fa
Feedback
Mon Gyi

Mon Gyi

رفتن به کانال در Telegram
873
مشترکین
اطلاعاتی وجود ندارد24 ساعت
-37 روز
-930 روز
آرشیو پست ها
Repost from PAN
လက်ရှိဖြစ်ပွားနေတဲ့ အကြမ်းဖက်သတ်ဖြတ်မှုအပေါ် နိုင်ငံသားတစ်ယောက်အနေနဲ့ ဘယ်လိုသုံးသပ်မိလဲ #pan_Broadcasting

Repost from PAN
မွန်ကျေးရွာတွေမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ နေရာယူ တပ်စွဲအခြေချပြီး စစ်ကောင်စီကို ပစ်ခတ်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ အမြောက်တွေနဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် မတ် ၂၇ ရက်နေ့မှာ ဓမ္မသရွာက နေအိမ် ၃၀၀ ကျော် မီးလောင်ပြီး ထိခိုက်သေဆုံးတာတွေဖြစ်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက ပြောဆိုလိုက်ပါတယ်။ ဓမ္မသကျေးရွာထဲဝင်ရောက်တပ်စွဲထားတဲ့ သောင်းကျန်းသူတွေဟာ ဓမ္မသကျေးရွာကိုအခြေပြုပြီး အကြမ်းဖက်သောင်းကျန်းမှုများပြုလုပ်ခဲ့ကြသလို လုံခြုံရေးစခန်းတွေနဲ့ တပ်စခန်းတွေကိုပစ်ခတ်ခဲ့ရာက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာကိုပါမီးရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ #pan_Broadcasting

Repost from PAN
လုံခြုံရေးတပ်ဖွဲ့တွေက လိုအပ်တဲ့ လုံခြုံရေးဆိုင်ရာဆောင်ရွက်ချက်တွေကိုလုပ်ဆောင်ခဲ့လို့ ကယားပြည်အတွင်းမှာ ၃ နှစ်ကျော်ကာလအတွင်း အကြမ်းဖက်သောင်းကျန်းသူ ၅၁၅ သေဆုံးခဲ့တယ်လို့ အကြမ်းဖက်သောင်းကျန်းသူတွေဖြစ်တဲ့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ကပြောဆိုထားပါတယ်။ #pan_broadcasting

Repost from PAN
ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပန်မြို့ပေါ်မှာရှိတဲ့ နိုင်ငံတော်ပိုင်အဆောက်အအုံတွေကို 'ဝ' တပ်ဖွဲ့ UASA က သူတို့ရဲ့ သဘောဆန္ဒအရ အခကြေးငွေနဲ့ ငှားရမ်းတာတွေကို လုပ်ဆောင်နေတယ်လို့ ဟိုပန်မှာရှိတဲ့ နယ်မြေခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 'ဝ' တပ်ဖွဲ့ UASA က နိုင်ငံတော်ပိုင်အဆောက်အအုံတွေကို သူတို့ရဲ့ သဘောဆန္ဒအရ အခကြေးငွေနဲ့ ငှားရမ်းနေတာဟာ နိုင်ငံတော်ရဲ့ခွင့်ပြုချက် ရထားတာရှိ/မရှိ ကိုတော့မသိရသေးပါဘူး။ #pan_Broadcasting

Repost from PAN
သတ်မှတ်ကာလအတွင်း မှတ်ပုံတင်လျှောက်ထားခြင်းမရှိသည့် ပုဂ္ဂလိကကျောင်းများကို ပိတ်သိမ်းမည် (ပြည်တွင်း) ဧပြီ ၆ နိုင်ငံတကာသင်ရိုးညွ
သတ်မှတ်ကာလအတွင်း မှတ်ပုံတင်လျှောက်ထားခြင်းမရှိသည့် ပုဂ္ဂလိကကျောင်းများကို ပိတ်သိမ်းမည် (ပြည်တွင်း) ဧပြီ ၆ နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသောကျောင်းများနှင့် အမျိုးသားသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသောကျောင်းများအပါအဝင် ပုဂ္ဂလိကအခြေခံပညာကျောင်းများ၊ ဘာသာစကားသင်ကျောင်းများအပါအဝင် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းများနှင့် ပုဂ္ဂလိကနည်းပညာနှင့် သက်မွေးဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေးကျောင်းများသည် မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာကိစ္စရပ်များကို ၁၂-၄-၂ဝ၂၄ ရက် (သောကြာနေ့) မတိုင်မီ ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ကာလအတွင်း မှတ်ပုံတင်လျှောက်ထားခြင်းမရှိပါက အဆိုပါပုဂ္ဂလိကကျောင်းများကို ပိတ်သိမ်းမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်။ ပုဂ္ဂလိကပညာရေးဥပဒေကို ၁၂-၅-၂၀၂၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ ပုဂ္ဂလိကကျောင်းများအားလုံးသည် ဤဥပဒေနှင့်အညီ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးရုံးများရှိ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ထံသို့ မှတ်ပုံတင်လျှောက်ထားကြရမည်ဖြစ်ကြောင်း ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့က ကြေညာထားသည်။ သတင်းအပြည့်အစုံဖတ်ရန် - https://positiveanglenews.com/2024/04/06/သတ်မှတ်ကာလအတွင်း-မှတ်ပု/ #PAN

