fa
Feedback
Kapable English Self-Study

Kapable English Self-Study

رفتن به کانال در Telegram

IELTS , General 4 skills ဖြစ်ဖြစ်၊ 21 ရာစုမှာ လူငယ်တိုင်း သိထားသင့် ဖတ်ထားသင့်တဲ့ စာအုပ်​တွေ down ချင်ရင်ပဲဖြစ်ဖြစ် ဒီ channel ကို join ထားလို့ရပါတယ်​ခင်ဗျ။ 😀

نمایش بیشتر
3 476
مشترکین
اطلاعاتی وجود ندارد24 ساعت
+107 روز
+3130 روز
آرشیو پست ها
US Strikes on Iran သံခင်းတမန်ခင်း ထုတ်ပြန်စာအ​ရေးအသားအချို့
+2
US Strikes on Iran သံခင်းတမန်ခင်း ထုတ်ပြန်စာအ​ရေးအသားအချို့

https://t.me/requestandread လိုချင်တဲ့ english novel ​တွေ request လုပ်နိုင်ပါတယ်ခင်ဗျ၊ အားတဲ့အချိန် share ​ပေးပါ့မယ်၊ မည်သူမဆို ဝင်​ရောက်ပြီး share လို့လည်းရပါတယ်။

ငလျင်ဒဏ်​​ကြောင့်မို့လို့ အပြင်မှာသင်တဲ့ YLE အတန်း​တွေ အပြီးပိတ်လိုက်ပါပြီခင်ဗျ။ အိမ်မှာ ကွန်ကရစ် တိုင်​တွေကျိုးသွားလို့ပါ။ ဘာအတန်းမှ ဆက်မဖွင့်ဖြစ်​သေးပါဘူး။ ကျွန်​တော့သင်တန်းက အရှိန်အမြင့်ဆုံးအချိန်မှာ ဆရာဆရာမ ၇ ​​ယောက်ကို တစ်ပြိုင်ထဲအလုပ်အကိုင်အခွင့်အလမ်း ဖန်တီး​ပေးနိုင်ခဲ့ပါတယ်။ က​လေး​တွေလည်း ​စျေးသက်သက်သာသာနဲ့ လုံခြုံမှုရှိရှိ ပညာသင်ကြားနိုင်ခဲ့ပါတယ်။ ကိုယ့်အတွက်​တော့ အမြတ်မကျန်​​ပေမယ့် ကိုယ့်ပတ်ဝန်းကျင်​တော့ အကျိုးပြုနိုင်ခဲ့ပါတယ်။ အခု​တော့ တခြားနည်းနဲ့ပဲ လူ့အဖွဲ့အစည်းကို Contribute လုပ်ပါ​တော့မယ်။

Twisted Love (Twisted 1) (Ana Huang) (Z-Library).epub4.00 KB

The Midnight Library (Matt Haig) (Z-Library).pdf1.44 MB

Somewhere in La Mancha, in a place whose name I do not care to remember… နဲ့ အစချီတဲ့ ကမ္ဘာ့ပထမဆုံး ​ခေတ်သစ်ဝတ္ထုအမျိုးအစားပါ။ ဒီဘက်​ခေတ် လူငယ်​တွေက Batman နဲ့ Robin အတွဲဆိုသိကြမယ်။ Batman က အဓိက hero ဖြစ်ပြီး Robin က အကူ sidekick ဖြစ်ပါတယ်။ အခု Don Quixote ဝတ္ထုက အဲ့ hero အတွဲ ပုံစံရဲ့ ပထမဆုံး ဝတ္ထုအမျိုးအစား ဖြစ်ပါတယ်။

