fa
Feedback
mCare Apple Authorised Service Provider

mCare Apple Authorised Service Provider

رفتن به کانال در Telegram
4 821
مشترکین
-724 ساعت
-37 روز
+2430 روز
آرشیو پست ها
Apple Device လေးမှာ Error တစ်ခုခုဖြစ်နေတယ်၊ Performance ပိုင်းမှာ အရင်လိုမကောင်းတော့ဘူး၊ Wi-Fi နဲ့ Bluetooth ချိတ်ဆက်ရာမှာလည်
Apple Device လေးမှာ Error တစ်ခုခုဖြစ်နေတယ်၊  Performance ပိုင်းမှာ အရင်လိုမကောင်းတော့ဘူး၊  Wi-Fi နဲ့ Bluetooth ချိတ်ဆက်ရာမှာလည်း အဆင်မပြေဖြစ်နေတယ်ဆိုရင် Apple Diagnostics Server နဲ့ အသေးစိတ် စစ်ဆေးလို့ရပါတယ်။ Apple Diagnostic Server ဆိုတာက Apple Product တွေရဲ့ Health နဲ့ Performance ပိုင်းဆိုင်ရာ အခြေအနေတွေကို အသေးစိတ် စစ်ဆေးနိုင်တဲ့ Apple ရဲ့ တရားဝင် Official Diagnostic System တစ်ခုဖြစ်ပြီး Apple Authorized Service Provider တွေသာ အသုံးပြုခွင့်ရတဲ့ Official System တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် Device မှာ ဖြစ်နေတဲ့ Error တွေ၊ Connectivity ပိုင်းဆိုင်ရာ ပြဿနာတွေရှိတဲ့အခါ Diagnostics Server နဲ့ စစ်ဆေးပြီး ရရှိလာတဲ့ Diagnostic Result အပေါ် မူတည်ကာ ပြဿနာဖြစ်ရတဲ့အကြောင်းရင်းကို အဖြေရှာနိုင်မှာပါ။ သင့် Apple Device တွေကို ဘယ်မှာပဲ ဝယ်ထားဝယ်ထား အရေးမကြီးသလို Warranty သက်တမ်း ကုန်ဆုံးနေပြီဆိုရင်တောင် mCare Apple Authorized Service Provider မှာ စိတ်ချလက်ချ လာရောက်စစ်ဆေးနိုင်ပါတယ်။ Apple Device လေးမှာ ဘာဖြစ်နေမှန်းမသိဘဲ အဆင်မပြေမှုတွေ ကြုံနေရရင် Diagnostics Server နဲ့ စစ်ဆေးကြည့်လိုက်ပါ။

MacBook လေး မသုံးတာကြာလို့ ဖုန်တွေကပ်နေပြီလား။ Keyboard ကြားထဲမှာ အမှုန်လေးတွေ ဝင်နေလို့ အရင်လို Key တွေနှိပ်ရတာ ပေါ့ပေါ့ပါးပ
MacBook လေး မသုံးတာကြာလို့ ဖုန်တွေကပ်နေပြီလား။ Keyboard ကြားထဲမှာ အမှုန်လေးတွေ ဝင်နေလို့ အရင်လို Key တွေနှိပ်ရတာ ပေါ့ပေါ့ပါးပါး မရှိတော့ဘူးဆိုရင် ဒီအတိုင်း ဆက်သုံးမနေဘဲ Cleaning Service ပြုလုပ်ပေးဖို့ လိုအပ်နေပါပြီ။ mCare Apple Authorized Service Provider မှာတော့ MacBook လေးအတွက် လိုအပ်တဲ့ Cleaning Service မှန်သမျှကို Apple Standards နဲ့အညီ ဆောင်ရွက်ပေးနေပါတယ်နော်။ ဖုန်တွေ၊ အညစ်အကြေးတွေကြောင့် Keyboard နှိပ်ရတာ မသက်မသာဖြစ်နေတာမျိုးဖြစ်ဖြစ်၊ အတွင်းပိုင်းမှာ Cleaning လုပ်ဖို့ လိုအပ်နေတာမျိုးဖြစ်ဖြစ် MacBook ရဲ့ အခြေအနေပေါ် မူတည်ပြီး လိုအပ်တဲ့ Service ကို စစ်ဆေးဆောင်ရွက်ပေးသွားမှာပါ။ ကိုယ့် MacBook လေးကို သန့်သန့်ရှင်းရှင်းနဲ့ ပေါ့ပေါ့ပါးပါး ဆက်အသုံးပြုနိုင်ဖို့ နီးစပ်ရာ mCare Apple Authorized Service Provider မှာ လာရောက်စစ်ဆေးနိုင်ပါတယ်နော်။ 

