fa
Feedback
Dream world Movies Channel(MM Sub)

Dream world Movies Channel(MM Sub)

رفتن به کانال در Telegram

ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است

📈 تحلیل کانال تلگرام Dream world Movies Channel(MM Sub)

کانال Dream world Movies Channel(MM Sub) (@dreamworld2) بازیگری فعال است. در حال حاضر جامعه شامل 44 862 مشترک است و جایگاه را در دسته متفرقه دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 44 862 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 22 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 7 576 و در ۲۴ ساعت گذشته برابر -122 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 4.65% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 3.59% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 2 091 بازدید دریافت می‌کند. در اولین روز معمولاً 1 615 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 1 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 23 سپتامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته متفرقه تبدیل کرده‌اند.

44 862
مشترکین
-12224 ساعت
+10 6647 روز
+7 57630 روز
آرشیو پست ها
𝐀 𝐏𝐫𝐚𝐲𝐞𝐫 𝐁𝐞𝐟𝐨𝐫𝐞 𝐃𝐚𝐰𝐧 (𝟐𝟎𝟏𝟕) ဒီဇာတ်ကားကတော့ တစ်ကယ့်အဖြစ်မှန်ကို ပြန်ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားပါ ထိုင်းနို
𝐀 𝐏𝐫𝐚𝐲𝐞𝐫 𝐁𝐞𝐟𝐨𝐫𝐞 𝐃𝐚𝐰𝐧 (𝟐𝟎𝟏𝟕) ဒီဇာတ်ကားကတော့ တစ်ကယ့်အဖြစ်မှန်ကို ပြန်ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားပါ ထိုင်းနိုင်ငံရဲ့ထောင်တွေထဲမှာရိုက်ကူးထားတာဖြစ်ပါတယ် ထိုင်းထောင်ထဲက အကျဉ်းသားတွေရဲ့ဘဝ ကို သနားစဖွယ်တွေ့မြင်ရမှာပါ။ ဘီလီမိုးဟာဆေးစွဲနေတဲ့ နိုင်ငံခြားသားတစ်ယောက်ပါ ရာမ လို့ခေါ်ကြတဲ့ စိတ်ကြွရူးသွပ်ဆေးပြားကိုအကြီးအကျယ်စွဲလန်းနေတဲ့ လက်ဝှေ့သမားတစ်ယောက်ပါတစ်ရက် ရဲဝင်ဖမ်းရာကနေ ဘီလီမိုးတစ်ယောက် ထိုင်းအကျဉ်းထောင်ထဲကို ရောက်သွားပါတော့တယ်။ အဲ့က်နေစလို့ ထိုင်းစကားတောင်ရေလည်မတက်တဲ့ ဆေးသမား နိုင်ငံခြားသားတစ်ယောက် ထိုင်းထောင်ထဲမှာ ဒုက္ခ အကြီးကျယ်ရောက်ပါတော့တယ် ဆေးသုံးချင်စိတ်ကတစ်မျိုး ထိုင်းလူမိုက်တွေကတစ်မျိုးနဲ့ပေါ့။တစ်ရက် ဘီလီတစ်ယောက် လက်ဝှေ့လေ့ကျင့်ရေးမှာ ဝင်လေ့ကျင့်ခွင့်ရသွားရာကနေ ထိုင်းရိုးရာမွေထိုင်း လက်ဝှေ့ကိုသင်ယူနိုင်ခဲ့ပါတယ်။ ထောင်ထဲက လက်ဝှေ့ပွဲမှာ အနိုင်ယူနိုင်ခဲ့ရာမှ အကြီးကဲတွေရဲ့သဘောကျတာကိုခံရပြီး နိုင်ငံအဆင့်ပွဲပါဝင်ပြိုင်ခွင့်ရခဲ့ပါတယ် ဒါပေမဲ့ ဆေးအလွန်အကျွံသုံးခဲ့တာကြောင့် အစာအိမ်ဒဏ်ရာဖြစ်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ။

