cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

RSN WEB

REVOLUTIONARY CHANNEL Contact us - 📬 @Inform_RSN

نمایش بیشتر
پست‌های تبلیغاتی
8 104
مشترکین
-324 ساعت
+217 روز
+4230 روز
توزیع زمان ارسال

در حال بارگیری داده...

Find out who reads your channel

This graph will show you who besides your subscribers reads your channel and learn about other sources of traffic.
Views Sources
تجزیه و تحلیل انتشار
پست هابازدید ها
به اشتراک گذاشته شده
ديناميک بازديد ها
01
DAILY HIGHLIGHTS (09 Jun 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃၄ ယောက်ကို ပြန်ပို့ – RFA RCSS က ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ SSPP ထုတ်ပြန် – MKN 📰 နိုင်ငံရေးထူးခြားသတင်းများ စစ်အာဏာရှင်ပြုတ်ကျရေး အာရက္ခတပ်တော်နှင့်အတူ လက်တွဲ၍ တိုက်ပွဲဝင်သွားမည်ဟု ချင်းညီနောင်တပ်ဖွဲ့များပြော – AT စစ်ကောင်စီကင်းစင်ရေး ဦးစားပေးဆောင်ရွက်ရန် ချင်းပြည်ကောင်စီ ဆွေးနွေး – MZM လူထုပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် စစ်တပ်နှင့်အပစ်ရပ်ရေး မလွယ်ကူသေးဟု ULA/AA ပြော – DVB 📰 နိုင်ငံခြားရေးထူးခြားသတင်းများ ချက်နိုင်ငံ၊ ပရာ့ဂ်မြို့တွင် သံရုံးများ ပွဲတော်တွင် စစ်ကောင်စီသံရုံး၏ ပြခန်း ဆန္ဒပြခံရသဖြင့် ပြခန်းပိတ် ထွက်ပြေးရ – KT မြန်မာ စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များ အပေါ် ILO က အရေးယူရန် တုံ့ဆိုင်းနေမှု ဂျပန်က မေးခွန်းထုတ် – KT ထိုင်းမှာ ကွန်ဒိုဝယ်ယူမှု စစ်ကောင်စီပိတ်ပင်လိုက်တာကြောင့် ဘတ် ဘီလီယံနဲ့ချီ နစ်နာကြောင်း ထိုင်း ကွန်ဒိုမီနီယံအစည်းအရုံး ထုတ်ပြန် – MKN စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် လူပုဂ္ဂိုလ် ၃၉ ဦး၊ စစ်ကောင်စီ အပါအဝင် အဖွဲ့ ၃၁ ခု၏ ပိုင်ဆိုင်မှု၊ ငွေကြေးများကို ပစ်မှတ်ထား အရေးယူမှု ဗြိတိန်က ထပ်မံတိုးမြှင့် – KT 📰 စီးပွားရေးထူးခြားသတင်းများ အမေရိကန်တစ်ဒေါ်လာ ၄၃၂၅ ကျပ်၊ အခေါက်ရွှေတစ်ကျပ်သား ၅၃ သိန်းခွဲ ဝန်းကျင် စျေးတန်းရှိ – KT ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အတွင်းရေးမှူး ဦးဝင်းမြင့်တို့ကို စစ်ကောင်စီက ခေါ်ယူထိန်းသိမ်းထားပြီး ရွှေအသင်း၏ YGEA Facebook တွင် စျေးနှုန်းသတ်မှတ်ခြင်းများကို စစ်တပ်က ကြီးကြပ်တင်ခိုင်းနေ – KT 📰 အခြားထူးခြားသတင်းများ ပူတာအိုကို ရိက္ခာပို့မဲ့ကားတွေ အကန့်အသတ်နဲ့ စတင်သွားလာခွင့်ရ – RFA သက်တမ်းရှိ PJ နိုင်ငံကူးလက်မှတ်များကို PV ပြောင်းလဲလျှောက်ထားခွင့် ရက်အကန့်အသတ်မရှိပိတ် – MZM VPN အသုံးပြုသူများကို ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိ ချမှတ်နိုင်သော ဥပဒေကြမ်း စစ်ကောင်စီက ရေးဆွဲနေပြီး မကြာမီ အတည်ပြု ကြေညာရန်ရှိနေ – KT နှစ်နှစ်ခန့်အတွင်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍမှ ဒေါ်လာ ၁၄သန်းနီးပါး အခွန်ရရှိခဲ့ဟု NUG လျှပ်စစ်ဝန်ကြီးဆို – MPA #rangoonscoutnetwork
1 72416Loading...
02
🟠 လှိုင်မြို့နယ် ယနေ့ည ၁၁နာရီ၅၀မိနစ် ခန့်တွင် လှိုင်မြို့နယ်၊ပါရမီကွန်ဒိုအနီး ခွေးအင်အားအများအပြားရှိနေပါသဖြင့် ဧည့်စစ်ဝင်နိုင်ခြေရှိကြောင်းသိရှိရသည်။ 09 June 2024 #rangoonscoutnetwork
8834Loading...
03
🔴 တောင်ဥက္ကလာပမြို့နယ် ယနေ့ည ၁၀:၄၄ ခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ ၄ရပ်ကွက်၊ စာဂလမ်း၌ အုပ်ချုပ်ရေးမှူးများနှင့် အရပ်၀တ်များ အင်အား ၁၅ခန့်ဖြင့် ဧည့်စစ်ဝင်‌နေ ကြောင်း သတင်းရရှိသည်။ 09 June 2024 #rangoonscoutnetwork
1 7176Loading...
04
🔴 သာကေတမြို့နယ် ယနေ့ည ၁၀:၁၇ ခန့်တွင် သာကေတမြို့နယ်၊ ၇ အရှေ့ရပ်ကွက်၊ အောင်သပြေအရှေ့ ၃ လမ်းအတွင်း၌ အကြမ်းဖက် တပ်သားများမှ ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ 09 June 2024 #rangoonscoutnetwork
1 5233Loading...
05
DAILY HIGHLIGHTS (08 Jun 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ မောင်တောမြို့နယ်က စစ်ကောင်စီစခန်း ၆ ကို ၁ ပတ်အတွင်း အေအေသိမ်းပိုက် – DVB ခန္တီးနှင့် မော်လိုက်တွင် ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၁၀၀ ခန့်သေဆုံးပြီး စစ်တပ်စခန်း ၂၅ ခုထက်မနည်းကို သိမ်းပိုက်ရရှိကာ လက်နက်မျိုးစုံ ၃၉ လက် သိမ်းဆည်းရရှိ – KT စစ်မှုထမ်းဥ‌ပဒေဖြင့် တပ်သားသစ်စုဆောင်းခံရသူများ သင်တန်မပြီးဆုံးမီပင် ရှေ့တန်း ပို့လွှတ်ခံရ၍ သေဆုံးမှုများရှိနေပြီး မည်သည့်ခံစားခွင့်မှရရှိခြင်းမရှိ – AT ရှေ့တန်းထွက်အရာရှိစစ်သည်များ၏ ဇနီးများ ပြင်ပထွက်ခွင့် စစ်ကောင်စီ ပိတ်ပင် – DVB 📰 နိုင်ငံရေးထူးခြားသတင်းများ စစ်​အစိုးရ နှင့် NUG မည်သူက အစိုးရ တာဝန် ယူနိုင်မလဲ၊ ပြည်သူများကမည်သူကို လိုလားသလဲ ဆိုသည့်အပေါ်မူတည် အသိအမှတ်ပြုမည်ဟု AA ပြော – PS 📰 နိုင်ငံခြားရေးထူးခြားသတင်းများ စစ်ခေါင်းဆောင်က ဘင်းမ်စတက်အဖွဲ့ ၂၇ နှစ်ပြည့်ထံပေးပို့သည့်သဝဏ်လွှာ ဘင်းမ်စတက် ဝဘ်ဆိုဘ် တွင်ဖော်ပြဟု စစ်ကောင်စီ သတင်းထုတ် – AT ရခိုင်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများအတွက် တရုတ်နှင့်ဆွေးနွေးမှုရှိဟု AA ပြော – PS တရုတ်နယ်စပ်ဂိတ်များ တရားဝင် ဖွင့်ရန် အဆင်မပြေသေး – DVB မူဝါဒ အပြောင်းအလဲကြောင့် တရုတ်နယ်စပ်ဖြတ်ကျော်ရန် ခက်ခဲ – DVB မြန်မာစစ်ကောင်စီကို အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မဖိတ်ကြား – AT မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် နိုင်ငံရေး ဆွေးနွေးရန် ပိတ် ဆို့နေမှုများ အဆုံးသတ်ရန် အာဆီယံဥက္ကဋ္ဌသစ် ဖြစ်လာတော့မည့် မလေးရှားနိုင်ငံက တောင်းဆို – KT စစ်ကောင်စီက မြန်မာနိုင်ငံသားများ၏ ထိုင်းကွန်ဒိုဝယ်ယူမှုအပေါ် ဖြိုခွင်းအရေးယူနေ၍ ကွန်ဒို ဝယ်လိုအားကျဆင်းနိုင်ဟု ထိုင်းကွန်ဒိုလုပ်ငန်းရှင်အသင်းက ပြောဆို – KT 📰 စီးပွားရေးထူးခြားသတင်းများ စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ရွှေဆိုင်များက လူတစ်ဦးလျှင် ရွှေတစ်ပဲ၊ နှစ်ပဲနှုန်း စစ်တပ် သတ်မှတ်စျေးဖြင့် ရောင်းချပေးရ ၊ အမေရိကန်တစ်ဒေါ်လာလျှင် ၄၃၀၀ ကျပ်ကျော်နှင့် အခေါက်ရွှေတစ်ကျပ်သား ၅၃သိန်းဝန်းကျင်စျေးတန်းရှိ – KT ပြည်တွင်း ရွှေစျေး၊ ငွေစျေးများ မဖြစ်နိုင်သော စျေးနှုန်းများသို့ မြင့်တက်သွားမှု ဝိသမစီးပွားရေးသမားကြောင့်ဟု မင်းအောင်လှိုင်က အပြစ်ဖို့ပြန် – KT စစ်ကောင်စီက ဒေါ်လာရရှိရန်အတွက် ယခင်နှစ်ထက် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်းတင်ပို့နိုင်ရန် မျှော်မှန်းနေ – AT 📰 အခြားထူးခြားသတင်းများ စစ်ကောင်စီက ရွေးကောက်ပွဲအတွက်ရည်ရွယ်၍ သန်းခေါင်စာရင်းကောက်ယူဖို့ ကြိုးပမ်းနေပြီး သတ်မှတ်ရက်အတွင်း ကောက်ယူရန် ကျန်ရှိပါက ရက်တိုးမြှင့်မည် – AT တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇွန် ၁၁ ရက် ကြေညာမည် – DVB စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သော နေရာများတွင် လွတ်လပ်သော အင်တာနက်ကွန်ယက် အစားထိုး တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUG ထုတ်ပြန် – PS စစ်အာဏာသိမ်းကာလ တတိယမြောက် မယ်စကြဝဠာသရဖူ ဆွီဒင်-မြန်မာကပြား အလှမယ်ရရှိ – DVB #rangoonscoutnetwork
3 0738Loading...
