fa
Feedback
The Pedagogy Academy

The Pedagogy Academy

رفتن به کانال در Telegram

A collection of my pedagogical knowledge and personal academic experiences as an educator

نمایش بیشتر
6 234
مشترکین
اطلاعاتی وجود ندارد24 ساعت
+177 روز
+18730 روز

در حال بارگیری داده...

ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
سپتامبر '26
سپتامبر '26
+25
در 0 کانال‌ها
اوت '26
+266
در 0 کانال‌ها
Get PRO
ژوئیه '26
+155
در 0 کانال‌ها
Get PRO
ژوئن '26
+166
در 0 کانال‌ها
Get PRO
مه '26
+167
در 0 کانال‌ها
Get PRO
آوریل '26
+172
در 0 کانال‌ها
Get PRO
مارس '26
+74
در 0 کانال‌ها
Get PRO
فوریه '26
+89
در 0 کانال‌ها
Get PRO
ژانویه '26
+92
در 0 کانال‌ها
Get PRO
دسامبر '25
+96
در 0 کانال‌ها
Get PRO
نوامبر '25
+99
در 0 کانال‌ها
Get PRO
اکتبر '25
+96
در 0 کانال‌ها
Get PRO
سپتامبر '25
+91
در 0 کانال‌ها
Get PRO
اوت '25
+86
در 0 کانال‌ها
Get PRO
ژوئیه '25
+76
در 0 کانال‌ها
Get PRO
ژوئن '25
+49
در 0 کانال‌ها
Get PRO
مه '25
+111
در 0 کانال‌ها
Get PRO
آوریل '25
+99
در 0 کانال‌ها
Get PRO
مارس '25
+81
در 1 کانال‌ها
Get PRO
فوریه '25
+86
در 0 کانال‌ها
Get PRO
ژانویه '25
+145
در 0 کانال‌ها
Get PRO
دسامبر '24
+199
در 0 کانال‌ها
Get PRO
نوامبر '24
+264
در 0 کانال‌ها
Get PRO
اکتبر '24
+400
در 0 کانال‌ها
Get PRO
سپتامبر '24
+229
در 0 کانال‌ها
Get PRO
اوت '24
+210
در 0 کانال‌ها
Get PRO
ژوئیه '24
+169
در 0 کانال‌ها
Get PRO
ژوئن '24
+210
در 0 کانال‌ها
Get PRO
مه '24
+202
در 0 کانال‌ها
Get PRO
آوریل '24
+150
در 0 کانال‌ها
Get PRO
مارس '24
+584
در 0 کانال‌ها
Get PRO
فوریه '24
+291
در 0 کانال‌ها
Get PRO
ژانویه '24
+131
در 0 کانال‌ها
Get PRO
دسامبر '23
+2 950
در 0 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
06 سپتامبر+4
05 سپتامبر+5
04 سپتامبر+4
03 سپتامبر+4
02 سپتامبر+3
01 سپتامبر+5
پست‌های کانال
သင်ခန်းစာတွေ ပြီးအောင် ဘယ်လို လေ့လာနိုင်လဲ??? Academic Writing Foundations (recorded video class) မှာ သင်တန်းစအပ်တဲ့အချိန်ကနေ
သင်ခန်းစာတွေ ပြီးအောင် ဘယ်လို လေ့လာနိုင်လဲ??? Academic Writing Foundations (recorded video class) မှာ သင်တန်းစအပ်တဲ့အချိန်ကနေ သင်ခန်းစာအားလုံး ကို 2 ပတ်အတွင်း ပြီးတဲ့သူ ရှိပါတယ်။ Certificate ရပြီးသူတွေထဲမှာ အမြန်ဆုံးနဲ့ အမှန်ဆုံး လို့ ပြောနိုင်တာမို့ "သင်ခန်းစာတွေကို ၂ ပတ်အတွင်း ဘယ်လို လေ့လာခဲ့သလဲ" မေးတဲ့အခါ သူ သုံးခဲ့တဲ့ Pomodoro method လေး ကို မျှဝေပေးခဲ့ပါတယ်။ Pomodoro method ဆိုတာ 25 မိနစ် လေ့လာပြီးတော့ 5 မိနစ် နားတဲ့နည်း ဖြစ်ပြီး အချိန်ကို စီမံခန့်ခွဲဖို့ ထိရောက်တဲ့နည်းလမ်းတခု ဖြစ်ပါတယ်။ စာလုပ်ဖို့ အချိန်ဆွဲတတ်သူတွေ၊ အလုပ်တခုတည်းမှာ အာရုံ စူးစိုက်ဖို့ခက်သူတွေ၊ Recorded videos တွေနဲ့ လေ့ကျင့်ခန်းလုပ်သူတွေအတွက် ဒီနည်းလမ်းက အသုံး၀င်တာမို့ သမီး ပြောထားတာကို ထပ်ဖြည့်ပြီး ပြန်ရေးပေးလိုက်ပါတယ်။ ၁။ ကိုယ်ပြီးအောင် လုပ်ရမယ့် လေ့ကျင့်ခန်း ကို‌ သေချာရွေးပါ။ ၂။ 25 မိနစ်လေ့လာ ဖို့ နှိုးစက်ပေးပါ။ ၃။ နှိုးစက် မမြည်မချင်း 25 မိနစ် ဆက်တိုက် လေ့လာပါ။ ၄။ ပြီးရင် 5 မိနစ် နားပါ။ ၅။ နားပြီးရင် သင်ခန်းစာ ပြန် စ ပါ။ ၆။ ၃ ကြိမ် အဲလို ဆက်တိုက် လုပ်ပြီးရင် နာရီ၀က် နားပါ။ 🎯 𝐵𝑒𝑡𝑡𝑒𝑟 𝑤𝑟𝑖𝑡𝑖𝑛𝑔 𝑏𝑒𝑔𝑖𝑛𝑠 𝑤𝑖𝑡ℎ 𝑏𝑒𝑡𝑡𝑒𝑟 𝑝𝑒𝑑𝑎𝑔𝑜𝑔𝑦!