Repost from N/a
Salmokji: Whispering Water #720p

Salmokji: Whispering Water (2026) 2003 ခုနှစ်ထွက် A Tale of Two Sisters ရဲ့ ၂၃ နှစ်ကြာ record ကို ကျော်ပြီး ကိုးရီးယားရုပ်ရှင
Salmokji: Whispering Water (2026) 2003 ခုနှစ်ထွက် A Tale of Two Sisters ရဲ့ ၂၃ နှစ်ကြာ record ကို ကျော်ပြီး ကိုးရီးယားရုပ်ရှင် သမိုင်းတစ်လျှောက်မှာ လူကြည့်အများဆုံး Horror ရုပ်ရှင်အဖြစ် စံချိန်တင်သွားတဲ့ ရုံတင်သရဲကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။ နာမည်ကြီး Midnight Horror Story အစီအစဉ်မှာလည်း ထည့်သွင်းဖော်ပြခံရဖူးသလို သရဲခြောက်တဲ့နေရာအဖြစ် နာမည်ကြီးတဲ့ "ဆားလ်မို့ဂျီ ရေလှောင်ကန်"အကြောင်းကို နောက်ခံထား ရိုက်ကူးထားပြီး... Lovely Runner ထဲက မင်းသမီး Kim Hye-Yoon, Knight Flower ထဲက မင်းသား Lee Jong-Won, Good Partner ထဲက မင်းသား Kim Jun-Han, Pyramid Game ထဲက မင်းသမီး Jang Da-A တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ - ဇာတ်လမ်းအကျဉ်း - ထူးဆန်းတဲ့ ကောလာဟလတွေ မပြတ်ထွက်နေပြီး လူသူအပျောက် အရမ်းများတဲ့ ဆားလ်မို့ဂျီ ရေလှောင်ကန်ရဲ့ လမ်းမြင်ကွင်းမှာ ရိုက်ကူးဖူးခြင်းမရှိဘဲ ပေါ်လာတဲ့ ကြက်သီးထဖွယ် ပုံရိပ်တစ်ခု... ဖြစ်ချင်တော့ ရိုက်ကူးရေးတာဝန်ခံ (Kim Jun-Han) ကလည်း ဆားလ်မို့ဂျီကနေ ပြန်ရောက်လာပြီးတဲ့နောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေပြီး... ဒီနေ့အတွင်း လမ်းမြင်ကွင်းကို update လုပ်နိုင်ဖို့အတွက် ပြန်လည် ရိုက်ကူးလာဖို့လည်း မဖြစ်မနေ လိုအပ်နေတာကြောင့် On Road Media ကုမ္ပဏီက ပီဒီ ဟန်ဆူအင်း (Kim Hye-Yoon) ဦးဆောင်တဲ့ ရိုက်ကူးရေးအဖွဲ့က ဆားလ်မို့ဂျီ ရေလှောင်ကန်ဆီ ဦးတည် ထွက်ခွာလာခဲ့ရာ မှောင်မည်းနက်ရှိုင်းတဲ့ ရေအောက်မှာ ပုန်းအောင်းနေတဲ့ တစ်စုံတစ်ရာက သူတို့ကို စောင့်ကြိုနေတဲ့အခါမှာတော့.... လူကို အရမ်း ဖမ်းစားတတ်တယ်ဆိုတဲ့ ရေသရဲရှိနေတဲ့ နေရာကိုမှ ခြေချမိသွားကြတဲ့ ဆူအင်းတို့အဖွဲ့က တကယ်ပဲ ရိုက်ကူးရေးကို ချောချောမွေ့မွေ့ အပြီးသတ်ပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကို အခုပဲ ကြည့်ရှုလိုက်ကြပါဦး။

