fa
Feedback
ဗဟုသုတ ဒိုင်ယာရီ 📓📓

ဗဟုသုတ ဒိုင်ယာရီ 📓📓

رفتن به کانال در Telegram

သိမှတ် ဖွယ်ရာ သုတအဖြာဖြာ

نمایش بیشتر
1 729
مشترکین
اطلاعاتی وجود ندارد24 ساعت
-77 روز
-5130 روز
آرشیو پست ها
ဒီကာလပိုင်းမှာ စိတ်ရှုပ်ထွေး စရာ များရင် - အိမ်တွင်းပြသနာ ပေါ်နေသူများ - ဝင်ငွေ လာဘ် ပိတ်နေသူများ အလုပ်ထဲမှာ အဆင်မပြေဖြစ်နေသူများ -- မနက် 11 :30 မှာ အိမ်၌ မြတ်စွာဘုရားအား - (အုန်းရည် ) ကို ​ဖန်ခွက် ( 3 ) ခွ​က် ထဲ သို့ ထည့်၍ ကပ်လှူပေးပါ .. ကပ်လှူပြီးသည့်နှင့် ဥုံမ် ဘဂဝါ သိဒ္ဓိ - သိဒ္ဓိ - ဘဂဝါ ဟူ၍ 27 ခေါက် ရွတ်ပေးပါ -- အားလုံး အဆင်ပြေကြပါစေ .... ⚜️⚜️

အိမ်ထောင်ရေး -ဗေဒင် {၁၀} တစ်နေ့က တင်တဲ့ ၉ မှာ လာမေးတာ အများဆုံးက မရဏဖွားနဲ့ ရာဇ ဖွား အကြောင်းကို မေးကြတယ် မရဏ ဖွားနဲ့ ရာဇ ဖွားဆို ဘာတွေ ဖြစ်မလဲပေါ့ မ​ပြောခင် - ဒီနေရာမှာ နေ့နာမ် - ဇာတာခွင် တွေကလဲ အဓိက ပါဝင်ပါတယ် - မရဏ နဲ့ ရာဇ ဖွားကြည့် ပုံသေမှတ်၍ မရပါ - မရဏ ဖွား နဲ့ ရာဇ ဖွားဆိုရင် မိမိ အိမ်ထောင်ဖက်က မရဏ ဖွား​ဆိုမှု အသုံးဖြုန်း ကြီးသူ - အသုံးနဲ့ အဖြုန်း မကွဲသူဟု ပြောရပေမည်- မီးဖိုချောင် အသုံးစရိတ် က အကုန်အကျပို၍ များတက်သည် -ပါတ်ဝန်းကျင် အပေါင်းအသင်းလဲ တို့ကြောင့်လဲ ငွေကုန်ကြေးကျ များတက်သည် - အိမ်ထောင်ရေး မှာ ငွေကြေးကြောင့် မကြာခန ပြသနာ တက်ရတက်သည် - သူဆန္ဒ -ကိုယ်ဆန္ဒ ထည့်မတွက်ကျသော အိမ်ထောင်ရေးမျိူးဖြစ်၍ မြင်ရာ ထင်ရာ စွတ်စွဲ ပြောဆိုတက်ကြသော အိမ်ထောင်ရေးမျီူးဖြစ်သည် အိမ်တွင်းရေးမှာ လဲ ကိုယ်လုပ်ချင်တာကို ဇွတ်လုပ်ကြသော အိမ်ထောင်ရေးမျိုးဖြစ်သည် - တိုင်ပင် ဆွေးနွေး၍ မရ ဆွေးနွေးရမှ ထ ရန်ဖြစ်ရသော အတွဲဖြစ်သည် 😁 တစ်ယောက်နဲ့ တစ်ယောက် အလျော့မပေးတက်ကြပါ အမြဲ ကိုယ်အမှန် မှတ်ယူထားကြသောသူများဖြစ်သည် တစ်ယောက်နဲ့တစ်ယောက် လိမ်လို့ မရသောသူ များဖြစ်သည် - မဟုတ်တာလုပ်ရင် ခနနဲ့ အလိမ်ပေါ်သော အိမ်ထောင်ရေးမျိူးဖြစ်သည် - အညှိ နှိုင်းမခံသော အတွဲ ဖြစ်သည် - နှစ်ဖက်ဆွေမျိူးများကြောင့်လဲ အိမ်ထောင်ကွဲရတက်သည် - အမျိူးသားက ရာဇဖွား အမျိူးသမီးက မရဏ ဖွားဆိုလျှင် ထိုအချက်များ အဖြစ်များမည် အိမ်ထောင်ကွဲပြီးလျှင် ပြန်ပေါင်းရကိန်းမရှိဘဲ ပြီးပြတ်သော အိမ်ထောင်ရေးမျိူးဖြစ်ရတက်သည် - #ဆက်ရန် စိတ်ဝင်စားပါက မိမိ အကြွှင်းဖွားများကို မန့်ခဲပါ - 🤘🤘

