cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

PVTV Myanmar

Public Voice is Public Power.

نمایش بیشتر
پست‌های تبلیغاتی
15 689
مشترکین
-424 ساعت
-677 روز
-6330 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

မြန်မာဒုက္ခသည်တွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးရသူတွေအတွက် EU က ယူရို ၁၅ သန်း ထပ်မံပံ့ပိုးမယ် ဇွန် ၂၁၊ ၂၀၂၄ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ ပိုမိုများပြားလာတဲ့အတွက် မြန်မာပြည်သူတွေကို အရေးပေါ်အကူအညီနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပိုမိုထောက်ပံ့ဖို့ ဥရောပ သမဂ္ဂ (EU) က ယူရို ၁၅ သန်း ထပ်မံပံ့ပိုးသွားမယ်လို့ ဇွန်လ ၂၀ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ အသစ်ထပ်မံပံ့ပိုးမယ့် ယူရို ၁၅ သန်းဟာ နိုင်ငံထွက်ပြေးတိမ်းရှောင်နေရသူတွေနဲ့ ပြည်တွင်းစစ်ရှောင်များအတွက် အရေးတကြီးလိုအပ်နေတဲ့ စားနပ်ရိက္ခာ၊ သန့်ရှင်းတဲ့သောက်သုံးရေ၊ အရေးပေါ်ကျန်းမာရေးအထောက်အပံ့တွေ ထောက်ပံ့ပေးဖို့နဲ့ အန္တရာယ်ကြီးမားတဲ့ မြေမြှုပ်မိုင်းရှင်းလင်းဖို့ အသုံးပြုမယ်လို့ EU က ပြောပါတယ်။ EU ဟာ မြန်မာနိုင်ငံအတွက် အမေရိကန်အပါအဝင် တခြားမဟာမိတ်နိုင်ငံတွေနဲ့ ပေါင်းပြီး အာဏာသိမ်းထားတဲ့ စစ်အုပ်စုခေါင်းဆောင်တွေ၊ ဆက်စပ်နေတဲ့ လုပ်ငန်းတွေကို အရေးယူပိတ်ဆို့မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေသလို ၂၀၂၄ ခုနှစ်အတွက်လည်း ယူရို ၃၆ သန်းအထိ ပံ့ပိုးထောက်ပံ့ဖို့ ခွဲတမ်းချထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အာဏာမသိမ်းခင်က လူသားချင်းစာနာမှုအကူအညီလိုအပ်သူတွေဟာ ၁ သန်းဝန်းကျင်သာ ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ၁၈.၆ သန်းကျော်အထိ ရှိလာခဲ့သလို နေအိမ်စွန့်ခွာထွက်ပြေးနေရသူနဲ့ စစ်ရှောင်နေရသူတွေအရေအတွက်ဟာ ၃ သန်းကျော် ရှိလာကြောင်း EU က ဆိုပါတယ်။ EU က မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အထောက်အပံ့တွေကို ၁၉၉၄ ခုနှစ်က စတင်ပေးပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်အစောပိုင်းကလည်း လူသားချင်းစာနာမှုအကူအညီများအတွက် ယူရို ၁၉ သန်းအပြင် ဒေသအလိုက် စစ်ဒဏ်သင့် ပြည်သူတွေအတွက် နောက်ထပ် ယူရို ၂ သန်း ထပ်မံထောက်ပံ့ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ #SpringRevolution #PVTV PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန် ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
نمایش همه...
PVTV Myanmar

Public Voice Television is a media channel, established in April 2021 to raise the voice of people towards achieving Myanmar’s democracy. The media response to the needs of the Spring Revolution as a function to support the interim national unity government. It is based on the Union aspirations and values ​​set out in Chapter 4, Part 1 of the Federal Democracy Treaty: Freedom; Justice; Federal Democracy based on equality and peace. To fulfill the people's being infringed “Right to Know”, in collaboration with citizen journalists and media which are making efforts in this area. To promote art, education and awareness which helped to gain vital morale and intellectual strength for the success of the Spring Revolution and the end of the military dictatorship. To inform the work and activities of the Pyidaungsu Hluttaw Representative Committee (CRPH); Interim National Unity Government (NUG); the National Unity Advisory Council (NUCC) and to support their engagement with the public

👍 33 2
Photo unavailableShow in Telegram
نمایش همه...

