HTY Information
رفتن به کانال در Telegram
လှိုင်သာယာမြို့တွင်း Update သတင်းများအား အချိန်နှင့်တပြေးညီ တင်ဆက်ပေးနေသော HTY Information...🚩
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
6 892
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
-2830 روز
آرشیو پست ها
6 892
ရှစ်လေးလုံး အထိမ်းအမှတ် ထီးသပိတ် ပြုလုပ်ခဲ့သော လူငယ်အချို့ ဖမ်းဆီးခံရ
Yangon Freedom Press (ဩဂုတ်လ ၂၅ ရက်)
ရန်ကုန်မြို့လယ်ခေါင်မှာ ရှစ်လေးလုံး အောင်းမေ့ဖွယ်ရာနေ့အဖြစ် ထီးသပိတ်အဖြစ်ပြုလုပ်ခဲ့ကြသော လူငယ်အ ချို့ကို ဖမ်းဆီးရမိပြီဖြစ်တယ်လို့စစ်တပ်လော်ဘီ သတင်း ဌာနတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
အဆိုပါ ဖမ်းဆီးရမိကြောင်းကို စစ်တပ်လော်ဘီ ဟန်ငြိမ်းဦးက သူ့ရဲ့ တယ်လီဂရမ်အကောင့်မှာ လူငယ်တွေဖမ်းစီးခံထားရတဲ့ ပုံတွေနဲ့ဖော်ပြထားပြီး ဓါတ်ပုံတွေမှာလည်း အဖမ်းခံရတဲ့ လူနှစ်ဦးထဲက တစ်ဦးကတော့ ပါးစပ်ထဲက သွေးထွက်တဲ့အထိ အရိုက်ခံထားရတာကိုလည်း မြင်တွေ့ရပါတယ်။
ဒါပြင်ဖမ်းဆီးခံထားရတဲ့သူနှစ်ထဲမှ တစ်ဦးဟာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးသူဖြစ်ပြီး ကျန်တစ်ဦးမှာ သပိတ်တွင် ပါဝင်ခဲ့သူဖြစ်တယ်လို့ဆိုထားပါသည်။
#ရန်ကုန်
#ရှစ်လေးလုံးထီးသပိတ်
#YangonFreedomPress
6 892
ကော့ကရိတ်မြို့နယ်တွင်း အာဏာသိမ်းစစ်ကောင်စီတပ်တွေ တပ်စွဲထားသော တပ်စခန်းနှစ်ခုကို 𝐒𝐃𝐃𝐅 က 𝐃𝐫𝐨𝐧𝐞 ဖြင့်ဗုံးကြဲတိုက်ခိုက်
HTY Information (ဩဂုတ်လ ၂၅ ရက်)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက တစ်မိုင်ကုန်းကျေးရွာနှင့် ကော့နွဲ့ကျေးရွာတို့တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၂ခုကို 𝐒𝐃𝐃𝐅 က 𝐃𝐫𝐨𝐧𝐞 ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့ထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို (၃)ရက်တိုင်ပြုလုပ်ခဲ့ကြပြီး ဩ ဂုတ်လ ၁၉ရက်၊ ၂၁ရက်နှင့် ၂၂ရက်နေ့တွေ့မှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ 𝐒𝐚𝐰 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐅𝐨𝐫𝐜𝐞 - 𝐒𝐃𝐃𝐅 ကဆိုထားပါသည်။
ယခုလို ဒရုန်းဖြင့်စစ်ဆင်ရေးဖော်ဆောင်ခဲ့ပြီးအကြမ်း ဖက် စစ်ကောင်စီတပ်မှ ထိခိုက်ပျက်စီးမှုများရှိခဲ့ကာ ထိ ခိုက်ဆုံးရှုံးမှုအသေးစိတ်အခြေအနေအားမသိရှိရသေးဘူးလို့ ၎င်းတို့ရဲ့ Telegram Channel ဖြစ်တဲ့ https://t.me/sawdragondroneforce တွင်ဖော်ပြပါရှိပါသည်။
#SDDF
#sawdragondroneforce
#HTY_Information
6 892
