fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

EHS Myanmar

EHS Myanmar

رفتن به کانال در Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

نمایش بیشتر
868
مشترکین
اطلاعاتی وجود ندارد24 ساعت
+27 روز
+230 روز
آرشیو پست ها
🌬️🏜️ On July 9th, EHS Myanmar stands together to raise awareness on The International Day of Combating Sand and Dust Storms
🌬️🏜️ On July 9th, EHS Myanmar stands together to raise awareness on The International Day of Combating Sand and Dust Storms. Let's unite in the fight against these natural phenomena that affect our health, environment, and livelihoods. By working together, we can develop sustainable solutions and practices to mitigate the risks and safeguard our communities. Join us in promoting awareness and taking action to combat sand and dust storms for a safer and healthier future. 🌎🤝 #EHSMyanmar #SandAndDustStormsDay #protectourenvironment

photo content

ပလပ်စတစ်ညစ်ညမ်းမှုပြဿနာကို ဖြေရှင်းဖို့အတွက်ဆိုရင် ကမ္ဘာနဲ့အဝန်း ပလပ်စတစ်လျှော့သုံးခြင်းကို မဖြစ်မနေလုပ်ဆောင်ဖို့လိုပါတယ်။ ပလပ်စတစ်ရဲ့ ဆိုးကျိုးတွေကို သိပေမယ့် ဘာကြောင့် ပလပ်စတစ်အသုံးပြုကို မလျှော့ချနိုင်ရတာလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုကိုယ်ပြန်မေးခွန်းထုတ်ရပါလိမ့်မယ်။ နေ့စဉ်ဘဝရဲ့ လုပ်ဆောင်မှုတိုင်းမှာ ပလပ်စတစ်အသုံးပြုမှုကို အသားကျလာတဲ့ ကျွန်တော်တို့တွေအတွက် ဒီအကျင့်ကို ဖျက်ဖို့ တော်တော်လေးတွန့်ဆုတ်တတ်ကြတာ သဘာဝကိုး။ တကယ်တမ်းတော့ ကောင်းမွန်တဲ့ပြောင်းလဲမှုတစ်ခုစတင်ဖို့ဆိုတာလည်း ထင်သလောက် မခက်ခဲပါဘူး။ ဒါကြောင့် ပလပ်စတစ်အသုံးပြုခြင်းရဲ့ အကျိုးဆက်တွေနဲ့ ဘာကြောင့် ပလပ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ဖို့အရေးကြီးတယ်ဆိုတဲ့အကြောင်းတွေကို မိမိနဲ့နီးစပ်ရာ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများမှတဆင့် community တစ်ခုလုံး နားလည်သဘောပေါက်အောင် awareness တွေ ဖြန့်ချိပေးဖို့ လိုအပ်ပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီကပဲ ပလပ်စတစ်လျှော့သုံးတာက လုံလောက်ရဲ့လားလို့မေးရင် မလုံလောက်သေးဘူးလို့ပဲ ဖြေရပါလိမ့်မယ်။ ပလပ်စတစ်ထုတ်လုပ်မှုကို လျှော့ချဖို့၊ မလိုအပ်တဲ့တစ်ခါသုံးပလပ်စတစ်တွေအသုံးပြုမှုကို တားမြစ်ပိတ်ပင်ဖို့၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ် ပိုမိုအားကောင်းလာဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း သူတို့စွန့်ထုတ်လိုက်တဲ့ ပလပ်စတစ်စွန့်ပစ်ပစ္စည်းတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ရန် ဥပဒေရေးဆွဲပြဌာန်းဖို့လည်း သိပ်ကိုအရေးကြီးပါတယ်။ ပြဌာန်းလိုက်တဲ့ ဥပဒေတွေကိုလည်း အားလုံးက လေးစားလိုက်နာမှုရှိဖို့ လိုအပ်တာပေါ့။ ပလပ်စတစ်ညစ်ညမ်းမှုလျှော့ချဖို့ အင်တိုက်အားတိုက်လုပ်ဆောင်ပေးနေတဲ့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေကိုလည်း ထောက်ပံ့ပေးခြင်းဖြင့် ပလပ်စတစ်ညစ်ညမ်းမှုပြဿနာကို အတူပူးပေါင်းဖြေရှင်းကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မှီတင်းနေထိုင်ရာ ကမ္ဘာမြေကြီး ပြန်လည်ကျန်းမာဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် တစ်ဦးတစ်ယောက်ချင်းစီကစပြီး ပလပ်စတစ်တွေ လျှော့သုံးရင်း သဘာဝပတ်ဝန်းကျင်ကို တစ်ထောင့်တစ်နေရာကနေ ထိန်းသိမ်းကာကွယ်ကြရအောင်။ ယွန်းနန္ဒာ (EHS Myanmar) မှ ရေးသားသည်။ ကိုးကား - Plastic Soup Foundation, United Nations Environment Programme ---------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #plasticpollution #plasticwaste #plasticfreejuly #beatplasticpollution

