fa
Feedback
BAM Channel

BAM Channel

رفتن به کانال در Telegram

တိုက်ခိုက်ရေးအားကစားများသတင်းများ တင်ဆက်ပါသည်။

نمایش بیشتر
4 670
مشترکین
-1124 ساعت
-657 روز
-27130 روز
آرشیو پست ها
အသက် ၁၉ နှစ်နဲ့ မိဘတွေအတွက် အိမ်ဝယ်ပေးလိုက်တဲ့ UFC Bantamweight Fighter, Raul Rosas Junior... အသက် ၁၉ နှစ်သာရှိသေးပေမယ့် တော်
+3
အသက် ၁၉ နှစ်နဲ့ မိဘတွေအတွက် အိမ်ဝယ်ပေးလိုက်တဲ့ UFC Bantamweight Fighter, Raul Rosas Junior... အသက် ၁၉ နှစ်သာရှိသေးပေမယ့် တော်တော်လေး လက်ရည်ကောင်းပြီး နာမည်ရှိတဲ့သူပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ မိသားစုအတွက် အခုလိုပံ့ပိုးနိုင်တာ ဂုဏ်ပြုပါတယ်ဗျာ်... လက်ရှိ Bantamweight ranking မှာ အဆင့် 13 မှာရှိနေပါတယ်။ ဒီတစ်ယောက်က ဆက်ပြီးတိုးတက်ကြိုးစားရင် UFC ရဲ့အသက်အငယ်ဆုံးချန်ပီယံ မှန်းလို့ရတဲ့သူပါ။ Jon Jones က အသက် ၂၃ ကျော်ပြီးမှ ဖြစ်လာခဲ့တာ၊ သူက အဲဒီစံချိန်ချိုးဖို့ အချိန် ၄ နှစ်ကျော်လိုပါသေးတယ်။

Shadow ကို အနိုင်ယူပြီး Featherweight Muay Thai Interim Champion ကြီး Nico Carrilo ကတော့ သူတို့ဝိတ်တန်းရဲ့ ချန်ပီယံ Tawanchai
Shadow ကို အနိုင်ယူပြီး Featherweight Muay Thai Interim Champion ကြီး Nico Carrilo ကတော့ သူတို့ဝိတ်တန်းရဲ့ ချန်ပီယံ Tawanchai ဒဏ်ရာနဲ့ပွဲမထိုးနိုင်သေးရင် စောင့်မနေဘဲ ဝိတ်တန်းက ဆက်သွားသင့်တယ်... ပွဲတွေရှိသင့်တယ်လို့ ပြောဆိုလာပါတယ်။ သူနောက်ဆုံးထိုးသွားတာက Feb 14 မှာပါ၊ ၂ လကျော်ရှိပြီပေါ့။ ONE ကို Tag တွဲပြီးတင်တာပါ။ တကယ်ပွဲလိုချင်ပုံပါ။ ONE က ပွဲစီစဉ်ပေးမလားဆိုတာတော့ စောင့်ကြည့်ရမယ်။ ချန်ပီယံ အကြောင်းတစ်ခုခုကြောင့် မထိုးနိုင်တဲ့ချိန် ကြားဖြတ်ချန်ပီယံထားရတာပါ (အခုသူက ကြားဖြတ်ချန်ပီယံဖြစ်ပါတယ်)။ အဲတော့ Tawanchai ပြန်ထိုးနိုင်ပြီဆိုတာနဲ့ သူနဲ့ပဲ ထိုးရမှာပါ။ Tawanchai က နောက် 12 လ လောက်အနားယူရမှာဆိုတော့ ဒီနှစ်အတွင်းထိုးနိုင်မှာ မဟုတ်ဘူး။ နောက်နှစ်ဆန်းပိုင်းလောက်မှ ပြန်ထိုးနိုင်မယ်။ ချန်ပီယံကဆေးမအောင်တာ၊ ဝိတ်မရတာမျိုးဆိုရင်တော့ ချက်ချင်းခါးပါတ်ရုတ်သိမ်းတယ်၊ အခုက ပွဲထိုးရင်းဒဏ်ရာရသွားတာဆိုတော့ ရိုတ်သိမ်းဖို့ကလည်းခက်၊ ကြားဖြတ်ခါးပါတ်ကိုပဲ ကာကွယ်ခိုင်းမလား စောင့်ကြည့်ရမယ်။ အဓိကကတော့ ကစားသမားတွေက ပွဲထိုးချင်ကတာပါ၊ လက်ရှိအခြေအနေမှာ အဖြစ်နိုင်ဆုံးကတော့ သူ့ကြားဖြတ်ခါးပါတ်ကို ကာကွယ်ခိုင်းမယ်ထင်ပါတယ်။