ရန်ကုန် လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်ဝန်းအတွင်းရှိ အကြမ်းဖက် စစ်တပ်နဲ့ လက်ပါးစေ လုပ်ငန်းရှင် တရုတ်နိုင်ငံပိုင် H&M တံဆိပ်ချုပ် စက်ရုံရှေ့တွင် တော်လှန်ရေးလူငယ်တချို့က ဒီနေ့ မနက်ပိုင်းမှာ ၅/ ၊ ၈/ ၊ ၉/ ပါ တီရှပ်တွေဝတ်ဆင်ပြီး အာဏာရှင် ဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်းသိရှိရပါသည်။
(ဩဂုတ်လ ၂၅ ရက်)
#လှိုင်သာယာ
#ဓာတ်ပုံ_YD
#HTY_Information
6 892
ဆန်ရေပရောဂျက်အဖြစ်နဲ့ စစ်ကောင်စီရဲ့ အာဏာသိမ်းလမ်းစဉ်မှာ မတရားချုပ်နှောင်ခံထားရသော နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ Kim (ခေါ်) ကိုထိန်လင်း ဖန်တီးထားသော သစ်ထွင်းပန်ချီးကား မဲလက်မှတ်တွေကို ဒီကနေ့ စတင်ရောင်းချသွားမှာဖြစ်ပြီး မဲလက်မှတ် တစ်စောင်ကို အမေရိကန်ဒေါ်လာ ၁၀၀ နဲ့ https://www.springsignature.net ထဲဝင်ပြီးတော့ သက်ဆိုင်ရာ နိုင်ငံအလိုက် Fundraiser တွေဆီမှာ ဝယ်ယူရရှိပြီလို့ ဆန်ရေပရောဂျက်ကို ဦးဆောင်လုပ်ပေးနေသူ မပန်ဆယ်လိုကဆိုထားပါသည်။
#ဆန်ရေပရောဂျက်
#Kim
#HTY_Information
6 892
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ အရပ်သားလင်မယားနှစ်ဦးကို လူမှားရှင်းလင်းခဲ့မှု အနူးညွှတ်တောင်းပန်ပြီး တချိန်မှာ အပြစ်အတွက် ခံယူသွားမည်ဟု မြိုပြပြောက်ကျားအဖွဲ့ထုတ်ပြန်
(ဩဂုတ်လ ၂၄ ရက်)
#HTY_Information
6 892
ဒီအဖွဲ့အစည်းဟာတကယ်ရှိနေတာလား ဒါဆိုသူတို့ရဲ့ရည် ရွယ်ချက်ကဘာပါလဲ (စုံစမ်းဖော်ထုတ်ခြင်း)
HTY Information (ဩဂုတ်လ ၂၄ ရက်)
ရန်ကုန်တိုင်းအခြေစိုက် မြေအောက်တော်လှန်ရေးအဖွဲ့ဟု ခေါ်ဝေါ်သုံးနှုန်းခြင်းခံရသော Burmese Rangers Army Local PDF ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက မဟုတ်မှန်သော သတင်းတစ်ခုနဲ့ သတင်းမီဒီယာတွေကြားရေးပန်းစားလာတာကိုတွေ့ရှိရပါတယ်။
အဆိုအဖွဲ့အစည်းအား HTY Info အနေနဲ့ သင်္ကာမကင်းဖြစ်ရတဲ့အတွက် လိုက်လံစုံစမ်းဖော်ထုတ်နိုင်ဖို့ကြိုးစားခဲ့ပြီး ပြန်လည်တွေ့ရှိချက်တွေအရ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က သတင်းမီဒီယာကြီး တစ်ခုဖြစ်တဲ့ ခေတ်သစ်သတင်းဌာကနေ သတင်းတစ်ပုဒ်စတင်တွေ့ရှိခဲ့ပါတယ်။ အဲ့ဒိသတင်းမှာ လှိုင်သာယာမြို့နယ် ညောင်ကျေးရွာမှာ စစ်ကားတစ်စီးပေါ် ဇူလိုင်လ (၈) ရက်နေ့က ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့ပြီး စစ်သား (၂)ဦးသေ (၁)ဦးဒဏ်ရာရတယ်လို့ဆိုထားပါတယ်။
