fa
Feedback
Mon Gyi

Mon Gyi

رفتن به کانال در Telegram
873
مشترکین
اطلاعاتی وجود ندارد24 ساعت
-37 روز
-930 روز
آرشیو پست ها
Repost from PAN
သက်ကြီးစကား သက်ငယ်ကြား (အပိုင်း ၂ ) ပထမပိုင်း ဦးစု (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) PAN ပုရိသတ်တွေအတွက် အကောင်း အကောင်းတွေကိုကြိုးစားတင်ဆက်နေပါတယ်။ ပုရိသတ်ရဲ့အားပေးထောက်ပံ့မှုဟာလည်း  PAN အတွက်တွန်းအားဖြစ်စေပါတယ်။ PAN ကိုထောက်ပံ့လိုရင်တော့ ( KBZ Pay, AyA Pay, Wave Pay - 09425318387 ) တွေကနေ ထောက်ပံ့ပေးနိုင်ပါတယ်။ #pan_broadcasting

အနောက်နိုင်ငံအများစုကျင့်သုံးနေသော အရေးယူပိတ်ဆို့ခြင်းမူဝါဒက မှန်ကန်သောလုပ်ရပ်ဖြစ်ပါသလား --(ဆောင်းပါး)---------------------တင်ဇာ--- နိုင်ငံတကာအဖွဲ့အစည်းများနှင့် အင်အားကြီးနိုင်ငံများသည် ၎င်းတို့ မလိုလားသော အစိုးရများနှင့် နိုင်ငံများကို အရေးယူဖို့အတွက် စီးပွားရေးပိတ်ဆို့မှုများကို မကြာခဏ အသုံးပြုလာကြသော်လည်း ထိုကဲ့သို့ပိတ်ဆို့မှုများက ထိရောက်မှု ရှိမရှိ မေးခွန်းထုတ်စရာများ လည်းရှိနေသည်။ အထူသဖြင့် အမေရိကန်သည် ယခင်ကထက် ပိုမိုများပြားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို အသုံးပြုလျက်ရှိနေသည်။ အပြည့်အစုံံဖတ်ရန် - Link https://positiveanglenews.com/2024/07/06/အနောက်နိုင်ငံအများစုကျ/ တနင်္ဂနွေနေ့တွေမှာ ဆောင်းပါးကောင်း နိုင်ငံတကာ သတင်းကောင်းတွေဖတ်ရှုနိုင်ဖို PAN ကို ထောက်ပံ့လိုရင် - 09425318387 ( KBZ PAY, AYA PAY, WavePay ) တွေကထောက်ပံ့နိုင်ပါတယ်။ #PAN

Repost from PAN
သက်ကြီးစကား သက်ငယ်ကြား (အပိုင်း ၁) ပထမပိုင်း ဦးစု (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) PAN ပုရိသတ်တွေအတွက် အကောင်း အကောင်းတွေကိုကြိုးစားတင်ဆက်နေပါတယ်။ ပုရိသတ်ရဲ့အားပေးထောက်ပံ့မှုဟာလည်း  PAN အတွက်တွန်းအားဖြစ်စေပါတယ်။ PAN ကိုထောက်ပံ့လိုရင်တော့ ( KBZ Pay, AyA Pay, Wave Pay - 09425318387 ) တွေကနေ ထောက်ပံ့ပေးနိုင်ပါတယ်။ #pan_broadcasting