Rodtang ရဲ့ အလဲထိုးခံရတာက သူကစားသမားဘဝသက်တမ်းတစ်လျှောက်မှာ သူ့ကိုအနာကျင်စေဆုံးအရှုံးလို့Takeru က ပြောပါတယ်။ စက္ကန့် ၈၀ နဲ့ အလ
Rodtang ရဲ့ အလဲထိုးခံရတာက သူကစားသမားဘဝသက်တမ်းတစ်လျှောက်မှာ သူ့ကိုအနာကျင်စေဆုံးအရှုံးလို့Takeru က ပြောပါတယ်။ စက္ကန့် ၈၀ နဲ့ အလဲထိုးခံရတာပါ။

😂😂 Arman Tsarukyan ကိုတော့ ပက်ပက်စက်စက် ပြောသွားခဲ့ပါတယ်... "Arman ကတော့ တကယ့်ငရူးပဲ၊ ဒီကောင်က ခလေးပါပဲ။ သူ့မှာတကယ်လည်း ပို
😂😂 Arman Tsarukyan ကိုတော့ ပက်ပက်စက်စက် ပြောသွားခဲ့ပါတယ်... "Arman ကတော့ တကယ့်ငရူးပဲ၊ ဒီကောင်က ခလေးပါပဲ။ သူ့မှာတကယ်လည်း ပိုက်ဆံမရှိပါဘူး၊ သူ့အဖေပိုက်ဆံနဲ့ ချမ်းသာသလိုလိုနေနေတာ" "Twitter (X) ပေါ်မှာတော့ အားလုံး (သူ့အဖွဲ့သားအားလုံး) က လူကြမ်းကြီးတွေလိုလိုနဲ့ အပြင်မှာတကယ်တွေ့ရင်..."ဟေး နေကောင်းလာ?" ဘာညာနဲ့ နှိမ့်ချကြတယ်၊ တကယ့်လူလိမ္မာတွေလိုပဲ။" "သူနဲ့ထိုးဖို့အကြောင်းဖန်လာတဲ့ သူ့မေးရိုးကျိုးအောင်ကို ထိုးပစ်မှာပါ" လို့ မနေ့က Ariel Helwani နဲ့ Interview မှာ ပြောသွားခဲ့ပါတယ်။ ........................ Islam Makhachev နဲ့ပါတ်သက်ပြီး, "ကျတော်က ပွဲရတိုင်း တစ်ကမ္ဘာလုံး အံ့ဩသွားအောင် ငါဘာလုပ်ပြရမလဲ ဆိုတာကို အမြဲစဉ်းစားတယ်' အဲတော့ Islam ကိုတော့ ချုပ်ကွက်နဲ့ပွဲသိမ်းမှာပါ" လို့ ပြောသွားခဲ့ပါတယ်။ တကယ်တော့Topuria က BJJ သမားပါ၊ UFC ရောက်တော့မှာ လက်သီးအသားပြုပြီး KO တွေနဲ့ချည်းနိုင်လာတာပါ။ သူ့အရင်ပွဲတွေအားလုံးနီးပါးကို ချုပ်ကွက်နဲ့ပဲ နိုင်ခဲ့တာပါ။ လောလောဆယ်တော့ June 14 ရက်, အိမ်ဖြူတော်ပွဲမှာ Justin Gaethje ကို ဘယ်လိုအနိုင်ယူသွားမလဲ အရင်စောင့်ကြည့်ရမှာပါ။