အပြည့်အစုံဖတ်ရှုရန် - https://www.hlaingtharyarinformation.com/posts/diapaweasihatkeyahinetala-dasaothutoyaeyai-yawekhyaetkbaapale-sonsanpaawtaokkhyin
#သတင်းအမှားတိုက်ဖြတ်ခြင်း
#HTY_Information
6 892
ဒီအဖွဲ့အစည်းဟာတကယ်ရှိနေတာလား ဒါဆိုသူတို့ရဲ့ရည် ရွယ်ချက်ကဘာပါလဲ (စုံစမ်းဖော်ထုတ်ခြင်း)
HTY Information (ဩဂုတ်လ ၂၄ ရက်)
ရန်ကုန်တိုင်းအခြေစိုက် မြေအောက်တော်လှန်ရေးအဖွဲ့ဟု ခေါ်ဝေါ်သုံးနှုန်းခြင်းခံရသော Burmese Rangers Army Local PDF ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက မဟုတ်မှန်သော သတင်းတစ်ခုနဲ့ သတင်းမီဒီယာတွေကြားရေးပန်းစားလာတာကိုတွေ့ရှိရပါတယ်။
အဆိုအဖွဲ့အစည်းအား HTY Info အနေနဲ့ သင်္ကာမကင်းဖြစ်ရတဲ့အတွက် လိုက်လံစုံစမ်းဖော်ထုတ်နိုင်ဖို့ကြိုးစားခဲ့ပြီး ပြန်လည်တွေ့ရှိချက်တွေအရ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က သတင်းမီဒီယာကြီး တစ်ခုဖြစ်တဲ့ ခေတ်သစ်သတင်းဌာကနေ သတင်းတစ်ပုဒ်စတင်တွေ့ရှိခဲ့ပါတယ်။ အဲ့ဒိသတင်းမှာ လှိုင်သာယာမြို့နယ် ညောင်ကျေးရွာမှာ စစ်ကားတစ်စီးပေါ် ဇူလိုင်လ (၈) ရက်နေ့က ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့ပြီး စစ်သား (၂)ဦးသေ (၁)ဦးဒဏ်ရာရတယ်လို့ဆိုထားပါတယ်။
အပြည့်အစုံဖတ်ရှုရန် - https://www.hlaingtharyarinformation.com/posts/diapaweasihatkeyahinetala-dasaothutoyaeyai-yawekhyaetkbaapale-sonsanpaawtaokkhyin
#သတင်းအမှားတိုက်ဖြတ်ခြင်း
#HTY_Information
6 892
လှိုင်သာယာမြို့နယ် ရန်ကုန်-ညောင်တုန်းလမ်းမကြီးဘေး ယခင်တိုးဂိတ်အနီးမှာ ဒီကနေ့ နံနက် (၁၁:၃၀)ဝန်းကျင်က ဘာမှမရှိသောနေရာမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်မှုတစ်စုံတစ်ရာလည်းမရှိခဲ့ပါဘူး။ အဆိုပါ ပေါက်ကွဲမှုဖြစ် ပွားပြီး နောက်ပိုင်းမှာတော့ လှိုင်သာယာမြို့နေရာအနှံ့အ ပြားမှာ ဆိုင်ကယ်ဖမ်းဆီးခြင်းနဲ့ တားဆီးစစ်ဆေးခြင်းတွေကို စစ်ကောင်စီတပ်တွေက လုပ်ဆောင်နေတာ ညနေပိုင်းအထိတွေ့ရှိရပါသည်။
(ဩဂုတ်လ ၂၄ ရက်)
#HTY_Information
6 892
❗️လှိုင်သာယာ၊ အမှတ် ၉ ရပ်ကွက်၊ စပ်စံထွန်းလမ်းနှင့် လမ်းသွယ်များတွင် ဧည့်စာရင်းလိုက်လံစစ်ဆေးနေသည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅ ယောက်ခန့်နှင့် ရပ်ကျေးအဖွဲ့ဝင်များလည်းပါပြီး၊ အဆောင်တွင်နေထိုင်သူများကို အရှေ့ထွက်ခိုင်းကာ စစ်ဆေးပြီး၊ ဓာတ်ပုံရိုက်ယူသည်ဟုလည်း သိရသည်။
ဩဂုတ်လ ၁၉ ရက်
#HTY_Information
6 892
