကြောင့် နှုတ်ဆက်ခဲ့ ရပါသလဲဆိုရင် လူ့ဘဝနဲ့ သာသနာ ကြုံတုန်း ရသင့်ရထိုက်တဲ့ ဒီအခွင့်အရေးတွေကို မရဘဲနဲ့ အလကားနေရင်း ကုန်ဆုံးသွားမှာ စိုးလို့၊ ဒီနေရာမှာ ဝယဓမ္မ အပ္ပမာဒနဲ့ လူ့ဘ၀ ဒုလ္ဘဘအပ္ပမာဒကို အထူးသိတဲ့ရှေးက သူတော်ကောင်းကြီးတွေ အရယူသွားကြပုံကို အတုခိုးကြစေချင်တယ်။ အတ္တသမားများအတွက် ကဿပဘုရားရှင် ရွှေလက်ထက်တော်က ကဿပဘုရားရှင်တော်သည် လူတို့ရဲ့အသက်တမ်း သုံးသောင်းတမ်းမှာ ပွင့်တော်မူတယ်၊ လူတွေအနေနဲ့ သက်တမ်းရှည် ကာလဆိုတော့ ဒုက္ခကို မြင်နိုင်ခဲတယ်။ ဒုက္ခမြင်တာ နည်းတဲ့အတွက် သာသနာတော်သည် တစ်ဆက်၊ နှစ်ဆက်လောက်ပဲ ရှည်တယ်။ တစ်ဆက်၊ နှစ်ဆက်ဆိုတာ ဘုရားရှင်တော်ရယ်၊ ဘုရားရှင်နဲ့ အတူနေ သာဝက၊ အဲဒီသာ ဝကတွေရဲ့ ဒုတိယသာဝက ... ဒီလောက်ပဲ။ ဒါပြီးရင် သာသနာကွယ်ပြီ၊ ဘာလို့လဲ၊ ကျန်တဲ့ပုဂ္ဂိုလ်တွေက အိပ်ပျော်မြဲ အိပ်ပျော်သွားလို့၊ သက်တမ်းရှည်ဆိုတော့ ဒုက္ခလက္ခဏာ မထင်ရှားဘူး၊ သာသနာကို အားကိုးရကောင်းမှန်း မသိဘူး။ ဘယ်သာသနာဖြစ်ဖြစ် သာသနာ့နောက်ပိုင်းဟာ ကစဉ့်ကလျားပါပဲ။ အတ္တကို ဖက်တွယ်ထားတဲ့ ဝေနေယျများဟာ ဘယ်လောက်ပဲ ဟောနေဟောနေ၊ အနတ္တကို မမြင်၊ အတ္တကို ခင်မြဲခင်ပါလိမ့်မယ်။ ဒါ့ကြောင့် လူ့လောကမှာ ရုပ်သည်(အိုခြင်း၊ နာခြင်းဖြင့်) အနတ္တသဘော ဆောင်သော်လည်းပဲ စိတ်သည် အတ္တကိုပဲ ဆောင်နေပါတယ်။ ရုပ်ကြီးကတော့ အေးစရာရှိ ခိုက်ခိုက်တုန်အောင်အေးပြီး ဖောက်ပြန်ပြမှာပဲ။ ရုပ်ကို အစိုးမရပါဘူး။ ဥတုရဲ့ တိုက်ခိုက်မှုအတိုင်း ခံနေရပါတယ်နဲ့ အနတ္တသဘာ၀ ပြောသော်လည်းပဲ ဒါ ငါ့ကိုယ်လို့ ယူဆထားတဲ့စိတ်မှာ ဒိဋ္ဌိကိန်းနေသည်။ စိတ်မှာ ကိလေသာ ကိန်းနေသည်။ အဲဒီ ဒိဋ္ဌိကိန်း၊ ကိလေသာကိန်း အလွန်ထူပြောများပြားလှတဲ့ ပုထုဇဉ်အန္ဓတွေ၊ ဗာလတွေ အားလုံးတို့မှာတော့ ငါ့ကိုယ်ကြီး အေးနေပြီကွ၊ နွေးအောင် လုပ်မယ်ဆိုပြီး စိတ်က အတ္တဘက်မှာ - တို့ဟောဟော၊ မဟောဟော သဘာဝတရားက ဟောပြောနေတာ၊ မသိချင်ယောင်ဆောင်နေတာသာ ရှိမှာပါ။ အဲဒီလောက်ထိ အတ္တကြီးနေတဲ့ ပုဂ္ဂိုလ်တွေ၊ ရုပ်ကြီးက ရုပ်လို သူ့သဘာဝအတိုင်း ဖောက်ပြန်နေပါတယ်။ သို့သော် စိတ်က ငါ့ကိုယ်၊ ငါ့ဟာ၊ င့ါဥစ္စာနဲ့ ပပဉ္စထဲမှာ ရစ်ဝဲနေတဲ့စိတ်၊ ကိလေ သာနဲ့ ပျော်မြူးနေတဲ့စိတ်၊ ဒီတော့ စိတ်သည် စိတ္တေန နိယျာတိလောကောဆိုတဲ့အတိုင်း စိတ်ကပဲ ရုပ်ကိုဖန်ဆင်း၊ ဒါကိုပဲ သတ္တလောကလို့ ဆိုပါတယ်။ ပြီးတော့ စိတ်ကပဲ လောကကြီးကို ဆွဲဆောင်တယ်။ အခုလည်းပဲ ဒီရုပ်ကြီးကို မသေမချင်းဆွဲဆောင်ပြီး နွားကို ခိုင်းစားသလို ခိုင်းစားနေပါတယ်။ တစ်ခါ ... ရှိရှိသမျှ အရာဝတ္ထုအားလုံး စိတ်ရဲ့အလိုကို လိုက်နေကြရတယ်။ ဘုရား၊ ရဟန္တာ၊ ပစ္စေကဗုဒ္ဓါ အရိယာကြီးတွေရဲ့ စိတ်ကိုပြောတာ မဟုတ်။ အန္ဓဗာလ အကန်းအမိုက်တွေရဲ့ စိတ်ကိုပြောတာ။ အဲဒီစိတ်က ဘယ်စိတ်တုန်း၊ အတ္တဒိဋ္ဌိဆိုတဲ့ ငါ့ကိုယ်၊ င့ါဟာ၊ င့ါဥစ္စာ ဒိဋ္ဌိများနဲ့ ယှဉ်တဲ့စိတ်၊ သက္ကာယဒိဋ္ဌိစိတ် အဲဒီ ဒိဋ္ဌိယှဉ်တဲ့စိတ်က ဒီရုပ်ကို ခိုင်းစားနေတဲ့အတွက် စိတ်ကိုပဲ အဆိုးထားပြီး တရားခံနံပါတ်တစ် နေရာကထားပြီး ဟောနေခြင်းဖြစ်တယ်။ ဒီလိုအတ္တ ကြီးနေတဲ့ ပုဂ္ဂိုလ်များဟာ ဘုရားရှင်နဲ့ ဝေးလေလေ သွေးအေးလေလေနဲ့ ကြောက်ရလန့်ရမှန်း မသိ၊ အကန်းကို ပန်းချီရေးပြသကဲ့သို့ လက်ထောက် ပြလည်းမသိ၊ ပြောလည်းမသိ၊ အဲဒီပုဂ္ဂိုလ်တွေဟာ ဘုရားသာသနာနဲ့ ဝေးတဲ့ကာလ ဒုံရင်းဒုံရင်းအတိုင်း ရဟန်းဖြစ်သော်မှ ရဟန်းအလုပ် မလုပ်တော့ပါဘူး။ ရဟန်းက လူစိတ်ပေါက် ဖောက်ပြန်နေပြီး လူက ဘီလူး စိတ်ပေါက်တဲ့အထိ အတ္တ ကြီးကုန်ကြ ပါပြီ။
123
3
