8 469
مشترکین
-524 ساعت
-367 روز
-20230 روز
آرشیو پست ها
8 469
လှိုင်မြို့နယ်၊ ဘူတာရုံလမ်းတွင် အကြမ်းဖက်စစ်ကောင်စီမှ စစ်ဆေးမှုလုပ်နေ
လှိုင်မြို့နယ်အတွင်း မွန်းလွဲ ၁၂း၂၅ ဝန်းကျင်၌ ဘူတာရုံလမ်းအနီးတဝျုက်တွင် လမ်းသွားလမ်းလာလူငယ်များကို ကျောပိုးအိတ်ဖွင့်စစ်နေသည်။
@Hlaing_Information သို့ သတင်းပေးပို့နိုင်ပါသည်။
📌 Hlaing Information
8 469
Repost from RSN WEB
ရန်ကုန်တိုင်း တစ်နေ့တာ ဖြစ်စဉ်အကျဉ်း
ဇူလိုင် ၂၀၊ ၂၀၂၃
ယနေ့ည ၈ နာရီခန့်က မြောက်ဒဂုံမြို့နယ်၊ ၃၈ ရပ်ကွက်တွင် ကျော်ဆန်းဝင်း ဆိုသူ ပစ်ခတ်ခံရကြောင်း သိရပြီး Mobile Local အဖွဲ့မှ ပြည်သူ့စစ်တာဝန်ခံဖြစ်၍ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် နိုင်ငံတွင်း ကျောင်းတက်နိုင်သူ အားလုံး၏ ၂၂ ရာခိုင်နှုန်းသာ လက်ရှိကျောင်းလျက်ရှိကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာ၌ ဖော်ပြထားသည်ဟု သိရသည်။
လက်နက်ကိုင်အဖွဲ့များဖြစ်သည့် UWSP, NDAA နှင့် SSPP အဖွဲ့တို့ ယမန်နေ့က နေပြည်တော်တွင် စစ်ကောင်စီ အကြမ်းဖက်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
ဒေါ်လာငွေများပြတ်လပ်လာပြီးနောက် စစ်ကောင်စီက ဇူလိုင်လ ၂၂ ရက်နေ့၌ စက်သုံးဆီလုပ်ငန်းရှင်များကို နေပြည်တော်တွင် အထူးအစည်းအဝေးခေါ်ထားကြောင်း သိရသည်။
စင်္ကာပူရှိ ဘဏ် ၃ ခုတွင် နိုင်ငံအရံငွေ ဒေါ်လာ ၄ ဘီလီယံဝန်းကျင် ပိတ်မိနေကြောင်း သိရပြီး ထိုငွေများကို စစ်ကောင်စီ ထုတ်ယူ မသုံးနိုင်ရန် လုပ်ဆောင်နေကြောင်း NUG ကြားကာလ ဗဟိုဘဏ်က ထုတ်ပြန် ပြောကြားထားသည်။
ဥရောပသမဂ္ဂမှ စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဆိုသူ သုံးယောက်၊ စစ်ကောင်စီအဖွဲ့ဝင် နှစ်ယောက်နဲ့ စစ်ထောက်ချုပ်တစ်ယောက်တို့ အပြင် စစ်တပ်က ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မြန်မာ့သတ္တုတွင်းလုပ်ငန်းတို့ကို ပိတ်ဆို့ အရေးယူသည့် စာရင်းထဲ ထပ်ထည့်လိုက်ကြောင်း ကြေညာထားသည်ဟု သိရသည်။
ဗြိတိန် ထောက်လှမ်းရေး MI6 အကြီးအကဲက လက်ရှိ မြန်မာနိုင်ငံ၏ ပြဿနာအကြပ်အတည်းများအတွက် စစ်ကောင်စီကို ထောက်ပံ့ကူညီနေသည့် တရုတ်တွင် အဓိကတာဝန်ရှိကြောင်း ဆိုထားသည်။
ရုရှားလက်နက်များ ပြည်ပ တင်ပို့သည့် Rosoboronexport ကုမ္ပဏီ အကြီးအကဲသည် ဇူလိုင် ၁၉ ရက်နေ့က မြန်မာနိုင်ငံသို့ လျှို့ဝှက် လာရောက်သွားပြီး အကြမ်းဖက်စစ်ခေါင်းဆောင်များနှင့် လာရောက်တွေ့ဆုံသွားကြောင်းလည်း သိရသည်။
#george #rsnweb #rangoonscoutnetwork
8 469
