fa
Feedback
ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)

رفتن به کانال در Telegram

ကချင်ပြည်နယ် ပထမဆုံး သတင်းရုပ်သံ

نمایش بیشتر
1 197
مشترکین
اطلاعاتی وجود ندارد24 ساعت
-67 روز
-2830 روز

در حال بارگیری داده...

ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
اوت '25
اوت '25
+1
در 0 کانال‌ها
ژوئیه '25
+1
در 0 کانال‌ها
Get PRO
ژوئن '25
+3
در 0 کانال‌ها
Get PRO
مه '25
+4
در 0 کانال‌ها
Get PRO
آوریل '25
+4
در 1 کانال‌ها
Get PRO
مارس '25
+9
در 0 کانال‌ها
Get PRO
فوریه '25
+15
در 8 کانال‌ها
Get PRO
ژانویه '25
+5
در 0 کانال‌ها
Get PRO
دسامبر '24
+9
در 0 کانال‌ها
Get PRO
نوامبر '24
+36
در 9 کانال‌ها
Get PRO
اکتبر '24
+9
در 0 کانال‌ها
Get PRO
سپتامبر '24
+9
در 0 کانال‌ها
Get PRO
اوت '24
+24
در 0 کانال‌ها
Get PRO
ژوئیه '24
+35
در 3 کانال‌ها
Get PRO
ژوئن '24
+65
در 8 کانال‌ها
Get PRO
مه '24
+23
در 2 کانال‌ها
Get PRO
آوریل '24
+31
در 1 کانال‌ها
Get PRO
مارس '24
+37
در 6 کانال‌ها
Get PRO
فوریه '24
+52
در 3 کانال‌ها
Get PRO
ژانویه '24
+1 729
در 2 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
27 اوت0
26 اوت0
25 اوت0
24 اوت0
23 اوت+1
22 اوت0
21 اوت0
20 اوت0
19 اوت0
18 اوت0
17 اوت0
16 اوت0
15 اوت0
14 اوت0
13 اوت0
12 اوت0
11 اوت0
10 اوت0
09 اوت0
08 اوت0
07 اوت0
06 اوت0
05 اوت0
04 اوت0
03 اوت0
02 اوت0
01 اوت0
پست‌های کانال
အိမ်မဲမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄ လုံး ပျက်စီး EPN အိမ်မဲ မေလ ၂၉-(၂၀၂၅) ဧရာဝတီတိုင်း၊မြောင်းမြခရိုင်၊အိမ်မဲမြို့နယ်တွင် မိုးသက် လေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ် ၄လုံး ပြိုကျပျက်စီး ခဲ့ပြီး နေအိမ် ၃ လုံးအမိုးလန်ပျက်စီးခဲ့ကြောင်း ဒေသခံ များထံမှသိရသည်။ အိမ်မဲမြို့နယ်၊ပျဉ်းမကုန်းကျေးရွာတွင် မေလ ၂၈ ရက်‌ နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီးရုတ်တရက်လေပြင်း တိုက်ခတ်မှုကြောင့်လူနေအိမ် ၄ လုံးပြိုကျပျက်စီးခဲ့ပြီး ၃ လုံးအမိုးလန်ပျက်စီးခဲ့ကြောင်းဒေသခံတစ်ဦးကပြောသည်။ ''လုံးဝပြိုကျသွားတဲ့အိမ်က ၄ လုံးပါ။ပျက်စီးခဲ့တဲ့အိမ်တွေ ကအစုံပဲ။ရုတ်တရက်ဆိုသလိုလေပြင်းဒဏ်ကြောင့်ပျက်စီး သွားတာ။လောလောဆယ် ယာယီတဲထိုးနေနေရတယ်။ လူတွေထိခိုက်တာမရှိပါဘူး။လုံးဝပြိုကျတဲ့အိမ်တွေက ဘာမှကို ပြန်မရတော့ဘူး။''ဟု ၎င်းကဆက်ပြောသည်။ ပြည်သူများအနေဖြင့် မိုးဦးကာလကိုရောက်ရှိလာပြီဖြစ်သည့်အတွက် မိုးဦးကာလအတွင်းဖြစ်လေ့ရှိသည့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း ရေ ကြီးခြင်းစသည့်သဘာဝဘေးဖြစ်စဉ်များကိုသတိပြုနေထိုင်ကြရန် လိုအပ်ကြောင်းသက်ဆိုင်ရာမှအကြံပြုထားသည်။ ခေတ်ကောင်း ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်မှ တင်ဆက်နေသောသတင်းများကို အောက်ဖော်ပြပါ Link မှ Telegram Channel အသစ်တွင် Join ၍ ဝင်ရောက်ကြည့်ရှုအားပေးနိုင်ကြောင်းနှင့် နောက်နောင်တင်ဆက်မည့် သတင်းများကိုလည်း ယင်း Channel အသစ်တွင်သာ ဆက်လက်တင်ဆက်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ https://t.me/eternallypeacenew

2
+2
بدون متن...