Repost from PAN
ပြည်သူ့မျက်နှာကိုကြည့်ကြပါ (ဆောင်းပါး) မင်းထက်ကျော်ဇော မနက်စောစောစီးစီး မင်္ဂလာမရှိသော သတင်းတစ်ပုဒ်ကြားရပြန်သည်။ မြစ်ကြီးနားမ
ပြည်သူ့မျက်နှာကိုကြည့်ကြပါ (ဆောင်းပါး) မင်းထက်ကျော်ဇော မနက်စောစောစီးစီး မင်္ဂလာမရှိသော သတင်းတစ်ပုဒ်ကြားရပြန်သည်။ မြစ်ကြီးနားမြို့ထဲကို သောင်း ကျန်းသူများမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ကြလို့ အပြစ်မဲ့ပြည်သူအချို့ ထိခိုက်ဒဏ်ရာရကြသည် တဲ့။ ဒီဖြစ်စဉ်မတိုင်ခင် မြင်းခြံမြို့ ဆုံရွာကို PDF များကား ပျူစောထီးရွာဟု သမုတ်ကာ ရွာသူ/ရွာသားနှင့် ကလေးငယ်များကို အစုလိုက် အပြုံလိုက် သတ်ဖြတ်သည့် ကိစ္စဖြစ်ပွားခဲ့သည်။ အတော်ကို စိတ်မချမ်းမြေ့ စရာပင်။ နိုင်ငံတော်သည် စီးပွားရေး ကဏ္ဍနှင့် အခြား စက်မှုလက်မှုကဏ္ဍများတွင် ဘေးနံ နိုင်ငံများထက် ပိုမိုသာ လွန်အောင် ကြိုးစားဖို့နေနေသာသာ စစ်မီးတွေတောက်လောင်ရင်း တိုင်းပြည်မှာ အင်အားတွေချိနဲ့လာ သည်ကို မြင်ရသည်မှာလဲ မချိလှ။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် ဖြစ်စဉ်ကို ပြန်ပြောလျှင်လည်း ဓာတ်ပြားဟောင်းကြီး အက်ရာထင်ရုံ သာမက ကျိုးပါ ကျိုးတော့မည်ဖြစ်သဖြင့် ပြောဆိုလိုခြင်းမရှိတော့။ သို့သော် တပ်မတော်မှ အာဏာထိန်းခြင်းမှာ အကြောင်းအကျိုး တိုက်ဆိုင်သွားလို့ ထိန်းခြင်းဖြစ်ပြီး တကယ်လို့များ ထိုစဉ်က အာဏာရပါတီ NLD မှ မဲစာရင်းစစ်ဆေးခံလိုက်လျှင်တော့ ဒါမျိုး ဖြစ်လာမှာမဟုတ်ဘူးဆိုတာ မြေကြီးလက်ခတ်မလွဲပင်။ ထားလိုက်ပါတော့။ ခုတော့ ဒါတွေပြောနေလဲဘာမှမထူး။ ဘယ်ဘက်ကမှန်သည် ဘယ်ဘက်ကမှားသည်ဆိုတာထက် ဘာ ဆက်လုပ်ကြမလဲဆိုတာကိုသာ စဉ်းစားရမည်ဖြစ်သည်။ ထိုသို့စဉ်းစားရာမှာလဲ နိုင်ငံတော်၏အချုပ် အခြာအာဏာနှင့် ပြည်သူ့ မျက်နှာကိုကြည့်ဖို့လိုပါသည်။ ၁၀၂၇ ကျူးကျော်စစ်မတိုင်ခင် နိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်း၊ ချင်း စသည့်ဒေသမှပြည်သူတွေ စစ်ရဲ့ဒဏ်ကို အလူးအလဲခံရသော်လည်း နယ်စပ်ဒေသရှိ ပြည်သူများကတော့ စစ်ရဲ့ဆိုးမွေကို မခံစားရပဲ ငြိမ်သက် လျက်ရှိသည်။ သို့သော် ကိုယ်ကျိုးစီးပွားနှင့်ခွဲထွက်ခွင့်ကိုသာ မျှော်လင့်စောင့်စားနေသည့် လက်နက်ကိုင် များသည် တပ်မတော်စစ်မီးဝိုင်း၊ ပြည်သူစည်းလုံးမှုပြိုကွဲသည်ကို အကြောင်းပြုကာ နိုင်ငံကြီးများ၏ အကူအညီ ကို ယူပြီး ၁၀၂၇ ကျူးကျော်စစ်ကို စတင်ဖန်တီးသည်။ ထို့မှသည် ကယား၊ ကချင်၊ ရခိုင်၊ ကရင် စသည့် နယ်မြေများတစ်လျှောက် စစ်ဒဏ်ကို ကူးစက်ခံရပြန်သည်။ စစ်ဆိုသည်မှာ တစ်ဖက်နှင့်တစ်ဖက် သေအောင်ကြေအောင် ပစ်ခတ်နေကြသည်မို့ ဘယ်သူနိုင်နိုင်ဘယ်သူရှုံးရှုံး ထိုဒေသမှာရှိသည့် အပြစ်မဲ့ပြည်သူ .. အပြည့်အစုံဖတ်ရန် ...... https://positiveanglenews.com/2024/05/29/ပြည်သူ့မျက်နှာကိုကြည့်/ #PAN