13
ဂန့်ဂေါမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်က ပစ်ထားတဲ့ ၄၀ မမ ဗုံးသီး ပေါက်ကွဲလို့ ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး ဇွန် ၂၁ ၊ ၂၀၂၄ မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် ၊ သာလင်းရွာအနီး တောတိုက်တစ်နေရာမျာ အကြမ်းဖက်စစ်တပ်က ပစ်ထားတဲ့ ၄၀ မမ ဗုံးသီးပေါက်ကွဲသွားလို့ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ ရပါတယ်။ ဖြစ်စဉ်မှာ သာလင်းရွာအနီး တောတိုက်တစ်နေရာမှာ ဒီနေ့မနက် ၉ နာရီ ၃၀ မိနစ်ခန့်က အကြမ်းဖက်စစ်တပ်က ပစ်ထားတဲ့ ၄၀ မမ ဗုံးသီး (စစ်ကျန်လက်နက်ပစ္စည်း) ပေါက်ကွဲမှု ဖြစ်ပွားခဲ့ ရာ သာလင်းရွာမှ ဦးဇော်မင်းထွန်းရဲ့ သားဖြစ်သူ မောင်တုတ်တုတ် (အသက် ၁၁ နှစ်)မှာ ဗုံးသီးစ ထိမှန်ဒဏ်ရာနဲ့ နေရာမှာပဲ ပွဲခြင်းပြီး သေဆုံးခဲ့ရပါတယ်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် မောင်တုတ်တုတ်ရဲ့ အစ်ကိုဖြစ်သူ မောင်မင်းခန့်အေင် (အသက် ၁၄ နှစ်) မှာ ဗုံးသီးစထိမှန် စိုးရိမ်ဒဏ်ရာရရှိခဲ့သလို သာလင်းရွာနေ ဦးမြင့်ချိုရဲ့ သားဖြစ်သူ မောင်ရှင်းသန့်ဇော် (အသက် ၁၁ နှစ်) မှာလည်း ဗုံးသီးစထိမှန်ပြီး မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ် လို့ သိရပါတယ်။ #SpringRevolution #PVTV #PVTVNews #PVTV Telegram Channel -https://t.me/pvtvmyanmar #PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
نمایش همه...
PVTV Myanmar

Public Voice is Public Power.