ကမ္ဘာကို ဝါးမျိုနေသော ပလပ်စတစ်အမှိုက်များ ====================================== EHS Myanmar | 8.7.2023 ကမ္ဘာမြေကြီးရဲ့ နေရာတိုင်းမှာ ပလပ်စတစ်တွေ ဖုံးလွှမ်းလျက်ရှိတယ်လို့ပြောရင် ယုံကြမလား? ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ကစလို့ သမုဒ္ဒရာရေအောက်ကြမ်းပြင်အထိ ပလပ်စတစ်အမှိုက်တွေ နေရာယူလို့ထားတယ်ဆိုတဲ့အကြောင်းက ယုံတမ်းစကားတော့ မဟုတ်ပါဘူး။ လက်ရှိမှာ အမှန်တကယ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေပါ။ ပလပ်စတစ်သွားပွတ်တံကို အသုံးပြုပြီး သွားတိုက်ကာ နေ့တစ်နေ့ကို အစပြုရာကစလို့ လူသားတွေရဲ့ နေ့စဉ်ဘဝ လုပ်ဆောင်မှုတိုင်းမှာ ပလပ်စတစ်က သိသိသာသာနေရာယူလာပါတယ်။ ဈေးသက်သာခြင်း၊ အသုံးပြုရလွယ်ကူခြင်း၊ ရေရှည်အသုံးပြုလို့ရခြင်း ... စတဲ့ အချက်တွေကြောင့် အခြားသော ဖန်၊ စက္ကူနဲ့ သတ္တုပစ္စည်းတွေအစား ပလပ်စတစ်ကို ပြောင်းလဲ အသုံးပြုလာကြတာဖြစ်ပါတယ်။ အထူးသဖြင့် ပလပ်စတစ်အသုံးပြုမှုအများဆုံးလုပ်ငန်းတစ်ရပ်ဖြစ်တဲ့ ကုန်ပစ္စည်းထုတ်ပိုးမှုလုပ်ငန်းတွေမှာပေါ့။ 1950 ခုနှစ်ကစလို့ တစ်ဟုန်ထိုးမြင့်တက်လာခဲ့တဲ့ ပလပ်စတစ်ထုတ်လုပ်မှုက 2021 ခုနှစ်မှာတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ခန့်မှန်းခြေ 390.7 million metric tons အထိ ထုတ်လုပ်လာခဲ့ပါတယ်။ ပလပ်စတစ်ထုတ်လုပ်ဖို့ရာ ကုန်ကြမ်းပစ္စည်းတွေအတွက် ရုပ်ကြွင်းလောင်စာ (fossil fuel) တွေအပေါ် မှီခိုနေရတာဖြစ်လို့ ကာဗွန်ထုတ်လွင့်မှုပမာဏမြင့်တက်ကာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုအပေါ်လည်း တိုက်ရိုက်သက်ရောက်မှုတွေ ရှိပါတယ်။ ဝယ်လိုအားများလာတဲ့အလျောက် ပလပ်စတစ်ထုတ်လုပ်မှုကလည်း တစ်နှစ်ပြီးတစ်နှစ် ဆက်လက်မြင့်တက်လာတာကြောင့် ဓာတုဖွဲ့စည်းတည်ဆောက်ပုံအရ ဆွေးမြည့်ဖို့ မလွယ်ကူတဲ့ ပလပ်စတစ်အမှိုက်တွေက ကမ္ဘာကြီးကို တစ်စထက်တစ်စ ဖုံးလွှမ်းလို့လာပါတယ်။ 1997 ခုနှစ်က Captain Charles Moore ဆိုသူက Hawaii မှ Southern California သို့ ရွက်လွှင့်လာရင်း Pacific သမုဒ္ဒရာကြီးရဲ့အလယ်မှာ ပလပ်စတစ်အပိုင်းအစတွေ ရေထဲပေါလောမျောနေတာကို တွေ့ရှိခဲ့ပါတယ်။ သူကတော့ ပလပ်စတစ်တွေနဲ့ပြည့်နေတဲ့ သမုဒ္ဒရာကြီးကို ပလပ်စတစ်စွပ်ပြုတ် (Plastic Soup) လို့တောင် တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ 1990 လောက်ကတော့ ပလပ်စတစ်တွေ ပင်လယ်သမုဒ္ဒရာထဲမှာ မျောပါနေတယ်လို့ပြောရင် ဘယ်သူမှ ယုံမှာတောင် မဟုတ်လောက်ပေမယ့် အခုဆိုရင်တော့ သမုဒ္ဒရာထဲက ပလပ်စတစ်ညစ်ညမ်းမှုအကြောင်းက သတင်းထဲမှာ မကြာခဏဆိုသလို တွေ့နေရပါပြီ။ နှစ်စဉ် ပလပ်စတစ်အမှိုက်တန်ချိန်ပေါင်း 