Repost from PAN
အကြမ်းဖက်သောင်းကျန်းသူတွေထဲကအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့်သောင်းကျန်းသူ MNDAA ဟာ လားရှိုး၊ သီပေါ၊ နမ့်ဆန်မြို့နယ်တွေမှာ အတင်းအဓမ္မ စစ်သား စုဆောင်းနေတာကြောင့် ဒေသတွင်းက လူငယ်တွေဟာ အခြားဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရသလို လူငယ်တစ်ချို့လည်း စစ်သားစုဆောင်းရေးနဲ့ဖမ်းဆီးခံရပြီး တပ်သားသစ်တွေဖြစ်နဲ့ ရှေ့တန်းပို့တာခံနေကြရပါတယ်။ စစ်သားသစ်တွေအဖြစ် အတင်းအဓမ္မဖမ်းဆီး စုဆောင်းခံရပြီးမှ ထွက်ပြေးလွတ်မြောက်လာတဲ့ လူငယ်တစ်ချို့လည်း ရှိနေပါတယ်။ PAN ကို ထောက်ပံ့လိုပါက Kpay  - 09425318387နဲ့ wave pay နံပါတ်ဖြစ်တဲ့  09425318387 ကနေ ထောက်ပံ့နိုင်ပါတယ်ခင်ဗျာ - #pan_broadcasting

Repost from PAN
UPDATE NEWS PAN ကို ထောက်ပံ့လိုပါက Kpay  - 09425318387နဲ့ wave pay နံပါတ်ဖြစ်တဲ့  09425318387 ကနေ ထောက်ပံ့နိုင်ပါတယ်ခင်ဗျာ - #pan_broadcasting

Repost from PAN
ဆူးလေခုံးကျော်တံတားအနီးမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ကလေးမွေးဖွားခဲ့တယ်ဆိုတဲ့သတင်း သာကေတမှာယာဉ်တစ်စီး လမ်းချောကာ နေအိမ်တစ်ခုအတွင်း ဝင်တိုက်မိခဲ့လို့ ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်း ပူတာအိုခရိုင်အတွင်းမှာ စားသောက်ကုန်စည်တွေနဲ့ လူသုံးပစ္စည်းတွေ ပြတ်လပ်နေသလို အဆမတန် ‌ဈေးနှုန်းမြင့်တက်နေပေမယ့် မူးယစ်ဆေးဝါးတွေ ပေါများနေတယ်ဆိုတဲ့သတင်း ယခုတစ်ပါတ်မှာ ရောင်းချရမမယ့် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း အနည်းငယ် မြင့်တက်လာတယ် ဆိုတဲ့သတင်း ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဆိုက်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်း (၁)သန်းနီးပါးဘေးလွှတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်ဆိုတဲ့သတင်း လာမယ့်ဇွန်လမှာ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် (၉)ခုက မွေးမြူရေးလုပ်ငန်းတွေကို ချေးငွေထုတ်ချေးသွားမယ်ဆိုတဲ့သတင်း PAN ကို ထောက်ပံ့လိုပါက Kpay  - 09425318387နဲ့ wave pay နံပါတ်ဖြစ်တဲ့  09425318387 ကနေ ထောက်ပံ့နိုင်ပါတယ်ခင်ဗျာ - #pan_broadcasting