[2:20pm] (၈) ရပ်ကွက်၊ သုခလမ်းနှင့် ဦးချိုလမ်းဆုံရာ သုခချိုကွန်ဒိုအနီးရှိ အိမ်တစ်အိမ်တွင် wire shock ဖြစ်ပွားမှုကြောင့် ညှော်နံ့များထွက်လာကာ Ambulance 2 စီး၊ ရဲခွေးသုံးသည့် အိမ်စီးကား 1 စီး ရဲခွေးများရောက်လာကာ ဝင်စစ်ခဲ့ကြသည်။
@Hlaing_Information သို့ သတင်းပေးပို့နိုင်ပါသည်။
📌 Hlaing Information
8 469
ပြည်လမ်း၊ အင်ယားကန်ဘောင်ရှေ့တွင် ယာဥ်စစ်ဆေးမှုရှိ
လှိုင်မြို့နယ်အတွင်း မနက် ၁၁း၂၅ ဝန်းကျင်၌ ပြည်လမ်းမပေါ် အင်းလျားလမ်းထောင့်အနီး ကန်ဘောင်တည့်တည့် အပေါက်ဝရှေ့မှာ စစ်ခွေး DC 1 စီး၊ အိမ်စီးကား 1 စီးဖြင့် ဘဲဥနှင့် ထွေအုပ်များပါ ယာဉ်စစ်ဆေးနေကြသည်။
@Hlaing_Information သို့ သတင်းပေးပို့နိုင်ပါသည်။
📌 Hlaing Information
8 469
Repost from RSN WEB
ရန်ကုန်တိုင်း တစ်နေ့တာ ဖြစ်စဉ်အကျဉ်း
ဇူလိုင် ၁၉၊ ၂၀၂၃
အာဇာနည်နေ့ဖြစ်သည့်အလျောက် ရန်ကုန်တစ်မြို့လုံးတွင် လုံခြုံရေးချထားသည့် အကြမ်းဖက် စစ်တပ်သား၊ ရဲတပ်သား အများအပြားတွေ့ရပြီး တင့်ကားအဖြူများ၊ ဘရင်းကယ်ရီယာများ ပါ မြို့အနှံ့သွားလာနေသည်ကို တွေ့ရသည်။
အာဇာနည်နေ့အခမ်းအနားသို ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ အောင်ဆန်းဦးတက်ရောက်ခဲ့သည်ကို တွေ့ရပြီး အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်ခြင်း မရှိပဲ စစ်ကောင်စီ ပိုဆောင်ဆက်သွယ်ရေးဝန်ကြီးဆိုသူ တင်အောင်ဆန်းက ဦးဆောင်ကျင်းပသွားသည်ကို တွေ့ရသည်။
အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်ပြတိုက်၊ ဝန်ကြီးများရုံး စသည့်နေရာတိုတွင် လူလည်ပတ်မှုမရှိမည်စိုး၍ သက်ဆိုင်ရာ အုပ်ကြီးများမှ တဆင့် တစ်မြိုနယ်လျှင် လူ ၅၀ ခန့် တောင်းယူ လည်ပတ်စေကာ မနက် ၁၀ နာရီ ၃၇ မိနစ်တွင်လည်း မီးသတ်ဌာနများအား ဥဩများ ဆွဲကြရန် စေခိုင်းထားကြောင်း သိရသည်။ တက္ကသိုလ်များနှင့် စကစ ဌာနအသီးသီးမှ ကျောင်းသားနှင့် ဝန်ထမ်းများကိုလည်း Mini bus များ၊ YBS များဖြင့် ခေါ်၍ လူစည်ကားနေသယောင် ဖန်တီးခဲ့သည်။
လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ “အာဇာနည်မျိုး သေရိုးမရှိ” စာသားပါ ဘန်နာအား ရန်ကုန်မြို့တစ်နေရာတွင် ချိတ်ဆွဲ၍ AJAY ရဲဘော်များက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုခဲ့ကြသည်။
S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ မှလည်း အာဇာနည်နေ့ အထိမ်းအမှတ်အနေဖြင့် အထက်အညာဒေသ မှ မီးရှိခံရသော ပြည်သူများကိုယ်စား ဆန္ဒထုတ်ဖော်၍ ခုခံတော်လှန်စစ်မီးသည် အထက်အညာ ဒေသတွင်မက မြိုကြီးများထံသို့လည်း မကြာမီ ရောက်လာတော့မည် ဖြစ်ကြောင်း ဆိုထားသည်။
စစ်ကောင်စီမှ ထိန်းချုပ်ကန့်သတ်မှုများ ရှိနေသဖြင့် စားသုံးဆီကုန်သည်များ ဆီခွဲတမ်းရရှိမှုနည်းကာ ဆီပြတ်လပ်မှုများဖြစ်၍ ဈေးနှုန်းများလည်း စံချိန်တင်မြင့်တက်နေကြောင်း သိရသည်။
