သီဟဝဏ္ဏ
رفتن به کانال در Telegram
نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
7 904
مشترکین
-1224 ساعت
-827 روز
+27830 روز
آرشیو پست ها
7 902
🎈အတွေးက ဖန်တီးတဲ့ ငရဲ
မဖြစ်သေးတာကို ကြိုပူတယ်။
ဖြစ်ပြီးတာကို ပြန်တွေးပြီး နာကျင်တယ်။
သူများစကားကို တွေးပြီး စိတ်ဆင်းရဲတယ်။
သူများအမြင်ကို တွေးပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တယ်။
တကယ်တော့ တချို့ဒုက္ခတွေဟာ
အပြင်လောကမှာ မရှိသေးဘူး။
ကိုယ့်စိတ်ထဲမှာ ဖြစ်နေတာ။
အဖြစ်အပျက်က တစ်ခါပဲ။
ပြန်တွေးနေတာက အကြိမ်ကြိမ်။
ဒီလိုနဲ့ ဒုက္ခတစ်ခုကို ကိုယ့်အတွေးနဲ့ကိုယ်
အဆပေါင်းများစွာ တိုးပွားစေတယ်။
ငရဲဆိုတာ မီးပူလောင်နေတဲ့နေရာ
တစ်ခုတည်း မဟုတ်ဘူး။
စိတ်ထဲမှာ ဒေါသ၊ သောက
ပူလောင်မှုတွေ မငြိမ်းနိုင်ရင်
ကိုယ်နေနေတဲ့နေရာမှာပဲ ငရဲဖြစ်နေနိုင်တယ်။
အဖြစ်အပျက်ကို အမြဲတမ်း
မထိန်းချုပ်နိုင်ပေမဲ့
အဲဒီအဖြစ်အပျက်ကြောင့်
ကိုယ့်စိတ်ကို ထပ်ခါထပ်ခါ
ညှဉ်းဆဲမနေဖို့တော့
တရားအသိနဲ့ ကြိုးစားနိုင်ပါတယ်။
ဓမ္မဒူတ
ဒေါက်တာအရှင်ပညိဿရ
7 902
မင်္ဂလာနံနက်ခင်းလေးပါ။
မြန်မာပြည်သူပြည်သားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ
ကမ္ဘာသူ ကမ္ဘာသားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ
၃၁ ဘုံအတွင်း၌ ရှိကြကုန်သော
ဝေနေယျသတ္တဝါအားလုံး ကျန်းမာကြပါစေ
ချမ်းသာကြပါစေ ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ
စကြာဝဠာအနန္တ၌ရှိကြကုန်သော လူ နတ် ဗြဟ္မာ
သတ္တဝါအားလုံး ကျန်းမာကြပါစေချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ
7 902
+9
AA+PDF ၂၈ ဦး လက်နက် ၁၀ လက် ဖြင့်အလင်းဝင်
===========================
၂၈-၁၀-၂၀၂၆ ရက်နေ့ယနေ့ အနောက်တောင်တိုင်းစစ်ဌာနချုပ် တွင် AA တပ်ဖွဲ့ဝင် ၁၅ ဦး၊ PDF ၁ ဦး PDF ၁၂ ဦး၊ စုစုပေါင်း ၂၈ ဦးသည် လက်နက် ၁၀ လက်၊ ကျည်အိမ် ၁၁ ခု၊ကျည် ၁၉၁ တောင့်၊နင်းမိုင်း ၁ လုံးနှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး အလင်းဝင်ရောက်လာတဲ့ လူငယ်များအား ဆုကြေးငွေများပေးအပ်ကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့။
နောက်ထပ်အလင်းဝင်လိုတဲ့ ညီငယ်/ညီမငယ်များ အောက်ပါ Telegram Link တွင် ဆက်သွယ်နိုင်ပါတယ်..... 👇👇
Tele Link >> @hminewai1980
မှိုင်းဝေ
7 902
+8
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
7 902
+3
အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ
အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထရက်ဆာ ပရဲညို လာဇရို ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘာ ၂၈ ရက်မှာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုခရီးစဉ် လာရောက်ခဲ့ပါတယ်။
ခရီးစဉ်အတွင်း တောင်ကြီးမြို့မှာ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်နေမှုကို သွားရောက်လေ့လာခဲ့ပြီး ညပိုင်းမှာတော့ နေပြည်တော်ကို ရောက်ရှိခဲ့ပါတယ်။