Repost from PAN
ညစ်ညမ်းသရုပ်ဆောင်ခန်းတွေပါဝင်တဲ့ "ဗီယာဗိုက်"သီချင်းက သရုပ်ဆောင်တွေနဲ့ ပါဝင်ပတ်သက်သူတွေကို အရေးယူ (ပြည်တွင်း) ဧပြီ ၄ “ဘီယာဗိုက
+2
ညစ်ညမ်းသရုပ်ဆောင်ခန်းတွေပါဝင်တဲ့ "ဗီယာဗိုက်"သီချင်းက သရုပ်ဆောင်တွေနဲ့ ပါဝင်ပတ်သက်သူတွေကို အရေးယူ (ပြည်တွင်း) ဧပြီ ၄ “ဘီယာဗိုက်”အမည်ဖြင့် အရှက်သိက္ခာ ကင်းမဲ့စွာ တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်ပြသခဲ့သော အဆိုတော် မေသူ၊ ဟာသသရုပ်ဆောင် အိုကေနှင့် အခြားသက်ဆိုင်သူများအား ရန်ကုန်မြို့ ဗဟန်းမြို့မရဲစခန်းတွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ - ၃၃(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။ မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော တေးသီချင်းဗီဒီယိုများကို လူမှုကွန်ရက်ပေါ်တွင် လွှင့်တင်သူများအား ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်လျက်ရှိပြန်ကြားရေးဝန်ကြီးဌာနသည် ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသမှုများကို ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာထားသည်။ ယခုအခါ အချို့သော တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှု ရရှိစေရေးအတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူတကွ ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းဗီဒီယို များကို အရှက်သိက္ခာမဲ့စွာ ရိုက်ကူးထုတ်လွှင့်နေကြသည့်အတွက် သက်ဆိုင်ရာ အစည်းအရုံးများက ထိန်းကျောင်းကြပ်မတ်ပေးပါရန် ပြန်ကြားရေးဝန်ကြီးဌာနက ၁၃-၁-၂၀၂၄ ရက်နေ့တွင် သတိပေး တားမြစ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ဖြန့်ချိ၊ မျှဝေ၊ ပြသ၊ ရောင်းချလျက်ရှိသည့် ဇာတ်လမ်းကား၊ မှတ်တမ်းကား၊ မော်ကွန်းတင်ကား၊ သတင်းကား၊ ဖျော်ဖြေရေးကား သို့မဟုတ် ပညာပေးကားများကိုလည်း ၁၃-၃-၂၀၂၄ ရက်နေ့တွင် အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်၍ စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရျီကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထံမှသိရသည်။ https://positiveanglenews.com/2024/04/04/ညစ်ညမ်းသရုပ်ဆောင်ခန်းတ/ #PAN