✿ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ အပ္ပမာဒနှင့် ဒုလ္လဘဂူထဲက တရားတိပ်ခွေ ════════════ ၂၀၁၂ စက်တင်ဘာလမှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ 'ဘဝကန္တာရ သင်္ကေတကထာ' ကျမ်းစာအုပ်ကြီးမှာ နတ်တလူတောရကို စွန့်ခွာ၍ ပုံတောင်ပုံညာ တောတောင်များမှာ ခရီးကြမ်းနှင်ခဲ့ရပုံတွေကို အသေးစိတ် မှတ်တမ်းတင်ထားခဲ့ပါတယ်။ ပထမမုံရွာတစ်ဖက်ကမ်း ပုလဲမြို့နယ် ဝါးသုံးရုံ သစ်တောစခန်းမှာ နေ့ချင်းပြီး ဖြစ်ကတတ်ဆန်း ကျောင်းကလေးနဲ့ သီတင်းသုံးရပါတယ်။ နတ်တလူမှာ ပရိသတ်များလွန်းလို့ ထွက်ပြေးလာပါမှ ဝါးသုံးရုံ သစ်တောစခန်းကို ဇွတ်အတင်း လိုက်လာကြတဲ့ ပရိသတ်ကြီးက ပိုများနေပါတယ်။ ရန်ကုန်၊ မန္တလေး၊ ပျဉ်းမနား၊ သာစည်၊ မိတ္ထီလာ၊ မုံရွာ၊ လွိုင်ကော်၊ မိုင်းပျဉ်း၊ ဇီးကုန်းစသည်ဖြင့် နယ်စုံပယ်စုံက လိုက်လာတဲ့ ပရိသတ်တွေအပြင် ပုလဲဒေသခံတို့ပါ ကြိတ်ကြိတ်တိုး ဖူးကြ၊ လှူဖွယ်ဝတ္ထု အစုစုနဲ့ ပူဇော်ကြနဲ့ ပွဲကြီးလမ်းကြီး ဖြစ်လာလေရော ဆရာတော်ကြီးမှာ ဝမ်းမသာနိုင်ရှာဘဲ စိတ်မကောင်းခြင်း ကြီးစွာပင် ဖြစ်ခဲ့ရရှာတယ်လို့ ဆိုပါတယ်။ တို့နောက် လိုက်နေလို့ ဘာရမှာလဲ။ တစ်ခုခု ရလိုစိတ်နဲ့ လောဘနဲ့ လိုက်နေသမျှ လောဘရဲ့ လားရာ ပြိတ္တာဘုံကို ဦးတည်နေတော့မှာပေါ့။ တို့ကို ကြည်ညိုရင် တို့လိုကျင့်ပါ။ လူကိုယ်တိုင် လာဖူးတာထက် အကျင့်ချင်းတူရင် လူချင်းတွေ့တော့တာပါပဲ။ အတွေ့တူမှ အတူတွေ့မယ်လို့ မှတ်ပါ။ တို့သွားလေရာ တကောက်ကောက် လိုက်နေတာ တို့ကိုနှောင့်ယှက်ရာ ရောက်ပါတယ်။ တို့ရဲ့ တရားအကျင့်ကို ဖျက်ဆီးရာရောက်လို့ ဓမ္မန္တရာယ်ပင် ဖြစ်သွားတတ်ပါတယ် ...စသည်ဖြင့် ဘယ်လိုပင် သြဝါဒပေးသော်လည်း ပရိသတ်ကြီးကား နားဝေးနေဆဲဖြစ်ပါတယ်။ ဒီလိုနဲ့ ဆရာတော်ကြီးဟာ ၁၃၆၁ ခု ဝါဆိုလပြည့်နေ့မှာ လယ်ဓမ္မရွာအနီးက သဘာဝလိုဏ်ဂူကြီးတစ်ခုဆီ ပြောင်းရွှေ့သီတင်းသုံး တော်မူခဲ့ ပါတယ်။ ဒေသခံ သံဃာတော်များကလည်း ဆရာတော်ကြီးကို ကြည်ညိုစိတ်နဲ့ စောင့်ရှောက်ကြပါတယ်။ ၁၃၆၁ ခု ဝါဆိုလပြည့်မှ ၁၃၆၃ တန်ဆောင်မုန်းလပြည့်နေ့အထိ ဘယ်သူမှမလာရ၊ လာခဲ့သော် တစ်ယောက်လာလည်း အားလုံးကို ဖူးမြော်ခွင့် တစ်နှစ်တိတိ အပိတ်ခံရမည်။ ရပ်/ကျေး သံဃာ့ အမိန့်ကို တံဆိပ်တုံးရိုက် မိတ္တူပွားပြီး ရပ်ဝေးက တပည့်သာဝကများဆီ ပေးပို့ခဲ့ပါတယ်။ သို့သော် သုံးနှစ်အတွင်း မလာရ အမိန့်သည် သုံးလပဲခံပါတယ်။ ဝါတွင်းသုံးလအလွန် သီတင်းကျွတ်တာနဲ့ သာစည်နဲ့ ရန်ကုန်က တပည့်ဒကာတွေ လိုက်လာလေရာ ဆရာတော်ကြီးဟာ စည်းကမ်းဖောက်သော တပည့်ဒကာများကို အကြောင်းပြရအောင် မဇ္ဈိမ ဓမ္မမောနိဂူကြီးထဲမှ တိတ်တဆိတ် ထွက်ခွာ၍ မဟာမြိုင်တောကြီးရှိရာ ထွက်ခွာတော်မူခဲ့ပါတယ်။ လယ်ဓမ္မရွာက ဒေသခံများကား အလွန်ရိုးသားကြပါတယ်။ နောက်တစ်နေ့ ဆရာတော်ကြီး ဆွမ်းခံမကြွတော့ နေများမကောင်းလို့လားဆိုပြီး ဂူထဲကို ဝင်ကြည့်ကြပါတယ်။ ဂူကြီးထဲရောက်ကာမှ ရွာက ဒကာ၊ ဒကာမတွေ ရင်ကွဲနာကျရပါတော့တယ်။ ဆရာတော်ကြီး ထွက်ခွာသွားပေပြီ။ အသံဖမ်း ကက်ဆက်ကလေးနဲ့တိပ် ခွေတစ်ခုတော့ ထားရစ်ခဲ့ပါတယ်။ ဖွင့်ကြည့်လိုက်တော့ ဆရာတော်ကြီးရဲ့ အမှာစကား သြဝါဒများဖြစ်နေပါတယ်။ ဒေသခံ ကျောင်းဆရာတစ်ယောက်က အဲဒီတိပ်ခွေကို မိတ္တူ ပွားပြီး ကျွန်တော့်ဆီ လူကြုံနဲ့ ပေးပို့ခဲ့ပါတယ်။ ကျွန်တော်လည်း ချက်ချင်းပင် နားထောင်ကြည့်ရာ မှတ် သားနာယူဖွယ် တရားစကားတွေ ဖြစ်နေတာတွေ့ရပါတယ်။ ယခု နှစ်ပေါင်း ၂၀ ကျော်အကြာမှာ နောက်တစ်ကြိမ် ပြန်နားထောင်ပြီး ဆရာတော်ကြီးရဲ့ မိန့်မှာချက်များကို စာပေအသွင်ဖြင့် မှတ်တမ်းတင်ပူဇော်လိုက်ရပါကြောင်း ...။ အပ္ပမာဒ နှုတ်ဆက်တရား ဘုရားသာသနာမှာ ထင်ရှားတဲ့ 'အပ္ပမာဒသုံးမျိုး' ရှိပါတယ်။ 'ဝရဓမ္မသင်္ခါရ'လို့ခေါ်တဲ့ သင်္ခါရတို့ရဲ့ အပျက်သဘော မြင်နိုင်တယ်ဆိုတာ လူ့ဘဝရောက်တုန်း သာသနာနဲ့ ကြုံတုန်းသာ ဖြစ်နိုင်တာ။ ဒါကြောင့် ဒုလ္လဘ...