PACES DIGEST
رفتن به کانال در Telegram
6 370
مشترکین
-224 ساعت
+97 روز
+8330 روز
آرشیو پست ها
6 371
ဒီနေ့တော့ စာအကြောင်းမရေးဘဲ Study timetable အကြောင်း ရေးလိုက်အုံးမယ်
ပုံကတော့ Feb လ အစမှာ August MRCP1 ဖြေမဲ့ Candidate တစ်ယောက်အတွက် ဆွဲပေးထားတဲ့ Timetable လေး example ပြထားပါတယ်
အရင်ဆုံး Exam date ကို ကြည့်ပြီး ဘယ်နှစ်ရက် ကျန်သေးလဲတွက်
Revision အတွက် အနဲဆုံး တစ်လကျော်ချန်
ပြီးရင် Date တွေ သေချာသတ်မှတ်ပြီး ဒီမှာတော့ Major systems 12 ရက်စီ (Theory+BOF တစ်ခေါက်အပြီး)၊ Basic science (3-5 days/ each topic) Specaility (3-6 days each topic) ဆွဲထားပါတယ်
ဒါက own pace နဲ့ ဆွဲရင် အကောင်းဆုံးပါ (ကိုယ်ပိုင်တဲ့အခန်း မရတဲ့အခန်းပေါ်မူတည်ပြီး ရက်ကို အတိုးအလျော့လုပ်ပါ)
Revision time မှာ တစ်ခန်း ၄ ရက်စီလောက် အချိန်ရအောင်ရယ် အနီးဆုံး တစ်ပတ်မှာ ကိုယ်အားနည်းတာ ပြန်ကြည့်နိုင်အောင်ရယ် ထည့်ဆွဲထားပါတယ်
Exam ဖြေမဲ့သူတွေ လိုက်ဆွဲချင်ရင် ဆွဲလို့ရအောင် share ပေးလိုက်ပါတယ်
စာဖတ်တဲ့အခါ စာကြည့်စားပွဲရှင်းနေရင် ဖတ်လို့ကောင်းသလို ကိုယ့်ရဲ့ study timetable လေး well organized ဖြစ်နေရင် goal directed ဖြစ်နေရင် ပိုခရီးရောက်ပါတယ်
အဲလိုပြောလို့ အမလဲအရမ်း organized ဖြစ်နေတယ် scheduled person ဖြစ်နေတယ်တော့ မဟုတ်ပါဘူး
ဒါပေမဲ့ Exam ဖြေစရာရှိရင်တော့ Time table သေချာလေးဆွဲပြီး လုပ်ဖြစ်ပါတယ်
ကိုယ့် Pace ပေါ်မူတည်ပြီး Timetable ဆွဲ Revision ချိန်ချန် သတ်မှတ်ထားတဲ့ရက်မှာ ဘယ်အခန်းအပြီးဆိုတာမျိုး လုပ်ပါတယ်
တကယ်ပြီးရင်လဲ ကိုယ့်ကိုကိုယ် ဆုချပါတယ် (eg. hotpot ဝယ်စားလိုက်တာမျိုး/ အင်္ကျီတထည် ဝတ်တာမျိုး)
Exam ဖြေစရာမရှိဘဲ စာသင်စရာရှိလို့ ဖတ်ချင်လို့ ဖတ်တဲ့ အခါမျိုးတွေတော့ timetable မဆွဲပေမဲ့ short term goal လေးတွေ ထားတတ်ပါတယ်
ဒီ topic ဖတ်ပြီးမှ facebook သုံးမယ်/ Korea ကားကြည့်မယ် ဆိိုတာမျိုးပေါ့
Consistency က key ပါ
တကယ်တော့ လိုက်လုပ်ပေါ့နော်
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#Timetable
6 371
Different causes of Penile ulcers
အမတော့ ulcer နာ/မနာ lymph node နာ/မနာ နဲ့ အဓိက ခွဲပါတယ်
တူနေရင်တော့ တခြားအချက် လိုက်ရှာရပါတယ်
Herpes - Ulcer နာ/ Lymph node နာ
Chancroid - Ulcer နာ/ Lymph node နာ
Lymphogranuloma venereum - Ulcer မနာ/Lymph node နာ
Syphilis - Ulcer မနာ/Lymph node မနာ
Granuloma inguinale - Ulcer မနာ/ Lymph node မကြီးတတ်
6 371
BPH Pathophysiology & Medical Treatment
BPH အကြောင်းကို နားလည်ဖို့ဆိုရင် ဘယ် receptor တွေက Bladder sphincter constriction/relaxation မှာပါတယ်၊ ဘယ် receptor က Bladder Detrusor muscle contraction/relaxation မှာ ပါတယ်ဆိုတာကို အရင်သိထားရပါမယ်
အဲ့ဒီတော့မှ ဘယ် drug က ဘယ် receptor ကို add ပြီး အလုပ်လုပ်လဲဆိုတဲ့ MOA ကို မှတ်ရတာ ရှင်းသွားမှာပါ
ဒီ video မှာတော့ Medical treatment of BPH ကို Pathophysiologic basis နဲ့ ယှဉ်ပြီး နားလည်အောင် ရှင်းပြထားပါတယ်