Repost from PAN
ကိုးကန့်အကြမ်းဖက်သောင်းကျန်းသူတွေဖြစ်တဲ့ ကိုးကန့်တပ်မတော် - MNDAA က ဖမ်းဆီးကာ ရိုက်နက်ညှင်းပန်းနှိပ်စက်နေစဉ် လက်လွန်ပြီး သေဆုံးသွားခဲ့တဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ကောင်းခါးမြို့သစ်က စိတ်ကျန်းမာရေးချို့ယွင်းနေသူ အသက် ၃၄ နှစ်အရွယ် U Luka Zahkung Ze Hkawng ဆိုသူရဲ့ ကိစ္စကို တာဝန်ယူနိုင်ဘူးလို့ MNDAA က ပြောဆိုလိုက်ပါတယ်။ သေဆုံးသူဖြစ်တဲ့ အသက် ၃၄ နှစ်အရွယ် စိတ်ကျန်းမာရေးချို့ယွင်းနေသူ U Luka Zahkung Ze Hkawng ဟာ မတ်လ ဒုတိယအပတ်လောက်က သူ့ရဲ့ ဇာတိရွာဖြစ်တဲ့ သိန္နီမြို့နယ် နမ့်ခိုက်ရွာက အပြန် ဟိုမင်ရွာအဝင်မှာရှိတဲ့ ကိုးကန့်တပ်ရဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမေးမြန်းခံရ ရာကနေ အခုလို သတ်ဖြတ်ခံရတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတွေက PAN ပြောပါတယ်။ #pan_broadcasting

Repost from PAN
ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ထဲဝင်မလား ၊ သူ့သမီး ဒေါ်စုကြည် ပါတ်သက်နေတဲ့ PDF ထဲဝင်မလား ၊ စဥ်းစားကြပေါ့လို့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ တပ်မတော်ထဲကို ဝင်ရောက် တာဝန်ထမ်းဆောင်ကြမယ့်သူတွေနဲ့ပတ်သက်ပြီး တပ်မတော်သား အငြိမ်းစားတစ်ယောက်လည်းဖြစ် နိုင်ငံရေးသမားလည်းဖြစ်တဲ့ ဘုလက်ဦးလှဆွေက သူ့ရဲ့ ဖေစ့်ဘွတ်လူမှုကွန်ယက်ကနေ ပြောဆိုထားပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ နည်းဥပဒေတွေကို မသိနားမလည်သူတွေကို ခြိမ်းခြောက်အကျပ်ကိုင်မှုကတစ်ဆင့် ငွေကြေးနဲ့ အခြားအခွင့်အရေးတွေရယူ အမြတ်ထုတ်လိုတဲ့ အောက်ခြေက မသမာသူ အကျင့်ပျက် ဝန်ထမ်းအချို့နဲ့ အဖွဲ့အစည်းအချို့ကို ဖော်ထုတ် အရေးယူမှာဖြစ်လို့ တစ်ဖက်တစ်လမ်းကနေ ကူညီဆောင်ရွက်ပေးကြဖို့ နစက ဒုဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း ပြောဆိုထားပါတယ်။ #pan_broadcasting

Repost from PAN
နေပြည်တော်ကိုဝင်လာတဲ့ ဒရုန်းတွေကို ပစ်ချခဲ့ဟုဆို (ပြည်တွင်း) ဧပြီ ၄ နေပြည်တော်လေဆိပ်နှင့် ဇေယျာသီရိမြို့နယ်ဝန်းကျင်သို့ ပျံသန
+1
နေပြည်တော်ကိုဝင်လာတဲ့ ဒရုန်းတွေကို ပစ်ချခဲ့ဟုဆို (ပြည်တွင်း) ဧပြီ ၄ နေပြည်တော်လေဆိပ်နှင့် ဇေယျာသီရိမြို့နယ်ဝန်းကျင်သို့ ပျံသန်း ဝင်ရောက်လာသော ဒရုန်းများအား ပစ်ချဟန့်တားနိုင်ခဲ့သည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ယနေ့ ဧပြီလ ၄ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်ခန့်က နေပြည်တော်လေဆိပ်၏ အရှေ့ဘက်မှ ဒရုန်း ၄ စင်း ပျံသန်းလာရာ လေဆိပ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက အဆိုပါ ဒရုန်းများကို ပစ်ချဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ အလားတူ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၏ အရှေ့တောင်ဘက်မှ ဒရုန်း ၃ စင်း ပျံသန်းဝင်ရောက်လာမှုအား လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချဖျက်ဆီးခဲ့သည်ဟုလည်း ဆိုသည်။ ပစ်ချခံရသည့် ကာမီကာဇေဒရုန်းတစ်စင်း၏ ကာလတန်းဖိုးမှာ ဒေါ်လာ ၂ သောင်းဝန်းကျင်ရှိပြီး လက်လုပ် ကာမီကာဇေဒရုန်းဖြစ်ပါက တစ်စီးကို ဒေါ်လာ ၇ ခန့်ကုန်ကျမည်ဖြစ်ပြီး ပစ်စင်နှင့်ပစ်ခတ်ခံရသည့် ဒရုန်းအမျိုးအစားဖြစ်တာကြောင့် အတွဲလိုက်ရောက်ရှိလာတာဖြစ်တယ်လို့ စစ်ရေးသုံးသပ်သူတွေကပြောပါတယ်။ ယင်းဖြစ်စဉ်များအတွင်း လူ၊ အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး ဆိုင်ရာကိစ္စများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် - https://positiveanglenews.com/2024/04/04/နေပြည်တော်ကိုဝင်လာတဲ့-ဒ/ #PAN

