Bioscope Vibes
کانال بسته
Well
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
📈 تحلیل کانال تلگرام Bioscope Vibes
کانال Bioscope Vibes بازیگری فعال است. در حال حاضر جامعه شامل 15 520 مشترک است و جایگاه را در دسته متفرقه دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 15 520 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 30 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 524 و در ۲۴ ساعت گذشته برابر 3 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 4.93% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 1.76% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 766 بازدید دریافت میکند. در اولین روز معمولاً 274 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 1 است.
📝 توضیح و سیاست محتوایی
نویسنده این فضا را محل بیان دیدگاههای شخصی توصیف میکند:
“Well”
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 01 اکتبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته متفرقه تبدیل کردهاند.
15 520
مشترکین
+324 ساعت
+2947 روز
+52430 روز
آرشیو پست ها
15 520
ကျိန်စာဆိုးကြားက အသက်လုစစ်ပွဲ
S_a-t_a-n: T-h-e D-a-r-k (2-0-2-6)
IMDB ⭐️ 5.7/10
ဒီဇာတ်ကားကို ဒါရိုက်တာ Manikandan Ramalingam က ရိုက်ကူးထားပြီး၊ မင်းသား Fredrick John (FJ) နဲ့ မင်းသမီး Ayraa Palak တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Supernatural Horror/Thriller ရုပ်ရှင်ဇာတ်ကားကြီးကို တင်ဆက်ပေးချင်ပါတယ်။
အိန္ဒိယကို အင်္ဂလိပ်တွေ အုပ်စိုးစဉ်အချိန်တုန်းက အက်စ်တီနာပူရမ်ဆိုတဲ့ ရွာလေးမှာ မှော်ပညာ အောက်လမ်းနည်းတွေနဲ့ ပြုလုပ်ခဲ့တဲ့ စုန်းကဝေထုံးတမ်းစဉ်လာပွဲတစ်ခုဟာ ကွဲလွဲပျက်စီးသွားခဲ့ရာကနေ ကြောက်မက်ဖွယ်ရာ မှောင်မိုက်တဲ့ မိစ္ဆာကျိန်စာတစ်ခု စတင်ခဲ့ပါတယ်။ အဲဒီကျိန်စာကြောင့်ပဲ ရွာလေးဟာ တခြားရွာတွေရဲ့ ဖယ်ကျဉ်ခြင်းကိုခံခဲ့ရတာလည်း အခုအချိန်ထိပဲ ဖြစ်ပါတယ်။
မာစလင်းဆိုတဲ့ အမျိုးသမီးတစ်ယောက်မှာ အလီရှာနဲ့ အိုင်းရင်းလို့ခေါ်တဲ့ သမီးနှစ်ယောက်ရှိပါတယ်။ တစ်နေ့မှာတော့ မာစလင်းဟာ သူ့စိတ်ထဲမှာ အသံတစ်သံကို ကြားနေရာက အဲဒီအသံရဲ့ ခိုင်းစေမှုတွေကို လိုက်လုပ်လို့နေမိနေပါတော့တယ်။ ဒါကို မာစလင်းဟာ ရူးနေတယ်ဆိုပြီးတော့ လူတွေက ပြောဆိုခဲ့ကြပါတယ်။
မာစလင်းရဲ့ခေါင်းထဲမှာရှိတဲ့အသံဟာလည်း မာစလင်းကို မကောင်းတာတွေပဲ ဆက်တိုက်လုပ်ခိုင်းနေပြီး မာစလင်းဟာလည်း ဒီအသံကို မလွန်ဆန်နိုင်ဖြစ်နေရပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်းချင်းပိုဆိုးလာတဲ့အချိန်မှာ လူတိုင်းက အရူးလို့ခေါ်ပြီး ကြောက်ရွံ့နေတဲ့ အမေဖြစ်သူကို အလီရှာတစ်ယောက် ဘယ်လိုပုံစံမျိုးနဲ့ ကူညီကယ်တင်ပေးသွားမလဲ ......