273
3
ဝိုင်းမော်မြို့နယ်တွင် ထင်းရှာထွက်သူတစ်ဦး မြေမြှုပ် မိုင်းနင်းမိ EPN မြစ်ကြီးနား ၊ မေလ ၂၉(၂၀၂၅) ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ် မဒိန် ကျေးရွာတွင် ယနေ့မေလ ၂၉ ရက်နေ့ နံနက်ပိုင်က တောအတွင်း ထင်းရှာထွက်သူတစ်ဦး မြေမြှုပ် မိုင်းနင်းမိကာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ အမျိုးသားမှာ အသက် (၅၃) နှစ်အရွယ် ဦးဆောင်ဒိန့် ဆိုသူဖြစ်ကာ မဒိန် ကျေးရွာအနောက်ဘက် တောတွင်းသို့ ထင်းကောက်ရင်း မြေမြှုပ်မိုင်းနင်းမိ ခဲ့ခြင်းဖြစ် ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။ "ဒီဒေသကလူတွေက ပုံမှန် တောထဲထင်း‌‌ရှာတာ တွေ၊ နွားလွတ်တာ တွေ လုပ်လေ့ရှိတယ်၊ တိုက်ပွဲတွေ မဟုတ်တဲ့ အခုလို အရပ်သားပြည်သူ တွေရဲ့ နေရာမှာ အခုလို မိုင်းထောင်တာတွေ မလုပ် စေချင်ဘူး။ အခုဒဏ်ရာ ရရှိခဲ့တဲ့ သူကိုတော့ မြစ်ကြီးနား ဆေးရုံကြီးကို ပို့ဆောင်လိုက်ကြပြီ " ဟု ၎င်းကပြောသည်။ လက်ရှိတွင် မြေမြုပ်မိုင်းဒဏ်ရာကြောင့် ဦးဆောင်ဒိန့် မှာ ဘယ်ဘက်‌ ခြေထောက်ပြတ်ဒဏ်ရာ နှင့် ဝမ်းဗိုက် ယမ်းစထိမှန်ဒဏ်ရာများရရှိခဲ့ကာ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသိရသည်။ အလားတူ ဝိုင်းမော်မြို့နယ်တစ်ဝိုင်တွင် တိုက်ပွဲများကြောင့် ထိဒဏ်ရာရရှိသူများ မကြာခဏတွေ့မြင်နေရပြီး မေလ ၁၇ ရက်နေ့ကလည်း ဝိုင်းမော် အမှတ်(၂)ရပ်ကွက်နေ ဒေသခံတစ်ဦး မြေမြုပ်မိုင်းနင်းမိကာ အသက် (၃၂)နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။ အလင်္ကာ ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်မှ တင်ဆက်နေသောသတင်းများကို အောက်ဖော်ပြပါ Link မှ Telegram Channel အသစ်တွင် Join ၍ ဝင်ရောက်ကြည့်ရှုအားပေးနိုင်ကြောင်းနှင့် နောက်နောင်တင်ဆက်မည့် သတင်းများကိုလည်း ယင်း Channel အသစ်တွင်သာ ဆက်လက်တင်ဆက်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ https://t.me/eternallypeacenew
266
4
بدون متن...
190
5
မြစ်ကြီးနားမြို့ပေါ် ရှိ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များအား ဖမ်းဆီး အရေးယူရန် ပြင်ဆင်နေ EPN မြစ်ကြီးနား၊ မေ (၂၉-၂၀၂၅) ကချင််ပြည်နယ်၊ မြစ်ကြီးနားမြို့ ပေါ်ရှိ လိုင်စင်မဲ့ မောင်းနှင်နေသည့် ကားများ ဆိုင်ကယ်များကို တရားဝင်ဖမ်းဆီး အရေးယူရန် ပြင်ဆင်လျက်ရှိကြောင်း အစိုးရဝန်ထမ်းနှင့် နီးစပ်သူ တစ်ဦးထံက သိရသည်။ မြစ်ကြီးနားမြို့ ပေါ် ရှိ အစိုးရဌာနဆိုင်ရာ ရုံးဝန်ထမ်းများအနေဖြင့် လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်များ အသုံးပြုမှုနှင့်ပတ်သက်၍ ဖမ်းဆီးအရေးယူရန်ရှိသည့်အတွက် အသိပေးစာများရရှိထားကြောင်း အစိုးရ ဝန်ထမ်းနှင့်နီးစပ်သူ တစ်ဦးက ဆိုသည်။ “ မနေ့က စပြီး လိုင်စင်မဲ့ ကား၊ ဆိုင်ကယ် တွေကို ဖမ်းဆီး အရေးယူတော့မယ်ဆိုတဲ့ တရားဝင် စာထွက်လာလို့ အစိုးရ ဌာနဆိုင်ရာ ရုံးတွေကို စာတွေ ‌ရောက်လာတယ် ဝန်ထမ်းတွေကို အသိပေးတဲ့ပုံစံမျိုးပေါ့ တချို့ မြို့ တွေမှာတော့ ဖမ်းဆီး နေပြီကြားတယ်” ဟု ၎င်း ကပြောသည်။ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကြောင့် နိုင်ငံတော်၏ လုံခြုံရေးကို ခြိမ်းခြောက်နေပြီး အခွန်အခများ နစ်နာခြင်းကြောင့် ဖမ်းဆီးရန် မေလ (၂၀) ရက်နေ့၊ နေပြည်တော်ကောင်စီမြို့နယ်တွင် ပြုလုပ်ခဲ့သည့် အစည်းဝေး၌ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုပြီးနောက် တိုင်းနှင့်ပြည်နယ် အချို့တွင် ဖမ်းဆီးအရေးယူမှုများရှိနေကြောင်း သိရသည်။ မြတ်မင်း ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်မှ တင်ဆက်နေသောသတင်းများကို အောက်ဖော်ပြပါ Link မှ Telegram Channel အသစ်တွင် Join ၍ ဝင်ရောက်ကြည့်ရှုအားပေးနိုင်ကြောင်းနှင့် နောက်နောင်တင်ဆက်မည့် သတင်းများကိုလည်း ယင်း Channel အသစ်တွင်သာ ဆက်လက်တင်ဆက်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ https://t.me/eternallypeacenew
190
6
+1
بدون متن...