May 22, ONE Friday Fights 155 မှာ Nabati ပွဲကို ထပ်ထည့်လိုက်ပါပြီ။ တားမြစ်ဆေးကြောင့် ပိတ်ပင်ခံခဲ့ရာကနေ ပြန်လာတာပါ။ Yod IQ ဆို
May 22, ONE Friday Fights 155 မှာ Nabati ပွဲကို ထပ်ထည့်လိုက်ပါပြီ။ တားမြစ်ဆေးကြောင့် ပိတ်ပင်ခံခဲ့ရာကနေ ပြန်လာတာပါ။ Yod IQ ဆိုာတလည်း တကယ်ကောင်းတဲ့သူပါ။ ဒါလည်း လစဉ်ကြေးပေးရတဲ့ပွဲမှာပဲ ထည့်ထားပါတယ်။ Free မဟုတ်ပါ။

Japan ရဲ့ Boxing သမိုင်းမှာ အကြီးမားဆုံးပွဲ၊ May 2 ရက်မှာလာတော့မှာပါ။ ရှုံးပွဲမရှိတဲ့ နှစ်ယောက်ရဲ့ 122 ပေါင်တန်း ခါးပါတ်အားလု
Japan ရဲ့ Boxing သမိုင်းမှာ အကြီးမားဆုံးပွဲ၊ May 2 ရက်မှာလာတော့မှာပါ။ ရှုံးပွဲမရှိတဲ့ နှစ်ယောက်ရဲ့ 122 ပေါင်တန်း ခါးပါတ်အားလုံး ပေါင်းစည်းပွဲ (Undisputed Championship) ဖြစ်ပါတယ်။ Inuoe က ၃၂ ပွဲနိုင်ပြီး ရှုံးပွဲမရှိ၊ ၂၇ ပွဲကိုအလဲထိုးနိုင်ထားပြီး၊ သူ့ခါးပါတ်တွေကို ကာကွယ်ရမှာပါ။ စိန်ခေါ်သူ Nakatani ကလည်း ၃၂ ပွဲနိုင် ရှုံးပွဲမရှိ ၂၄ ပွဲကိုအလဲထိုးနိုင်ထားပါတယ်။ Nakatani ကတော့ အရပ် ၃ လက်မပိုရှည်ပြီး အသက် ၅ နှစ်ပိုငယ်ပါတယ်။ Inuoe ကတော့ Boxing ရဲ့ လက်ရှိ Pound for Pound list မှာ နံပါတ် ၁/၂ ဖြစ်ပါတယ်။ လာမယ့် မေလ ၂ ရက်၊ ဂျပန်မှာ ကျင်းပမှာပါ။ ဂျပန်နိုင်ငံရဲ့ Boxing သမိုင်းမှာ အကြီးမားဆုံးပွဲဖြစ်မယ်လို့သိရပါတယ်။ သမိုင်းဝင် Tokyo Dome ကွင်းကို လက်မှတ် 55,000 ကျော် အားလုံး လွန်ခဲ့တဲ့လကတည်းကပဲ ရောင်းကုန်ပြီလို့ သိရပါတယ်။ Mike Tyson vs. Buster Douglas သမိုင်းဝင်ပွဲကိုလည်း ဒီကွင်းမှာပဲ ကျင်းပခဲ့တာပါ။ ဒီပွဲက Mike Tyson ပွဲထက်တောင် လူကြည့်များ လူကြိုက်များမယ့်ပွဲပါ။ ရှုံးပွဲမရှိတဲ့ အိမ်ရှင်နှစ်ယောက် ဘယ်သူက ဘဲဉကွဲသွားမလဲ စိတ်ဝင်စားစရာပဲ? ဘယ်လိုမြင်လဲ?