Repost from PAN
သပိတ်ကျင်းမြို့နယ်တွင် PDF များမှ မြင်သမျှလူလူတွေကို ဓါးဖြင့် လိုက်လံခုတ်သတ်သဖြင့် ၃ ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရ (ပြည်တွင်း)ဧပြီ
+3
သပိတ်ကျင်းမြို့နယ်တွင် PDF များမှ မြင်သမျှလူလူတွေကို ဓါးဖြင့် လိုက်လံခုတ်သတ်သဖြင့် ၃ ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရ (ပြည်တွင်း)ဧပြီ ၁၄ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်၊အုံးဇုံးကျေးရွာအုပ်စု၊သက္ကယ်ပြန့်ကျေး ရွာ၌ အကြမ်းဖက် PDF အဖွဲ့ဝင် သိန်းလွင်ပါ ၁၉ဦးအဖွဲ့က ကျေးရွာအတွင်း လမ်းမပေါ်နှင့်နေအိမ်များအတွင်းသို့ ဝင်ရောက်ကာ တွေ့သမျှလူများအား ဓါးဖြင့်လိုက်လံခုတ်သဖြင့်အမျိုးသား ၂ဦး၊အမျိုးသမီး ၁ဦး သေဆုံးပြီး အမျိုးသမီး ၃ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားကြောင်း သိရသည်။ ဧပြီလ ၁၂ ရက်နေ့ မွန်တည့် ၁၂နာရီခွဲ အချိန်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊အုံးဇုံးကျေးရွာအုပ်စု၊သက္ကယ်ပြန့် ကျေးရွာနေ PDF အကြမ်းဖက်အဖွဲ့ဝင်ဖြစ်ပြီး အကြမ်းဖက်အဖွဲ့အား ထောက်ပို့ပြုလုပ်နေသူ ဦးသိန်းလွင်၊၅၃နှစ်၊(ဘ)ဦးအေးနှင့် ၎င်း၏ သားများဟုယူဆရသူ ၃ဦးခန့်အပါအဝင် အခြားအမည်မသိ ၁၅ဦးခန့်တို့သည် သက္ကယ်ပြန့်ကျေးရွာအတွင်းလာရောက်၍ ကျေးရွာတာဝန်ခံ ဦးထွန်း၏နေအိမ်ပြင်ပမှ သေနတ်(စီစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ရာ ဦးထွန်းမှာ မိသားစုလိုက် အိမ်နောက်ဖက်သို့ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဦးသိန်းလွင်နှင့်အဖွဲ့သည် တစ်ရွာလုံး ဒလန်တွေဘဲဟု ပြောဆိုအော်ဟစ်ကာ ရွာအတွင်းလမ်းမပေါ်နှင့် နေအိမ်များအတွင်းသို့ဝင်ရောက်၍ တွေ့သမျှလူများအား ဓါးဖြင့်လိုက်လံခုတ်သဖြင့် အမျိုးသား ၂ ဦး၊အမျိုး သမီး ၁ဦး သေဆုံးပြီး အမျိုးသမီး ၃ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ PDF အကြမ်းဖက်များ၏ သတ်ဖြတ်မှုကြောင့် သက္ကယ်ပြန့်ကျေးရွာ၊ သပိတ်ကျင်းမြို့နယ်နေသူများ ဖြစ်သည့် ဦးလင်းအောင်၊၄၃နှစ်၊(ဘ)ဦးသန်းစိန်၊ (ခေါင်းပြတ်သေဆုံး)၊မောင်စိုင်းစိုင်း၊၁၄နှစ်၊(ဘ)ဦးလင်းအောင် (သေဆုံး)၊ ဒေါ်လဲ့လဲ့ဝင်း၊၂၄နှစ်၊(ဘ)ဦးမြင့်လွင်၊(ခေါင်းပြတ်သေဆုံး)၊ မနှင်းနုဝေ၊၁၆နှစ်၊(ဘ)ဦးလင်းအောင်မှာ ယာ-တံတောင်ဆစ် ပြတ်ရှဒဏ်ရာ၊ယာ-ဒူးဆစ်ပြတ်ရှဒဏ်ရာ(စိုးရိမ်ရ) ဒေါ်နိုင်နိုင်မော်၊၄၉နှစ်၊(ဘ)ဦးဝင်းနိုင်မှာ ဝဲ-လက်သူကြွယ် ပြတ်ရှဒဏ်ရာ၊ ဝဲ-လက်သန်း ပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ)ဒေါ်မျိုးမြတ်နိုင်၊၂၀နှစ်၊(ဘ)ဦးဝင်းနိုင်မှာ (ဝဲ/ယာလက်မောင်း ပြတ်ရှဒဏ်ရာ၊ ယာ-လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့ကြကြောင်း သိရသည်။ https://positiveanglenews.com/2024/04/15/သပိတ်ကျင်းမြို့နယ်တွင်-p/ https://t.me/positiveanglenews