Repost from PAN
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် တမုတ်ချုံးကျေးရွာမှာရှိတဲ့ PDF စခန်းတစ်ခုကို တပ်မတော်စစ်ကြောင်းက အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် PDF အများအပြားသေဆုံးပြီး လက်နက်တွေနဲ့ ဒရုန်းတွေပါ သိမ်းစည်းရမိတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတွေက PAN ကိုပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ အပြင်ရွေးကောက်ပွဲမသမာမှုတွေပြုလုပ်ခဲ့တဲ့ NLD အစိုးရ NLD ပါတီနဲ့ NLD အမတ်တွေရဲ့သွေးထိုးမှုကြောင့် လူငယ်အများအပြားဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့အမည်ခံ PDF အဖြစ်နဲ့ တည်ဆဲ အစိုးရကို လက်နက်ကိုင်ပုန်ကန်နေကြတာဖြစ်ပါတယ်။ #pan_broadcasting

Repost from PAN
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ပြည်တော်သာရပ်ကွက်မှာရှိတဲ့ ပဲနွယ်ကုန်း စည်ပင်သာယာဈေးအတွင်းမှာ ဧပြီလ ၂ ရက်နေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ညောင်လေးပင်ခရိုင် မီးသတ်ဦးစီးဌာနနဲ့ တောင်ငူခရိုင်မီးသတ်ဦးစီးဌာနတို့က မီးသတ်ယာဉ်နဲ့ ရေသယ်ယာဉ် စုစုပေါင်း၂၄ စီးတို့က စုပေါင်း မီးငြိမ်းသတ်ခဲ့တာကြောင့် ည ၈ နာရီ ၄၅ မိနစ်ခန့်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေတဲ့ ကျောက်တံခါးမြို့နယ်အတွင်းက ပဲနွယ်ကုန်းမြို့ စည်ပင်သာယာဈေးမီးလောင်မှုဟာ အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ ရှို့မီးကြောင့်ဖြစ်နိုင်တယ်လို့ မြို့ခံတွေက သုံးသပ် ပြောဆိုနေကြတယ်လို့လည်း သိရပါတယ်။ #pan_broadcasting

Repost from PAN
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့က သတလ ၄ ဗိုလ်ကုန်းလို့ခေါ်တဲ့ အစိုးရပိုင်သတ္တုတွင်းနယ်မြေ သတ္တုတွင်းရပ်ကွက်-၄ မှာနေထိုင်တဲ့ လူဉီးရေ ၁၄၀ ကျော် အိမ်ထောင်စု ၃၅ စုကို ၁၀ ရက်အတွင်း ပြောင်းရွှေ့ပေးဖို့ တအာင်းအကြမ်းဖက်သောင်းကျန်းသူတွေဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်- TNLA က သတိပေးလာတာကြောင့် ပြောင်းရွေ့ပေးရမယ့် အခြေအနေမှာရှိနေတယ်လို့ ဒေသခံတွေက PAN ကို ပြောပါတယ်။ ပြောင်းရွှေ့ပေးရမယ့် သတလ ၄ ဗိုလ်ကုန်းရပ်ကွက်ဟာ တအာင်းအကြမ်းဖက်သောင်းကျန်းသူတွေသိမ်းထားတဲ့ နမ္မတူမြို့က ခလရ ၃၂၄ တပ်နေရာနဲ့ နီးနေတာကြောင့် ရွှေ့ခိုင်းတာဖြစ်ပြီး ပြောင်းရွှေ့ပေးရမယ့် အိမ်ထောင်စုတွေအတွက်လည်း နေစရာနေရာမပေးတာကြောင့် ဒေသခံတွေဟာ အခက်အခဲတွေဖြစ်ပေါ်နေကြရပါတယ်။ #pan_broadcasting

