fa
Feedback
All Burma Federation Of Student Unions

All Burma Federation Of Student Unions

رفتن به کانال در Telegram

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။

نمایش بیشتر
794
مشترکین
+224 ساعت
+77 روز
+3030 روز
آرشیو پست ها
ဗကသနဲ့ မဟာမိတ်တွေက ရေဘေးသင့်ဒေသတခုကို စားနပ်ရိက္ခာ ထောက်ပံ့ ၂၀၂၄ ဇူလိုင် ၂၂၊ ဗကသ မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗက
+5
ဗကသနဲ့ မဟာမိတ်တွေက ရေဘေးသင့်ဒေသတခုကို စားနပ်ရိက္ခာ ထောက်ပံ့ ၂၀၂၄ ဇူလိုင် ၂၂၊ ဗကသ မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ Amara Team နဲ့ အလှုရှင်တွေ ပူးပေါင်းပြီး ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့မှာ ရေဘေးသင့်ဒေသတခုကို ကြက်ဥအလုံးရေ ၁၄၀၀ သွားရောက်ကူညီထောက်ပံ့ခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ရေဘေးသင့်ဒေသ #ထောက်ပံ့ရေး #whatshappeningnowinmyanmar #လှုပ်ရှားမှု

ဗကသများအဖွဲ့ချုပ်က အရာတော်မြို့နယ်မှာ အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ် ၂၀၂၄ ဇူလိုင် ၁၉၊
+7
ဗကသများအဖွဲ့ချုပ်က အရာတော်မြို့နယ်မှာ အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ် ၂၀၂၄ ဇူလိုင် ၁၉၊ ဗကသ အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က အရာတော်မြို့နယ်မှာ ၇၇ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် “တောင်တန်းမြေပြန့် ညီညွတ်ကြ အာဇာနည်ဟာ ကိုးဦးမက”၊ “ဖက်စစ်တပ်ကို အမြစ်ဖြတ်ဖို့ တပ်ပေါင်းစုကိုတည်ဆောက်စို့” ကြွေးကြော်သံဘန်နာတွေကို ကိုင်စွဲပြီး ကျောင်းသားပြည်သူ ပူးပေါင်းသပိတ်စစ်ကြောင်း ချီတက်ခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #19July #ဗကသ #အာဇာနည်နေ့ #whatshappeningnowinmyanmar #လှုပ်ရှားမှု

ဗကသများအဖွဲ့ချုပ်က အရာတော်မြို့နယ်မှာ အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ် ၂၀၂၄ ဇူလိုင် ၁၉၊ ဗကသ အရာတော်မြို့နယ်မှာ အထကမလဲ
+9
ဗကသများအဖွဲ့ချုပ်က အရာတော်မြို့နယ်မှာ အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ် ၂၀၂၄ ဇူလိုင် ၁၉၊ ဗကသ အရာတော်မြို့နယ်မှာ အထကမလဲသာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ၇၇ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားမှာ ခေတ်အဆက်ဆက်က ဒီမိုကရေစီအရေး တိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ အာဇာနည်တွေကို အလေးပြုခြင်း၊ နိုင်ငံရေးသဘောတရားများ ဆွေးနွေးတင်ပြခြင်း၊ ကဗျာများရွတ်ဆိုခြင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေက တက်ရောက်ဂါရဝပြုခြင်းများ ပြုလုပ်ခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ ##၁၉ဇူလိုင် #အာဇာနည်နေ့

ဗကသနဲ့ မဟာမိတ်တွေက အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ် ၂၀၂၄ ဇူလိုင် ၁၉၊ ဗကသ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ်‌သပိတ်ကော်မတီ (SPTSC) နဲ့ Youth Strike Committee (YSC) တို့ ပူးပေါင်းပြီး ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ၇၇ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စာသားတွေကို ရန်ကုန်မြို့အနှံ့ ရေးသားလှုံ့ဆော်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #၁၉ဇူလိုင် #အာဇာနည်နေ့