ခွေးသစ်စောက်ရမ်းရေးနေတာမယုံကြနဲ့ မြေပြင်နဲ့တလွဲပါ

Repost from PAN
တိုင်းရင်းဆေးဆရာ(ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ)နှင့် ၎င်း၏ဇနီးဖြစ်သူ အား အကြမ်းဖက်သမားများမှ သတ်ဖြတ် *************** (ပြည်တွင်း
+1
တိုင်းရင်းဆေးဆရာ(ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ)နှင့် ၎င်း၏ဇနီးဖြစ်သူ အား အကြမ်းဖက်သမားများမှ သတ်ဖြတ် *************** (ပြည်တွင်း) ဧပြီ ၁၂ ယနေ့နံနက် ၈ နာရီ ၄၅ အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကြက်သားဟင်းကျေးရွာအုပ်စု၊ ကျီအင်းကျေးရွာ၌ လူ ၂ ဦး အသတ်ဖြတ်ခံရကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ ကျီအင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးချစ်စရာ(ခ)ခင်အောင်၊ ၇၄ နှစ်၊ တိုင်းရင်းဆေးဆရာ(ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ)နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်စန်းစန်းမူ၊ ၅၆ နှစ်တို့သည် နေအိမ်တွင် အတူရှိနေစဉ် အမည်မသိ အကြမ်းဖက်သမား ၆ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး သေနတ်အတို(စိစစ်ဆဲ)များ၊ ဓါးများဖြင့် ပစ်ခတ်/ထိုးခုတ် သတ်ဖြတ်ခဲ့ကြကြောင်း သိရှိရသည်။ ၎င်း ပစ်ခတ်/ထိုးခုတ်မှုများကြောင့် ဦးခင်အောင်တွင် ဝဲဘက်ပါး ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်နဖူး ပြတ်ရှ ဒဏ်ရာ ၁ ချက်၊ ဝဲဘက်လည်ပင်း ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲဘက်နံဘေး ထိုးသွင်းဒဏ်ရာ ၁၀ ချက် နှင့် ဒေါ်စန်းစန်းမူတွင် ဝဲဘက်လက်မောင်းပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်ဦး Website Link>>... https://positiveanglenews.com/2024/04/12/တိုင်းရင်းဆေးဆရာပြည်ခိ/ VK Link>>... https://vk.com/wall-220066330_5955 #PAN

Repost from PAN
အပုပ်နံ့များထွက်နေကြောင်း ပတ်ဝန်း ကျင်နေသူများ၏ သတင်းပေး တိုင်တန်းချက်အရ သွားရောက်စစ်ဆေးရာ သတ်ဖြတ်ခံထားရသော မိသားစု ၃ ဦး တွေ
+2
အပုပ်နံ့များထွက်နေကြောင်း ပတ်ဝန်း ကျင်နေသူများ၏ သတင်းပေး တိုင်တန်းချက်အရ သွားရောက်စစ်ဆေးရာ သတ်ဖြတ်ခံထားရသော မိသားစု ၃ ဦး တွေ့ရှိ *************** (ပြည်တွင်း) ဧပြီ ၁၂ မန္တလေးတိုင်းဒေသကြီး၊ အောင်​မြေသာစံ မြို့နယ်၊ ၁၀လမ်း၊ ၈၇×၈၈ လမ်းကြား၊ အကွက်(၄၁၅/N2)၊ ညောင်ကွဲရပ်ကွက်အတွင်း မိသားစု ၃ ဦး သတ်ဖြတ်ခံရကြောင်း သိရှိရသည်။ အမှတ်(၄)နယ်မြေရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များသည် ယမန်နေ့ည ၇ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် နယ်မြေအတွင်းလှည့်ကင်း တာဝန်ဆောင် နေစဉ် အောင်မြေသာစံမြို့ နယ်၊ ၁၀လမ်း၊ ၈၇×၈၈ လမ်းကြား၊ အကွက်(၄၁၅/N2)၊ ညောင်ကွဲရပ်ကွက်ရှိ ဦးမြင့်စိုးနှင့် ဇနီးဒေါ်မြသန်းထိုက်၊ သား ထက်လင်းစိုးတို့ မိသားစု ၃ ဦးနေထိုင်သည့်နေအိမ်မှာ လွန်ခဲ့သော ၃ ရက်ခန့်ကတည်းက ပိတ်ထားသည်ကိုတွေ့ရှိရပြီး အပုပ် နံ့များထွက်နေကြောင်း ပတ်ဝန်း ကျင်နေသူများ၏ သတင်းပေး တိုင်တန်းချက်အရ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သက်သေအဖွဲ့နှင့်အတူ အခင်းဖြစ်နေရာသို့ သွား ရောက်စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။ Website Link>>... https://positiveanglenews.com/2024/04/12/အပုပ်နံ့များထွက်နေကြော/ VK Link>>... https://vk.com/wall-220066330_5953 #PAN