Safari မှာ Tab တွေ အများကြီးဖွင့်ထားရင် ကိုယ်ရှာချင်တဲ့ Tab ကို ပြန်ရှာနေရတာနဲ့တင် တော်တော်အချိန်ကုန်ပါတယ်။ iOS 27 မှာတော့ Ap
Safari မှာ Tab တွေ အများကြီးဖွင့်ထားရင် ကိုယ်ရှာချင်တဲ့ Tab ကို ပြန်ရှာနေရတာနဲ့တင် တော်တော်အချိန်ကုန်ပါတယ်။ iOS 27 မှာတော့ Apple Intelligence က ကိုယ်ဖွင့်ထားတဲ့ Tab တွေထဲက အကြောင်းအရာတူတဲ့ Tab တွေကို ခွဲခြားပြီး Topic အလိုက် အလိုအလျောက် စုစည်းပေးနိုင်ပါပြီ။ ဥပမာ News နဲ့ ပတ်သက်တဲ့ Website တွေ၊ Shopping နဲ့ ပတ်သက်တဲ့ Website တွေကို သီးခြား Topic အဖြစ် စုစည်းပေးမှာမို့ Tab တွေ အများကြီးဖွင့်ထားရင်တောင် လိုချင်တဲ့ Page ကို ပိုလွယ်လွယ်ကူကူ ပြန်ရှာနိုင်ပါတယ်။ Safari > Tabs ထဲဝင်ပြီး Search ဘေးနားမှာရှိတဲ့ “Organize” ကိုနှိပ်ပါ။  Automatically Create Topics ကို ရွေးပေးရုံနဲ့ သက်ဆိုင်ရာ Topic အလိုက် Group ဖွဲ့ပေးထားတဲ့ Tab လေးများကို သပ်သပ်ရပ်ရပ် တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီ Feature ကို Apple Intelligence Support လုပ်တဲ့ iPhone 15 Pro နှင့် နောက်ပိုင်း Model တွေအပြင် iPadOS 27 နဲ့ macOS 27 မှာပါ အသုံးပြုနိုင်ပါတယ်။ (Apple Intelligence ရဲ့ Language နဲ့ Region အလိုက် Feature ရရှိနိုင်မှု ကွာခြားနိုင်ပါတယ်)

အရင်ကဆို Screenshot လေးအရင်ရိုက် ပြီးမှ ပြန် Crop နဲ့ အလုပ်တွေရှုပ်နေတာပဲနော်။ 😅 iOS 27 မှာတော့ Video ရိုက်ထားတဲ့ထဲက ကိုယ်ကြ
အရင်ကဆို Screenshot လေးအရင်ရိုက် ပြီးမှ ပြန် Crop နဲ့ အလုပ်တွေရှုပ်နေတာပဲနော်။ 😅 iOS 27 မှာတော့ Video ရိုက်ထားတဲ့ထဲက ကိုယ်ကြိုက်တဲ့ Moment လေးကို Photo အဖြစ် Save တန်းလုပ်လို့ရနေပါပြီနော်။ ဒီလိုတန်း Save ချင်တယ်ဆိုရင် Photos App ထဲက Video ကိုဖွင့်ပါ။  ကိုယ်သိမ်းချင်တဲ့ Moment မှာ Pause လုပ်လိုက်ပါ။  အပေါ်ထောင့်က More (•••) ကိုနှိပ်ပြီး "Save Frame as Photo" ကို နှိပ်လိုက်ရင်ရပါပြီ။ Quality ကျမှာလည်း ပူစရာမလို၊ ဘေးက အပိုတွေ Crop နေရတဲ့ အချိန်လည်း မကုန်တော့ဘူးပေါ့။ သူငယ်ချင်းတွေနဲ့အတူ ရိုက်ထားတဲ့ Video တွေ၊ ခရီးသွားရင်းရိုက်ထားတဲ့ Video တွေထဲက အခိုက်အတန့်လေးတွေကို ဓာတ်ပုံအဖြစ် ပြန်သိမ်းထားဖို့ ဒီ Feature လေးကို စမ်းသုံးကြည့်လိုက်နော်။