174
7
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွင် KIO၊ KIA လက်နက်ကိုင် အဖွဲ့က စုပေါင်းဂိတ်ဖွင့်လျင်ပြီး အခွန်ကောက်ခံမှုပြုလုပ်နေ EPN ကံပိုင်တည်၊ မေ (၂၈-၂၀၂၅) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ တရုတ် -မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်တစ်ခုဖြစ်သည့် ကံပိုင်တည်ဂိတ်တွင် မေလ (၂၆) ရက်နေ့ နံနက်ပိုင်းက စ၍ KIO၊ KIA လက်နက်ကိုင် အဖွဲ့က စုပေါင်းဂိတ် တိုးချဲ့ ဖွင့်လှစ်ပြီး အ ခွန်ကောက်ခံလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ကံပိုင်တည် နယ်စပ်ကုန်သွယ်‌ေရး ဂိတ်တွင် KIA လက်နက်ကိုင် အဖွဲ့စစ်သားများသာ ဂိတ်ထိုင်လျက်ရှိပြီး ယမန်နေ့ကစ၍ ရဲ၊ လဝက၊ နှင့် အခွန်ကြီးကြပ်ရေး အဖွဲ့များပါဝင်သည့် စုပေါင်းဂိတ် ဖွင့်ပွဲ ပြုလုပ်ခဲ့ကြောင်း ကံပိုင်တည်မြို့ ဒေသခံတစ်ဦးက ဆိုသည်။ " မနေ့က စပြီး ကံပိုင်တည် ဂိတ်မှာ KIO၊ KIA အဖွဲ့က အခွန်ကြီးကြပ်စစ်ဆေးရေးအဖွဲ့နဲ့ လဝက အဖွဲ့ နဲ့ ရဲယူနီဖောင်းဝတ်ထားတဲ့သူတွေလည်း ရောက်ရှိနေတယ်။ ဖွင့်ပွဲကို မြို့က ဒေသခံ ဘာသာရေးဆရာတချို့ နဲ့ ရပ်မိရပ်ဖ တွေ သွားတာ တွေ့တယ် " ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။ လက်ရှိ ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးဂိတ် နှင့် ဆဒုံးဂိတ်တို့ တွင် KIO၊ KIA အဖွဲ့က သွင်းကုန်၊ ပို့ကုန်များ အပေါ် အခွန်နှုန်းထား တိုးမြင့်ကောက်ခံလျက်ရှိပြီး ငငှက်ပျောကား တစ်စီးလျင်း (၂) သိန်းကျပ်နှင့် ကုန်စည်းနှင့် အခြေခံစားသောက်ကုန်စည်ယာဥ်များကိုလည်း ငါးသောင်းမှ တစ်သိန်းကြားထိကောက်ခံနေသည်။ ထို့အပြင် ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေး သွားလမ်းရှိ ဆဒုံးစုပေါင်းဂိတ်တွင် KIO၊ KIA လက်နက်ကိုင် အဖွဲ့က လူအဝင်၊ အထွက် စာရင်းများကိုလည်း တင်းတင်းကြပ်ကြပ် စစ်ဆေးလျက် ရှိကြောင်းသိရသည်။ လက်ရှိအချိန်တွင် တရုတ်အစိုးရ ဘက် မှ မြန်မာပြည်ဘက်သို့ လူသုံးကုန်ပစ္စည်း နှင့် အခြေခံ စားသောက်ကုန်စည်များသာ တင်သွင်းလျက်ရှိပြီး အိမ်ဆောက်ပစ္စည်း၊ နှင့် စက်သုံးဆီ တင်ပို့ခွင့် ပိတ်ပင်ထားကြောင်းသိရသည်။ KIO၊ KIA လက်နက်အဖွဲ့က ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့က ဝိုင်းမော်မြို့နယ်အတွင်းက တရုတ်-မြန်မာ နယ်စပ်ကုန် သွယ်ရေးဂိတ်နှင့် ကချင်အထူးဒေသ (၁) နယ်ခြားစောင့် (၁၀၀၃) တပ်ရင်းကိုပါ တိုက်ခိုက် သိမ်းပိုက်ခဲ့၍ တရုတ်-မြန်မာ နယ်စပ်ကုန် သွယ်ရေး ဂိတ်အား တရုတ်အစိုးရဘက် မှ အောက်တိုဘာ (၁၈) ရက်နေ့က တရားဝင် ပိတ်သိမ်းခဲ့ကြောင်းသိရသည်။ ရန်ကျော် ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်မှ တင်ဆက်နေသောသတင်းများကို အောက်ဖော်ပြပါ Link မှ Telegram Channel အသစ်တွင် Join ၍ ဝင်ရောက်ကြည့်ရှုအားပေးနိုင်ကြောင်းနှင့် နောက်နောင်တင်ဆက်မည့် သတင်းများကိုလည်း ယင်း Channel အသစ်တွင်သာ ဆက်လက်တင်ဆက်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ https://t.me/eternallypeacenew
195
8
+1
بدون متن...
