PACES DIGEST
رفتن به کانال در Telegram
7 248
مشترکین
+224 ساعت
+147 روز
+8630 روز
آرشیو پست ها
7 248
💥 MRCP1 PasTest 2025 💥
MRCP1 အတွက် မဖြစ်မနေ Practice လုပ်သင့်တဲ့ Question bank PasTest 2025 collection ပါ
Total 23 files ပါပါတယ်
Google drive Link >> https://drive.google.com/drive/folders/1aNw5tZA5jOf5B3fNGJVFSy3nmIrjdJz2
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#PasTest2025_MRCP1
7 248
Endocrine ဖတ်တဲ့အခါ Hormone excess, deficiency တွေရဲ့ Clinical features ကို မှတ်တဲ့အခါမှာ Hormone ရဲ့ physiological functions တွေကို သိမှ excess ဆို ဘာဖြစ်မယ် deficiency ဆို ဘာဖြစ်မယ် မှတ်ရလွယ်မှာပါ
အမ စာသင်တဲ့အခါ ပြောလေ့ရှိပါတယ်
တချို့အရာတွေသည် reason နဲ့ မှတ်ရတာခက်လို့ By heart ကျက်လိုက်ရတာမျိုး ရှိတာမှန်ပါတယ်
ဒါပေမဲ့ နားလည်ဖို့လွယ်တဲ့ facts တွေကိုတော့ နားလည်အောင်လုပ်ပြီးမှ မှတ်ပါ
အဲလိုမှတ်မှ memory သည် ကြာကြာစွဲမြဲပါတယ်
နားလည်နေတဲ့အတွက် အားမစိုက်ရဘဲ မှတ်လို့လွယ်ပါတယ်
ခု video မှာလဲ Thyroid hormones ရဲ့ physiological functions နဲ့ Hyper ဆို ဘာဖြစ်လဲ Hypo ဆို ဘာဖြစ်လဲ ဆက်စပ်ပြီး မှတ်ပြထားလို့ မှတ်ရလွယ်မယ်ထင်ပါတယ်
Video duration - 17:25 min
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#Thyroid
7 248
𝐍𝐞𝐰 𝐬𝐲𝐬𝐭𝐞𝐦 - 𝐄𝐧𝐝𝐨𝐜𝐫𝐢𝐧𝐨𝐥𝐨𝐠𝐲
Guideline based Major system class မှာ လာမဲ့ အင်္ဂါနေ့ (6.5.25) မှာ Endocrinology စပါမယ်
Pathophysiology to updated Management (including guidelines) ထိ သင်တဲ့ အတန်းပါ
New chapter စရင် join ဖို့ ပြောထားတဲ့သူတွေ Chat box မှာ လာပြောပေးပါမယ်
2025/26 မှာ MRCP 1/2 ဖြေမဲ့သူတွေလဲ အခု Chapter က စ join ထားလို့ရပါတယ်
📌 Teaching platform - Zoom
📌 Videos and Notes share via - Google drive (Unlimited playback access for Unlimited duration)
📌 Date - Every Tuesday & Thursday 8:30 PM, Every Friday 6 PM
Inbox for more informations 📥
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#Endocrinology
7 248
ဒီနေ့တော့ Migraine, Cluster headache & Chronic paroxysmal hemicrania compare လုပ်ထားတဲ့ table လေးကို share ပေးပါမယ်
တခုချင်းစီ detail ရှင်းထားတာ မဟုတ်ဘဲ comparison table ပဲမို့ main point တွေပဲ ပါပါမယ်
BOF ဖြေတဲ့အခါ အထောက်အကူဖြစ်ပါမယ်
Video duration - 7:15 min
Hope you all enjoy learning with PACES Digest 💛
#PACES_Digest
#Headache
7 248
2025 April မှာ WHOTB diagnosis & treatment guideline အသစ်ထွက်ပါတယ်
ထူးထူးခြားခြား ပြောင်းတာကတော့ Drug susceptible TB treatment under 16 years မှာ Non severe TB ဆိုရင် အရင်ကလို 2HRZE 4HR အစား 2HRZE 2HR ပြောင်းသွားပါတယ်
Adult Drug susceptible TB treatment မှာ Conditional recommendation အနေနဲ့ 2 Isoniazid, Rifapentine, Pyrazinamide, Moxifloxacin + 2 Isoniazid, Rifapentine, Moxifloxacin ပါလာပါတယ်
အရေးကြီးတဲ့ topic မို့ ဖတ်ကြည့်သင့်ပါတယ်
WHO consolidated guidelines on tuberculosis