MFTB နှင့် MICB ဘဏ်တို့ ဒဏ်ခတ်ပိတ်ဆိုခံရပြီးနောက် စစ်ကောင်စီက မြန်မာ့စီးပွားရေးဘဏ် MEB ကို ဘဏ်စာရင်းပြောင်းဖွင့်၍ အသုံးပြုလာနေကြောင်း သိရသည်။ စစ်ကောင်စီပိုင် မြန်မာ့သစ်လုပ်ငန်း MTE ကလည်း အကောင့်များပြောင်းဖွင့်နေပြီး သစ်လေလံတင်ရောင်းချရာတွင်လည်း ဒေါ်လာငွေဖြင့်သာ လက်ခံရန်ပြင်နေသည်ဟု ဆိုသည်။
ဗြိတိန်နိုင်ငံမှ လူသားချင်းစာနာမှုအကူအညီအဖြစ် လာမည့် ဘဏ္ဍာရေးနှစ်တွင် စတာလင်ပေါင် သန်း ၃၀ ခန့် ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း တရားဝင်ကြေညာထားသည်။
ယမန်နေ့ည ၈ နာရီခွဲခန့်က တောင်ဥက္ကလာမြို့နယ်တွင် စစ်ကောင်စီ ရဲစခန်းမှူးကို ရဲတပ်သားတစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး ရဲစခန်းမှူး ပြင်းထန်စွာ ထိခိုက်ခဲ့ကြောင်း သိရသည်။ ကင်းစောင့်ချထားမှု အလှည့်ကြိမ် အရေအတွက်ပေါ်မူတည်၍ အချင်းများကြခြင်းဖြစ်ပြီး ယခု ထိုရဲတပ်သားမှာ တောင်ဥက္ကလာရဲစခန်းတွင်ပင် ချုပ်နှောင်ခံထားရကြောင်း သိရသည်။
#george #rsnweb #rangoonscoutnetwork
8 469
Repost from OCTOPUS (ရေဘဝဲ) 🐙
📌 ရန်ကုန်မြို့လယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ရေဘဝဲနှင့်မဟာမိတ်အဖွဲ့အစည်းများမှ ညသပိတ်လှုပ်ရှားမှုပြုလုပ် (ရုပ်၊သံ)
ရန်ကုန်မြို့လယ် တရုတ်တန်းတွင် ရေဘဝဲနှင့်မဟာမိတ်အဖွဲ့အစည်းများမှ ❝ လူမျိုးကြီးဝါဒတိုက်ဖျက်ကြ အာဇာနည်ဟာ(၉)ဦးမက ❞ စာသားပါတပ်ဦးအလံတော်ကိုကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ လူမျိုးကြီးဝါဒတိုက်ဖျက်ရေး ပြောက်ကျား ညသပိတ်တိုက်ပွဲဆင်နွှဲခဲ့ကြသည်။
အဆိုပါသပိတ်ကို
- ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ဦးဆောင်ကာ ပြည်သူလူထုနှင့်အတူ
- Youth Association Of Thingangyun (YAT)
- အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-မြေပြင်)
- Labour Alliance အဖွဲ့ဝင် (CTUM)
- စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းတို့ပေါင်းဆုံ၍ Revolution Force (RF) ၏မြေပြင်ကင်းထောက်ပံ့ပိုးမှုဖြင့် လူထုသပိတ်တိုက်ပွဲကိုဆင်နွှဲခဲ့ကြသည်။
ရေဘဝဲ၊ ဇူလိုင် ၁၈ ရက်
#July19 #အာဇာနည်နေ့
#OCTOPUS #ရေဘဝဲ
8 469
[9:36am] ဗဟိုလမ်းမ၊ ကမာရွတ်ဘူတာရှေ့တွင် ရဲခွေးကား DC 1 စီးရပ်ထားပြီး ရဲခွေးများ အနီးတဝိုက်နေရာကိုစစ်နေဟန်ရှိသည်။
@Hlaing_Information သို့ သတင်းပေးပို့နိုင်ပါသည်။
📌 Hlaing Information
8 469
Repost from RSN WEB
ရန်ကုန်တိုင်း တစ်နေ့တာ ဖြစ်စဉ်အကျဉ်း
ဇူလိုင် ၁၈၊ ၂၀၂၃