mCare Apple Authorized Service Provider ကို ဘယ်လိုသွားရမလဲ။ Apple Device တွေ Service လုပ်ဖို့ mCare ကို လာမယ်ဆိုရင် ကိုယ်နဲ့အ
mCare Apple Authorized Service Provider ကို ဘယ်လိုသွားရမလဲ။ Apple Device တွေ Service လုပ်ဖို့ mCare ကို လာမယ်ဆိုရင် ကိုယ်နဲ့အနီးစပ်ဆုံး mCare ဆိုင်ခွဲကို Apple ရဲ့ Official Website ကနေ အလွယ်တကူ ရှာလို့ရပါတယ်။ အနီးစပ်ဆုံး mCare ဆိုင်ခွဲများကို ရှာဖွေရန်: https://locate.apple.com/mm/en/service?pt=3 Apple ရဲ့ Service Provider Locator ထဲဝင်ပြီး သင့် Location ကို ရွေးပါ → Service လိုအပ်နေတဲ့ Product ကို ရွေးပါ။ ဒါဆိုရင် သင်နဲ့အနီးစပ်ဆုံးရှိတဲ့ mCare Apple Authorized Service Provider ကို Map ထဲမှာ အလွယ်တကူ တွေ့ရမှာ ဖြစ်ပါတယ်။ mCare ဟာ Apple ရဲ့ တရားဝင် အသိအမှတ်ပြု Apple Authorized Service Provider ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Privacy Data အချက်အလက်တွေအတွက် ယုံကြည်စိတ်ချလို့သလို Apple ရဲ့ မူရင်း Genuine အပိုပစ္စည်းများကိုသာ အသုံးပြုပြီး ပြုပြင်ပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Apple Devices တွေအတွက် ပြုပြင်လဲလှယ်ဖို့ လိုအပ်လာပြီဆိုရင် mCare Apple Authorized Service Provider ကိုသာ သတိရလိုက်ပါနော်။

iOS 27 နဲ့ အတူထွက်ရှိလာတဲ့ iPadOS 27 မှာ iPad သုံးရတာ ပိုပြီး Smart ဖြစ်လာစေမယ့် Feature အသစ်တွေအပြင် Apple Intelligence နဲ့ Siri AI ပိုင်းမှာလည်း သိသိသာသာ ပြောင်းလဲလာပါတယ်။ iPadOS 27 မှာ ဘာတွေ ပိုထူးလာလဲ။ ▪️ Satisfying Siri Search Animation & Quick Access Screen ရဲ့ အပေါ်ဘက်ကနေ အောက်ကို Swipe Down လုပ်လိုက်ရုံနဲ့ Siri ကို အလွယ်တကူ ခေါ်ယူနိုင်ပြီး Siri ရဲ့ Interface နဲ့ Animation တွေကလည်း ပိုပြီး Smooth ဖြစ်လာပါတယ်။ ▪️ iPhone Apps Resizing (iPad Specific)  iPad ပေါ်မှာ သုံးနေကျ iPhone Apps တွေကို ကိုယ်လိုချင်တဲ့ အရွယ်အစားအတိုင်း Resize လုပ် နိုင်လာတာကြောင့် iPad ရဲ့ Screen အကြီးပေါ်မှာ ပိုပြီး အဆင်ပြေပြေ အသုံးချနိုင်လာပါတယ်။ ▪️ Smarter Notes & Describe a Shortcut Apple Intelligence ကြောင့် Notes မှာ စာရေးတာ၊ ပြင်ဆင်တာတွေ ပိုမိုလွယ်ကူလာသလို ကိုယ်လုပ်ချင်တဲ့ Shortcut ကို စာနဲ့ရှင်းပြရုံနဲ့ ဖန်တီးနိုင်မယ့် “Describe a Shortcut” လည်း ပါဝင်လာပါတယ်။ ဒါ့အပြင် iOS 27 မှာပါဝင်တဲ့ Liquid Glass Slider၊ Widget Size နဲ့ AI Photo Editing Features တွေကိုလည်း iPad ရဲ့ Screen အကြီးပေါ်မှာ ပိုပြီး ကျယ်ကျယ်ဝန်းဝန်း အသုံးပြုနိုင်ပါတယ်။ iPad နဲ့ အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ်၊ Creative Work တွေအတွက်ပဲဖြစ်ဖြစ် ပိုပြီး Smart & Flexible ဖြစ်လာစေမယ့် Update တစ်ခုဆိုရင်လည်း မမှားပါဘူး။ Apple Intelligence Feature တွေကိုတော့ iPad mini (A17 Pro) နဲ့ M1 Chip သို့မဟုတ် နောက်ပိုင်း Chip ပါတဲ့ iPad မော်ဒယ်တွေမှာ အသုံးပြုနိုင်ပြီး Feature အချို့ကတော့ iPad Model၊ Language နဲ့ Region အလိုက် ကွာခြားနိုင်ပါတယ်။ သင်ရော iPadOS 27 မှာ ဘယ် Feature လေးနဲ့ အဆင်ပြေဆုံးလဲ။