Repost from PAN
သင်္ကြန်ကာလ ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှု ရပ်နားမည် *********** မတ် - ၃၁ သင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်မြို့ပတ်ရထားခရီးစဉ်
သင်္ကြန်ကာလ ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှု ရပ်နားမည် *********** မတ် - ၃၁ သင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်မြို့ပတ်ရထားခရီးစဉ် ပြေးဆွဲမှုကို ယာယီရပ်နားမှာဖြစ်တယ်လို့ ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ သင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်မြို့ပတ်ရထား ခရီးစဉ်တွေပြေးဆွဲမှုကို ယာယီရပ်နားမှာဖြစ်ပြီး သင်္ကြန်ပွဲတော်ကာလပြီးရင်တော့ မြို့ပတ်ရထား ခရီးစဉ်တွေကို ပုံမှန်အတိုင်း ပြေးဆွဲပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှုအားလုံးကို လာမယ့် ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့ကနေ ဧပြီလ ၁၆ ရက် သင်္ကြန် အတက်နေ့အထိ ရပ်နားသွားမှာဖြစ်ပြီး ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့မှာ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှုအနေနဲ့ အခေါက်ရေ ၂၆ ခေါက်နှုန်း နေ့စဉ်ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။ ကိုဗစ်ကာလမတိုင်မီက မြို့ပတ်ရထားစီးနင်းသူအရေအတွက်မှာ တစ်ရက်ကို ရှစ်သောင်းလောက်ရှိခဲ့ပြီး ကိုဗစ်ကာလနောက်ပိုင်းမှာတော့ Website Link https://positiveanglenews.com/2024/03/31/သင်္ကြန်ကာလ-ရန်ကုန်မြို/ VK Link>>... https://vk.com/wall-220066330_5772 #PAN

Repost from PAN
နှလုံးကျန်းမာရေးအတွက် ကောင်းတဲ့ အစားအစာများ *********** မတ် - ၃၁ တိုဟူးက နှလုံးကျန်းမာရေး အတွက်ကောင်းပါတယ်။ တိုဟူးထဲမှာ Phyto
နှလုံးကျန်းမာရေးအတွက် ကောင်းတဲ့ အစားအစာများ *********** မတ် - ၃၁ တိုဟူးက နှလုံးကျန်းမာရေး အတွက်ကောင်းပါတယ်။ တိုဟူးထဲမှာ Phytoestrogens တွေ များစွာပါဝင်တဲ့ အတွက် နှလုံး သွေးကြေညကျဉ်းရောဂါကို ကာကွယ်ပေးပါတယ်။ ဗီတာမင်စီ ကြွယ်ဝတဲ့ အသီးအနှံတွေ စားပေးဖိုလိုပါတယ်။ Antioxidant ပါရှိတဲ့ ဗီတာမင်စီက oxidation လိုခေါ်တဲ့ ဓာတ်တိုးခြင်းကို ကာကွယ်ပေးလို သွေးကြောအတွင်း အဆီခဲစုတာတွေကို တားဆီးပေးပါတယ်။ ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ခရမ်ဘယ်ရီ စတာတွေကို စားပေးပါ။ Phytonutrients၊ အမျှင်ဓာတ် နဲ့ အိုမီဂါသရီး ကြွယ်ဝစွာ ပါဝင်တဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။ နောက်ပြီး တော့ ငါးများများ စားပေးပါ။ အိုမီဂါ သရီး ကြွယ်ဝတဲ့ ပင်လယ်ငါးလိုမျိုးတွေ စားပေးတာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် တူနာငါး၊ ငါးသေတ္တာ၊ ငါးတန်၊ ဆော်လမွန် စတာတွေကို စားပေးပါ။ သွေးတွင်း ကိုလက်စထရော ကို ကျစေတဲ့ အတွက် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ အသီးအနှံတွေ များများ Website Link https://positiveanglenews.com/2024/03/31/နှလုံးကျန်းမာရေးအတွက်-က/ VK Link>>... https://vk.com/wall-220066330_5770 #PAN