လှိုင်သာယာမြို့နယ် စနေမတွင် စစ်ကား ၄ စီးဖြင့် ဧည့်စာရင်းဝင်ရောက်စစ်ဆေးနေပြီး အပိုင် (၁) ဘက်သို့ ဆက်လက်သွားနေကြောင်း သိရှိရပါသည်။ လက်ရှိချိန်ထိတော့ ထူးခြားဖြစ်စဉ်ကြားသိရတာမျိုးမရှိသေးပါဘူး။
(ဩဂုတ်လ ၁၇ ရက်)
#HTY_Information
6 892
🛑လှိုင်သာယာမြို့နယ် BOC ပန်းခြံအနီး ဒီကနေ့ည ၈:၄၅ ဝန်းကျင်အချိန်ခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြောင်းအရင်းအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။ လက်ရှိအခြေအနေအရ သတိပြုသွားလာနိုင်စေဖို့ အသိပေးဖော် ပြအပ်ပါဘူး။
(ဩဂုတ်လ ၁၇ ရက်)
#HTY_Information
6 892
🛑 လှိုင်သာယာမြို့နယ် အမှတ် (၁၆) ရပ်ကွက် ဦးပုညလမ်းတွင် ဒီကနေ့ ည (၈:၃၀) ဝန်းကျင်အချိန်ခန့်က လူငယ် (၂) ဦးအား လမ်းမပေါ်တွင် စစ်ကောင်စီတပ်တွေက ကား ၄ စီးနဲ့ နှစ်ဖက်ပိတ်ကာ အရပ်ဝတ်များဖြင့် စောင့်ကြို ရိုက်နှက်ဖမ်းဆီးသွားပြီး အိမ်စီးကားနဲ့ ခေါ်ဆောင် သွားတယ်လို့ သိရပါတယ်။ အဆိုပါဖမ်းဆီးခံရမှုနဲ့ပတ် သက်ပြီး အကြောင်းအရင်းအသေးစိတ်ကို မသိရှိရသေးသော်လည်း ဖမ်းဆီးခံရသူတွေဟာ အဆိုပါ ရပ်ကွက်က လူငယ်တွေမဟုတ်ဖူးလို့သိရပါတယ်။ ယခု လက်ရှိ ည (9:55)မှာ ချိန်တွင် ညောင်ရွာဘက် ကား (၃) စီးနဲ့ရောက်ရှိလာပြီး ဧည့်စာရင်းဝင်ရောက်စစ်ဆေးနေတယ်လို့သိရှိရပါသည်။
(ဩဂုတ်လ ၁၄ ရက်)
#HTY_Information
6 892
ရန်ကုန်တွင် လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက ရန်ကုန်တော်လှန်ရေးအင်အားစု လူငယ်တွေ စုဝေးပြီး အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ဒီနေ့ ဩဂုတ်လ ၁၃ ရက်နေ့တွင် ပြုလုပ် ခဲ့ကြကြောင်းသိရှိရပါသည်။
#ဓာတ်ပုံ_YangonDrone
#YangonFreedomPress
6 892
ရွှေပြည်သာမြို့ အမှတ်(၈)ရပ်ကွက် ရာအိမ်မှူး လင်မယား သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ၁ ဦးသေ ၁ ဦး ဒဏ်ရာရ
HTY Information (ဩဂုတ်လ ၁၃ ရက်)
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၈) ရပ်ကွက်က ရာအိမ်မှူး လင်မယား (၂)ဦး ဒီကနေ့ ဩဂုတ် လ ၁၃ ရက် နေ့လယ် (၁၂:၅၀) အချိန်ခန့်က သေနတ်နဲ့ပစ် ခတ်ခံရပြီး (၁) ဦးသေဆုံးကာ (၁) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံများနဲ့ ဒေသအခြေစိုက် SPT Infomation ကတစ်ဆင့်သိရပါတယ်။
အဆိုပါ ပစ်ခတ်ခံရသူတွေမှာ အမှတ် (၈) ရပ်ကွက်က ရာအိမ်မှူးဖြစ်သူ ဒေါ်ယဥ်ယဥ်အေး နှင့် သူမ၏အမျိုးသားတို့ဖြစ်ပြီး အုပ်ချုပ်ရေးမှူးရုံးမှ ပြန်လာစဥ် ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရှိရပါသည်။
Comment တွင် ဆက်လက်ဖတ်ရှုပါ 👇
6 892