12 million ဟာ ပင်လယ်သမုဒ္ဒရာထဲကို စီးဆင်းဝင်ရောက်လျက်ရှိပါတယ်။ သုတေသနပညာရှင်များကတော့ ဒီပုံစံအတိုင်းသာဆို 2050 ခုနှစ်ရောက်တဲ့အခါ သမုဒ္ဒရာထဲမှာ ငါးတွေထက် ပလပ်စတစ်တွေကတောင် ပိုများနေလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ပင်လယ်သမုဒ္ဒရာထဲက ရေနေသတ္တဝါလေးတွေဟာလည်း ပလပ်စတစ်ပစ္စည်းတွေကြား ရစ်ပတ်မိတာ၊ ပလပ်စတစ်အမှိုက်တွေကို အစာထင်ပြီး စားသုံးမိတာတွေကြောင့် သေဆုံးကြရတာ အားလုံးအသိပါပဲ။ 2018 ခုနှစ်က Mexico နိုင်ငံ တောင်ဘက် ကမ်းရိုးတန်းတစ်လျှောက်မှာ ပင်လယ်လိပ်ပေါင်း 300 ခန့်ဟာ ပလပ်စတစ်ပိုက်ကွန်တွေကြား ငြိပြီး သေဆုံးခဲ့တဲ့ဖြစ်ရပ်တစ်ခု ရှိခဲ့ပါတယ်။ [REUTERS News] ပလပ်စတစ်ညစ်ညမ်းမှုပြဿနာက ပင်လယ်သမုဒ္ဒရာထဲမှာပဲ ဖြစ်တာလားဆိုတော့ မဟုတ်ပါဘူး။ ကုန်းမြေပေါ်မှာ အသက်ရှင်နေထိုင်လျက်ရှိတဲ့ လူသားတွေ အပါအဝင် သက်ရှိသတ္တဝါများနဲ့ အပင်များသည်လည်း ပလပ်စတစ်ညစ်ညမ်းမှုဒဏ်ကို ခံစားလျက်ရှိကြပါတယ်။ ပလပ်စတစ်စွန့်ပစ်ပစ္စည်းတွေကို recycle လုပ်ခြင်းက ညစ်ညမ်းမှုကို လျှော့ချဖို့ရာ ထိရောက်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပေမယ့် လက်တွေ့မှာတော့ ပလပ်စတစ်အမှိုက်တွေရဲ့ 9% လောက်ပဲ recycle အဆင့်ကို ရောက်ရှိတာပါ။ 12% ကို မီးရှို့ဖျက်ဆီးကြပြီး ကျန်တဲ့ 79% ကတော့ landfill သို့ ရောက်ရှိသွားပါတယ်။ ပလပ်စတစ်မှာပါဝင်တဲ့ အဆိပ်ရှိဒြပ်ပေါင်းများကြောင့် မြေဆီလွှာညစ်ညမ်းမှုကို ဖြစ်စေနိုင်သလို ရေရှည်မှာ စိုက်ပျိုးရေးအတွက်လည်း များစွာထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် မဆင်မခြင်စွန့်ပစ်ထားတဲ့ ပလပ်စတစ်အမှိုက်များကြောင့် ရေမြောင်းများ ပိတ်ဆို့ပြီး ပလပ်စတစ်အမှိုက်များကို မီးရှို့ဖျက်ဆီးခြင်းကလည်း လေထုညစ်ညမ်းစေကာ ကင်ဆာရောဂါကဲ့သို့ နာတာရှည်ရောဂါများ ဖြစ်ပေါ်စေပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ … ပလပ်စတစ်က ကမ္ဘာ့နေရာအနှံ့ကို ရောက်နေပြီဖြစ်တာမို့ ကျွန်တော်တို့ စားနေတဲ့အစားအစာ၊ သောက်သုံးတဲ့ရေ၊ ရှူရှိုက်တဲ့လေထဲမှာကအစ ပလပ်စတစ်အမှုန်အမွှားတွေ ရှိနေတာပေါ့။ ပလပ်စတစ်တွေက အချိန်ကြာလာတာနဲ့အမျှ microplastic လို့ခေါ်တဲ့ အလွန်သေးငယ်တဲ့ အမှုန်အမွှားလေးတွေအဖြစ် ပြိုကွဲသွားပါတယ်။ ဒီလို microplastic တွေ အစာကွင်းဆက်ထဲ ဝင်ရောက်လာလေလေ လူသားတွေရဲ့ ခန္ဓာကိုယ်ထဲကိုပါ microplastic တွေ ဝင်ရောက်နှုန်း ပိုမြင့်တက်လာလေလေဖြစ်ပါတယ်။ ဒါကြောင့် ပလပ်စတစ်ညစ်ညမ်းမှုက လူသားတွေရဲ့ကျန်းမာရေးကိုသာမက ဂေဟစနစ်တစ်ခုလုံးကိုပါ အန္တရာယ်ရှိတဲ့ ပြဿနာတစ်ရပ်ပါ။

