YANGON REVOLUTION FORCE - YRF
رفتن به کانال در Telegram
7 251
مشترکین
-224 ساعت
-267 روز
-9630 روز
آرشیو پست ها
"၇၈ နှစ်ပြည့်" တော်လှန်မွေးနေ့မှသည် နေကောင်းကျန်းမာရှိပါစေ...။ လူသားဆန်မှု၊ ချစ်ခြင်းမေတ္တာ၊ ဥာဏ်ပညာတို့နှင့်အတူ ဖြောင့်မတ်တည်ကြည်သော နိုင်ငံရေးသတ္တိကိုပါ တွေးဆသင်ယူနိုင်ခဲ့ကြတဲ့ တော်လှန်ပန်းပွင့်တွေရဲ့ မွေးနေ့အမှတ်တရ "ခွန်အားဖြည့် မိငယ်" သံပြိုင်သီဆိုမှုမှတဆင့် သူမ မြတ်နိုးတဲ့ ပန်းမျိုးရောင်စုံကို ကေသာထက်မှာ ပန်ဆင်နိုင်မယ့်နေ့ အမြန်ဆုံးရောက်ပါစေလို့ လွမ်းဆွတ်စွာဖြင့် မျှော်လင့် ဆုတောင်းလိုက်ပါတယ်...။
YRFဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့်အထိမ်းအမှတ်သို့ ကိုတေဇာစန်း (လူထုသပိတ်ခေါင်းဆောင်) မှ ပေးပို့သည့် အမှတ်တရစကား။
ဒီနေ့ဆို YRF ကို ဖွဲ့စည်းတည်ထောင်ခဲ့တာ ၂နှစ်ပြည့်ပါပြီ။၂နှစ်တာ ကာလတစ်လျှောက်လုံးမှာ ကျတော်တို့ ရန်ကုန်မြို့နဲ့အတူ တော်လှန်ရေးလုပ်ငန်းတွေကို တတ်နိုင်တဲ့ နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်ခဲ့ပါတယ်။ ကျနော်တို့ ပြည်သူနဲ့အတူရှိနေတယ်။ ရန်ကုန်နဲ့အတူရှိနေတယ်။ရန်ကုန်ကိုပြန်ရဖို့ ကျနော်တို့ဘဝတွေပြန်ရဖို့ ပြည်သူတွေဘဝပြန်ရဖို့ ကျနော်တို့ ကြိုးစားနေတယ်။
၂နှစ်အတွင်း ရင်ဆိုင်ရတဲ့အခက်ခဲတွေအများကြီးပါ။ ဖမ်းဆီးခံထားရတဲ့ရဲဘော်တွေလည်းအများအပြားရှိတယ်။ စစ်ကြောရေးမှာပျောက်ဆုံးသွားတဲ့ရဲဘော်တွေလည်းရှိတယ်။ ဘလိုမျိုးအခက်ခဲအတားဆီတွေပဲရှိရှိ
ကျနော်တို့ တရက်မှ မနားခဲ့ဘူး။
Repost from GenZ Phoe Maung
အဘ သိရင်စိတ်ဆိုးဦးမှာပဲ
သေတာတောင် ခိုးမသေရလားဆိုပြီး...😁
#GenZphoeMaung
🔸အကယ်ဒမီပေးပွဲကို မကြည့်ဘူး။
🔸အကယ်ဒမီပေးပွဲကို စိတ်မဝင်စားဘူး။
🔸အကယ်ဒမီပေးပွဲအကြောင်း မပြောဘူး။
🔸အကယ်ဒမီပေးပွဲအကြောင်း မမျှဝေဘူး။
အကယ်ဒမီ နဲ့ပတ်သက်ရင်
🔸ဘယ်သူတွေရရ၊ ဘာတွေပေးပေး
social media မှာ
🔸မကြည့်ဘူး၊ react မပေးဘူး၊comment မရေးဘူး၊share မလုပ်ဘူး။
YRF မှ ရဲဘော် ဗညားစိုးထက်ကို စစ်ကောင်စီမှ မတရား ထောင်ဒဏ် (၁၀)နှစ် ထပ်မံချမှတ်လိုက်ပါတယ်။ ယခင်က ထောင်ဒဏ် (၇၄)နှစ်ချမှတ်ထားခံရပြီးဖြစ်ကာ ယခုဆိုလျှင် စုစုပေါင်း ထောင်ဒဏ် (၈၄) နှစ် ချခံထားရပြီးဖြစ်သည်။ ထိုပြစ်ဒဏ်များသည် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ထားခံရမှုများထဲမှ တစ်ခုဖြစ်သည်။
#yangonrevolutionforce
#yrf
Repost from EAR, Org.