photo content

The Dark Hours (Michael Connelly) (Z-Library).epub1.55 MB

photo content

Whipples Castle (Williams Thomas) (Z-Library).epub8.36 KB

photo content

Repost from N/a
Intern ဆင်းရင်းနဲ့ Hypothyroid လူမမာ၁​ယောက် Calcium လိုအပ်​​နေလို့ Calcium ကြွယ်ဝတဲ့အစားအစာ​တွေ စား​သောက်ပုံ​တွေကို သာမန်အရပ်သား​ လူမမာတွေ နားလည်​အောင် အကြမ်း​ရေးထားတာ​လေး ပြန်​​ဝေမျှလိုက်ပါတယ်။ ကယ်လ်စီယမ်က  အရိုးတွေ သန်မာဖို့၊ သွားတွေ ကျန်းမာဖို့၊ ကြွက်သားတွေ ကောင်းကောင်း အလုပ်လုပ်ဖို့နဲ့ သွေးကြောတွေ သန်စွမ်းဖို့ အတွက် အရေးကြီးပါတယ်​ခင်ဗျ။ အထူးသဖြင့် ကလေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေမှာဆိုရင် ဒီဓာတ်ကို ပိုပြီး ဂရုစိုက်ပေးရပါမယ်။ ​အောက်ပါ အစားအစာ​တွေမှာ ကယ်လ်စီယမ်ဓါတ်ကြွယ်ဝလို့ ၁​နေ့တာမှာ ထည့်ပြီး စားကြည့်ပါ။ 1. နို့ (နို့ရည်)   နွားနို့၊ ဆိတ်နို့လို နို့တွေမှာ ကယ်လ်စီယမ်အများကြီး ပါပါတယ်ခင်ဗျ။    တစ်နေ့ကို တစ်ခွက် (မီလီလီတာ ၂၅၀ လောက်) သောက်ပေးရင် အရိုးတွေ သန်မာဖို့ အထောက်အကူပြုပါတယ်။    နို့မသောက်ချင်ရင် နို့ရည်ထဲ ဆန်ပြုတ်ထည့်ပြီး ချက်စားလို့လည်း ရတယ်။  နို့ထမင်းလည်း စားလို့ရပါတယ်ခင်ဗျ။ 2. နို့ထွက်ပစ္စည်းများ (နွားနို့ခဲ၊ ဒိန်ချဉ်)  နွားနို့ခဲက ကယ်လ်စီယမ်အများကြီး ပါတာမို့ နည်းနည်းစားရုံနဲ့ အာဟာရဓာတ်ပြည့်တယ်။  ငယ်ငယ်ကစားခဲ့သလို နွားနို့ခဲကို ထန်းလျက်ရည် လက်ဖက်စားဇွန်း ၁ဇွန်းနဲ့တွဲစားလို့ ရတယ်။ (မြို့ကြီး​တွေမှာ ဒီလိုတွဲဖက်စားတာ​တွေ နည်းသွားပြီ) အချို​​တော့လျော့ပါ။ ခရမ်းချဥ်သီး၊ ဆီနည်းနည်း နဲ့လည်း နွားနို့ခဲချက် ချက်စားလို့ရတယ်။    ဒိန်ချဉ်ကတော့ အူလမ်းကြောင်းကိုလည်း ကျန်းမာစေပါတယ်။ သကြားနည်းနည်းထည့်ပြီး သီးစုံနဲ့တွဲစားရင် ပိုအရသာရှိတယ်။ အာဟာရပိုရတယ်ခင်ဗျ။ 3. ငါးသေးသေးလေးတွေ (အရိုးပါတဲ့ ငါး)    ငါးသေးသေးလေးတွေမှာ ကယ်လ်စီယမ်အများကြီး ပါတယ်။ အရိုးကိုပါ ဝါးစားလို့ရတာမို့ ပိုကောင်းတယ်။    ဥပမာ၊ ဆားအများကြီးမပါတဲ့ ငါးခြောက်ကို ဆီနည်းနည်းနဲ့ ကြော်ပြီး ထမင်းနဲ့တွဲစားလို့ရတယ်။ ဒါမှမဟုတ်  ဟင်းချိုထဲ ထည့်ချက်လည်း ရတယ်။  ငါးအသေးလေး​တွေကို ဟင်းနုနွယ်ဟင်းချိုနဲ့ တွဲစားလည်း လိုက်ဖက်တယ်။ ဒါမှမဟုတ် ငါးအသေးလေး​တွေနဲ့ ကြက်ဥမွှေ လုပ်စားရင်လည်း ကယ်လ်စီယမ် ၊ ကြက်ဥအနှစ်မှာ ဗီတာမင် ဒီ ပါပါတယ်။ ဒီလို ငါးသေးသေးလေးတွေကို တစ်နေ့ လက်တစ်ဆုပ်လောက် စားပေးရင် ကယ်လ်စီယမ်ဓာတ် လုံလောက်စွာ ရပါတယ်။ အရိုးကို ဝါးစားလို့ရအောင် သေချာ ချက် ပြုတ်ပြီး ကောင်းကောင်းဝါးပေးပါ။ ဒါမှ ကယ်လ်စီယမ်ကို ခန္ဓာကိုယ်က အပြည့်အဝ ရမယ်ခင်ဗျ။ 4. ပဲအမျိုးမျိုး    ပဲတွေမှာ ကယ်လ်စီယမ်အပြင် ပရိုတင်းဓာတ်လည်း ပါတယ်။ အသားစားတာထက် ကျန်းမာရေးနဲ့ ပိုအဆင်ပြေတယ်။     ပဲကို ဟင်းချိုချက်တာ၊ ပဲကြာဇံ ချက်စားတာမျိုး ပြင်ဆင်လို့ရတယ်။ ဆီကို နည်းနည်းပဲ သုံးပါ။ 5. အစိမ်းရောင် ဟင်းသီးဟင်းရွက်များ  ပန်းဂေါ်ဖီ၊ မုန်ညင်း၊ ဟင်းနုနွယ်၊ ကိုက်လန်လို အရွက်တွေမှာ ကယ်လ်စီယမ်တင်မကဘဲ ဗီတာမင်တွေလည်း ပါတယ်။   ဒီဟင်းရွက်တွေကို ရေနွေးနဲ့ ပြုတ်ပြီးဖြစ်ဖြစ် ဆီနည်းနည်းနဲ့ဖြစ်ဖြစ် ချက်စားလို့ရတယ်။ ဒါမှမဟုတ် ဟင်းချိုထဲ ထည့်ပြီး ချက်လည်း အဆင်ပြေတယ်။    တစ်နေ့ကို အနည်းဆုံး တစ်ခွက်စာ (လက်တစ်ဆုပ်လောက်) စားပေးပါ။  နေ့တိုင်း ဒီအစားအစာတွေထဲက တစ်မျိုး၊ နှစ်မျိုးလောက် ထည့်စားပေးပါ။ တစ်ခါတည်း အများကြီး မစားနဲ့၊ တစ်ခါပြင်စားစီ ခွဲစားရင် အူလမ်း​ကြောင်းက ပိုစုပ်ယူနိုင်တယ်။  ဆေးလိပ်၊ အရက်တွေ များများသောက်ရင် ကယ်လ်စီယမ်ဓာတ် ဆုံးရှုံးပါမယ်ခင်ဗျ ။ ကော်ဖီ၊ လက်ဖက်ရည် နဲ့လည်း ကယ်လ်စီယမ်ကြွယ်ဝတဲ့အစာ​တွေနဲ့ တွဲ မစားပါနဲ့။ ဒီလိုစားရင် အရိုးပွတာ၊ အရိုးကျိုးလွယ်တာတွေကို ကာကွယ်ပြီး ကျန်းမာသန်စွမ်းပါတယ်။ နေ့စဉ် ဂရုစိုက်စားပေးပါ ခင်ဗျာ။ Dr. Kaung Pyae Sone Clinical Dietetics Intern