Repost from N/a
Hurdle (2025) NF WEB-DL 720p

Hurdle (2025) *** IMDb Rating (6.5) ဒီတစ်ခေါက်မှာတော့ Penthouse ထဲက အွန်းဗြောအနေနဲ့ ပရိသတ်ကြီးတို့ ရင်းနှီးပြီးသား မင်းသမီးလေ
Hurdle (2025) *** IMDb Rating (6.5) ဒီတစ်ခေါက်မှာတော့ Penthouse ထဲက အွန်းဗြောအနေနဲ့ ပရိသတ်ကြီးတို့ ရင်းနှီးပြီးသား မင်းသမီးလေး Choi Yebin အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - မိခင် ဆုံးပါးသွားပြီးနောက် ထရပ်ကားမောင်းနှင်တဲ့ ဖခင်ဖြစ်သူနဲ့ နှစ်ဦးတည်း အတူနေထိုင်နေရတဲ့ ချွဲဆောယွန်း (Choi Yebin) ဟာဆိုရင်တော့ ဖြောင်းဟွာမိန်းကလေးအထက်တန်းကျောင်း ပြေးခုန်ပစ်အဖွဲ့က ကစားသမားဖြစ်ပြီး အကျွမ်းကျင်ဆုံး အမျိုးအစားကတော့ မီတာ ၁၀၀ တန်းကျော်ပြေးပွဲပဲ ဖြစ်ပါတယ်။ ဆောယွန်းရဲ့ စံချိန်က အရမ်းကောင်းတာဖြစ်လို့လည်း လက်ရွေးစင်စစ်ဆေးပွဲပြီးတာနဲ့ ခရိုင်ရုံး အားကစားအသင်းမှာ ဝင်ရောက်ကစားရဖို့ သေချာသလောက် ရှိနေသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ ဆောယွန်းရဲ့အဖေက ထရပ်ကားမောင်းနှင်နေစဉ် ဦးနှောက်သွေးယိုစိမ့်မှုကြောင့် ရုတ်တရက် မေ့လဲသွားတဲ့အခါမှာတော့... တစ်ရက် တစ်မနက်တွင်းချင်း ကိုယ့်ရဲ့ တစ်ဦးတည်းသော အုပ်ထိန်းသူဖြစ်တဲ့ ဖခင်ရဲ့ အုပ်ထိန်းသူနေရာကို တာဝန်ယူဖို့ ဖြစ်လာတဲ့ ဆောယွန်းတစ်ယောက် ဘယ်လိုမျိုး ကြံ့ကြံ့ခိုင် ရင်ဆိုင်ဖြတ်သန်းသွားမှာလဲ... အရွယ်မရောက်သေးတဲ့ အသက်အရွယ်မှာ မိသားစုတာဝန်ကို ထမ်းပိုးထားရတဲ့ ကလေးတွေကို လူ့အဖွဲ့အစည်းကနေ လုံလောက်တဲ့ ဖေးမကူညီမှုကို မပေးနိုင်တဲ့အခါ.... သူတို့လေးတွေ ဘယ်လို လမ်းမှားရောက်သွားနိုင်လဲဆိုတာကို အသိပညာပေး မီးမောင်းထိုး  ရိုက်ကူးပြထားတာမို့လို့ လက်မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦး။

Repost from N/a
Bu*rn*ing

Bu*rn*ing (2018) Rating 7.5 ထိ ရရှိထားတဲ့ Drama, Mystery ကားလေးတစ်ကားဖြစ်ပါတယ်ဇာတ်လမ်းအစမှာတော့ လီဂျောင်ဆူနဲ့ ရှင်းဟဲမီဆိုတဲ့
Bu*rn*ing (2018) Rating 7.5 ထိ ရရှိထားတဲ့ Drama, Mystery ကားလေးတစ်ကားဖြစ်ပါတယ်ဇာတ်လမ်းအစမှာတော့ လီဂျောင်ဆူနဲ့ ရှင်းဟဲမီဆိုတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်အမှတ်မထင်ပြန်တွေ့ကြပြီး တယောက်နဲ့တယောက် မသိလိုက်ချိန်မှာပဲ ချစ်သွားခဲ့ကြတယ်အဲ့လိုနဲ့ တရက်ကောင်မလေးက အာဖရိကကို ခရီးသွားရင်း အကိုဘန်ဆိုတဲ့လူနဲ့ သိကျွမ်းလာခဲ့ပြီး အရမ်းရင်းနှီးသွားရင်း ကောင်လေးနဲ့လည်း အသိအကိုဆိုပြီး မိတ်ဆက်ပေးခဲ့တယ် အဲ့လိုနဲ့ အကိုဘန်နဲ့ ကောင်မလေးက ရင်းနှီးလွန်လာပြီး တပူးပူးတတွဲတွဲဖြစ်လာတော့ ကောင်လေးခင်မျာ ပြောလဲမပြောရဲ ခံလဲခံစားရရင်း ကြိတ်ခံနေလာခဲ့တယ်အဲ့လိုနဲ့ အကိုဘန်ဆိုတဲ့လူက ကောင်မလေူတွေနဲ့ ပက်သက်ပြီး သတ်သတ်နေခဲ့တယ်ဆိုတာကို သိသွားတဲ့အချိန်မှာတော့ ရှင်းဟဲမီတယောက်ပျောက်ဆုံးနေခဲ့ပါပြီဒါပေမယ့်လည်း မသေချာသေးတာမို့ ကောင်လေးက ကြိတ်ခံစားရင်း လိုက်လဲရှာ စုံစမ်းရင်း သေမတတ်ခံစားပြီး လျှောက်သွားနေခဲ့ပါတယ် နောက်ဆုံးမှာတော့ ကောင်လေးက ကောင်မလေးကို ရှာတွေ့သွားမှာလား ဒါမှမဟုတ် တကယ်ပဲ အကိုဘန်က ကောင်မလေးကို သတ်လိုက်တာလား ကောင်လေးကရော ဘာတွေဆက်လုပ်မှာလဲဆိုတဲ့ ဆန်းကြယ်လှပြီး စိတ်ဝင်စားစရာဇာတ်လမ်းလေးကို  ကြည့်လိုက်ရအောင်နော်