အရင်ကတော့ Video ရိုက်တဲ့အချိန်မှာပဲ အသုံးပြုလို့ရတဲ့ iPhone ရဲ့ Dual Capture က အခုဆို FaceTime ပြောရင်းလည်း သုံးလို့ရနေပြီနော
အရင်ကတော့ Video ရိုက်တဲ့အချိန်မှာပဲ အသုံးပြုလို့ရတဲ့ iPhone ရဲ့ Dual Capture က အခုဆို FaceTime ပြောရင်းလည်း သုံးလို့ရနေပြီနော်။ iPhone 17 Family နဲ့ iPhone Air မှာ စတင်ပါဝင်လာတဲ့ Dual Capture ကို iOS 27 Update ပြုလုပ်ထားတဲ့အခါ FaceTime မှာပါ အသုံးပြုနိုင်လာပါပြီ။ ဒီ Feature အသစ်ကြောင့် FaceTime ပြောနေချိန်မှာ Front Camera ရော Back Camera ပါ တပြိုင်နက်တည်း ဖွင့်ထားနိုင်မှာ ဖြစ်ပါတယ်။  ဘယ်လိုသုံးရမလဲဆိုရင်… FaceTime Call ပြောနေတဲ့အချိန်မှာ Camera Flip Button ကိုနှိပ်လိုက်ရုံနဲ့ Front Camera နဲ့ Back Camera ကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်ပါပြီ။ ဒီ FaceTime Dual Capture Feature ကိုတော့ iOS 27 တင်ထားတဲ့ iPhone 17, iPhone 17 Pro, iPhone 17 Pro Max နဲ့ iPhone Air တွေမှာ အသုံးပြုနိုင်ပါတယ်။ iOS 27 တင်ထားပြီး FaceTime သုံးဖြစ်တယ်ဆိုရင် ဒီ Dual Capture လေးကိုလည်း စမ်းကြည့်သင့်တယ်နော်။ 

iOS Update တင်ပြီးတဲ့နောက် iPhone က ရုတ်တရက် Screen Freeze ဖြစ်သွားတာ၊  ရုတ်တရက် တုံ့ပြန်မှု မရှိတော့တာ၊ ဒါမှမဟုတ် ဘာဖြစ်လို့ ဖြစ်မှန်းမသိတော့တဲ့ အခြေအနေမျိုးဆို  အရင်ဆုံး Force Restart လုပ်ကြည့်နိုင်ပါတယ်နော်။ Force Restart ပြုလုပ်ဖို့… iPhone X နှင့်အထက် (Face ID Models)  အားလုံးအတွက် Volume Up Button ကို တစ်ချက်နှိပ်ပြီး လွှတ်ပါ။ ပြီးရင် Volume Down Button ကို တစ်ချက်နှိပ်ပြီး လွှတ်ပါ။ ထို့နောက် Power Button ကို Apple Logo ပေါ်လာတဲ့အထိ ဖိထားပေးပါ။ iPhone 7 / 7 Plus / 8 / 8 Plus များအတွက် Volume Down Button + Power Button ကို Apple Logo ပေါ်လာတဲ့အထိ တွဲဖိထားပါ။ iPhone 6s နှင့် အောက် Model တွေအတွက်တော့ Home Button + Power Button ကို Apple Logo ပေါ်လာတဲ့အထိ တွဲဖိထားပေးပါ။ Force Restart ပြုလုပ်ခြင်းဟာ iPhone ကို Restart ပြန်လုပ်ခြင်းသာဖြစ်တာကြောင့် Device ထဲက Personal Data တွေ ပျက်စီးသွားမှာ မဟုတ်ပါဘူးနော်။ ဒီနည်းလမ်းအတိုင်း လုပ်ကြည့်ပြီးတာတောင် iPhone က ပုံမှန်အတိုင်း ပြန်မလုပ်ဆောင်နိုင်သေးတာ၊ Error တွေ ဆက်ဖြစ်နေသေးတာမျိုးဆိုရင်တော့ mCare Apple Authorized Service Provider မှာ အချိန်မရွေး လာရောက် စစ်ဆေးနိုင်ပါတယ်။

Alarm မမြည်လို့ အလုပ်နောက်ကျနေပြီလား... ⏰ အရင်ကဆို ဖုန်း Ringtone သံကို လျှော့ထားရင် Alarm သံပါ လိုက်တိုးသွားတတ်ပါတယ်။ iOS 27
Alarm မမြည်လို့ အလုပ်နောက်ကျနေပြီလား... ⏰ အရင်ကဆို ဖုန်း Ringtone သံကို လျှော့ထားရင် Alarm သံပါ လိုက်တိုးသွားတတ်ပါတယ်။  iOS 27 မှာတော့ Ringtone Volume နဲ့ Alarms & Timers Volume ကို သီးသန့်ချိန်ထားလို့ရပါပြီ။ ဘယ်လိုချိန်မလဲ။ Settings > Sounds & Haptics > Alarms and Timers အောက်က Match Ringtone Volume ကို OFF လုပ်ပါ။ ပြီးရင် Alarm & Timer Volume ကို ကိုယ်လိုချင်တဲ့အတိုင်း ချိန်လိုက်ရုံပါပဲ။ ဒါဆိုရင်တော့ Ringtone Volume တိုးထားမိရင်တောင် မနက် Alarm သံကို သေချာ ကျယ်ကျယ် ကြားနိုင်ပြီနော်။ iOS 27 Update တင်ထားပြီးရင် ကိုယ့် iPhone ရဲ့ Volume Setting လေးကို တစ်ချက်စစ်ကြည့်လိုက်ပါ။ #mCare #AppleAuthorizedServiceProvider #iOS27 #AlarmVolume