Vero vs. Kana ပွဲကြိုသုံးသပ်ချက် https://youtu.be/AMSWLmIQRSs?si=WOezhfdQvS1WnGXB

May 22, ONE Friday Fights 155 မှာ Nabil ညီ Yonis Anane နဲ့ Jonathan Haggerty ရဲ့ညီ Freddie Haggerty တို့တွဲဆိုင်းပါလာပါတယ်။
May 22, ONE Friday Fights 155 မှာ Nabil ညီ Yonis Anane နဲ့ Jonathan Haggerty ရဲ့ညီ Freddie Haggerty တို့တွဲဆိုင်းပါလာပါတယ်။

ဒီပွဲကို ဒီမှာ ပြပေးပါမယ်နော်။
ဒီပွဲကို ဒီမှာ ပြပေးပါမယ်နော်။

🚨🚨 ONE Samurai (သို့မဟုတ်) ONE Championship ရဲ့ နောက်ဆုံးမျှော်လင့်ချက်" {ONE Samurai 1 ကို ဒီ Channel မှာ ပြပေးပါမယ်}👍 ONE Samurai က ONE Championship ရဲ့ နောက်ဆုံး မျှော်လင့်ချက်ဖြစ်တယ်ဆိုတာ အခြား Promotor တော်တော်များများက သိပြီးသားဖြစ်ပါတယ်။ America ကို ထိုးဖောက်ဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ ပွဲတွေမကြာခဏပျက်တယ်၊ ပရိတ်သတ်ရဲ့ ယုံကြည်မှုလျော့လာခဲ့တယ်။ ဟိုနေ့ကပဲ အမေရိကားဈေးကွက်ကိုထိုးဖောက်ဖို့ သူတို့ခန့်ထားတဲ့ အထက်လူကြီး ၃ ယောက်ကို ထုတ်လိုက်ပါပြီ။ American Market ကို အရှုံးပေးလိုက်တဲ့ သဘောပါပဲ။ American market နဲ့ပါတ်သက်တာဆိုလို့ Amazon Prime Video ပဲ ကျန်ပါတော့တယ်။ အဲဒါကတော့ ကြည့်တဲ့သူလည်း မများတဲ့အတွက် ၂၀၂၇ ခုနှစ်စာချုပ်ကုန်ရင် သက်တမ်းတိုးဖို့ မသေချာပါဘူး။ အဲဒါကိုကြိုသိလို့ပဲ အခု ONE Inner Circle ဆိုတဲ့ လစဉ်ကြေးပေးရတဲ့ အစီအစဉ်ကိုမိတ်ဆက်လာခဲ့တယ်လို့ ယူဆလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ကွင်းဝင်ကြေးက မပြောပလောက်လို့ပါ။ ဒီဥစ္စာကိုတော့ သဘောကျပါတယ်။ အဲတော့အခုနောက်ဆုံးအနေနဲ့ ဂျပန်ဈေးကွက်ကို ရှိသမျှငွေအင်အား၊ လူအင်အားနဲ့ ယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။ အဲဒါကြောင့် ဂျပန်ကစားသမားတွေကို သိသိသာသာကို မျက်နှာသာ ပေးတာပါ (ဂျပန်သားဆိုရင် TKO/KO လေးနဲ့နိုင်လိုက်ရင် ပွဲက ကောင်းကောင်းမကောင်းကောင်း Bonus က မလွဲပါဘူး)။ အခု ONE Samurai ကတော့ အကြီးမားဆုံးကြိုးစားအားထုတ်မှုလို့ ပြောရမယ်။ တွဲဆိုင်းတွေကလည်း ရှိသမျှထိပ်တန်းကစားသမားတွေ အားလုံးနီးပါးကို ထုတ်ပြီး ကျင်းပမှာပါ။ ဂျပန်နိုင်ငံအပြင် တစ်ကမ္ဘာလုံးမှာ လှုပ်ခတ်မယ့် ပွဲမျိုးဖြစ်အောင် လုပ်ချင်တာပါ။ အဲဒီအတွက် ကစားသမားတွေကိုလည်း ငွေတွေအများကြီးပေးထားတယ်လို့ သိရပါတယ်။ အဲဒီပွဲမှာပေးမယ့် အမြင့်ဆုံး Bonus က $97,000 (ဒေါ်လာ ၁ သိန်းနီးပါး) ရှိတယ်လို့ကြေငြာထားပြီးသားဖြစ်ပါတယ်။ ကိုယ့်ခြံထွက်မဟုတ်တော့လည်း ဈေးကြီးပေးဝယ်ရတဲ့သဘောပေါ့။ ဂျပန် Promotion တွေဖြစ်တဲ့ RIZIN, RISE တို့ကတော့ ဒါကိုကြိုမြင်နေကြပါတယ်။ ONE က သူတို့စားကျက်ကိုသွားပြီး ဒဲ့စိန်ခေါ်လိုက်ပါပြီ။ ငွေပေးနိုင်သရွေ့ ခဏတာတော့ အောင်မြင်မယ်၊ ရေရှည်တည်တံ့နိုင်မလား... ဆိုတာကို မေးခွန်းထုတ်နေကြပါတယ်။ ငါးနှစ်တောင်စာချုပ်ထားတာပါ - 2026-2030 ထိပါ။ သူတို့ရဲ့ ပထမဆုံးပွဲဖြစ်တဲ့ ONE Samurai 1 ရဲ့ အခြေအနေကို ကြည့်ရပါမယ်။ ***ONE Samurai 1 ကို ဒီ Channel မှာ ပြပေးပါမယ်***