မနက်ဖြန် အာဇာနည်နေ့ ပွဲတက်ရန်အတွက် စစ်ကောင်စီ ရာထူးကြီး အကြမ်းဖက်ခေါင်းဆောင်များ ရန်ကုန်ကို ရောက်နေ၍ လုံခြုံရေးအထူးတင်းကြပ်ထားသည့်ကြားမှ ယနေ့တွင် တော်လှန်ရေးရဲဘော်များက စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်ကာ တိုက်ပွဲဝင်ခဲ့ကြသည်။
လှိုင်သာယာမြို့နယ်၊ ရွှေဥက္ကံရပ်ကွက်ရုံးတွင်းသို့ ည ၈ နာရီခန့်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲခြင်းမရှိခဲ့ပဲ စစ်ကောင်စီတပ်သားများ သိမ်းယူသွားကြောင်း သိရှိရသည်။ ညနေ ၅ နာရီခွဲခန့်ကလည်း ဗုံးပေါက်ကွဲမှု တစ်ခုနှင့် သေနတ်ပစ်ခတ်မှုတို့ လှိုင်မြို့နယ် အမှတ် (၁) စစ်ကြောရေးအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မြောက်ဥက္ကလာမြို့နယ် ဘုန်းကြီးလမ်းတဝိုက်တွင်လည်း ည ၇ နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုနှင့် သေနတ်ပစ်ခတ်မှု တချို့ရှိခဲ့သည်ဟု သတင်းရရှိသည်။
"အာဇာနည်တွေထပ်မပေါ်ဖို့ အာဏာရှင်ကိုအမြစ်ဖြတ်စို့" စာသားပါ ဘန်နာအား ရန်ကုန်မြို့တစ်နေရာတွင် ချိတ်ဆွဲ၍ MDF နှင့် KMD18 ရဲဘော်တို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုခဲ့ကြသည်။
OCTOPUS ၊ YAT ၊ အကလ-မြေပြင် ၊ CTUM) ၊ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း ရဲဘော်များက ရန်ကုန်မြို့တစ်နေရာတွင် 'လူမျိုးကြီးဝါဒတိုက်ဖျက်ကြ အာဇာနည်ဟာ(၉)ဦးမက' ဘန်နာကိုင်ဆွဲ၍ ချီတက်ဆန္ဒပြ ညသပိတ်ဆင်နွှဲခဲ့ကြသည်။
စစ်ကောင်စီ၏ ဝန်ကြီးဆိုသူများနှင့် စစ်ဗိုလ်ချုပ်အများအပြား ယနေ့ ရန်ကုန်တွင် ရှိနေခဲ့ပြီး ကမာရွတ်မြို့နယ် Novotel Hotel နှင့် မြန်မာ့အသံရုံး၊ မြောက်ဒဂုံမြို့နယ် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၊ ရန်ကင်းမြို့နယ် ကလေးဆေးရုံ စသည့်နေရာတို့တွင် ဇော်မင်းထွန်း၊ မောင်မောင်အေး၊ မောင်မောင်အုန်း၊ ပွင့်ဆန်း၊ သက်ခိုင်ဝင်း၊ သန်းဆွေ စသည့် အကြမ်းဖက်ခေါင်းဆောင်များ ခြေရှုပ်နေခဲ့ကြသည်။
ထိုင်း၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ နိုင်ငံတို့ပါဝင်သည့် BIMSTEC အစည်းအဝေးကို ယမန်နေ့က ပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားမှုဖြင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဆိုသူ သန်းဆွေလည်း တက်ရောက်ခဲ့သည်။
စစ်ကောင်စီက စိတ်ဓာတ်စစ်ဆင်ရေးနှင့် ဝါဒဖြန့်ချီရေး အနေဖြင့် NUG နှင့် PDF ရဲဘော်တို့ကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံဟူသည့် အဓိပ္ပါယ်များပါသည့် လက်ကမ်းစာစောင်များကို နိုင်ငံအနှံ့လိုက်လံဖြန့်ဝေနေကြောင်း သိရသည်။ လူမှုကွန်ယက်စာမျက်နှာများတွင်လည်း တစ်ချိန်တည်းရေးသားနေကြပြီး နိုင်ငံတွင်းနှင့် နိုင်ငံပြင်ပ စစ်တပ်လော်ဘီများမှလည်း ဝါဒဖြန့်နေကြသည်။
