cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

پست‌های تبلیغاتی
37 873
مشترکین
+3324 ساعت
+3447 روز
+1 51030 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

မြစ်ကြီးနားမြို့တွင် ရေကြီးမှုဒဏ်အား အိမ်ထောင်စု ထောင်နှင့်ချီ ထိခိုက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ အပြည့်အ၀ လုပ်နိုင်ခြင်းမရှိသေး မြစ်ကြီးနားမြို့တွင် ရေကြီးမှုဒဏ်အား အိမ်ထောင်စု ထောင်နှင့်ချီ ထိခိုက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ အပြည့်အဝ လုပ်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ရေကြီးမှုကြောင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ ခတ်ချို၊ နောင်ဟီး၊ စန်းကား၊ ဦးလောက်၊ ရွာသစ်၊ တာလောကြီး ပြည်သူများ အထိအခိုက်များပြားခဲ့ကြောင်း သိရသည်။ ■ Read More - - - >>> https://news-eleven.com/article/293271
نمایش همه...
👍 6 2
မြန်မာရွှေ့ပြောင်းလုပ်သားများအား မည်သူမည်ဝါဖြစ်ကြောင်း CI ပြုလုပ်ပေးသည့် ရုံးများကို ထိုင်းအစိုးရက ဇူလိုင် ၇ ရက်တွင် အပြီးပိတ်သိမ်းမည် ထိုင်းနိုင်ငံအတွင်း ဖွင့်လှစ်ထားဆဲ CI စခန်းများမှာ ထိုင်းနိုင်ငံတောင်ပိုင်းရှိ စူရက်ဌာနီနှင့် ဖုခတ်၊ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ချင်းမိုင်၊ ထိုင်းနိုင်ငံအလယ်ပိုင်းမှာ မဟာချိုင်နှင့် စမူပရာကန်၊ ထိုင်းအရှေ့ပိုင်းမှာ ချွန်ဘူရီစသည့် စခန်း ခြောက်ခုကို ဇူလိုင် ၆ ရက်ထိသာ ဖွင့်လှစ်မည်ဖြစ်ပြီး ဇူလိုင် ၇ ရက်တွင် ပိတ်သိမ်းရမည်ဟု ဆိုသည်။ ■ Read More - - - >>> https://news-eleven.com/article/293266
نمایش همه...
👍 5😱 2
■ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ တွင် မော်တော်ယာဉ် တစ်စီးက လမ်းသွားလမ်းလာများအား ဝင်တိုက်ခဲ့ရာ ကိုးဦး သေဆုံး တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လမ်းဆုံတစ်နေရာတွင် ဇူလိုင် ၁ ရက်ညပိုင်းက ကားတစ်စီးလမ်းသွားလမ်းလာများအား ဝင်တိုက်ခဲ့သဖြင့် ကိုးဦးသေဆုံးသွားသည်။ မီးပွိုင့်စောင့်နေသည့် လမ်းသွားလမ်းလာများကို ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး လေးဦးဒဏ်ရာရခဲ့သည်။ ဆိုးလ်မြို့တော်ခန်းမအနီး လမ်းဆုံတစ်ခုတွင် ဇူလိုင် ၁ ရက် ညကိုးနာရီခွဲအချိန်ဝန်းကျင်က ယာဉ်တိုက်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်ကို ရဲတပ်ဖွဲ့က စုံစမ်းလျက် ရှိသည်။ ကားက လမ်းပြောင်းပြန်မောင်းနှင်လာပြီး လမ်းသွားလမ်းလာများအား ဝင်မတိုက်မီအခြားကားနှစ်စီးကိုတိုက်ခဲ့သေးသည်။ ဖမ်းဆီးခံရသည့်ယာဉ်မောင်းအမျိုးသားက အသက် ၆၈ နှစ်ရှိပြီဖြစ်ပြီးကားက ရုတ်တရက်အရှိန်မြန်သွားသည်ဟု ထွက်ဆိုခဲ့သည်။ကနဦးစစ်ဆေးမှုအရ ယာဉ်မောင်းသည်သောက်စားထားခြင်းမရှိပေ။ သို့သော်မူးယစ်ဆေးသုံးထားခြင်းရှိမရှိ ၊ အိပ်ငိုက်မောင်းနှင်ခဲ့ခြင်းဟုတ်မဟုတ်ကို မဖော်ထုတ်ရသေးပေ။ သေဆုံးသူကိုးဦးတွင် ခြောက်ဦးက နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်။ တောင်ကိုရီးယားတွင် ၂၀၂၂ ခုနှစ်အတွင်း လမ်းမတော်တဆဖြစ်ရပ်များကြောင့် သေဆုံးသူများ၏ ၃၅ရာခိုင်နှုန်းသည် လမ်းသွားလမ်းလာများဖြစ်သည်။ ■ Ref: Yonhap
نمایش همه...