Repost from PAN
မွန်လက်နက်ကိုင် ၃ ဖွဲ့ပူးပေါင်းပြီး ဒေသတွင်းမှာ စစ်ရေးပူးပေါင်းမှုဆောင်ရွက်မယ်ဆိုတဲ့သတင်းကြောင့် မွန်ဒေသမှာနေထိုင်တဲ့ မွန်ပြည်သူတွေ စိုးရိမ်ထိတ်လန့်မှုတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ မွန်ပြည်တော်လှန်ရေးတပ်နဲ့ မွန်ပြည်ကာကွယ်ရေးတပ်တို့ဟာ ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့က မွန်ပြည်နယ်အတွင်းမှာ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလိုက်တယ်ဆိုတဲ့ပြောဆိုချက်တွေနဲ့ အကြမ်းဖက်မှုတွေကိုအသားပေး ရေးသားဖော်ပြနေတဲ့ ဖေစ့်ဘွတ်ပေစ့် သတင်းတွေရဲ့ ရေးသားဖော်ပြမှုတွေကြောင့် မွန်ပြည်သူတွေ စိုးရိမ်ထိတ်လန့်မှုတွေဖြစ်ပေါ်လာခဲ့ကြတာဖြစ်ပါတယ်။ #pan_broadcasting

Repost from PAN
PDF အကြမ်းဖက်တွေကိုတွေ့ဆုံဖို့နဲ့ ထောက်ပို့ပစ္စည်းတွေပေးဖို့ ရန်ကုန်ကလာတဲ့ PDF ထောက်ပို့နှစ်ဦးကို မော်လမြိုင်မှာ ထောက်ပို့ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်းမှာရှိတဲ့ “ပြည့်လျှံ” ဧည့်ရိပ်သာမှာ PDF အကြမ်းဖက်အဖွဲ့ကို ထောက်ပို့လုပ်ဆောင်နေသူတွေနဲ့ ပစ္စည်းတွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းအရ လုံခြုံရေးတပ်ဖွဲ့တွေက ဝင်ရာက်စစ်ဆေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ #pan_broadcasting

Repost from PAN
YBS (၆၁) ယာဉ်တစ်စီး မီးလောင်သဖြင့် ခရီးသည်များ ခုန်ဆင်းထွက်ပြေး **************** (ပြည်တွင်း) ဧပြီ ၁၀ ရန်ကုန်တိုင်းဒေသကြီး၊ အင
+1
YBS (၆၁) ယာဉ်တစ်စီး မီးလောင်သဖြင့် ခရီးသည်များ ခုန်ဆင်းထွက်ပြေး **************** (ပြည်တွင်း) ဧပြီ ၁၀ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဇေယျတံတားအဆင်းတွင် ခရီးသည်တင်ယာဉ် YBS (၆၁) ယာဉ်လိုင်းမှ ယာဉ်တစ်စီး မီးလောင်ခဲ့သည့်အတွက် ယာဉ်ပေါ်ပါ ခရီးသည်များ ခုန်ဆင်းထွက်ပြေးလွတ်မြောက်ခဲ့ကြကြောင်း သိရသည်။ ယနေ့ ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းကဖြစ်ပွားခဲ့သည့် YBS မီးလောင်မှုတွင် ယာဉ်ပေါ်ပါခရီးသည်များ ထိခိုက်ဒဏ်ရာရှိမှုမရှိကြောင်း သိရသည်။ အနောက်ပိုင်းနည်းပညာ တက္ကသိုလ်မှ ဆူးလေသို့ ပြေးဆွဲလျက်ရှိသည့် YBS (၆၁) ယာဉ်တစ်စီးမှာ အောင်ဇေယျတံတားအဆင်းသို့အရောက် အင်ဂျင်ခန်းမှ မီးခိုးများထွက်ပြီး အပူလွန်ကဲကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ မီးလောင်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များ ဆင်းပြေးခဲ့ရပြီး မီးကို အနီးပတ်ဝန်းကျင်ရှိ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ယနေ့ ဧပြီ (၁၀) ရက် နံနက်အစောပိုင်း (၃)နာရီ၊ (၅၄)မိနစ် အချိန်ခန့်ကလည်း Website Link https://positiveanglenews.com/2024/04/10/ybs-၆၁-ယာဉ်တစ်စီး-မီးလောင်သ/ VK Link https://vk.com/wall-220066330_5911 #PAN