06
🔴 လှိုင်သာယာ ယနေ့ည ၁၀:၄၀ ခန့်တွင် လှိုင်သာယာမြို့နယ်၊ ၁ရပ်ကွက်၊ ၁၁ ကွေ့စိန်ပန်းလမ်းထဲ အကြမ်းဖက်တပ်သားများ ဧည့်စာရင်းဝင်နေကြောင်း သိရသည်။ - HTY Scout Channel 08 June 2024 #rangoonscoutnetwork
7271Loading...
07
🔴 လှိုင်သာယာမြို့နယ် ယ​နေ့ည ၁၀ နာရီခွဲခန့်တွင် လှိုင်သာယာမြို့နယ်၊ ၉ ရပ်ကွက်၊ စံရိပ်ငြိမ်လမ်းမှ စ၍  စစ်သား ၉ ​ယောက် ၊ ရဲ ၃​ယောက် နှင့် ၉ရပ်ကွက်မှ ရပ်ကျေးအများအပြားဖြင့် ဧည့်စစ်ဝင်နေ​ကြော်ငး သိရှိရသည်။  – HTY Scout Channel 08 Jun 2024 #rangoonscoutnetwork
7041Loading...
08
🔴 အလုံမြို့နယ် ယနေ့ညတွင် အလုံမြို့နယ်၊ အမက ၆ ကျောင်းရှေ့နှင့် အလက ၂ ကျောင်းရှေ့ အနီးဝန်းကျင်၌ ဧည့်စစ် အစစ်အဆေး ဝင်နေကြောင်း သတင်းရရှိသည်။ 08 Jun 2024 #rangoonscoutnetwork
1 2683Loading...
09
🔴 မြောက်ဒဂုံမြို့နယ် ယနေ့ည ၁၀:၀၅ ခန့်တွင် မြောက်ဒဂုံမြို့နယ်၊ ၄၀ရပ်ကွက်၊မင်းရဲကျော်စွာလမ်းမပေါ် ရှိ ပင်လုံခန်းမရှေ့ တိုက်ခန်းရှေ့၌ စစ် DC ၂ စီး၊ ရဲ မီးတန်းပါ ဆလွန်း တစ်စီး၊ အိမ်စီးကား တစ်စီး ရပ်ထားပြီး အကြမ်းဖက်တပ်သားများမှ ပြည်သူများအား တိုက်ရှေ့တွင်ရပ်ခိုင်း၍ ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ 08 Jun 2024 #rangoonscoutnetwork
1 8155Loading...
10
🔴 ကြည့်မြင်တိုင်မြို့နယ် ယနေ့ည ၉:၃၀ ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ ဘောဂလမ်းအတွင်း၌ အကြမ်းဖက် ရဲ၊ စစ်သား၊ လဝကဝန်ထမ်း နှင့် ထွေအုပ်ဝန်ထမ်း စုပေါင်း အင်အား ၁၀ ခန့်ဖြင့် ဧည့်စစ်ဝင်သွားကြောင်းသိရသည်။ – Kyimyindaing Scout Channel 08 Jun 2024 #rangoonscoutnetwork
6521Loading...
11
DAILY HIGHLIGHTS (07 Jun 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ မောင်တော နခခ ၆ နှင့် နခခ ၉ ကို AA သိမ်းပိုက် – DVB မောင်တောရှိ စစ်ကောင်စီတပ်စခန်း ၆ ခုကို AA က တိုက်ခိုက်သိမ်းပိုက်ရရှိပြီး မောင်တော၊ သံတွဲနှင့်အမ်းတိုက်ပွဲများတွင် စစ်တပ်ဘက်မှ စစ်သား ၅၀၀ ထက်မနည်းသေဆုံး – MZM စစ်ကောင်စီ၏ အင်အား ၅၀၀ ကျော်ပါ စစ်ကြောင်း လွိုင်ကော်ကို ရောက်လာ – MN 📰 နိုင်ငံခြားရေးထူးခြားသတင်းများ မြန်မာနိုင်ငံတွင် နျူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဆောက်ရန် ရုရှားအတည်ပြု – MN မြန်မာအပါအဝင် အထောက်အထားမဲ့ရွှေ့ပြောင်းလုပ်သားများကို ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင် အလုပ်လုပ်ခွင့် ပန်းရောင်ဘတ်လုပ်ပေးရန် ထိုင်းအစိုးရ ခွင့်ပြု – KT ရခိုင်နှင့် စစ်ကိုင်းတွင် စစ်တပ်၏ သတ်ဖြတ်မှုများကြောင့် ပြည်သူအများအပြား သေဆုံးရမှုအပေါ် ကုလအထွေထွေအတွင်းရေးမှူးချုပ်က ကန့်ကွက်ရှုတ်ချပြီး အလွန်စိုးရိမ် – KT 📰 စီးပွားရေးထူးခြားသတင်းများ မြန်မာ့ရွှေစျေး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၃ သိန်းဝန်းကျင်ရှိပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၄၂၃၀ ကျပ်ဝန်းကျင် စျေးပေါက်နေကာ စစ်တပ်၏ ဖမ်းဆီးခြိမ်းခြောက်မှုများကြောင့် အရောင်းအဝယ် ဆက်လက် ရပ်ဆိုင်း – KT 📰 အခြားထူးခြားသတင်းများ NUGအစိုးရ နှင့် အလှူရှင်များ၏ ထောက်ပံ့မှု၊ ကရင်နီပြည်တွင် အခွန်ကောက်ခံမှုများမှ ၁နှစ်လျှင် ကျပ်ငွေ သန်း ၈၀၀၀ကျော် ရရှိဟု ကရင်နီ IEC ဥက္ကဌပြောဆို – KT နိုင်ငံကူးလက်မှတ် အလုပ်အကိုင်(PJ) အမျိုးအစား မှ အလည်အပတ် PV သို့ ပြောင်းလဲမှုများကို စစ်ကောင်စီက ပိတ်ပင်၊ လူငယ်အများစုမှာ ပြည်ပအလုပ်လုပ်ခွင့်ပိတ်ပင်ထား၍ PJ မှ PV ပြောင်းလဲ နိုင်ငံခြားသို့ထွက်ခွာနေမှု ရပ်ဆိုင်းသွားပြန် – KT မြန်မာတွင် ဇွန်လအတွင်း ဖေ့စ်ဘွတ်ခ်အသုံးပြုသူ ထက်ဝက်ခန့် လျော့ကျ – DVB တပ်မ ၇၇ လက်အောက်ခံ ဆက်သွယ်ရေးတပ်ခွဲမှ အကြပ်နှင့်စစ်သည် ၇ ဦး၏ ဇနီးများက ၎င်းတို့၏ခင်ပွန်းများ ကို စွန့်ခွာသွားမှု တပ်တွင်း ဟိုးလေးတကျော်ကျော်ဖြစ် – KT စစ်တွေ၊ ဗျိုင်းဖြူရွာမှ ပြည်သူ ၇၆ ဦးကို စစ်ကောင်စီနှင့်လက်အောက်ခံများက သတ်ဖြတ်မှု TNLA နှင့် MNDAA က အပြင်းအထန် ကန့်ကွက်ရှုတ်ချ – KT စစ်တွေမြို့နယ်တွင် ဗျိုင်းဖြူရွာမှ ပြည်သူ ၇၆ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော စစ်ကောင်စီကို ရခိုင်နှင့် မဟာမိတ်အဖွဲ့ ၂၀၃ ခုက ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ – KT #rangoonscoutnetwork
3 5265Loading...