2
စာရေးသားခြင်းဆိုင်ရာ အကောင်းဆုံး လမ်းညွှန်စာအုပ်ဖြစ်တဲ့ William Zinsser ရဲ့ "On Writing Well" မှ အဓိက မှတ်သားစရာ ၅ ချက် 1️⃣ မလိုအပ်သော စကားလုံးများကို ပယ်ဖျက်ပါ (Clutter is the Disease) လိုရင်းတိုရှင်း ထိရောက်တဲ့ စာပိုဒ်တွေက စာဖတ်သူကို ဆွဲဆောင်နိုင်ဆုံးမို့ စာကြောင်းတစ်ကြောင်းမှာ မလိုအပ်ဘဲ ထည့်ထားတဲ့ စကားလုံးတိုင်းကို ဖယ်ထုတ်ပါ (Academic Writing Advanced level မှာ ဒီအပိုင်းတွေ လေ့ကျင့်ရပါတယ်)။ ဥပမာ၊ Unnecessary Clutter: At the present point in time, I am currently working on a project. Clear & Concise: I am working on a project. 2️⃣ ရှင်းလင်းပြတ်သားမှု ကို ဦးစားပေးပါ (Clarity) စာဖတ်သူက စာရေးသူ ဘာပြောချင်မှန်း စဉ်းစားနေရရင် အဲဒီအရေးအသား မအောင်မြင်ဘူးလို့ ဆိုနိုင်ပါတယ်။ အတွေးရှင်းမှ အရေးရှင်းတာမို့ အရေးအသားရှင်းလင်းဖို့ စိစစ်တွေးခေါ်တတ်ရပါမယ်။ ဥပမာ၊ Confusing: With regard to the document, an examination was conducted by the team. Clear: The team examined the document. 3️⃣ မိမိကိုယ်ပိုင်အသံ (Your Own Voice) ဖြင့် ရေးပါ အင်္ဂလိပ်စာအရေးသင်တန်း မှာ အမြဲ ပြောဖြစ်တဲ့ ကိုယ်ပိုင်ဟန် ပါ။ တခြားသူတွေရဲ့ ပုံစံကို လိုက်တုပြီးရေးတာထက် ကိုယ့်ရဲ့ ပုံစံအတိုင်း ရေးသားတာ က စာဖတ်သူရဲ့ အသိအမှတ်ပြုမှု ပိုရပါတယ်။ ဥပမာ၊ Overly Formal/Impersonal: It is utilized by the undersigned to facilitate learning. Natural & Authentic: I use this method to help students learn. 4️⃣ ကိုယ်တိုင်အတွက် စာရေးပါ စာရေးတဲ့အခါ ကိုယ်တိုင် ကျေနပ်နှစ်သက်တဲ့ မှန်ကန်တဲ့ အကြောင်းအရာကို အရင်ဆုံး ဦးတည်ရေးသားသင့်ပါတယ်။ ကိုယ်တိုင်တောင် သဘောမကျတဲ့ အရေးအသားကို တခြားသူက နှစ်သက်ဖို့ မဖြစ်နိုင်ပါဘူး။ 5️⃣ ထိရောက်မြင်သာတဲ့ ကြိယာ (Verbs) တွေကို သုံးပါ မလိုအပ်ဘဲ နာမဝိသေသန (Adjectives) နဲ့ ကြိယာဝိသေသန (Adverbs) တွေကို အလွန်အကျူး သုံးတာထက် အဓိပ္ပာယ်ပေါ်လွင်တဲ့ ကြိယာအကူအပြောင်း‌တွေကို ရွေးချယ်ဖို့ ပြောတာပါ။ ဥပမာ၊ Weak (Adverb-heavy): She walked very quickly and nervously into the room. Strong Verb: She paced into the room. (သို့မဟုတ်) She dashed into the room. ("walked very quickly" လိုမျိုး ကြိယာဝိသေသန တွေ တွဲသုံးမယ့်အစား ထိရောက်သော ကြိယာတစ်လုံး (dashed/paced) ကို ရွေးချယ်သုံးစွဲသင့်ပါတယ်)
260
3
Academic Writing Foundations Batch-41 ဒီနေ့ ညနေ စ ပါပြီ 😊🤝
287
4
အပြောင်းအလဲကို ငြင်းဆန်လို့မရတဲ့ အနေအထားမှာ ဘာကိုရွေးကြမလဲ https://www.facebook.com/share/p/1Enb89S3LX/
အပြောင်းအလဲကို ငြင်းဆန်လို့မရတဲ့ အနေအထားမှာ ဘာကိုရွေးကြမလဲ https://www.facebook.com/share/p/1Enb89S3LX/
385
5
بدون متن...
472
6
🪝 Essay တစ်ပုဒ်ရဲ့ နိဒါန်းကို စိတ်၀င်စားစရာကောင်းအောင် ဘယ်လို ရေးမလဲ 🪝 Essay တစ်ပုဒ်မှာ ပါတဲ့ နိဒါန်း (Introduction) ရဲ့ အရေးကြီးဆုံးနဲ့ အဓိကကျဆုံး တာဝန် နှစ်ခု ကစိတ်ဝင်စားအောင် ဆွဲဆောင်ဖို့ နဲ့ ဆိုလိုရင်း (main point/thesis) ပါဖို့ ဖြစ်ပါတယ်။ နိဒါန်း ကို စိတ်၀င်စားအောင် ရေးတဲ့အခါ - စာဖတ်သူရဲ့ အာရုံစိုက်မှုကို ချက်ချင်းဖမ်းစားပြီး စာကို အဆုံးထိ ဆက်ဖတ်သွားချင်စိတ် ပေါ်လာအောင် ဆွဲဆောင်ထားတဲ့ "အဖွင့်စာကြောင်း သို့မဟုတ် အဖွင့်ပိုဒ်" တွေသုံးဖို့ လိုပါတယ်။ ငါးမျှားချိတ် (Hook) က ငါးကို