“အရင်က AssistiveTouch လေးကို နှစ်ချက်နှိပ်လိုက်ရင် Screenshot ရတယ်... အခု မရတော့ဘူး" “ဖိထားလိုက်ရင်လည်း Screen Lock ဖြစ်တယ်။
“အရင်က AssistiveTouch လေးကို နှစ်ချက်နှိပ်လိုက်ရင် Screenshot ရတယ်... အခု မရတော့ဘူး" “ဖိထားလိုက်ရင်လည်း Screen Lock ဖြစ်တယ်။ အခု မဖြစ်တော့ဘူး” iOS 27 Update တင်ပြီးတဲ့အခါ AssistiveTouch ရဲ့ Custom Actions တွေ အရင်လို အလုပ်မလုပ်တော့ဘူးဆိုရင် AssistiveTouch Setting လေးကို ပြန်စစ်ကြည့်လိုက်ပါ။ Settings > Accessibility > Touch > AssistiveTouch ထဲဝင်ပြီး Custom Actions အောက်က Single-Tap / Double-Tap / Long Press တစ်ခုချင်းစီမှာ ကိုယ်အသုံးပြုချင်တဲ့ Action လေးတွေကို ပြန်ရွေးပေးလိုက်ရုံပါပဲ။ ဥပမာ… Double-Tap > Device > Screenshot  Long Press > Device > Lock Screen လိုမျိုး ကိုယ်အဆင်ပြေသလို သတ်မှတ်အသုံးပြုနိုင်ပါတယ်။ iOS Update တင်ပြီး AssistiveTouch လေးက အရင်လို မဟုတ်တော့ဘူးဆိုရင် Setting ထဲက Custom Actions လေးကို တစ်ချက်ပြန်စစ်ကြည့်လိုက်နော်။

iPhone 17 Family နဲ့ iPhone Air ဝယ်ယူဖို့ စဉ်းစားထားရင် mCare Ultra Protection Plan ပါ တစ်ခါတည်း တွဲဝယ်ထားဖို့ မမေ့နဲ့နော် (၇
iPhone 17 Family နဲ့ iPhone Air ဝယ်ယူဖို့ စဉ်းစားထားရင် mCare Ultra Protection Plan ပါ တစ်ခါတည်း တွဲဝယ်ထားဖို့ မမေ့နဲ့နော် (၇၉၉,၀၀၀) ကျပ် တည်းနဲ့ ဝယ်ယူရရှိနိုင်မယ့် mCare Ultra Protection Plan မှာ ဘယ်လို အကျိုးခံစားခွင့်တွေ ပါဝင်မလဲဆိုရင်  ▪️Unlimited Battery Replacement (2 Years) (2) နှစ်အတွင်း Battery လဲလှယ်ရန် လိုအပ်ပါက အကြိမ်ရေ အကန့်အသတ်မရှိ အခမဲ့ လဲလှယ်ခွင့်၊ ▪️Unlimited Display & Back Glass Service (1 Year) (1) နှစ်အတွင်း ရှေ့မှန်/ နောက်မှန် ထိခိုက်ကွဲရှမှုများအတွက် (99,000) ကျပ်တည်းဖြင့် Apple Genuine Parts (မူရင်း အပိုပစ္စည်း) များကို အကြိမ်ရေ အကန့်အသတ်မရှိ လဲလှယ်ခွင့်၊ ▪️Unlimited Whole Unit Replacement (1 Year) (1) နှစ်အတွင်းမှာ ဘယ်လိုကွဲကွဲ ကြိုက်သလိုကွဲ (999,000) ကျပ်နဲ့ ဖုန်းအသစ်တစ်လုံး (Whole Unit Replacement) ကို အကြိမ်ရေ အကန့်အသတ်မရှိ လဲလှယ်ခွင့်တို့ ပါရှိပါတယ်။ ဖုန်းအသစ်လေးကိုင်ပြီး စိတ်ပူနေရတာမျိုး မဖြစ်အောင် mCare Ultra Protection Plan နဲ့ ကာကွယ်ထားလိုက်တော့နော်။