12
🔴 လှိုင်သာယာမြို့နယ် ယနေ့ည ၁၁နာရီ၁၇မိနစ်တွင် လှိုင်သာယာမြို့နယ်၊ရှမ်းချောင်းကျေးရွာ၌ အကြမ်းဖက်လက်အောက်ခံ အရပ်၀တ်ရပ်ကျေးများမှ အရွယ်ရောက်သူအားလုံး စာရွက်ကိုင်အိမ်ပြင်ထွက်စေကာ ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ 07 Jun 2024 #rangoonscoutnetwork
3 7086Loading...
13
🔴 မြောက်ဒဂုံမြို့နယ် ယနေ့ည ၉:၅၇ ခန့်တွင် မြောက်ဒဂုံမြို့နယ်၊ ၃၉ ရက်ကွက်၊ မေတ္တာလမ်းနှင့် သစ္စာ ၇ လမ်းထောင့်၌ အကြမ်းဖက် တပ်သားများ လမ်းပိတ်၍ ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ 07 Jun 2024 #rangoonscoutnetwork
2 76414Loading...
14
🟠 မြောက်ဥက္ကလာမြို့နယ် ယနေ့ည ၈:၄၀ ခန့်တွင် မြောက်ဥက္ကလာမြို့နယ်၊ ၂ ဈေးအနောက်ဘက် အုပ်ချုပ်ရေးမှူးရုံးနားသို့ အကြမ်းဖက် စစ်ကောင်စီ စစ် DC ၂ စီး၊ အကြမ်းဖက်စစ်သား၊ ရဲသား၊ မော်တော်ပီကယ်များ ရောက်ရှိနေပြီး ဧည့်စစ်ဝင်နိုင်ချေရှ်ိကြောင်း သတင်းရရှိသည်။ 07 Jun 2024 #rangoonscoutnetwork
1 2195Loading...
15
DAILY HIGHLIGHTS (06 Jun 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသော သံတွဲမြို့နယ်ရှိ နေရာ တချို့ကို AA က စတင်သိမ်းပိုက် – KT သံတွဲလေဆိပ်တွင် စစ်တပ်က တပ်စွဲထားပြီး AA ၏ထိုးစစ်ကို ခုခံနေ – KT စစ်ကောင်စီနှင့်ALPတို့၏ ဗျိုင်းဖြူရွာလူသတ်ပွဲ – MN ဖာပွန်မြို့ လက်ကျန်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ် ထိုးစစ်ဆင် – MN ရှမ်းမြောက်၊ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ ဒရုန်းစင်းရေ ၄၀၀ နီးပါး နှင့် ဒရုန်းဗုံးထောင်ချီ စစ်ကောင်စီက ပေးပို့ – KT မကွေးတိုင်း၊ ရေနံချောင်းတွင် PDF များကို စစ်ဆင်ရေးဖြင့် တိုက်ခိုက်ရန် စစ်ကောင်စီက ပြင်ဆင်နေပြီး စစ်ကြောင်းများ ပြင်ဆင်ထားဟု လျှို့ဝှက် အစီ ရင်ခံစာတွင် ဖော်ပြ – KT စစ်မှုထမ်းဥပဒေကြောင့် တောင်ပိုင်းစစ်ဒေသက ၂ လအတွင်း PDF ရဲဘော် ၁၀၀၀ နီးပါး ရောက်ရှိ စစ်သင်တန်းဆင်းသွားပြီး ရဲဘော်သစ်များ ဆက်လက်ခေါ်ယူ လက်ခံနေ – KT 📰 နိုင်ငံခြားရေးထူးခြားသတင်းများ မြဝတီ အလုပ်အကိုင် ကမ်းလှမ်းမှုအတုများကို အိန္ဒိယနိုင်ငံသားများ သတိထားကြရန် သံရုံး ထုတ်ပြန် – MPA မော်ရိုကိုနိုင်ငံသား လူသိများသော YouTube သမား မြန်မာနိုင်ငံတွင် ပျောက်ဆုံးနေ – MPA 📰 စီးပွားရေးထူးခြားသတင်းများ ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များကို စစ်ကောင်စီက ဆိုင်ဖွင့်၊ မဖွင့်၊ သတ်မှတ်စျေးဖြင့် အရောင်းအဝယ် လုပ်၊ မလုပ် စုံစမ်းထောက်လှမ်းနေ၍ ရွှေဆိုင်များ အပြီးပိတ်သိမ်းရမည့် အခြေအနေ ဆိုက်ရောက်လာ – KT အရပ်သားအစိုးရ ကလုပ်ငန်းများကိုထုတ်ချေးခဲ့​သော ကိုဗစ်​ချေး​​ငွေကို အတိုး​​ရော၊အရင်းပါပြန်ဆပ်ရန်စစ်​ကောင်စီဖိအား​ပေး – PS 📰 အခြားထူးခြားသတင်းများ ကရင်နီ ၈ မြို့နယ်၌ ကြားကာလအုပ်ချုပ်ရေးလည်ပတ်၊ ဖက်ဒရယ်ပြည်နယ်အဖြစ် ပါဝင်မည် – DVB TNLA ထိန်းချုပ်မြို့များတွင် အရပ်သားအုပ်ချုပ်ရေးဖြင့် အစားထိုးအုပ်ချုပ်မည် – DVB ဆယ်လီမီဒီယာများအား ဆင်ဆာ တင်းကျပ်ရန် စစ်ကောင်စီ ပြန်ကြားရေး စီစဥ်နေ – MPA နေပြည်တော်တွင် စစ်အရာရှိမှ အသွင်ပြောင်းလာသော ရဲမှူး လှကျော်ဦးက ရဲတပ်ကြပ်တစ်ဦး၏ အသက်မပြည့်သေးသော ဆယ်ကျော်သက်အရွယ် သမီးငယ်ကို အကြိမ်ကြိမ် မုဒိမ်းပြုကျင့်မှုဖြစ်ပွား – KT VPN ဖြင့် လူမှုကွန်ရက်အသုံးပြုမရစေရန် ဆက်သွယ်ရေးက ညွှန်ကြားထား – DVB VPN App အသစ်တစ်ခု သုံးနိုင်တော့မယ်လို့ NUG ပြော – RFA အင်တာနက် ဖြတ်ခံထားရတဲ့နေရာ သုံးရာနီးပါးရှိလာ – RFA မြေရှားသတ္တုလုပ်ကွက် ပြိုကျမှု မြန်မာ ၂ ဦးနဲ့ တရုတ် ၂ ဦး ရုပ်အလောင်းတွေ့ရှိထား – MZM လူသိနည်းဆေးလိပ်ကို စစ်တပ်ကုမ္ပဏီက အဆပေါင်းများစွာ တိုးထုတ်နေ – MN #rangoonscoutnetwork
3 5409Loading...
16
🔴 ကမာရွတ်မြိုနယ် ယနေ့ည ၉:၀၀ ၀န်းကျင်တွင် ကမာရွတ်မြိုနယ်၊၃ရပ်ကွက်၊ ပတ္တမြားလမ်း၌ စစ်DC ၁စီး၊အိမ်စီးကား ၂စီးတိုဖြင့် စေတီအနီးနားရှိတိုက်များအား ဧည့်စစ်၀င်ရောက်ခဲ့ကြောင်းသိရှိရသည်။ –Kamayut Information Scout Channel - KISC 06 Jun 2024 #rangoonscoutnetwork
9132Loading...
17
⚫ လှိုင်မြို့နယ် ဇွန်လ၊ ၅ ရက်နေ့တွင် လှိုင်မြို့နယ်၊ ၁၁ ရပ်ကွက်၊ ရွှေဟင်္သာလမ်းထဲတွင် ပြည်သူလူငယ် ၄ ဦးအား အကြမ်းဖက်အဖွဲ့များမှ ဖမ်းဆီးသွားကြောင်း သိရှိရသည်။ - Hlaing Info 06 Jun 2024 #rangoonscoutnetwork
9826Loading...