စင်္ကာပူ UOB ဘဏ်မှ MAI လေကြောင်းလိုင်း၏ ဘဏ်အကောင့်များ ပိတ်ပင်လိုက်မှုအပေါ် မမျှော်လင့်ထားမိကြောင်း MAI က ဆိုထားသည်။ MAI သည် မင်းအောင်လှိုင် ခရီးစဉ်များအတွက် လုပ်ဆောင်ပေးနေသည့်အပြင် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများတွင်လည်း ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေကြောင်း သိရသည်။
NUG ၏ ကြားကာလ ဗဟိုဘဏ် ခွင့်ပြုချက်ဖြင့် နွေဦးဖွံ့ဖြိုးရေးဘဏ်ကို ဖွင့်လှစ်တော့မည်ဖြစ်ပြီး မတည်ရင်းနီးငွေ ဒေါ်လာ ၅ သိန်းဖြင့် စတင်မည်ဟု ကြေညာထားသည်။
#george #rsnweb #rangoonscoutnetwork
8 469
(၇၆) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရန် အာဏာလုစစ်ကောင်စီမှ ခေတ္တလမ်းပိတ်ဆို့ကြောင်းကြေညာချက်ထုတ်ပြန်ထား
July 19, 2023
ယနေ့ ဇူလိုင်လ (၁၉) ရက်တွင် ကျရောက်သော (၇၆) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရန် ဗဟန်းမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်တို့တွင် ခေတ္တလမ်းပိတ်ထားကာ လမ်းပိတ်/လမ်းလွှဲဆောင်ရွက်မည်ဖြစ်ကြောင်း အာဏာလုစစ်ကောင်စီ၏ လက်အောက်ခံသတင်းဌာနမှ ကြေညာချက်ထုတ်ပြန်ထားသည်။
ဇူလိုင်လ (၁၉) ရက်တွင် အာဇာနည်နေ့အခမ်းအနားကျင်းပရန် မနက် ၄း၀၀ နာရီမှ အခမ်းအနားပြီးဆုံးသည်အထိ ဗဟန်းမြို့နယ်အတွင်း အောက်ဖော်ပြပါ လမ်းအချို့ကို ခေတ္တလမ်းပိတ်ဆို့ထားမည်ဖြစ်သည်။
- အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်းမှ
- ဓမ္မစေတီလမ်းအား ဦးဝိစာရ - ဓမ္မစေတီလမ်းဆုံ မှ
- ဓမ္မစေတီလမ်းအား အင်းယားမြိုင်လမ်းဆုံမှ
- အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်း နှင့် ဦးဝိစာရလမ်းဆုံမှ
- အာဇာနည်လမ်းအား ဦးထောင်ဘိုလမ်း နှင့် အာဇာနည်လမ်းဆုံ မှ
- ရွှေတိဂုံဘုရားမြောက်ဘက်မုခ် (သွေးဆေးကန်)
- ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်း မှ ဦးဝိစာရ ဓမ္မစေတီလမ်းဆုံအထိ
ဇူလိုင်လ (၁၉) ရက် မှ (၂၁) ရက်အထိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ဖွင့်လှစ်ရန် မနက် ၅း၀၀ နာရီမှ ညနေ ၆း၀၀ နာရီအထိ ဗဟန်းမြို့နယ်အတွင်း အောက်ဖော်ပြပါ လမ်းအချို့ကိုခေတ္တလမ်းပိတ်ဆို့ထားမည်ဖြစ်သည်။
- နတ်မောက်လမ်းအား ဝင်္ကဘာလမ်းဆုံမှ
- နတ်မောက်လမ်းအား ဖိုးစိန်လမ်းဆုံမှ
- ဗိုလ်ချုပ်ပြတိုက်လမ်းအား ငါးထပ်ကြီးဘုရားလမ်း နှင့် ဆုံရာမှ
- ဗိုလ်ချုပ်ပြတိုက်လမ်းအား စောမဟာလမ်းဆုံမှ
- ဗိုလ်ချိုလမ်းအား ရွှေကြပ်ယက်လမ်းဆုံမှ