မကောင်းတော့လို့ လဲပါတယ်ဆို ပိုကောင်းတာနဲ့ပဲ လဲသင့်တာပေါ့။ iPhone Battery အားမခံတော့တာ၊ Battery Health ကျလာတာတွေကြောင့် Batter
မကောင်းတော့လို့ လဲပါတယ်ဆို ပိုကောင်းတာနဲ့ပဲ လဲသင့်တာပေါ့။ iPhone Battery အားမခံတော့တာ၊ Battery Health ကျလာတာတွေကြောင့် Battery လဲဖို့လိုလာပြီဆိုရင် “ဘယ်လို Battery မျိုးနဲ့ လဲမှာလဲ” ဆိုတာလည်း အရေးကြီးပါတယ်နော်။ mCare Apple Authorized Service Provider မှာတော့ Apple Genuine Part Battery နဲ့ Battery Replacement Service ကို စိတ်ချလက်ချ ရယူနိုင်ပါတယ်။ Apple က တရားဝင်အသုံးပြုဖို့ ထုတ်ပေးထားတဲ့ Genuine Part Battery ဖြစ်တာကြောင့် iPhone တိုင်းနဲ့ ကိုက်ညီမှုရှိပြီး Battery Health ကိုလည်း မူလအတိုင်း မှန်ကန်စွာ ပြသပေးသွားမှာပါ။  ဒါ့အပြင် mCare မှာ Battery Replacement Service ပြုလုပ်ပြီးတဲ့အခါ ရက် ၉၀ Warranty ကိုလည်း ရရှိဦးမှာဖြစ်လို့ Battery လဲပြီး နောက်ပိုင်းအတွက်ပါ စိတ်အေားလက်အေး အသုံးပြုနိုင်ပါတယ်။

“Back Glass လေးပဲ ကွဲတာ ကာဗာစွပ်ထားရင် ရပါတယ်” ဆိုပြီး ဒီအတိုင်း ထားနေတုန်းလား။ Back Glass အက်ကြောင်းတွေကနေတစ်ဆင့် အစိုဓာတ်နဲ
“Back Glass လေးပဲ ကွဲတာ ကာဗာစွပ်ထားရင် ရပါတယ်” ဆိုပြီး ဒီအတိုင်း ထားနေတုန်းလား။ Back Glass အက်ကြောင်းတွေကနေတစ်ဆင့် အစိုဓာတ်နဲ့ ဖုန်မှုန့်တွေ ဝင်ရောက်သွားပါက iPhone ရဲ့ Motherboard နဲ့ Battery ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် iPhone 14, iPhone 14 Plus နဲ့ iPhone 15 Plus ကိုင်ထားပြီး Back Glass ကွဲနေတာ၊ အက်နေတာရှိနေရင်တော့ ဒီအချိန်က ပြင်ထားလို့ အကောင်းဆုံးပဲနော်။  iPhone 14, 14 Plus နဲ့ 15 Plus model တွေအတွက်  mCare Apple Authorized Service Provider မှာ Apple Original Back Glass ကို 50% OFF နဲ့ လဲလှယ်ပေးနေပါပြီ။ ဒါ့အပြင် Stock အဆင်သင့်ရှိနေတာမို့ နေ့ချင်းပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ Available Models: iPhone 14, iPhone 14 Plus & iPhone 15 Plus

Camera Control ရှိတာ မေ့နေပြီလား iPhone 16 Family မှာ စတင်ပါဝင်လာတဲ့ Camera Control ကို Camera ဖွင့်ဖို့အတွက်ပဲ အသုံးပြုနေတာ၊
Camera Control ရှိတာ မေ့နေပြီလား iPhone 16 Family မှာ စတင်ပါဝင်လာတဲ့ Camera Control ကို Camera ဖွင့်ဖို့အတွက်ပဲ အသုံးပြုနေတာ၊ ဒါမှမဟုတ် အသုံးတောင် မပြုဖြစ်တော့တာမျိုးရှိရင် ဒီလိုလေး သုံးကြည့်လိုက်ဦးနော်။  Camera Control က Camera ဖွင့်တာအပြင် ကိုယ်အသုံးများတဲ့ App တွေကို အလွယ်တကူဖွင့်နိုင်အောင် စိတ်ကြိုက် Customize လုပ်ထားလို့ရပါသေးတယ်။ ⚙️ Settings > Camera > Camera Control > Launch Camera ထဲ၀င်ပြီး Camera, Code Scanner, Magnifier နဲ့ Instagram, Snapchat တို့လို Third-Party Camera Apps တွေထဲက ကိုယ်အသုံးများတဲ့ App ကို ရွေးပြီး တိုက်ရိုက်ပွင့်အောင် ပြောင်းထားလို့ ရပါတယ်။ နောက်တစ်ခုကတော့ Visual Intelligence ပါ။ Camera Control ကို အကြာကြီး ဖိထားလိုက်ရုံနဲ့ ကိုယ့်အနားက အရာဝတ္ထုတွေ၊ နေရာတွေ၊ စာတွေကို Camera ကနေတစ်ဆင့် ရှာဖွေသိရှိနိုင်တာကြောင့် တကယ်အသုံးဝင်ပါတယ်။   ကိုယ့် iPhone လေးရဲ့ Camera Control ကို မသုံးဖြစ်တာကြာပြီဆိုရင် အခုပဲ ပြန်စမ်းကြည့်လိုက်နော်။