အလီရှာကိုမှ တိတ်တခိုးချစ်မိနေတဲ့ ဆာဂါဆိုတဲ့ကောင်လေးကရော မလီရှာတို့ မိသားစုအရှုပ်တော်ပုံထဲမှာ ဘယ်လို ပါဝင်သွားမလဲ ........
မာစလင်းတို့မိသားစုရဲ့ အမှောင်ထုစွမ်းအင်တွေနဲ့ ခြောက်လှန့်လာတဲ့အချိန်မှာတော့ ဆာဂါတစ်ယောက် သူချစ်တဲ့ မိန်းကလေးရဲ့ မိသားစုကို ဘယ်လို ကာကွယ်ပြီး ရင်ဆိုင်ဖြေရှင်းပေးသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။
15 520
မရဏ ဆုတောင်းခရီးစဉ်
K_o-l_a-i_s-e_v-a-l (2-0-2-6)
IMDB ⭐️ 4.8/10
မင်းသားကြီး Kalaiyarasan နဲ့ မင်းသမီး Deepa Balu တို့ရဲ့ သဘာဝကျပြီး လိုက်ဖက်ညီတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ရိုက်ကူးတင်ဆက်ထားတဲ့ Psychological Thriller ရုပ်ရှင်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ရပါတယ်။
ကာလီနဲ့ အာနူတို့ လင်မယားနှစ်ယောက်ဟာ အိမ်ထောင်သက်လေးရလာတာနဲ့အမျှ ကိုယ်ဝန်ရလာခဲ့ပါတယ်။ သူတို့မိသားစုရဲ့ ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ မိန်းကလေးတွေ ကိုယ်ဝန်၉လ ရှိပြီဆိုရင် တောနက်ထဲမှာရှိတဲ့ သူတို့ရဲ့ ဘိုးဘွားပိုင်ဘုရားကျောင်းကို သွားပြီးတော့ မယ်တော်ကို ပူဇော်ပသရပါတယ်။
ဒီလိုနဲ့ ကာလီတို့ ဇနီးမောင်နှံဟာ ဝေးလံခေါင်သီလှတဲ့ တောနက်ကြီးထဲက ဘုရားကျောင်းဆီကို မိသားစုနဲ့အတူတူ နတ်ဘုရားမကို ပူဇော်ဖို့အတွက် သွားခဲ့ကြပါတော့တယ်။ ဒီလိုသွားတဲ့ခရီးလမ်းမှာ ကိုယ်ဝန်အတွက် ဘေးကင်းအောင်သွားခဲ့ကြပေမဲ့ သူတို့ရဲ့ နောက်ကနေလိုက်နေတဲ့ အန္တရာယ်ဆိုးကြီးကိုတော့ သူတို့တွေ မသိခဲ့ကြပါဘူး။
အေးချမ်းတဲ့ မိသားစုဘဝလေးထဲကို မထင်မှတ်ဘဲ ဝင်ရောက်လာတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ရက်စက်တဲ့အကြောင်းအရာတွေကြောင့် ကိုယ်ဝန်အရင့်အမာကြီးနဲ့ အာနူတစ်ယောက် ခင်ပွန်းဖြစ်သူ ကာလီနဲ့အတူ တောနက်ကြီးထဲမှာ ဘယ်လို အသက်လု ရုန်းကန်ကြမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+sHLyxfc2smVhYzVl
ဇာတ်ကားကြည့်ရန်👇👇👇
https://t.me/c/2704450145/754
15 520
ကျော်ကြားမှုရဲ့ နောက်ကွယ်က အမှောင်ခြမ်း
M_o-t_h-e_r M-a_r_y (2-0-2-6)
=========================
IMDB ⭐️ 6.1/10 | Rotten Tomatoes 🍅 70%
"ကျော်ကြားမှုရဲ့ နောက်ကွယ်က အမှောင်ခြမ်းနဲ့... ချုပ်ရိုးပြတ်သွားတဲ့ ဆက်ဆံရေးတစ်ခု"