Module 3: Diagnosis
https://iris.who.int/bitstream/handle/10665/381003/9789240107984-eng.pdf?sequence=1
WHO consolidated guidelines on tuberculosis
Module 4: Treatment and care
https://iris.who.int/bitstream/handle/10665/380799/9789240107243-eng.pdf?sequence=1
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#Tuberculosis
7 248
What are Causes of Flaccid weakness/ Lower Motor Neuron Lesions⁉️⁉️
LMNL လို့ ပြောရင် Anterior horn cells of spinal cord ကနေ muscle ထိ အကုန် ပါပါတယ်
ဒီ topic ကလဲ 3rd MB ကနေ စသိသင့်သော topic ပါ
အကြမ်းအားဖြင့် 8 မျိုး ခွဲမှတ်ပါ
📌 1. Radiculopathy
Spinal cord က ထွက်ထွက်ချင်း Nerve root ကို ထိတဲ့ Radiculopathy (Root = Radicle)
Eg. C5 radiculopathy in cervical spondylosis or disc prolapse
📌 2. Plexopathy
Root တွေ ပေါင်းထားတဲ့ Plexus ကို ထိတဲ့ Plexopathy
Eg. C5,6,7,8,T1 ပေါင်းထားတဲ့ Brachial plexus ကိုထိတဲ့ Erb’s palsy
📌 3. Mononeuropathy
Nerve တစ်ချောင်းချင်းကို ထိတဲ့ Mononeuropathy
Eg. Median nerve တစ်ချောင်းတည်း ဖိခံရတဲ့ Carpal tunnel syndrome
📌 4. Peripheral Neuropathy
Nerves တွေရဲ့ ထိပ်ဖျားကို Length dependent ပုံစံနဲ့ ထိတဲ့ Peripheral neuropathy
Eg. DM gloves and stocking neuropathy
📌 5. Mononeuritis Multiplex
ထိပ်ဖျားတွေ ထိတာမဟုတ်ဘဲ ဟိုနား Nerve တစ်ချောင်း ဒီနား Nerve တစ်ချောင်း ကွက်ပြီးထိတတ်တဲ့ Mononeuritis Multiplex
Eg. Vasculitis related Common peroneal nerve palsy, Pupil sparing third nerve palsy in DM,HT
📌6. Neuromuscular Junction disorders
Nerve ပြီးတော့ nerve ရဲ့ အဆုံးမှာရှိတဲ့ Neruromuscular junction disorders
Eg. myasthenia gravis, Lambert Eaton myasthenic $
📌 7. Channelopathy
Muscle contraction အတွက် Ions တွေ လိုတယ်, Ion Channel တွေ ပျက်တဲ့ Channelopathy
Eg. Hypokalemic periodic paralysis
📌 8. Myopathy
Muscle itself က မကောင်းရင်လဲ contraction မလာနိုင်ဘူး ဆိုတော့ Myopathy
Eg. Congenital myopathies, Polymyositis
အဲ့အကြောင်းတွေကို video လေးနဲ့ ရှင်းပြထားပါတယ်
Video duration - 6:32 min
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#LMNL
7 248
💥 MRCP2 PasTest 2025 💥
MRCP2 အတွက် မဖြစ်မနေ Practice လုပ်သင့်တဲ့ Question bank PasTest 2025 collection ပါ
Total 12 files ပါပါတယ်
အပေါ်က Telegram link ကနေ ရသလို Drive link ကနေလဲ ရပါမယ်
Google drive Link >> https://drive.google.com/drive/folders/11Lx90gIIA5xlwaYUzuJ_RLJYekqNXqhG
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#PasTest2025_MRCP2
7 248
Cephalosporin classes တွေ ဘယ်လိုမှတ်မလဲ
* Just for exam * ပါ
Practical ကုရင်တော့ ဆေးအညွှန်းကြည့် Google ခေါက်လို့ ရတာပေါ့
အလွတ်ကျက်ရတာမျိုးတွေ သိပ်စိတ်ပျက်ပေမဲ့ exam ကတော့ မေးစရာရှိတာ မေးသွားတာပါပဲ 🥲