၊ တွေ့ဆုံကြုံခဲတဲ့ အခွင့်အရေးကြီးတစ်ခု၊ ပြီးတော့ 'သရဏဂုံ အပ္ပမာဒ'၊ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးအပေါ် ယုံဖို့၊ ယုံသလို ပုံဖို့ဆိုတာလည်း လူ့ဘဝနဲ့ သာသနာကြုံတုန်းမှာသာ ဖြစ်နိုင်ပါတယ်။ ရတနာသုံးပါးဆိုတာ ခေတ်တိုင်း၊ ကမ္ဘာတိုင်းမှာ မပွင့်ပေါ်ဘူး။ အလွန် ရှားပါးတဲ့ ရတနာဖြစ်လို့ သရဏဂုံ အပ္ပမာဒ သည်လည်း ဒုလ္လဘ။ တစ်ခါ ဗုဒ္ဓပ္ပါဒ မနုဿတ္တဒုလ’ဘလည်း ရှိပါလိမ့်ဦးမယ်။ ဒုလ္လဘတရားဆိုတာ ရှားပါးပစ္စည်း၊ ရှားပါး အခွင့်အရေး မယူလိုက်၊ မရလိုက်ဘဲ အလကားနေရင်း အချိန်ကုန်သွားမှာစိုးလို့ ဘုရားရှင် သတိပေးတော်မူခဲ့တာ။ ဘုရားပွင့်တဲ့အခါတော် သာသနာတော်တည် နေတဲ့အချိန်ဆိုတာလည်း ကြုံခဲပါဘိခြင်း။ ဘုရားပွင့်ချိန် (ဝါ) သာသနာထွန်းချိန် လူဖြစ်ခွင့်ရတယ် ဆိုတာလည်း မဟာအခွင့်အရေး၊ ဒီလို ဘုရားပွင့်ချိန်၊ သာသနာပွင့်ချိန်မှာ သာသနာယုံဖို့ဆိုတာ သဒ္ဓါတရားကလည်း ထက် ထက်သန်သန် ဖြစ်ပေါ်ပါဦးမှ၊ ဒါကြောင့် ဒုလ္လဘငါးပါးထဲမှာ သဒ္ဓါဆိုတဲ့ ယုံကြည်ချက်လည်း အရေးကြီးတယ်။ ဒီလိုယုံကြည်ချက် ပြင်းရင် ပြင်းသလောက် အာရုံငါးပါး ကျက်စားရာ ကာမတောက အလွတ်ရုန်းထွက်နိုင်တဲ့ ပဗ္ဗဇိတ ရှင်အဖြစ် ရဟန်းအဖြစ် ဆိုတာလည်း အင်မတန်ရခဲတဲ့ အခွင့်အရေးကြီးတစ်ခု ...။ သဒ္ဓမ္မဇဝနလို့ ခေါ်တဲ့ သူတော်ကောင်းတရား နာကြားရဖို့ဆိုတာလည်း အလွန့်အလွန်
106
4
🙏🙏🙏🙏🙏 #သာသနာတော်ကြီး_ဘုန်းကံတိုးဖို့ ဘုရားရှင်နှင့် ရဟန္တာကြီးများ ထားခဲ့သော သာသနာသည်လည်းကောင်း၊ သာသနာတည်ကြောင်း ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေးများသည်လည်းကောင်း ဓမ္မအမွေ ခံလိုသူများအတွက် ထားခဲ့ကြသော ပစ္စည်းများ ဖြစ်နေကြ၍ . . . ယင်းတို့ကို. . . (က) အကျင့်မစင်ကြယ်ပဲ (မကျင့်ပဲ) သုံးဆောင်က . . . ထေယျပရိဘောဂ ထိုက်၏။ ဆိုလိုသည်မှာ ကျင့်ဖို့အတွက် ထားသည်ကို မကျင့်ဘဲ ခိုးစားရာ ရောက်၏။ (ခ) အကျင့်ကား စင်ကြယ်၏ (ကျင့်၏)။ သို့သော် ဆင်ခြင်ခြင်း (ရှုမှတ်ခြင်း) အလျှင်းမရှိဘဲ သုံးဆောင်မိက. . . ဣဏပရိဘောဂ ထိုက်၏။ ဆိုလိုသည်မှာ ရှုမှတ်ခြင်း၊ ဆင်ခြင်ခြင်း ကင်းမဲ့စွာဖြင့် ငါစား စားသုံးမိပါက ဘုရား နှင့် ရဟန္တာကြီးများ၏ ဩဝါဒအရ ဒကာ၊ ဒကာမတို့က လှူဒါန်းသည်များအပေါ် ကြွေးတင် သွားတော့သည်။ သူက ငါ့ကို လှူသည်၊ သူလှူသောပစ္စည်းများက ဘာဘာ စသည် အတေးအစွဲ ထားမိသောကြောင့်။ ကြောက်တတ်သူများအတွက် တကယ့် ကြောက်စရာ. . . ။ တစ်ဖန်. . . (ဂ) သောတာပန် အဆင့်ရောက်လျှင် လောကုတ္တရာ သာသနာဝင် သာသနာ့ဝန်ထမ်းလည်း ဖြစ်တော့ရာ ထိုသူ စားသုံးက ဒါယဇ္ဇပရိဘောဂ ထိုက်၏။ ဆိုလိုသည်မှာ ထိုပုဂ္ဂိုလ်သည် ငါ၊ သူ အစွဲကို မဂ်ဖြင့် အပြီးပယ်သတ်ပြီး ဖြစ်ရကား ငါစား မစားတော့။ သို့ကြောင့် အရိယာစခန်း၏ ခန်းနေအရာ ရတော့ရာ. . . ဘုရား နှင့် အရိယာကြီးများ၏ အမွေတော်ကို ထိုက်တန်စွာ ခံစားခွင့် ရတော့သည်။ အရိယာသမဂ္ဂ၏ အသင်းဝင် ဖြစ်သွားသော ကြောင့် . . . ။ (ဃ) တစ်ဖန်လည်း အရဟတ္တမဂ်ဖြင့် ဓာတ်ဖြစ် ကိလေသာအားလုံး အတုံးအရုံး သေစေပြီး .. စိတ်ဝယ် အဖြူထည်ချည်းသက်သက် ဖြစ်သွားသော ရဟန္တာဆိုလျှင်ကား ဘုရားနှင့် အရိယာကြီးများ ထားပစ္စည်း သာမိပရိဘောဂအဖြစ် သုံးခွင့်ရတော့သည်။ ဆိုလိုသည်မှာ... သူကိုယ်တိုင် နတ်၊ လူတို့၏ ပူဇော်အထူး ခံထိုက်သောနေရာ ပလ္လင်ထက် တက်နေခွင့် ရသဖြင့် ဘုရားနှင့် အရိယာကြီးများ ထားပစ္စည်း ကိုယ်ပိုင်နေရာမှနေ သုံးခွင့်ရသွားပြီ။ သည်သို့ သာသနာ့ အသုံးအဆောင် ပရိဘောဂများ ရယူသုံးဆောင်ကြရာ၌ အပြစ်သင့် အပြစ်ကင်း ကာလနှစ်ခင်း ရှိချေရာ. . . ပုညဝုဒ္ဓိသို့ နေသူများ အပြစ်သင့် ထေယျ၊ ဣဏ ဝင် မဖြစ်ကြဖို့ အထူးအရေးကြီးသည်။ ● မိမိကြောင့် ကောင်းမှုရှင်များ ပုဉ်းကံ(ဘုန်းကံ)တိုးဖို့ လိုအပ်သည်။ ● မိမိကြောင့် သာသနာတော်ကြီး ပုဉ်းကံ(ဘုန်းကံ)တိုးဖို့ လိုအပ်သည်။ ● မိမိကြောင့် မိမိကိုယ်တိုင်လည်း ပုဉ်းကံ(ဘုန်းကံ)တိုးဖို့ လိုအပ်ပါသေးသည်။ #မဟာဗောဓိမြိုင်ဆရာတော် #သုဝဏ္ဏသျှမ် #စာဖတ်သူတစ်ယောက်၏မှတ်စုများ🙏🙏🙏 #သာသနာတော်ကြီး ဘုန်းကံတိုးဖို့ #ဝုဒ်ဓိဘာဝဂထာ #သွဝါဒ ၇/၁၀၀ 🙏ဓမ္မဒါန ပြန်လည်မျှဝေကုသိုလ်ပြုပါ၏ 🙏🙏 Credit 🪷 Original Uploader 🙏🙏🙏♥️
190
5
ပက်ပင်းတွေ့ရတဲ့ ဒုက္ခထက် အတွေးဟာ သုံးဆပိုများတယ်၊ အတိတ်ကိုတွေးတယ် ပစ္စုပ္ပန်ကိုတွေးတယ် အနာဂတ်ကိုတွေးတယ် အဲ့ဒါသုံးဆဖြစ်သွားတယ်၊ အတွေးဟာ ဒုက္ခကို ပိုဖြစ်စေပါတယ်။ (မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး) Credit 🪷 Original Uploader 🙏🙏🙏♥️
274
6
