cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

MeKong News - မဲခေါင်သတင်း

ရှမ်းအရှေ့ အခြေစိုက် မဲခေါင်သတင်းဌာန၏ Telegram Channel

نمایش بیشتر
پست‌های تبلیغاتی
15 789
مشترکین
+6124 ساعت
+2807 روز
+97130 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

မိုးကုတ်မြို့ အနောက်ပိုင်းမှာ စစ်ကောင်စီ စစ်သုံ့ပန်း ၁၅ ဦးနဲ့ ရဲ ၂ ဦး ဖမ်းဆီးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ မဲခေါင်၊ ဇူလိုင် ၂ မိုးကုတ်မြို့နယ်မှာ တအာင်းအမျိုးသားတပ်မတော် TNLA တပ်ဖွဲ့နဲ့ PDF (မိုးကုတ်ဗျူဟာ)၊ PDF (513)တို့ ပူးပေါင်းတိုက်ခိုက်ပြီး တစ်ပတ်အတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်နှင့် စစ်သုံ့ပန်း ၁၅ ဦးနဲ့အတူ ရဲ ၂ ဦး ဖမ်းဆီးထားတယ်လို့ တအာင်းတပ်မတော်က ထုတ်ပြန်ထားပါတယ်။
نمایش همه...
👍 15
တရားမဝင် ငွေလိမ်ဂိုဏ်း တရုတ်နိုင်ငံသား ၃၀၀ နီးပါး တာချီလိတ်မှာ ဖမ်းဆီးမိ မဲခေါင်၊ ဇူလိုင် ၂ ရှမ်းအရှေ့၊ တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက် ညနေ ၆ နာရီခန့်က တရားမဝင် တရုတ်နိုင်ငံသား ၂၉၅ ဦးကို ဖမ်းဆီးရမိတယ်လို့ ဒေသ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
نمایش همه...
👍 15
Photo unavailableShow in Telegram
တောင်ကြီးမှာ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး မိသားစုနဲ့စကားများပီး ပေါင်းသတ်ဆေးသောက် ကိုယ့်ကိုကိုယ် အဆုံးစီရင် မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်မှာ ပအိုဝ်းလူငယ် တစ်ဦးဟာ ပေါင်းသတ်ဆေးသောက်ပြီး ကိုယ့်ကိုယ်အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
نمایش همه...
👍 9😢 5
မတ္တရာက လေကြောင်းရန်ကာကွယ်ရေးတပ် အပါအဝင် တပ်စခန်း ၈ ခုကို မန္တလေး PDF အပြီးသတ်သိမ်းယူ မဲခေါင်၊ ဇူလိုင် ၂ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် (၁၀၁၄) အပါအဝင် တပ်စခန်း ၈ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ မန္တလေး PDF က ဒီနေ့ ဇူလိုင် ၂ ရက်မှာ ထုတ်ပြန်လာပါတယ်။
نمایش همه...
အရပ်သားတွေ တိုက်ပွဲတွင်း ကြားညပ်နေတယ်လို့ ရှမ်းလူငယ်တွေကဆို မဲခေါင်၊ ဇူလိုင် ၂ ရှမ်းမြောက်ဒေသအတွင်းက တိုက်ပွဲတွေကို အရပ်သားထိခိုက်မှုအနည်းဆုံး နည်းလမ်းနဲ့ တော်လှန်စစ် ဆင်နွဲဖို့ ရှမ်းလူငယ်အရပ်ဖက်အဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်။
نمایش همه...
👍 3
ရှမ်း-မန်းစစ်ဆင်ရေးအတွင်း စစ်ဘေးရှောင် တစ်သောင်းခွဲကျော်နဲ့ အရပ်သား သေဆုံး ၃၀ ၊ ဒဏ်ရာရ ၃၀ ဦးတို့ရှိခဲ့ မဲခေါင်၊ ဇူလိုင် ၂ ရှမ်းမြောက်မှာ ဇွန်လ ၂၅ ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ တကျော့ပြန်တိုက်ပွဲတွေအတွင်း ရှမ်းမြောက်မြို့တွေဖြစ်တဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွေမှာ ဇွန်လကုန် ၃၀ ရက်နေ့အထိ ဒေသခံပြည်သူ ၁ သောင်းခွဲကျော် ထွက်ပြေးတိမ်းရှောင်နေရပြီလို့ ရှမ်းလူငယ်အရပ်ဘက်အဖွဲ့အစည်းတွေက ယနေ့ ဇူလိုင် ၂ ရက်မှာ စုပေါင်းထုတ်ပြန်ပါတယ်။
نمایش همه...
👍 14😢 7
သီပေါမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ၅ ဦးဒဏ်ရာရပြီး ၂ဦးပြင်းထန် မဲခေါင်၊ ဇူလိုင် ၂ ရှမ်းမြောက်၊ သီပေါမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ မနေ့ ဇူလိုင် ၁ ရက် ညနေပိုင်းမှာ ဒေသခံ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
نمایش همه...
😢 19🤬 4👍 2
ရုရှားတိုက်ခိုက်လာရင် အားချင်းတုံ့ပြန်နိုင်မယ့် ဖိုက်တာဂျက်လေယာဉ် ဗြိတိန်မှာ ၄ စီးသာရှိ မဲခေါင်၊ ဇူလိုင် ၂ ဗြိတိန်တော်ဝင်လေတပ် တပ်မှူးဟောင်း ဂရက်ဘာ့ဂ်ဝဲလ်က မနက်ဖြန် ပူတင်ရဲ့ ရုရှားဘက်က ဗြိတိန်ကို တိုက်ခိုက်လာရင် အားချင်းတုံပြန်ကာကွယ်နိုင်တဲ့ ဖိုက်တာဂျက်လေယာဉ်ဆိုလို့ ၄ စီးသာရှိကြောင်း The Sun နဲ့ စစ်ရေး အင်တာဗျူးအစီအစဉ်မှာ မကွယ်မဝှက်တမ်း ဖွင့်ပြောသွားပါတယ်။
نمایش همه...
👍 17😱 4
Photo unavailableShow in Telegram
ISIS တွေ တစ်ကျော့ပြန်လာမှာမို့ 9/11 လိုဖြစ်ရပ်ဆိုးတွေ ထပ်လာမယ်လို့ CIA အကြီးအကဲဟောင်း သတိပေး မဲခေါင်၊ ဇူလိုင် ၂ အမေရိကန်ထောက်လှမ်းရေး CIA အကြီးအကဲဟောင်း မိုက်ကယ်မိုရဲလ်က အစ္စလာမ္မစ်အစွန်းရောက် အကြမ်း ဖက်အဖွဲ့တွေ ပြန်လည်ခေါင်းထောင်လာပြီဖြစ်လို့ ၂၀၀၁ စက်တင်ဘာ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ ကုန်သွယ်ရေးစင်တာကို လေယာဉ်ပြန်ပေးဆွဲပြီး ဝင်တိုက်တဲ့ ဖြစ်ရပ်ဆိုးမျိုးတွေ ထပ်ကြုံလာရ နိုင်ကြောင်း သတိပေးပြောကြားသွားပါတယ်။
نمایش همه...
👍 2
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.