ဟပ်မိအောင် ချိတ်ယူသလိုပဲ စာဖတ်သူကို စာထဲ စိတ်ဝင်စားမှု ပါဝင်လာအောင် ချိတ်ဆွဲလိုက်တာကြောင့် အဲဒီလိုရေးတာကို Hook လို့ ခေါ်ပါတယ်။ Hook ကို ဆောင်းပါး၊ ဝတ္ထု၊ အက်ဆေး ဒါမှမဟုတ် Social Media ပို့စ်တွေရဲ့ ပထမဆုံး စာကြောင်းတွေမှာ အသုံးပြုကြပြီး အသုံးများတဲ့ Hook ပုံစံ (၅) မျိုး ရှိပါတယ်။ 1️⃣ မေးခွန်းထုတ် အစပျိုးတဲ့ ပုံစံ (Rhetorical Question Hook) စာဖတ်သူကို အဖြေချက်ချင်း မပေးဘဲ စဉ်းစားသွားအောင် မေးသည့်မေးခွန်း။ (Argumentative သို့မဟုတ် Persuasive Essay မှာ သုံးကြပါတယ်) ဥပမာ- Have you ever wondered why some average people become very successful, while talented ones sometimes fail? (Beno, Academic Writing Foundations Batch-40) 2️⃣ ခိုင်မာတဲ့ ကိန်းဂဏန်းနဲ့ အချက်အလက် (Statistic / Fact Hook) သုတေသန ပြုထားသော၊ သံသယဖြစ်ဖွယ်မရှိသော ကိန်းဂဏန်း အချက်အလက်ဖြင့် စတင်ခြင်း။ (Informative, Research သို့မဟုတ် Expository Essay တွေမှာ အသုံးများပါတယ်) ဥပမာ- According to several studies, people tell lies several times a day, often to avoid conflict or protect themselves. (Ingyin Phoo| Essay Writing Batch -17) 3️⃣ စိန်ခေါ်မှုရှိတဲ့ ပြောဆိုချက်တွေ (Strong Statement / Challenge Hook) ပုံမှန် လက်ခံထားတာတွေကို စိန်ခေါ်တဲ့ သို့မဟုတ် ပြင်းထန်တဲ့ အယူအဆတစ်ခုနဲ့ အာရုံဖမ်းစားခြင်း။ (Persuasive သို့မဟုတ် Argumentative Essay မှာသုံးဖို့ သင့်တော်ပါတယ်) ဥပမာ- Most people assume Taiwan is all about shopping, clothes and souvenirs, but in reality Taiwan has much more than that. (Johnathan Ye, Academic Writing Class) 4️⃣ ထင်ရှားသူတွေရဲ့ ကိုးကားချက် (Authority Quote Hook) ဆက်စပ်မှုရှိတဲ့ ပညာရှင် သို့မဟုတ် သမိုင်းဝင်ပုဂ္ဂိုလ်ရဲ့ စကားနဲ့ စတင်ခြင်း။ (Compare & Contrast သို့မဟုတ် Literary Analysis Essay တွေမှာ သုံးနိုင်ပါတယ်) ဥပမာ- Be the change you want to see in the world.” Mahatma Gandhi's words remind us that we should not simply wait for others to solve the problems around us; we must be willing to take action ourselves. (Dr Moon, Sample Essay) 5️⃣ သရုပ်ဖော် ဇာတ်လမ်းတို (Anecdote / Scene Hook) အကြောင်းအရာနဲ့ ဆက်စပ်တဲ့ အဖြစ်အပျက် သို့မဟုတ် မြင်ကွင်းတစ်ခုနဲ့ အစပျိုးခြင်း။ (Narrative သို့မဟုတ် Descriptive Essay တွေမှာ သုံးပါတယ်) ဥပမာ- Because of new paper cost regulations, a small town's public library was forced to close its doors for the first time in 50 years. ⚠️ ဒီနေရာမှာ ယေဘုယျဆန်တဲ့ "စတင်ပေါ်ပေါက်ချိန်မှစ၍..." သို့မဟုတ် "အဘိဓာန်တွင်... ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်" စတဲ့ ရေးရိုးစွဲ အဖွင့်‌တွေကို သတိထားရပါမယ်။ Hook ပြီးတာနဲ့ မဆိုင်တဲ့ အကြောင်းအရာတွေ မရေးဘဲ Essay ရဲ့ ပင်မအကြောင်းအရာ (Thesis Statement) နဲ့ ချိတ်ဆက် ရေးရပါမယ်။
427
7
From Figures of Speech to Creative Expressions (Workshop Day 2) တခါတလေ ကိုယ်တိုင် က ခက်ပါတယ်လို့ ထင်ထားတဲ့အကြောင်းအရာ တစ်ခု၊