The Favor (2025) ဒီတစ်ခေါက်မှာတော့ Song Ji-Hyo, Sky Castle ထဲက Kim Byung-Chul နဲ့ The Glory ထဲက Kim Hieora တို့ အဓိက ပါဝင်သရု
The Favor (2025) ဒီတစ်ခေါက်မှာတော့ Song Ji-Hyo, Sky Castle ထဲက Kim Byung-Chul နဲ့ The Glory ထဲက Kim Hieora တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ယောင်းဘုမ်း (Kim Byong-Chul) နဲ့ ဆွန်းဟီး (Song Ji-Hyo) တို့ ဇနီးမောင်နှံဟာ ကားတိုက်မှုကြောင့် အောက်ပိုင်းသေသွားတဲ့ သားဖြစ်သူ ဂျုံဟွန်းရဲ့ ကျန်းမာရေးအတွက် အိုဘို့ရီရွာလေးဆီ ပြောင်းရွှေ့လာခဲ့ကြပါတယ်။ အဲဒီရွာမှာ ထူးဆန်းတဲ့ အဘိုးအိုတစ်ယောက်နဲ့ တွေ့ဆုံပြီးနောက်မှာတော့ လမ်းမလျှောက်နိုင်ခဲ့တဲ့ ဂျုံဟွန်းတစ်ယောက် ပြန်ပြီး လမ်းလျှောက်လာနိုင်တဲ့ အံ့ဖွယ်ဖြစ်ရပ်လေး ဖြစ်ပျက်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ချွန်းဆော (Kim Hieora) ဆိုတဲ့ အမျိုးသမီးဟာ အိုဘို့ရီရွာမှာပဲ သားဖြစ်သူ မင်ဂျယ်ကို တစ်ယောက်တည်း ပျိုးထောင်နေသူပါ။ တစ်နေ့မှာ မင်ဂျယ်က ရုတ်တရက်ကြီး လမ်းမလျှောက်နိုင်တော့ဘဲ ဖြစ်သွားပြီး ဒီကံဆိုးမှုက ဂျုံဟွန်းရဲ့ အံ့ဖွယ်ဖြစ်ရပ်နဲ့ ဆက်စပ်နေကြောင်း ချွန်းဆော ရိပ်မိသွားတဲ့အခါမှာတော့... ယောင်းဘုမ်းတို့ မိသားစုကပဲ သူတို့ဆီမှာ ဖြစ်ပျက်လာတဲ့ အံ့ဖွယ်ဖြစ်ရပ်လေးကို အဆုံးထိ ကာကွယ်သွားနိုင်မှာလား...ချွန်းဆောကပဲ သားလေးရဲ့ ဆုံးရှုံးနစ်နာသွားရတဲ့ ဘဝအတွက် ပြန်လည်အလျော်တောင်းယူနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက် ကြည့်ရှုလိုက်ကြပါဦးနော်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld654 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld6543/199