Rodtang နဲ့ ONE Thailand CEO တို့ သတင်းစာရှင်းလင်းပွဲထဲက နောက်ဆုံးရလဒ်ကတော့... Rodtang က တရားစွဲဆိုထားတာကို လုံးလုံးပယ်ဖျက်ပေ
Rodtang နဲ့ ONE Thailand CEO တို့ သတင်းစာရှင်းလင်းပွဲထဲက နောက်ဆုံးရလဒ်ကတော့... Rodtang က တရားစွဲဆိုထားတာကို လုံးလုံးပယ်ဖျက်ပေးဖို့ နှင့် ဂျပန်ပွဲပြီးရင် Free Agent ဖြစ်ချင်တယ်လို့ တောင်းဆိုထားပါတယ်။ ONE ဘက်က အဖြေမပေးသေးဘူးလို့ သိရပါတယ်။ ဆိုတော့... ဂျပန်ပြွကတော့ ဖြစ်မယ်လို့ Rodtang ကိုယ်တိုင်က စောင်းပြောလိုက်တဲ့သဘောပါပဲ။

😱😱 Vero Nika vs. Kana ကို ပွဲတည်လိုက်ပါပြီ။ 115 တန်း Kickboxing ဖြစ်ပါတယ်။ Vero ရဲ့ ပထမဆုံး Kickboxing ပွဲလည်းဖြစ်ပါတယ်။ Su
😱😱 Vero Nika vs. Kana ကို ပွဲတည်လိုက်ပါပြီ။ 115 တန်း Kickboxing ဖြစ်ပါတယ်။ Vero ရဲ့ ပထမဆုံး Kickboxing ပွဲလည်းဖြစ်ပါတယ်။ Superbon vs. Liu Menyang တို့ရဲ့ 155 Kickboxing ခါးပါတ်လုပွဲပါတဲ့ ONE Friday Fights 155 မှာဖြစ်ပါတယ်။ Kana ကတော့ ONE မှာ Kickboxing ပွဲ ၄ ပွဲထိုးပြီး ၂ ပွဲနိုင် ၂ ပွဲရှုံးပါ။ သူ့ရဲ့နောက်ဆုံးပွဲမှာ Stamp Fairtex ကို အမှတ်နဲ့နိုင်ထားပါတယ်။ May 22 ရက်မှာပါထိုးမှာပါ။ ONE ရဲ့ Inner Circle တွဲဆိုင်းမှာဆိုတော့ Facebook, YouTube မှာ အခမဲ့ကြည့်လို့မရပါဘူး။

Takeru ကတော့ အနိုင်ရဖို့ ယုံကြည်မှုအပြည့်ရှိနေပါတယ်...
Takeru ကတော့ အနိုင်ရဖို့ ယုံကြည်မှုအပြည့်ရှိနေပါတယ်...