From Figures of Speech to Creative Expressions (Workshop Day 2) တခါတလေ ကိုယ်တိုင် က ခက်ပါတယ်လို့ ထင်ထားတဲ့အကြောင်းအရာ တစ်ခု၊ ပြဿနာပဲ လို့ ယူဆထားတဲ့ကိစ္စ တစ်ခု ကို ရှူမြင်သုံးသပ်ပုံ ပြောင်းလိုက်တာ နဲ့ ပြေလည်သွားတာ၊ ဖြေရှင်းရတာ လွယ်သွားတာမျိုး ရှိပါတယ်။ ဒီနေ့ Workshop မှာ ဆွေးနွေးခဲ့တဲ့ထဲက စိတ်၀င်စားစရာ ဥပမာတစ်ခုကို ပြောရရင် ဆရာမလေးတစ်ယောက် က "မိသားစု သံ‌ယောဇဉ် က ထောင်ချောက်လိုပါပဲ" တဲ့။ အဲဒီလို တွေးနေတဲ့အတွက် ကိုယ်လရှေ့မဆက်နိုင်ဘဲ ပိတ်မိနေတာတွေ၊ မိသားစုကို ငဲ့ရတာတွေကို ပိုအာရုံစိုက်မိနေမှာ ပါ။ အဲဒါကို "မိသားစုသံယောဇဉ်ဆိုတာ အားအင်ပဲ" လို့ ပြောင်းစဉ်းစားတဲ့အခါ ဒီမိသားစုကြောင့် ကိုယ်လုံခြုံနွေးထွေးခဲ့ရတာ၊ အားဖြစ်ခဲ့ရတာ၊ ပိုကြိုးစားချင်စိတ်‌ တွေ ဖြစ်ခဲ့ရတာ စတဲ့ အပိုင်းတွေကို ပိုပိုသတိထားမိလာတာမျိုး ပါ။ စိတ်၀င်တစားဆွေးနွေးကြတဲ့ ဆရာတွေကြောင့်ပဲ Figures of Speech က အင်္ဂလိပ်စာအရေးမှာမှ မဟုတ် လက်တွေ့ဘ၀အထိ အများကြီး အကျိုးရှိကြောင်း ပိုပိုနားလည်လာရတယ်။ ကျေးဇူးအများကြီးတင်ပါတယ် ☘
376
8
စာကြီးပေကြီးတွေ (စာအုပ်ထူထူတွေ၊ အတွေးအခေါ်နက်နဲတဲ့ စာပေတွေ၊ သုတေသန စာတမ်းတွေ) ကို ဖတ်နိုင်ဖို့အတွက် ဘယ်လို လုပ်ရမလဲ 👉 📸
စာကြီးပေကြီးတွေ (စာအုပ်ထူထူတွေ၊ အတွေးအခေါ်နက်နဲတဲ့ စာပေတွေ၊ သုတေသန စာတမ်းတွေ) ကို ဖတ်နိုင်ဖို့အတွက် ဘယ်လို လုပ်ရမလဲ 👉 📸
520
9
"Think outside of the box" လို့ ပြောကြတယ်။ ဘောင်တွေ၊ အကန့်အသတ်တွေရဲ့ အပြင်ဘက်ကို ကြည့်နိုင်ဖို့အတွက် ကိုယ့်ရဲ့ box ထဲမှာ ဘာတွေရှိလဲ အရင် သိဖို့ လိုပါတယ်။ ဒီ workshop ကို သေတ္တာကိုယ်စီနဲ့ လာခဲ့ကြပါ။ သေတ္တာထဲက အရာတွေလည်း ဆွဲထုတ်ရမယ်၊ပုံတွေလည်း ဆွဲရပါမယ်။ 😊🤝
516
10
နာမည်ကြီး စိတ်ပညာရှင် Adam Grant က "Large language models (LLM) တွေကို အတိတ်က အချက်အလက် (ဒေတာ) တွေနဲ့ လေ့ကျင့်သင်ကြားထားတာ ဖြစ်လို့ AI ဟာ တီထွင်ဖန်တီးမှုဆိုင်ရာ အဆင့်ကျော်တွေးခေါ်နိုင်စွမ်း (creative leaps) မှာ ရုန်းကန်နေရဆဲ ပါ။ မူရင်းကိုယ်ပိုင် တွေးခေါ်နိုင်စွမ်းဆိုတာ အနာဂတ်ရဲ့ အသစ်အဆန်းဖြစ်တဲ့ ပုံစံသစ်တွေကို မြင်တွေ့ဖော်ထုတ်နိုင်ခြင်း ဖြစ်တယ်" လို့ ရေးထားတာ‌ မနေ့က ဖတ်လိုက်ရတယ်။ တကယ်တော့ တီထွင်ဖန်တီးနိုင်စွမ်းဉာဏ်ရည် ဆိုတာ လူတွေရဲ့ အခြေခံအကျဆုံး "ပင်မစွမ်းရည်" တစ်ခုလိုပါပဲ။ ရုပ်ဝတ္ထုပစ္စည်းတွေ၊ ဉာဏ်ရည်ဉာဏ်သွေး နည်းပညာတွေ ဘယ်လောက်ပဲ ပြောင်းလဲ တိုးတက်ပါစေ၊ ဒီလို "ကိုယ်ကိုယ့်ကို သိမြင်ပြီး တန်ဖိုးရှိတဲ့ အဓိပ္ပာယ်ကို ရွေးချယ်ဖန်တီးနိုင်စွမ်း" ဟာ လူသားတွေကို တခြားအရာအားလုံးနဲ့ ကွဲပြားစေတဲ့ အကြီးမားဆုံးသော ပိုင်ဆိုင်မှု ဖြစ်ပါတယ်။ Creativity လို့ပြောလိုက်ရင် ထူးချွန်ပုဂ္ဂိုလ်တွေ၊ ပါရမီပါလာသူတွေမှာပဲ ရှိတတ်တဲ့ skills ကို ထင်တတ်ကြတယ်။ တကယ် က creativity ကောင်းလာအောင် creative thinking ကနေတဆင့် စနစ်တကျ ပြုစုပျိုးထောင်လို့ ရပါတယ်။ ဒါကြောင့် တီထွင်ဖန်တီးနိုင်စွမ်း တိုးတက်‌နိုင်မယ့် နည်းလမ်းတွေ အများကြီးရှိတဲ့ထဲကမှ စိတ်၀င်စားစရာအလင်္ကာမြောက် အသုံးအနှုန်းတွေ (Figures of Speech) ကတဆင့် ဆရာတွေ စာသင်ခန်းမှာ လက်တွေ့အသုံးချ လေ့ကျင့်နိုင်မယ့် နည်းလမ်းတွေကို ၂ ရက်တာ workshop မှာ မျှဝေပေးသွားပါမယ် ☘️
675
11