Repost from N/a
My Little Baby, Jaya

သူဌေးသားတွေ ဝိုင်းအဓမ္မကျင့်ခံရပြီး သေသွားတဲ့ သမီးအတွက် လက်စားချေမဲ့ မသန်စွမ်းဖခင် မသန်စွမ်း ဖခင် နဲ့ သမီးလေး "ဂျာရာ" တို့ အထ
သူဌေးသားတွေ ဝိုင်းအဓမ္မကျင့်ခံရပြီး သေသွားတဲ့ သမီးအတွက် လက်စားချေမဲ့ မသန်စွမ်းဖခင် မသန်စွမ်း ဖခင် နဲ့ သမီးလေး "ဂျာရာ" တို့  အထက်တန်းကျောင်းတက်ဖို့ ဆိုးလ်မြို့ကိုပြောင်းလာကြပါတယ် ဒီမှာပဲ ဆင်းရဲသူလေး "ဂျာရာ" တစ်ယောက်ဟာ သူဌေးသားကျောင်းသားတွေရဲ့ မတရားကျင့်ခြင်းကို ခံ့ခဲ့ရပြီး လောကကြီးကို မသန်စွမ်းဖခင်တစ်ယောက်နဲ့ ဘယ်လိုရင်ဆိုင်မလဲ မသန်စွမ်းဖခင်တစ်ယောက်ရဲ့ သန်စွမ်းမှုတွေကိုရောဘယ်လောက်ထိရှုမြင်ရမလဲဆိုတာ ရင်ထဲမှာ နင့်နေအောင် ခံစားရင်း ကြည့်ရှုရမှာပါ

Repost from N/a
Obsessed (2014)🔞

Obsessed (2014)🔞 ဂျွန်စောလို့ လူသိများတဲ့ မင်းသား Song Seung-heon ကိုခုလို ကြာကူလီဆန်ဆန် အရူးအမူးအချစ်သမားအဖြစ် မြင်ရတာ တစ်မ
Obsessed (2014)🔞 ဂျွန်စောလို့ လူသိများတဲ့ မင်းသား Song Seung-heon ကိုခုလို ကြာကူလီဆန်ဆန် အရူးအမူးအချစ်သမားအဖြစ် မြင်ရတာ တစ်မျိုးတော့ ထူးခြားပါတယ်… မင်းသမီး Lim Ji-yeon ကလဲ အေးတိအေးစက် မထုံတတ်သေးနဲ့ Erotic ဆန်တဲ့ ဇာတ်ရုပ်ကို ချပြရာမှာသူ့ရဲ့ ပထမဆုံး Leading Role ဇာတ်ကားဖြစ်ခဲ့ပေမယ့် ပေါ်ပေါ်ထင်ထင်ပဲ ရိုက်ကူးထားပါတယ်…ထူးခြားတဲ့ တွဲဆက်မှုတွေနဲ့ ဒီကိုရီးယားဇာတ်ကားက ဖောက်ပြားတတ်တဲ့ လူ့သဘောကို အချစ်ဆိုတဲ့ ခေါင်းစဉ်တပ်ထားပါတယ်။

Repost from N/a
Pi-p-p-a (2023)

Pi-p-p-a (2023) ဒီဇာတ်လမ်းဟာ ၁၉၇၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ "Battle of Garibpur" ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ Capt
Pi-p-p-a (2023) ဒီဇာတ်လမ်းဟာ ၁၉၇၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ "Battle of Garibpur" ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ Captain Balram Singh Mehta (Ishaan Khatter) နဲ့ သူ့ရဲ့ မောင်နှမ ၃ ယောက်တို့ဟာ တိုင်းပြည်အတွက် တစ်ဖက်တစ်လမ်းစီကနေ ဘယ်လိုတာဝန်ကျေခဲ့ကြသလဲဆိုတာကို တွေ့ရမှာပါ။ ဇာတ်ကားနာမည် "Pippa" ဆိုတာကတော့ ရေပေါ်မှာ ပေါ့ပေါ့ပါးပါး မျောနိုင်တဲ့ ရုရှားလုပ် PT-76 သံချပ်ကာကားရဲ့ နာမည်ပြောင်ဖြစ်ပါတယ်။ သာမန်စစ်ကားတွေနဲ့မတူဘဲ မိသားစုသံယောဇဉ်၊ ညီအစ်ကိုနှစ်ယောက်ကြားက အားပြိုင်မှုနဲ့ စစ်ပွဲရဲ့ ရလဒ်တွေကိုပါ ရင်နင့်စရာ မြင်တွေ့ရမှာပါ။ AR Rahman ရဲ့ ဂီတနဲ့အတူ စစ်မြေပြင်က ရိုက်ချက်တွေက တကယ့်ကို အသက်ဝင်လှပါတယ်။ စစ်ကားကြိုက်တဲ့သူတွေတင်မကဘဲ ဖြစ်ရပ်မှန်ဇာတ်လမ်းကောင်းတွေကိုမှ ကြိုက်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားပါ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/273