ပေါ်ပေါက်နေတဲ့ သတ္တလောက ရှိနေတဲ့ သတ္တဝါတွေပဲ ဖြစ်ဖြစ်၊ ဩကာသလောကထဲမှာ ရှိတဲ့ ရေမြေတောတောင် ဘာတွေပဲ ဖြစ်ဖြစ်၊ သင်္ခါရလောကလို့ ခေါ်တဲ့ ဒို့ပြုပြင်ထားတဲ့ တိုက်တာ နေအိမ် ကား ရထားတွေပဲ ဖြစ်ဖြစ်၊ အပြောနဲ့ သဘော အပြောနဲ့ သဘော နှစ်ခုတော့ အမြဲတွဲနေမှာ ထင်တယ်။ (တွဲနေမှာပါ ဘုရား)။ အဲတော့ သဘော ရှိနေသမျှ အပြော ရှိနေမှာပဲ။ အပြော ရှိနေသမျှ သဘော ရှ်ိနေမှာပဲ။ အဲ သူတို့ နှစ်ခု အမြဲ ရှိနေတယ်။ ရှိနေတာ့ ဒို့ ဘာလုပ်ရမှာတုန်းဟေ့။ ပရမတ် သက်သက်ကို သုံးနိုင်ဖို့ လိုသည်။ ♦️ လူ့ဘဝ ရောက်တုန်း၊ သာသနာနဲ့ ကြုံတုန်း၊ နည်းပေးမယ့် ဆရာသမားတွေ ရှိတုန်း၊ အရွယ်နဲ့ ကျန်းမာရေး ကောင်းတုန်း၊ ဒီအချိန်မှာ ဒို့ ပရမတ်ကို သိဖို့ လိုသည်။ ဒို့ ပရမတ်ကို သိရင်, ဒို့ "လူသိ"၊ အဲဒါမှ လူ။ ဒို့ လူဆိုတာ ... အကြောင်း အကျိုးကို ခွဲသိမှ "လူ"။ အကျိုး ရှိသည် မရှိသည်ကို ကွဲကွဲပြားပြား သိတာကို "လူ"လို့ ခေါ်တယ်။ အဲတော့ ဒို့ လူ့ဘဝ ရောက်တုန်းသာ ဒီအသိကို သိနိုင်တာ။ ဒို့ ပရမတ်ရဲ့ သဘော သဘာဝမှာတင် အာရုံ ခံစားလို့ရှိရင် ဒို့ ကိလေသာတွေ ဝင်စရာ မရှိဘူး။ ပညတ် အပေါ်မှာ ကိလေသာ ဝင်တာ။ အဲ့ .. ဒို့ ပရမတ်အာရုံ သက်သက် ခံစားချင်လို့ရှိရင် ခင်ဗျားတို့ တစ်ယောက်ထဲ တည့်အောင်ပေါင်း.. ။ မဟာဗောဓိမြိုင် ဆရာတော်ဘုရား။ Credit , Original Uploader. ဦးဓမ္မသာရ(ဆေးသဲ့တောင်) Credit 🪷 Original Uploader 🙏🙏🙏♥️
492
7
ပညတ် ပရမတ် 🍀🍀🍀🍀🍀 ဒို့, ဘယ်အရာဝတ္ထု ဖြစ်ဖြစ်ကွဲ့ ပညတ်နဲ့ ပရမတ် ရှိတာချည်းပဲတဲ့။ ကလေး တစ်ယောက် မွေးရင် နာမည် တစ်ခု ပေးရ သလိုပဲ၊ အရာဝတ္ထု အသစ်အဆန်း ပေါ်ရင် ပညတ် တစ်ခု တင်ရ စမြဲပဲ။ ဂျုံမှုန့်နဲ့ လုပ်ထားတဲ့ဟာ .. ထားပါတော့ဗျာ။ ဂျုံမှုန့် လုပ်ထားတဲ့ဟာဘဲ။ သြော် - ပထမ ခေါ်တာကျတော့ ကိတ်မှုန့်လို့ နာမည် ပေးတယ်။ နောက်တစ်ခါ အဲဒီ ဂျုံမှုန်တော့ ဂျုံမှုန့်ဘဲ။ သူနဲ့ မတူတဲ့ စပ်နည်းမျိုး လုပ်နည်းမျိုးနဲ့ မုန့်တစ်ခု ထပ်ဖြစ်လာတော့ ပေါင်မုန့်ရယ်လို့ ထပ်ပေးရတယ်။ အဲဒီ ကိတ်မုန့်နဲ့ ပေါင်မုန့် သဘောချင်း တူရဲ့လား။ ဂျုံတော့ ဂျုံကြီးပဲ။ အဲနောက်တော့ မုန့်ကြွပ်တို့ ဘာကိတ် ညာကိတ် ကွဲလိုက်သေးတယ် ထင်တယ်ဟေ့။ အဲတစ်ခါ ပေါက်စီတဲ့ နံပြားတဲ့။ အဲဒါ ဂျုံတွေကြီးပဲ မဟုတ်လား။ အဲဒါ ဂျုံတစ်ခု ထဲကပဲ, သဘော တစ်ခု တစ်ခု၊ ပေါ်လာတိုင်း ပေါ်လာတိုင်း၊ အပြောတစ်ခု တစ်ခု ပါမှာချည်းတဲ့ပဲ။ ဘာဖြစ်လို့တုန်း လူလူချင်း အပေးအယူ လုပ်လို့ရှိရင်၊ အဆက်အဆံချင်း လုပ်လို့ ရှိရင် ဒီအပြော မပါပဲနဲ့ ဘယ်လိုလုပ် ဆက်ဆံရမှာတုန်း ..(မရပါဘုရား)။ အဲတို့ အပြောနဲ့မှ ဆက်ဆံလို့ ရမှာပေါ့။ သဘောတစ်ခု ပေါ်လာရင်၊ အပြောတစ်ခု ပါမှာချည်းတဲ့ပဲ။ အဲဒီ သဘောကို "ပရမတ်"လို့ သုံးပြီးတော့ အပြောကို "ပညတ်"လို့ သုံးပါတယ်ဗျာ။ အဲတော့ တစ်ခု တစ်ခုမှာ သဘောနဲ့ အပြော နှစ်ခုရှိတာ ထင်တယ်။ အဲတော့ သဘော "ပရမတ်၊ အပြော "ပညတ်"။ သို့မဟုတ်- အပြော"ပညတ်၊ သဘော"ပရမတ်"။ အဲတော့ ပညတ်ဆိုတာ ဘာပြောတာတုံး၊ ပါဠိလို ပြောတာ။ မြန်မာလိုတော့ .."ကွဲကွဲပြားပြား သိစေတာ" ဒို့ ဒီမှာရှိနေတာ လူ- ၁၀၀ ဆိုပါတော့။ "ဟေ့ လူလာစမ်း" ဆိုရင် ဘယ်သူလာလို့ ရမှာတုန်း..(မရပါဘုရား)။ ဘယ်သူမှန်းမှ မသိပဲနဲ့။ အဲ "ကိုဖြူလာစမ်း" ဆိုရင် ဘယ်နှယ့်တုန်း.. (ကိုဖြူ လာရမှာပါ ဘုရား)။ အဲဒီ ၁၀၀ ထဲက တစ်ယောက်ထဲကို ကွဲကွဲပြားပြား သိစေချင်တာ ထင်တယ်။ အဲဒါ "ပညတ်" ပညတ်ရဲ့သတ္တိပဲ။ အဲ "ကိုညို"ဗျို့ဆိုရင် ဘယ်နှယ့်တုန်း.. (ကိုညို လာရမှာပါ ဘုရား)။ ကိုညို လာရမှာပဲ။ လူ ၁၀၀ ထဲက တစ်ယောက်ထဲကို ကွဲကွဲပြားပြား သိစေချင်လို့ (သို့) ကွဲကွဲပြားပြား ဆက်ဆံချင်လို့ (သို့) ကွဲကွဲပြားပြား အသုံးပြုချင်လို့ မှည့်ထားတာ မှန်သမျှကို. "ပညတ်" လို့ သုံးတယ်။ ထန်းလျက်သည် ချို၏။ ကြံသကာသည် ချို၏။ သကြားသည် ချို၏။ အချိုမှုန့်သည် ချို၏။ ဟုတ်ကဲ့လား - အဲတော့ ချိုတာလေးကို ရှိနေတာ ထင်တယ်။ အဲတော့ "အချိုပေးစမ်း" ဆိုရင် ဘာပေးလို့ ပေးရမှန်းမှ မသိပဲနဲ့။ အဲ ထန်းလျက် ပေးစမ်းဆိုမှ ကိုယ်စားချင်တဲ့ အရသာကို ရမှာ ထင်တယ်ဟေ့။ သကြားပေးစမ်းဆိုမှ (သကြား စားရမှာပါဘုရား)။ အချိုမှုန့်ပေးစမ်း (အချိုမှုန့်ရမှာပါဘုရား)။ အဲဒါမှ ရမှာပေါ့။ အေး အဲဒီအတိုင်း ကိုယ်ခံစားလိုတဲ့ အရသာသတ္တိလို့ ခေါ်တဲ့ သဘော သဘာဝလေးကို အဲဒါတွေကို ကွဲကွဲပြားပြား သိအောင် မှည့်ထားတဲ့ အပြောလေးကို "ပညတ်"လို့ သုံးတာ။ ပရမတ်ကတော့ ဘယ်နေရာ ဖြစ်ဖြစ် သူ့ရဲ့ သဘော သတ္တိကနေပြီး တစ်ပြားသားမှ မလျှော့ဘူး။ ပရမတ်က ပရမတ်အတိုင်းပဲ သွားမှာပဲ။ အဲ ပရမတ်ကတော့ ဒို့, ဥပမာမယ် - ဒီဟာ တစ်ခုကို ဒို့, ထန်းလျက်လို့ပဲ ဆိုပါစို့။ ဒါက ဒို့, ဗမာတွေ ခေါ်တာ ထင်တယ်။ ထန်းပင်မှ ဖြစ်လာနေတာကို ထန်းလျက်။ ဒို့, အဲဒါကို ခေါ်တာ။ အဲ ထန်းလျက်သတ္တိက ဘာတုန်း၊ (ချိုတာပါ ဘုရား)။ ချိုတာ၊ ဒို့ ဗမာကတော့ ထန်းလျက်လို့ ခေါ်မှာပေါ့။ ဒို့ ကုလားကို သွားမေးရင် ဘယ်လို ခေါ်တုန်း၊ (ကုလားလိုပဲ ခေါ်မှာပါ ဘုရား)။ တရုတ် သွားမေးရင်ကော၊ (တရုတ်လိုပဲ ခေါ်မှာပါ ဘုရား)။ အင်္ဂလိပ် သွားမေးရင်ကော၊ (အင်္ဂလိပ်လိုပဲ ခေါ်မှာပါ ဘုရား)။ အဲတော့ ... အပြောကတော့ ကွဲလိမ့်မယ် ထင်တယ်။ ဒို့ ထန်းလျက်ကတော့ဗျာ တို့လျှာမှ မဟုတ်ဘဲ၊ ကုလားလျှာ သွားတို့တော့ကော့ .. (ချိုမှာပါ ဘုရား)။ တစ်မျိုး ပြောင်းဦးမှာလား.. (မပြောင်းပါ ဘုရား)။ တရုတ်လျှာ သွားတို့မယ်ဟေ့ .. (ချိုမှာပါ ဘုရား မပြောင်းပါ ဘုရား)။ အင်္ဂလိပ်လျှာ သွားတို့မယ်ဟေ့ .. (မပြောင်းပါ ဘုရား)။ အဲဒါ လူမို့လို့ ထင်တယ်ဗျာ၊ ခွေးလျှာ သွားတို့မယ်ဗျာ၊ (ခွေးလျှာလဲ မပြောင်းပါ ဘုရား)။ နွားလျှာ သွားတို့မယ်ဗျာ၊ (နွားလျှာလဲ မပြောင်းပါ ဘုရား)။ 🌿အေး ပရမတ်ဆိုတာ ပြောင်းရိုးပြောင်းစ မရှိဘူး၊ အဲဒါကို "ပရမတ်" လို့ ခေါ်တာ။ သူ့သဘာဝက သူ့သတ္တိကနေ မပြောင်းလွဲတာကို သဘောတရားကို အဲဒါ "ပရမတ်" လို့ သုံးတယ်ဗျာ။ အပြောကတော့ ဒီနေရာမှာ တစ်မျိုး, ဟိုနေရာမှာ တစ်မျိုး သူ့သင်္ကေတနဲ့သူ။ ပြောတာ လွဲမယ်၊ သဘောကတော့ မလွဲဘူး။ ဟုတ်ကလားဟေ့ ? (ဟုတ်ပါတယ် ဘုရား)။ အဲတော့ ဒို့ ဒီထန်းလျက်ဆိုတဲ့ တစ်ခုထဲမှာ "ထန်းလျက် နဲ့ ချိုတာ" ဆိုတာ "ပညတ် နဲ့ ပရမတ်" နှစ်ခု တွဲနေတာ ထင်တယ်။ ငရုတ်သီးမှာကော "ငရုတ်သီး" လို့ အခေါ်ခံရတာနဲ့ စပ်တာနဲ့ (နှစ်ခုတွဲပါ ဘုရား)။ ငရုတ်သီးကသာ ဒို့ အပြော ပြောင်းချင်ပြောင်းမယ်။ စပ်တာကတော့ ဘာမှ မပြောင်းဘူး။ ပြောင်းပါ့မလားဟေ့.. (မပြောင်းပါ ဘုရား)။ အဲဒါ ပရမတ်နဲ့ ပညတ် ချည်းပဲတဲ့။ ဒို့- လူမှာလဲ ဒီအတိုင်းပဲကွဲ့။ ပရမတ်နဲ့ ပညတ် တွဲနေကြတာချည်းပဲတဲ့။
435
8
بدون متن...
564
9
အနန္တကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ဓမ္မ " လူစစ်လျှင် " ☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️ လူစစ်လျှင်..... *အတွေးမခေါ်မှန် သမ္မာဝိတက် *မိမိသတ္တိ စသည်၌ ယုံကြည်ချက်သဒ္ဓါ *ဘာမဆို ခွဲခြမ်သတ္တိထက်နေသော ပညာ... ထိုသုံးပါး အားထားရမည်။ မရှက်ရမည်ကိုရှက်၊ ရှက်ရမည်ကို မရှက်ဖြင့် အရှက်မလွဲသင့်။ မကြောက်သင့်သည်ကိုကြောက်၊ကြောက်သင့်သည်၌ မကြောက်ဖြင့် အကြောက်မလွဲ သင့်ကြ။ ထိုစဉ်....... ကံဖျက်ငါးနှိုက်ပမာသော လူတို့ပြုကျင့်ရ မည့် သိက္ခာကံ....သူ့အသက်သတ်ခြင်း၊ခိုးယူ ခံစားခြင်း၊လုယက်စော်ကားခြင်း၊လှည့်ပတ်ဖြားယောင်းခြင်း၊ကံဖျက်ကိရိယာ အရက် သေစာမူးယစ်သောက်စားခြင်းစသည့် မ ကောင်းကျင့် ဒုစရိုက်ဆယ်ပါးလုံးတို့၌အရှက် တိုင်း ထားသင့်၏၊အရှက်မကွဲစကောင်း။ တစ်ဖန် လူရှေ့ဘုရားရှိခိုးခြင်း၊မေတ္တာပွားအ မျှဝေခြင်းစသည် ကောင်းမှုများ၌ကားအရှက် ကွဲချင်တိုင်းကွဲပါစေ၊မရှက်(အရှက်မဲ့)ဖြင့်သာ ပြုသင့်သည်၊ပီတိရှိသူ၌ထိုအရှက်ကွဲရာအက် ရာမျှပင် မထင်စေ။ ဝနပတိ ဂတိကထာကျမ်းစာ Credit 🪷 Original Uploader 🙏🙏🙏♥️
555
10