သင်္ဃန်းကျွန်း လဝကရုံး ဝင်ရောက်ပစ်ခတ်ခံရပြီး မြို့နယ်မှူးနဲ့ လက်ထောက်မြို့နယ်မှူးတို့ထိမှန်ကာ ၁ ဦးသေဆုံး
Yangon Freedom Press (ဩဂုတ်လ ၁၂ ရက်)
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ လဝက ရုံးကို ဒီကနေ့ ဩဂုတ်လ (၁၂)ရက် ညနေ(၃:၀၀)ဝန်းကျင် အချိန်ခန့်က သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခံရပြီး မြို့နယ်မှူးနဲ့ လက်ထောက်မြို့နယ်မှူးတို့ထိမှန်ကာ ၁ ဦးသေဆုံးသွား ကြောင်းသိရသည်။
ဝင်ရောက်ပစ်ခတ်စဉ်တွင် ရုပ်သံမှတ်တမ်းအရ စစ်ကောင် စီ လက်ပါးစေ တစ်ဦး ဝင်လုံးပြီးဖမ်းဆီးရန်ကြိုးစားခဲ့ပေမယ့် ဝင်ရောက်ပစ်ခံရသူတွေ လွတ်မြောက်ခဲ့တာကို တွေ့ရှိရပါသည်။
အဆိုပါပစ်ခတ်ခံရမှုကြောင့် လက်ထောက်မြို့နယ်မှုး ဦးကျော်မိုး သေဆုံးသွားခဲ့ပြီး မြို့နယ်မှုး ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါသည်။
#ရုပ်သံ_ဝင်ရောက်ပစ်ခတ်မှုမှတ်တမ်း
#YangonFreedomPress
6 892
အောင်မြင်ကျော်ကြားလူသိများခဲ့သော From Zero To Hero ခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်(၁)ဦးသေဒဏ်ချမှတ်ခံရ
HTY Information (ဩဂုတ်လ ၁၂ ရက်)
ရန်ကုန်တိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထဲမှ အောင်မြင်ကျော်ကြား လူသိများလာခဲ့သော တပ်ဖွဲ့တစ်ခုဖြစ်တဲ့ From Zero To Hero (ZTH) အဖွဲ့ဝင် (၂)ဦးအပါအဝင် ပြည်သူ (၁)ဦးဟာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး သေဒဏ်ချမှတ်ခံထားရတယ်လို့ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။
အဆိုပါ ZTH တပ်ဖွဲ့ဝင် (၂)ဦးနဲ့ ပြည်သူတစ်ဦးဟာ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က လက်နက်ဝယ်ယူရန်သွားစဉ် စစ်ကောင်စီတပ်တွေရဲ့ စောင့်ကြိုဖမ်းဆီးခြင်းကို ခံခဲ့ရတာလည်းဖြစ်ကာ ယခုအချိန်တွင် ဖမ်းဆီးခံရသူ (၃)ဦးထဲမှ ခေါင်းဆောင်ဖြစ်သူ ကိုမျိုးကျော်ဝင်း(ခေါ်)မန္တလေးသားနှင့် ကိုရဲကျော်အောင်(ခေါ်) ကုလားလေးတို့ (၂)ဦးဟာ သေဒဏ်ချမှတ်ခံရပြီး အကူအညီတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။
အပြည့်အစုံ - https://www.hlaingtharyarinformation.com/posts/aawinmyinkyaawkyaluthimyaakhethaw-from-zero-to-hero-khawinsaawinnhngat-tatpawewin1-uthednaatkhyamhatkhanya
#FromZeroToHero
#သေဒဏ်ချမှတ်ခံရ
#HTY_Information
6 892
အာဏာသိမ်းစစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာမှုကြောင့် ဒီပဲယင်းပြည်သူများ ညတွင်းချင်းထွက်ပြေးတိမ်း ရှောင်နေကြရ
(ဩဂုတ်လ ၁၁ ရက်)