(အိမ်ထောင်ရေး - ဗေဒင် - ၉ ) အိမ်ထောင်ရေးမှာ တစ်ဦးက ရာဇ ဖွား - တစ်ဦးက ဘင်္ဂဖွားဆိုလျှင် အဆင်မပြေ - ကတောက်ကဆ ခနခန ဖြစ်ရတက်သည် - ရာဇ ဖွားသည် မာန်ဖြင့်စကားပြောသည် - အိမ်ထောင်ဖက်၏ အပစ်ကိုရှာ၍ နှိမ်တက်သည် - ဘင်္ဂဖွားကလဲ တော်လှန်သော စိတ်ရှိသည် - ထို့ကြောင့် နှစ်ဦးလုံး အရွဲတိုက်လုပ်လိုစိတ် များလာကြသည် ၊ မူလ အဖြစ်ကနေ အပျက်ဘက်ကို ဦးတည်လာတက်ကြသည် များသောအားဖြင့် တွေ့ရသည်မှာ အမျိူးသမီး ရာဇ ဖွားဖြစ်ပြီး အမျိူးသားက ဘင်္ဂဖွားဖြစ်လျှင် ထိုကဲသို့ အဖြစ်မျိုး ပိုတွေ့ရသည် -- ယနေ့ မေးသူ တစ်ဦး၏ လက်ရှိ အိမ်ထောင်ကွဲဖို ကိုကွာရှင်းလိုရမရ လာမေးရင် ဇာတာစစ်ကြည့်ရင်း ပြုံးမိလိုက်လေတော့သည် --- 😊😊

အိမ်ထောင်ရေး ဗေဒင် (၈) ၁ ကြွင်း ဇာတာရှင်များသည် အိမ်ထောင်ရေး ကံ (အိမ်တွင်းအပူများ ကြသူများဖြစ်သည် ။ အိမ်တွင်းရေးမှာ မိဘ ၊မောင်နှမ၊အိမ်ထောင်ဘက်၊သားသမီး တို့​၏ လျစ်လျူ ပြုခြင်း ခံရတက်သည်၊ အိမ်တွင်း​ရေးမှာလဲ စိုးရိမ် ပူပင်သောက ကြောင့်ကြသူများလဲ ဖြစ်သည် ။ အိမ်တွင်းရေးမှာ လဲ ရတာမလို လိုတာမရဆိုသလို အိမ်ထောင်ဖက် ရဲ့ အရည်အချင်း(သို့မဟုတ်​) ဝင်ငွေ ရှာဖွေမှုအပေါ် စိတ်တိုင်းမကျမှု များသည်၊ အိမ်ထောင်ဘက် နဲ့လဲ ဆန္ဒ အလွဲ ခနခန များရတက်သည် ဒီနေ့ရာမှာ ၁ ကြွင်း ဘင်္ဂ ဖွားများ ပုတိ ဖွားများ တွင် အချစ်ရေး အိမ်ထောင်ရေး များစွာသတိပြု ရမည် သူများဖြစ်သည် ၊ ချစ်သူရည်စားဘဝ မှာလဲ အပြိုင် နှစ်ယောက်ပေါ်တက်သည် ။ ထိုသို့ပေါ်လာလျှင်လဲ ရွေးချယ်မှူ မှားတက်ကြသည် ။ အိမ်ထောင်ရေးမှာ ငွေကြေး ၊ သားရေးသမီးကိစ္စများ အပူအများဆုံးဖြစ်သည်။ အိမ်ထောင်ရေး ထက် အိမ်တွင်းရေး မနိုင်သောဇာတာရှင်လို ပြော၍ ရသည်။ အိမ်တွင်းသောက များလာတာနဲ့အမျှ ဘာသာရေးဘက်သို့ လျော့နည်းလာတက်သည် ။ ဘာသာရေးကို အားနည်းလာတက်သည် ။ ဒီနေရာမှာ မိမိ အဖွား ဇာတာများနဲလဲသက်ဆိုင်ပါတယ် ၁ ကြွင်းများသည် အိမ်ထောင်ဘက်​၏ အလိုလိုက်မှုရချင်၍ ညဏ်များတက်သောသူများလဲ ဖြစ်သည် ၁ ကြွင်း ဘင်္ဂ တင်္နဂနွေသားသမီး သည် အိမ်ထောင်မိတ် ဖက် သောကြာ ဇာတာ ရာဇခွင် ကျနေသောသူနဲ့ အိမ်ထောင်ကျပါက မိမိထက် နေရာ ရာထူး အဆင့်တန်းမြင့်မားသောသူနဲ့ရသောလဲ မိမိ ပေါ် နေရာ အာဏာ ပြတက်သူ အထက်စီးက ပြောဆိုတက်သူ မိမိအား အရေးမပေးသူ ဖြစ်တက်သည် ။ ဥစ္စာ ဂုဏ်အရ သာသော်လဲ ပတ်ဝန်းကျင် အမြင်ကောင်းသူဘဲဖြစ်ရာ အိမ်တွင်းရေးမှာ မသာယာနိုင်သော အိမ်ထောင်ဘက်မျိူးဖြစ်တက်သည်။ #ဆက်ရန် အိမ်ထောင်ရေး​၏စစ်တုရင်များ 😁 စာအရှည်ကြီးမရေးတာက အဆုံးမဖတ်ဘဲ တစ်ဝက်တည်းဖတ်ပြီး လာလာမေးကြလို့တိုတိုလေးတွေဆီရေးပေးတာပါ 🤘🤘