စစ်ရာဇဝတ်မှုမြောက်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကို နှစ်ပေါင်းများစွာ အစဥ်အဆက် ကျူးလွန်လာခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကနေ အကာအကွယ်ရနိုင်ဖို့အတွက် “နိုင်ငံတကာဆီကနေ No Fly Zone တောင်းဆို မျှော်လင့်နေတာ” ထက် ပြည်သူတွေအချင်းချင်း တော်လှန်ရေးအင်အားစုများအချင်းချင်း “လေကြောင်းသတင်းပေးခြင်း” ဟာ လက်တွေ့ကျတဲ့ တော်လှန်ရေးလုပ်ငန်းတခု ဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လေယာဉ်အတက်အဆင်းနဲ့ ဖြတ်သန်းလမ်းကြောင်းတွေ အပါအဝင် လေယာဉ်ကွင်းတွေ၊ လေယာဉ်ဆီလမ်းကြောင်းတွေနဲ့ လေယာဉ်ပိုင်းလော့တွေရဲ့ သတင်းအချက်အလက်တွေကို စနစ်တကျစုဆောင်းနိုင်မှသာ အကြမ်းဖက်စကစရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ကြမှာ ဖြစ်ပါတယ်။
ဒီလိုကာကွယ်နိုင်ကြဖို့အတွက် ၂၀၂၁ ဒီဇင်ဘာလမှာ လေကြောင်းကင်းထောက်အတွက် စတင်ခဲ့ကြတဲ့ Enemy Air Route (EAR) Channel ကို ယုံကြည်စိတ်ချစွာ သတင်းများပေးပို့ပေးကြဖို့ လေးစားစွာ တိုက်တွန်း ဖိတ်ခေါ်အပ်ပါတယ်...
ဒီကိုသတင်းပို့ပေးပါ👇
📥 https://t.me/EAR_Info
#Shitty_Artworks
#EnemyAirRoute #EAR_info
နိုင်ငံရေးအမြတ်ထုတ်နေတဲ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်
မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးအထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီဟာ တစ်နိုင်ငံလုံး အကျဥ်းထောင်အသီးသီးက အကျဥ်းသားစုစုပေါင်း ၃၀၁၅ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အခုလို အခါကြီးရက်ကြီးနေ့တွေမှာ အကျဥ်းသားတွေကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးတာဟာ မြန်မာနိုင်ငံရဲ့ ထုံးစံဖြစ်ပြီး စစ်ကောင်စီအာဏာသိမ်းပြီးနောက်မှာလည်း အခါကြီးရက်ကြီးတွေအတွင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးတာဟာ ၉ကြိမ်ထက်မနည်းရှိနေပြီလို့လဲ သိရပါတယ်။
အခုနှစ်သစ်ကူး လွတ်ငြိမ်းချမ်းသာခွင့်ပေးရာမှာ မူးယစ်မှုနဲ့ အခြားပြစ်မှုကျခံထားရသူများ၊ အသက်ကြီးသူများနဲ့
စစ်ပြေးရဲပြေးများကိုသာ အဓိကထားလွှတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဥ်းသားဆိုလိူ့ လွတ်ရက်စေ့ခါနီးဖြစ်တဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းတစ်ယောက်သာပါဝင်ပါတယ်။ အခုလိုနိုင်ငံရေးအကျဥ်းသားတွေမပါဘဲ အခြားပြစ်မှုကျူးလွန်သူများကိုသာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ ရှေ့အစဥ်အဆက် အာဏာရှင်တွေရဲ့လုပ်ရပ်အတိုင်း ကမ္ဘာကြီးကို မျက်လှည့်ပြလိုက်ခြင်းသာဖြစ်ပါတယ်။ ပြည်သူတွေအပေါ် ရက်စက်စွာညှင်းပန်းမှုများကြောင့် နိုင်ငံတကာပိတ်ဆို့မှုဖိအားနဲ့ကြုံတွေ့ရတဲ့အချိန်တိုင်း အခုလို အကျဥ်းသားများကိုလွှတ်ပေးခြင်းအားဖြင့် အာဏာရှင်တွေဟာ နိုင်ငံတကာဖိအားကို ပြေလျော့အောင်ဆောင်ရွက်တက်ကြပါတယ်။