👍 8
(၁၄၉)နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ က သဝဏ်လွှာပေးပို့ ဇွန် ၂၁ ၊ ၂၀၂၄ ဒီနေ့ကျရောက်တဲ့ (၁၄၉)နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ က သဝဏ်လွှာပေးပို့လိုက်ပါတယ်။ သဝဏ်လွှာထဲမှာ (၁၄၉)နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခါသမယမှာ ကရင်နီ တိုင်းရင်းသား လူမျိုးများအားလုံး စစ်ဘေး၊ စစ်ဒဏ်များမှ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ကြပြီး စည်ပင်သာယာဝပြောတဲ့ ကရင်နီပြည်ကို စုစည်းညီညွတ်စွာဖြင့် အမြန်ဆုံး ထူထောင်နိုင်ကြပါစေ ကြောင်း ဆုမွန်ကောင်းတောင်းအပ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါအပြင် ပြည်သူ့ဘဏ္ဍာဖြင့် နှစ်ပေါင်းများစွာ တည်ဆောက်ထားသော အကြမ်းဖက် စစ်အုပ်စုက ပြည်သူကို နည်းမျိုးစုံဖြင့် ဖိနှိပ်ညှင်းပန်းသတ်ဖြတ်ကာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အစွမ်းကုန် ကျူးလွန်လျက်ရှိပြီး ပြည်သူတစ်ရပ်လုံးကလည်း နိုင်ငံအနှံ့အပြားမှာ တော်လှန် တိုက်ခိုက်လျက်ရှိတယ်လို့ ဆိုပါတယ်။ အကြမ်းဖက်စစ်အုပ်စုကို တစ်နိုင်ငံလုံးရှိ ပြည်သူများက လက်နက်ကိုင် ခုခံတော်လှန်ရေး နည်းလမ်းဖြင့် လည်းကောင်း၊ အကြမ်းမဖက် အာဏာဖီဆန်ရေး နည်းလမ်းများဖြင့်လည်းကောင်း အသီးသီးဆောင်ရွက်လျက်ရှိရာ အဆိုပါလှုပ်ရှားမှုများအတွင်း ကရင်နီအမျိုးသားများလည်း အသက်၊ သွေး၊ ချွေး စတေးပေးဆပ်ကာ တက်ကြွစွာ ပါဝင်လျက်ရှိတဲ့အတွက် များစွာလေးစား ဂုဏ်ယူအပ်တယ်လို့ ဖော်ပြထားပါတယ်။ လွတ်လပ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့ ပြည်နယ်အဖြစ် ရပ်တည်နိုင်ရန် ခေတ်အဆက် ဆက် ကြိုးပမ်းဆောင်ရွက်ရင်း အသက်ဆုံးရှုံးသွားခဲ့ကြသော ကရင်နီအမျိုးသား ခေါင်းဆောင်ကြီး များ၊ ရဲဘော်များနဲ့ ပြည်သူများအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် အာဇာနည်သူရဲကောင်းများအဖြစ် ဦးညွတ်အလေးအမြတ်ပြုအပ်တယ်လို့ဖော်ပြထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်ပြည်သူ့နွေဦးတော်လှန်ရေးရဲ့ ဘုံရည်မှန်းချက်(၂) ရပ် ဖြစ်တဲ့ စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ပေါ်ထွန်းလာရေး အတွက် ကရင်နီအမျိုးသားများအပါအဝင် နိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသားလူမျိုးများအားလုံးနဲ့ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မကြာမီ အနာဂတ်ကာလများမှာ ကရင်နီ အမျိုးသားများ လိုလားတောင့်တလျက်ရှိတဲ့ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ စည်းလုံး ညီညွတ်ခြင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝအာမခံချက်ရှိပြီး စည်ပင်သာယာဝပြောတဲ့ ကရင်နီပြည်ကိုအမြန်ဆုံးထူထောင်နိုင်ကြပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာမှာထည့်သွင်းဖော်ပြထားပါတယ်။ ဗမာဘုရင်ကိုယ်စား ကင်းဝန်မင်းကြီးဦးကောင်းနဲ့ အင်္ဂလိပ်ဘုရင်ခံချုပ်ကိုယ်စား ဆာဒေါ့က လပ်ဖောဆစ်(သ်)တို့မှ ၁၈၇၅ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့မှာ ကရင်နီပြည်ကို သီးခြားလွတ်လပ်တဲ့ ပြည်အဖြစ် အသိအမှတ်ပြုပြီး မည်သည့်နည်းနဲ့မျှ အုပ်ချုပ်စိုးမိုးခြင်း ပြုမည်မဟုတ်ကြောင်း နှစ်နိုင်ငံအကြား သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြသည့်နေ့ကို အစွဲပြုပြီး ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပခဲ့တာပါ။ #SpringRevolution #PVTV #PVTVNews #PVTV Telegram Channel -https://t.me/pvtvmyanmar #PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
نمایش همه...
PVTV Myanmar

Public Voice is Public Power.