ခေါက်ဆွဲ တစ်ပွဲ 1000 1000 တန် နဲ့ ညီ မျှ တဲ့ ပါဝင်မှု အချိုးအစား - အရသာ - ဝန်ဆောင်မှု ဒါတွေ ကောင်းနေရင် အဲခေါက်ဆွဲ 1000 တန်ကို 1000 ပေးရတယ် လို့ကိူ စိတ်ထဲ မမြင်ပါ - လူအားလုံးစိတ်ထဲတွင် - ထို့အတူ ဗေဒင် မှာလဲ လူတစ်ယောက်၏ ကံကြမ္မာကို တိကျ ပြတ်သားစွာ အထောက်အကူ အထောက်အပံ့ လိုအပ်သော အကူညီ ပေးနိုင်လျှင် မေးသူ များ အနေ နဲ့ ညဏ်ပူဇော်ခ ကို ပေးရတယ်လို့ ကို မထင်ပါ -- ဒါသည် ကျွန်ုပ်ထံအား ဗေဒင် မေးသူ များ မှ ပြန်ပြောပြသော အရာ တစ်ခု ဖြစ်သည် - လိုလိုလားလား ပေးချင်သည့် အရာသည် အပူအတ္တ ကင်း၏ .. 👏👏

လောင်းကစား မှာ အစီရင် နဲ့ အဆောင် ဆိုပြီး နှစ်မျိူးရှိပါတယ် - အဲထဲမှာမှ ထိုးသား နဲ့ ဒိုင် ဆိုပြီး ကွဲပါတယ် ထိုးသားက ထိုးသား အစီရင် /အဆောင် ဒိုင်က လဲ အစီရင် / အဆောင် - နှစ်ယောက်လုံး ပေးရတဲ့ ပုံစံခြင်း ချင်း မတူညီကြပါ _ #တူတူဘဲ ထင်နေကြလို့ပါ 🤘 မှတ်ချက်- လူတိုင်းလုပ်မပေးပါဘူး- အမြဲတမ်းလဲ မလုပ်ပေးပါ - လူနည်းနည်းဘဲလုပ်ပေးတာပါ လုပ်ပေးတဲ့ သူတိုင်းလဲ အကုန်ထူးပါတယ် 💰💰

2023 တစ်နှစ်စာ ကံဇာတာဟောစတမ်း များ မေးလို့ရပါပြီး ၊ တစ်နှစ်အတွင်း အကျိူးပေးအလုပ်၊ 12 လ အဟော ဘယ်လ မှာ ငွေကံ ကောင်းမကောင်း၊ မိိမိ လုပ်ငန်း အတွက် ဆောင်ရန် ၊ ရှောင်ရန်၊ နှစ်တစ်နှစ် အတွက် ယတြာ ၊ကျန်းမာရေး၊အချစ်ရေး၊ တစ်နှစ်စာ လာဘ်ပွင့် ယတြာများ ၊ တစ်လစာ လပိုင်းအလိုက် ဟောစတမ်းများ ဖြင့် ဟောကြားပေးပါသည် ...🪬