18
DAILY HIGHLIGHTS (05 Jun 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ နှစ်ပေါင်း ၃၀ လက်နက်ကိုင်တော်လှန်ရေးအတွင်း ကယန်းပြည်သစ်ပါတီ တပ်ဖွဲ့ဝင် ၅၀၀ ကျော်ကျဆုံး – DVB KNU တပ်မဟာ ၅ နယ်မြေတွင် မေလတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၆၀ ဝန်းကျင် သေဆုံးထိခိုက်ဒဏ်ရာရရှိမှုရှိပြီး စစ်တပ် စခန်း ၅ ခုကို သိမ်းပိုက်ရရှိ – KT 📰 နိုင်ငံခြားရေးထူးခြားသတင်းများ မြန်မာဘက်သို့ ကုန်ပစ္စည်းများမတင်ပို့ရန် အိန္ဒိယနိုင်ငံ လိုင်လူငယ်အသင်း ထပ်မံသတိပေး – MZM မြန်မာ့အရေး ဝင်မစွက်ခြင်းသည် လျစ်လျူရှုရန် ဆင်ခြေတစ်ခု မဟုတ်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆို – MPA ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေး – KT 📰 စီးပွားရေးထူးခြားသတင်းများ ရွှေဆိုင်များ ဖွင့်လှစ်ရန်၊ သတ်မှတ်ရွှေစျေးနှုန်းဖြင့် ရောင်းဝယ်ရန် စစ်ကောင်စီက ညွှန်ကြားလာပြီး လိုက်နာကြရန် ရန်ကုန်ရွှေအသင်းက သတိပေးကြေညာချက်ထုတ်ပြန် – KT 📰 ကျားဖြန့် BGF တပ် စီးပွားရေးလုပ်ငန်းများတွင် ခေါင်းဆောင်ဖြစ်သူ စောချစ်သူ၏ မိသားစု ပါဝင်ပတ်သက်မှုများအပေါ် စောချစ်သူအပါဝင် BGF ခေါင်းဆောင်များ လိမ်လည်ဖြေကြား (အပိုင်း- ၂) – KT 📰 အခြားထူးခြားသတင်းများ KIO က ယခုပညာရေးနှစ်တွင် ကျောင်းပေါင်း ၄၈၈ ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်လိုက်ပြီး အခြေခံပညာရေး သင်ရိုးညွှန်းတမ်း မူဘောင်များ ရေးဆွဲပြီးစီး – KT လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ထံမှ နိုင်ငံပိုင်အဖြစ် သိမ်းဆည်းထားသော ရွှေ၊ ကျောက်သံပတ္တမြားများကို စစ်ဆေးသည့် စစ်ထောက်လှမ်းရေးအဖွဲ့က အတုများဖြင့် လဲလှယ်ခဲ့မှု စစ်အရာရှိနှင့်စစ်သည်များ အဖမ်းခံရ – KT ဖမ်းဆီးအရေးယူခံထားရသော ဒေါ်လာဝယ်ရောင်းနှင့် ဟွန်ဒီငွေလွှဲသူများ၏ ဘဏ်အကောင့်နှင့် ငွေစာရင်းများကို စစ်ကောင်စီက ပိတ်သိမ်းလိုက်ပြီး အဆိုပါ ငွေစာရင်းများရှိ ငွေကြေးများအားလုံးကို စစ်တပ်က သိမ်းယူ – KT စစ်ကောင်စီက ဖမ်းဆီးထားသည့် ရွှေဆိုင်နှင့်ရွှေကုန်သည်များထံမှ ရွှေများတောင်းနေပြီး မပေးလျှင် ပိုင်ဆိုင်မှုများ ချိတ်ပိတ်မည်ဟု ခြိမ်းခြောက် – KT NLD နာယက၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး၏ စျာပနကျင်းပ – DVB မြန်မာမူးယစ်မှောင်ခိုကွန်ရက်နှင့် ပတ်သက်သည့် ထိုင်းဝရမ်းပြေးကို ဘာလီကျွန်း၌ ဖမ်းမိ – DVB ပုဂံတွင် စစ်ကောင်စီက ရေကန် ၁၀၀နီးပါးအား ကန်ဆယ်ပြီးယတြာချေ။ ထီးလိုမင်းလိုဘုရားကိုပါ မိုးကြိုးလွှဲတပ်ဆင်သွား – PS #rangoonscoutnetwork
4 11011Loading...
19
🔴 သာကေတမြို့နယ် ယနေ့ည ၁၀:၃၈ ခန့်တွင် သာကေတမြို့နယ်၊ ၂ မြောက်ရပ်ကွက်၊ ထူပါရုံ ၁၉ လမ်းအတွင်းရှိ အပေါ်ထပ်များအား ရဲ DC တစ်စီးဖြင့်၊ အကြမ်းဖက် တပ်သားများမှ ဧည့်စစ်ဝင်သွားခဲ့ကြောင်း သတင်းရရှိသည်။ 05 Jun 2024 #rangoonscoutnetwork
9765Loading...
20
🔴 မြောက်ဥက္ကလာမြို့နယ် ယနေ့ည ၈:၃၀ ခန့်တွင် မြောက်ဥက္ကလာမြို့နယ်၊ ၂ ရပ်ကွက်၊ ယုဇန ၃ လမ်းတွင် ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ 05 Jun 2024 #rangoonscoutnetwork
2 21410Loading...
21
DAILY HIGHLIGHTS (04 Jun 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ နယ်ခြားစောင့်စခန်း ၂ ခု AA သိမ်းပိုက်ပြီး နခခ ၆ ကို ထိုးစစ်ဆင်၊ ဗျိုင်းဖြူရွာဖြစ်စဉ်တွင် သေဆုံး သူ ၇၆ ဦးရှိလာ – DVB ငပလီမြို့ ၃ မိုင်အကွာ AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန် – KT အာရှလမ်းအနီးတဝိုက် စစ်တပ်နှင့် KNLA ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲဆက်လက်ဖြစ်ပွား – DVB စစ်ကောင်စီ၏အောင်ဇေယျစစ်ကြောင်း ၁ လကျော်ကြာသည်အထိ မြဝတီသို့မရောက်နိုင်သေး – MN မင်းကင်းမှာ မင်္ဂလာဆောင် ဗုံးကြဲခံရလို့ လူနှစ်ဆယ်ကျော်သေဆုံး – RFA နေပြည်တော်တိုင်းမှူးနှင့် ညွှန်ကြားရေးမှူး ဗိုလ်ချုပ်များကို အရန်အင်အားပို့ထားပြီး စကခမှူးများကို အခြေချစစ်ဗျူဟာများသို့ ပို့ဆောင် – AT စစ်ကောင်စီက ဒုတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်၊ လက်ထောက်စစ်ထောက်ချုပ်နှင့် တွဲဖက်စစ်ရေးချုပ်ရာထူးနေရာများတွင် မျက်နှာသစ် ဗိုလ်ချုပ်များဖြင့် ရာထူးတိုးပေး အစားထိုး – KT အမျိုးသမီးများကို စစ်မှုထမ်းအပတ်စဥ် ၅ တွင် ခေါ်ယူရန် စစ်ကောင်စီ ညွှန်ကြား – DVB ဘူးသီးတောင်မြို့သိမ်း တိုက်ပွဲကာလမတိုင်မီက မီးရှို့ခံရသည့် နေအိမ် ၂,၀၀၀ ကျော်ရှိသည်ဟု AA စစ်ဦးစီးချုပ် ပြော – MZM စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီတပ်က အစုလိုက် အပြုံ လိုက် သတ်ဖြတ်မှုအပေါ် NUGက ပြင်းထန်စွာရှုတ်ချလိုက်ပြီး တရားမျှတမှု ရရှိရေး ကြိုးပမ်းဆောင်ရွက်မည် – KT 📰 နိုင်ငံရေးထူးခြားသတင်းများ ရှမ်းမြောက်တွင် KIA နှင့် ပြဿနာကြီးထွားလာမှု ကြားဝင်​ဖြေရှင်း​ပေးရန် FPNCC ထံ TNLA ​တောင်းဆို – MZM ရှမ်းပြည်မြောက်ပိုင်းမှာ TNLA နဲ့SSPP/SSA နယ်မြေ အငြင်းပွားမှု ဖြစ်ပွား – MZM 📰 နိုင်ငံခြားရေးထူးခြားသတင်းများ မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ပုလိပ်အဖွဲ့ FATF က မြောက်ကိုရီးယားနှင့်အီရန်နိုင်ငံကဲ့သို့ အဆုံးစွန် ဘဏ္ဍာရေးဆိုင်ရာများ ပိတ်ဆို့အရေးယူရေး လာမည့် စင်ကာပူ အစည်းအဝေးတွင် ဆုံးဖြတ်ရန် ရှိနေ – KT 📰 စီးပွားရေးထူးခြားသတင်းများ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းက ရွှေဈေးကို ၁ ရက်အတွင်း ကျပ် ၇ သိန်းကျော်အထိ ဆွဲတင် – AT မြန်မာ့ရွှေစျေးကွက်တွင် မီးလင်းရွှေ အရောင်းအဝယ် လုံး၀ ရပ်ဆိုင်းသွားပြီး ရွှေဆိုင်အများစု အခေါက်ရွှေနှင့် ဖြတ်စ မရောင်းဟု စာကပ်ထားကြ – KT ပြည်ပမှ သွင်းကုန်များတင်သွင်းမှုကို စစ်​ကာင်စီ ကန့်သတ်​လျှော့ချ။ ကန့်သတ်ပိတ်ပင်ခံရ​​သောသွင်းကုန်ပစ္စည်းများ​ရှားပါး​ဈေးကြီးလာနိုင်ဟုလုပ်ငန်းရှင်အချို့​ပြော – PS စစ်အသုံးစရိတ် စံချိန်တင်မြင့်တက်၊ ကျပ်ငွေ တန်ဖိုး ၂၅ ရာခိုင်နှုန်းအထိ ကျဆင်း – DVB အမေရိကန် ထိန်းသိမ်းထားသည့် မြန်မာပိုင် ကန်ဒေါ်လာ ၁ ဘီလီယံ‌ကျော်မှ အတိုးရရှိရေး NUG ကြိုးပမ်း – MZM 📰 အခြားထူးခြားသတင်းများ ထိုင်းအိမ်ခြံမြေရောင်းဝယ်ရေးလုပ်နေသူ မြန်မာများကို စစ်ကောင်စီက ဖမ်းနေ၊ ရိုးမဘဏ်သူဌေး ဦးသိမ်းဝေလည်း ဖမ်းခံရဟု ကောလာဟလထွက် – MN စစ်ကောင်စီက ဖမ်းဆီး ၊ ၀ရမ်းထုတ်ထားသော နိုင်ငံခြားငွေဝယ်ရောင်း ပွဲစား ၂၅ ဦးတွင် ငွေလဲလုပ်ငန်း မလုပ်ကိုင်တော့သူများကိုပါ ကျော်စောဖြင့် ရမ်းသမ်း ဖမ်းဆီးထား – KT စာရိတ္တနှင့်ပြည်သူ့နီတိဘာသာရပ်အား မဖြစ်မနေသင်ရန် စစ်ကောင်စီ အမိန့်ထုတ် – DVB မြန်မာနိုင်ငံတွင် VPN ဖြင့် Facebook အသုံးပြုမှုကို မေလ ၃၀ ရက်နေ့မှစတင် ပိတ်ပင်လိုက်ပြီး စီမံချက်ကို ဒုဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်က ဦးဆောင်ကာ ဗိုလ်မှူးကြီး သီဟမင်းထွန်း၊ ကကဆက် ၊ Mascots ကုမ္ပဏီမှ ဒေါက်တာဝင်းကျော်နှင့် တရုတ်နည်းပညာရှင်အဖွဲ့က ပူးပေါင်းဆောင်ရွက် – KT စစ်ကောင်စီ၏ Facebook အစားထိုး My Space Myanmar ကို ဆန့်ကျင်မှု အောင်မြင် – DVB #rangoonscoutnetwork
3 6938Loading...