08:11
Video unavailableShow in Telegram
ဇူလိုင် ၂ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲတိုက်ရိုက်ထုတ်လွှင့်မှု ) - ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီးတွင် ခရီးသည်တင်ယာဉ်ရှစ်စီး လက်လုပ်မိုင်းဖြင့်ဖောက်ခွဲခံရပြီး လက်နက်ငယ် များဖြင့် ပစ်ခတ်ခံရသဖြင့် ခရီးသည်တစ်ဦးသေဆုံးကာ သံဃာတော်တစ်ပါးအပါအဝင် ၂၄ ဦး ဒဏ်ရာရရှိ - သိမ်ဇရပ်မြို့၊ သုံးခွကျေးရွာအုပ်ချုပ်ရေးမှူးရုံးစာရေးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီး - အာဖဂန်အမျိုးသမီးများ၏ အခွင့်အရေးသည် ပြည်တွင်းရေးကိစ္စသာဖြစ်ကြောင်း တာလီဘန်အဖွဲ့ ပြောကြား - ထိုင်ဝမ်ဒေသခံများအနေဖြင့် စိုးရိမ်ပူပန်မှုမရှိဘဲ တရုတ်ပြည်မကြီးကို လာရောက်ရန် တရုတ်တိုက်တွန်း - ခွာရတ်စကယ်လီယာအား ရောင်းချမည်မဟုတ်ဟု နာပိုလီအသင်းနည်းပြသစ် ကွန်တီအတည်ပြု
نمایش همه...
2 Morning Package~1.mp482.35 MB
👍 21👏 1
Photo unavailableShow in Telegram
ဂါဇာစီးတီးရှိ ရှူဂျိုင်ယာခရိုင်၌ လေးရက်မြောက်နေ့တွင် ပြင်းထန်သော တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး အစ္စရေးစစ်သားများသည် ခက်ခဲသောတိုက်ပွဲကို တိုက်ခိုက်နေရသည်ဟု ဝန်ကြီးချုပ်နေတန်ယာဟုပြောကြား ဂါဇာစီးတီး၏ ရှူဂျိုင်ယာခရိုင်၌ ဇွန် ၃၀ ရက်တွင် စတုတ္ထမြောက်နေ့အဖြစ် ပြင်းထန်သော တိုက်ပွဲများ နှင့်ဗုံးကြဲမှုများ ရှိခဲ့သည်ဟုသိရပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကမူ ၎င်း၏တပ်ဖွဲ့များသည် ခက်ခဲသော တိုက်ပွဲတွင် တိုက်ခိုက်နေကြသည်ဟု ပြောကြားခဲ့သည်။ အစ္စရေးစစ်တပ်က စီးနင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ပါလက်စတိုင်းစစ်သွေးကြွများကို လိုဏ်ခေါင်း များထဲတွင် မြေပေါ်မြေအောက်တိုက်ခိုက်နေသည်ဟုဆိုသော ရှူဂျိုင်ယာခရိုင်မှ ပါလက်စတိုင်းသား ထောင် ပေါင်းများစွာ ထွက်ပြေးခဲ့ကြသည်။ ■ Read More - - - >>>https://news-eleven.com/article/293255
نمایش همه...
👍 22😱 2
ပြည်ကြီးတံခွန်မြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့တွင် တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ကိုင်သူ မြန်မာနိုင်ငံသား(၁၂)ဦးနှင့် တရုတ်နိုင်ငံသား(၂၉၅)ဦးကို ဖမ်းဆီး ပြည်ကြီးတံခွန်မြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့တွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ မြန်မာနိုင်ငံသား(၁၂)ဦးနှင့် တရုတ်နိုင်ငံသား(၂၉၅)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တို့တွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ မြန်မာနိုင်ငံသား(၁၂)ဦးနှင့် တရုတ်နိုင်ငံသား(၂၉၅)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။ ဇွန် ၂၇ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြား၊ ၁၁၇ လမ်းရှိ ကိုထင်ရှမ်း၏နေအိမ်တွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။ ■ Read More - - - >>>https://news-eleven.com/article/293254
نمایش همه...