✿ သင်ယူစေချင်သော ငါ့အမွေ ‗‗‗‗‗‗‗‗‗‗‗‗‗‗ သင်သည် စခန်းဝင်မည် ဆိုကတည်း ၁။ “တရားရချင်သည်” အစား “ တရားအားထုတ်ချင်သည်”ပြောင်း တွေးပေးပါ။ တရားစခန်းဝင်စဉ် ... ၂။ “ငါ တရားအားထုတ်နေသည်” အစား “ငါ သတိဖြင့် တရားရှုမှတ် နေသည်”ပြောင်းပေးပါ။ ၃။ “ငါ ဘယ်နေ့ ဘာဖြစ်စေရမည်”အစား “ငါ သတိတွင်တွင် ပွားမည်” သို့ ပြောင်းပေးပါ။ တစ်ဖန် ၄။ တရားလိုက်ရှာနေမည့်အစား ရှုကွက်က ပြသမျှ တစ်ခုမကျန် ရှုသိပေးပါ။ ဤလေးချက်တို့ကို ပြောင်းလဲပေးပါက ကမ္မဋ္ဌာန်းနာနှင့် ဆန္ဒကျရောဂါများ မဖြစ်ပွားစေရပါ။ အတားဘက် အားပေးသော အတွေးမဟုတ်သဖြင့် အတား ဘေး အေးအေးလေးဖြင့် ကျော်နိုင်ပါမည်။ အထက်ပါ လေးမျိုး မပြောင်းလဲဘဲ ရွာတွေးတွေး၍ ရွာထဲက အလုပ် လုပ်တုန်းကလို ငါလိုသည်၊ ငါလုပ်သည် စသည် အတွေးများဖြင့် သင် ပွဲဝင်မှားခဲ့ပါသော် . . . ပေါ်စရာ မပေါ် အမျှော်ထဲ ချော်လဲသွားတော့မည်။ ထိုအခါ ... အတားကြား ကားရားယက်ကန် ပက်လက်လန် တော့သည်။ သည့်နောက် ဆက်တွဲ ဆိုးကျိုးများက ၁။ သင် ကမ္မဋ္ဌာန်းအလုပ် စိတ်ပါလက်ပါ မရှိ။ စိတ်ဝင်စားမှုနည်း၏ကြောင့် သင့်ဝိတက်ဈာန် အသွား ခေတ္တနားထားရမည်။ ၂။ မခံချင်စိတ်၊ အားမလို အားမရစိတ်များဖြင့် ငါတကော ကောမိ နေ၏ကြောင့် သင့်ပီတိ အထား ဖဝါးချစရာ နေရာမရတတ်။ ၃။ သတိဖြင့် စိတ်မစည်းရုံး ငါကြံ ခံနိုင်ရိုးလားဖြင့် စိတ်ရွက်လွှင့် နေ၏ကြောင့် သင့် သုခဈာန် အိမ်ခေတ္တ ပြန်ဦးမည်။ ၄။ တရားအားထုတ်လိုမှု ထက် တရားရလိုမှုက ပိုကဲနေ၏ကြောင့် သင့် သမာဓိ ဖြစ်ထွန်းရေး အဝေးပြေးချေပြီ။ ၅။ နေ့ရက်ကြာ အနာသာပေါ် မျှော်ရာမဝင် . . . ဆရာ၏ အငြိုငြင် ပင် ခံနေရတော့၏ကြောင့် သင့်ဝိစာရ အား သွားစရာလမ်းမတွေ့။ ဤအတားငါးမျိုး မုချတိုးနေပြီသာမှတ်။ အထက်ပါတို့သည် သင့်အား ငါပေးထားခဲ့ချင်သော ဓမ္မအမွေများပင်။ ဤ ငါ၏အမွေမှာတမ်းကို ဖတ်ရှု၍ ထိုသည့်သင် ထုတ်ဆီး ... ကစားပွဲတွင် အတိုးဘက်က လျင်၍ အဆီးဘက်က အ,နေခဲ့သော် အတိုး အောင်သူပြီ အော်ဟစ်ရစမြဲ။ တစ်ဖန် . . . အဆီးဘက်က သွက်၍ အတိုး ဘက်က နုံ့ နေခဲ့သော် အဆီးက အောင်သူပြီအော်ရန် အတိုးနေရာယူ၍ အတိုးက အဆီးနေရာဝင်ယူရတော့၏ပမာ ... ငါသည် အလျင် အသွက်လား သို့တည်းမဟုတ် အနုံ၊ အအ လား . . . မေးပေးပါ။ တစ်ဖန် ငါသည် ဆရာ ညွှန်ကြားတာ လုပ်နေသလား။ သို့တည်းမဟုတ် ငါထင်ရာ ငါလုပ် နေသလား မေးပါ။ နောက်တစ်ဖန် ငါသည် ဆရာစကား နာဖြစ်ရဲ့လား။ သို့တည်းမဟုတ် ကြားရုံပဲလား မေးပေးပါ။ ထိုစဉ် သဘောပေါက်က နာသူ။ သဘောမပေါက်က ကြားရုံမျှသာ။ ဤသည်တို့ကို မေး၍ ကိုယ့်ကိုယ်ကို ဈာန်သွေးကြွအောင် နှိုးပေးပါ။ #မဟာဗောဓိမြိုင်ဆရာတော်#သုဝဏ္ဏသျှမ် https://www.facebook.com/thuwannashan #စာဖတ်သူတစ်ယောက်၏မှတ်စုများ #ဓမ္မအမွေ Credit 🪷 Original Uploader 🙏🙏🙏♥️
835
11
ဆရာတော်ကြီးက စာအုပ်မှာပါတဲ့သက်ဆိုင်သူတွေ မရှိတော့မှ ထုတ်ဝေပါလို့ မှာခဲ့တဲ့ ဆရာတော်ကြီးရဲ့ဆရာ အဘဝိမလ ( အဘသန့်ရှင်း ) ရဲ့ အကြောင်းဖြစ်ပါတယ် ဖြည်းဖြည်းနဲ့ အေးအေးဆေးဆေး ဖတ်ဖို့ရာ ဝေမျှလိုက်ရပါတယ် ခင်ဗျ
899
12
ဗောဓိဆုရှင်တို့၏_လက်ဆွဲကျင့်စဉ်.pdf
881
13
🙏🙏🙏 "ကောင်းတုံ့ ဆိုးလှည့် " ~~~~~ လောကမှာ ပြောနေကြတာ" အတုံ့အလှည့် " တဲ့။ အတုံ့ ရှိရင် အလှည့် လာမှာပဲ ။ ခဲတစ်လုံး မိုးပေါ်ပစ်တင်လိုက် ၊ တုံ့ကနဲ ရပ်သွားပြီး ပြန်လှည့် ကျလာတာပဲ မဟုတ်လား ။ ခရီးတစ်ခု သွားနေရင်းက တုံ့ကနဲ ရပ်သွားရင်လည်း လာရာလမ်းကို လှည့်ပြန်ရတာပဲ မဟုတ်လား ။ လူတွေ ဘယ်က လာခဲ့သလဲ ...? တိရစ္ဆာန်ဘ၀ ၊ အပါယ်ဘ၀ တွေကနေ လူ့ဘ၀ကို တစ်ခေါက် တစ်ခါ ဧည့်သည် ပမာ ရောက်လာခဲ့ ကြတာ ။ ကုသိုလ်ကံ အရှိန်ကလေးကြောင့် ရောက်လာခဲ့ကြတာ ။ ဒီတော့ လူ.ဘ၀မှာ ကောင်းကံ (ကုသိုလ်ကံ) အရှိန်ကလေးရှိနေတုန်းတော့ အကောင်းကြုံ အကောင်းခံစားပေါ့ ။ ကုသိုလ်ကံ အရှိန်ကလေး တန့် ‌‌သွားရင်တော့ အပါယ်ဘဝတွေကို လှည့်ပြန်ရလိမ်မယ် ။ ဒါကြောင်. "ဆိုးလှည့်" မကြုံချင်ရင် " ကောင်းတုံ." အရှိန်မြှင့်တင်ကြပါ ။ အကုသိုလ်အကျိုးပေးခွင့်မရအောင် ကုသိုလ်တွေ များများလုပ်ပြီး အရှိန် မြှင့်တင်ကြပါ ။ (မဟာဗောဓိမြိုင်ဆရာတော်ဘုရာကြီး) Credit 🪷 Original Uploader 🙏🙏🙏♥️
1 172
14
بدون متن...