Repost from N/a
S-a-c-c-h-a-r-i-n-e (2026) အလှအပရဲ့ ဘေးထွက်ဆိုးကျိုး 🔥🔥

အလှအပရဲ့ ဘေးထွက်ဆိုးကျိုး [ ၂၀၂၆ ] 🔥🔥 IMDb Rating (6.0) / Rotten Tomatoes (70%) ဟာနာဟာ အဆင်မပြေတဲ့မိဘနှစ်ပါး၊ သူ့ရဲ့ခန္ဓာကိ
အလှအပရဲ့ ဘေးထွက်ဆိုးကျိုး [ ၂၀၂၆ ] 🔥🔥 IMDb Rating (6.0) / Rotten Tomatoes (70%) ဟာနာဟာ အဆင်မပြေတဲ့မိဘနှစ်ပါး၊ သူ့ရဲ့ခန္ဓာကိုယ်အလေးချိန်၊ အစရှိတာတွေအတွက်အမြဲစိတ်သောကရောက် စိတ်ဒဏ်ရာရနေတဲ့ ဆေးကျောင်းသူလေးတစ်ယောက်ပါ။ ဒါပေမယ့် အထက်တန်းကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်နဲ့ပြန်ဆုံချိန်မှာတော့ ကျောင်းတုန်းက သူနဲ့အတူတူ၀ခဲ့ဖူးပေမယ့်အခုချိန်မှာ ကိုယ်ရေစစ်လှပနေတဲ့ သူငယ်ချင်းက သူ့လျှို့ဝှက်ချက်ကိုပြောပြခဲ့ပါတယ်။ အဲ့ဒါကတော့ ဝိတ်ချဆေးတစ်မျိုးဖြစ်ပြီး အဲ့ဒီဆေးကိုဓာတ်ခွဲစမ်းသပ်ကြည့်လိုက်တော့ လူ့အရိုးပြာတွေ ပါနေတာကို သိလိုက်ရပါတယ်။ ဒါပေမယ့် ဝိတ်ကျလိုစိတ်ပြင်းပြနေတဲ့ ဟာနာကတော့ သူတို့ပညာသင်ယူနေတဲ့အလောင်းတွေထဲကတစ်ခုရဲ့အစိတ်အပိုင်းတစ်ခုကိုပြာချပြီး စားခဲ့မိပါတယ်။ တကယ်လည်း အံ့ဩစရာကောင်းလိုက်အောင် ဝိတ်ကျလာခဲ့ပေမယ့် အဲ့ဒီပြာပိုင်ရှင်ရဲ့ တစ္ဆေက သူ့နောက်ကထပ်ချပ်မကွာလိုက်နေပြီး သူစားချင်သောက်ချင်တာတွေကိုဟာနားကို မှီတွယ်စားသုံးရင်းကနေ မစားပဲနေလိုက်ရင် လူကိုပါ ရန်ရှာတဲ့အထိဖြစ်လာချိန်မှာတော့..။ ဝိတ်ကျဆေးတွေခေတ်စားနေတဲ့ ကာလမှာ စိတ်ကူးကောင်းကောင်း၊ အမြင်သစ် ရှုထောင့်တစ်မျိုးကနေကွဲထွက်လာတဲ့ ဟော်ရာ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အထူးသဖြင့် တစ်ကားလုံးကိုအဓိကသရုပ်ဆောင်ဖြစ်တဲ့ Midori Francis က သူ့ရဲ့ထူးခြားပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့ဆွဲခေါ်နိုင်ခဲ့ပြီး ဇာတ်ညွှန်းရဲ့အားနည်းချက်တစ်ချို့ကိုပါအပြည့်အ၀ဖုံးကွယ်ပေးနိုင်ခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေလည်း နှစ်သက်သဘောကျကြပြီး Sundance ရုပ်ရှင်ပွဲတော် ရဲ့ Midnight အစီအစဉ်မှာ ပွဲဦးထွက်ပြသခွင့် ရရှိခဲ့သလို၊ဘာလင်ရုပ်ရှင်ပွဲတော်ရဲ့ Teddy Award ဆုပေးပွဲမှာ ဒါရိုက်တာ Natalie Erika James က "အကောင်းဆုံး ရုပ်ရှင်ဆု" (Best Feature Film) အဖြစ် ဆုစကာတင် ရွေးချယ်ခံခဲ့ရပါတယ်။ ရွံရှာစရာ၊ခြောက်ခြားစရာ ပြကွက်တစ်ချို့နဲ့ဝတ်လစ်စလစ်ဇာတ်ဝင်ခန်းတစ်ချို့ကြောင့်မိသားစုနဲ့ကြည့်ဖို့အဆင်မပြေပါ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/271