174
9
ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်မှ တင်ဆက်နေသောသတင်းများကို အောက်ဖော်ပြပါ Link မှ Telegram Channel အသစ်တွင် Join ၍ ဝင်ရောက်ကြည့်ရှုအားပေးနိုင်ကြောင်းနှင့် နောက်နောင်တင်ဆက်မည့် သတင်းများကိုလည်း ယင်း Channel အသစ်တွင်သာ ဆက်လက်တင်ဆက်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ https://t.me/eternallypeacenew
177
10
Starship အာကာသယာဉ် ကိုးကြိမ်မြောက်စမ်းသပ်မှုအရေးနိမ့် EPN နိုင်ငံတကာ မေ ၂၈ - ၂၀၂၅ SpaceX ရဲ့ တည်ဆောက်ထားသမျှ စွမ်းအားအကြီးဆုံး အာကာသယာဉ်ရဲ့ နဝမမြောက် စမ်းသပ် ပျံသန်းမှုကို လုပ်နေစဉ် အာကာသယာဉ်နဲ့မြေပြင် အဆက်အသွယ်ပြတ်သွားခဲ့ပါတယ် ။ Starship အာကာသယာဉ်ဟာ ကမ္ဘာမြေပေါ် ပြန်လည်ဝင်ရောက်လာချိန်မှာ ထိန်းချုပ်မှု ဆုံးရှုံးသွားပြီးနောက် အိန္ဒိယသမုဒ္ဒရာထဲ ကျရောက်ပျက်စီးသွားဖွယ် ရှီပါတယ်။ SpaceX ဟာ ရှေ့က စမ်းသပ်မှုတစ်ခုမှာ အထပ် ၆၀ စာ မြင့်ပြီး အောင်မြင်စွာ ပြန်ဖမ်းယူနိုင်ခဲ့တဲ့ Super Heavy ဒုံးပျံကို ပထမဆုံးအကြိမ် ပြန်အသုံးပြုခဲ့ပါတယ်။ Starship အာကာသယာဉ်ဟာ အခုနှစ် အရင်စမ်းသပ်မှုတွေထက် သူ့ပျံသန်းမှုလမ်းကြောင်းမှာ ပိုဝေးကွာအောင် သွားရောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သယ်ဆောင်သွားတဲ့ စမ်းသပ်ဂြိုဟ်တုတွေ ဖြန့်ကျက်ချထားမှုနဲ့ လေထုထဲ ပြန်ဝင်ရောက်လာချိန်မှာ အင်ဂျင်တွေ ပြန်နှိုးနိုင်ခြင်း အပါအဝင် အဓိကရည်မှန်းချက်တချို့ မပြီးမြောက်ခဲ့ပါဘူး။ အခုနှစ် ဇန်နဝါရီမှာ သတ္တမအကြိမ် ပျံသန်းမှုနဲ့ မတ်လမှာ အဌမအကြိမ်ပျံသန်းမှုတို့ဟာ ပျံတက်ပြီး မိနစ်ပိုင်းအတွင်း ပေါက်ကွဲချို့ယွင်းမှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။ SpaceX အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ဟာ Starship ကို အင်္ဂါဂြိုဟ်ဆီ လူသားတွေ ပထမဆုံးအကြိမ် သယ်ဆောင်ပေးမယ့်ယာဉ်အဖြစ် ကာလရှည်ကြာ ပြောဆိုထားပါတယ်။ ဒီဆယ်စုနှစ်အတွင်း လပေါ်ကို အာကာသယာဉ်မှူးတွေ ပြန်ပို့ဆောင်နိုင်ရေး NASA ရည်မှန်းချက်အတွက်လည်း Starship က အရေးကြီးပါတယ်။ Starship စမ်းသပ်ပျံသန်းမှုတစ်ခုစီဟာ ဒေါ်လာ သန်း ၅၀ ကနေ ဒေါ်လာ သန်း ၁၀၀ လောက် ကုန်တယ်လို့ မတ်စ် ပြောပါတယ်။ ရှေ့ကို စမ်းသပ်ပျံသန်းမှုအတွက် စည်းမျဉ်းအရ ခွင့်ပြုချက် မြန်မြန်ရဖို့ မျှော်လင့်ထားတယ် ဆိုပါတယ်။ အများဆုံး ၁ လမှာ ၁ ကြိမ်နဲ့ နောက်ထပ်စမ်းသပ်ပျံသန်းမှု ၃ ကြိမ် ခန့်လုပ်‌ ဆောင်ဖို့စီစဉ်နေတာဖြစ်ပါတယ်။ ထရမ့်အစိုးရနဲ့ အစိုးရပြုပြင်ပြောင်းလဲရေး အစပျိုးမှုတွေမှာ ထရမ့်ဘက်ကနေ နက်နက်ရှိုင်းရှိုင်း ပါဝင်မှုနဲ့ ပတ်သက်လို့ အကျိုးစီးပွား ပဋိပက္ခဆိုင်ရာ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ နိုင်ငံရေးကနေ ခြေတစ်လှမ်းဆုတ်ပြီး SpaceX ကို ပြန်လည်အာရုံစိုက်နေတယ်လို့ မတ်စ်က ပြောဆိုထားပါတယ်။
182
11
+1
بدون متن...