ဇူလိုင်လ (၁၉) ရက် မှ (၂၁) ရက်အထိ အလံတင်အခမ်းအနားကျင်းပရန် မနက် ၅း၀၀ နာရီမှ ညနေ ၆း၀၀ နာရီအထိ ဗိုလ်တထောင်မြို့နယ်အတွင်း ဝန်ကြီးများရုံပတ်ပတ်လည် အောက်ဖော်ပြပါ လမ်းအချို့ကိုခေတ္တလမ်းပိတ်ဆို့ထားမည်ဖြစ်သည်။
- သိမ်ဖြူလမ်းအား ဗိုလ်ချုပ်လမ်းဆုံမှ
- အနော်ရထာလမ်းအား ဗိုလ်မြတ်ထွန်းလမ်းဆုံမှ
- မဟာဗန္ဓုလလမ်းအား ပန်းဆိုးတန်းလမ်းဆုံမှ
- ဗိုလ်အောင်ကျော်လမ်းအား ကုန်သည်လမ်းဆုံမှ
@Hlaing_Information သို့ သတင်းပေးပို့နိုင်ပါသည်။
📌 Hlaing Information
8 469
**လှိုင်မြို့နယ်တွင် သေနတ်သံနှင့် ပေါက်ကွဲသံများ ကြားရ**
July 18, 2023
လှိုင်မြို့နယ်အတွင်း ယနေ့ညနေ ၅ နာရီ ၂၅ မိနစ်ခန့်တွင် ရပ်ကွက်အချို့တွင် သေနတ်သံ ၄ချက်ဆက်တိုက်ကြားရပြီးနောက် ခဏအကြာတွင် ပေါက်ကွဲသံ ၁ ချက် ကျယ်လောင်စွာကြားရကြောင်း သတင်းရရှိသည်။ ဖြစ်စဥ်အသေးစိတ်ကိုဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။
@Hlaing_Information သို့ သတင်းပေးပို့နိုင်ပါသည်။
📌 Hlaing Information
8 469
လှိုင်မြို့နယ်၊ (၂) ရပ်ကွက်၊ သီရိလမ်းတွင်နေထိုင်သူ ပြည်သူ ၅ဦးကို အကြမ်းဖက်စစ်ကောင်စီမှ အရပ်ဝတ်ကားဖြင့်ခေါ်ဆောင်သွား
July 18, 2023
လှိုင်မြို့နယ်အတွင်း နေ့လယ် ၂း၄၀ ဝန်းကျင်၌ သီရိလမ်းပေါ် သီရိ (၅) လမ်းထိပ်ရှိ David Store Shop ရှေ့တွင် အကြမ်းဖက်စစ်ကောင်စီသုံး အိမ်စီးကား Probox ပုံစံဖြင့် ရဲ (၅) ယောက်မှ အစ္စလာမ်ဘာသာ (သို့) ဟိဒ္ဓူဘာသာဝင်ဟုယူရသည့် အမျိုးသား (၂) ယောက်(လူငယ်ပိုင်း)ကို ခေါ်ဆောင်သွားသည်ဟုသိရသည်။
ထို့အတူ A1 ဆေးဆိုင်တိုက်တွင်နေထိုင်သည့် အမျိုးသား (၂) ယောက်နဲ့ အမျိုးသမီး (၁) ယောက်ကိုပါ ကားပေါ်ခေါ်ဆောင်သွားကြောင်းစုံစမ်းသိရှိရသည်။ အရပ်သားပြည်သူများကို လက်ခတ်မထိပ်ဟုသိရကာ ဖြစ်စဥ်အသေးစိတ်ကိုဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
@Hlaing_Information သို့ သတင်းပေးပို့နိုင်ပါသည်။
📌 Hlaing Information
8 469
Repost from RSN WEB
ရန်ကုန်တိုင်း တစ်နေ့တာ ဖြစ်စဉ်အကျဉ်း
ဇူလိုင် ၁၇၊ ၂၀၂၃
စစ်ကားကြီး အစီး ၄၀ ခန့်ပါသည့် ကားတန်း ယနေ့ မနက်က နေပြည်တော်မှ ရန်ကုန်သို့ ဦးတည်ထွက်ခွာလာပြီး ယနေ့ညတွင် ရန်ကုန်သို့ ရောက်ရှိလိမ့်မည်ဟု သုံးသပ်ရသည်။ အာဇာနည်နေ့နီး၍ ရန်ကုန်တွင် လုံခြုံရေးတင်းကြပ်ထားပြီး အစစ်အဆေး အဖမ်းအဆီးများလည်း များပြားနေသည်။ ယခုရက်ပိုင်း Zero mile တွင် အဖမ်းအဆီးများရှိနေပြီး ရန်ကုန်သို့ လာသည့် ကားများကိုလည်း ပိုက်စပ်တိုက် လိုက်စစ်ဆေးနေသည်။