တရားစွဲခံနေရတဲ့ Rodtang vs. Takeru 2 ပွဲကြိုသုံးသပ်ချက် (ဖြစ်ပျက်နေတဲ့ အခြေအနေ နှင့် ပွဲကြိုသုံးသပ်ချက်)။ ONE ကတော့ပွဲက ဖြစ်ကိုဖြစ်မှာလို့ကြေငြာထားပါတယ်... 😅 https://youtu.be/Mrr3w-vKp78?si=aVyMVf_BiVOaDsJx

UFC ထိုးကြေးတွေကို လှုပ်ခပ်သွားစေခဲ့သူ Boxer, Conor Benn ကို Dana White ကိုင်တဲ့ Zuffa Boxing က ပွဲအများကြီး စာချုပ်လိုက်ပါတယ
UFC ထိုးကြေးတွေကို လှုပ်ခပ်သွားစေခဲ့သူ Boxer, Conor Benn ကို Dana White ကိုင်တဲ့ Zuffa Boxing က ပွဲအများကြီး စာချုပ်လိုက်ပါတယ်။ အစက Boxing မှာတောင် အဲလောက်နာမည်မကြီးတဲ့သူကို Zuffa Boxing က တစ်ပွဲ $15M ပေးပြီး ခေါ်ခဲ့တာပါ။ အဲဒီပွဲကိုလွန်ခဲ့တဲ့ပတ်ကပဲ ထိုးပြီး အမှတ်နဲ့နိုင်ခဲ့ပါတယ်။ အခုတော့ ပွဲများစွာ စာချုပ်လိုက်ပြီဆိုတော့၊ တစ်ပွဲဘယ်လောက်ဆိုတာတော့ မသိရသေးပါဘူး။ မကြာခင် ပေါက်ကြားလာဦးမယ်ထင်ပါတယ်။

ONE က အဓိက ခေါင်းဆောင် ၃ ယောက်ကို ဖြုတ်လိုက်ပါပြီ... ပထမတစ်ယောက်ကတော့ ONE Warrior Series အတွက် မြန်မာနိုင်ငံလာပြီး၊ လက်ဝှေ့သမ
+2
ONE က အဓိက ခေါင်းဆောင် ၃ ယောက်ကို ဖြုတ်လိုက်ပါပြီ... ပထမတစ်ယောက်ကတော့ ONE Warrior Series အတွက် မြန်မာနိုင်ငံလာပြီး၊ လက်ဝှေ့သမားတွေကို Scouting လေ့လာရေးဆင်းခဲ့ဖူးပြီး ၂၀၁၄ ကတည်းက ONE ရဲ့ Vice President ဖြစ်လာခဲ့တဲ့, UFC Middleweight Champion ဟောင်းလည်းဖြစ်တဲ့ Rich Franklin ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ၂၀၁၂ ကတည်းက ONE ရဲ့ Senior Vice President ဖြစ်လာခဲ့တဲ့ Matt Hume ဖြစ်ပါတယ်။ တတိယတစ်ယောက်ကတော့ ၂၀၂၂ ခုနှစ်ကစပြီး ONE ပွဲစဉ်တွေ တာဝန်ယူစီစဉ်ခဲ့တဲ့ (Chief Operating Officer - COO) John Scheler ဖြစ်ပါတယ်။ (စကားမစပ် ဒီတစ်ယောက်က ဂေးလည်းဖြစ်ပါတယ်)။ 😂 စိတ်ဝင်စားစရာကောင်းတာက သူတို့အားလုံးက အမေရိကန်လူမျိုးတွေဖြစ်ပါတယ်။ သုံးသပ်သူတွေကတော့ ONE က အမေရိကားဈေးကွက်ကို အရှုံးပေးလိုက်ပြီမို့ သူတို့ကိုလည်း ဖြုတ်လိုက်တယ်လို့ ယူဆကြပါတယ်။ အားလုံး သိတဲ့အတိုင်း ONE က အာရှဈေးကွက်၊ အဓိကတော့ ဂျပန်ဈေးကွက်ကို သိမ်းပိုက်ဖို့ ကြိုးစားအားထုတ်နေတာ တွေ့ရပါတယ်။ ... နောက်ဆက်တွဲ ဘယ်လိုတွေဖြစ်လာမလဲ စိတ်ဝင်စားစရာ ကောင်းပါတယ်။