ကဲ... A24 ရဲ့ ထူးခြားတဲ့ သွေးဖောက်မှုတွေကို ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ ရိုးရိုး Musical/Drama ကားလေးလိုလိုနဲ့ နက်နဲတဲ့ စိတ်ပိုင်းဆိုင်ရာ ခြောက်ခြားမှုတွေ ပါဝင်နေတဲ့ "Mother Mary" ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။
ဒီကားမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောကြီး Anne Hathaway နဲ့ စွမ်းဆောင်ရည်မြင့် မင်းသမီး Michaela Coel တို့က အဓိက ခေါင်းဆောင်ပါဝင်ထားကြတာပါ။
ဇာတ်လမ်းကတော့ ကမ္ဘာကျော် ပေါ့ပ်စတား အဆိုတော်ကြီး မာရီဟာ စင်မြင့်ပေါ်က မတော်တဆမှုတစ်ခုပြီးတဲ့နောက် သူ့ရဲ့ ဂီတလောကကို ပြန်လည်ဝင်ရောက်ဖို့ Comeback performance အတွက် ပြင်ဆင်နေတာကနေ စတင်ပါတယ်။ ဒါပေမဲ့ ပွဲအတွက် ဝတ်စုံရွေးချယ်ချိန်မှာပဲ သူ့ရဲ့ စိတ်ထဲ မွန်းကြပ်မှုတွေဖြစ်လာပြီး လုံးဝကို အရှုပ်အထွေးတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။
ဒီလိုနဲ့ မာရီတစ်ယောက် အင်္ဂလန်ကျေးလက်က သူမရဲ့ အရင်က ရင်းနှီးခဲ့ဖူးတဲ့ ဖက်ရှင်ဒီဇိုင်နာ သူငယ်ချင်းဟောင်း ဆမ်အန်ဆယ်လ် ဆီကို ရုတ်တရက် ရှောင်ပြေးသွားခဲ့ပါတယ်။ ဆမ် ဆိုတာက မာရီ့ကို အောင်မြင်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် ဒီဇိုင်းတွေ ဖန်တီးပေးခဲ့ပြီး တစ်ချိန်က သူနဲ့ သံယောဇဉ် ကြီးမားခဲ့တဲ့ လက်တွဲဖော်ဟောင်းဆိုလည်း မမှားပါဘူး။
ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ နှစ်အတော်ကြာ အဆက်အသွယ်ပြတ်ပြီး ဝေးကွာနေခဲ့ကြတာပါ။ မာရီက သူ့ရဲ့ Comeback ပွဲအတွက် အကောင်းဆုံး ဝတ်စုံတစ်ခု ဖန်တီးပေးဖို့ ဆမ့်ကို အကူအညီတောင်းတဲ့အခါ... အတိတ်က အနာဟောင်းတွေ၊ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေနဲ့ စိတ်ဒဏ်ရာတွေက တဖြည်းဖြည်း ပြန်လည်ပေါ်ပေါက်လာပါတော့တယ်။
သူတို့နှစ်ယောက်ကြားက အချစ်၊ မနာလိုမှုနဲ့ နာကျင်စရာ အတိတ်တွေက ဒီဝတ်စုံသစ်ချုပ်လုပ်ခြင်းနဲ့အတူ ဘယ်လိုတွေ ဆက်စပ်နေမလဲ။ ကျော်ကြားမှုရဲ့ နောက်ကွယ်က တကယ့်အမှန်တရားက ဘာလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။
သာမန် ဂီတဒရာမာတွေလို အဆိုအကတွေချည်းပဲ ရိုးရှင်းမနေဘဲ A24 ရဲ့ ထုံးစံအတိုင်း Psychological Thriller အငွေ့အသက်တွေ၊ Supernatural ဆန်ဆန် တင်ဆက်မှုတွေနဲ့ ဇာတ်ကောင်တွေရဲ့ အတွင်းစိတ် ခံစားချက်တွေကို အနုပညာဆန်ဆန် ပုံဖော်ထားတာပါ။