Repost from N/a
ပျောက်ဆုံးနေသော မိမိ (消失的我) I'm G*o*n*e 20*26

ပျောက်ဆုံးနေသော မိမိ (消失的我) I'm G*o*n*e 20*26 ပျောက်ဆုံးနေသော မိမိ (消失的我) I'm Gone 2026 Movie 👁️🪞 "ကားအက်စီးဒင့်တစ်ခုအပြီးမ
ပျောက်ဆုံးနေသော မိမိ (消失的我) I'm G*o*n*e 20*26 ပျောက်ဆုံးနေသော မိမိ (消失的我) I'm Gone 2026 Movie 👁️🪞 "ကားအက်စီးဒင့်တစ်ခုအပြီးမှာ အတိတ်တွေအားလုံး ပျောက်ဆုံးသွားခဲ့တဲ့ မိန်းကလေး......" ဒီတစ်ခါတကယ့်ကို စိတ္တဇဆန်ဆန် ဦးနှောက်ခြောက်စေမယ့် Suspense / Mystery ရုပ်ရှင်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်နော် ဇာတ်လမ်းက "ငါ ဘယ်သူလဲ" ဆိုတဲ့ လျှို့ဝှက်ချက်ကို မှန်တစ်ချပ် အခန်းမှောင်တစ်ခန်းနဲ့ ထိန့်လန့်စရာ ပုံဖော်ထားတာပါ ဇာတ်လမ်းအကျဉ်း 📝 ပြင်းထန်လှတဲ့ ကားမတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် အမျိုးသမီးလေး Xu Meng ဟာ သူမရဲ့ အတိတ်အမှတ်တရတွေအားလုံး ပျောက်ဆုံးပြီး အတိတ်မေ့သွားခဲ့ရပါတယ် အဲဒီလို အားကိုးရာမဲ့နေတဲ့ အချိန်မှာပဲ ရုပ်ရည်ရော ငွေကြေးပါ ပြည့်စုံလှတဲ့ ယောက်ျား Qin Shibin နဲ့ ဆုံတွေ့ခဲ့ပြီး သူမဟာ Qin Shibin အပေါ် အသက်ထက်မက သံယောဇဉ်တွယ်ကာ ချစ်မိသွားခဲ့ပါတော့တယ် သူတို့နှစ်ယောက်ဟာ တစ်အိမ်တည်းမှာ အတူတူ နေထိုင်ခဲ့ကြပြီး အစပိုင်းမှာတော့ အရာရာဟာ စိတ်ကူးယဉ်အိပ်မက်တစ်ခုလို သာယာလို့နေခဲ့ပါတယ် ဒါပေမဲ့ တစ်နေ့မှာတော့ Xu Meng ဟာ အိမ်ထဲက လူမသိသူမသိ ပိတ်ထားတဲ့ လျှို့ဝှက်ခန်း တစ်ခုကို မထင်မှတ်ဘဲ ရှာဖွေတွေ့ရှိသွားခဲ့ပါတယ် အဲဒီအခန်းထဲကို ဝင်သွားတဲ့အချိန်မှာတော့ သူမကို တုန်လှုပ်ခြောက်ခြားသွားစေတာက အခန်းထဲမှာ ပုပ်ပွနေတဲ့ အမျိုးသမီး အလောင်းတစ်လောင်းရှိနေတာပါပဲ ပိုပြီး ထိတ်လန့်စရာကောင်းတာက အဲဒီအလောင်းကို တွေ့ပြီးနောက် မှန်ထဲကို ပြန်ကြည့်လိုက်တဲ့အခါမှာ မှန်ထဲက မြင်နေရတဲ့ မိမိကိုယ်တိုင်ရဲ့ မျက်နှာဟာ Xu Meng ရုပ်ရည်မဟုတ်တော့ဘဲ အခန်းမှောင်ထဲက သေဆုံးနေတဲ့ ထိုအမျိုးသမီး ရဲ့ မျက်နှာအဖြစ် ပြောင်းလဲသွားတာကို ကြောက်မက်ဖွယ် တွေ့လိုက်ရတဲ့အခါမှာတော့ အမှန်တရားကို လိုက်လံစုံစမ်းပါတော့တယ် ဒါပေမဲ့ အမှန်တရားရဲ့ နောက်ကွယ်ကို လိုက်လေလေ ဒီမျက်နှာပြောင်းလဲမှုနဲ့ ယောက်ျားဖြစ်သူ Qin Shibin ရဲ့ နောက်ကွယ်မှာ သာမန်လူတွေ တွေးလို့မရနိုင်လောက်အောင် နက်ရှိုင်းပြီး ကြောက်စရာကောင်းတဲ့ ကစားပွဲကြီးရှိနေမှန်း သိလိုက်ရတဲ့အခါ... ဒီရုပ်ရှင်လေးက အိပ်မက်လား တကယ်လား ခွဲမရအောင် ဇာတ်ကောင်ကိုရော ကြည့်ရှုသူကိုပါ စိတ္တဇဝင်္ကပါထဲ ပိတ်လှောင်ထားတဲ့ Plot မျိုးဖြစ်ပြီးဇာတ်လမ်းရဲ့ အဓိက ဆွဲဆောင်မှုက မှန်ထဲက မျက်နှာက ဘာလို့ သူများမျက်နှာ ဖြစ်နေရတာလဲ အခန်းမှောင်ထဲက အလောင်းကကော ဘယ်သူလဲ ဆိုတဲ့ မေးခွန်းတွေနဲ့ ဇာတ်ရှိန်ကို တောက်လျှောက် ဆွဲတင်ထားတာမို့ စိတ်၀င်စားစရာအရမ်းကောင်းနေမှာပါ ကဲ မှန်တစ်ချပ်ရဲ့ နောက်ကွယ်မှာ ပျောက်ဆုံးသွားတဲ့ သစ္စာတရားကို SoulKingdom မှာ အခုပဲ ရှုစားလိုက်ရအောင် ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/269