#2.1.2023 💰💰 2023 ခုနှစ် အတွင်း ဝင်ငွေလေးလဲ မပြတ်အောင်၊ ဝင်တဲ့ ဝင်ငွေလေးလဲ မြဲအောင် ၊မိမိ ပိုက်ဆံအိတ်လေးထဲမှာ အစိမ်းရောင်၊သို့မဟုတ် အဝါ​ရောင် ပါသော ပိတ်စ လေးပေါ်မှာ (န ) ဟု ၍ ရေးပြီး ပိုက်ဆံလေးနဲ့ အတူ​ဆောင်ပေးထားပါ 2023 အတွက် ကံကောင်းစေမယ့်အရောင်လေးများဖြစ်သလို့ လာဘ်ရွှင် စေသော အရောင်လေးများလဲ ဖြစ်ပါတယ် #ဝင်​ငွေများတိုးပွားကြပါစေ 💰

ဂဏန်း ဗေဒင်မှာ မိိမိ မွေးဖွားရက်နဲ့ နာမည် ကိန်းဂဏန်း အကျိူးပေးတာခြင်း မတူညီပါ --- ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က မေးသူထဲမှာ ဆိုင်ကိစ္စ လာမေးတယ် လျှပ်စစ်ပစ္စည်းဆိုင် | ရောင်းမကောင်းတာ မဟုတ်ဘူး၊ ဆိုင်က ဝန်ထမ်း နဲ့ ထားရတာများတော့ ဝင်ငွေက ဝန်ထမ်းက ခြယ်လှယ်သလိုဖြစ်နေတာ | သူတို့ကလဲ လုပ်ငန်းက များ ဒီဆိုင်မှာကို နေချိန်က မရ ၊ သူတို့ကတော့ ဆိုင်ဝန်ထမ်းက သူတို့ကို တစ်ခုခုလုပ်ထားတာလားပေါ့၊ ???? အဲမှာ စစ်ကြည့်လတ်စနဲ့ သူတို့ဆိုင်နာမည် စစ်လိုက်တယ် ဆိုင်နာမည်က ပေါင်းခြင်း--- 8 ဂဏန်းရတယ် တိုက်တိုက်ဆိုင်ဆိုင် သူကလဲ -9.ရက် 9လ ဖွား - 9+9= 18-1+8 =9 ရက်ဖွားကလဲ 9 - ပေါင်းခြင်းကလဲ 9 9 ဂဏန်းသမား နဲ့ 8ဂဏန်းသမားသည် အပြန်အလှန် အကျိူးမပြူသော ဂဏန်းများဖြစ်သည် 8 ဂဏန်း သမားနေအိမ်မှာ 9 ဂဏန်းသမားများသည် မနေအပ် ၊ နေမရသော ဂဏန်း နှစ်ခု ဖြစ်သည် ထို့ကြောင့် ဆိုင်နာမည် က 8 ဂဏန်းကျနေသော အခါ ဖွားဂဏန်း 9 သမားသည် ဆိုင်မှာ နေ၍ မရဘဲ ဝန်ထမ်းကို သာ အကုန် လွဲပြောင်းထားရတော့သည် ၊ ဆိုင်မှာထိုင်လဲ ခနဘဲ အကြောင်းကိစ္စ တစ်ခုမဟုတ် တစ်ခု နဲ့ ထသွားရ စမြဲပေ ........ စိတ်က ဆိုင်သောရောက်နေသော်လဲ လူကမရောက်ဖြင့် ဖြစ်နေတော့သည်..... 1️⃣2️⃣3️⃣4️⃣5️⃣6️⃣7️⃣8️⃣9️⃣0️⃣ 〰️〰️〰️〰️〰️〰️〰️〰️〰️〰️