1 017
15
တိရစ္ဆာန်သည် ကြိုက်လျှင်လိုက်၏။ မကြိုက်လျှင် တိုက်၏။ မသိလျှင်ကား အမိုက်၌မွေ့ အတွေ့၌မှေး တွေးလျှင် လည်း ခပ်ရေးရေးသာ။ တိရစ္ဆာန်ကား အတွေ့ ၌မှေး ထိုရေးရေးမျှအမြင်ကြောင့် အကျိုးရှိ အပြစ်မဲ့နှင့် အပြစ်ရှိ အကျိုးမဲ့အတွဲ ခွဲ၍မသိတတ်။ ယူဖို့ကျ ကြိုက်၍ကောင်းသော အကောင်းနှင့် ကောင်း၍ ကြိုက်သောအကြိုက် နှိုက်မကြည့်တတ်။ သိဖို့ကျဝေး။ လူမှာမူကား ထိုသို့ မဟုတ်သင့်ကြပြီ။ အမှန်သိသည် လူ၌သာ နားသက်၏။ အမှန်သိသလောက် အမှန်လုပ်ပိုင်ခွင့် လည်း လူ၌သာ နားသက်၏။ အမှန်လုပ်သလောက် မှန်သော အကျိုး တိုးခံစားခွင့်လည်း လူ၌သာ နားသက်၏။ ထိုလူသား ကောင်းသောအကြံ၊ မှန်သော အလုပ်၊ ဟုတ်သောအပြောတို့တွင် ကံအပေါ်၌ ယုံကြည်ခြင်း၊ မိမိသတို့၌ ယုံကြည်ခြင်း၊ နည်းပေးလမ်းပြ ဆရာသမားများ၏ သိက္ခာ၌ ယုံကြည်ခြင်း သဒ္ဓါသုံးချက်ဆင့်တို့နှင့်အတူ၊ မိမိလက်ထဲသို့ ပစ္စုပ္ပန်တည့်တည့်ရှေ့ လာရောက်တွေ့ဆုံနေကြသော လူ့ဘဝနှင့်လူ့ဘောဂတို့ကို သတိ တမာန် ဉာဏ်ဝယ် နောက်ပါး၊ ဝီရိယတွန်းအားများဖြင့် ကံရိက္ခာထုပ် အတွင်းထား ဖော်စားတတ်မှသာ လူ့အရာဝင်ကြမည်။ ✦ ကံအတိုးပေး ကြွေးရှင်နေရာမှနေ လက်ခံစားတတ်မှ လူတွင်သည်။ ✦ ကံအတိုးပေး ကြွေးငှားနေရာမှနေ ချေးငှားသုံးနေက လူဖြစ်သော်မှ လူ့အရာမဝင်။ #မဟာဗောဓိမြိုင်ဆရာတော် #သုဝဏ္ဏသျှမ် သာသနာပြုစာစဉ်၏ ဓမ္မဒါန #စာဖတ်သူတစ်ယောက်၏မှတ်စုများ #ကံကောင်းထောက်မခြင်းဆိုစကား #၁၃၆၁ ခုနှစ် တပေါင်းလပြည့်ကျော် ၈ ရက် Credit 🪷 Original Uploader 🙏🙏🙏♥️
1 098
16
◉ ကံကောင်းလိုသော် ______ သင်သည် လူရှေ့ သူရှေ့သွား၍ “ကျုပ်ကံ မကောင်းလိုက်တာဗျာ”များ သွားမညည်းတွားမိစေနှင့်။ သင်သည် လူရှေ့၊ သူရှေ့ သွား၍ “ကျုပ်ကံကိုက ဆိုးလွန်းလှပါသတော်”များ သွားမညည်းတွား မိစေနှင့်။ ထိုနှယ်သော ကံမကောင်းစကား လူကြားသွား၍ ညည်းတွားပြနေခြင်းသည် ကိုယ်လုပ်တာ မကောင်းသေးကြောင်း ဖြင့် ကိုယ့်ပေါင် ကိုယ်လှန်ထောင်း၍ ကိုယ်မကောင်းကြောင်း အပေါင်းသို့ သွားရောက်ကြွေးကြော်နေခြင်းပင်။ ကံမကောင်းဟူသောစကား မိမိလုပ်ရပ်မှားနေသေးကြောင်း၏ ဝန်ခံစကားတည်း။ ကံမကောင်းဟူသောစကား ကောင်းသောအလုပ် မလုပ်မိသေးခြင်း၏ ဝန်ခံစကားတည်း။ လူသားတိုင်း၌ ရိက္ခာထုပ် နှစ်ထုပ်အမြဲပါနေကြ၏။ ✦ တစ်ထုပ်ကား သူတော်ကောင်းတို့နှင့်ပေါင်း၍ ရှာမှီးခဲ့ကြသောကောင်းထုပ်။ ✦ တစ်ထုပ်ကား သူယုတ်မာများနှင့် ပေါင်း၍ စုဆောင်းခဲ့ကြသော မကောင်းထုပ်။ တစ်ဖန် ထိုနှစ်ထုပ်ကို ဖွင့်ထုတ်ယူရန် ခလုတ်ကလည်း နှစ်ခုပင်။ ✦ တစ်ခုကား သုစရိုက်တရားဆယ်ပါး။ သဒ္ဓါ၊ သတိ စသည် သူတော်ကောင်းတရားတည်း။ ✦ တစ်ခုကား ဒုစရိုက်တရားဆယ်ပါး။ ကာမစ္ဆန္ဒ၊ ဗျာပါဒ စသည် သူယုတ်မာတရားတည်း။ ထိုသို့ သူ့အထုပ်နှင့် သူ့ခလုတ် အတည့်ထားရှိချေရာ ... ကောင်းထုပ်ကို ကြိုက်စိတ်၊ မနောဒုစရိုက် စသည်တို့ ဖြင့် ရိုက်ချိုးဖွင့်လှစ်၍ မပွင့်စေနိုင်။ မကောင်းလုပ်ကိုလည်း ဟီရိ ဩတ္တပ္ပ စသည် သုစရိုက်တို့ဖြင့် ထိုးဖွင့် ဖွင့်၍ မပွင့်စေနိုင်။ ကုမ္ပဏီမှ ထုတ်လုပ်ရောင်းချလိုက်သော အာမခံသော့သည် ထုတ်လုပ်ကတည်းက သော့တံနှင့်သော့အိမ် ချိန်တည့်၍ ထုတ်လုပ်ပေးထားရာ ထိုသော့အိမ် ထိုသော့တံမှတစ်ပါး အခြား အခြားတို့ဖြင့် အစားထိုးဖွင့် ဖွင့်၍ မရချေ။ ထိုသော့တံလည်း ထိုသော့အိမ်မှတစ်ပါး အခြားအခြားတို့ အပေါက် သွားရောက်၍ မပွင့်စေချေ။ သည့်ပမာလျှင် - ငါချမ်းသာသလို သူတို့လည်းပဲ ချမ်းသာရန်၊ ငါ့သုခ တစ်ဝက်မျှပေးမည်ဟူသောမေတ္တာ၊ ကိုယ်ချင်းစာ ထား မေတ္တာပွားဖြင့် ဝေစားမျှစား ပြုကျင့်ခဲ့သော #ဒါနကံ။ - ငါ မဆင်းရဲသလို ခမျာတို့လည်းပဲ မဆင်းရဲစေရ။ သူ့ဒုက္ခ တစ်ဝက် မျှယူမည် ဟူသော ဂရုဏာ၊ ကိုယ်ချင်းစာထား မေတ္တာပွားဖြင့် ရှောင်လားတိမ်းလား စောင့်စည်းခဲ့သော #သီလကံ။ ထိုကောင်း ကံများမှရသော ဤလူ့ဘဝနှင့်လူ့ဘောဂတို့ကို ကံ၊ ဉာဏ်၊ ဝီရိယတို့အစား တဏှာ၊ မာန၊ ဒိဋ္ဌိများဖြင့် ငါ့ဖို့ကြိုးစားမည် ဒိဋ္ဌိ၊ ငါ ကောင်းစားစေရမည်- တဏှာ၊ ငါ ကြံ ဘာခံနိုင်မှာလဲ မာန၊ ရှေ့တန်းချ၍ မရမက ဇ,ပြနေပါသော်ကား .. ကြက်တို့သည် အိပ်တန်းဆင်းမှ အိပ်တန်းတက် အစာ ထုပ် ယက်၍ယက်၍ ကုတ်ထုတ်နေကြသော်မှလည်း ဇလုပ် မပြည့်တတ်။ ထိုကြက်တို့ သည် အစာကိုကောင်းစွာမရှာ။ မာန်စိတ်မွှန်လျှင် တွန်၊ မ,စိတ်မွှန်လျှင် ကုပ်၊ ငါစိတ်မွှန်လျှင် ရန်လုပ်ဖြင့် ယုတ်စိတ်ဝင် နေကြခြင်းကြောင့်တည်း။ လူသားများသည်လည်း ဟောင်းကံကို