photo content

🌟 Introducing Our New Online Recorded Course: Learn Anywhere, Anytime, at an Affordable Price! 🎓💻 📢 အိမ်မှာနေရင်း ကိုယ့်ရဲ့ အရည်အချင်းတွေနဲ့ ကျွမ်းကျင်မှုတွေကို သက်သောင့်သက်သာနဲ့ စွမ်းရည်မြှင့်တင်နိုင်ဖို့ရန် ကျွန်မတို့ရဲ့ အသစ်ဆုံးသော Video Recorded Online သင်တန်းဖွင့်လှစ်တော့မယ့် အကြောင်းလေးကို ဝမ်းသာစွာဖြင့် မိတ်ဆက်ပေးပါရစေ။🌍🏠 🌿 ဘာကြောင့် Video Recorded Class လဲ? 🎥 ဘယ်အချိန် ဘယ်နေရာမှာမဆို လေ့လာနိုင်ခြင်း - Record ကြိုတင်ယူထားတဲ့ သင်ခန်းစာတွေကို ဘယ်အချိန် ဘယ်နေရာမှာမဆို အလွယ်တကူလေ့လာနိုင်ပါတယ်။ သင်ဟာ အလုပ်အရမ်းများတဲ့ လုပ်ငန်းရှင်တစ်ယောက်၊ စာသင်ချိန်တွေ အပြည့်နဲ့ ကျောင်းသားတစ်ယောက်၊ ဒါမှမဟုတ် အသစ်အသစ်တွေကို စူးစမ်းချင်တဲ့ လေ့လာသူတစ်ယောက်ပဲဆိုပါစို့ သင်ဟာ ကျွန်မတို့ရဲ့ သင်ခန်းစာတွေကို လေ့လာဖို့ တကယ်ကို ကိုက်ညီပါတယ်။ Video Recorded Class ဖြစ်တဲ့အတွက် ကိုယ်တိုင်လေ့လာနိုင်ပြီး နားမလည်တဲ့ သင်ခန်းစာတွေရှိရင်လည်း အချိန်မရွေးပြန်လည်လေ့လာနိုင်ပါတယ်။ 💰 ငွေကြေးကုန်ကျသက်သာခြင်း - Education shouldn't break the bank! အားလုံးသင်ယူအောင် လုပ်နိုင်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် သင်တန်းကြေးကို သင့်တင့်တဲ့ ပမာဏထားရှိထားပါတယ်။ ယခုဆိုလျှင် ငွေကြေးအများကြီး မကုန်ကျဘဲနဲ့ ကိုယ့်ရဲ့ Professional & Personal Growth အတွက် ရင်းနှီးမြှုပ်နှံနိုင်ပါပြီ။ 🌍 ဇီဝမျိုးကွဲတွေကို ထိန်းသိမ်းရေးအတွက်လေ့လာကြည့်ပါ - ဇီဝမျိုးကွဲများရဲ့ သဘာဝအလှတရားနဲ့ ရေရှည်ထိန်းသိမ်းဖို့ အရေးကြီးပုံတို့ကို ရှာဖွေတွေ့ရှိဖို့ သင့်ရဲ့ ပညာရေးခရီးလမ်းကို စတင်လိုက်ပါ။ သက်ရှိတွေရဲ့ ရှုတ်ထွေးတဲ့ ဘဝကွန်ယက်တွေကို သိရှိနားလည်လိုက်ပါ၊ ဂေဟစနစ်ကြီးတစ်ခုလုံး ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေကို သင်ယူလိုက်ပါ၊ နောက်ဆုံးအနေနဲ့ သူတို့တွေကို ထိန်းသိမ်းဖို့အတွက် ထိရောက်တဲ့ နည်းလမ်းတွေကို သိရှိနိုင်ဖို့ Biodiversity Conservation and Management Course ကို လေ့လာသင်ယူဖို့ တိုက်တွန်းလိုပါတယ်။ 📢 ကျွန်မတို့ရဲ့ Facebook စာမျက်နှာကို Like & Follow လုပ်ထားပြီးလဲ မျှဝေပေးနေတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာတွေကို လေ့လာလိုက်ပါ။ ဇီဝမျိုးကွဲတွေအကြောင်းကို ပိုမိုသိရှိနားလည်ဖို့ ယခုသင်တန်းလေးကို လက်လွှတ်မခံပါနဲ့။ လေ့လာရလွယ်ကူပြီး အကုန်အကျသက်သာအောင် စီစဉ်ပေးထားတဲ့ သင်တန်းလေးဖြစ်လို့ လက်မလွတ်တမ်းစောင့်ကြည့်ဖို့တော့လိုပါမယ်နော်။ #EHSMyanmar #OnlineLearning #BiodiversityConservation #EducationForAll #PersonalGrowth

photo content
+3

Environmental Management and Planning (EMP) Course Batch 2 ----------------------------------------------------- EMP Course ပထမဆုံး တန်းခွဲသစ် ကို ၂၀၂၃ ခုနှစ် မေလ(၁၃) ရက်နေ့မှ ဇွန် (၄) ရက်နေ့ ထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား သင်တန်းသူ (၁၀) ယောက်ကို သင်တန်းဆင်းလက်မှတ်များအောင်မြင်စွာပေးအပ်နိုင်ခဲ့ပါသည်။ EMP သင်တန်းတွင် Environmental Mangement Plan နှင့်ဆိုင်သည့် ဥပဒေများ၊ နည်းဥပဒေများ နှင့် လုပ်ထုံးလုပ်နည်းများ၊ EMP Report ရေးသားရာတွင် ပါဝင်ရမည့် အချက်အလတ်များ အင်္ဂါရပ်များ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (environmental impact assessment) ဆိုင်ရာလုပ်ထုံးလုပ်နည်းနှင့် methods များ၊ Risk Assessment စဉ်းစားပုံစဉ်းစားနည်းနှင့်တွက်ချက်နည်းများ၊ ပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချရေးနည်းလမ်းများ စသည့်တို့ပါဝင်ခဲ့ပြီး EMP Report တစ်ခုရေးသားနိုင်သည်အထိသင်ကြားပေးနိုင်ခဲ့ပါသည်။ Batch (3) ကိုလဲ ဖွင့်လှစ်ဖို့စီစဉ်ထားတဲ့အတွက် သင်တန်းတက်ဖို့စိတ်ဝင်စား လျှင် ယခု Pre-Seating Form မှာ စာရင်းပေးထားနိုင်ပါတယ်။ https://docs.google.com/forms/d/e/1FAIpQLSdUqPNia5KfTpcjG0wu9qD0BYnoxzenoyAjRxuW1bhes30o8g/viewform #EHSMyanmar #environmentalmanagementplan #eia #myanmar #onlinecourse