ဗကသများအဖွဲ့ချုပ်က ရန်ကုန်မှာ အခြေခံလူထုကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပြီး စားသောက်ကုန်အချို့ ထောက်
+9
ဗကသများအဖွဲ့ချုပ်က ရန်ကုန်မှာ အခြေခံလူထုကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပြီး စားသောက်ကုန်အချို့ ထောက်ပံ့ ၂၀၂၄ ဇူလိုင် ၁၉၊ ဗကသ ဗကသများအဖွဲ့ချုပ်က ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ၇၇ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပြီး အခြေခံပြည်သူလူထုကို စားသောက်ကုန်အချို့ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ ##၁၉ဇူလိုင် #အာဇာနည်နေ့

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ် ၂၀၂၄ ဇူလိုင် ၁၉၊ ဗကသ ဗကသ
ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ် ၂၀၂၄ ဇူလိုင် ၁၉၊ ဗကသ ဗကသများအဖွဲ့ချုပ် က ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် “တောင်တန်းမြေပြန့် ညီညွတ်ကြ၊ အာဇာနည်ဟာ ကိုးဦးမက” စာသားပါ ဘန်နာကို ချိတ်ဆွဲပြီး ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့က ရန်ကုန်မြို့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ ##၁၉ဇူလိုင် #အာဇာနည်နေ့

တနင်္သာရီမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က ၇၇နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားပြုလုပ် ၂၀၂၄ ဇူလိုင် ၁၉၊ ဗကသ တနင်္သာရီမြို့နယ်ကျောင်
+5
တနင်္သာရီမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က ၇၇နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားပြုလုပ် ၂၀၂၄ ဇူလိုင် ၁၉၊ ဗကသ တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတရပ်ကို ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့က တနင်္သာရီမြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ ၁၉ ဇူလိုင်သီချင်းသီဆိုခြင်း၊ အာဇာနည်နေ့အကြောင်း ရှင်းလင်းတင်ပြခြင်းနဲ့ ကဗျာရွတ်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ ##၁၉ဇူလိုင် #အာဇာနည်နေ့

အရာတော်မှာ ဗကသများအဖွဲ့ချုပ်က ရက်ရှည်စစ်ဘေးရှောင်ပြည်သူတွေကို ဆန်၊ ဆီနဲ့ အဝတ်အစားတွေ ထောက်ပံ့ ၂၀၂၄ ဇူလိုင် ၁၅၊ ဗကသ အထကမလဲသာကျ
+6
အရာတော်မှာ ဗကသများအဖွဲ့ချုပ်က ရက်ရှည်စစ်ဘေးရှောင်ပြည်သူတွေကို ဆန်၊ ဆီနဲ့ အဝတ်အစားတွေ ထောက်ပံ့ ၂၀၂၄ ဇူလိုင် ၁၅၊ ဗကသ အထကမလဲသာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ အထကခွဲ ကဲဘာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က အရာတော်မြို့နယ်က ရက်ရှည်စစ်ဘေးရှောင် ပြည်သူတွေကို ဆန်၊ ဆီနဲ့ အဝတ်အစားတွေကို ဇူလိုင်လ ၁၅ ရက်နေ့မှာ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ စစ်ရှောင်ထောက်ပံ့နိုင်ရေး ကူညီပေးခဲ့တဲ့ မိဘပြည်သူတွေကို ဗကသများအဖွဲ့ချုပ်က ကျေးဇူးတင်ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #စစ်ဘေးရှောင် #ထောက်ပံ့

ရန်ကုန်မှာ ဗကသနဲ့ NDOPSC တို့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ် ၂၀၂၄ ဇူလိုင် ၁၅၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နဲ့ North Dagon Oppressed People's Strike Colition (NDOPSC) တို့ ပူးပေါင်းပြီး “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးဆီသို့” ဘန်နာကို ကိုင်ဆွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ဒီကနေ့ ဇူလိုင်လ ၁၅ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #ndopsc #အထွေထွေအကျပ်အတည်း

ရန်ကုန်မှာ ဗကသနဲ့ NDOPSC တို့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ် ၂၀၂၄ ဇူလိုင် ၁၅၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျော
ရန်ကုန်မှာ ဗကသနဲ့ NDOPSC တို့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ် ၂၀၂၄ ဇူလိုင် ၁၅၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နဲ့ North Dagon Oppressed People's Strike Colition (NDOPSC) တို့ ပူးပေါင်းပြီး “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးဆီသို့” ဘန်နာကို ကိုင်ဆွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ဒီကနေ့ ဇူလိုင်လ ၁၅ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #ndopsc #အထွေထွေအကျပ်အတည်း