အခု နှစ်ဆန်းတစ်ရက်နေ့မှာ မင်းအောင်လှိုင်ဦးဆောင်တဲ့အဖွဲ့က ပေးတဲ့ လွတ်ငြိမ်းချမ်းသာမှာတော့ မူးယစ်မှုနဲ့အခြားပြစ်မှုကျူးလွန်သူတွေကို လွှတ်ပေးလိုက်ခြင်းသာဖြစ်တယ်။ အဲလိုလူတွေ လွှတ်ပေးလိုက်တော့ ပြစ်မှူတွေပြန်ကျူးလွတ်ကြတယ်။ ပြည်သူတွေရဲ့နေ့စဥ်လူနေမှုဘဝကို စိုးရိမ်ပူပန်မှုများ မလူံခြုံမှုများနဲ့ရင်ဆိုင်စေရန်အတွက် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာ အနောက်ရပ်ကွက်ရှိ စိန်ကျော်မိုး ရွှေသန့်စင်နှင့် မီးလင်းရွှေ ရောင်းဝယ်ရေးဆိုင် ဓားပြတိုက်တဲ့အထဲမှာဆိုရင် ဆေးမှုနဲ့ ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခံထားရတဲ့သူကို လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွတ်လာတဲ့လူ ပါဝင်နေတာတွေ့ရပါတယ်။ ဒါမျိုးတွေက စစ်ကောင်စီသိသိနဲ့ သက်သက်လုပ်နေတဲ့ကိစ္စဖြစ်ပါတယ်။ ပြည်သူတွေရဲ့ နေ့စဉ်ဘဝ မလုံခြုံအောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။ အခုဆိုရင် သူခိုးတွေများလာတယ် တိုင်လည်း အလကားပဲ မိတယ်ဆိုတာမရှိသလောက်ပဲ၊ သူခိုးနဲ့ ရဲကလည်း ပေါင်းစားနေကြတာပါပဲ။
စစ်ကောင်စီပေးတဲ့ လွတ်ငြိမ်းချမ်းသာက ပြည်သူတွေကြားမှာ ခိုးဆိုးလုယက်မှုတွေ များလာအောင် သက်သက်ဖန်တီးနေသလားလို့တောင် ပြောလို့ရပါတယ်။ လွတ်ငြိမ်းချမ်းသာအမည်ခံပြီးတော့ နိုင်ငံရေးအမြတ်ထုတ်ချင်ပေမဲ့ တကယ်တမ်းမှာ နိုင်ငံရေးအကျဉ်းသားတွေမပါခဲ့ဘူးဆိုတာ ပြည်သူတွေကလည်း သိတယ် နိုင်ငံတကာကလည်း သိတယ်။ သူတို့ရည်ရွယ်ချက်ကိုက မကောင်းတာဖြစ်နေတယ်ဆိုတာ ပြည်သူတွေကလည်း သိပါတယ်။ ပြည်သူတွေကလည်း စစ်ကောင်စီရွေ့ကွက်ထဲ အခုထိ မဝင်သေးဘူး လွတ်ပေးလို့များ ကျေးဇူးတောင်မတင်ကြဘူးလေ အစကတည်းက မတရားဖမ်းခံထားရတာကိုး အခုလိုလုပ်တော့ ပိုဆိုးတာပေါ့။
မင်းအောင်လှိုင်ပေးတဲ့ ငြိမ်းချမ်းရေးတို့ လွတ်ငြိမ်းချမ်းသာတို့ဆိုတာ တကယ်တမ်း မရှိဘူးလို့ ပြည်သူတွေက သိနေလို့ တော်လှန်ရေးကိုပဲ အာရုံစိုက်ထားကြတာပါ။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလည်း ပြည်သူတွေက စိတ်မဝင်စားဘူး စစ်ကောင်စီဘာလုပ်လုပ် ပြည်သူတွေက သိနေတော့ တော်လှန်ရေးကိုပဲ တစိုက်မတ်မတ်လုပ်နေကြတာက အားရစပါဖြစ်ပါတယ်။
ရဲဘော်တို့ နားဆင်ဖို့ ဒီနေ့ည (၇)နာရီကနေ ၉နာရီအတွင်း ကျနော်တို့ YRFအဖွဲ့မှ ဒီဂျစ်တယ် စင်မြင့်ထက်မှ မိဘပြည်သူများထံသို့ တော်လှန်သံချပ်များဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပါတယ်ခင်ဗျာ။