photo content

🌿 Calling all environmental enthusiasts! 🌍 📢 Attention, aspiring eco-warriors! 🌱 Don't miss out on this incredible opportunity to make a difference for our planet! Just a friendly reminder that the deadline to apply for our environmental internship program is rapidly approaching. ⏳ The clock is ticking, and you have until July 6 to submit your applications. 💡 To apply, simply visit our website and complete the application form before the deadline. Read details here - https://www.ehsmyanmar.org/programs-activities?pgid=kp2ch16l-9ca01e62-10ac-4314-a73e-431531338bce #EHSMyanmar #EnvironmentalInternship #ApplyNow #DeadlineApproaching #GreenFuture #EcoWarrior

photo content

EHS Myanmar's Monthly Theme: What is it for July? -------------------------------------------------- 🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme)များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်ပေးနေပါသည်။ ⛰ ဇူလိုင်လ (၃) ရက်နေ့တွင်ကျရောက်မည့် International plastic bag free day ကို ကြိုဆိုသောအားဖြင့် "Plastics Bag Free Day" Theme ကိုရွေးချယ်ထားပါသည်။ 🏭 "Farm to Table June" ၏ ရည်ရွယ်ချက်ကတော့ ပလတ်စတစ်ညစ်ညမ်းမှုသည် ကမ္ဘာ့ပေါ်တွင်ဖြေရှင်းရမည့် ပြသနာများထဲမှအကြီးဆုံးကိစ္စရပ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်နေပါပြီ။ တခါသုံးပလတ်စတစ်များကြောင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်၊ တောရိုင်းတိရစ္ဆာန်များ နှင့် လူ့ကျန်းမာရေးတို့အပေါ်များစွာခြိမ်းခြောက်လျက်ကြောင်း နှင့် မည်ကဲ့သို့ လျှော့ချသင့်ကြောင်း စသည့်အသိပညာများနှင့် နားလည်မှု မြှင့်တင်နိုင်ရန်ရည်ရွယ်ကာ ပညာပေးဆောင်းပါးများ နည်းပညာဆောင်းပါးများရေးသားမျှဝေခြင်း၊ သင်တန်းများမျှဝေခြင်း နှင့် စာအုပ်ကောင်းများဝေမျှခြင်းတို့ကိုလဲပြုလုပ်ပေးသွားပါမည်။ ✌️ International Plastic Bag Free day နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။ ----------------------------------------------------------------------- "𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮." Don't forget us to follow us on instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #PlasticsFree #SayNotoPlastics #EnvironmentalHealth #HumanHealth #July #SDG