👍 31 1🥰 1👏 1
Photo unavailableShow in Telegram
အိမ်ရာချေးငွေများကို ဗဟိုဘဏ်၏ သတ်မှတ်ချက်ထက် ကျော်လွန်ထုတ်ချေးထားသည့် ရိုးမဘဏ်၊ ယူအေဘီဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ် ခုနစ်ဘဏ်နှင့် ကြီးကြပ်ကွပ်ကဲရန်အားနည်းခဲ့သည့် ဗဟိုဘဏ်တာဝန်ရှိသူများကို အရေးယူမည် အိမ်ရာချေးငွေများကို ဗဟိုဘဏ်၏ သတ်မှတ်ချက်ထက် ကျော်လွန်ထုတ်ချေးထားသည့် ရိုးမဘဏ်၊ ယူအေဘီဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ် ခုနစ်ဘဏ်နှင့် ကြီးကြပ်ကွပ်ကဲရန်အားနည်းခဲ့သည့် ဗဟိုဘဏ်တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။ နိုငိငံတော်အနေဖြင့် ပြည်တွင်းစီးပွားရေး တည်ငြိမ်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပုဂ္ဂလိကဘဏ်များ၏ ချေးငွေဝန်ဆောင်မှု ပုံစံအသစ်ပေးရန်နှင့် ပြည်သူများအတွက် အိမ်ရာပိုင်ဆိုင်မှုအခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရန်အတွက် စုစုပေါင်းဘဏ်ချေးငွေ အပေါ်မူတည်၍ ထုတ်ချေးခွင့်ပြုလျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။ ■ Read More - - - >>>https://news-eleven.com/article/292319
نمایش همه...
👍 26😱 3 1👏 1
Photo unavailableShow in Telegram
အိမ်ရာချေးငွေများကို ဗဟိုဘဏ်၏ သတ်မှတ်ချက်ထက် ကျော်လွန်ထုတ်ချေးထားသည့် ရိုးမဘဏ်၊ ယူအေဘီဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ် ခုနစ်ဘဏ်နှင့် ကြီးကြပ်ကွပ်ကဲရန်အားနည်းခဲ့သည့် ဗဟိုဘဏ်တာဝန်ရှိသူများကို အရေးယူမည် အိမ်ရာချေးငွေများကို ဗဟိုဘဏ်၏ သတ်မှတ်ချက်ထက် ကျော်လွန်ထုတ်ချေးထားသည့် ရိုးမဘဏ်၊ ယူအေဘီဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ် ခုနစ်ဘဏ်နှင့် ကြီးကြပ်ကွပ်ကဲရန်အားနည်းခဲ့သည့် ဗဟိုဘဏ်တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။ ■ Read More - - - >>>https://news-eleven.com/article/292319
نمایش همه...
👍 3👏 1
14:46
Video unavailableShow in Telegram
ဇူလိုင် ၁ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု ) - ပြည်တွင်းဆန်ဈေးကွက်တွင် ဈေးနှုန်းမြှင့်တင်ရောင်းဝယ်ခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ခုနစ်ဦးနှင့် One Stop Mart၊ City Mart Holdingကုမ္ပဏီ၊Sein Gay Har Holdingကုမ္ပဏီ၊ Aeon Orange တို့မှတာဝန်ရှိသူလေးဦးအားဥပဒေအရအရေး ယူမည် - ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်သမားဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက် ၂၄ ရက်အတွင်း မြန်မာလုပ်သား ငါးသောင်းကျော် အပါအဝင် နိုင်ငံခြားသားအလုပ်သမား ရှစ်သောင်းနီးပါး ဖမ်းဆီးခံရ - တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို မြောက်ကိုရီးယား ရှုတ်ချ - ယူကရိန်း၏ ဒရုန်း ၃၆ စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ပြောကြား - အေးဂျင့်များ လေ့ကျင့်ရေးကွင်းသို့မလာရန် နာဂယ်စ်မန်း ပိတ်ပင်ထား
نمایش همه...
01.07 N Package.mp4151.60 MB
👍 30 1👏 1
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.