Repost from PAN
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်က ကျေးရွာတစ်ချို့မှာ တအောင်းပလောင်သောင်းကျန်းသူတွေဖြစ်တဲ့ TNLA က စစ်တပ်ထုတ်ကုန်တွေကို ရောင်းချတယ်ဆိုပြီး ဈေးဆိုင်ရှင်တစ်ချိုကို ဖမ်းဆီးတာတွေရှိသလို ဈေးဆိုင်တစ်ချို့က စားသောက်ကုန်တွေကို သိမ်ဆည်းတာတွေ ဖျက်စီးတာတွေလုပ်နေတာကြောင့် ဈေးရောင်းချသူတွေဟာ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေရတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက PAN ကိုပြောပါတယ်။ #pan_broadcasting

Repost from PAN
၁၀၂၇ စစ်ဆင်ရေးလို့အမည်တပ်ထားတဲ့ စစ်ရေးလှုပ်ရှားမှုတစ်ခုအတွင်း ကွမ်လုံမြို့က အပစ်မဲ့ပြည်သူ ၅၀ ဦးထက်မနည်းကို ကိုးကန့်သောင်းကျန်းသူ (MNDAA)က ဒလန်ရှင်းလင်းရေးဆိုတဲ့ ခေါင်းစဥ်နဲ့ဖမ်းဆီး သတ်ဖြတ်ခဲ့ကြတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကွမ်လုံနဲ့အနီးတဝိုက်မြို့တွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေဖမ်းဆီးခံရပြီး MMDAA ရဲ့ စစ်သားစုဆောင်းရေးနဲ့ စစ်ရေးလေ့ကျင့်ကွင်းကို ရောက်သွားတဲ့သူတွေရှိသလို ဒေသခံမဟုတ်တဲ့ နေရပ်ပြန်ပြည်သူ ထောင်နဲ့ချီဖမ်းဆီးခံထားရလို့ သူတို့ရဲ့မိသားစုတွေကတော့ ဒီကနေ့အထိ အဆက်အသွယ်လို့မရ ဖြစ်နေပါတယ်။ #pan_broadcasting

Repost from PAN
အင်းလေး ရေပေါ်သင်္ကြန် ကျင်းပမည် ******* ဧပြီ ၇ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလေးကန်တွင် မြန်မာ့ရို
အင်းလေး ရေပေါ်သင်္ကြန် ကျင်းပမည် ******* ဧပြီ ၇ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလေးကန်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အနေဖြင့် ရေပေါ်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန ကနေ သိရပါတယ်။ အင်းလေး ရေပေါ်သင်္ကြန်ပွဲတော်ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ အလွန်၂၀၂၃ ခုနှစ်တွင် အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ပြန်လည် ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ ယခု ၂၀၂၄ ခုနှစ်တွင်လည်း အင်းလေး ရေပေါ်သင်္ကြန်ပွဲတော်တွင် ရိုးရာအကအလှ ဖျော်ဖြေမှုများ စတုဒီသာ ကျွေးမွေးဧည့်ခံမှုများကို ဧပြီလ ၁၃ ရက် ကနေ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည် ဖြစ် ကြောင်းသိရပါတယ်။ အဲ့ဒါကြောင့် ခရီးသွားဧည့်သည်များအနေဖြင့် အင်းလေး ဖောင်တော်ဦး ဘုရားဖူးလာရောက်လည်ပတ်၍ အင်းလေးရေပေါ်သင်္ကြန်ကို ပါဝင်ဆင်နွှကြရန် ဖိတ်ခေါ်ထားပါတယ်။ Website Link https://positiveanglenews.com/2024/04/07/အင်းလေး-ရေပေါ်သင်္ကြန်-က/ VK Link https://vk.com/wall-220066330_5845 #PAN