photo content

What is Climate Smart Agriculture? ===================================== EHS Myanmar 30/6/2023 🌾 What is Climate Smart Agriculture (CSA Climate smart agriculture (CSA) ဆိုသည်မှာ နားလည်လွယ်စေရန် အရိုးရှင်းဆုံးပြောရလျှင် ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေးစနစ်ပင် ဖြစ်ပါသည်။ ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်ကို ရာသီဥတုပြောင်းလဲမှုအား တန်ပြန်နိုင်စွမ်းအား တည်ဆောက်ပေးပြီး ရာသီဥတုပြောင်းလဲမှု ဖြစ်စေသော ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျော့ချဖယ်ရှားပေးခြင်း ဖြစ်ပါသည်။ (NCSA Centre) နေ့စဉ်တိုးပွားလာသော ကမ္ဘာ့လူဦးရေနှင့်အမျှ စားနပ်ရိက္ခာများ၊ အသုံးအဆောင်များ ပိုမိုလိုအပ်လာပါသည်။ FAO ၏ ခန့်မှန်းချက်အရ 2050ခုနှစ်တွင် ကမ္ဘာ့လူဦးရေသည် 9.7 ဘီလီယံအထိ တိုးလာမည်ဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍလိုအပ်ချက်သည် 50ရာခိုင်နှုန်းအထိ ရှိလာမည် ဖြစ်သည်။ သို့ဖြစ်ရာ တိုးပွားလာသော လူဦးရေအတွက် စားနပ်ရိက္ခာဖူလုံစေရန် စိုက်ပျိုးရာတွင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုသည် အဓိကအဟန့်အတား ဖြစ်လာပါသည်။ အဘယ့်ကြောင့်ဆိုသော် စိုက်ပျိုးရေးကဏ္ဍတစ်ခုတိုင်းအတွက် အပူချိန်နှင့် မိုးရွာသွန်းမှုသည် အခြေခံကျသော အချက်များဖြစ်သောကြောင့် ဖြစ်ပါသည်။ ရာသီဥတုပြောင်းလဲမှုများကို ရင်ဆိုင်လာသည်နှင့်အမျှ သမားရိုးကျ စိုက်ပျိုးရေးဖြင့် လုံလောက်စွာ စိုက်ပျိုးရန်၊မဖြစ်နိုင်တော့ပါ။ သို့ဖြစ်ရာ CSA စနစ်ကို ကျင့်သုံးလာကြသည်။ CSA ၏ အဓိကရည်ရွယ်ချက် ၃ချက်မှာ- ထုတ်လုပ်မှုစွမ်းအားမြင့်မားစေရန် ပြောင်းလဲမှုဒဏ်ကို ပိုမိုခံနိုင်စွမ်းမြင့်မားစေရန် လေထဲသို့ ထုတ်လွှင့်မှုများ လျော့ချစေရန် တို့ဖြစ်ပါသည်။ 🌾 ထုတ်လုပ်မှုစွမ်းအားမြင့်မားစေရန် (Increased Productivity ) အသက်မွေးဝမ်းမှုအတွက် စိုက်ပျိုးရေးပေါ်တွင် အဓိကမှီခိုနေရသော ကမ္ဘာ့ဆင်းရဲနွမ်းပါးမှု၏ ၇၅ရာခိုင်နှုန်းသော ကျေးလက်နေသူများအတွက် အစားအသောက်ဖူလုံစေရန်နှင့် ဝင်ငွေတိုးလာစေရန် ပိုမိုကောင်းမွန်သော စားနပ်ရိက္ခာများ ထုတ်လုပ်ပေးနိုင်ရန်ဖြစ်သည်။ 🌾 ပြောင်းလဲဒဏ်ကို ပိုမိုခံနိုင်စွမ်းမြင့်မားစေရန် ( Enhanced Resilience ) မိုးခေါင်ရေရှားမှု၊ ပိုးမွှားများ၊ ရောဂါများနှင့် အခြားသော ရာသီဥတုဆိုင်ရာ ထိခိုက်မှုများကို ခံနိုင်စွမ်းမြင့်မားစေရန်နှင့် တိုတောင်းသော ရာသီဥတုနှင့် အပြောင်းအလဲမြန်သော ရာသီဥတုအခြေနေများကို လိုက်လျောညီထွေမှု ပိုမိုတိုးတက်စေရန်ဖြစ်သည်။ 🌾 လေထဲသို့ ထုတ်လွှင့်မှုများ လျော့ချစေရန် ( Reduced Emissions ) အစားအသောက်ထုတ်လုပ်မှုမှ ထွက်ရှိသော ကယ်လိုရီ သို့မဟုတ် ကီလို တစ်ခုချင်းစီအတွက် ထုတ်လွှင့်မှု လျော့နည်းစေရန်၊ စိုက်ပျိုးရေးအတွက် သစ်တောပြုန်းတီးမှုများကို ရှောင်ရှားနိုင်စေရန်နှင့် လေထုထဲမှ ကာဗွန်စုပ်ယူနိုင်မည့် နည်းလမ်းများကို ‌ဖော်ထုတ်သတ်မှတ်ရန် တို့ဖြစ်သည်။ 🌾 CSA in Myanmar စိုက်ပျိုးရေးသည် မြန်မာနိုင်ငံ၏ အရေးကြီးဆုံး စီးပွားရေးကဏ္ဍဖြစ်ပြီး နိုင်ငံတော်၏ စားနပ်ရိက္ခာ ဖူလုံရေး အဓိကထောက်အပံ့လည်း ဖြစ်ပါသည်။ ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ မိုးပုံမှန်မရွာသွန်းမှု၊ အပူချိန်မြှင့်တက်လာမှု စသည့် ရာသီဥတုပြောင်းလဲမှုဒဏ်များကို မြန်မာနိုင်ငံအနေဖြင့်လည်း ခံစားနေရပါသည်။ သို့ဖြစ်ရာ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် မြန်မာနိုင်ငံတွင်လည်း CSA နည်းဗျူဟာကို မြှင့်တင်ရန် လိုအပ်လာပါသည်။ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော စိုက်ပျိုးရေးတက္ကသိုလ်မှ CSA နည်းပညာ လေ့ကျင့်ရေးနှင့် အကောင်ထည်ဖော်ရေးတို့ကို အားပေးလုပ်ဆောင်နေပါသည်။ မြန်မာနိုင်ငံ၏ CSA ရည်မှန်းချက်မှာ 2030 ပြည့်နှစ်တွင် မြန်မာနိုင်ငံသည် ရာသီဥတုဒဏ်ခံနိုင်သော၊ အစားအစာနှင့် အာဟာရဖူလုံပြည့်ဝသော နိုင်ငံဖြစ်လာမည်ဖြစ်ပြီး CSA နည်းဗျူဟာဖြင့် ကုန်ထုတ်စွမ်းအားမြင့်မားလာ၍ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် ယှဉ်ပြိုင်နိုင်လာပြီး ကျေးလက်ဒေသများတွင် လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်ဖြစ်သည်။ 🌾 အချုပ်အားဖြင့်ဆိုရသော် CSA စနစ်သည် စိုက်ပျိုးရေး၏ တည်ရှိပြီးသော အသိပညာများ၊ နည်းပညာများနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးစနစ်များအပေါ်တွင် အခြေခံထားသော်လည်း ကွဲပြားမှုများရှိပါသည်။ ပထမဦးစွာ ရာသီဥတုပြောင်းလဲမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ပြတ်သားစွာ အာရုံစူးစိုက်မှုထားရှိပါသည်။ ဒုတိယအနေဖြင့် CSA သည် ကုန်ထုတ်စွမ်းအား၊ လိုက်လျောညီထွေဖြစ်မှုနှင့် လျော့ပါးသက်သာစေရေးတို့ကြားရှိ ပေါင်းစပ်ညှိနှိုင်းမှုများနှင့် ကုန်သွယ်မှုများကို စနစ်တကျ စဉ်းစားထားသည်။ နောက်ဆုံးအနေဖြင့် CSA သည် ရင်းနှီးမြုပ်နှံမှုတွင် လိုငွေပြမှုကို ပိတ်ရန်နှင့် ဝင်ငွေအခွင့်အလမ်းသစ်များကို ဖမ်းယူရန် ရည်ရွယ်ပါသည်။ ရေးသားသူ - ဂီတမိုင်ချီ References: National Climate Smart Agriculture Center Food and Agriculture Organization of the United Nations Myanmar Climate-Smart Agriculture Strategy #EHSMyanmar #Environment #CSA #Agriculture