Brown Skin, White Masks (Hamid Dabashi).zip2.87 MB

photo content

Repost from N/a
Cele ၁​ယောက်က အမျိုးသားအား​ဆေးဆိုပြီး ဖရဲသီး၊ ဂျင်းနဲ့ ရှား​စောင်းလပတ် ကို ​ဖျော်​သောက်တဲ့ video ​တွေ့လိုက်တယ်။ ဂျင်းမှာ အမျိုးသားအားတိုးဖို့ ဘာအာနိသင်မရှိပါဘူး၊ ရှား​စောင်းလပတ်မှာကလည်း ​အခြားဆေးပတ်ဝင်တဲ့အပိုင်း​တွေ ရှိမယ်။ ဖရဲသီး မှာ​တော့ L-citrulline ဆိုတဲ့ ​​သွေးလည်ပတ်မှု​ကောင်းတဲ့ အမိုင်နိုအက်စစ် ၁မျိုးပါတယ်။ သူက သီအိုရီအရ အားတိုး​စေတာမှန်တယ်၊ ဒါ​ပေမယ့် ဖရဲသီး၁လုံးလုံးထိုင်စားမှသာ Citrulline 3000 mg ​​ရပြီး အလုပ်ဖြစ်မှာပါ။ အဲ့​တော့ ဖရဲသီး တစ်စိပ် တစ်ခြမ်း​လောက်နဲ့ ​တော့ အားတိုးနိုင်မယ်မဟုတ်ပါခင်ဗျ။ ဘယ်သူမှ အများကြီးမစားနိုင်တဲ့အတွက် Citrulline ကို ဖြည်စွက်စာ အ​နေနဲ့လည်း ထုတ်ပါတယ်။ ဒီကိစ္စက သီအိုရီအရ သုံးသပ်မှုပဲဖြစ်ပါတယ်၊ ခိုင်မာတဲ့ သု​တေသနအ​ထောက်အထား​တွေ​တော့ မရှိ​သေးပါဘူး။ အမျိုးသားအားတိုး​ဆေးတင်မဟုတ်ပဲ အားကစားသမား​တွေအ​နေနဲ့လည်း ပြိုင်ပွဲမှာ စွမ်း​ဆောင်ရည်မြင့်​အောင် citrulline ကို သုံးလို့ရ​​ကောင်းရနိုင်ပါတယ်။ Sports Nutritionists ​တွေနဲ့ တိုင်ပင်ဖို့​တော့လိုပါမယ်။ Dr. Kaung Pyae Sone #nutrition #food #health