22
ရန်ကုန်မှတ်တမ်း (ဇွန် ၃ - ၄၊ ၂၀၂၄) •••••••••••••••®••••••••••••••• ဇွန်လ ၄ ရက်နေ့ညက ရန်ကုန်၌ ဗုံးပေါက်ကွဲမှု အနည်းဆုံး ၃ ကြိမ်ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။ ည ၇ နာရီ ၄၀ မိနစ်ခန့်က မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်ရပ်ကွက်ရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး NOKA UG တပ်ဖွဲ့မှ ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ည ၉ နာရီခန့်ကလည်း မင်္ဂလာဒုံမြို့နယ်တွင်း ဗုံးပေါက်ကွဲသံထပ်ကြားရကြောင်း သတင်းရရှိပြီး စစ်တပ်ပိုင် MEC နို့ချက်စက်ရုံ၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ကနဦးသိရှိရသည်။ ထို့ပြင် ရွှေပြည်သာမြို့နယ်တွင်း၌ ည ၁၀ နာရီ ၂၂ မိနစ်ခန့်က ဗုံးပေါက်ကွဲသံ ထပ်မံကြားလိုက်ရပြီး ၎င်းအသံမှာ ရွှေပြည်သာမြို့နယ်၊ ၂ ရပ်ကွက်ရုံး၌ ပေါက်ကွဲခဲ့ခြင်းကြောင့် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ကနဦးသိရပြီး ထိခိုက်မှုတချို့ရှိနိုင်ကြောင်းလည်း သတင်းရရှိသည်။ မှော်ဘီမြို့နယ်၊ ၉၁ ဂိတ်အနီးဝန်းကျင်မှလည်း ဇွန်လ ၄ ရက်နေ့ ည ၇ နာရီခန့်မှစ၍ ည ၉ နာရီခွဲကျော်သည်အထိ လက်နက်ပစ်ခတ်သံဟုယူဆရသည့် ကျယ်လောင်သည့်အသံများ ဆက်တိုက်ကြားရကြောင်း သတင်းရရှိပြီး ဖြစ်စဉ်ကို စုံစမ်းနေဆဲဖြစ်သည်။ ဇွန်လ ၄ ရက်နေ့တွင်ပင် ရန်ကုန်မြို့တစ်နေရာ၌ ဗကသများအဖွဲ့ချုပ်၊ တာမွေသပိတ်ကော်မတီ၊ လူ့ဘောင်သစ်လူငယ်၊ MDF၊ KMD18၊ လင်းရောင်နီ (လူငယ်အဖွဲ့အစည်း) နှင့် Owl Community အဖွဲ့တို့ ပူးပေါင်း၍ "မတရားစစ်မှုထမ်းဥပဒေကို လူထုအားနှင့် ဆန့်ကျင်ကြ" စာသားပါဘန်နာအား ကိုင်စွဲကာ ဆန္ဒထုတ်ဖော် လှုံ့ဆော် လှုပ်ရှားခဲ့ကြကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းများအား ပြည်တွင်း၌ တရားမဝင်ရောင်းချနေ၍ဟုဆိုကာ ပုဇွန်တောင်မြို့နယ်၊ ၅၁ လမ်းအထက်ရှိ Minn Thu ကုမ္ပဏီမှ တာဝန်ရှိသူ ၁ ဦးနှင့် တိုက်ခန်းဝယ်ယူထားသူ ၃ ဦးတို့ကို ဖမ်းဆီးလိုက်ပြီး Minn Thu ကုမ္ပဏီမှ အထွေထွေမန်နေဂျာမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဇွန်လ ၃ ရက်နေ့က စစ်ကောင်စီမှ ထုတ်ပြန်ကြေညာထားသည်။ စစ်ကောင်စီမှ ဖမ်းဆီး၊ ဝရမ်းထုတ်ထားသည့် နိုင်ငံခြားငွေ ဝယ်ရောင်းပွဲစား ၂၅ ဦးတို့အနက် လက်ရှိ ငွေလဲလုပ်ငန်း မလုပ်ကိုင်နေတော့သူများကိုပါ ကျော်စော၍ဆိုကာ ရမ်းသမ်းဖမ်းဆီးထားကြောင်း Khit Thit မှ သိရှိရသည်။ နာမည်ကြီး ရွှေလုပ်ငန်းရှင်များ ဖမ်းဆီးခံရပြီးနောက် ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းက အခေါက်ရွှေ ရည်ညွှန်းဈေးကို ၁ ရက်အတွင်း ကျပ် ၇ သိန်းကျော် တင်လိုက်ကြောင်း Ayeyarwaddy Times မှ သိရှိရသည်။ ယခင် ၄၁ သိန်းဝန်းကျင် သတ်မှတ်ထားရာမှ ဇွန်လ ၄ ရက်နေ့တွင် ၄၈ သိန်း ၇ သောင်းဝန်းကျင်ထိ တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် ရန်ကုန်နှင့် မန္တလေး ရွှေဈေးကွက်တွင် မီးလင်းရွှေ အရောင်းအဝယ် လုံးဝရပ်ဆိုင်းသွားပြီး ရွှေဆိုင်အများစုတွင် အခေါက်ရွှေနှင့် ဖြတ်စများ မရောင်းဟု စာသားများ ကပ်ထားကြောင်းလည်း Khit thit မှ သိရှိရသည်။ ကျောင်းစတင်ဖွင့်လှစ်သည့်နေ့တွင် ရန်ကုန်ရှိ စာသင်ကျောင်း စုစုပေါင်း ၂၇၅၄ ကျောင်းတို့၌ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀ သိန်းကျော် တက်ရောက်နေကြောင်း စစ်ကောင်စီ လော်ဘီမီီဒယာများမှ ဖော်ပြထားကြသည်။ NLD ပါတီ နာယက သူရဦးတင်ဦး၏ ဈာပနအခမ်းအနားကို ဇွန်လ ၅ ရက်နေ့ နေ့လည် ၂ နာရီတွင် ရေဝေးသုသာန်၌ ကျင်းပမည်ဖြစ်ပြီး ယခင် ကွယ်လွန်ခဲ့ပြီးသော NLD ပါတီ နာယက ဟံသာဝတီဦးဝင်းတင်၏ အုတ်ဂူနှင့် တစ်တန်းတည်းထား၍ ဂူသွင်းသင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ သူရဦးတင်ဦး၏ နာရေးသို့ ဒေါ်အောင်ဆန်းစုကြည်အမည်နှင့် လွမ်းသူပန်းခြင်းတစ်ခု စစ်ကောင်စီမှ ပို့ဆောင်ပေးထားကြောင်း သိရပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်လည်း လွမ်းသူပန်းခြင်းနှင့် သင်္ကန်းတစ်စုံပေးပို့ခဲ့ကြောင်း RFA မှ သိရှိရသည်။ #rangoonscoutnetwork
5 00317Loading...
23
🔴 သာကေတမြိုနယ် ယနေ့ည ၁၀နာရီ၂၅မိနစ်ခန့်တွင် သာကေတမြိုနယ်၊၄မြောက်ရပ်ကွက်၊၁၁လမ်း၌ အကြမ်းဖက်စစ်သားများမှ ရှေ့ပိတ်နောက်ပိတ် အပြိုင်ဧည့်စစ်ဝင်နေကြောင်းသိရှိရပါသည်။ 04 Jun 2024 #rangoonscoutnetwork
1 4197Loading...
24
🔴 သင်္ဃန်းကျွန်းမြို့နယ် ယနေ့ည ၁၀:၂၆ ခန့်တွင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ ပြည်တော်အေးဖြတ်လမ်း ၄ ၌ အကြမ်းဖက် တပ်သားများမှ ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ 04 Jun 2024 #rangoonscoutnetwork
1 4528Loading...