မှိုင်းဝေ
7 902
ဖလမ်းမြို့မှာ ချင်းနှစ်သစ်ကူးပွဲတော်ကို ၁၂ ရက်ကြာ ပြန်လည်ကျင်းပမည်
ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ မကျင်းပဖြစ်တာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ချင်းနှစ်သစ်ကူးပွဲတော်ကို လာမယ့် နိုဝင်ဘာ ၂ ရက်ကနေ ၁၄ ရက်အထိ ပြန်လည်ကျင်းပသွားမယ်လို့ သိရပါတယ်။
ပွဲတော်မှာ ရိုးရာဝတ်စုံဖက်ရှင်ပြိုင်ပွဲ၊ ရိုးရာအကပြိုင်ပွဲ၊ ချင်းစာပေဉာဏ်စမ်းပြိုင်ပွဲတွေအပြင် ဘောလုံး၊ ဘော်လီဘော၊ တင်းနစ်နဲ့ Cane Ball အပါအဝင် အားကစားပြိုင်ပွဲတွေလည်း ထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်။
အားကစားပြိုင်ပွဲတွေကို Hrang Thio ဘောလုံးကွင်းမှာ ကျင်းပမှာဖြစ်ပြီး ပွဲတော်အခမ်းအနားကိုတော့ Cinmual ဘောလုံးကွင်းမှာ ပြုလုပ်သွားမှာဖြစ်သလို ဖလမ်းဒေသအတွင်းက မြို့နဲ့ကျေးရွာတွေမှာ နေထိုင်သူအားလုံး ပါဝင်ဆင်နွှဲနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ ၂၀၂၁ ခုနှစ်နောက်ပိုင်း မကျင်းပနိုင်ခဲ့တဲ့ ချင်းနှစ်သစ်ကူးပွဲတော်ကို အခုလို ပြန်လည်ကျင်းပနိုင်တာဟာ ရိုးရာယဉ်ကျေးမှုတွေ ပြန်လည်ဖော်ထုတ်ပြီး ဒေသခံတွေ အတူတကွ ပါဝင်ဆင်နွှဲနိုင်မယ့် အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်…
အေးချမ်းခြင်းရဲ့အနှစ်သာရ အသီးအပွင့်တွေကို ပြည်သူတွေပြည်လည်ခံစားရပါပြီ..😊😊😊
မှိုင်းဝေ
7 902
+3
နိုင်ငံ့သမိုင်းတွင် မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ မှာကြား
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
နိုင်ငံတကာနှင့် မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းတွင် ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ ဖြစ်စဉ်များကို လေ့လာကြည့်ပါက နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ပိုမိုဖော်ဆောင်ပေးနိုင်သည့် အစိုးရအဖွဲ့များသည် မဲဆန္ဒရှင်ပြည်သူများ၏ ထောက်ခံအားပေးမှုကို ရရှိကြပြီး သမိုင်းကြောင်းတွင်လည်း နာမည်ကောင်းဖြင့် မှတ်တမ်းကျန်ရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ထို့ပြင် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတကာနှင့် ပြည်တွင်း၌ ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များမှ သင်ခန်းစာယူကာ တိုင်းပြည်သာယာဝပြောရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်၍ အစဉ်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရန်ထည့်သွင်းမှာကြားခဲ့သည်။
PPIB
7 902
သရုပ်ဆောင်ကျော်မိုးထွန်းက နျူလက်နက်ဖျက်သိမ်းရေးဆိုမူကြမ်းတင်သွင်း..
မြောက်ကိုရီးယားအပါအဝင်
အမေရိကန်
ရုရှား
တရုတ်
အိန္ဒိယနိုင်ငံများအနေဖြင့် နျူလက်နက်များအမြန်ဆုံးဖျက်သိမ်းရန်နှင့် ဖျက်သိမ်းရန်ပျက်ကွက်ပါက ခွက်လက်နက်စမ်းတွေနဲ့တိုက်ခိုက်မည်ဟု ထပ်မံခြိမ်းခြောက်သွားကြောင်း ကုလမှအမည်မဖော်လိုသူတစ်ဦးက လျို့ဝှက်ပြီးသတင်းပေးသွားပါတယ်..