From Figures of Speech to Creative Expressions (2-day Workshop) Figures of Speech ဆိုတာ အလွယ်ပြောရရင် အလင်္ကာမြောက် အသုံးအနှုန်းတွေ ကို ဆိုလိုတာပါ။ ရုတ်တရက်ကြည့်ရင် စာအရေးအသားမှာပဲ အသုံး၀င်သလို ထင်ရပေမယ့် ဒီအသုံးအနှုန်းကတဆင့် တွေးခေါ်ပုံတွေ က တီထွင်ဖန်တီးနိုင်မှုစွမ်းရည်နဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေအထိ ဆက်စပ်နေပါတယ်။ Figures of speech လို့ပြောလိုက်ရင် ဆရာတွေ အနေနဲ့ အကြမ်းဖျင်း သိကြပေမယ့် တကယ်တမ်း လက်တွေ့မှာ စနစ်တကျ ထိထိရောက်ရောက် သုံးနိုင်ဖို့ကတော့ သေချာ လေ့လာ လေ့ကျင့်ထားဖို့ လိုပါတယ်။ အင်္ဂလိပ်စာအရေးနဲ့ ပတ်သက်တဲ့ သုတေသနတွေမှာလည်း Figure of speech သုံးပြီး ရေးသားလေ့ကျင့်ဖူးတဲ့ သင်ယူသူတွေဟာ Figure of speech ကို သိရုံလောက်ပဲ သိတဲ့ သူတွေထက် ပိုပြီး စိတ်ကူးစိတ်သန်းကောင်းတဲ့ ပိုပြီး ပင်ကိုဟန်ပါတဲ့ စာတွေကို ဖန်တီးရေးသားနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် Metaphor ဆိုတာ ဘာလဲ Simile ဆိုတာ ဘာလဲ Hyperbole ဆိုတာ ဘာလဲ Personification ဆိုတာ ဘာလဲ စတဲ့ Figure of speech တွေနဲ့ ပတ်သက်ပြီး မဝေဝါးဖို့၊ Figure of speech တွေနဲ့ ပတ်သက်ပြီးယုံကြည်မှု ရှိဖို့နဲ့ Figures of speech ကနေ Creative Expressions ထိ သက်တောင့်သက်သာ လျှောက်လှမ်းတတ်ဖို့ Dr Moon နဲ့ Saya Ty ကနေ "From Figures of Speech to Creative Expressions Workshop" ကို စီစဉ်ထားပါတယ်။ ဒီ Workshop မှာ - Figure of speech ကို အသုံးချပြီး Creative Expressions ထိ ရောက်အောင် ဘယ်လိုသွားလို့ရမလဲ ဆိုတာကိုပါ သင်ယူ ဆွေးနွေး အဖြေရှာ ပေးမှာမို့ ဆရာတွေအနေနဲ့ Workshop နှစ်ရက်အပြီးမှာ ကျောင်းသားတွေကို Figure of speech နဲ့ပတ်သက်ပြီး သိနားလည်သွားအောင် သင်ပေးနိုင်ဖို့ လွယ်ကူသွားမှာ ဖြစ်တဲ့အပြင် Figure of speech ကနေ Creative Expressions အထိ လျှောက်လှမ်းနိုင်အောင် ကူညီလမ်းကြောင်းပေးနိုင်တဲ့ နည်းလမ်းတွေကို ပါ ‌ရသွားမှာ ဖြစ်ပါတယ်။ 📅 Date : 1, 2 Sep 2026 (Tues, Wed) ⏰ Time : 6:00 - 7:30 pm (1:30 Hrs) Place: Zoom Application  Training တစ်ချိန် ကို သိန်းချီရတဲ့ သင်ခန်းစာတွေကို အားလုံး လေ့လာနိုင်အောင် (၃၀၀၀၀ ကျပ်) နဲ့ မျှဝေပေးသွားမယ့်အပြင် ဖတ်သင့်တဲ့ စာအုပ်‌၊ Recording နဲ့ Lecture Note (pdf) တွေပါ ပံ့ပိုးပေးသွားမှာမို့ သင်ကြားရေးအတွက် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ အရင် workshop တက်ဖူးသူများက အထူးနှုန်းနဲ့ လေ့လာနိုင်မှာ ပါ ☘️ စိတ်၀င်စားသူများ Page messenger/@PoePMZ ကနေ စာရင်းပေးနိုင်ပါတယ်။ Skill Training မို့ လူဦးရေ ကန့်သတ်ထားပါတယ်။
622
12
သင်တန်းတစ်ခု ပြီးတဲ့အခါ ဘာတွေရလိုက်လဲ။ သင်တန်းတစ်ခု ပြီးတဲ့အခါ ဘာတွေတိုးတက်သွားလိုက်လဲဆိုတာ ဆရာပြောပြတာထက် ကိုယ်တိုင်သဘောပေါက+1
သင်တန်းတစ်ခု ပြီးတဲ့အခါ ဘာတွေရလိုက်လဲ။ သင်တန်းတစ်ခု ပြီးတဲ့အခါ ဘာတွေတိုးတက်သွားလိုက်လဲဆိုတာ ဆရာပြောပြတာထက် ကိုယ်တိုင်သဘောပေါက် နားလည်ပြီး သုံးသပ်နိုင်တာကလည်း အရေးကြီးတဲ့ skill တစ်ခုဖြစ်ပါတယ်။ "ကောင်းတယ် အများကြီး ရလိုက်တယ် ပိုသိသွားတယ်" စတဲ့ စကားလုံးတွေ က သိသလိုလိုနဲ့ ယေဘုယျဆန်ပါတယ်။ တကယ် မြင်နိုင်သွားတဲ့အခါ ကိုယ့်ရဲ့ သုံးသပ်ချက်က ကိုယ်တိုင်အတွက်သာမက အများအတွက်ပါ အကျိုးရှိစေပါတယ်။ AW F အတန်းက ဦးဇင်းရေးထားတာ တော်တော်လေး ကောင်းမွန်ပြည့်စုံတာကြောင့် မျှဝေလိုက်ပါတယ်။ ▄▄▄▄▄▄▄▄▄ 👉 Academic English ကို စနစ်တကျ လေ့လာ သင်ယူချင်တယ်၊ Essay Writing တိုးတက်ချင်တယ်၊ GED, TOEFL, IELTS အတွက် အထောက်အကူ ဖြစ်ချင်တယ်ဆိုရင် အရေး၊ အဖတ်၊ အတွေး အခြေခံသဒ္ဒါ အားလုံး ပေးထားတဲ့ 'Academic Writing Foundations' အတန်းကနေ စ လေ့လာကြည့်ဖို့ အကြံပြုပါတယ်။ ☘️ 🎯 𝐵𝑒𝑡𝑡𝑒𝑟 𝑤𝑟𝑖𝑡𝑖𝑛𝑔 𝑏𝑒𝑔𝑖𝑛𝑠 𝑤𝑖𝑡ℎ 𝑏𝑒𝑡𝑡𝑒𝑟 𝑝𝑒𝑑𝑎𝑔𝑜𝑔𝑦!