Repost from PAN
နှလုံးကျန်းမာရေးအတွက် ကောင်းတဲ့ အစားအစာများ *********** မတ် - ၃၁ တိုဟူးက နှလုံးကျန်းမာရေး အတွက်ကောင်းပါတယ်။ တိုဟူးထဲမှာ Phyto
နှလုံးကျန်းမာရေးအတွက် ကောင်းတဲ့ အစားအစာများ *********** မတ် - ၃၁ တိုဟူးက နှလုံးကျန်းမာရေး အတွက်ကောင်းပါတယ်။ တိုဟူးထဲမှာ Phytoestrogens တွေ များစွာပါဝင်တဲ့ အတွက် နှလုံး သွေးကြေညကျဉ်းရောဂါကို ကာကွယ်ပေးပါတယ်။ ဗီတာမင်စီ ကြွယ်ဝတဲ့ အသီးအနှံတွေ စားပေးဖိုလိုပါတယ်။ Antioxidant ပါရှိတဲ့ ဗီတာမင်စီက oxidation လိုခေါ်တဲ့ ဓာတ်တိုးခြင်းကို ကာကွယ်ပေးလို သွေးကြောအတွင်း အဆီခဲစုတာတွေကို တားဆီးပေးပါတယ်။ ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ခရမ်ဘယ်ရီ စတာတွေကို စားပေးပါ။ Phytonutrients၊ အမျှင်ဓာတ် နဲ့ အိုမီဂါသရီး ကြွယ်ဝစွာ ပါဝင်တဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။ နောက်ပြီး တော့ ငါးများများ စားပေးပါ။ အိုမီဂါ သရီး ကြွယ်ဝတဲ့ ပင်လယ်ငါးလိုမျိုးတွေ စားပေးတာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် တူနာငါး၊ ငါးသေတ္တာ၊ ငါးတန်၊ ဆော်လမွန် စတာတွေကို စားပေးပါ။ သွေးတွင်း ကိုလက်စထရော ကို ကျစေတဲ့ အတွက် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ အသီးအနှံတွေ များများ Website Link https://positiveanglenews.com/2024/03/31/နှလုံးကျန်းမာရေးအတွက်-က/ VK Link>>... https://vk.com/wall-220066330_5770 #PAN

Repost from PAN
စပါးလင်ရဲ့ ကျန်းမာရေး ကောင်းကျိုး *********** မတ် - ၃၁ စပါးလင်မှာ ဗီတာမင်စီ၊ ဖောလစ်အက် စစ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ သံဓာတ်၊ထုံးဓာတ
စပါးလင်ရဲ့ ကျန်းမာရေး ကောင်းကျိုး *********** မတ် - ၃၁ စပါးလင်မှာ ဗီတာမင်စီ၊ ဖောလစ်အက် စစ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ သံဓာတ်၊ထုံးဓာတ်၊ ပိုတက်ဆီယမ်၊ ဖော့စဖရက်စ် စတာတွေ ကြွယ်ဝပြီး ဆေးဖက်ဝင်အစွမ်းသတ္တိတွေ ရှိပါတယ်။ စပါးလင်ဟာ အစာခြေလမ်း ကြောင်းထဲမှာရှိတဲ့ မကောင်းတဲ့ ဘက်တီးရီးယားနဲ့ ကပ်ပါးကောင်တွေကိုသေစေပြီး အူမထဲက အကျိုးပြုဘက်တီးရီးယားတွေကို တိုးပွားစေနိုင်တာကြောင့် ကောင်းစွာအစာချေဖျက်နိုင်ဖို အထောက် အကူပြုပါတယ်။ နောက်ပြီးတော့ ကိုလက်စထရောပမာဏကိုလည်း ထိန်းချုပ်ပေး နိုင်စွမ်း ရှိပါတယ်။ စပါးလင်ဟာ ကင်ဆာ ရောဂါတွေကိုလည်း ကာကွယ်နိုင်စွမ်းရှိပြီး ခေါင်းကိုက်၊ ရင်ကျပ်၊ လည်ချောင်းနာ၊ ချွေးထွက်လွန်၊ ကိုယ်နံ့ဆိုးထွက်တာမျိုး ဖြစ်ရင်လည်း စပါးလင်နှစ်ချောင်း၊ သုံးချောင်း ကို သစ်ကြံပိုးခေါက်၊ နနွင်း မှုန့်အနည်းငယ်နဲ့ ဆူအောင်တည်ပြီး အရည်ကို သောက်ပေးနိုင်ပါတယ်။ စပါးလင်ရဲ့ ပင်ကိုအစွမ်းသတ္တိအရအဆိပ်အတောက်တွေ၊ ယူရစ်အက်စစ်နဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို ဆီးသွားခြင်းဖြင့် စွန့်ထုတ်စေတာကြောင့် Website Link https://positiveanglenews.com/2024/03/31/စပါးလင်ရဲ့-ကျန်းမာရေး-ကေ/ VK Link>>... https://vk.com/wall-220066330_5769 #PAN