ဒီအတိုင်းဆိုရင်တော့ နျူလက်နက်ပိုင်တဲ့နိုင်ငံတွေတော့မလွယ်တော့ဘူး...😂😂😂😂
သိပ်ကြောက်ဖို့ကောင်းသွားပြီ
မှိုင်းဝေ
7 902
+5
မြန်မာ-ရုရှား နှစ်နိုင်ငံ သတ္တုတူးဖော်ရေးကဏ္ဍတွင် အဆင့်မြင့်နည်းပညာနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
သတ္တုတူးဖော်ထုတ်လုပ်မှုမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည်အထိ ပူးပေါင်းဆောင်ရွက်ရေး ဦးတည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ရုရှားနိုင်ငံအခြေစိုက် Areal Group of Companies ၏ အကြီးအကဲ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ၏ စီးပွားရေးဖွံဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည့် သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အဆင့်မြင့်နည်းပညာများနှင့် ပညာတတ်လူသားအရင်းအမြစ်များကို အသုံးပြုကာ သတ္တုစတင်တူးဖော်ထုတ်လုပ်ခြင်းမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများကို နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
PPIB
7 902
+3
KIA ဘောမကို ဖားကန့်မှာရှိတဲ့ ရေမဆေးသမားတွေက ဝိုင်းပြီးဆဲနေကြတာ...
ပြည်သူတွေကတော့ ဘယ်သူကဘာလဲဆိုတာ သိနေကြပြီ..
7 902
Repost from မှိုင်းဝေ
ဗန်းမော်တိုက်ပွဲမှာ ဟိုပင် KPDF တွေဟာ ရှေ့ဆုံးကနေ အသက်စွန့်တိုက်ခိုက်နေရတာကြောင့် အထိအခိုက်၊ အကျအဆုံးနဲ့ ပျောက်ဆုံးမှုတွေ များပြားလာနေပြီး ဒဏ်ရာရသူတွေအတွက် ကုသဖို့ ဆေးဝါးတွေပါ ပြတ်လပ်နေတယ်လို့ သိရတယ်။
ရှေ့တန်းမှာ အသက်နဲ့ရင်းပြီး တိုက်ခိုက်နေရတဲ့သူတွေ အခုလိုအခြေအနေမျိုး ကြုံနေရတာဆိုတော့ KIA အဖွဲ့က PDF တွေကို ထိုးကျွေးရုံသက်သက်ပဲလား ။
KIA အဖွဲ့အတွက် ရှေ့တန်းကနေ အသက်စွန့်တိုက်ခိုက်ပေးနေရပေမဲ့ တကယ်တမ်း ဒဏ်ရာရပြီး ဆေးဝါးလိုအပ်လာတဲ့အချိန်မှာတော့ KIA ဘက်က လုံလောက်တဲ့ ထောက်ပံ့ကူညီမှု မပေးဘူးဆိုတဲ့အပေါ် ဟိုပင် KPDF တွေအကြား မကျေနပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့လည်း သတင်းပေးတွေရဲ့ပြောကြားချက်အရသိရတယ်။
တိုက်ပွဲဖြစ်တဲ့အချိန်ကျတော့ ရှေ့ဆုံးကနေ တိုက်ခိုင်းပြီး ဒဏ်ရာရလာတဲ့အချိန်မှာ လိုအပ်တဲ့ ဆေးဝါးနဲ့ ကုသမှုတွေတောင်မရဘူးဆိုရင် KIA အဖွဲ့အနေနဲ့ ဟိုပင် KPDF တွေရဲ့ အသက်ကို ဘယ်လောက်အထိ တန်ဖိုးထားကြသလဲဆိုတာ ပိုပြီးတော့တောင်ပေါ်လွင်နေတယ်..