593
13
Please read here: https://www.facebook.com/share/p/1F69qHtwUL/
Please read here: https://www.facebook.com/share/p/1F69qHtwUL/
537
14
တက်ရောက်သူ အများဆုံး၊ Good reviews အများဆုံးသင်တန်း 💙 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐖𝐫𝐢𝐭𝐢𝐧𝐠 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧𝐬 (Former: A new way to learn English writing) တက္ကသိုလ်အဆင့် အင်္ဂလိပ်စာကို မိတ်ဆက်သင်ကြားမှာဖြစ်လို့ အခြေခံပညာထက်ဆင့်ပြီးဆုံးသူများနဲ့ ဘွဲ့ရ/ဘွဲ့လွန်များအထိ အင်္ဂလိပ်စာအရေး တိုးတက်ချင်သူများအားလုံး တက်ရောက်နိုင်ပါတယ်။ အင်္ဂလိပ်စာ အဆင့် Pre-intermediate level ရှိထားသင့်ပါတယ်။ 𝐂𝐨𝐮𝐫𝐬𝐞 𝐎𝐮𝐭𝐥𝐢𝐧𝐞 -Introduction to Effective Writing -Sentence Structure -Tenses -Paragraph Writing -Paraphrasing -Summarizing -Essay Writing 𝐁𝐨𝐧𝐮𝐬 𝐋𝐞𝐜𝐭𝐮𝐫𝐞 -How to develop creativity and critical thinking skills Starting date: 2.9.26 Date: Wed, Sat, Sun Time: 7-8 𝐏𝐌 Duration: 4 𝐰𝐞𝐞𝐤𝐬 Fee- 150000 MMK Zoom meeting ကနေ သင်မှာ ပါ။ 🎯 𝐵𝑒𝑡𝑡𝑒𝑟 𝑤𝑟𝑖𝑡𝑖𝑛𝑔 𝑏𝑒𝑔𝑖𝑛𝑠 𝑤𝑖𝑡ℎ 𝑏𝑒𝑡𝑡𝑒𝑟 𝑝𝑒𝑑𝑎𝑔𝑜𝑔𝑦! 🎯
661
15
Teacher Training Day 2 (4-6 PM) Classroom Management လို့ ပြောလိုက်ရင် "အတန်း ထိန်းနိုင်တာ၊ ကလေးတွေငြိမ်ပြီး ပြောစကားနားထောင်
Teacher Training Day 2 (4-6 PM) Classroom Management လို့ ပြောလိုက်ရင် "အတန်း ထိန်းနိုင်တာ၊ ကလေးတွေငြိမ်ပြီး ပြောစကားနားထောင်ကြတာ" လို့ ယေဘုယျ မြင်ကြတယ်။ ‌ ကျွန်မကတော့ ကိုယ့်အတန်းကို ကိုယ်ဖြစ်စေချင်တဲ့ပုံစံဖြစ်အောင် တနည်းအားဖြင့် ထိရောက်တဲ့သင်ကြားမှု၊ သင်ယူမှုဖြစ်အောင် ဦးဆောင်စီမံနိုင်တာကို well-managed လုပ်နိုင်တာ လို့ ယူဆပါတယ်။ အတန်းထိန်းတယ်ဆိုတာ အတန်းကို အာဏာ သို့မဟုတ် အကြောက်တရား နဲ့ ထိန်းချုပ်တာပါ။ အတန်းကို ထိထိရောက်ရောက် ဦးဆောင်တယ်ဆိုတာ စာသင်ခန်းတစ်ခုလုံးရဲ့ ကောင်းကျိုးအတွက် လိုက်နာ‌ရမယ့် စည်းကမ်းတွေ၊ စောင့်ထိန်းရမယ့် ကျင့်၀တ်တွေ၊ အပြန်အလှန် လေးစားရမယ့် အလေ့အကျင့်ကောင်းတွေကို နားလည်သဘောပေါက်ထားကြပြီး ဆရာ၊ တပည့် အတူတကွ အကောင်အထည်ဖော်နိုင်တာ ဖြစ်ပါတယ်။ ဒီနေ့ Training မှာ အဲဒါတွေ ဆွေးနွေးဖြစ်ပါတယ်။ ကျောင်းနဲ့ သေချာ ချိတ်ဆက် မိတ်ဆက်ပေးတဲ့ Tr Mai, အစစအရာရာ အဆင်ပြေအောင် အားထုတ်စီစဉ်ပေးတဲ့ ကျောင်းတည်ထောင်သူ Tr Poe Ei နဲ့ တက်တက်ကြွကြွဆွေးနွေးကြတဲ့ ဆရာတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။
957
16
ဝေါဟာရအသစ်တွေ ဘယ်လို မှတ်ရမလဲ။ ✅ ဝေါဟာရအသစ်တွေကို ၃–၂–၁ စည်းမျဉ်း ကို အသုံးပြုပြီး လေ့ကျင့် ကြည့်ပါ။ စကားလုံးတစ်လုံးကို တစ်ကြိမ် လေ့လာဖူးတာနဲ့ လက်တွေ့မှာ ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်ဖို့ ခက်ပါတယ်။ ဒါကြောင့် အသုံးအနှုန်းအသစ်တစ်ခုကို လေ့လာပြီးရင် — ဝါကျ ၃ ကြောင်း → အဲဒီအသုံးအနှုန်း နဲ့ ကိုယ်ပိုင် ဝါကျ ၃ ကြောင်း ရေးပါ။ အကြောင်းအရာ ၂ မျိုး → မတူညီတဲ့ ခေါင်းစဉ် ၂ ခုမှာ ထည့်သုံး ပါ။ စာပိုဒ် ၁ ပိုဒ် → စာရေးတဲ့အခါ သူ့ကို ရည်ရွယ်ချက်ရှိရှိ သတိထားပြီး ထည့်ရေး ပါ။ ဥပမာ — "a sense of tranquility" (အေးချမ်းဆိတ်ငြိမ်မှု ခံစားချက်) ဆိုတဲ့အသုံးကို လေ့လာပြီးရင် — 1️⃣ The garden gives me a sense of tranquility. (ဥယျာဉ်လေးက ကျွန်တော့်ကို အေးချမ်းဆိတ်ငြိမ်မှု ခံစားချက် ပေးစွမ်းတယ်။) 2️⃣ Reading before bed gives me a sense of tranquility. (အိပ်ရာမဝင်မီ စာဖတ်ခြင်းက ကျွန်တော့်ကို အေးချမ်းဆိတ်ငြိမ်မှု ခံစားချက် ဖြစ်ပေါ်စေတယ်။) 3️⃣ ပြီးရင် "A place that makes me feel comfortable" လိုမျိုး နေရာနဲ့ပတ်သက်တဲ့စာပိုဒ် ရေးရတဲ့အခါ ထည့်သုံးပါ။ ဒီနည်းလမ်းက စကားလုံးတွေကို မှတ်မိရုံအဆင့် (Passive Vocabulary) ကနေ လက်တွေ့အသုံးချနိုင်တဲ့ အဆင့် (Active Vocabulary) အထိ ကူးပြောင်းပေးပါတယ်။ ✅ စာဖတ်သူတစ်ယောက်အနေနဲ့သာမက စာရေးဆရာတစ်ဦးလိုမျိုး စာဖတ်ပါ။ စာဖတ်တဲ့အခါ မရင်းနှီးတဲ့ စကားလုံး‌တွေကို မျဉ်းတားရုံသက်သက်မလုပ်ဘဲ မေးခွန်းထုတ် စဉ်းစားပါ။ "စာရေးသူက ဒီစိတ်ကူးကို ဘယ်လို ဖော်ပြသွားတာလဲ။" ဥပမာ — The cool breeze swept across the hills, carrying the scent of pine trees. (အေးမြသော လေပြေသည် ထင်းရှူးပင်တို့၏ ရနံ့ကို သယ်ဆောင်ကာ တောင်ကုန်းများကို ဖြတ်သန်းတိုက်ခတ်သွားသည်။) ဆိုတဲ့ စာကြောင်းကို တွေ့ရင် The + adjective + noun + verb..., carrying + noun. Structure ကို နမူနာယူပြီး ကိုယ်ပိုင် ဝါကျ ဖွဲ့နိုင်ပါတယ်။ The gentle wind moved through the garden, carrying the scent of roses. (ညင်သာသော လေပြေသည် နှင်းဆီရနံ့ကို သယ်ဆောင်ကာ ဥယျာဉ်ထဲ ဖြတ်သန်းသွားသည်။) ဒီလို လေ့ကျင့်တာ က sweep, scent, breeze စတဲ့စကားလုံးတွေ ကို သီးသန့် အလွတ်ကျက်မှတ်တာထက် အများကြီး ပိုထိရောက်ပါတယ်။ 🎯𝐵𝑒𝑡𝑡𝑒𝑟 𝑙𝑒𝑎𝑟𝑛𝑖𝑛𝑔 𝑏𝑒𝑔𝑖𝑛𝑠 𝑤𝑖𝑡ℎ 𝑏𝑒𝑡𝑡𝑒𝑟 𝑝𝑒𝑑𝑎𝑔𝑜𝑔𝑦!🎯