" PK " (2014) " PK " (2014) IMDB 8.1 ဒီရုပ်ရှင်ကတော့ Aamir Khan ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်ခဲ့သလို ၂၀၁၄ ခုနှစ်အတ
" PK " (2014) " PK " (2014) IMDB 8.1 ဒီရုပ်ရှင်ကတော့ Aamir Khan ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်ခဲ့သလို ၂၀၁၄ ခုနှစ်အတွက် အိန္ဒိယရုံတင်ဝင်ငွေ သန်း ၈၅၀ ကျော်နဲ့ ကမ္ဘာတစ်ဝှမ်းလုံးမှာ ၁.၂ ဘီလီယံအထိတောင် ပေါက်သွားခဲ့တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း... ဒီ ဇာတ်လမ်းက အကျဉ်းရေးဖို့မလိုလောက်အောင်လူသိများတဲ့ရုပ်ရှင်ဖြစ်သလို ဘာသာရေးနဲ့ဆက်နွယ်ပြီး နိုင်ငံတကာမှာ ပွဲတွေအများကြီးဖြစ်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့တာပါ။ ဘာသာရေးကို သရော်ပြီးရိုက်ထားတဲ့ကားဖြစ်သလို ဘာသာပေါင်းများစွာ ယုံကြည်ကိုးကွယ်မှုပေါင်းများစွာရှိတဲ့ အိန္ဒိယနိုင်ငံမျိုးကမှ ဒီလိုရုပ်ရှင်မျိုးထွက်ပေါ်လာခဲ့တာမို့ တော်တော်လေးကို Shock ရစရာဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းလေးက ရိုးရိုးလေးပါ တစ်ခြားကမ္ဘာကရောက်ရှိလာတဲ့ ဂြိုလ်သားတစ်ယောက်ဟာ သူယာဉ်ကိုပြန်ခေါ်တဲ့ပစ္စည်းလေးကို ခိုးခံခဲ့ရပြီး အဲ့ဒီ္ပစ္စည်းလေးကို လိုက်ရှာရာကနေ ဇာတ်လမ်းတွေ တွေးစရာတွေ ငြင်းခုံစရာတွေဖြစ်လာတော့တာပါပဲ... ဇာတ်လမ်းကောင်းမွန်လှတဲ့ ဒီကားလေးကို မသိတဲ့လူမရှိမှာမို့ ရုပ်ရှင်ကို ပြန်လည်ခံစားစီးမျောလိုက်ကြရအောင်ပါ။ ချန်နယ်လင့်🔽🔽🔽 https://t.me/htoohtet1986 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/htoohtet1986/1939

Repost from N/a
" Fateh " (2025) 1080p