ဗကသရဲဘော် ကိုမြင့်မြတ်ဦး မတရားသတ်ဖြတ်ခံရမှုနှင့် စပ်လျဉ်း၍ သဘောထားထုတ်ပြန်ချက် ကြေညာချက်အမှတ် - ၁၆/ဗကသ/၂၀၂၄ ရက်စွဲ - ၂၀၂၄ ခုန
+1
ဗကသရဲဘော် ကိုမြင့်မြတ်ဦး မတရားသတ်ဖြတ်ခံရမှုနှင့် စပ်လျဉ်း၍ သဘောထားထုတ်ပြန်ချက် ကြေညာချက်အမှတ် - ၁၆/ဗကသ/၂၀၂၄ ရက်စွဲ - ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၂ Read More - http://www.abfsu.org/2024/07/blog-post_12.html “စစ်သုံးစစ်ကို အမြစ်ပြတ် တိုက်ဖြတ်ကြ” “လူထုအပေါ် အကြမ်းဖက်လုပ်ရပ်တွေကို ဆန့်ကျင်ကြ” ဗဟိုစည်းရုံးရေးကော်မတီ ဗကသများအဖွဲ့ချုပ်

အရာတော်မြို့နယ် ဆဲဗင်းဂျူလိုင် နှစ်ပတ်လည် အထိမ်းအမှတ် လက်ကမ်းစာစောင် ဖြန့်ဝေ ၂၀၂၄ ဇူလိုင် ၈၊ ဗကသ အရာတော်မြို့နယ်ကျောင်းသားမျာ
+9
အရာတော်မြို့နယ် ဆဲဗင်းဂျူလိုင် နှစ်ပတ်လည် အထိမ်းအမှတ် လက်ကမ်းစာစောင် ဖြန့်ဝေ ၂၀၂၄ ဇူလိုင် ၈၊ ဗကသ အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် လက်ကမ်း‌စာဆောင်တွေကို ဇူလိုင်လ ၈ ရက်နေ့မှာ ပြည်သူလူထုကို ဖြန့်ဝေခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #7July #ဗကသ #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #လှုပ်ရှားမှု

အရာတော်မြို့နယ် ဆဲဗင်းဂျူလိုင် နှစ်ပတ်လည် အခမ်းအနားနှင့် သပိတ်စစ်ကြောင်း ၂၀၂၄ ဇူလိုင် ၈၊ ဗကသ အရာတော်မြို့နယ်ကျောင်းသားများသမဂ
+9
အရာတော်မြို့နယ် ဆဲဗင်းဂျူလိုင် နှစ်ပတ်လည် အခမ်းအနားနှင့် သပိတ်စစ်ကြောင်း ၂၀၂၄ ဇူလိုင် ၈၊ ဗကသ အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ အထက ကဲဘာ ကျောင်းသားများ သမဂ္ဂ နဲ့ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်းပြီး အရာတော်မြို့နယ်မှာ “၇.၇.၆၂ မမေ့ကြနဲ့”၊ “ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင်စိတ်ဓာတ် ဆက်လက်ကိုင်ဆွဲကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ကြ” အစရှိတဲ့ ဘန်နာစာတန်းတွေကို ကိုင်စွဲပြီး ကျောင်းသားပြည်သူလူထု ပူးပေါင်းသပိတ်စစ်ကြောင်းလည်း ချီတက်ခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #7July #ဗကသ #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #လှုပ်ရှားမှု