7 ရက် ဖွား သမားများ အကြောင်း 7 ရက် ဖွား သားသမီးများသည် သူတစ်ပါး နဲ့ မတူ အမြင်မတူ သူများ ဖြစ်ကြသည် ။ ပြောင်းပြန် အတွေး ကို တွေးတက်သည်။ ရုတ်တရက် တွေးခေါ်တာ ပြောဆိုတာ မှန်ကန်တက်သည်။ လွတ်လွတ်လပ်လပ် နေထိုင်ကြသည်။ချုပ်ချယ်မှု မကြိုက်ကြပါ၊ ခရီးသွားရ ခြင်းကို နှစ်သက်ကြသည် လူအများကို စွဲဆောင်နိုင်သော ဓတ်ရှိကြသည်၊ ပန်းချီ -သဘာဝ အလှပ ကို ကြိုက်ကြသည် နိုင်ငံရပ်ခြား ကို ပိုနေထိုင်ချင်ကြသည် သို့်မဟုတ် ခရီး ထွက်ချင်ကြသည် ကိုယ်ပိုင်အယူဝါဒ များရှိကြသည် စိတ်ပညာ၊ရှေးဟောင်းများ၊ လျှိုဝှက်မှု၊ ဂမ္ဘီရ ဆန်ဆန်များ စိတ်ဝင်စားကြသည် စိတ်ဓတ်ရေးရာမှာ အတက်အကျမြန်သည် စိတ်ကို ကြာကြာ မညစ်တက်ပါ နှလုံးသား ပျော့ညံ့သူများဖြစ်တက်သည် ၊ အတိတ်က ဖြစ်ရပ်များကို ခနခန လွမ်းဆွတ် သတိရတက်ကြသည် အချစ်ရေးမှာ အယုံလွယ်တက်ကြသည် သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါ ဆိုတဲ့လူစားမျိူးများဖြစ်သည်- အဲလိုပြောသောလဲ ခနခန ဂျင်းထည့်ခံရသော သူများ ဖြစ်သည် 😁😁😁 သနားလွယ်တက်ကြသည်၊ တစ်ခုခုဆို ဝမ်းနည်းကြေကွဲလွယ်သည် ခဏ မျှသာ 😅 အငြိူးတေး မထားတက်သော်လဲ တစ်ခုခု ကို ထိမိစွာ ခံထားရပါက တစ်သက်လုံး မှတ်ထားကြသည် ပြန်၍လဲ တုံ့ပြန်တက်ကြသည်၊ 7 ရက်ဖွားများသည် အားနာမှုဖြစ် ခနခန လိမ်ခံရတက်သည် 😁😁 ဘာရယ် မဟုတ်ပါ / ကိုယ်မွေးနေ့ ရက်မလို့ တင်ပေးခြင်းပါ 7 ရက်နေ့ ဖွားသမားများရှိရင်လဲ မန့်ခဲ့ပါ အားနာတက်ကြသော 7ရက်ဖွားသမားများ 😅

မနက်ဖြန် လပြည့် နေ့ ဆရာ မွေးနေ့ ပါ မွေးနေ့မှာ လပြည့် နေ့လဲ ဖြစ် အဆောင်၊ အစီရင် အပ်ထားသူလဲရှိမလို့ အဓိဌာန် ဝင်ပြီး ပြုလုပ်ပေးပါ့မယ် အဆောင်၊ အစီရင်ချင်သူများလဲ လာအပ်လိုရပါပြီး

လူတိုင်းကို မေတ္တာထား ဥပေက္ခာတော့ ပြုနိုင်ပါစေဆိုတာ မှန်တယ် ပြီးခဲ့တဲ့ နှစ်က အမျိူးသမီး သူအမျိုးသား အချုပ်နှောင် ကိစ္စ နဲ့ လာမေးတယ် ၊ ညကြီး ငိုယိုပြီး ဖုန်းဆက် ကိုယ့်လဲ ဟောပေးလိုက်တာပေါ့ - ဒီနှစ် 6 လပိုင်းထဲလွတ်မယ်ပေါ့ ဆရာတဲ့ ဟောခ မနက်မှ လွဲပေးတော့မယ်ဆိုပြီး ပျောက်သွားရော ဟိုတစ်နေ့က ပြန်ပေါ်လာတယ် ဆရာ သမီးအမျိူးသား ဖောက်ပြန်နေလို့တဲ့ ကူညီပါအုံးတဲ့ ညကြီး ဖုန်းဆက်ပြီး သမီးကို ဆရာ မှတ်မိတယ် သမီးအမျိုးသား အချုပ်ကျလိုမေးတဲ့ တစ်ယောက်မလားလို့ ပြောလိုက်တာ ဖုန်းချသွားရော 😄😄

