cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

MM Weather Outlook

نمایش بیشتر
پست‌های تبلیغاتی
3 028
مشترکین
-124 ساعت
-77 روز
-3130 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ စိုးရိမ်ရေမှတ်ထက် ၃ လက်မကျော်လွန်နေပြီး ဒီနေ့ ဇွန် ၃၀၊ ည ၇ နာရီကနေ နောက် ၁ ရက် အတွင်း (၃) ပေ ခန့် မြင့်တက်လာနိုင်တယ်လို့ မိုး/ဇလက သတင်းထုတ်ပြန်ထားပါတယ်။ #Flood_Warning #MMWeatherOutlook
نمایش همه...
👍 5
အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းသတင်း မေ ၂၆၊ နေ့လယ် ၂ နာရီ အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း REMAL ဟာ မြောက်ယွန်းယွန်းကို ရွေ့လျားနေပြီး ဒီနေ့ မွန်းတည့် ၁၂ နာရီမှာ ‌ရခိုင်ပြည်နယ်၊ မောင်တောမြို့ရဲ့ အနောက် အနောက်တောင်ဘက် ၂၀၇ မိုင်ခန့်အကွာ ဗဟိုပြုနေပါတယ် မြန်မာနိုင်ငံ ဘက်ကို ဦးတည်ရွေ့လျားမဲ့ အခြေအနေ မရှိတာကြောင့် အဝါရောင် အဆင့် ဖြစ်ပြီး ဗဟိုချက် လေဖိအား ၉၈၂ ဟက်တိုပါစကယ်နဲ့ လေတိုက်နှုန်း တစ်နာရီ မိုင် ၆၀ ဖြစ်ပါတယ်။ ပိုမို အားကောင်းလာနိုင်ပြီး ဒီနေ့ မေ ၂၆ ညနေမှာ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းရိုးတန်းကို ဖြတ်ကျော် ဝင်ရောက်မှာ ဖြစ်ပါတယ်။ မုန်တိုင်း အရှိန်ကြောင့် ကမ်းလွန်ပင်လယ်ပြင်မှာ လေတိုက်နှုန်း ၅၅မိုင် အထိနဲ့ လှိုင်းအမြင့် ၁၆ ပေ ခန့် ရှိနိုင်ကြောင်း မိုး/ဇလက လွန်ခဲ့တဲ့ မိနစ်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ Source: IMD, DMH #Cyclone_REMAL_02 #MMWeatherOutlook
نمایش همه...
👍 7 5
Breaking News ဆိုင်ကလုန်း မုန်တိုင်း REMAL အဖြစ် ရောက်ရှိ မေ ၂၅၊ ည ၁၀ နာရီ အိန္ဒိယမိုးလေဝသဌာနက ဒီနေ့ ည ၁၀ နာရီမှာ ဘင်္ဂလားပင်လယ်အော် အတွင်းက မုန်တိုင်းငယ်ဟာ ဆိုင်ကလုန်း မုန်တိုင်း အဖြစ် ရောက်ရှိလာကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံ ဘက်ကို ဦးတည်ရွေ့လျားမဲ့ အခြေအနေ မရှိတာကြောင့် အဝါရောင် အဆင့် ဖြစ်ပြီး ဗဟိုချက် လေဖိအား ၉၈၆ ဟက်တိုပါစကယ်နဲ့ လေတိုက်နှုန်း တစ်နာရီ မိုင် ၄၀ ဖြစ်ပါတယ်။ နောက် ၃၆ နာရီ အတွင်း မြောက်ဘက်ကို ရွေ့လျားရင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဆင့် နဲ့ နက်ဖြန် မေ ၂၆ ညနေမှာ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းရိုးတန်းကို ဖြတ်ကျော် ဝင်ရောက်မှာ ဖြစ်ပါတယ်။ မုန်တိုင်း အရှိန်ကြောင့် ကမ်းလွန်ပင်လယ်ပြင်မှာ လေတိုက်နှုန်း မိုင် ၆၀ အထိနဲ့ လှိုင်းအမြင့် ၁၈ ပေ ခန့် ရှိနိုင်ကြောင်း မိုး/ဇလက လွန်ခဲ့တဲ့ မိနစ်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ Source: IMD, DMH, TMD, JTWC #Cyclone_REMAL_01 #MMWeatherOutlook
نمایش همه...