ကောင်းကံဖြင့် ဖော်ထုတ်နိုင်ရန် စိတ်ကို ပူပန်စေတတ်၊ နှိပ်စက်တတ်သော တဏှာ၊ မာန၊ ဒိဋ္ဌိ စသည် ဒုစရိုက် အယုတ်တရားများအစား စိတ်ကို အေးစေတတ်သော သဒ္ဒါ၊ သတိ တို့တွင် ကံ၊ ဉာဏ်၊ ဝီရိယ တန်ဆာဆင်၍ လွှတ်ပေးတတ်ပါမူကား ... စမ်းရေမည်သည် ယမန်နှစ် မိုးတွင်းကြွင်း မြေအောင်းရေများပင်။ ထိုစမ်းရေသည် ပူလွန်းသောဒေသ၊ အရိပ်မဲ့သောဒေသ၊ မာကြောသော ကြပ်တီးမြေ စသည်တို့၌ မစီးဆင်း။ တစ်စက်အောင်း၊ နှစ်စက်အောင်းဖြင့်လည်း မစီးဆင်း။ စင်စစ် စမ်းရေ မှန်သမျှ အေးဆေးသော၊ အရိပ်ခိုခွင့် ရသော၊ နူးညံ့သော နေရာဒေသတို့ရှိ များပြားသော မြေအောင်း ရေမျိုးမှသာ စီးဆင်းရိုးရှိချေသည်။ ရေခိုးကို နွေခိုးမှုတ်၊ ရေခိုး ရေခိုးချင်း လှုပ်ပေးမှ ဆင်းသောအမျိုးတည်း။ လူတိုင်းပင် ကံကောင်းချင်ကြ၏။ ကောင်းချင်ကြသဖြင့်လည်း ကောင်းမည်ထင်သောအလုပ် ရွေးလုပ်နေကြ၏။ သို့တစေလည်း ထိုလူသားတိုင်း ကောင်းသင့်သလောက် မကောင်း။ ထိုလူသားတိုင်း ဘုရားနှင့်မတွေ့ဖူးသော လူသားမရှိ။ သာသနာနှင့် မဆုံဖူးကြသော လူသားလည်းမရှိ။ မိမိတို့ ယုံကြည်ရာ ကိုးကွယ်ဝတ်ပြုမှုလုပ်၍ ထုပ်ထားခဲ့သော ကံရိက္ခာ ထုပ် မမြုပ်ဖူးသူ မရှိ။ ထိုကံစုအားလုံး ပွင့်ပေါ်မည်ဆိုလျှင် ထားစရာပင်မရှိ၊ လုပ်စရာလည်းမလိုပြီ။ သို့သော် ထိုကောင်းကံစုများတို့သည် လူသားတို့၏ တစ်နေ့တာ၏ အချိန်ပြည့်ကို ငါ၊ ငါ့မယား၊ ငါပိုင်သည်မှပင် တဏှာထည်လဲ၊ မာနထည်လဲ၊ ဒိဋ္ဌိထည်လဲတည်းဟူသော အမှိုက်၊ ခဲ၊ သလဲတို့က ချည်းသာ ဖုံးလွှမ်းထားလေ့ရှိကြရာ အမြုပ်ထုတ်ဖို့ကား ဟုတ်နိုင်လွန်းမှသာ။ တစ်ဖန် တစ်ချက်၊ တစ်ကြိမ်၊ တစ်ခါထိန်မျှပွင့်ခွင့်ရသော ထိုကံပွင့်များတို့သည် ထိုထိုကိလေမှိုက်တို့အကြား ခေါင်းထိုးလျက်ကမြှုပ်ဝင်သွားသည်ချည်း ဖြစ်ရာ ... သဒ္ဓါ-သတိ-အသိတို့ သန်လွန်းမှ ပေါ်ဖို့မြင်သည်။ ကံ၊ ဉာဏ်၊ ဝီရိယတို့ ထက်လွန်းမှ ထွက်ဖို့ မြင်သည်။ လူသားတိုင်း ကံကောင်းချင်ကြ၏။ ကံကောင်းချင်ကြသဖြင့်လည်း ကောင်းမည်ထင်သည့်အလုပ် ရွေးလုပ်နေကြ၏။ သို့တစေလည်း ထိုလူသားတိုင်း ကောင်းလျက်က မကောင်း။ လူဆိုကတည်းက ကံကောင်းလွန်လွန်း၍သာ ဖြစ်ထွန်းလာ၏။ သို့တစေလည်း လူဖြစ်လျက်နှင့် လူ့အလုပ် မလုပ်က ကောင်းကံ မဆက်လာတော့ပြီ။
893
17
🙏🙏🙏
🙏🙏🙏
695
18
◉ ဝမ်းစာရှာမှီးနေသူချင်းတူလျှင် ယုန်သာဖြစ်ပါစေ၊ မြွေမဖြစ်ပါစေနှင့် _______ ယုန်သတ္တဝါ၏ ထမင်းလုတ်ကား ကန်ဇွန်းရွက်နှင့် မြက်သာတည်း။ မြွေ၏ ထမင်းလုတ်ကား ဖားနှင့်ငါး သတ္တဝါများသာတည်း။ မြွေ၏ထမင်းလုတ်သည် တစ်ဖက်သား မကျေနပ်သည်ကို ကိုယ်ချင်းစာမဲ့ အတင်းဖွဲ့ချည်လျက် ဝါးမျိုခြင်းကြောင့် ၎င်း၏ထမင်းတစ်လုတ်သည် တစ်ဘဝပြန်ခံရမည့် ထမင်းလုတ်တည်း။ ယုန်သည်ကား သဘာဝပေါက်ပင်ကိုသာ တရားသဖြင့် ရှာဖွေစားသောက်သဖြင့် အကြွေးမတင် သန့်စင်လျက်ပင်တည်း။ ထို့အတူ ကိုယ်ကျင့်သီလဖောက်ဖျက်ပြီး `ငါကောင်းစားပြီးစတမ်း´ဖြင့် ငါးပါးသော သိက္ခာပုဒ်စည်းပေါက်နေသူများ၏ ဝမ်းစာစီးပွားမှန်သမျှ မြွေ၏ထမင်းလုတ်နှင့် မခြားမနားပင်။ ကိုယ်ကျင့်သီလထိန်းသိမ်း ကိုယ်ချင်းစာထား၊ မေတ္တာပွားလျက်က ရရှိခံစားရသော ဝမ်းစာ စီးပွားမှန်သမျှသည်သာ ယုန်၏ထမင်းလုတ်ကဲ့သို့ မဟာဗောဓီမြိုင်ဆရာတော်ဘုရားကြီး #သရဏီယကထာ #ကိုယ့်ကိုယ်ကိုယ်ရှုမြင်ခြင်း Credit 🪷 Original Uploader 🙏🙏🙏♥️
909
19
بدون متن...
866
20
စေတနာထက်သန်နေသရွေ့ စီးပွား၊ ဥစ္စာ၊ ရာထူး မကျဘူးလို့ မှတ်လိုက်ပါ။ စေတနာရဲ့ အရှိန် သတ္တိကျသွားပြီဆိုရင်တော့ မိမိရဲ့ ကြီးပွားနှုန်းလည်း ကျသွားပြီလို့ မှတ်လိုက်ပါ။ တကယ်တော့ ကိုယ့် ကံမကောင်းသေးဘဲနဲ့ ဘယ်သူ့သွားပေါင်းပေါင်း နှာခေါင်းကျည်ပွေ့တွေ့မှာချည်းပဲ။ ဒီတော့ ကံကောင်း ချင်ရင် 'စေတနာကောင်း'လို့ဆိုတဲ့ အကြံကောင်း၊ အပြောကောင်း၊ အလုပ်ကောင်းတွေလုပ်ပါ။ ကိုယ် က တောင်းစရာမလိုဘဲ အကောင်းတွေချည်း တွေ့ ရပါလိမ့်မယ်။ ကိုယ့်ကံထက် ခိုင်လုံစိတ်ချရတဲ့ မိတ်ကောင်းမရှိ။ ကိုယ့်ကံထက် ကြောက်စရာကောင်းတဲ့ ရန် ဘက်လည်း လောကမှာ ရှာမတွေ့ပြီ။ (ကံအကျိုးပေးနှင့် စေတနာတို့၏ သဘော သဘာဝကို ဆက်လက်ဖော်ပြပါမည်။) #မောင်သွေးချွန် #သုဝဏ္ဏသျှမ် #ပေါင်းကူမြင့်တင်တရားစဉ်စာအုပ်မှ #ဒါနခန်းနှင့် စေတနာအစွမ်း စာညွှန်း/- - ၂ဝ-၇-၉၉ ဝါးသုံးရုံးသစ်တောစခန်းမှ ဟောပြော ချက်များ၊ - ၉၆ မတ်လထုတ် အနုပုဗ္ဗိက ကထာ။ [ဘာသာသွေးမဂ္ဂဇင်း အတွဲ-၁၊ အမှတ်-၁၊ ၁၃၆၃ ခုနှစ်၊ ကဆုန်လ၊ ၂ဝဝ၁ ခုနှစ်၊ မေလ] Credit 🪷 Original Uploader 🙏🙏🙏♥️
1 057