Repost from PAN
ရွှေနှင့်ငွေ ဈေးကစားနေသူများကို ထောက်အထားများအရ စုံစမ်းစစ်ဆေးနေပြီဖြစ်၍ အရေးယူမည်ဟု ဗဟိုဘဏ်သတင်းထုတ်ပြန် (ပြည်တွင်း)မတ်၃၀ မြန
ရွှေနှင့်ငွေ ဈေးကစားနေသူများကို ထောက်အထားများအရ စုံစမ်းစစ်ဆေးနေပြီဖြစ်၍ အရေးယူမည်ဟု ဗဟိုဘဏ်သတင်းထုတ်ပြန် (ပြည်တွင်း)မတ်၃၀ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန်နှင့် ဈေးကစားမှုများ မဖြစ်စေရန်အတွက် ပို့ကုန်လုပ်ငန်းရှင်များ၊ သွင်းကုန်လုပ်ငန်းရှင်များအကြား တရားဝင်ရောင်းဝယ်နိုင်ရန် FX Market Online Trading Platform မှတစ်ဆင့် ရောင်းချစေခြင်း၊ FX Market Exchange Rate များကို တရားဝင်ကြေညာပေးခြင်း၊ နိုင်ငံခြားသို့ ဆေးကုသခြင်း၊ ပညာတော်သင်သွားခြင်း၊ ဘုရားဖူးသွားခြင်း၊ အလုပ်အကိုင်ကိစ္စရပ်များဖြင့် ထွက်ခွာမည့်သူများအတွက် အသေးသုံးနိုင်ငံခြားငွေများကို ပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာများတွင် ရောင်းချစေခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်မှထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် Website နှင့် Central Bank of Myanmar Facebook Page များတွင်လည်း နေ့စဉ်အရောင်းအဝယ်ဖြစ်နေသည့် တရားဝင် Exchange Rate များ ကြေညာပေးလျက်ရှိကြောင်း သိရသည်။ မကြာခဏဈေးကစားလိုသူများက နိုင်ငံခြားငွေ Rate အပြောင်းအလဲဖြစ်တော့မည်ဟုလည်းကောင်း၊ ရွှေရောင်းဝယ်မှုများကိုလည်း လေပတ်ကားဈေးများဖြင့် ကောလဟလသတင်းများ ထုတ်လွှင့်ပြီး နိုင်ငံခြားငွေဈေးနှုန်း၊ ရွှေဈေးနှုန်းများကို ပြည်သူလူထု စိုးရိမ်ပူပန်မှုဖြစ်အောင် ရေးသား၍ ဈေးကစားလျက်ရှိကြောင်း၊ ပုဂ္ဂိုလ်အချို့ကလည်း ဥပဒေနှင့်မညီဘဲ၊ တရားဝင်ကိုင်ဆောင်ခွင့်မရှိဘဲ နိုင်ငံခြားငွေများ ရောင်းဝယ်နေကြောင်း တွေ့ရကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။ ထိုသို့ရောင်းဝယ်ပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့်အညီ အရေးယူမည်ဟုလည်း ကြေညာပြီးဖြစ်ပြီး သက်ဆိုင်ရာ အစိုးရဌာနများ၊ ဘဏ်များ၏ Money Changer ကောင်တာများမှ ထုတ်ပြန်သည့် သတင်းအချက်အလက်များ၊ Data များကိုသာ အမြဲလေ့လာ၍ မှန်ကန်သည့် သတင်းအချက်အလက်များကိုသာ ရယူရန် လိုအပ်သည်ဟု ဗဟိုဘဏ်မှပြောသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်လည်း မကြာခဏ ကောလဟလသတင်းများနှင့်ပတ်သက်၍ ဖြေရှင်းချက် ထုတ်ပြန်ပေးလျက်ရှိပြီးရွှေဈေး၊ ငွေဈေးများ ဈေးကစားနေသူများကို ရရှိထားသည့် သတင်းအချက်အလက် အထောက်အထားများအရ စုံစမ်းစစ်ဆေးနေပြီဖြစ်၍ အရေးယူဆောင်ရွက်မှုများကိုလည်း ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ သတင်းထုတ်ပြန်ထားသည်။ https://positiveanglenews.com/2024/03/30/ရွှေနှင့်ငွေ-ဈေးကစားနေသ/