18👏 3
👍 7 1
နိုင်ငံတော်သံဃမဟာနာယက ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခဲ့တဲ့အပေါ် ဝမ်းနည်းကြောင်းပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီထုတ်ပြန် ဇွန် ၂၁၊၂၀၂၄ နိုင်ငံတော်သံဃမဟာနာယက ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော်ဘုရားကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့တဲ့ဖြစ်စဥ်အပေါ် လွန်စွာ ဝမ်းနည်းကြေကွဲရပါကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက ပြည်သူကိုလိမ်လည် လှည့်ဖြား သတင်းအမှားတွေ ထုတ်ပြန်ကာ ပြောင်ပြောင်တင်းတင်းပဲ သူတို့ကျုးလွန်တဲ့ စစ်ရာဇဝတ်မှုကို ဖုံးကွယ်ဖို့ ကြိုးစားနေတာဟာ လွန်စွာ စက်ဆုပ်ဖွယ်ရာကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဝင်းနိမ္မိတာရုံဆရာတော် ခန္ဓာဝန်ချပျံလွန်တော်မူသွားခြင်းက ဘာသာ၊ သာသနာနဲ့ နိုင်ငံတော်အတွက် လွန်စွာကြီးမားလှတဲ့ ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပြီး ဆရာတော်ဟာ တပည့် သံဃာတော်တွေရဲ့ ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ် ခေါင်းဆောင်ကောင်းတစ်ဦးသာမက ဆရာတော် ဥာဏ်ပညာဂုဏ်ရည်နဲ့သာသနာတော်အတွက် ကြိုးစားအားထုတ်မှုတို့က သမိုင်းဝင် လေးစားဂုဏ်ယူရမယ့် အရည်အချင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံတဝှမ်းမှာ အကြမ်းဖက်နည်းလမ်းအမျိုးမျိုး ပြည်သူလူထုကို အကြောက်တရားရိုက်သွင်းနေတဲ့ စစ်အာဏာရှင်တို့ ဖိနှိပ်မှုများကြားမှာ ပြည်သူလူထု အခက်အခဲစိန်ခေါ်မှုတွေနဲ့ ဆင်းရဲကြပ်တည်းမှုများစွာ ခံစားနေကြရတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီထုတ်ပြန်ပါတယ်။ အခုလို ပြည်သူတို့ လေးစားဂုဏ်ယူကြည်ညိုရတဲ့ သံဃနာယကဆရာတော်တစ်ပါးကို ဆင်ခြင်မှုကင်းမဲ့စွာ ပစ်ခတ် သတ်ဖြတ်မှုက လွန်စွာဝမ်းနည်းဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်တဲ့အပြင် အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကထုတ်ပြန်ပါတယ်။ #SpringRevolution #PVTV #PVTVNews #PVTV Telegram Channel -https://t.me/pvtvmyanmar #PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
نمایش همه...
PVTV Myanmar

Public Voice is Public Power.

11👍 3
👍 9
အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်အသုံးအဆောင်ရိက္ခာတွေသယ်လာတဲ့ တွဲကားယာဥ်တန်းကိုတိုက်ခိုက်၊ ရန်သူတပ်သား ၄ဦး သေဆုံး ဇွန် ၂၁ ၊ ၂၀၂၄ မန္တလေးမြို့ကနေ မုံရွာမြို့ဘက်ကို စစ်အသုံးဆောင်ရိက္ခာတွေ သယ်ဆောင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တွဲကားတန်းကို ဇွန် ၂၀ရက် မနက် ၁၀နာရီမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး ချောင်းဦးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခင်မွန်ဘက်စုံခြံ အနီးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Area 71 PDF Monywaက ထုတ်ပြန်လိုက်ပါတယ်။ စစ်လက်နက်၊ ရိက္ခာတွေ သယ်ဆောင်လာတဲ့ တွဲကားတန်းကို လက်နက်ငယ်တွေနဲ့ ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် ကျည်ထိမှန်ပြီး ထိုးရပ်သွားတဲ့ ရိက္ခာအပြည့်ပါ ကားတစ်စီးကိုလည်း ရှေ့ခေါင်းပိုင်း အတွင်းကို လက်ပစ်ဗုံးတွေပါ ပစ်သွင်းတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေရာမှာတင် (Transporter )တွဲကား၃စီး သုံးမရ‌အောင် ပျက်စီးသွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ဦး သေဆုံးသွားခဲ့ပြီး ညီနောင်မဟာမိတ် အဖွဲ့အစည်းအသီးသီးက ရဲဘော်တွေအားလုံး အထိအခိုက် အပွန်းအပဲ့မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Area 71 PDF Monywaနဲ့အတူ အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု - NPRF၊ Chindwin Land Defence Force၊ ONE Local People Defence Myingyan၊ MGN Tiger၊ Black Hero Local PDF၊ Myingyan Danger Dynamite People Defence စတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အတူပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ #SpringRevolution #PVTV #PVTVNews #PVTV Telegram Channel -https://t.me/pvtvmyanmar #PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
نمایش همه...
PVTV Myanmar

Public Voice is Public Power.

17
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.