စောင့်မျှော်နေကြတဲ့ iOS 27 အပြင် iOS 26.7 ကိုပါ Apple က တပြိုင်နက်တည်း ထုတ်ပေးလိုက်ပါပြီ။ ဒီတစ်ခေါက် iOS 27 Update မှာ အသုံးဝင်မယ့် Feature အသစ်တွေနဲ့ System ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ အများကြီးပါဝင်လာသလို၊ iOS 27 ကို ချက်ချင်းမတင်ချင်သေးသူတွေအတွက်လည်း iOS 26.7 ကို Update ပြုလုပ်နိုင်ပါတယ်။ iOS 27 မှာ ဘာတွေထူးခြားလာလဲ။ ▪️ Siri AI အသစ် Apple Intelligence နဲ့ ပိုမိုကောင်းမွန်လာတဲ့ Siri AI က သဘာဝကျကျ စကားပြောနိုင်သလို ကိုယ်လိုချင်တာတွေကို ပိုမိုနားလည်ပြီး ကူညီပေးနိုင်လာပါတယ်။ Siri AI အတွက် သီးသန့် App အသစ်လည်း ပါဝင်လာပြီး ယခင် Conversation တွေကို ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ လက်ရှိမှာ Siri AI ကို English Language နဲ့ စတင်အသုံးပြုနိုင်ပြီး Feature availability က Device Model၊ Language နဲ့ Region အလိုက် ကွာခြားနိုင်ပါတယ်။ ▪️ Liquid Glass Design ကို ပိုမိုစိတ်ကြိုက်ပြင်ဆင်နိုင်ခြင်း iOS ရဲ့ Liquid Glass Design ကို ပိုမိုရှင်းလင်းပြီး ဖတ်ရလွယ်ကူအောင် ပြုပြင်ထားသလို Ultra Clear ကနေ Fully Tinted အထိ စိတ်ကြိုက်ချိန်ညှိနိုင်မယ့် Slider အသစ်လည်း ပါဝင်လာပါတယ်။ ▪️ Lock Screen နာရီအရွယ်အစားကို စိတ်ကြိုက်ချိန်ညှိနိုင်ခြင်း Lock Screen မှာ နာရီအကြီးကြီး မကြိုက်တဲ့သူတွေအတွက် နာရီအရွယ်အစားကို ပိုသေးအောင် စိတ်ကြိုက်ချိန်ညှိနိုင်မယ့် Option အသစ်လည်း ထည့်သွင်းပေးထားပါတယ်။ ▪️ Find My မှာ Location Sharing ကို စိတ်ကြိုက်ပြုလုပ်နိုင်ခြင်း Find My App ထဲက ကိုယ့်ရဲ့ Location ကို ခဏလောက် Sharing မလုပ်ချင်တဲ့အခါ Hide Location နဲ့ တစ်နေ့တာအတွက် ခေတ္တရပ်ထားနိုင်သလို၊ Location Sharing ပြုလုပ်တဲ့အခါမှာလည်း ကိုယ်လိုချင်တဲ့ Date & Time ကို သတ်မှတ်ပြီး Sharing လုပ်နိုင်ပါတယ်။ ▪️ Photos မှာ AI Editing ပိုမိုကောင်းမွန်လာခြင်း Photo တွေ ရိုက်ပြီးသွားတဲ့နောက် Perspective ကို ပြန်လည်ပြင်ဆင်နိုင်တဲ့ Spatial Reframing နဲ့ မလိုအပ်တဲ့အရာတွေကို ဖယ်ရှားပေးနိုင်တဲ့ Clean Up အပါအဝင် Photo Editing Tools အသစ်တွေ ပါဝင်လာပါတယ်။ ▪️ System Performance ပိုမိုမြန်ဆန်လာခြင်း App တွေဖွင့်တာ၊ Photos Library နဲ့ AirDrop Transfer အပါအဝင် နေ့စဉ်အသုံးပြုမှုတွေမှာ သိသိသာသာ ပိုမိုမြန်ဆန် ချောမွေ့လာအောင် System ပိုင်းကို အဆင့်မြှင့်တင်ထားပါတယ်။ iOS 26.7 Update ကရော ဘာအတွက်လဲ? လောလောဆယ် Software Update ထဲဝင်စစ်ကြည့်မယ်ဆိုရင် iOS 26.7 ကို Main Update အဖြစ် အရင်တွေ့ရနိုင်ပြီး၊ iOS 27 ကိုတော့ အောက်ဘက်မှာ သီးခြားရွေးချယ်နိုင်တဲ့ Option အနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။ အစောပိုင်း Bug တွေ၊ Battery Drain ဖြစ်မှာ စိုးရိမ်သူတွေနဲ့ အားလုံးအဆင်ပြေမှ တင်ချင်သူတွေအတွက် Apple က iOS 26.7 ကို Default အနေနဲ့ ဖော်ပြပေးထားတာပါ။  iOS 26.7 မှာတော့ Feature အသစ်တွေ မပါဝင်ဘဲ လုံခြုံရေး (Security Fixes) နဲ့ စနစ်တည်ငြိမ်မှုကို အဓိက ပြင်ဆင်ပေးထားတာကြောင့် စိတ်ချလက်ချ အရင်တင်ထားနိုင်ပါတယ်။ ဒါကြောင့် iOS 27 ကို မတင်ချင်သေးသူတွေအနေနဲ့ iOS 26.7 ကို အရင် Update ပြုလုပ်ပြီး လက်ရှိ iOS 26 Version မှာပဲ ဆက်လက်အသုံးပြုနိုင်ပါတယ်။ Update လုပ်ချင်ရင် Settings > General > Software Update ထဲဝင်ပြီး ကိုယ့် iPhone အတွက် ရရှိနိုင်မယ့် Software Update ကို ရွေးချယ်တင်နိုင်ပါတယ်။ Update မလုပ်ခင် ကိုယ့်ရဲ့ အရေးကြီးတဲ့ Data တွေကို Backup ပြုလုပ်ထားပြီး လိုင်းငြိမ်တဲ့ Wi-Fi ချိတ်ဆက်ထားဖို့လည်း အကြံပြုပါတယ်။ သင်ရော Update အသစ် တင်ကြည့်ပြီးပြီလား။ iOS 27 ရဲ့ Feature အသစ်တွေထဲမှာ ဘယ် Feature ကို အကြိုက်ဆုံးလဲ။