Repost from PAN
ပျော်ဘွယ်မြို့နယ်တွင်ပျော်ဘွယ်မြို့နယ်တွင် နေအိမ်တွင် ထမင်းစားနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးကို အကြမ်းဖက်PDFအဖွဲ့မှ သေနတ်ဖြင်
+2
ပျော်ဘွယ်မြို့နယ်တွင်ပျော်ဘွယ်မြို့နယ်တွင် နေအိမ်တွင် ထမင်းစားနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးကို အကြမ်းဖက်PDFအဖွဲ့မှ သေနတ်ဖြင့် လာရောက်ပစ်သတ် **************** (ပြည်တွင်း)မတ် ၃၀ NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင် ပစ်ခတ် တိုက်ခိုက်မှုများ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု မီးရှို့မှုများအကြိမ်ကြိမ်ပြုလုပ်လျှက်ရှိရာ ပျော်ဘွယ်မြို့နယ် ဒီးဒုတ်ကုန်း ကျေးရွာတွင် နေထိုင်သည့် ဃကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို ယနေမွန်းလွဲ၁နာရီ၄၅မိနစ်အချိန်ခန့်က လူသတ်အကြမ်းဖက် PDF အဖွဲ့မှ နေအိမ်တွင် ထမင်းစားနေစဥ် သေနတ်ဖြင့် လာရောက်ပစ်သတ်သွားကြောင်း သိရသည်။ ​ဖြစ်စဥ်မှာ ပျော်ဘွယ်-နတ်မောက်ကားလမ်း၏ ယာဘက်ခြမ်းရှိ ဃကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးတင့် သည် ၎င်း၏ဇနီး ဖြစ်သူ ဒေါ်ခင်မြိုင်၊ တစ်ရွာတည်းနေ ဒေါ်ယဉ်မေ တို့နှင့် အတူနေအိမ်၌ ထမင်းစားနေစဉ် အမည်မသိ PDF အကြမ်းဖက် အမျိုးသား ၂ ဦးသည် Website Link https://positiveanglenews.com/2024/03/30/ပျော်ဘွယ်မြို့နယ်တွင်ပ/ VK Link https://vk.com/wall-220066330_5766 #PAN

Repost from PAN
မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ... မိသားစုအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ကောင်ကျိုးလိုရာဆန္ဒပြည်
+2
မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ... မိသားစုအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ကောင်ကျိုးလိုရာဆန္ဒပြည့်ဝလျှက် ရပြီးတိုင်းခိုင်မြဲ ရဆဲတိုင်းဆန္ဒပြည့်ဝကြပါစေ ..... ကပ်သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ..... လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ... အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြ​ပါစေ... ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ.... 🙏🙏🙏

Repost from PAN
ဟိုပုံးမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုးပုံးမြို့ နယ်နှင့် ဆီဆိုင်မြို့နယ်တို့၌ တိုက်ပွဲ
+1
ဟိုပုံးမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုးပုံးမြို့ နယ်နှင့် ဆီဆိုင်မြို့နယ်တို့၌ တိုက်ပွဲဖော်ဆောင်နေသော အကြမ်းဖက်သောင်းကျန်းသူ များအား အလိုမရှိဟု ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် *********** မတ် - ၃၁ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုးပုံးမြို့ နယ်နှင့် ဆီဆိုင်မြို့နယ်များအတွင်း ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ် တွင် အဖျက်အမှောင့်လုပ်ရပ်များကိုသာ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည့် PNLO ၊ KNDF ၊ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသခံတိုင်းရင်းသား များ၏ လူမှုစီးပွားဘဝများ ပျက်စီးဆုံးရှုံးစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ် သည့် ဒေသခံတိုင်းရင်းသားပြည်သူများ နေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက်များအား တိုက်ပွဲ များဖော်ဆောင်ခြင်း၊ သာသနိက အဆောက်အဦများနှင့် စာသင်ကျောင်းများ အတွင်း သို့ Drop Bomb များဖြင့် Website Link https://positiveanglenews.com/2024/03/31/ဟိုပုံးမြို့ရှိ-ဒေသခံတိ/ VK Link https://vk.com/wall-220066330_5767 #PAN