အခုလို အကျအဆုံးတွေ များပြားလာတဲ့အပြင် ဆေးဝါးပြတ်လပ်မှုနဲ့ပါ ရင်ဆိုင်နေရတာကြောင့် ဟိုပင် KPDF တွေဟာ စိတ်ဓာတ်ကျဆင်းမှုတွေဖြစ်ပေါ်လာပြီး တိုက်ပွဲကနေထွက်ပြေးနေကြတယ်လို့ သိရတယ်။ ထွက်ပြေးမယ်ဆိုရင် ထွက်ပြေးသင့်တဲ့အခြေအနေပါ…
ဒါတင်မကသေးဘူး ဟိုပင် KPDF တွေဟာ KIA အတွက် ရှေ့တန်းမှာ အသက်စွန့်တိုက်ခိုက်ပေးနေရပေမယ့် ဆေးကုသမှုခံယူကြတဲ့အချိန်မှာတောင် KIA နဲ့ PDF ဆိုပြီးခွဲခြားကုသပေးနေတာ…
ဒါကိုကြည့်ခြင်းအားဖြင့် ရှေ့တန်းမှာ ကျဆုံးသွား kpdf တွေနဲ့ ဒဏ်ရာရနေသူတွေအတွက် KIA ရဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုတာကလည်း ခွဲခြားခွဲခြားပါပဲ။
ဒီလောက်ဆိုရင် ဟိုပင် KPDF တွေအနေနဲ့ KIA ရဲ့ သဘောထားကိုသဘောပေါက်လောက်ရောပေါ့..
မှိုင်းဝေ
7 902
Repost from မှိုင်းဝေ
အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ဖိလစ်ပိုင်ဖိတ်ကြားမှုကို မြန်မာအစိုးရငြင်းပယ်
အောက်တိုဘာလ ၂၇ ရက်နှင့် ၂၈ ရက် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ ပြုလုပ်တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM) ကို ဖိလစ်ပိုင်နိုင်ငံက ဖိတ်ကြားခဲ့ပေမယ့် မြန်မာအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အစည်းအဝေးတက်ရောက်ရန် ငြင်းဆန်ခဲ့ကြောင်း သိရှိရပါတယ်။
အဲ့ဒီအစည်းအဝေးကို ယခင်ဥက္ကဋ္ဌလုပ်တဲ့နိုင်ငံများက နစကအစိုးရကို ၃ နှစ်ဆက်တိုက် မဖိတ်ကြားခဲ့ပေမဲ့ ယခုနှစ်မှာတော့ အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်က မြန်မာအစိုးရသစ်ကို ဖိတ်ကြားခဲ့ ပေမယ့် မြန်မာဘက်က အစည်းအဝေးကို ကာကွယ်ရေးဝန်ကြီးကိုယ်တိုင် မတက်ရောက်ဘဲ သူ့ကိုယ်စား မနီလာမှာရှိတဲ့ မြန်မာစစ်သံမှုးကိုပဲ တက်ရောက် စေခဲ့ပါတယ်။။
မြန်မာကာကွယ်ရေးဝန်ကြီးမတက်ရောက်ရတဲ့အကြောင်းရင်းကတော့ ဒီအစည်းအဝေးအပြီး ပူးတွဲကြေညာချက်ထုတ်ပြန်မယ့် မူကြမ်းမှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အသုံးအနှုန်းနဲ့ ကာကွယ်ရေးနဲ့မဆိုင်ဘဲ နိုင်ငံရေးအရ ဖိအားပေးလိုတဲ့အချက် ၂ ချက်ပါရှိတာကို မြန်မာကာကွယ်ရေးဝန်ကြီးဌာနမှ သဘောမတူ ကန့်ကွက်ခဲ့ပြီး အဲဒီစာပိုဒ် ၂ ပိုဒ်ဖြုတ်ပေးရန် တောင်းဆိုချက်ကို မလိုက်လျောတဲ့အတွက် အဲ့ဒီ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးကိုသာ တက်ရောက်စေခြင်းဖြစ်တယ်လို သိရှိရပါတယ်။