216
12
မြစ်ကြီးနားမြို့၏ ဧရာဝတီမြစ်ရေ တစ်ရက်အတွင်း (၁၀)ပေမြင့်တက် EPN မြစ်ကြီးနား ၊ မေလ ၂၈(၂၀၂၅) ကချင်ပြည်နယ် ၊ မြစ်ကြီးမြို့၏ ဧရာဝတီမြစ်ရေသည့် ယနေ့ မေလ (၂၈)ရက်နေ့ နံနက်(၁၀)နာရီခွဲအချိန် တိုင်းတာချက်အရ တစ်ရက်အတွင်း (၁၀)ပေမြင့်တက်ခဲ့ကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။ မြစ်ကြီးနားမြို့၏ အထက်ဘက်ဒေသများတွင် မိုးရွာသွန်းမှုများကြောင့် မြစ်ရေမှာ တဖြည်းဖြည်းမြင့်တက်နေပြီး ယနေ့နံနက်ပိုင်း (၁၀)နာရီခွဲအချိန်တိုင်းတာချက်အရ ၆၃၅ စင်တီမီတာ မြင့်တက်ခဲ့ကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ " မနေ့က (၆)နာရီခွဲအချိန်က ၃၂၅ စင်တီမိတာ ရှိခဲ့တယ်။ အခု (၁၀)ခွဲမှာတော့ ၆၃၅ စင်တီမီတာ မြင့်တက်လာခဲ့တယ်။ တစ်ရက်အတွင်းမှာ (၁၀)ပေမြင့်တက်ခဲ့တာဖြစ်တယ်။ (၄)နာရီမှာ (၄)ပေနှုန်းနဲ့မြင့်တက်နေတယ်။ လက်ရှိမှာလည်း တဖြည်းဖြည်းချင်း မြင့်တက်နေတာကို တွေ့မြင်ရတယ်။" ဟု ၎င်းကပြောသည်။ လက်ရှိတွင် မြစ်ရေ ဖြည်းဖြည်းချင်တာမြင့်တက်နေသော်လည်း မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်သို့ မရောက်ရှိနိုင်သေးသည့်အတွက် စိုးရိမ်ဖွယ်ရာမရှိကြောင်း ၎င်းက ရှင်းပြသည်။ " အထက်ဘာမှာ မိုးရွာသွန်းမှုများနေတော့ ရေကတော့တက်လာနိုင်တယ် ပြန်ကျသွားမှာဖြစ်တဲ့အတွက် မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ဖို့တော့ မရှိနိုင်သေးဘူး" ဟု ၎င်းကပြောသည်။ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ (၁၂၀၀)စင်တီမီတာဖြစ်ပြီး လက်ရှိတွင် စိုးရိမ်ရေအမှတ်အောက် (၁၈)ပေတွင် ရှိနေကြောင်း သိရသည်။ မြစ်ကြီးနားမြို့၏ မြစ်ရေ တိုးလာသည့်နှင့်အမျှ အောက်ဘက် ဗန်းမော်၊ရွှေကူ ဘက်များတွင် တစ်ရက်နှစ်ရက်အတွင်း ရေတက်လာနိုင်သည့်အတွက် မြစ်ကမ်းအနီး မြေနိမ့်ဒေသများနှင့် စိုက်ပျိုးလုပ်ကိုင်၊နေထိုင်ကြသော တောင်သူများနှင့် ရေလုပ်သားများအနေဖြင့် အသိပြုသင့်ကြောင်း ၎င်းက အကြံပြု ပြောဆိုထားသည်။ ပြီးခဲ့သည့် (၂၀၂၄)ခုနှစ်တွင် မြစ်ကြီးနားမြို့၏ ဧရာဝတီမြစ်ရေမှာ ဇူလိုင်လအတွင်း စိုးရိမ်ရေအမှတ်အထက် ၁၄၀၀ ကျော်သို့ရောက်ရှိခဲ့ပြီး ရေလွမ်းမိုးမှုဒဏ်ကို ခံစားခဲ့ရကြောင်း သိရသည်။ အလင်္ကာ
242
13
+1
بدون متن...