ရွှေပြည်သာမြို့နယ်တွင် ရာအိမ်မှူးကို ဆဲဆိုမိသည့် စိတ်ဝေဒနာရှင်တစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရကြောင်း သိရသည်။ ယနေ့ မနက် ၉ နာရီခန့်က ဏ/၁၄ ရပ်ကွက် ရာအိမ်မှူးနှင့် စကားများရာမှ အကြမ်းဖက်တပ်ကို ဖုန်းဆက်ခေါ်ပြီးနောက် ရောက်ရှိလာကြကာ ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုတင်ထွဋ်ပိုင် အပါအဝင် နိုင်ကျဉ်း ၉ ဦး အင်းစိန်ထောင်တွင် အကြောင်းရင်းမရှိ ရိုက်နှက်ခံထားရပြီး ခြေကျင်းများခတ်ကာ တိုက်ပိတ်ခံထားရကြောင်း သိရသည်။
ရန်ကုန် အမေရိကန် သံရုံးတွင် လစ်လပ်နေသည့် အကြီးအကဲနေရာကို အသစ်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အမေရိကန်သံရုံးက ကြေညာထားသည်။
စစ်ကောင်စီ ထောက်တိုင်၊ မင်းအောင်လှိုင်ပေးထားသည့် သီရိပျံချီဘွဲ့ရထားသည့် FMI ဦးသိမ်းဝေ က ၎င်းတို့ လုပ်ငန်းများရှိနေသည့် မြို့ပြများနှင့် နေပြည်တော်ကို PDF ရဲဘော်များ မသိမ်းပိုက်နိုင်လျှင် အဆင်ပြေပြီ ဆိုသည့် သဘောပါသည့် စကားများပြောကြားနေသည့် ဗီဒီယိုဖိုင် တစ်ခုလည်း လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့နေကြောင်း သိရသည်။
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ကရင်နီ KNDF ဥက္ကဌ ခွန်ဘီတူးတို့က နေပြည်တော်ကို ပစ်မှတ်ထားတိုက်ခိုက်မည်ဖြစ်ကြောင်း ပြောဆို ကြေညာပြီးနောက် စစ်ကောင်စီက နိုင်ငံအနှံ့မှ စစ်တပ်နှင့် ရဲတပ်ရင်း စုစုပေါင်း ၁၀ ရင်းခန့် နေပြည်တော်သို့ ထပ်မံခေါ်ယူကာ လုံခြုံရေးအထူးတင်းကြပ်ထားလိုက်ကြောင်း သိရသည်။
အကြမ်းဖက်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က သူ၏ စီနီယာ ဗိုလ်ချုပ်ဟောင်းများကို နေပြည်တော်ရှိ ၎င်းတည်ထားနေသည့် မာရဝိဇယအမည်ရှိ ကျောက်ဆစ်ဘုရားရုပ်တုကို ပြသနေသည့် သတင်းပုံရိပ်များတွေ့ရသည်။ မြင့်ဆွေ နှင့် သိန်းစိန် တို့ပါဝင်သည်ကိုတွေ့ရပြီး အာဏာသိမ်း စစ်အုပ်ချုပ်ရေးသက်တမ်း ၆ လ ထပ်တိုးသည့်ကိစ္စနှင့် ဆက်စပ်နိုင်သည်ဟု သုံးသပ်ကြသည်။
စစ်ကောင်စီ မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရပြီး ဆီဂိုဒေါင်ပေါက်ကွဲမှု အပါအဝင် အကြမ်းဖက်စစ်တပ်သားများ ထိခိုက်သေဆုံးမှုများလည်း ရှိကြောင်း သိရသည်။ ယမန်နေ့ည တနင်္သာရီတိုင်း ထားဝယ်မြစ်ဝတွင်လည်း စစ်ကောင်စီတပ်သား ၃၀ ခန့်နှင့် လက်နက်ကြီးများ သယ်ဆောင်လာသည့် လှေတစ်စီး နစ်မြုပ်ခဲ့ကာ လှေပေါ်ပါလာသူ အကြမ်းဖက်တပ်သား အားလုံး သေဆုံးနိုင်သည်။
ကချင်ပြည်နယ် KIA ဌာနချုပ်ဘက်တွင် စစ်ကောင်စီက အကြမ်းဖက်တပ် တပ်ရင်း ၁၁ ရင်းခန့်ဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်နေပြီး KIA နှင့် AA ရဲဘော်များ ပူးပေါင်းကာ တန်ပြန်တိုက်ခိုက်နေ၍ စစ်ကောင်စီတပ်သားများ အကျအဆုံးအလွန်များနေကြောင်း သိရသည်။ လွန်ခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီက လိုင်ဇာသို့ ထိုးစစ်ဆင်ခိုင်းသည့်အမိန့်ကို ငြင်းဆန်၍ဟုဆိုကာ မြောက်ပိုင်းတိုင်း စစ်တိုင်းမှူး ကိုကိုမောင် အပါအဝင် အရာရှိများအား ဖမ်းဆီးလိုက်ကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။