မာပါစေ၊ ကျန်းမာပါစေ၊
ပန်းလိုမွှေး၊ ရေလိုအေးကာ၊
ထာဝစဉ် ရွှင်လန်း ကြပါစေ၊
အေး၊အေး၊ အေးချမ်းဖို့လေ၊
ဘေးဘယာ တွေ ဝေးကွာစေဖို့လေ။
ယခုနှစ် မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်လှန်သင်္ကြန်ကာလအတွင်း
တွင် ကျနော်တို့ YRFမှ ဒီဂျစ်တယ် စင်မြင့်ထက်မှ မိဘပြည်သူများထံသို့ တော်လှန်သံချပ်များဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပါသည်။
YRFအဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုကို သကြင်္န်အကြတ်နေ့ ည(၇)နာရီမှ (၉)နာရီအတွင်း တင်ဆက်သွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြည့်ရှုကြပါရန် ဖိတ်ခေါ်လိုက်ရပါသည်ခင်ဗျာ။
ကျနော်တို့ ဘန်နာဘလိုချိတ်ခဲ့လဲဆိုတာကို YouTubeမှာ videoတင်ထားပါတယ်ခင်ဗျာ။
https://youtu.be/V9HEOJYF2Fc
အဆင်ပြေရင် Twitterမှာ Retweet လုပ်ပေးကြပါဦးခင်ဗျာ။
https://twitter.com/yrfmmofficial/status/1645970499598680064?s=46&t=jJd8ou1ly2L96fdK2DvjJw
“တစ်ရွာလုံးမီးလောင်နေတာကို ဘာလို့ ကနေတာလဲ”
၂၀၂၃ခုနှစ် ဧပြီ ၁၂
ယနေ့ နံနက်ခင်း ရန်ကုန်မြို့တနေရာတွင် “တစ်ရွာလုံးမီးလောင်နေတာကို ဘာလို့ကနေတာလဲ” ဟူသော ဘန်နာကို Yangon Revolution Force - YRF ၏ Soft Strike Community မှာ လူငယ်ရဲဘော်များမှသွားရောက်ချိတ်ထားခဲ့သည်။ ယင်းစကားသည် အမှန်တရားဘက်တွင် ပြည်သူနဲ့အတူ ရပ်တည်ကြသော အနုပညာရှင်များ ရိုက်ကူးထားသည့် “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” ဇာတ်လမ်းမှ ဒိုင်ယာလော့ဖြစ်သည်။
ယခုဆိုလျှင် အာဏာသိမ်းစစ်ကောင်စီသည် ၄င်းတို့လက်အောက်တွင် တိုင်းပြည် ပုံမှန်လည်ပတ်နေသယောင် ဝါဒဖြန့်ချီရန်အတွက် သကြင်္န်ပွဲတော်အား ခမ်းနားကြီးကျယ်စွာကျင်းပနိုင်ရန် အစွမ်းကုန်ပြင်ဆင်နေကြသည်။ ၎င်းတို့၏ အပေါင်းအပါများကလဲ ထိုပျော်ပွဲရွှင်ပွဲများတွင် လူစည်ကားစေရန်၊ နည်းမျိုးစုံဖြင့် မြူဆွယ်လျက်ရှိသည်။ သို့သော် ပြည်သူလူထုအနေဖြင့် တစ်နိုင်ငံလုံးရှိ စစ်ဒဏ်နှင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုဒဏ်ကို ခံနေရသော ကျန်ပြည်သူများ၊ တော်လှန်တိုက်ပွဲဝင်နေသော ရဲဘော်များကို ငဲ့ကွက်သောအားဖြင့် စစ်ကောင်စီနှင့် ၎င်းတို့၏ အပေါင်းအပါများ ကျင်းပပြုလုပ်မည့် ပွဲများတွင် သွားရောက် ပါဝင် ဆင်နွှဲခြင်းမပြုကျရန် တောင်းဆိုလိုက်ပါသည်။
Repost from GenZ Phoe Maung
"စစ်တပ်စီးပွားဒို့ငြင်းဆန်၊
တော်လှန်သင်္ကြန်ပြည်သူ့အသံ"
=====================
မကြာခင်ကျရောက်လာမယ့် အတာသင်္ကြန် ကာလကို ဘယ်လိုဖြတ်သန်းကြမလဲ?