172
14
အကြွေးကိစ္စဖြင့်စကားများရာမှ သားမက်က ယောက္ခမ ၂ယောက်လုံးကို ဓါးဖြင့်ခုတ်သတ်မှုဖြစ်ပွား EPN ကြံခင်း၊ မေလ ၂၆-(၂၀၂၅) ဧရာ၀တီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယောက္ခထီးနှင့်ယောက္ခမတို့ကို သားမက်ဖြစ်သူမှ ဓားဖြင့် ခုတ်သတ်သည့် ၂ လောင်း ပြိုင်လူသတ်မှု မေလ ၂၅ ရက်မနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံ များထံမှသိရသည်။ ကြံခင်းမြို့နယ်၊ ဆုံလဲကျေးရွာအုပ်စု၊ ဆိပ်သာကျေးရွာတွင် မေလ ၂၅ ရက် နံနက် ၁၁ နာရီကျော်က ဦးဌေးမြင့်နှင့်ဇနီး ဖြစ်သူဒေါ်ယဉ်ရွှေနေအိမ်ကိုသားမက်ဖြစ်သူတင်မောင် အေးမှရောက်လာပြီး ငွေကြေးကိစ္စစကားများရာမှသားမက်ဖြစ်သူမှ အသင့်ပါလာသည့်ဓားဖြင့်ခုတ်ခဲ့ရာ အသက် ၆၁ အရွယ်ရှိ ယောက္ခမဖြစ်သူဒေါ်ယဉ်ရွှေသည်အခင်းဖြစ်နေ ရာတွင်သေဆုံးခဲ့ပြီး အသက် ၆၅ နှစ်အရွယ် ယောက္ခထီး ဖြစ်သူ ဦးဌေးမြင့်သည် ဆိပ်သာဆေးရုံသို့ပို့ဆောင်ရာတွင် ဆေးရုံ၌သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ''သားမက်ဖြစ်သူက ဘက်ရဲမြို့၊ အမှတ်(၂) ရပ်ကွက်မှာနေ တာလို့သိရတယ်။ကားနဲ့ယောက္ခထီးတို့ယောက္ခမတို့အိမ် ကိုအကြွေးကိစ္စနဲ့လာတာလို့ သိရတာ။ယောက္ခမဖြစ်သူ ဦးဌေးမြင့်နဲ့ သားမက်တင်မောင်အေးတို့စကားများကြတာ။ သားမက်ဖြစ်သူကအသင့်ပါလာတဲ့ဓားနဲ့ခုတ်သတ်တာ။ ဒီဘက်မှာ ဒါမျိုးဖြစ်စဉ်ရှားတယ်။''ဟုဖြစ်စဉ်ကို သိရွိသူ ဒေသခံတစ်ဦးကပြောသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိ သူများသည် စစ်ဆေးရှာဖွေခဲ့ရာ သားမက်ဖြစ်သူတင်မောင် အေးကို ကြံခင်းမြို့နယ်၊ကွေ့မအုပ်စု၊ ကွေ့မ ကျေးရွာတွင် သက်ဆိုင်ရာတာဝန်ရှိသူများက မေလ ၂၅ ရက်၊ ညေန ၅ နာရီ မိနစ် ၂၀ ခန့်တွင်ဖမ်းဆီးရမိထားပြီး စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင် နေကြောင်း သိရသည်။ ခေတ်ကောင်း
221
15
+1
بدون متن...
179
16
ချောင်းရေလျှံချိန် ဖြတ်မောင်းသည့် ခရီးသည်တင်ကား ချောင်းထဲထိုးကျ EPN တောင်သာ၊ မေ ၂၆၊(၂၀၂၅) မန္တလေးတိုင်း၊တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာအနီး မြင်းခြံ - တောင်သာခရိုင်ချင်းဆက်လမ်းပေါ်တွင် ရေ ကျော်နေချိန် ဖြတ်မောင်းလာသည့် ခရီးသည်တင်ကားချောင်းထဲထိုးကျ မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ မေလ ၂၆ ရက်ယနေ့ မနက် ၁၀ နာရီခန့်က ရေ နတ်‌‌စောင့် ကျေးရွာအနီးဆင်တဲဝချောင်းကို ဖြတ်သန်း ဖြတမောင်းနှင်လာစဥ် စိန်ကမ္ဘာ ငွေကမ္ဘာအမည်ရှိခရီးသည်တင်ယာဉ် တစ်စီးသည်ရေစီးနှင့်အတူချောင်းထဲထိုးချခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ "မိုးကတအားရွာထားလို့ရေတွေတအားကျော်နေတာ။အချို့ကားတွေလည်းသွားနေတာပဲ။ကားတစ်ချို့က ထွန်စက်ခေါင်း တွေနဲ့ဆွဲပြီးသွားတာ။အခုထိုးကျတဲ့ကားကျတော့ မဆွဲပဲ မောင်းတာ။ရေစီးအရှိန်နဲ့ ချောင်းထဲကျသွားတာ။''ဟု မျက်စဉ်ကိုတွေ့ရှိသည့် ဒေသခံတစ်ဦးကပြောသည်။ အဆိုပါ ချောင်းထဲထိုးကျသည့်ကားပေါ်တွင်ခရီးသည်ဦးရေ ၄၀ ကျော်အထိပါဝင်ပြီး ချောင်းထဲကိုကားထိုးကျချိန် ဒေသခံများ၊အနီးရှိခရီးသွားပြည်သူများမှကားအတွင်းလိုက် ပါလာသူများကို ဝိုင်းဝန်ဆယ်ယူ ကယ်ဆယ်မှုကြောင့်ခရီး သည်အားလုံး သေဆုံး၊ထိခိုက်မှုမရှိကြောင်း သိရသည်။ တောင်သာမြို့နယ်တွင် မေလ ၂၄ ရက်ညပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းနေမှုကြောင့်ဆင်တဲဝချောင်းဖြတ် သန်းသည့်နေရာများတွင် ကားလမ်းရေကျော်ခြင်း၊ချောင်း အနီးအနားဝန်ကျင်တွင်ရေကြီးရေလျှံခြင်းများဖြစ်ပေါ် နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ခေတ်ကောင်း
190
17
+2
بدون متن...