Lanmths.pdf1.61 MB

photo content

Repost from N/a
​ဆေးထန်းပင် ( Saw palmetto) က ဆီးကျိတ်ကျန်းမာ​ရေးအတွက် အ​ရေးပါ​ကြောင်း သု​တေသနများစွာက ​ထောက်ခံပြီးသားပါ။ အမျိုးသားအား​တိုးဆေးအ​နေနဲ့လည်း သုံးပါတယ်။ ၁​နေ့ ကို 320 mg ​ ကိုယ့်သ​ဘောနဲ့ကိုယ် သောက်လို့ ရပါတယ်။ ပုံမှန် 160 mg ကို မနက် ည ခွဲ​သောက်ကြတယ်။ (​သွေးကျဲ​ဆေး​သောက်​နေရင်​တော့ ဆရာဝန်နဲ့တိုင်ပင်ပါ) ဆေးထန်းပင် ဖြည့်စွက်အား​ဆေး​တွေကို ပြည်တွင်း​ရော ပြည်ပ​ရောပါ ထုတ်ထားကြပါတယ်။ ပြသနာက ​ဆေးဗူးမှာ ​ဆေးညွုန်း ဖတ်တဲ့ကိစ္စပါ။ ပြည်တွင်းထုတ် ​ဆေးဗူးအချို့မှာ​တော့ ​ဆေး၁​တောင့်မှာ Berries Extract 160 mg ဆို​တော့ ရိုးရိုးရှင်းရှင်း ​ရေးထားတယ်။ ဆို​တော့ ၂ လုံး​သောက်ရင် 320 mg လွယ်လွယ်ကူကူ ဖတ်လို့ရတယ်။ ပြည်ပကလာတဲ့​ဆေးအချို့မှာ​တော့ Serving size 2 capsules , Serenoa repens fruits 8000 mg per serving, Standardised to Free Fatty Acids 200mg per serving ဆိုပြီး​ရေးထား​တော့ မသိရင် ၁ လုံး​သောက်ရင် 8000 mg ပါတာလား ၊ 200 mg ပါတာလား ​ရောကုန်တယ်၊ အချို့က 8000 mg ဆို အများကြီးပဲ မ​သောက်ရဲဘူး ဖြစ်​ရော။ အမှန်​တော့ 8000 mg ဆိုတာ အသီးသပ်သပ်ကို​ပြောတာပါ။ အဆီအနှစ်ပမာဏကို Standardised to ဆိုပြီး ​အောက်မှာ ပြန်ရှင်းထားတယ်။ Standardised ဆိုတဲ့ စာက အာမခံမှုရှိတဲ့ စာလုံးပါ။ ဘယ်​ဆေး​တောင့်ပဲ​သောက်​သောက် ပါဝင်တဲ့​ဆေးပမာဏ က ဒီပမာဏပါ ဆိုပြီး အာမခံတဲ့ ပုံစံပါ။ ​နောက်ပြီး Free Fatty Acids ဆိုတာကမှ ​ဆေးထန်းပင်ရဲ့ ​ဆေးဘက်ဝင်တဲ့ အဆီ ဖြစ်ပါတယ်။ 200 mg per serving (၁ခါ​သောက်) လို့​ရေးထားတယ်။ Serving size 2 caps ဆိုတာ ၁ ခါ​​သောက် ၂ လုံး၊ ဆို​တော့ ​ဆေး ၁ လုံးမှာ အဆီအနှစ် ​100 mg ပဲပါတာပါ။ သူလည်းပဲ ၁​နေ့ ၂ လုံး ​သောက်ရင် 200 mg ရမှာဆို​တော့ အန္တရာယ်ကင်းပါတယ်။ သာမန်လူ​တွေအတွက် ဖြည့်စွက်စာ​တွေ ​ဆေး​တွေကို ​သောက်ရင် ​အချို့ဆေးညွုန်းနဲ့ ပါဝင်ပစ္စည်း​တွေကို နားလည်ဖို့ ခက်ပါလိမ့်မယ်။ Standardised ဆိုတဲ့ စာလုံးပါတာ ​အ​ရည်အ​သွေးကို အာမခံထားတဲ့ အားသာချက်၁ခုလို့ ​ပြောလို့ရပါတယ်။ Dr. Kaung Pyae Sone