photo content

☀️ Happy International Day of the Tropics! 🌴🌍 Today, we celebrate the extraordinary diversity, vibrant cultures, and immense potential of the tropical regions around the world. It's a day to appreciate the beauty of these unique ecosystems and their significance for our planet. 🌿💚 🌴 International Day of the Tropics highlights the importance of sustainable development in tropical areas, focusing on their challenges and opportunities. Let's work together to protect tropical biodiversity, promote social well-being, and create a sustainable future for these incredible regions. 🌎💪 ☀️ The tropics are not only home to lush rainforests, stunning beaches, and iconic wildlife, but they also contribute significantly to global climate regulation and provide livelihoods for millions of people. By nurturing and preserving the tropics, we ensure a thriving world for all. 🌴🌿 🌍 On this International Day of the Tropics, let's embrace the richness of tropical cultures, support sustainable practices, and advocate for policies that prioritize the well-being of tropical communities and environments. Together, we can create a brighter and more sustainable future for the tropics and the entire planet. 🌴💙 #EHSMyanmar #InternationalDayOfTheTropics #SustainableDevelopment #ProtectBiodiversity #CelebrateCultures

photo content

Therefore, in order to study that hypothesis, EHS Myanmar has authored the first ever Mini-Research Paper on "A Review and Assessment of the Climate Change Anxiety in Yangon" starting from November 2022 and published on June 2023. Thi study seeks to accomplish several objectives (1) Conduct a comprehensive review of existing literature on climate change anxiety to enhance understanding of the relationship between climate change and anxiety (2) Selecting the most influencing key factors on climate change anxiety in Myanmar (3) Examine the current situation of individuals residing in the study area (4) Propose effective and sustainable solutions to address the identified issues. You can read our paper on MIMU - http://themimu.info/node/125110 EHS Myanmar Website - https://www.ehsmyanmar.org/programs-activities?pgid=kp2ch16l-a0d37765-58f6-4baa-9821-8ffaa8226e1d Academia - https://www.academia.edu/103430702/A_Review_and_Assessment_of_the_Climate_Change_Anxiety_in_Yangon Zenodo - https://zenodo.org/record/8078671 ORCID - https://orcid.org/0009-0006-4231-5221 Please do not hesitate to contact us via ehsresearch.projects@gmail.com or (+95) 9774251662 if you would like to know more about our paper. #EHSMyanmar #Research #ClimateChangeAnxiety #Yangon