25
🔴 ပုဇွန်တောင်မြို့နယ် ယနေ့ည ၁၀:၁၈ ခန့်တွင် ပုဇွန်တောင်မြို့နယ်၊ ၇ ရပ်ကွက်၊ ရေကျော်လမ်းမပေါ် YMBA နှင့် မိုးသီးဆေးခန်း အနီးဝန်းကျင်ရှိ တိုက်များ၌ ရဲ စလွန်း တစ်စီး၊ စစ် SC တစ်စီး၊ အကြမ်းဖက်စစ်သားနှင့် ရဲ အင်အား ၁၀ ယောက်ခန့်ဖြင့် ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ – PAZUNDAUNG Tsp [Scout & News Channel] 04 Jun 2024 #rangoonscoutnetwork
9005Loading...
26
🟠 သဃ်န်းကျွန်းမြို့နယ် ယနေ့ည ၁၀:၁၀ ခန့်တွင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ င/ခ ရပ်ကွက်၊ အစ္စလာမ်ဘိုးဘွားရိပ်သာကျောင်းအနီး၌ ရဲ DC တစ်စီးရောက်ရှိနေသဖြင့် အနီးဝန်ကျင်၌ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သတင်းရရှိသည်။ 04 Jun 2024 #rangoonscoutnetwork
2 3819Loading...
27
DAILY HIGHLIGHTS (03 Jun 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ ငပလီကမ်းခြေဟိုတယ်ဇုန်အနီးတိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်စခန်းတစ်ခု စွန့်ခွာထွက်ပြေး – PS စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ ပြည်သူ ၅၀ ကျော်ကို လက်ပြန်ကြိုးတုပ်၊ နေပူလှန်း၊ အစာမကျွေးဘဲ ညှဉ်းပန်း သတ်ဖြတ်ပြီး အမျိုးသမီးတချို့ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီ၏လုပ်ရပ်ကို လက်စားချေမည်ဟု AA က ကြေညာ – KT အရန်တပ်ဖွဲ့ ဥပဒေအရ စစ်မှုထမ်းဟောင်းများ စစ်မှုထမ်းရန် သတင်းပို့ရ – DVB 📰 နိုင်ငံခြားရေးထူးခြားသတင်းများ ရိုဟင်ဂျာအရေး ဖြေရှင်းရာမှာ ကုလသမဂ္ဂက မြန်မာစစ်ကောင်စီကို တွန်းအားပေးဖို့ ဘင်္ဂလားဒေ့ရှ် တောင်းဆို – AT 📰 စီးပွားရေးထူးခြားသတင်းများ စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း စစ်ကောင်စီက မြန်မာကျပ်ငွေ ၃၀၀၀၀ ဘီလီယံ နီးပါး ရိုက်ထုတ်ခဲ့မှုက ကျပ်ငွေတန်ဖိုးထိုးကျမှု၏ အဓိက အကြောင်းအရင်းတွင်ပါဝင်နေဟု NUG ဘဏ္ဍာရေးဝန်ကြီးနှင့် ဒေါက်တာရှောင်တာနယ် ပြောဆို – KT မြန်မာနိုင်ငံ၏ အဓိက ရွှေဆိုင်ပိုင်ရှင်နှင့်ရွှေကုန်သည် ၁၀ ဦးကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ပြီး ၂၁ ဦးကို ဖမ်းဆီးထားမှု ပြည်တွင်းရွှေစျေးကွက် လုံး၀ ပြိုကျပျက်စီးသွား – KT စစ်​ကောင်စီက စစ်အသုံးစရိတ်ကို သမိုင်းတလျောက်စံချိန်တင်သုံးစွဲ – PS မြန်မာငွေတန်ဖိုး ကျဆင်းနေရခြင်း၏ အဓိကအချက်မှာ ငွေစက္ကူသစ် ဘီလီယံသုံးသောင်းခန့် စစ်ကောင်စီ ရိုက်နှိပ် ထုတ်ဝေခြင်းကြောင့်ဟု NUG ဆို – MPA 📰 ကျားဖြန့် အွန်လိုင်းရာဇဝတ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုနှင့် BGF တပ်စီးပွားရေးလုပ်ငန်းများတွင် မိသားစု ပါဝင်ပတ်သက်မှု များအပေါ် စောချစ်သူ အပါဝင် BGF ခေါင်းဆောင်များ လိမ်လည်ဖြေကြား (အပိုင်း- ၁) – KT 📰 အခြားထူးခြားသတင်းများ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး၏ နာရေးသတင်း လူမှုကွန်ရက်ပေါ် မတင်ရန် တပ်အရာရှိများ သတိပေးခံရ – DVB မြန်မာနိုင်ငံတွင် Facebook အသုံးပြုမှုကို စစ်ကောင်စီက Myspace ဖြင့် အစားထိုးမည်ဖြစ်ပြီး VPN ပိတ်ဆို့ရေး အရှိန်အဟုန်မြှင့် လုပ်ဆောင်နေ – KT နိုင်ငံတစ်ဝန်း ကျောင်းအပ်နှံသူ ရှစ်သောင်းခန့် လျော့ကျ – RFA #rangoonscoutnetwork
2 5336Loading...
28
🔴 တောင်ဥက္ကလာမြို့နယ် ဇွန်လ ၃ ရက်နေ့ညက တောင်ဥက္ကလာမြို့နယ်၊ ၅ ရပ်ကွက်၊ ၂၄ လမ်းထဲ ဧည့်စစ်ဝင်သွားခဲ့ပြီး အမျိုးသမီး ၁ ဦးအား ဧည့်မတိုင်ထား‌ဟုဆိုကာ ရုံးသို့ ခေါ်ယူသွားကြောင်း သတင်းရရှိသည်။ 04 Jun 2024 #rangoonscoutnetwork
1 2555Loading...
29
🔴 ရွှေပြည်သာမြို့နယ် ယနေ့ည ၁၁နာရီ၄၀မိနစ်အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊၁၃ရပ်ကွက်၊ပန်းခြံ(၈) ရဲရန်နိုင်လမ်းအတွင်း၌ အကြမ်းဖက်စစ်တပ်လက်အောက်ခံများမှ အရပ်ဝတ်များဖြင့် အဆောင်များကိုအဓိကထား ဧည့်စစ်ဝင်နေကြောင်းသိရှိရသည်။ 03 Jun 2024 #rangoonscoutnetwork
2 3265Loading...
30
🔴 စမ်းချောင်းမြို့နယ် ယနေ့ည ၁၀:၀၅ ခန့်တွင် စမ်းချောင်းမြို့နယ်၊ ကျွန်းလယ်ရပ်ကွက်၊ မြောင်းမြလမ်းနှင့် ဗဟိုလမ်းထောင့်နားရှိ အိမ်တစ်အိမ်သို့ ရခ DC တစ်စီးဖြင့် အကြမ်းဖက် တပ်သားများမှ ဧည့်စစ်ဝင်ခဲ့ကြောင်း သိရှိရသည်။ – Sanchaung Scout Channel 03 Jun 2024 #rangoonscoutnetwork
1 2423Loading...
31
🔴 တောင်ဥက္ကလာမြို့နယ် ယနေ့ည ၁၀:၀၉ ခန့်တွင် တောင်ဥက္ကလာမြို့နယ်၊ ၅ ရပ်ကွက်၊ ၂၄ လမ်းအတွင်း၌ စစ် DC တစ်စီးနှင့် အကြမ်းဖက်တပ်သား ၈ ယောက်ခန့်ဖြင့် ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ 03 Jun 2024 #rangoonscoutnetwork
2 3335Loading...
32
🔴 မင်္ဂလာတောင်ညွန့်မြို့နယ် ယနေ့ည ၉:၁၅ ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/ တောင် ရပ်ကွက်၊ မြန်မာဂုဏ်ရည်လမ်းနှင့် ဦးဖိုးကျားလမ်း ကောင်းစုံကျောင်းတိုက်အနီးရှိ တိုက်တစ်ခု၌ Honda Fit တစ်စီးဖြင့် အကြမ်းဖက် စစ်သား၊ ရဲနှင့် ရပ်ကျေးအဖွဲ့ဝင်များမှ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ – MGTN Spring News and Scout Channel 03 Jun 2024 #rangoonscoutnetwork
1 0151Loading...
33
⚫ လှိုင်သာယာမြို့နယ် ယနေ့ညနေ ၆:၅၀ ခန့်တွင် လှိုင်သာယာမြို့နယ်၊ တပ်ထိပ်နားတွင် ပြည်သူလူငယ် ၁၀ ဦးခန့်အား အကြမ်းဖက်စစ်သားများမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ 03 Jun 2024 #rangoonscoutnetwork
5 38218Loading...
34
⚫️ ကျောက်တံတားမြို့နယ် ဇွန် (၃)၊ နေ့လည် ၂ နာရီဝန်းကျင်တွင် ကျောက်တံတားမြို့နယ်၊ ၃၉ လမ်း၊ အောက်ဘလောက်ရှိ —- ဆိုင်မှ ဝန်ထမ်းအမျိုးသမီး ၁ ဦး (မန်နေဂျာ) ကို စစ် DC ၃ စီး၊ အကြမ်းဖက် စစ်သားအင်အားစုစုပေါင်း ၁၀ ဦးခန့်ဖြင့် ဝင်ရောက်ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။ 03 June 2024 #rangoonscoutnetwork
1 30910Loading...