👍 5 4
မုန်တိုင်းသတင်း ၂၀၂၄ မေ ၂၄၊ ည ၁၀ နာရီခွဲ - အဝါရောင် အဆင့် - မြန်မာနိုင်ငံဘက်သို့ ဦးတည်မည့် အခြေအနေ မရှိ - ဗဟိုချက်လေဖိအား ၉၉၆ ဟက်တိုပါစကယ်၊ အမြင့်ဆုံးလေတိုက်နှုန်း ၁ နာရီ မိုင် ၃၀ ခန့် နောက် နာရီ ၆၀ အတွင်း - မြောက် အရှေ့မြောက်ဘက်ကို ရွေ့လျားရင်း ဆိုင်ကလုန်း မုန်တိုင်းအဆင့် သို့ မေ ၂၅ နံနက်တွင် ရောက်ရှိနိုင် - မေ ၂၇ အထိ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်၊ မွန်ဒေသ များ မိုးကြီးနိုင် ကမ်းရိုးတန်း တစ်လျှောက် - မေ ၂၄/၂၅ တွင် လေတိုက်နှုန်း ၄၅ မိုင် အထိ၊ လှိုင်းအမြင့် ၁၂ ပေခန့် - မေ ၂၅/၂၆ တွင် လေတိုက်နှုန်း မိုင် ၆၀ အထိ၊ လှိုင်းအမြင့် ၁၆ ပေခန့် ရှိနိုင် - ရေကြီး၊ရေလျှံခြင်း၊ မြေပြိုခြင်း၊ မိုးသည်းထန်စွာ ရွာနိုင်ခြင်းများ၊ ပင်လယ်ပြင် တစ်လျှောက် ရေယာဉ်များ၊ လေကြောင်းပျံသန်းရေးများ သတိပြုရန် လိုအပ် Source: DMH, IMD, Himawari #Storm_News #MMWeatherOutlook
نمایش همه...
15👍 2
Photo unavailableShow in Telegram
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်း ဖြစ်ပေါ် ၂၀၂၄ မေ၊ ၂၂ နံနက် ၁၁ နာရီ ဒီနေ့ နံနက် ၉ နာရီခွဲ အချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းကမ်းလွန်-အင်ဒရာပရာဒေ့ရှ်တောင် ပိုင်းကမ်းခြေတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီလို့ မိုး/ဇလ က လွန်ခဲ့တဲ့ မိနစ်အနည်းငယ်က သတင်းထုတ်ပြန်ပါတယ်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ အရှေ့မြောက် ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ မေလ ၂၄ရက် အရောက်မှာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ ထို့နောက် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ အားကောင်းလာနိုင်ပါတယ်။ #Tropical_Warning #MMWeatherOutlook
نمایش همه...