အိမ်ထောင်ရေး ဗေဒင် ၇ ပြီးခဲ့တဲ့ ၄ လပိုင်းက စနေ သမီး နာမည် --- ဗေဒင်လာမေးတယ် အိမ်ထောင်ရေး အကြောင်း ကွဲနိုင် မကွဲနိုင်အမေး ဇာတာစစ် ကြည့်တော့ ၃ ကြွင်း စနေ ယူထားတာက သောကြာ / ကောင်းကျိူးမပြုပါ စနေ သားသမီးအတွက် ၊ ရန်ဂြိုဟ် သုတ / ဓတ်ရန် တောသူ အချင်းချင်း မတည့်ကျ အဓိပတိ - မရဏ ပက္ခ မိကြီး မျက်နှာချင်းဆိုင်တာနဲ့ ရန်ဖြစ်တယ် စကားခနခနများပြီး အလုပ်လဲ တိုင်ပင်မရသော်အိမ်ထောင်ရေးမျိုး၊ ကာရက ၈ ခွင်မှာလဲ အပါဒါန ကျ စနေ သမီးကို လွယ်လွယ် နဲ့ကွာမပေးဘဲ လာတောင်းတုန်းက ပိုက်ဆံ ပြန်တောင်း သူနဲ့ကွဲချင်ရင် အဲငွေပြန်ပေးရမယ်ဆိုပြီး၊ အမျိူးသမီးက စီးပွားရေး အတောင့် ဆိုတော့ တမင်ကပ်တာပေါ့၊ ဟုတ်တယ်ဆရာ အဲဒါကွဲနိုင်မလားလို့ဆရာ ???? ကွဲတာကတော့ အနှေး နဲ့ အမြန် ကွဲမှာဘဲ အဲတော့ အမျိူးသမီးကို ကွဲကိန်းရှိတယ် ပိုက်ဆံ တစ်ကျပ်မှ တော့ ပေးစရာမလိုဘူး သူအလိုလို ကွာခြင်းခွင့်တောင်းလာလိမ့်မယ်လို့ ဟောလိုက်တယ် အခု လဘဲ အမျိူးသားက ကွာရှင်းခွင့်တောင်းလို့ ကွဲပေးလိုက်ပြီး ဆရာတဲ့ လွတ်လပ်စွာပျော်ရွှင်နိုင်ပါစေ သမီး 🥰

အကြွေးရစရာ ရှိသူသည် မိမိ ဆွေမျိူးသား မကင်းတဲ့ သူဖြစ်ပါက ဒီယတြာ လုပ်ပါ ကိုယ်မွေးနေ့မှာ ပြုလုပ်ပါ ___ တင်္နဂနွေသားသမီး ဆိုပါက မနက် 7:45 အချိန် တင်္နလာသားသမီး ဆိုပါက မနက် 8;00 အင်္ဂါသားသမီး ဆိုပါက မနက် 7:00 ဗုဒ္ဓဟူးသားသမီးဆိုပါက မနက် 8:15 ကြာသပတေးသားသမီးဆိုပါက မနက် 9:00 သောကြာသားသမီးဆိုပါက မနက် 9:30 စနေ သားသမီးဆိုပါက မနက် 9:15 __ မိမိ မွေးနာမ်နေ့ ကျတဲ့ အချိန်များတွင် ကြံရည် တစ်ခွက် ထဲ့သို့ ကသစ် ညွှန့် ၃ ညွှန့် သစ္စာပန်း ၇ ညွှန့် ထည့်ပြီး ဘုရားမှာ ကပ်လှုပေးပါ ပြီးလျှင် ရစရာ ရှိသောသူ နာမည် ထည့်၍ အမြန်ဆုံးပြန်လည် ရရှိစေရန် ဆုတောင်းပေးပါ 🙏🙏 #အဆင်ပြေကြပါစေ⚜️⚜️

ရန်ဘက် နေ့နာမ် များ - ဓမ္မာ၊သောက၊အင်းဝ၊ရာဇာ ရာဇာ - ရာဟု နဲ့ အင်္ဂါ နေ့သစ် နာမ်သစ်ဘုရား အိမ်တွင်း ဌာပနာ ပြုခြင်း ပြီးခဲ့တဲ့ 2019 လောက်က ကိုစိုးမြင့်ကျော် နာမည် နဲ့ အိမ်ထောင်ရေး ကိစ္စ လာမေးပါတယ် ၊ စီးပွားရေးကလဲ ရသလောက်ကုန် ရှာသလောက် အဖတ်မတင် ၊ အိမ်တွင်းရေးက ကတောက်ကဆ ဖြစ် ၇ တန့် ဘာဝ ရောက်ရှိချိန် ထိုစဉ်က အိမ်တွင်းရေး အခိုက်များတဲ့ အချိန်ပေါ့ --- လင်မယားနှစ်ယောက် ရန်ခနခန ဖြစ် တည့်တဲ့ အချိန်က နည်း ကိုစိုးမြင့်ကျော် လာမေးတော့ ဆရာရေ ယတြာတွေလဲ စုံနေပြီး ဘာမှ မထူးဘူးဗျာ ၊ ကူညီပါအုံး ကဲ ကိုစိုးမြင့်ကျော်ရေ ခင်ဗျားတို့က ရန်ဘက် အတွဲကျနေတာဒီလိုလုပိဗျာ စိန်ပန်းသား ကို ဘုရားထု ညဏ်တော် (မ)ဂဏန်းထား ၃၊၅၊၇၊၉ ပြီးရင် ခရေ သားကို ပလ္လင် ထု ပလ္လင်အထဲမှာ အိမ်တွင်း ဌာပနာ ထား ရွှေ ဖြစ်ဖြစ် ငွေဖြစ်ဖြစ် ကြေးဖြစ်ဖြစ် ထား ဘုရားနေကဇာတင်တဲ့နေ့မှာ နို့ဆန်ပြုတ် အလှူပြူလုပ်ပေးလိုက်ပါ့ဟု စီရင်ပေးလိုက်သည်။ ပြီးခဲ့တဲ့ ပါတ်က မန်းလေးမှာ အိမ်ဝယ်ဖို့ ရက်လာရွေးခိုင်းရင်းလာကန်တော့သွားသည် အခုတော့ အိမ်ထောင်ရေးရော၊စီးပွားရေးအဆင်ပြေနေလေတော့သည် 🥰🙏🙏🙏