35
DAILY HIGHLIGHTS (02 Jun 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ စစ်ကောင်စီ၏ သင်္ဃန်းညီနောင် အခြေချ ဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့မှု ကရင့်တော်လှန်ရေး အောင်မြင်မှု အမှတ် သင်္ကေတဖြစ်၍ အမှားမခံနိုင်ဘဲ ရန်သူ့လက်ထဲ ပြန်မရောက်ရေး စုပေါင်းကာကွယ်ရန် KNLA ဗိုလ်မှူးချုပ် တာမလာသော သတိပေး – KT မြဝတီမြို့ဝင်ဆိုင်ဘုတ်အနီးတွင် အောင်ဇေယျစစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား – MZM ဟုမ္မလင်းတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ သီတင်းနှစ်ပတ်ကျော်သည်အထိ ပြင်းထန်နေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ – KT စစ်တပ်အတွင်း ဒုတိယဗိုလ်မှူးကြီး အဆင့် အရာရှိ ၂၅ ဦးကို ရာထူးတိုး အပြောင်းအရွှေ့ပြုလုပ် – KT 📰 နိုင်ငံရေးထူးခြားသတင်းများ KTLA ပြောခွင့်ရ ဗိုလ်မှူးစောအင်္ဂလိပ် BGF နဲ့ပြန်ပူးပေါင်း၊ လက်နက်တချို့ယူဆောင်သွား – SP 📰 နိုင်ငံခြားရေးထူးခြားသတင်းများ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ဝိုင်းဝန်းဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ် တိုက်တွန်း – RFA 📰 စီးပွားရေးထူးခြားသတင်းများ ရွှေစျေးနှုန်းများ မြင့်တက်အောင် ပြုလုပ်သည်ဟုဆိုကာ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ဇွဲထွက်၊ ဝိန့်စိန်နှင့် အကယ်ဒမီ ရွှေလုပ်ငန်း အပါ အဝင် ရွှေဆိုင်ပိုင်ရှင်နှင့်ကုန်သည် ၁၀ ဦးကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ် – KT 📰 အခြားထူးခြားသတင်းများ ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူထားသူများ၏ နောက်ကြောင်းရာဇဝင်၊ ဝင်ငွေရလမ်းနှင့် အခွန်ဆောင်ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုများ စစ်ကောင်စီ လက် အောက်ခံ စသုံးလုံးက လုပ်ဆောင်နေ – KT ဒီနှစ်အတွက် ကျောင်းအပ်နှံသူ ခြောက်သန်းကျော်ရှိကြောင်း စစ်ကောင်စီပြော – RFA #rangoonscoutnetwork
3 5708Loading...
36
ရန်ကုန်တိုင်းအတွင်း မေလ စစ်ရေးဖော်ဆောင်မှုများ •••••••••••••••®••••••••••••••• ဇွန် ၃၊ ၂၀၂၄ ရန်ကုန်တိုင်းအတွင်းတွင် မေလ၌ စစ်ရေးဖော်ဆောင်မှု စုစုပေါင်း (၂၂) ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပြီး ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု (၁၆) ကြိမ်၊ လုပ်ကြံမှု (၃) ကြိမ်တို့ပါဝင်ခဲ့ကာ စစ်ဆင်ရေးပစ္စည်းဖယ်ရှားခံရမှု (၃) ကြိမ်ထိ ရှိခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိအခိုက်များစေသည့် အောင်မင်္ဂလာအဝေးပြေးရှေ့စစ်ကောင်စီတပ်စခန်း၊ မြောက်ဒဂုံ (၃၂) ရပ်ကွက်ရုံး၊ ဒဂုံဆိပ်ကမ်း လဝကရုံး၊ ပေါက်တောဝဘန်ကာ၊ ရွှေနံ့သာအုပ်ချုပ်ရေးရုံးနှင့် ရွှေပြည်သာ အာမီရမ်စက်ရုံရှေ့ကင်းစခန်းတို့အား ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့သည့်အပြင် အင်းစိန်ကြို့ကုန်းအနောက်ရပ်ကွက်ရုံးအတွင်းသို့ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်နိုင်ခဲ့ပြီး ရဲဘော်များ ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။ #rangoonscoutnetwork
5 99316Loading...
37
ရန်ကုန်မှတ်တမ်း (မေ ၃၁ - ဇွန် ၂၊ ၂၀၂၄) •••••••••••••••®••••••••••••••• ဇွန်လ ၂ ရက်နေ့ ည ၇ နာရီ ၅၅ မိနစ်ခန့်က မင်္ဂလာဒုံမြို့နယ်တွင်း ဗုံးပေါက်ကွဲသံ တစ်ချက် ကျယ်လောင်စွာကြားလိုက်ရခြင်းမှာ Yangon UG People Army တပ်ဖွဲ့မှ မင်္ဂလာဒုံရဲစခန်းဝန်း အိမ်ထောင်သည်လိုင်းခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ ဇွန်လ ၁ ရက်နေ့ ညနေ ၆ နာရီခန့်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ သာယာကုန်းကျေးရွာ၌ ရာအိမ်မှူး ထွန်းထွန်းဦးဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရှိရသည်။ ည ၈ နာရီခန့်ကလည်း မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်အနီးဝန်းကျင်မှ သေနတ်ပစ်ခတ်သံများကြားလိုက်ရကြောင်း သတင်းရရှိထားပြီး ဖြစ်စဉ်ကို စုံစမ်းနေဆဲဖြစ်သည်။ မေလ ၃၀ ရက်နေ့ ည ၇ နာရီခန့်က အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်ရုံး၌ ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းမှာ Together Urban Force တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်ပြီး စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။ ရွှေဈေးနှုန်းများ မြင့်တက်အောင်လုပ်နေသည်ဟုဆိုကာ ရန်ကုန်နှင့် မန္တလေးရှိ အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်၊ အကယ်ဒမီ စသည့် ရွှေဆိုင်လုပ်ငန်းပိုင်ရှင်များနှင့် ကုန်သည် ၁၀ ဦးတို့ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်လိုက်ကြောင်း သိရှိရသည်။ မေလ ၃၀ ရက်နေ့ မွန်းလွဲချိန်ကပင် ရွှေကုန်သည်နှင့် ရွှေဆိုင်ပိုင်ရှင် အယောက် ၂၀ ခန့်ကို စသုံးလုံးရုံးဌာနသို့ ခေါ်ထားခဲ့ပြီး စစ်ဆေးနေခဲ့ကြောင်းလည်း သိရှိရသည်။ ထိုသို့ ရွှေလုပ်ငန်းရှင် စုစုပေါင်း အယောက် ၅၀ ခန့်ကို ခေါ်ယူစစ်ဆေး ဝရမ်းများထုတ်ပြန်ပြီးနောက် ယနေ့တွင် ရွှေဈေးပြန်ကျသွားသည်ဟုလည်း စစ်ကောင်စီ လော်ဘီမီဒီယာများမှ ဆိုထားသည်။ NLD ပါတီ နာယကဖြစ်သည့် သူရဦးတင်ဦး ဇွန်လ ၁ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိန်အချိန်တွင် ဆေးရုံတွင် ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းလည်း သိရှိရသည်။ #rangoonscoutnetwork
4 2838Loading...
38
🔴 မင်္ဂလာတောင်ညွန့်မြိုနယ် ယနေ့ည ၁၀နာရီခွဲအချိန်တွင် မင်္ဂလာတောင်ညွန့်မြိုနယ်၊တောင်လုံးပြန်ရပ်ကွက်၌ အကြမ်းဖက်စစ်သားများမှ ဧည့်စာရင်းမတိုင်ထားသောတိုက်များအားအဓိကထား ဧည့်စစ်ဝင်သွားခဲ့ကြောင်းသတင်းရရှိသည်။ 02 June 2024 #rangoonscoutnetwork
1 0584Loading...