8
Photo unavailableShow in Telegram
မိုးကြီးမည့် သတိပေးချက် ၂၀၂၄ မေ ၂၁၊ နေ့လယ် ၁ နာရီခွဲ ဘင်္ဂလားပင်လယ်အော်မှာ လာမဲ့ ရက်ပိုင်းအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်း ရပ်ဝန်းကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ချင်း၊ ရခိုင်၊ ကရင် နဲ့ မွန် ပြည်နယ်/တိုင်း တချို့မှာ ဒေသအလိုက် မိုးကြီး နိုင်ပြီး ကမ်းလွန်ပင်လယ်ပြင်မှာ မိုးသက်လေပြင်းကျစဉ် တစ်နာရီ ၄၅ - ၅၅ မိုင်အထိနဲ့ လှိုင်းအမြင့် ၁၃ - ၁၆ ပေ အထိ ရှိနိုင်ကြောင်း မိုး/ဇလ က သတိပေးချက်ထုတ်ပြန်ထားပါတယ်။ လေဖိအားနည်းရပ်ဝန်း နဲ့ မုတ်သုံလေ ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီး/မြေပြို ခြင်းများ ဖြစ်ပေါ်နိုင်တဲ့အပြင် မြစ်၊ချောင်း အနီးနေထိုင်သူများ၊ လေကြောင်း ခရီးသွားများနဲ့ ပင်လယ်ပြင် သင်္ဘောများ အနေနဲ့ ကြိုတင်သတိပြုဖို့ နှိုးဆော်ထားပါတယ်။ လတ်တလော ဒီနေ့ ညနေပိုင်းမှာ စင်ကာပူလေကြောင်းလိုင်း ခရီးစဉ်အမှတ် SQ 321 ဟာလည်း ဧရာဝတီမြစ်ဝကျွန်းပေါ် ကောင်းကင်ယံမှာ လေထုမငြိမ်မသက်မှု ဆိုးဝါးစွာ ကြုံတွေ့ခဲ့ရတဲ့အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း နိုင်ငံတကာ သတင်းများအရ သိရပါတယ်။ #Tropical_Outlook #MMWeatherOutlook
نمایش همه...
👍 9 1
Photo unavailableShow in Telegram
မေ ၂၂ ဝန်းကျင် ‌ဘဂ်လား ပင်လယ်အော်အတွင်း လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင် မေ ၁၉၊ နေ့လယ် ၁၂ နာရီခွဲ အိန္ဒိယမိုးလေဝသဌာန ရဲ့ ဒီကနေ့ မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီခွဲ အချိန် ထုတ်ပြန်ချက်အရ လာမည့် မေလ ၂၂ ရက်နေ့ ဝန်းကျင်မှာ ဘင်္ဂလားပင်လယ်အော် ‌အနောက်တောင်ဘက်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ ကနဦးမှာ အရှေ့မြောက်ဘက်ကို ရွေ့လျားရင်း ပိုမိုအားကောင်းလာကာ မေ ၂၄ ရက်ဝန်းကျင်မှာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ မုန်တိုင်းငယ် တစ်ခုအဖြစ် ရောက်ရှိလာနိုင်ပါတယ်။ Source: IMD #Tropical_Forecast #MMWeatherOutlook
نمایش همه...
👍 8 7
Photo unavailableShow in Telegram
လာမည့်ရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်အတွင်း လာဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ MM Weather Outlook Team အနေဖြင့် ထူးခြားသည့် အခြေအနေပေါ် မူတည်ကာ အချိန်နှင့်တပြေးညီ မိုးလေဝသသတင်းများကို ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ #MMWeatherOutlook
نمایش همه...
👍 20 6
Photo unavailableShow in Telegram
မြေငလျင်သတင်းထုတ်ပြန်ချက် ဒီနေ့ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ ည ၁၀ နာရီ ၁၇ မိနစ် ၄၃ စက္ကန့်အချိန်မှာ ဧရာဝတီတိုင်း ငပုတောမြို့ရဲ့ အရှေ့ အရှေ့တောင်ဘက် ၉ မိုင်ခန့် ဗဟိုပြုပြီး မြေအောက်အနက် ၂၄ ကီလိုမီတာကနေ အင်အား ၄.၆ အဆင့်ရှိ ငလျင်လှုပ်ရှားသွားတယ်လို့ ထိုင်းမိုးလေဝသဌာနက ဒီနေ့ည ၁၀ နာရီခွဲကျော်ခန့်မှာ သတင်းထုတ်ပြန်ထားပါတယ်။ Source: TMD #Earthquake #MMWeatherOutlook
نمایش همه...
11👍 4
လက်ရှိအချိန်တွင် လူမှုကွန်ယက် စာမျက်နှာများတွေ ငလျင်လှုပ်ခတ်နေကြောင်း ဖော်ပြနေကြပါသည်။ ဒေသတွင်း မိုးလေဝသဌာနများနှင့် မိုး/ဇလ ထုတ်ပြန်ချက်များ ရရှိပါက အချိန်နှင့်တပြေးညီဖော်ပြသွားပါမည်
نمایش همه...
4
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.