တင်ပေးတာ နောက်ကျသွားတယ် 🙏🙏 အ​ကြွေး ရစရာ ရှိတဲ့သူ အနေနဲ့ လုပ်ရမယ့် ယတြာပါ ရစရာ ခက်ခဲနေပါက တစ်ဖက်ကလဲ အဆင်ပြေ ပြီး မပေးမှသာ ယတြာပြုလုပ်ပါ အရင်ဆုံး ပိုက်ဆံ နှစ်ရာတန် တစ်ရွက် ကို သနပ်ခါးတုံးနဲ့ ဖိထားပါ စက္ကူ အဖြူရောင်ပေါ်မှာမိမိ ရစရာရှိတဲ့လူ နာမည်ရေးပါ - သနပ်ခါးတုံး ပေါ်သို့ သံလိုက်တုံး တစ်ခု တင်ထားပေးပါ -ပြီးရင် သံလိုက်တုံးပေါ်သို့ ဖယောင်းတိုင် အစိမ်းရောင် တစ်တိုင် တင်ထွန်းပေးပါ ၊ ထို့သိုတင်ထွန်းပြီးရင် ဖယောင်းတိုင်မီး ငြိမ်းခါနီးတွင် သနပ်ခါးတုံးနဲ့ဖိထားသော နှစ်ရာတန်ကို ထုတ်၍ ရစရာရှိတဲ့သူနာမည်ရေးထားတဲ့ စက္ကူ စာရွက်ကို သနပ်ခါးတုံး နဲ့ ပြန်ဖိထားပါ ၊ အင်္ဂါနေ့ ညနေ 3 နာရီ မှ ပြုလုပ်ပါ အ​ကြွေးသွားတောင်းရင် ထိုနှစ်ရာတန် ရွက်ကို ဘယ်ဘက်လက်က ကိုင်ပြီးမှ သွားတောင်းပါ ကိုယ့်ပိုက်ဆံ အနည်းငယ်ပြန်ရလျှင် သနပ်ခါးတုံးနဲ့ ဖိထားသော စာရွက်ကိုဖယ်လိုက်ပါ အကယ်၍ တောင်းရမယ့်သူက အဝေးက ဆိုပါက နာမည်ခေါ်၍ ဘယ်ဘက်လက်က ကိုင်၍ တောင်းပါ #အဆင်ပြေကြပါစေ🙏🙏

ဗေဒင် မေးတဲ့ အခါ ဟောခ ယူပါတယ် ၊ သတ်မှတ်ထားတာလဲ ရှိပါတယ် ၊ သို့သော် ဒီလောက်ရမှ ဟောနိုင်မယ် ဘယ်လိုပေးမှ ဟောနိုင်မယ်ဆိုတာ မရှိပါ မေးသူအနေနဲ့ လဲ တစ်ချို့သော အမေးတွေမှာ ကိုယ်အမေးကို ပြန်သုံးသပ်ကြပါ ၊ ပေးရတဲ့ ဟောခ နဲ့ တန်လားဆိုတာ နေရာတိုင်းအလိုက် တန်ဖိုးတော့ ရှိပါတယ် ၊ တစ်ချို့ က မေးတဲ့ ကိစ္စ တွေကြီးကြတယ် ပေးချင်တာကျ မရှိဘူး ဆရာ အသိ ဗေဒင်ဆရာ တစ်ယောက်ဆိုရင် ဇာတာစစ်ရင် တစ်သိန်းခွဲယူတယ်၊ သူပညာကြေးနဲ့သူတောင်းတာ မေးတဲ့သူလဲ ရှိတာဘဲ ပြောချင်တာက တစ်ချို့က တန်ကြေး သတ်မှတ်မှ အဟုတ်ထင်လိုက်ကြတာ ၊ အခမဲ့ ဆိုတာ မရှိပေ့မယ် နားလည်မှု ကူညီမှူဆိုတာတော့ ရှိပါတယ် ၊ ဟောခ သိန်းချီရလို့လဲ မေးခွန်းတွေက ထူးခြားသွားတာ မရှိပါ ၊ ဒီ အမေး ဒီ လူ ဒီ အဟော ဒီ စိတ် ဒီ လိုဘဲ ဟောပါတယ် ၊ ဘယ်သူက ဘာဆိုတာ မရှိပါ ဘာကြီးဘဲ ဖြစ်ဖြစ် နေရာပေးမဟောပါ ၊ #ဆရာဆီမေးဖူးတဲ့သူတွေသိပါတယ် 🤘 #နားလည်ကြမယ်ထင်ပါတယ်🙏🙏🙏