အမှတ်တမဲ့ ရိုက်ထားမိလိုက်တဲ့ Snap Photo လေးတွေကို အမှတ်တရပြန်ကြည့်နိုင်ဖို့… ကိုယ်ရိုက်ထားတဲ့ Photo နဲ့ Video တွေကို တစ်ပုံချင်းစီ ပြန်ရှာကြည့်နေစရာမလိုတော့ဘဲ Apple Intelligence ကို အကူအညီတောင်းလို့ရပါတယ်။  ကိုယ်ဖန်တီးချင်တဲ့ အမှတ်တရအကြောင်းအရာကို စာနဲ့ ရေးပြလိုက်ရုံနဲ့ Apple Intelligence က ကိုယ့် Photos Library ထဲက သက်ဆိုင်ရာ Photo နဲ့ Video တွေကို ရွေးပေးပြီး Storyline တစ်ခု၊ Chapter တွေနဲ့ Music ပါဝင်တဲ့ Memory Movie လေးအဖြစ် ဖန်တီးပေးမှာပါ။ ဥပမာ… သူငယ်ချင်းတွေနဲ့ သွားခဲ့တဲ့ ခရီးစဉ်လေးကို ပြန်ကြည့်ချင်တာဆိုရင် “My trip to the beach with friends” လိုမျိုး ကိုယ်ဖန်တီးချင်တဲ့ Story ကို ရေးပြလိုက်ရုံပါပဲ။ ဒါဆို ကိုယ်ရိုက်ထားမိတဲ့ Photo နဲ့ Video လေးတွေကနေ အမှတ်တရ Movie လေးတစ်ခု ဖြစ်လာပါပြီ။  ဘယ်လိုဖန်တီးရမလဲဆိုရင်… 1️⃣ Photos App ထဲဝင်ပါ။ 2️⃣ Collections > Memories ကိုသွားပြီး Create ကိုနှိပ်ပါ။ 3️⃣ ကိုယ်ဖန်တီးချင်တဲ့ Memory Movie အကြောင်းကို ရေးပြီး Done ကိုနှိပ်လိုက်ပါ။ ဒါဆို ကိုယ်ပြောပြထားတဲ့ Story နဲ့ ကိုက်ညီတဲ့ Photos နဲ့ Videos တွေကို Apple Intelligence က ရွေးချယ်ပြီး Memory Movie လေး ဖန်တီးပေးမှာပါ။  ဒီ Memory Movie Feature လေးကို အသုံးပြုနိုင်ဖို့ဆို Apple Intelligence ကို Support ပေးတဲ့ iPhone Model ဖြစ်ဖို့နဲ့ နောက်ဆုံးထွက် iOS Update မြှင့်ထားပေးဖို့ လိုအပ်ပါတယ်။