169
18
မေခ၊ မလိခ မြစ်အထက်ပိုင်းတွင် သယံဇာတ အလွန်အကျွံတူးဖော်နေ၍ မြစ်ချောင်းများ ရေအရောင်‌ ပြောင်းလဲလာ EPN ချီဖွေ၊ မေ (၂၆- ၂၀၂၅) ကချင်ပြည်နယ်၊ အထက်ပိုင်း ဒေသများ ဖြစ်သည့် ပူတာအို၊ နှင့် လန်ဆယ်၊ ဖီမော် ၊ ပန်ဝါ ဘက်တို့တွင် သယံဇာတ အလွန်အကျွံတူးဖော်ခြင်း၊ မြစ်ချောင်းအတွင်း တိုက်ရိုက်စွန့်ပစ်မှုများကြောင့် မေခ၊ မလိခ မြစ်ချောင်းများ ရေ‌အရောင် ပြောင်းလဲမှု ရှိလာကြောင်း ချီဖွေ ဒေသ ခံများထံက သိရသည်။ ပူတာအို ခရိုင်းအတွင်းရှိ ဒေသများနှင့် ချီဖွေ ခရိုင်အတွင်းက လန်ဆယ်၊ ဖီမော်၊ ပန်ဝါ ဒေသများတွင် သယံဇာတ အလွန် အကျွံတူးဖော်ခြင်းကြောင့် မိုးရွာသွန်းချိန်တွင် မေခ၊ မလိခ မြစ်ချောင်း တစ်လျှောက် ‌ရေဆိုး၊ ရေညစ်များ စီးဝင်လာခြင်းကြောင့် ဧရာဝတီ အရောင်း ပြောင်းလဲ ခြင်းဖြစ်ကြောင်း ချီဖွေ ဒေသခံတစ်ဦးက သုံးသပ်ပြောသည်။ "သယံဇာတတွေ တူးဖော်တဲ့ အချိန်မှာ ဓါတုပစ္စည်းတွေ ထည့်သုံးကြတယ်။ ပြီးတော့ ရေဆိုး၊ ရေညစ်တွေကို စွန့်ထုတ်တယ်။ နွေရာသီမှာတာ့ မြစ်ချောင်းတွေ အထိ မရောက်ပေမယ့် အခု မိုးရွာတော့ တားမရတော့ဘူး။ရေဆိုး ၊ရေညစ်တွေက မြစ်ရိုး တစ်လျောက် စီးဆင်းလာတာပဲ ဟုတ်တယ်။ မေခ၊မလိခ မြစ်အထက်ဘက်တွေမှာ သယံဇာတ အရမ်းတူးလို့ အခုဆိုဧရာဝတီ မြစ်အဖျားပိုင်းအထိ ရေတွေ အရောင်း‌ပြောင်းနေပြီ " ဟု ၎င်းက ပြောသည်။ ဧရာဝတီမြစ်ရေသည် ယခင်လို မကြည်လင်တော့ဘဲ နောက်ကျိနေပြီး မြစ်ရေချိုးသူတို့ ယားယံမှု၊ အရေပြားရောဂါဖြစ်ပွားမှုများရှိလာသလို မြစ်အတွင်း ပြဒါးသုံး ရွှေတူးဖော်မှုများကြောင့် ရေနေသတ္တဝါများ ရှားပါးလာကြောင်း ဒေသခံများထံမှ သိရသည်။ အလားတူ ကချင်အထူးဒေသ (၁) နယ်မြေများကို KIO၊ KIA လက်နက်ကိုင် အဖွဲ့က သိမ်းပိုက်ပြီးနောက် "ဝ" ကုမ္ပဏီနှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များကို ရွှေ၊ သတ္ထု၊ မြေရှား၊ စသည့် သယံဇာတ တူးဖော်ခြင်းများကို အလွန်အကျွံ ပြုလုပ်ပြီး ဓာတု စွန့်ပစ်ရေများကို မြစ်ရိုးတစ်လျောက် စွန့်ပစ်မှုများကြောင့် ရေများ အရောင်ပြောင်းလဲပြီး ရေ အရည်အသွေး ကျဆင်းလာကြောင်း ဒေသခံများထံမှ သိရသည်။ ဧရာဝတီမြစ်ကြောင်းတလျှောက် ရွှေ အကန့်အသတ်မဲ့ တူးဖော်နေမှုကြောင့် မြစ်ကြောင်းပျက်စီးနေပြီး မြစ်ရေတွင် ခဲ၊ ပြဒါး၊ ကက်ဒမီယံနှင့် မဂ္ဂနီစီယမ် ဓာတ်သတ္တု ပါဝင်မှုနှုန်း အလွန်အကျွံမြင့်မားကာ ရေအရည်အသွေးဆိုးရွားစွာကျဆင်းလာသည်ဟု သုတေသန ပြုလုပ်ခဲ့သည့် Myanmar Resource Watch အဖွဲ့က ထုတ်ပြန်ထားသည်။ ရန်ကျော်
171
19
+3
بدون متن...