819
17
ဘယ်အချိန်မှာ ဆရာကောင်းတစ်ယောက် ဖြစ်သလဲ။ https://www.facebook.com/share/p/1D9UHexdfB/
ဘယ်အချိန်မှာ ဆရာကောင်းတစ်ယောက် ဖြစ်သလဲ။ https://www.facebook.com/share/p/1D9UHexdfB/
654
18
စကားလုံးတွေ သိတယ်၊ ဘာရေးရမယ်ဆိုတဲ့ idea လည်း ရှိတယ်၊ ထိရောက်‌အောင် မရေးနိုင်ဘူး။ ဘယ်လို လုပ်ရမလဲ။ Academic Writing Foundations Batch-40 က သင်တန်းသူ‌တစ်ယောက် မေးထားတာ ပါ။ စာဖတ်အားနည်းတာရယ်၊ တိုက်ရိုက်ဘာသာပြန်ပြီး စဉ်းစားတတ်တဲ့ အလေ့အကျင့်ကြောင့်ရယ် လို့ အကြမ်းဖျင်း ယူဆနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးက B1, B2 level အကူးအပြောင်းကာလ မှာ ကျောင်းသားတော်တော်များများ ကြုံတတ်တာမို့ လက်တွေ့ လေ့ကျင့်နိုင်မယ့် နည်းလမ်း ၃ ခု ကို မှတ်စု ရေးပေးလိုက်ပါတယ်။ 1️⃣ ကိုယ့်ရဲ့ စိတ်ကူးတွေကို မြန်မာ ကနေ အင်္ဂလိပ်လိုတိုက်ရိုက် ဘာသာ မပြန်ပါနဲ့။ ခေါင်းစဉ်နဲ့ပတ်သက်ပြီး ရေးဖို့ idea ရလာတဲ့အခါ အဲဒါ ကို တိုက်ရိုက် ဘာသာပြန်ရမယ့်အစား "အင်္ဂလိပ်လူမျိုးတွေက ဒါကို သဘာဝကျကျ ဘယ်လို ဖော်ပြကြသလဲ" လို့ စဉ်းစားရမှာ ပါ။ ဥပမာ၊ "ဒီရှုခင်း‌ က ကျွန်တော့်ရဲ့ ပူပန်မှုတွေကို မေ့ပျောက်သွားစေတယ်။ ဒါမှမဟုတ် ရှုခင်းကြည့်လိုက်ရလို့ ပူပင်သောကတွေ မေ့သွားတာ" စသည့်ဖြင့် ရေးချင်တယ် ဆိုပါစို့။ တစ်လုံးချင်း ဘာသာပြန်ပြီး "The scenery makes me pleasant" လို့ ရေးရမယ့်အစား သဘာ၀ကျကျရေးနိုင်တဲ့ make + someone + feel + adjective ဝါကျပုံစံ (Pattern) ကို စဉ်းစားရမှာ ပါ။ နမူနာဝါကျတစ်ချို့ကို ကြည့်ပါ — The fresh air makes me feel relaxed. (လေကောင်းလေသန့်က ကျွန်တော့်ကို စိတ်လက်ပေါ့ပါးစေတယ်။) The peaceful surroundings make me feel comfortable. (အေးချမ်းတဲ့ ပတ်ဝန်းကျင်က ကျွန်တော့်ကို သက်တောင့်သက်သာ ရှိစေတယ်။) Spending time there makes me feel refreshed. (ထိုနေရာတွင် အချိန်ကုန်ဆုံးရခြင်းက ကျွန်တော့်ကို လန်းဆန်းတက်ကြွစေတယ်။) 2️⃣ ဝေါဟာရတွေကို "စကားစုအလိုက် (Chunks)" လေ့လာပါ။ အကယ်၍ ကိုယ် က — tranquil = peaceful (အေးချမ်းဆိတ်ငြိမ်သော) လို့ လေ့လာထားတယ်ဆိုရင် နောက်ပိုင်းမှာ— ❌ The weather is tranquil. လို့ မှား သုံးမိနိုင်ပါတယ်။ ဒါကြောင့် တစ်လုံးတည်းမှတ်တာထက် တွဲဖက်သုံးလေ့ရှိတဲ့ စကားစုတွေ (Collocations) ကို မှတ်သင့်ပါတယ်။ -a tranquil atmosphere -a tranquil setting -a peaceful environment -a peaceful morning 3️⃣ မှတ်စုစာအုပ် တစ်အုပ် ထားပြီး အုပ်စု ၄ စု ခွဲမှတ်ကြည့် ပါ။ ၁။ အသုံးဝင်တဲ့ ဝေါဟာရများ (Useful vocabulary) breathtaking refreshing peaceful overwhelming convenient ၂။ တွဲဖက်သုံး စကားစုများ (Collocations) breathtaking views refreshing breeze peaceful surroundings overwhelming traffic convenient location ၃။ ဝါကျတည်ဆောက်ပုံ ပုံစံများ (Sentence patterns) One of the main reasons I enjoy ___ is that... What makes ___ special to me is... Whenever I ___, I feel... The ___ allows me to... Unlike _, _ provides... ၄။ ကိုယ်ပိုင် ဥပမာဝါကျများ (My own examples) ဒီအုပ်စုမှာ ရေးနေကျ ဝါကျပုံစံ‌တွေကို "တဆင့်မြှင့်ရေးပြီး (Upgrading)" လေ့ကျင့်ပါ။ ဥပမာ— → Pyin Oo Lwin is peaceful. → Pyin Oo Lwin is a peaceful place. → Pyin Oo Lwin is a peaceful hill town surrounded by green forests. → What I love most about Pyin Oo Lwin is its peaceful atmosphere and beautiful natural surroundings. ဒီလို ‌လေ့ကျင့်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ "စာလုံးတွေ သိပေမယ့် စာရေးရင် ထုတ်မသုံးတတ်ဘူး" ဆိုတဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။
733
19
بدون متن...