#george #rsnweb #rangoonscoutnetwork
8 469
[10:00pm] (၁၁) ရပ်ကွက်၊ မြရတနာလမ်းကို စစ်ကောင်စီ အင်အား 10 ကောင်ခန့်ဖြင့် ဧည်စာရင်းဝင်စစ်သွားခဲ့သည်။
@Hlaing_Information သို့ သတင်းပေးပို့နိုင်ပါသည်။
📌 Hlaing Information
8 469
Repost from RSN WEB
ရန်ကုန်တိုင်း တစ်နေ့တာ ဖြစ်စဉ်အကျဉ်း
ဇူလိုင် ၁၆၊ ၂၀၂၃
ရန်ကုန်ရှိ မြို့နယ်များတွင် အကြမ်းဖက်တပ်သားများက အုပ်ချုပ်ရေးမှူးများကို အသိမပေးတော့ပဲ လူနေအိမ်များကို ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများ ပြန်လည် ပြုလုပ်လာနေကြောင်း သိရသည်။
စစ်ကောင်စီ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ဝန်ထမ်းများကို သင်တန်းပေးရာ၌ သေနတ် အဖြုတ်အတပ် အပစ်အခတ်များကို အဓိကထားသင်ကြားပေးနေပြီး လိုအပ်လျှင် စစ်ထွက်တိုက်ရမည်ဟုလည်း ပြောဆိုနေကြောင်း သိရသည်။
ပြည်ပမှ ကားတင်သွင်းခွင့်များကိုလည်း စစ်ကောင်စီက ပိတ်ပင်ထားပြီး နိုင်ငံတွင်း ကားဈေးနှုန်းများမှာလည်း အာဏာသိမ်းပြီးနောက် ၅ ဆခန့် ခုန်တက်သွားကာ အခြေခံကားဈေးနှုန်းမှာလည်း ကျပ်သိန်း ၂၅၀ ဝန်းကျင်ထိရောက်ပြီ ဖြစ်ကြောင်း သိရသည်။
အမေရိကန်ဒေါ်လာဈေးနှုန်း မတက်ရန် စစ်ကောင်စီက နည်းလမ်းမျိုးစုံဖြင့် ထိန်းချုပ်ဖို့ကြိုးစားနေသော်လည်း ပြင်ပဒေါ်လာဈေးကွက်မှာ ကြီးထွားနေဆဲဖြစ်ကြောင်း သိရသည်။ Money Changer ကုမ္ပဏီ စုစုပေါင်း ၃၀ ခန့်ကိုလည်း လိုင်စင်ပိတ်သိမ်းထားပြီး နိုင်ငံခြားသို့ ပို့ကုန်တင်ပို့သူများထံမှလည်း ရရှိသော ဒေါ်လာ၏ ၅၀ % ကို ၎င်းတို့ ဗဟိုဘဏ်တွင် အပ်နှံကာ မြန်မာငွေပြန်လဲခိုင်းခြင်းဖြင့် ဒေါ်လာစီးဝင်မှုများကို ထိန်းချုပ်နေသည်။
ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ဖွဲ့စည်းတည်ထောင်ခြင်း ၇၆ နှစ်ပြည့် သဝဏ်လွှာတွင် KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက အကြမ်းဖက် စစ်တပ်၏ ဖက်ဒရယ်ဆန္ဒကင်းမဲ့မှုနှင့် အာဏာသိမ်းခဲ့မှုတို့ကြောင့် တွေ့ဆုံဆွေးနွေးရေးလမ်းစပျောက်ခဲ့သည်ဟု ဖော်ပြထားကြောင်း သိရသည်။
ဇူလိုင်လ ၁၃ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့သော အကြမ်းဖက်ခေါင်းဆောင်များ အစည်းအဝေးတွင် မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေး သက်တမ်း ၆ လ ထပ်တိုးမည့် အရိပ်အယောင်များပါသည့် စကားများ ပြောနေခဲ့ကြောင်းလည်း သိရသည်။
#george #rsnweb #rangoonscoutnetwork