DAILY HIGHLIGHTS (09 Jun 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃၄ ယောက်ကို ပြန်ပို့ – RFA RCSS က ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ SSPP ထုတ်ပြန် – MKN 📰 နိုင်ငံရေးထူးခြားသတင်းများ စစ်အာဏာရှင်ပြုတ်ကျရေး အာရက္ခတပ်တော်နှင့်အတူ လက်တွဲ၍ တိုက်ပွဲဝင်သွားမည်ဟု ချင်းညီနောင်တပ်ဖွဲ့များပြော – AT စစ်ကောင်စီကင်းစင်ရေး ဦးစားပေးဆောင်ရွက်ရန် ချင်းပြည်ကောင်စီ ဆွေးနွေး – MZM လူထုပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် စစ်တပ်နှင့်အပစ်ရပ်ရေး မလွယ်ကူသေးဟု ULA/AA ပြော – DVB 📰 နိုင်ငံခြားရေးထူးခြားသတင်းများ ချက်နိုင်ငံ၊ ပရာ့ဂ်မြို့တွင် သံရုံးများ ပွဲတော်တွင် စစ်ကောင်စီသံရုံး၏ ပြခန်း ဆန္ဒပြခံရသဖြင့် ပြခန်းပိတ် ထွက်ပြေးရ – KT မြန်မာ စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များ အပေါ် ILO က အရေးယူရန် တုံ့ဆိုင်းနေမှု ဂျပန်က မေးခွန်းထုတ် – KT ထိုင်းမှာ ကွန်ဒိုဝယ်ယူမှု စစ်ကောင်စီပိတ်ပင်လိုက်တာကြောင့် ဘတ် ဘီလီယံနဲ့ချီ နစ်နာကြောင်း ထိုင်း ကွန်ဒိုမီနီယံအစည်းအရုံး ထုတ်ပြန် – MKN စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် လူပုဂ္ဂိုလ် ၃၉ ဦး၊ စစ်ကောင်စီ အပါအဝင် အဖွဲ့ ၃၁ ခု၏ ပိုင်ဆိုင်မှု၊ ငွေကြေးများကို ပစ်မှတ်ထား အရေးယူမှု ဗြိတိန်က ထပ်မံတိုးမြှင့် – KT 📰 စီးပွားရေးထူးခြားသတင်းများ အမေရိကန်တစ်ဒေါ်လာ ၄၃၂၅ ကျပ်၊ အခေါက်ရွှေတစ်ကျပ်သား ၅၃ သိန်းခွဲ ဝန်းကျင် စျေးတန်းရှိ – KT ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အတွင်းရေးမှူး ဦးဝင်းမြင့်တို့ကို စစ်ကောင်စီက ခေါ်ယူထိန်းသိမ်းထားပြီး ရွှေအသင်း၏ YGEA Facebook တွင် စျေးနှုန်းသတ်မှတ်ခြင်းများကို စစ်တပ်က ကြီးကြပ်တင်ခိုင်းနေ – KT 📰 အခြားထူးခြားသတင်းများ ပူတာအိုကို ရိက္ခာပို့မဲ့ကားတွေ အကန့်အသတ်နဲ့ စတင်သွားလာခွင့်ရ – RFA သက်တမ်းရှိ PJ နိုင်ငံကူးလက်မှတ်များကို PV ပြောင်းလဲလျှောက်ထားခွင့် ရက်အကန့်အသတ်မရှိပိတ် – MZM VPN အသုံးပြုသူများကို ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိ ချမှတ်နိုင်သော ဥပဒေကြမ်း စစ်ကောင်စီက ရေးဆွဲနေပြီး မကြာမီ အတည်ပြု ကြေညာရန်ရှိနေ – KT နှစ်နှစ်ခန့်အတွင်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍမှ ဒေါ်လာ ၁၄သန်းနီးပါး အခွန်ရရှိခဲ့ဟု NUG လျှပ်စစ်ဝန်ကြီးဆို – MPA #rangoonscoutnetwork
نمایش همه...
👍 3
🟠 လှိုင်မြို့နယ် ယနေ့ည ၁၁နာရီ၅၀မိနစ် ခန့်တွင် လှိုင်မြို့နယ်၊ပါရမီကွန်ဒိုအနီး ခွေးအင်အားအများအပြားရှိနေပါသဖြင့် ဧည့်စစ်ဝင်နိုင်ခြေရှိကြောင်းသိရှိရသည်။ 09 June 2024 #rangoonscoutnetwork
نمایش همه...
👍 1
🔴 တောင်ဥက္ကလာပမြို့နယ် ယနေ့ည ၁၀:၄၄ ခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ ၄ရပ်ကွက်၊ စာဂလမ်း၌ အုပ်ချုပ်ရေးမှူးများနှင့် အရပ်၀တ်များ အင်အား ၁၅ခန့်ဖြင့် ဧည့်စစ်ဝင်‌နေ ကြောင်း သတင်းရရှိသည်။ 09 June 2024 #rangoonscoutnetwork
نمایش همه...
👍 1
🔴 သာကေတမြို့နယ် ယနေ့ည ၁၀:၁၇ ခန့်တွင် သာကေတမြို့နယ်၊ ၇ အရှေ့ရပ်ကွက်၊ အောင်သပြေအရှေ့ ၃ လမ်းအတွင်း၌ အကြမ်းဖက် တပ်သားများမှ ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ 09 June 2024 #rangoonscoutnetwork
نمایش همه...
DAILY HIGHLIGHTS (08 Jun 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ မောင်တောမြို့နယ်က စစ်ကောင်စီစခန်း ၆ ကို ၁ ပတ်အတွင်း အေအေသိမ်းပိုက် – DVB ခန္တီးနှင့် မော်လိုက်တွင် ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၁၀၀ ခန့်သေဆုံးပြီး စစ်တပ်စခန်း ၂၅ ခုထက်မနည်းကို သိမ်းပိုက်ရရှိကာ လက်နက်မျိုးစုံ ၃၉ လက် သိမ်းဆည်းရရှိ – KT စစ်မှုထမ်းဥ‌ပဒေဖြင့် တပ်သားသစ်စုဆောင်းခံရသူများ သင်တန်မပြီးဆုံးမီပင် ရှေ့တန်း ပို့လွှတ်ခံရ၍ သေဆုံးမှုများရှိနေပြီး မည်သည့်ခံစားခွင့်မှရရှိခြင်းမရှိ – AT ရှေ့တန်းထွက်အရာရှိစစ်သည်များ၏ ဇနီးများ ပြင်ပထွက်ခွင့် စစ်ကောင်စီ ပိတ်ပင် – DVB 📰 နိုင်ငံရေးထူးခြားသတင်းများ စစ်​အစိုးရ နှင့် NUG မည်သူက အစိုးရ တာဝန် ယူနိုင်မလဲ၊ ပြည်သူများကမည်သူကို လိုလားသလဲ ဆိုသည့်အပေါ်မူတည် အသိအမှတ်ပြုမည်ဟု AA ပြော – PS 📰 နိုင်ငံခြားရေးထူးခြားသတင်းများ စစ်ခေါင်းဆောင်က ဘင်းမ်စတက်အဖွဲ့ ၂၇ နှစ်ပြည့်ထံပေးပို့သည့်သဝဏ်လွှာ ဘင်းမ်စတက် ဝဘ်ဆိုဘ် တွင်ဖော်ပြဟု စစ်ကောင်စီ သတင်းထုတ် – AT ရခိုင်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများအတွက် တရုတ်နှင့်ဆွေးနွေးမှုရှိဟု AA ပြော – PS တရုတ်နယ်စပ်ဂိတ်များ တရားဝင် ဖွင့်ရန် အဆင်မပြေသေး – DVB မူဝါဒ အပြောင်းအလဲကြောင့် တရုတ်နယ်စပ်ဖြတ်ကျော်ရန် ခက်ခဲ – DVB မြန်မာစစ်ကောင်စီကို အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မဖိတ်ကြား – AT မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် နိုင်ငံရေး ဆွေးနွေးရန် ပိတ် ဆို့နေမှုများ အဆုံးသတ်ရန် အာဆီယံဥက္ကဋ္ဌသစ် ဖြစ်လာတော့မည့် မလေးရှားနိုင်ငံက တောင်းဆို – KT စစ်ကောင်စီက မြန်မာနိုင်ငံသားများ၏ ထိုင်းကွန်ဒိုဝယ်ယူမှုအပေါ် ဖြိုခွင်းအရေးယူနေ၍ ကွန်ဒို ဝယ်လိုအားကျဆင်းနိုင်ဟု ထိုင်းကွန်ဒိုလုပ်ငန်းရှင်အသင်းက ပြောဆို – KT 📰 စီးပွားရေးထူးခြားသတင်းများ စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ရွှေဆိုင်များက လူတစ်ဦးလျှင် ရွှေတစ်ပဲ၊ နှစ်ပဲနှုန်း စစ်တပ် သတ်မှတ်စျေးဖြင့် ရောင်းချပေးရ ၊ အမေရိကန်တစ်ဒေါ်လာလျှင် ၄၃၀၀ ကျပ်ကျော်နှင့် အခေါက်ရွှေတစ်ကျပ်သား ၅၃သိန်းဝန်းကျင်စျေးတန်းရှိ – KT ပြည်တွင်း ရွှေစျေး၊ ငွေစျေးများ မဖြစ်နိုင်သော စျေးနှုန်းများသို့ မြင့်တက်သွားမှု ဝိသမစီးပွားရေးသမားကြောင့်ဟု မင်းအောင်လှိုင်က အပြစ်ဖို့ပြန် – KT စစ်ကောင်စီက ဒေါ်လာရရှိရန်အတွက် ယခင်နှစ်ထက် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်းတင်ပို့နိုင်ရန် မျှော်မှန်းနေ – AT 📰 အခြားထူးခြားသတင်းများ စစ်ကောင်စီက ရွေးကောက်ပွဲအတွက်ရည်ရွယ်၍ သန်းခေါင်စာရင်းကောက်ယူဖို့ ကြိုးပမ်းနေပြီး သတ်မှတ်ရက်အတွင်း ကောက်ယူရန် ကျန်ရှိပါက ရက်တိုးမြှင့်မည် – AT တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇွန် ၁၁ ရက် ကြေညာမည် – DVB စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သော နေရာများတွင် လွတ်လပ်သော အင်တာနက်ကွန်ယက် အစားထိုး တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUG ထုတ်ပြန် – PS စစ်အာဏာသိမ်းကာလ တတိယမြောက် မယ်စကြဝဠာသရဖူ ဆွီဒင်-မြန်မာကပြား အလှမယ်ရရှိ – DVB #rangoonscoutnetwork
نمایش همه...
5👍 2