cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

View of Sue

သတင်းအမှန်နှင့် သဘောတရားရေးများ တင်ပြပါမယ်

نمایش بیشتر
پست‌های تبلیغاتی
14 983
مشترکین
+8024 ساعت
+2437 روز
+67830 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

(ဇူလိုင်-၁၆၊ ၂၀၂၄) .. ရှမ်းတောင်ဘက်က စစ်တပ်တွေ ရှမ်းမြောက် မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်တလျောက် နယ်မြေများ ကို ထိုးစစ်ဆင်နေပြီဖြစ်ကြောင်း “လင်းယုန်အစာကောက်၊ ငှက်ချေး ဘယ်နှစ်ကြိမ်ပါ၊ ကာလုံအမြစ်ပြတ်ချေမှုန်းခွင့်ပေး ” လော်ဆရာကြီးက ပို့စ်တင်တာ တွေ့ရတယ်။ ကျွန်တော့်အမြင်အရတော့ #ခုရက်ပိုင်းအတွင်းဆိုရင် ဖြစ်နိုင်ခြေ မရှိသလောက်ပါ ဘာ့ကြောင့်ဆိုတာ ရှင်းပြဖို့ မသင့်လျှော်ဘူးလို့ ထင်ပါတယ်။ .. သူရေးထားတာ ရှမ်းတောင်မှ စစ်ကူတပ်များဆိုတာ RCSS/SSA လား တပ်မတော်လား ကွဲပြားခြင်း မရှိပါ။ တမြန်နေ့ညက စပြီး ကျောက်မဲမြို့ပြင် တပ်များကို TNLA,PDF ညွန့်ပေါင်းတို့က အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နေပါတယ်။ ယမန်နေ့မှာ ရှမ်းမြောက်မှ SSPP/SSA တပ်များက နစက စစ်ကူအနေနဲ့ ကျောက်မဲ ခွင်ကို ရောက်လာပြီး နောင်ပိန်လေးမှာ တိုက်ပွဲဖြစ်နေတဲ့ သတင်းတော့ ကြားမိပါတယ် တဲ့ .. တန့်ယန်း မိုင်းရယ်ဘက်က မြောက်ဖက်ကို တက်လာတဲ့ MNDAA ဟာ သီပေါအနီး ရောက်ရှိနေပါတယ်။ မိုင်းရယ် နမ့်လန်ဘက်မှာ စစ်တပ်-ပြည်သူ့စစ်-SSPP တို့ လှုပ်ရှားမှုတော့ ကြားမိပါတယ်။ အဲ့ဒါ တန့်ယန်း နယ်ကို UWSA တပ်များ ၀င်လာတဲ့ ဇူလိုင် ၁၁-ရက်နေ့ကတည်းကဖြစ်ပါတယ်။ အဲ့ဒါကြောင့် ခုရက်ပိုင်းဆိုရင် တပ်+မဟာမိတ်တို့ရဲ့ တန်ပြန်ထိုးစစ်ထက် မြောက်ပိုင်း မဟာမိတ် ညွန့်ပေါင်း တို့ရဲ့ 1027 ဒုတိယပိုင်းဟာ ကျောက်မဲ သီပေါ လားရှိုးမှာသာ ပြင်းထန်ဖို့ ရှိနေပါတယ်။ . ယမန်နေ့ညမှာတော့ လားရှိုးမှာ ငြိမ်သက်နေလို့ အံ့သြသူ ရှိပါတယ်။ ကျွန်တော့် အမှတ်အသားအရ 1027 ဒုတိယပိုင်းစတင်ပြီး လားရှိုးကို ညဘက်မှာ လက်နက်ကြီးနဲ့ တိုက်ခိုက်လေ့ မရှိပါဘူး၊ မြို့ဆင်ခြေဖုံး တပ်များ ဘက်မှာတော့ တိုက်ပွဲဖြစ်တတ်ပါတယ်။ လားရှိုးကို ညပိုင်း လက်နက်ကြီးနဲ့ ပစ်ထာ MNDAA အပစ်ရပ် စာထုတ်တဲ့ ဇူလိုင် ၁၄-ရက် တစ်ညပဲ ကြားဖူးပါတယ်။ .. တစ်ခါ ပြင်ဦးလွင်၊ ၀က်ဝံ၊ ဘန့်ဘွေးတို့ကို TNLA+PDF က ထိုးဖောက် တိုက်ခိုက်တော့မှာ ဖြစ်ကြောင်း “လောက်ကိုင်ကို အတွဲလိုက် ဒုံးတွေနဲ့ ပစ်နေပြီ ” မူဗီဖိုင် လွှင့်တင်တဲ့ ဆရာလေးက ဆိုပါတယ်။ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအကြား အဲ့ဒီနယ်မြေမှာ ပစ်ခတ်နှောက်ယှက်မှုများ ရှိနိုင်တယ်ဆိုရင် သူပြောတာ အများကြီးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အင်အားအလုံးအရင်း အထူးသဖြင့် မတ္တရာ ပြင်ဦးလွင်လောက်ကို ထိုးစစ်ဆင်တိုက်ခိုက်တဲ့အထိတော့ အလွန် အလှမ်းဝေးပါတယ်။ .. နယ်မြေတစ်ခုကို တိုက်ခိုက်သိမ်းယူဖို့ဆိုတာ အရမ်းခက်ပါတယ်။ အဲ့ဒီ သိမ်းယူပြီးနယ်မြေကို ရေရှည်စိုးမိုးထားဖို့ဆိုတာ ပိုခက်ပါတယ်။ လူ-လက်နက်အင်အား အမြောက်အများ လိုအပ်ပါတယ်။ လွန်ခဲ့တဲ့ ရက်များတုန်းက မတ္တရာ အယ်လ်ဖာ ဘိလပ်မြေစက်ရုံ၀င်းကို သိမ်းယူဖို့ ကြိုးစားတဲ့ TNLA+PDFs များဟာ လုံခြုံရေးတပ်များ ရှင်းလင်းမှုကြောင့် ဆုတ်ခွာပေးလိုက်ရပြီး ကျောက်တံခါး တောင်ကုန်းကို အခြေ ပြုပါတယ်။ အဲ့ဒီမှာလည်း နောက်ထပ် ရှင်းလင်းခြင်း ခံရပါတယ်။ .. အဲ့ဒီရက်မတိုင်ခင် တစ်ရက်မှာပဲ မတ္တရာနဲ့ သပိတ်ကျင်းအကြား အထူးသဖြင့် စဉ့်ကူးမြို့နယ်နဲ့ အနီးတဝှိုက်ကို လုံခြုံရေးတပ်များက နယ်မြေရှင်းလင်းခဲ့ကြောင်း တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်များအတွင်း နှစ်ဖက်ထိတွေ့မှုများအနက် အဲ့ဒီ ရှင်းလင်းမှုဟာ PDFs တို့အတွက် အထိနာဆုံး ဖြစ်နိုင်ပါတယ်။ အင်အား လျော့နည်းသွားဖွယ် ရှိပါတယ်။ မတ္တရာ-မန္တလေး-ပြင်ဦးလွင်လို ကျယ်ပြန်တဲ့ နယ်မြေကြီးများကို တိုက်ခိုက်သိမ်းယူဖို့အတွက် လူ-လက်နက်-စစ်ပစ္စည်းလိုအပ်ချက် အလွန်များပါတယ်။ . ဒီအတွက် အချိန်ယူရပါလိမ့်မယ့် ဒီကြားထဲမှာ အုပ်စုငယ်များနဲ့ ကြိုးကြား ပစ်ခတ်နှောက်ယှက်နေမယ်လို့ ဉာဏ်မီပါတယ်။ .. 1027 ဒုတ်ိယပိုင်း ပြန်စတင်ကတည်းက ယခုအချိန်ထိ မြို့ပြင်တပ်ရင်း တပ်စခန်းတွေကိုရော မြိုကို ထိန်းချုပ်နိုင်ခဲ့တာ နောင်ချိုတစ်မြို့ပဲ တွေ့ရပါသေးတယ်။ .. ရမခ နဲ့ တပ်ရင်းအချိ့ဟာ မူလက လားရှိုးမြို့ပြင် အတော်ဝေးဝေးမှာပါ၊ နောက်ပိုင်း မြို့ကို ချဲ့ရင်း ချဲ့ရင်း မြို့လယ်ပိုင်း နဲ့ တပ်ရင်းများက ဆင်ခြေဖုံးဖြစ်နယ်မြေဖြစ်မှန်း မသိဖြစ်သွားပါတယ်။ အဲ့ဒါ အခြား ရှမ်းမြောက်မြိုံများနဲ့ ကွာခြားချက်ဖြစ်ပြီး တိုင်းဒေသစစ်ဌာနချုပ်ကြီးတစ်ခုလုံး ကျဆုံးဖို့ဆိုတာ အလွန်အလှမ်း ဝေးပါလိမ့်မယ်။ . ခေတ်ပေါ် မြို့ပြပြောက်ကျား စစ်နည်းဗျူဟာ Modern Urban Guerrilla Warfare ဟာ ၁၉၁၉- ၁၉၂၁-ခုနှစ် အိုင်ယာလန်သူပုန်တို့က စတင်အသုံးပြုတယ်ဆိုပေမယ့် ၁၉၇၉-၁၉၈၉ အာဖဂန်နစ္စတန်ကို ဆိုဗီယက်တပ်များ ကျူးကျော်စဉ် အိုစမာဘင်လာဒင်တို့ အယ်ကိုင်ဒါအဖွဲ့ကြောင့် လူသိများ ထင်ရှားလာပါတယ်။ . ပြောက်ကျားစစ်ပါရဂူ ဥက္ကဌကြီးမော်ရဲ့ “လက်ရင်းကပ်တော့နာ လက်ဖျားကပ်တော့သာ၊ အမာကိုရှောင် အမွကို တိုက်” နည်းဗျူဟာကို ပြောင်းပြန်လှန်ထားပြီး အာဖဂန်မူဂျာဟီဒင်များကို လေ့ကျင့်သင်ကြားပေးခဲ့သူက တရုတ်ဖြစ်တယ်လို့ အယ်လ်ကိုင်ဒါနဲ့ နိုင်ငံတကာ လက်နက်ကိုင် ပဋိပက္ခများအကြောင်း စာအုပ်ရေးသားသူ ဒေါက်တာ ရိုဟန် ဂူနာရတ်နာ က ဆိုပါတယ်။
نمایش همه...
👍 11
.. မြို့ကြီး ပြကြီးတွေ ဘယ်လိုဖြစ်တတ်လဲဆိုတာ ဒီနေ့ ဆီးရီးယား၊ ယီမင်နဲ့ လစ်ဗျားတို့မှာ တွေ့မြင်နိုင်ပါတယ်။ .. .. အစဉ်လေးစားစွာဖြင့် .. #HtayOung, #OungMarine ===
نمایش همه...
👍 15
Photo unavailableShow in Telegram
2 က ဘယ်ရောက်သွား
نمایش همه...
👍 10👏 2
၁၂၂ မမ၊ ၁၅၅မမ ဟောင်ဝစ်ဇာအမြောက်ကြီးများ လွယ်ဖျက်ရွာ(ပလောင်ရွာ) LF - 803613 🔥🔥🔥🔥🔥 Min Hla Aung
نمایش همه...
👍 13
ထွန်းမြတ်နိုင်ရဲ့ AA ဌာနချုပ်ရော ဗုံးကြဲဖို့ မေ့နေမှာစိုးလို့
نمایش همه...
👍 40
Photo unavailableShow in Telegram
လားရှိုးမှာ အရပ်ဝတ်နဲ့ စိမ့်ဝင်မှူတွေ ရှိဟုဆို ဟိုတယ်တွေ၊ တရုတ်ဘုံကျောင်းတွေကို စစ်သင့်
نمایش همه...
👍 32
16-7-2024 ဒီမနက် ၈နာရီလောက် အကြမ်းဖက် ခွေးPDF တွေက မတ္တရာမြို့ထဲကို ရှော့တိုက်ဒုံး နဲ့ ပစ်။ အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးမှုများရှိကြောင်းသိရ။ မှိုင်းဝေ
نمایش همه...
👍 21😱 10 1
00:09
Video unavailableShow in Telegram
တပ်က ဒုံးတပ် တည်နေရာကို သူပုန်ဘက်က မှတ်တမ်းယူထားတဲ့ video တဲ့ ၁၄ ရက်နေ့က ပစ်ခတ်မှူဖြစ်စဉ်
نمایش همه...
5.29 KB
Photo unavailableShow in Telegram
တယုတ်ကလုံးကင်တွေ ရမယ်
نمایش همه...
👍 23👏 9 3
00:12
Video unavailableShow in Telegram
လားရှိုးရှေ့တန်းစစ်မြေပြင်က MNDAA အလောင်းများ ပြန်သယ်သွားဖို့ စုထားပုံပဲ။ အရှင်ကောင်က မျက်နှာအတော် ညိုးနေတယ်။ စိတ်ဓါတ်ကျနေကြပြီ။
نمایش همه...
1.57 MB
👏 34👍 9 7
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.