အရာတော်မြို့နယ် ဆဲဗင်းဂျူလိုင် နှစ်ပတ်လည် အခမ်းအနားနှင့် သပိတ်စစ်ကြောင်း ၂၀၂၄ ဇူလိုင် ၈၊ ဗကသ အရာတော်မြို့နယ်ကျောင်းသားများသမဂ
+9
အရာတော်မြို့နယ် ဆဲဗင်းဂျူလိုင် နှစ်ပတ်လည် အခမ်းအနားနှင့် သပိတ်စစ်ကြောင်း ၂၀၂၄ ဇူလိုင် ၈၊ ဗကသ အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ အထက ကဲဘာ ကျောင်းသားများ သမဂ္ဂ နဲ့ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်းပြီး အရာတော်မြို့နယ်မှာ “၇.၇.၆၂ မမေ့ကြနဲ့”၊ “ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင်စိတ်ဓာတ် ဆက်လက်ကိုင်ဆွဲကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ကြ” အစရှိတဲ့ ဘန်နာစာတန်းတွေကို ကိုင်စွဲပြီး ကျောင်းသားပြည်သူလူထု ပူးပေါင်းသပိတ်စစ်ကြောင်းလည်း ချီတက်ခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #7July #ဗကသ #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #လှုပ်ရှားမှု

ပြည်သူ့တော်လှန်ရေးအင်အားစုများက ဆဲဗင်းဂျူလိုင် ၆၂ ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ် ၂၀၂၄ ဇူလိုင် ၈၊ ဗကသ ဆဲဗင်းဂျူလိုင် ၆၂ ပြည့်အထိမ်းအမှတ်အဖြစ် ပြည်သူ့တော်လှန်ရေးအင်အားစုများက ဒီကနေ့ ဇူလိုင်လ ၈ ရက်နေ့က ရန်ကုန်မြို့လိုင်းကားတစီးပေါ်မှာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေး နှိုးဆော်တဲ့ အသံဖိုင်ဖွင့်ပြီး အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ မတရားစစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေးနဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #7July #ဗကသ #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #လှုပ်ရှားမှု #အထွေထွေအကျပ်အတည်းဖြေရှင်းရေး

ဆဲဗင်းဂျူလိုင် အခမ်းအနားမှာ ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီဝင် မခင်နီရဲ့ ဆွေးနွေးတင်ပြချက် သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #7July #ဗကသ #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #လှုပ်ရှားမှု

ကနီမှာ ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် နှစ်ပတ်လည် လက်ကမ်းစာစောင်တွေ ဖြန့်ဝေ ၂၀၂၄ ဇူလိုင် ၇၊ ဗကသ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ
+9
ကနီမှာ ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် နှစ်ပတ်လည် လက်ကမ်းစာစောင်တွေ ဖြန့်ဝေ ၂၀၂၄ ဇူလိုင် ၇၊ ဗကသ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ ကနီမြို့နယ်ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဆဲဗင်ဂျူလိုင်သမိုင်းအကျဉ်း လက်ကမ်းစာစောင်တွေ ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့က ကနီမြို့နယ်မှာ ဖြန့်ဝေခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #7July #ဗကသ #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #လှုပ်ရှားမှု

ကနီမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က ဆဲဗင်းဂျူလိုင် နှစ်ပတ်လည် အလေးပြုအခမ်းအနား ပြုလုပ် ၂၀၂၄ ဇူလိုင် ၇၊ ဗကသ ဗကသများအဖွဲ့ချုပ်နဲ့ ပြည်သူ့အခြေပြုကျောင်းသား ကျောင်းသူတွေ ပူးပေါင်းပြီး ကနီမြို့နယ်မှာ “7 July နှစ်ပတ်လည် အထိမ်းအမှတ် အလေးပြု အခမ်းအနား” တရပ်ကို ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #7July #ဗကသ #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #လှုပ်ရှားမှု

ဘုတလင်မှာ ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် နှစ်ပတ်လည် လက်ကမ်းစာစောင်တွေ ဖြန့်ဝေ ၂၀၂၄ ဇူလိုင် ၇၊ ဗကသ ဘုတလင်မြို့နယ်ကျောင်းသားများသမ
+7
ဘုတလင်မှာ ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် နှစ်ပတ်လည် လက်ကမ်းစာစောင်တွေ ဖြန့်ဝေ ၂၀၂၄ ဇူလိုင် ၇၊ ဗကသ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဆဲဗင်ဂျူလိုင်သမိုင်းအကျဉ်း လက်ကမ်းစာစောင်တွေ ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့က ဘုတလင်မြို့နယ်မှာ ဖြန့်ဝေခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #7July #ဗကသ #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #လှုပ်ရှားမှု