လူမှူရေးပိုင်းမှာ အခက်အခဲ ဖြစ်နေသူများ အထက်လူကြီး၊ပေါင်းသင်းဆက်ဆံရေး၊နယ်ပယ်အသစ်ကို ​ထိုးဖောက်သွားရမယ့်သူများ အနေနဲ့ ၊ မိမိ မွေးနာမ်ထောင့် ကျတဲ့ အရပ်မျက်နှာ ဘုရားမှာ ပန်းသီး၊ သစ်တော်သီး ငှက်ပျောသီး ၊ ၁/၃/၅/၇/၉ (မ) ဂဏန်း မိမိအဆင်ပြေသလို ကပ်လှူပေးပါ၊ ကပ်လှူပြီးရင် အိမ်ပြန်ယူစရာမလို့ပါ ၊ #အဆင်ပြေကြပါစေ

အခက်ခဲ ကိစ္စ ၊ စကားပြိုင်၊ တရားပြိုင်၊ ကိုယ်စကား အထ​မြောက် အောင်မြင်ချင်ရင် မနက်စောစောထ ထမင်းချက်ပြီး ဦးစွာ သုံးဆုပ် ဆုပ် ထမင်းသုံးဆုပ် ဆုပ်ပြီးရင် သရဏဂုံ သုံးပါး ရွတ် ၈ ခေါက်ရွတ် ရွတ်ပြီးပါက ထမင်းဆုပ် သုံးဆုပ်ကို စားပါ ထမင်းအလွတ်ကြည့်စားရမှာပါ၊ စားပြီးသည့်နှင့် သတ်သတ်လွတ် ထမင်းကို စားရသောကြောင့် ဆိုပြီး စိတ်မှ မိမိ ပြောဆိုရမည့် အခက်ခဲကို အာရုံပြု ဆုတောင်းပါ ..... များစွားအကျိူးထူးပါ့လိမ့်မယ် #ပြုလုပ်ကြည့်ပါ 🙏🙏🙏

နာမည် ထဲမှာ လူ နာမည် မှာဘဲ အခိုက်ရှိတာ မဟုတ်ပါ စီးပွားရေး နာမည်မှာလဲ အခိုက်ရှိပါတယ် ၊ မဟာဘုတ် ၁ ကြွင်းသမားများအနေနဲ့ ကြာသပတေး အစ တင်္နဂနွေ အဆုံးနာမည်များ၊ ဗုဒ္ဓဟူးစ တင်္နလာ နာမည်များ ပေးမိရင် မကောင်းပါ ဥပမာ ၁ ကြွင်းဖွား ဇာတာရှင်​၏ - မြမွန်အေး လို့ပေးထားတဲ့ လက်ဖက်ရည် ဆိုင် ကြာသပတေးအစ တင်္နဂနွေ အဆုံး နာမည်သည် ဝင်လာသည့် ဝင်ငွေ ကိုယ့်အတွက် အကျိူးမပြုဘဲ ဝန်ထမ်းခ ဆိုင်ခနခနအပြောင်းအရွှေ့ ၊ပြုပြင်နေရခြင်း၊ သူအရိုးနဲ့သူပြန်ထိုး စကားဆိုသလို ဝင်ငွေသည် တိုးသည်မရှိ ခနခနပြန်ရင်းနှီးမြုပ်နေရခြင်း ၊ငွေကြေး အခက်ခဲ များ ကြုံရတက်ခြင်း ၊ ဝင်ငွေ ပုံမှန်မရှိခြင်း ဆိုင်ပြိုင် များ ပေါများခြင်း၊ အောက်လက်ငယ်သား များအကျိူးမပေးခြင်းတို့ ဖြစ်တက်သည် ၊ လုပ်ငန်းက မိမိနဲ့ အကျိူးပေးသောလဲ နာမည်က အကျိူးမပေးရင်လဲ အခိုက်သဘော အနည်းအငယ် ရှိပါတယ် #ဆက်ရန်