အဖြူက တမျိုး
အနီက တမျိုး
ရေစိုပျိုမေတွေရယ် အလှကတိုး
ဒီမဏ္ဍပ်က အသေဆုံး
ဘလိုများရွေးရမှာတုန်း 🤪
အင်အားဖြစ်ရတဲ့ conversation တွေပါပဲဗျာ...။
တခါတလေ "တော်လှန်ရေးမှာ ပြည်သူတွေမပါဝင်ကြတော့ဘူး... တော်လှန်ရေးက သပ်သပ်၊ ပြည်သူတွေက သပ်သပ်ဖြစ်နေပြီ" ဆိုပြီး စခ လော်ဘီတွေက ပြောနေဆိုနေ ရေးနေကြတာတွေကို မြင်ရတော့ ခပ်ထေ့ထေ့လေး ရယ်ချင်မိတယ်။ ပြည်သူတွေက ခုအချိန်ထိ တတ်နိုင်သမျှ ရတဲ့ဘက်ကနေ အင်တိုက်အားတိုက် ပါဝင်နေတုန်းပဲဗျ။ အပေါ်ယံကြည့်ပြီး ဇွတ်အတင်း ကောက်ချက်ချတာ မြင်ရရင် ဟီဟိလို့တောင် ကြိတ်ရယ်နေကြဦးမယ်...။
ကျနော်တို့အနေနဲ့ မြေပြင်မှာလည်း ပြည်သူတွေကြားထဲကနေပဲ သွားလာလှုပ်ရှားနေရတော့ ပြည်သူတွေ ဘယ်လိုမျိုးပါဝင်တယ်၊ ကျနော်တို့တွေကို ဘယ်လောက်ထိ တတ်နိုင်တဲ့ဘက်ကနေ ကူညီကြတယ်ဆိုတာကို ပကတိအတိုင်း တွေ့မြင်နေ...တန်ဖိုးထား သိရှိနေရပါတယ်။
တချို့အရာတွေကိုတော့ လုံခြုံရေးအရ ထုတ်ဖော်ပြောကြားလို့မရတော့ ရင်ထဲမှာပဲသိမ်းထားရတယ်ဗျာ။ တကယ်ကြီး ဘေးကနေ ကူညီပါဝင်ကြတာကချစ်ဖို့ကောင်းချက်ပဲ...။
ခုလိုပဲ ဆက်ပြီး ကိုယ်တတ်နိုင်တဲ့နေရာကနေ ကိုယ်ပါဝင်လို့ရမယ့် ပုံစံမျိုးစုံနဲ့ ကျနော်တို့အနိုင်ရမှဖြစ်မယ့် ဒီတိုက်ပွဲကို ပါဝင်ပေးကြပါဦးဗျို့...။
အကောင်းတိုင်း ပြန်လာမယ်လို့
အာမ မခံနိုင်တဲ့ခရီးကို သွားရတဲ့အခါ
နှောင်ကြိုးတွေက
ခွင့်လွှတ်ပေးပါ။
သဉ္ဇာဟိန်း
၂၈.၃.၂၀၂၁
ကျန်တဲ့သူတွေပြောရင်တော့ခံရင်ခံမယ်နော်
သပိတ်အဖွဲ့ငယ်လေးတွေကို သပိတ်ထွက်တာလူတော့ မပူးပေါင်းနိုင်ဘူး။ လိုအပ်တဲ့ ဘန်နာနဲ့ပိုက်ဆံစီစဉ်ပေးမယ် ၊ ကျွန်တော်တို့ ကဦးဆောင်ပေးတာဆိုပြီး သတင်းထုတ်ပေးဆိုပြီး ဂုတ်သွေးစုပ်တဲ့သူတွေပြောတာတော့မခံဘူးနော်။