{English Below} ရာသီဥတုပြောင်းလဲမှုကြောင့် သင်ကော စိတ်ညစ်နေရပြီလား? ===================================== EHS Myanmar 26/6/2023 Climate Change Anxiety ဆိုသည်မှာ အဓိပ္ပါယ်ဖွင့်ဆိုချက်များစွာရှိသည့်အနက် Harvard Medical School ၏ဖွင့်ဆိုချက်အရ ရာသီဥတုပြောင်းလဲဖြင့်ဆက်စပ်၍ ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးများမှ ဖြစ်ပေါ်လာသော စိတ်ဖိစီးမှု (Emotional Stress) နှင့် စိုးရိမ်ကြောင့်ကြမှု (Worry) တို့ကိုဆိုလိုခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုရပါက ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော စိုးရိမ်ကြောင့်ကြမှု (Anxiety) လို့ဆိုရပါမယ်။ ဒီ Climate Change Anxiety က ရောဂါလို့သတ်မှတ်လို့မရပဲ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ လက္ခဏာ (Symptom) တစ်ခုလို့ပဲဖြစ်ပေမဲ့ ဒီ Climate Change Anxiety ကြောင့် Post-Traumatic Stress Disorder (PTSD)၊ အိပ်ရေးမဝခြင်း (Sleep Deprivation)၊ Substance Abuse တို့မှတဆင့် ကိုယ်ခန္ဓာကျန်းမာထိခိုက်မှုတွေကိုပါဖြစ်ပေါ်စေနိုင်ပါတယ်။ ထို့အပြင် Nature Journal မှ စစ်တမ်းတစ်ခုအရ ကမ္ဘာပေါ်ရှိ နိုင်ငံ ဆယ်နိုင်ငံမှာ အသက် ၁၆ နှစ် ၂၅ နှစ်အတွင်းရှိတဲ့ လူငယ်များ အယောက်ပေါင်း ၁၀,၀၀၀ ကို စစ်ဆေးကြည့်တဲ့အခါမှာလည်း ရာခိုင်နှုန်းအများစုသည် ရာသီဥတုပြောင်းလဲခြင်းကြောင့် ဒေါသ (Anger)၊ စိတ်ဖိစီးမှု (Distress) နှင့် အခြားသော ဆိုဝါးတဲ့ စိတ်ခံစားချက်များကိုလည်း ခံစားနေကြပါတယ်။ မြန်မာနိုင်ငံရှိ ရန်ကုန်မြို့တော်ကြီး (Yangon City) လည်း နိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်သည့်အလျောက် မြို့ကြီးခြင်း၊ ရေကြီးခြင်း၊ အပှုချိန်မြင့်တက်လာခြင်း၊ လေရေမြေညှစ်ညမ်းခြင်းစတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုများဖြစ်ပေါ်လာရာ မြို့အတွင်းရှိ ပြည်သူများသည် နိုင်ငံရေး စီးပွားရေးကြောင့်အပြင် ရာသီဥတုပြောင်းလဲမှုကြောင့်ပါ စိတ်ဖိစီးမှု‌များ ခံစားနေရတယ်လို့ အဆိုပြုနိုင်ပါတယ်။ ထို့ကြောင့် EHS Myanmar သည် Research Team ရဲ့ ဦးဆောင်မှုဖြင့် ထိုအဆိုပြုချက်အား ပိုမိုလေ့လာနိုင်ရန်အတွက် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး "A Review and Assessment of the Climate Change Anxiety in Yangon" ဆိုသည့် သုတေသနစာတမ်း (Mini-Research Paper) တစ်စောင်အား November 2022 မှစ၍ရေးသားခဲ့ပြီး ယခုဆိုထုတ်ဝေနိုင်ခဲ့ပါတယ်။ သုတေသနစာတမ်းပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်များမှာ (၁) Climate Change နှင့် Anxiety ကြားရှိတဲ့ ဆက်နွယ်မှုအားသိရှိနိုင်ရန် ထုတ်ဝေပြီးသား စာတမ်းများ၊ စစ်တမ်းများကို လေ့လာခြင်း။ (၂) မြန်မာနိုင်ငံအတွင်းရှိတဲ့ Climate Change Anxiety အားဖြစ်ပေါ်စေနိုင်ဆုံးနိုင်ရှိတဲ့ အကြောင်းအရင်းများအား ရွေးချယ်ရှာဖွေခြင်း။ (၃) Study Area (Yangon City) အတွင်းမှာ နေထိုင်လျက်ရှိသော ပြည်သူများ၏ အခြေအနေအားစမ်းစစ်ခြင်း။ (၄) Climate Change Anxiety နဲ့ပတ်သက်တဲ့ ပြဿနာများအားဖြေရှင်းနိုင်ရန် သင့်တော်သော အဖြေများရှာဖွေဖော်ထုတ်ခြင်း။ တို့ဖြစ်ပါတယ်။ သုတေသနစာတမ်းအားဖတ်ရှုနိုင်ရန် MIMU - http://themimu.info/node/125110 EHS Myanmar Website - https://www.ehsmyanmar.org/programs-activities?pgid=kp2ch16l-a0d37765-58f6-4baa-9821-8ffaa8226e1d Academia - https://www.academia.edu/103430702/A_Review_and_Assessment_of_the_Climate_Change_Anxiety_in_Yangon Zenodo - https://zenodo.org/record/8078671 ORCID - https://orcid.org/0009-0006-4231-5221 သုတေသနစာတမ်းနဲ့ပတ်သက်၍ သိရှိလိုပါက ehsresearch.projects@gmail.com သို့မဟုတ် (+95) 9774251662 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ --------------------------------------------------- Are you suffering from emotional distress because of Climate Change? Among many definitions, climate change anxiety, according to Harvard Medical School, can be defined as the emotional stress and worry resulting from perceived or actual threats associated with climate change. In other words, anxiety caused by climate change. Even though climate change anxiety is merely a symptom of climate change and not a disease or disorder by itself, It can still cause Post-Traumatic Stress Disorder (PTSD), sleep deprivation and often leading to physical aliments. By a Nature Journal survey conducted with 16-25 years old 10,000 participants from 10 countries, it is reported that the majority of young people suffer from climate change causing distress, anger and other negative emotions. In the case of Yangon City in Myanmar, as a commercial centre of the country, the city is yearly vulnerable to heatwaves, floods, storms and pollution. Thus, it can be hypothesised that the people of Yangon City, in addition to political and economic problems, are suffering from climate change anxiety.

📝 Are you passionate to work with EHS Myanmar?🌟 ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ 🔹 The Environment, Health and Safety
📝 Are you passionate to work with EHS Myanmar?🌟 ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ 🔹 The Environment, Health and Safety Myanmar (EHS Myanmar) is looking for university students and fresh graduates to hire interns for Operations Programme. 📣 🔹 Application Deadline: July 6, 2023 at 5 pm. 🔹 Submit to: hr.ehsmyanmar@gmail.com 🔹 Reference number: IO-2023-01 🔹 Announcement pdf download here - https://themimu.info/sites/themimu.info/files/jobs/IP-2023-01_Announcement_EHSMyanmar.pdf ----------------------------------------------------------------------- "Gaining knowledge is the first step to wisdom. Sharing it is the first step to humanity." #EHSMyanmar #Internship #OperationsDepartment