Rodtang က မနက်ဖြန် စနေနေ့ သတင်းသမားတွေကို ဖိတ်ထားပါတယ်။ သူ့အိမ်မှာ သတင်းစာရှင်းလင်းပွဲသဘော လုပ်မှာပါ။ လက်ရှိဖြစ်ပျက်နေတဲ့ အကြ
+1
Rodtang က မနက်ဖြန် စနေနေ့ သတင်းသမားတွေကို ဖိတ်ထားပါတယ်။ သူ့အိမ်မှာ သတင်းစာရှင်းလင်းပွဲသဘော လုပ်မှာပါ။ လက်ရှိဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ဆွေးနွေးမေးမြန်းဖို့ပါ။ ONE နဲ့ အဆင်မပြေပုံမရပါဘူး။ ဒီအမှုကြီးက ခေါင်းထဲရှိနေပြီး ဒီလောက် ကြီးမားတဲ့ပွဲက်ို ဘယ်လိုလ်ို့ ထိုးနိုင်မလဲ မသိပါဘူး... တရားစွဲထားတဲ့ လျော်ကြေးကလည်း USD 20 nillion ကျော်... နက်ဖြန် ဘယ်လိုသတင်းတွေ ထွက်လာမလဲ စောင့်ကြည့်ကြတာပေါ့။

ဒါဆို ဒီတွဲဆိုင်းအားလုံး အတည်ဖြစ်ပြီလို့ ယူဆလို့ရပါပြီ။ Weigh-in & Hydration မှာ တစ်ခုခု အမှားအယွင်း ပြန်မဖြစ်ရင်ပေါ့...
ဒါဆို ဒီတွဲဆိုင်းအားလုံး အတည်ဖြစ်ပြီလို့ ယူဆလို့ရပါပြီ။ Weigh-in & Hydration မှာ တစ်ခုခု အမှားအယွင်း ပြန်မဖြစ်ရင်ပေါ့...

ONE ကစားသမားတွေကို ဝိတ်ရအောင်ကူပေးတဲ့ Peter ဖြစ်ပါတယ်။ အခု ONE Samurai ပွဲမှာ Rodtang ထိုးဖို့ အတည်ပြန်ပြုပြန်လိုက်တာနဲ့ Rodt
ONE ကစားသမားတွေကို ဝိတ်ရအောင်ကူပေးတဲ့ Peter ဖြစ်ပါတယ်။ အခု ONE Samurai ပွဲမှာ Rodtang ထိုးဖို့ အတည်ပြန်ပြုပြန်လိုက်တာနဲ့ Rodtang က ဒီလူနဲ့ ဝိတ်ချရေးအစီအစည် စနေပုံရပါတယ်။ သူက ONE ကစားသမားအတော်များများကို ဝိတ်ရအောင်ကူပေးခဲ့တဲ့သူပါ။

Rodtang နဲ့ ONE တော့ ပြန်ပြေသွားပါပြီ၊ အနည်းဆုံးတော့ Rodtang က ONE Samurai 1 မှာ ထိုးဖို ပြန်သေချာသွားပါပြီ။ သူတိုစာချုပ်ကိစ္
Rodtang နဲ့ ONE တော့ ပြန်ပြေသွားပါပြီ၊ အနည်းဆုံးတော့ Rodtang က ONE Samurai 1 မှာ ထိုးဖို ပြန်သေချာသွားပါပြီ။ သူတိုစာချုပ်ကိစ္စတွေ၊ တရားရေးကိစ္စတွေတော့ မသိရပေမယ့်၊ ဒီပွဲကိုတော့ Rodtang ကစားမှာဖြစ်ပါတယ်။ အခုလေးပဲ ONE က တရားဝင် အတည်ပြုလိုက်ပါပြီ။ ဒီပွဲပြီးနောက် ဘယ်လိုတွေဆက်ဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့... 😅