#ဓာတ်ပုံ_ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့
#HTY_Information
6 892
ရွှေပြည်သာ(၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးနဲ့(၇)ရပ်ကွက် အုပ်ချုပ်ရေးမှုးနှင့်အပေါင်းအပါတွေ စုဝေးရာနေရာ (၂)ခုတွင် ဗုံးပေါက်ကွဲ၍ (၄)ဦးထိခိုက်
HTY Information (ဩဂုတ်လ ၁၁ ရက်)
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် အမှတ်(၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးနဲ့(၇)ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အပေါင်း အပါတွေစုဝေးရာ နေရာ (၂) ခုတွင် ဒီကနေ့ ည (၇:၀၀) ဝန်းကျင် အချိန်ခန့်တွင်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
အပြည့်အစုံ - https://www.hlaingtharyarinformation.com/posts/yawhepyitha10yaatkwetaokkhyaokyaemhuyaonne7yaatkwet-aokkhyaokyaemhunhngatapawinapatwe-suweyaaneyaa-2khutwin-bonpawetkweywae-4-utaikhoet
#ရွှေပြည်သာ
#ဗုံးပေါက်ကွဲမှု(ပုံဟောင်း)
#HTY_Information
6 892
ဒေါ်လာ ၁ ဘီလီယံကျော် သုံးစွဲနေသည့် စက်သုံးဆီတင်သွင်းမှု လျော့ချရန် စစ်ခေါင်းဆောင်ပြောကြားပြီး ရက် ပိုင်းအတွင်း ဈေးနှုန်းမြင့်တက်ကာ ဆီပြတ်လပ်
HTY Information (ဩဂုတ်လ ၁၁ ရက်)
ပြီးခဲ့တဲ့ ဩဂုတ်လ (၈) ရက်နေ့ကပြုလုပ်သော အစည်းအ ဝေးတွင် စွမ်းအင်ကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ သုံးစွဲနေရတဲ့ ပြည်ပနိုင်ငံတွေထံက စက်သုံးဆီတင်သွင်းမှုကို လျှော့ချဖို့ အမျှော်အမြင်ကြီးများလှသော အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတိုက်တွန်းလိုက်ပြီး ရက်ပိုင်းမှာပဲ စက်သုံးဆီဈေး အဆမတန်မြင့်တက်လာကာ စက်သုံးဆီပြတ်လပ်လာသည်အထိ ဖြစ်ပေါ်လာတာလည်းဖြစ်ပါတယ်။
ဒီကနေ့ ဩဂုတ်လ (၁၁) ရက်နေ့တွင် ရန်ကုန်မြို့တွင်း စက်သုံးဆီ ၉၂ တစ်လီတာကို ၂၁၄၀ နဲ့ ၉၅ တစ်လီတာကို ၂၂၁၀ အထိ မြင့်တက်ခဲ့ပြီး ဝယ်ယူ၍မနိုင်လောက်အောင် ဆီအရောင်ဆိုင်အချို့မှာ ပြတ်လပ်မှုပါ ရှိခဲ့တယ်လို့ မောတော်ယာဉ်မောင်း များထံကသိရပါတယ်။
အာဏာရလိုစိတ်တစ်ခုထဲနဲ့ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် မကြာခဏဆိုသလို ပြုပြင်နေတဲ့ ဥပဒေတွေနဲ့ စာတွေဟာ စည်းလွတ်ဝါးလွတ်ဖြစ်လာခဲ့ပြီး ပြည်သူလူထုပိုမို သွားလာ နေထိုင် စားသောက်ရ ခက်ခဲလာတာတွေပဲ တွေ့ရှိလာရပါတယ်။
#စစ်ကောင်စီ
#နိုင်ငံရေးအခြေအနေ
#HTY_Information
6 892
" စောင်တောသားတွေ " ကျွန်တော်မပြောတာမဟုတ်ဖူး YUPT ကပြောတာ :3
#Crd
#HTY_Information