Video duration - 15:41 min
Hope you all enjoy learning with PACES Digest 💛
#PACES_Digest
#BPH
6 371
Causes of Nephrolithiasis ကို မှတ်တဲ့အခါ
Stone ဖြစ်ဖို့ဆို
✅ Solute များတာ
✅ Solvent နဲတာ
✅ Favorable environment ရှိတာ (eg. Anatomical defect, reduced stone inhibitors, pH changes, etc) စသဖြင့် နားလည်အောင် ခွဲမှတ်ရင် နားလည်လွယ်ပြီး စိတ်ထဲစွဲမြဲ မှတ်မိပါတယ်
ဒီ video ထဲမှာ အဲလို ခွဲစဉ်းစားပြထားပါတယ်
စာဖတ်တဲ့အခါ တတ်နိုင်သမျှ နားလည်အောင် ကြိုးစားပြီးဖတ်ပါ
အသေကျက် အလွတ်မှတ်ဖို့ အမြဲမတွေးပါနဲ့
အလွတ်ကျက်ကို ကျက်ရမဲ့စာတွေ (eg. Chromosome တွေ HLA တွေ) အတွက် Brain အကန့် ချန်ထားပြီး နားလည်ဖို့လွယ်တဲ့ စာတွေကို သေချာနားလည်ပြီးမှတ်ပါ
Video duration - 18:12 min
Hope you all enjoy learning with PACES Digest 💛
#PACES_Digest
#Nephrolithiasis
6 371
+9
Helminths infestations တွေ မှတ်တဲ့အခါ တစ်ကောင်နဲ့ တစ်ကောင် ခပ်ဆင်ဆင် ဆိုတော့ ရောတတ်ပါတယ်
Nematodes တွေက ပိုဆိုးသေး
အကောင်တွေကများပြီး တစ်ကောင်ကို ထူးခြားချက် တစ်မျိုးစီနဲ့ Treatment တွေကလဲ တူတာလိုလို မတူတာလိုလို
အဲ့တော့ အမ Nematodes 8 ကောင်ရယ် ၊ Trematodes ထဲက Schistosoma ရယ် Cestode ထဲက Taenia ရယ် သူတို့ရဲ့ main features တွေ MOT တွေ Treatment တွေ လိုရင်းတိုရှင်း ရေးထားတဲ့ Schematic figure လေးတွေ တင်ပေးလိုက်ပါတယ်
တစ်ပုံချင်းစီ သေချာကြည့်ပါ
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#Helminths
6 371
ဒီနေ့တော့ 2024 November released WHO Malaria guidelines ထဲက အရေးကြီးတဲ့ Malaria treatment recommendations လေးတွေကို သပ်သပ် share ပေးထားပါတယ်
Photo 1 to 6 - Malaria prevention
Photo 7 to 10 - Uncomplicated P. falciparum malaria treatment
Photo 11 to 16 - Other malaria species treatment
Photo 17 to 20 - Severe malaria treatment
Full guidelines မဖတ်ဖြစ်ကြမှာ စိုးလို့ပါ
Full guidelines download link >> https://www.ncbi.nlm.nih.gov/books/NBK588130/pdf/Bookshelf_NBK588130.pdf
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#Malaria
6 371
Today 8:30 PM
Major system class မှာ Nephrology chapter စပါမယ်
Every Tuesday, Thursday 8:30 pm
Every Friday 6:00 pm
Recording videos and Notes life long access.
Can inquire for more informations!!
6 371
အရင်တခါ အမ MRCP2 PassMedicine 2025 Question banks share ပေးတုန်းက Hematology & Speciality subjects တွေ (Dermatology, Psychiatry, Ophthalmology, Oncology, Geriatrics) & Pharmacology ကျန်နေတာ ထပ် update လုပ်ပေးထားပါတယ်
Total 15 files ရှိပါမယ်
Download link >> https://drive.google.com/drive/folders/1BbTyauGwCJHsvcsn0H7GLaedEQXDuN8A
Hope you all enjoy learning with PACES Digest 💛
#PACES_Digest
#PassMedicine
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