Best of Fives exam တွေက အလွတ်ချရေးရတာမျိုး မဟုတ်လို့ ကျက်စရာမလိုပေမဲ့ ဆေးနာမည်မြင်ရင် ဘာ generation လဲ သိဖို့လိုပါမယ်
အမ ကူမှတ်ပေးပါမယ်
*** Exam ဖြေဖို့ မှတ်ပေးတာမို့ တခြားသူတွေ မဖတ်လဲရပါတယ်
👉🏻 အစဉ်လိုက်မှတ်ပါ
(1) Fourth generation - Name မှာ PI ပါမယ် + ME နဲ့ ဆုံးတယ် (Pi alone, Me alone မထည့်ရ)
CefiPIME
CefPIroME
(2) Fifth generation - Name မှာ ROL ပါမယ်
CeftaROLine
CeftobipROLe
(3) First generation - Name မှာ FA, PHA, PHRA ပါမယ်
CeFAzolin
CeFAdroxil
CePHAlaxin
CePHApirin
CePHAlothin
CePHAloridine
CePHRAdine
**** ဒီမှာ Exception မှတ်ရပါမယ် FA ပါသော်လဲ Cefaclor & Cefamendole သည် Second generation ပါ
(4) Third generation - Name က ONE, IME, EN နဲ့ ဆုံးရပါမယ်
(Cefipime က ime နဲ့ ဆုံးသော်လဲ အစဉ်လိုက်အတိုင်း ထည့်သွားမှာမို့ 4th ပဲ ဖြစ်ပါမယ်)
CefoperazONE
CeftriaxONE
CefixIME
CefotaxIME
CeftizoxIME
CefpodoxIME
CeftazidIME
CeftibutEN
CefditorEN
+ ၂ ခု ထပ်မှတ်ပါ Cefdinir & Moxalactam are also third generations.
*** Exception မှတ်ပါ ime နှင့်ဆုံးသော်လဲ Cefuroxime သည် Second generation ပါ
(5) အပေါ်က Exception တွေရယ် ကျန်တဲ့ cephalosporins မှန်သမျှရယ်က Secondary generation တွေပါ
Cefaclor
Cefamendole
Cefuroxime
Cefonicid
Cefoxitin
Cefotetan
Cefmetazole
Cefprozil
Loracarbef
ဒီလောက်ဆို နာမည်မြင်ရင် generation class ခွဲတတ်မယ်ထင်ပါတယ်
Hope you all enjoy learning with PACES Digest 💛
#PACES_Digest
#Cephalosporins
7 248
ဒီနေ့တော့ 100 Cases series ကို share ပေးချင်ပါတယ်
100 cases in Clinical Medicine ကို စဖတ်ဖူးတာ Final Part 2 Medicine Viva အတွက်ပါ
Exam ပြီးသွားတော့လဲ စိတ်ဝင်စားလို့ အေးအေးဆေးဆေးဆက်ဖတ်ဖြစ်တဲ့ စာအုပ်ပါ
Case scenario နဲ့ ပေးထားပြီး Questions တွေ စဉ်းစားရတာမျိုးပါ
FP 2 level နဲ့တင် တော်တော်များများ ဖြေနိုင်ပါတယ်
Theory တွေ BOF တွေ ဖတ်ရတာပျင်းတဲ့အချိန် ပေါ့ပေါ့ပါးပါး စဉ်းစားရင်း ထည့်ဖတ်သင့်ပါတယ်
Series အများကြီးရှိတာမို့ စိတ်ဝင်စားရာ ရွေးဖတ်လို့ရပါတယ်
Download link >> https://drive.google.com/drive/folders/1UrOxrOQxgEPdzdi-C3rZbiXs_9Hkyv_G
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#100_Cases
7 248
+9
ဒီနေ့တော့ International Diabetes Federation ရဲ့ 2025 Recommendations for Managing type 2 DM ကို share ပေးချင်ပါတယ်
Recommendations တိုင်းမှာ Developed countries တွေ Affordable individuals တွေအတွက် Optimal care နဲ့ Developing countries တွေအတွက် Basic care ဆိုပြီး ခွဲရေးထားလို့ တကယ် Clinical မှာ အသုံးဝင်ပါလိမ့်မယ်
FBS, 2HPP & A1C ရဲ့ diagnostic role ကို compare လုပ်ထားတဲ့ table လေးလဲ အတော်သဘောကျပါတယ်
အမအတွက်တော့ အေးအေးဆေးဆေးဖတ်ဖြစ်မဲ့ recommendations ပါ
အားလုံးလဲ အနည်းဆုံး ပုံလောက်တော့ မှတ်ကြပါအုံး
Download link >> https://diabetesmadrid.org/wp-content/uploads/2025/04/IDF_Rec_2025-1.pdf
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#DM