Repost from PAN
CI ထုတ်ပေးထားသူပေါင်း ၁ သိန်း ၆ သောင်းကျော်ရှိ ****** ဧပြီ ၇ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားတွေကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်
CI ထုတ်ပေးထားသူပေါင်း ၁ သိန်း ၆ သောင်းကျော်ရှိ ****** ဧပြီ ၇ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားတွေကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ထုတ်ပေးထား သူ ပေါင်း ၁ သိန်း ၆ သောင်းကျော် ရှိပြီးဖြစ်တယ်လို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောပါတယ်၊၊ ဧပြီလ ၅ ရက် မနက်ပိုင်းက အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ “ ပြည်ပတွင် အလုပ်လုပ်ကိုင်မှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီ” အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်၊၊ သက်သေခံ လက်မှတ် CI ထုတ်ပေးရေးစခန်း ၅ ခုနဲ့ Mobile Unit ၃ ခုကို ဖေဖော်ဝါရီလ ၂၃ ရက်ကနေ ဧပြီလ ၄ ရက်အထိ ဖွင့်လှစ် ဆောင်ရွက်ပေးခဲ့ရာမှာ ၁၆၀,၉၀၃ ယောက်ကို CI ထုတ်ပေးနိုင်ခဲ့တယ်လို ဆိုပါတယ်၊၊ အဲဒီလို ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေကို CI ထုတ်ပေးတာတွေကြောင့် အလုပ် သမားတွေအနေနဲ့ ထိုင်းနိုင်ငံအတွင်း နယ်ကျော်သွားလာခွင့်၊ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သတ်မှတ်ထားတဲ့ လုပ်ခ လစာ၊ ဥပဒေပါအကျိုးခံစားခွင့်၊ အလုပ်လုပ်ကိုင်ခွင့်နဲ့ Website Link https://positiveanglenews.com/2024/04/07/ci-ထုတ်ပေးထားသူပေါင်း-၁-သိ/ VK Link https://vk.com/wall-220066330_5846 #PAN

Repost from PAN
မှော်ဘီမြိုနယ်၊ မြောင်းတကာစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွား ****** ဧပြီ ၇ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြိုနယ်၊ မြောင်းတကာစက
+2
မှော်ဘီမြိုနယ်၊ မြောင်းတကာစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွား ****** ဧပြီ ၇ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြိုနယ်၊ မြောင်းတကာစက်မှုဇုန်တွင် ယနေ့ညနေ ၄ နာရီ ၂၄ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရရှိပါသည်။ အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြောက်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ မှော်ဘီမြိုနယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၅)စီး၊ တိုက်ကြီးမြိုနယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ မင်္ဂလာဒုံမြိုနယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရွှေပြည်သာမြိုနယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ လှည်းကူးမြိုနယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးနှင့် ပုလဲအရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးတိုဖြင့် ၄ နာရီ ၄၀ မိနစ်အချိန်ခန့် တွင် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်လျက်ရှိကြေင်း သိရှိရပါသည်။ Website Link https://positiveanglenews.com/2024/04/07/မှော်ဘီမြိုနယ်၊-မြောင်း/ VK Link https://vk.com/wall-220066330_5847 #PAN

Repost from PAN
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းမှာ ပြေးဆွဲအသုံးပြုဖို့အတွက် စပိန်နိုင်ငံကဝယ်ယူထားတဲ့ ခေတ်မီ DEMU ဒီဇယ်လျှပ်စစ်ရထားတွဲဆိုင်းသစ်တွေကို စမ်းသပ်​​မောင်းနှင်နေပြီဖြစ်ပါတယ်။ #pan_Broadcasting