193
20
ဖားကန့်မြို့နယ် ကျောက်ဝိုင်းတွင် မိုးရွာသွန်းမှုကြောင့် လမ်းမြေ ပြိုကျမှုဖြစ်ပွားခဲ့ပြီး ထပ်မံပြိုကျနိုင်သည့် အန္တရာယ်ကြောင့် ဒေသခံများစိုးရိမ် EPN မြစ်ကြီးနာ ၊ မေလ ၂၆(၂၀၂၅) ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယမန်နေ့ မေလ (၂၅)ရက်နေ့ နေလည်ပိုင်းက မိုးရွာသွန်းမှုကြောင့် လုပ်ကွက်နှင့် နီးကပ်နေသည့် မြေသားလမ်း ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ပြီး ထပ်မံပြိုကျနိုင်သည့် အန္တရာယ်ကြောင့် ဒေသခံများစိုးရိမ်နေရကြောင်း သိရသည်။ မှော်စီစာ၊ ကျောက်ဝိုင်းရပ်ကွက် အနီးရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်များမှာ ကျောက်စိမ်းတူးဖော်စဉ်ကာလတစ်လျှောက် ကျောက်မိုင်းခွဲခြင်း၊ စက်ယန္တရားတုန်ခါခြင်းများကြောင့် မြေသားများ ပျက်စီးနေပြီး မိုးရွာသွန်းချိန်တွင် ပြိုကျရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ " မိုးရာသီမရောက်ခင်က ကျောက်စိမ်းလုပ်ကွက်တွေမှာ ကျောက်မိုင်းခွဲတာတွေ စက်ယန္တရားတုန်ခါမှုကြောင့် မြေသားပျက်စီးတာတွေ အက်ကြောင်းတွေပေါ်လာတွေရှိတယ်။ အခုကျတော့ မိုးရွာတော့ မြေသားတွေပွပြီး ပြိုကျရခြင်းဖြစ်တယ်။အခုဆိုရင် မှော်စီစာA2 ဒေသခေါ် ကျောက်ဝိုင်းရပ်ကွက်ရဲ့ ပတ်လမ်းမှာ မြေသားတွေပြိုကျခဲ့ပြီး လမ်းတစ်ဝက်ကျော်အထိ အက်ကြောင်းတွေပေါ်လာခဲ့တော့ သွားလာဖို့ စိုးရိမ်နေရတယ်" ဟု ၎င်းကပြောသည်။ အဆိုပါ မြေသားပြိုကျမှုကြောင့် ကျောက်ဝိုင်းရပ်ကွက် ပတ်လမ်းပျက်စီးခဲ့ပြီး လမ်းတစ်ဝက်ကျော်အထိ မြေသားအက်ကွဲကြောင်းများကိုမြင်တွေ့နေရကြောင်း ထပ်မံမြေပြိုကျမှုများရှိလာပါက နေအိမ်များအထိ မြေပြိုကျမှုများကို ခံရနိုင်ကြောင်း သိရသည်။ " အခုနောက်ပိုင်းဆိုရင် ကျောက်စိမ်းတူးဖော်မှုတွေကို ပိုမို ဆိုးရွာလာကြပြီ လူနေအိမ်နားတွေအထိပါတိုးပြီး တူးဖော်လာကြတယ်။ လူနေအိမ်တွေနဲ့ နီးလို့သွားပြောတော့လည်း မသိသလိုဘဲနေကြပြီး သူတို့ပိုင်ရာဆိုင်ရာတွေနဲ့ပဲ ပြောပြီး ဆက်လုပ်နေကြတယ်။ အခုလိုဆက်လုပ်နေရင်တော့ ရပ်ကွက်တွေပါ မြေသားပြိုကျမှုဒဏ်တွေကို ခံရနိုင်တယ်" ဟု ကျောက်ဝိုင်းရပ်ကွက်နေ ဒေသခံတစ်ဦးကပြောသည်။ ယင်းမြေသားပြိုကျမှုနှင့်ပက်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လာရောက်ရောက်စစ်ဆေးခြင်းများ ယနေ့အချိန်အထိ ပြုလုပ်ခြင်းမရှိဘဲ ကျောက်စိမ်းလုပ်ကွက်များမှာလည်း ဆက်လက်လုပ်ဆောင်နေမြဲဖြစ်ကြောင်းသိရသည်။ ဖားကန့်ဒေသတွင် နှစ်စဉ် မိုးတွင်းကာလရောက်တိုင်းမြေပြိုကျကာ လူသေဆုံးသည့်ဖြစ်စဉ်များ မကြာခဏဖြစ်ပွားလေ့ရှိကာ (၂၀၂၅)ခုနှစ် ဖေဖော်ဝါရီလကလည်း ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောက်ကျေးရွာအခြမ်းရှိ ကျောက်တူးဖော်ရေးကုမ္ပဏီလုပ်ကွက်တစ်ခုတွင် ဖြစ်ပွားခဲ့၍ ဘက်ဟိုးမောင်းသူ အမျိုးသား သုံးဦး သေဆုံးခဲ့ကြောင်းသိရသည်။ ပန်ပန်
126