မြန်မာအစိုးရသစ်အနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အာဆီယံထု တ်ပြန်ချက်အဖြစ်သာ အသိအမှတ်ပြုထားပြီး အာဆီယံအဖွဲ့အနေဖြင့် မြန်မာနိုင်ငံက သဘောမတူတဲ့ အချက်များကို Consensus မရရှိဘဲ ထုတ်ပြန်လေ့ရှိတဲ့အတွက် အခုအစည်းအဝေးကိုလည်း တက်ရောက်ရန် ငြင်းပယ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
မြန်မာအစိုးရသစ်ရဲ့ အာဆီယံအဖွဲ့နှင့်ပတ်သက်ပြီး ရပ်တည်ချက်များ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့က ထောက်ခံရပ်တည်ပေးနေသလို ယခုလိုအစည်းအဝေးဖိတ်ကြားပေမဲ့၊ ဝန်ကြီး မတက်ရောက် ခြင်းအပေါ် နားလည်လက်ခံပေးလျက်ရှိပါတယ်။
မြန်မာအစိုးရသစ်အနေဖြင့် ကိုယ့်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် ခိုင်ခိုင်မာမာ ရပ်တည် လျက်ရှိပြီး အာဆီယံအဖွဲ့နှင့်ပုံမှန်ဆက်ဆံရေးကို ပြန်လည်ရရှိလိုသော်လည်း အာဆီယံပဋိညာဉ် ချိုးဖောက်ပြီး နိုင်ငံရေးအရ ဖိအားပေးမှုများကို လုံးဝလက်ခံနိုင်ခြင်းမရှိကြောင်းနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်စေရန် Case by Case တစ်နိုင်ငံချင်း အလိုက်သာ တန်းတူ ရည်တူရှိမှုကို အခြေခံပြီး ဆက်ဆံလျက်ရှိကြောင်း သိရှိရပါတယ်။
အောင်ရှင်း
7 902
Repost from ခင် ညို ချော
ပေါကားရိုက်နေတဲ့ ဝရမ်းပြေးကျော်မိုးထွန်း
မြန်မာ့ရုပ်ရှင်လောကမှာ မရီရတဲ့ ကလိထိုးဟာသကား၊ မငိုရဘဲ ဇာတ်နာအောင်လုပ်တဲ့ Drama ကားတွေကို ပေါကားရိုက်တယ်လို့ သရော်လေ့ရှိပါတယ်။
မြန်မာပေါကားထက်ဆိုးတဲ့ နိုင်ငံတကာပေါကား ဗီဒီယိုကလစ်တစ်ဖိုင် ထွက်ပေါ်နေ ပါတယ်။ အဲ့ဒီဖိုင်ကတော့ ကုလစင်မြင့်ထက်မှာ မျက်ရည်တွေဖြိုင်ဖြိုင်ကျပြီး သနားစဖွယ် ဇာတ်နာအောင်လုပ်နေတဲ့ ပေါကားသရုပ်ဆောင် ဝရမ်းပြေးကျော်မိုးထွန်းရဲ့ ရွံရှာစက်ယုတ်ဖွယ် ဗီဒီယိုဖိုင် တစ်ခုဖြစ်ပါတယ်။
NUG အကြမ်းဖက်အဖွဲ့ရဲ့ နိုင်ငံရေးရည်မှန်းချက်ကို အကြမ်းဖက်လက်နက်ကိုင် လမ်းစဉ်နဲ့ ရအောင်ကြိုးစားလို့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ အကြမ်းဖက်တိုက်ခိုက်မှုများကို ထောက်ခံအားပေးနေတဲ့သူတစ်ဦးက NUG၊ PDF များရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြည်သူတွေ သေဆုံးနေမှုကို မျက်ရည်တွေကျပြီး ပြောပြနေတာ အလွန်ရီစရာကောင်း နေပါတယ်။