564
20
ကိုယ့်ရဲ့ profession မှာ နောက်ကျ ကျန်ခဲ့ပြီလား။ The Reflective Educator Program မှာ ဆရာ တစ်ယောက် မေးတဲ့ မေးခွန်း ပါ။ ဒီလို မေးခွန်းမျိုး ကိုယ်တိုင်လည်း အရင်က မေးဖူးသလို နောက်ပိုင်းမှာ အလားတူ သဘောတရားတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးအကြံပေးရတာတွေလည်း ရှိပါတယ်။ နောက်ကျမလား လို့ စဉ်းစားလိုက်ကတည်း က လူတစ်ဦးတစ်ယောက် သို့မဟုတ် တစ်အုပ်စု သို့မဟုတ် အများရဲ့လမ်းကြောင်း နဲ့ ကိုယ့်လမ်းကြောင်း နဲ့ နှိုင်းယှဉ်မိနေလို့ ဖြစ်နိုင်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ဘ၀ခရီးလမ်းမှာ ပေးထားချက်တွေ၊ ခံယူချက်တွေ၊ ပန်းတိုင်တွေ မတူတဲ့အပြင် လမ်းတလျှောက် တွေ့ကြုံရတာတွေလည်း မတူပါဘူး။ Abundance mindset သဘောအတိုင်းဆိုရင် လူတိုင်းအတွက် လမ်းတွေ၊ သုံးနိုင်တဲ့ အရင်းအမြစ်တွေ အလုံအလောက် ရှိပါတယ်။ သူ ယူသွားလို့ ကိုယ် မရတော့ ဘူး ဆိုတာ မျိုး၊ သူ လုပ်သလို တုပ လိုက် လုပ် မှ အဆင်ပြေမယ်၊ သူများ ကို ဖြုတ်ချမှ နေရာ ရ မယ်၊ သူ မှေးမှိန် မှ ကိုယ် မြင်သာ မယ် စသည့်ဖြင့် တွေးမိတာတွေဟာ ဒီလို ပြည့်စုံကြွယ်၀တဲ့ စိတ်သဘောထား မရှိသေးလို့ ဖြစ်နိုင်ပါတယ်။ သူ ရောက်နေတဲ့ နေရာ က ကိုယ် လို ချင်တဲ့ နေရာ ဖြစ်နေဦးတော့၊ တချိန်တည်း တပြိုင်တည်းမှာ ကိုယ်ရော သူရော တနေရာတည်း တပုံစံတည်း နေရာရဖို့ဆိုတာ အဓိပ္ပာယ်ရှိရဲ့လား ပြန်စဉ်းစားကြည့်ပါ။ လူတော်တော်များများ ဟာ တခြားသူ ရဲ့ လမ်း ဒါမှမဟုတ် အများက သတ်မှတ်ထားတဲ့ လမ်း၊ တခြားသူရဲ့ပန်းတိုင် ကို ကိုယ့် လမ်း၊ ကိုယ့် ပန်းတိုင် လို့ မြင်ပြီး လိုက်လျှောက်မိတတ်ပါတယ်။ အဲဒီအခါ ရှေ့က လျှောက်တယ် လို့ ထင်ရသူတွေရှိတယ်။ ဘေးက တွန်းတိုက်လျှောက်တဲ့သူတွေ ကြုံရမယ်။ နောက်ကနေ အမှီလိုက်လာတယ်လို့ ထင်ရတာတွေလည်း ရှိမယ်။ တကယ် က ကိုယ့်လမ်းနဲ့ကိုယ် ပါ။ လမ်းကြောင်းသဘောသဘာ၀ တူနေရင်တောင် သူတို့လမ်းမှာ ဘာတွေ အဆင်ပြေနေလဲ၊ ဘာတွေ အခက်အခဲ ကြုံရလဲ၊ ဘယ်လို ဖြေရှင်းလိုက်လဲ စသည့်ဖြင့် အတုယူသင့်တာယူပြီး ကိုယ့်ဘာသာ လျှောက်ကြရမှာ ပါ။ ဘယ်အချိန်မှာ ဘယ်နေရာ ကို ရောက်နေရမယ်၊ ဘယ်လို ပုံစံမျိုးဖြစ်ရမယ်၊ ဘာတွေ လုပ်ပြီးဖြစ်ရမယ် စ တဲ့ ကိုယ့်ပန်းတိုင် သတ်သတ်မှတ်မှတ် ထားပြီးပြီဆိုရင် ကိုယ့်ရဲ့ သတ်မှတ်ပန်းတိုင်ဆီကို တစိုက်မတ်မတ် လျှောက်လှမ်းနိုင်ဖို့က ပို အရေးကြီးတာ ပါ။ ဒီတခေါက် TRE Program မှာ ဆရာတွေရဲ့ မေးခွန်းတွေ တော်တော်ကောင်းတယ်။ အဲဒီတုန်းက ဖြေခဲ့ပေမယ့် တခြားသိချင်ကြတဲ့ ဆရာတွေကိုလည်း သေချာပြောပြချင်တာမို့ မှတ်စုပြန်‌ရေးဖြစ်တာ ပါ။ မေးခွန်း မေးပေးတဲ့ Tr ကို ကျေးဇူးတင်ပါတယ်။
822