Repost from N/a
အချို့ဆိုင်​တွေမှာ "ဟင်းချိုမှုန့် မသုံးပါ၊ Dashi ငါးအသားမှုန့် သာ သုံးပါသည်" ဆိုပြီး ​ရေးထားပါတယ်။ အချို့မှုန့် ကို FDA , WHO, EFSA တို့လို အဖွဲ့အစည်း​တွေက အလွန်အကျွံသာ မစားနဲ့ အန္တရာယ်ကင်း​ကြောင်း ထုတ်ပြန်ထားပြီးသားပါ။ ဓါတ်မထည့်တဲ့လူ​တွေက လွဲလို့​ပေါ့။ မြန်မာအများစုရဲ့ အယူအဆအမှားက အချိုမှုန့် (MSG) သည် အန္တရာယ်ရှိတယ် ဆိုတာပါပဲ။ ​နောက်ထပ် ပြသနာက အခြား အစားထိုးအမှုန့်​တွေက ပို ​ကောင်းတယ်လို့ ထင်ကြပြန်တယ်။ တကယ်​တော့ ငါးအသားမှုန့် ​တွေကို အရသာရှိ​​အောင် အများကြီးထည့်ချက်ရင် sodium ဓါတ်များပြီး ​သွေးတိုးနိုင်ပါတယ်။ ငါးအသားမှုန့် လက်ဖက်စားဇွန်း (5g) မှာ Sodium 1000 mg က​နေ 1500 mg အထိပါတယ်။ အချိုမှုန့် MSG 5g မှာ Sodium 600 mg ​လောက်ပဲ ပါပါတယ်။ ဆို​တော့ ​​​သွေးတိုး​ကြောက်လို့ အငံဓါတ်​​လျှော့လိုသူ​တွေအတွက် အချိုမှုန့် MSG က​တောင် ပို သင့်​တော်ဦးမယ်။ ငါးအသားမှုန့်မှာလည်း Sodium ပမာဏ ​လျော့ချထားတဲ့ ထုတ်ကုန်​တွေ ရှိ​ပေမယ့်လည်း အချိုမှုန့် MSG ထက်​တော့ ပမာဏ များပါတယ်။ ​နောက်၁ချက်က ပင်လယ်စာ မတည့်ရင် ငါးအသားမှုန့်ကို ​ရှောင်သင့်ပါတယ်၊ သူက ငါးမှုန့်တင်မဟုတ်ပဲ ပင်လယ်​ရေ​မှော်နဲ့ ထပ်​ပေါင်းပစ္စည်း​တွေ ပါဝင်​သေးတယ်။ ငါးအသားမှုန့်က MSG ထက်​တောင် ပါဝင်တဲ့ ဓါတုပစ္စည်းပိုများ​နေနိုင်ပါ​သေးတယ်။ ​ကောင်းတဲ့အချက်က​တော့ Protein ဓါတ်ကို ရနိုင်တာပါ။ ဟင်းချိုမှုန့် MSG ထက် Dashi ငါးအသားမှုန့် ပို​ကောင်းတယ်ဆိုတာ မဟုတ်သလို ပိုအန္တရာယ်ကင်းတယ်ဆိုတာလည်း မဟုတ်ပါဘူး၊ ၂ ခုစလုံးကို သင့်တင့်​တဲ့ ပမာဏပဲ စားရမှာဖြစ်ပါတယ်။ Dr. Kaung Pyae Sone #food #nutrition #health #msg

https://brightscholarship.com/united-arab-emirates-university-scholarships-2025/ GPA 3.0 ဆို ရတယ်၊ 2.5 အထိရ၊ လိုအပ်ချက်​တွေ သိပ်မခက်ဘူး ၊ ​လျှောက်ကြည့်ကြပါ၊ အရှုံးမရှိပါဘူး