အဲ့ဒီကောင်ဟာ Credential Committee မှာ အခြေအနေမကောင်းတော့ဘဲ နိုင်ငံ ဘဏ္ဍာများ အလွဲသုံးစားမှုကြောင့် တရားထပ်မံစွဲဆိုခံထားရပြီး INTERPOL မှာ Red Notes ထုတ်ခံရလို့ ဘဝပျက်နေတာကို ကုစားနိုင်ဖို့ မျက်ရည်ချူနေတဲ့ လုပ်ရပ်ကို အရှက်မရှိ မျက်နှာပြောင်တိုက် ငိုကြွေးနေတာ မြင်တွေ့ရသူတိုင်းဟာသဖြစ်နေပါတယ်။
သူ့ဆွေမျိုးတွေအားလုံး အမေရိကားမှာ လုံခြုံစွာနေထိုင်ရပေမယ့် NUG အဖွဲ့ကြောင့် ဒလန်လို့စွပ်စွဲခံရပြီး သတ်ဖြတ်ခံနေရတဲ့ ပြည်သူတွေအတွက်မဟုတ်တဲ့ သေဆုံးမှုများအတွက် ငိုကြွေးပြနေတဲ့ ပြကွက်ဟာ ပေါကားအဆင့်ပဲဖြစ်ပါတယ်။
သူတက်ရောက်ငိုပြနေတဲ့ အစည်းအဝေးကလည်း ကုလသမဂ္ဂအစည်းအဝေးမဟုတ်ဘဲ မည်သူမဆိုတက်ခွင့်ရှိတဲ့ အလွတ်သဘောအစည်းအဝေးမှာဖြစ်ပြီး မီဒီယာမှာရုပ်ပြချင်လို့ မျက်ရည်ချူလုပ်ရပ်သာ ဖြစ်ပါတယ်။
သူ့ရဲ့သစ္စာမဲ့မှုနဲ့ ငွေကြေးလိမ်လည်မှုများဟာ သက်သေများနဲ့အတူ ပေါ်လွင်ထင်ရှားနေလို့ စိတ်ပိုင်းဆိုင်ရာ ကယောက်ကယက်ဖြစ်နေပြီး သူ့ရဲ့လုပ်ရပ်က အိုဗာဖြစ်နေလို့ သနားစရာ မကောင်းဘဲ မြင်တွေ့နေရသူတိုင်းက ဟာသဖြစ်နေပါတယ်။
ခင်ညိုချော
7 902
သုံးရောင်ခြယ်ဘိုးတော်ဆိုလား ဘာလားတော့မသိဘူး မုဒိမ်းကျင့်လို့ဖမ်းထားတယ်လို့တော့ကြားတာပဲ..
7 902
ငပြီကျွန်းဘက်ကို စစ်ကူလာတဲ့ အကြမ်းဖက် AA အဖွဲ့ရဲ့ စစ်ကူစက်လှေကို တပ်မတော်ရေယာဉ်ကတိုက်ခိုက်ချေမှုန်းဖျက်ဆီး..
ပြီးခဲ့တဲ့ရက်တွေကလည်း ငပြီကျွန်းကိုစစ်ကူလာတဲ့ အကြမ်းဖက် AA အဖွဲ့တွေရဲ့ စစ်ကူလှေတွေကို တပ်မတော်ကချေမှုန်းဖျက်ဆီးခဲ့သေးတယ်...
မသာပေါ်ရင် ပြည်သူဆိုပြီး လာမလုပ်နဲ့ မသာပါ ဖနှောင့်နဲ့ ပေါက်ခံရမယ်..
မှိုင်းဝေ
7 902
+3
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး “ဝိဓူရ” ဇာတ်တော်ကြီး ကပြဖျော်ဖြေပွဲ တက်ရောက်ပြီး သဘင်ပညာရှင်များကို နွေးထွေးစွာ နှုတ်ဆက်
အောက်တိုဘာ ၂၇ ရက် ညပိုင်းက နေပြည်တော်၊ ဇေယျာသီရိဗိမာန် သဘင်ဆောင်မှာ ကျင်းပတဲ့ “ဝိဓူရ” ဇာတ်တော်ကြီး ကပြဖျော်ဖြေပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ဇနီး ဒေါ်နီလာတို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေပွဲအပြီးတွင်တက်ရောက်လာတဲ့ သဘင်ပညာရှင်တွေကို နွေးနွေးထွေးထွေး နှုတ်ဆက်..
မှိုင်းဝေ
7 902
နှစ်ဖက်အကျအဆုံးများတယ်ပြောရအောင်လည်း အလောင်းပုံတွေကြည့်လိုက်ရင် အကြမ်းဖက် AA အဖွဲ့တွေချည်းပဲ..
မာမီခိုင်ကတော့ နဂါးစကားတွေတော်တော်ပြော..
တူရကီ မူရကီစူရကီ😂
မှိုင်းဝေ