မင်းသမီးချော Anne Hathaway နဲ့ Michaela Coel တို့ရဲ့ အပြိုင်ကြဲထားတဲ့ အိုက်တင်တွေကို ရှုစားရမှာဖြစ်လို့ Deep ဖြစ်တဲ့ ဇာတ်ကားကောင်းလေးတွေကို ခုံမင်သူတွေအတွက် လက်မလွတ်တမ်း ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။
15 520
ကောင်းကင်ကြီးလောက် အလိုလိုက်ပါ့မယ်
(宠它) Pet It 2026
ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောရင်း ကြည့်ရှုရမယ့် ရုပ်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော် လူမှုဘဝ အဆင့်အတန်း မတူညီတဲ့ လူငယ်နှစ်ယောက်ရဲ့ ကြားက သံယောဇဉ်ကို ဟာသနှောပြီး ရိုက်ပြထားတဲ့ လက်ရာလေးပါ
ဇာတ်လမ်းအကျဉ်း
ပါဆယ်ပို့သမားလေးဖြစ်တဲ့ Liu Fengrui ဟာ မတော်တဆ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက်မှာတော့ အခြေအနေတွေ ပြောင်းလဲကာ သူဌေးသမီးလေး Mengqi ရဲ့ အိမ်မွေးမြွေကို ပြုစုစောင့်ရှောက်ရမယ့် အိမ်မွေးမြွေထိန်းသူ ဖြစ်လာခဲ့ပါတယ်
White Snake လို့ အမည်ရတဲ့ အိမ်မွေးမြွေလေးကို စောင့်ရှောက်ရင်းနဲ့ Liu FengRui ဟာ Meng Qi ရဲ့ ရည်းစားဖြစ်သူရဲ့ အရေခြုံ လှည့်စားမှုတွေကို တဖြည်းဖြည်း မြင်တွေ့လာရသလို တစ်ဖက်မှာလည်း သူ့ရဲ့ ကိုယ်ပိုင်ရည်းစားနဲ့ ကြားမှာ အထင်လွဲမှားမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်
နောက်ဆုံးမှာတော့ ဒီအိမ်မွေးမြွေလေးဟာ ဗီလိန်ရဲ့ လိမ်ညာမှုတွေကို ခွာချပစ်မယ့် အဓိက သော့ချက်ဖြစ်လာပြီး အဆင့်အတန်း ကွာခြားလှတဲ့ လူငယ်နှစ်ယောက်ဟာ ပျော်စရာ ဆူဆူညံညံ ဇာတ်လမ်းတွေကြားကနေ စစ်မှန်တဲ့ အချစ်ကို ရှာဖွေတွေ့ရှိသွားပါတော့တယ်
ဒါရိုက်တာ Zhang Shitaoက ဒီကားမှာ ခေတ်သစ်လူငယ်တွေရဲ့ အိမ်မွေးတိရစ္ဆာန် ယဉ်ကျေးမှုနဲ့ အချစ်ရေး အယူအဆတွေကို ပေါ့ပေါ့ပါးပါး တင်ဆက်ထားတာဖြစ်ပြီး မြွေကို မကြောက်တတ်တဲ့သူတွေအဖို့တော့ White Snakeလေးရဲ့ ချစ်စရာ အပြုအမူတွေနဲ့ ဇာတ်လမ်းရဲ့ အလှည့်အပြောင်းတွေကို သဘောကျမှာမို့ လူတွေက လိမ်ညာတတ်ပေမဲ့ တိရစ္ဆာန်တွေကတော့ ရိုးသားတယ်ဆိုတဲ့ သဘောကို ဟာသလေးနဲ့ ပုံဖော်ထားပါတယ်နော်
ကဲ အိမ်မွေးမြွေလေးရဲ့ ဖူးစာဆန်းကြောင့် ဖြစ်ပေါ်လာမယ့် အချစ်ခရီးစဉ်ကို SoulKingdom မှာ အခုပဲ အတူလိုက်ပါခံစားလိုက်ရအောင်
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+sHLyxfc2smVhYzVl
ဇာတ်ကားကြည့်ရန်👇👇👇
https://t.me/c/2704450145/749
15 520
ပျော်ပျော်ရွှင်ရွှင် မှော်တောအုပ်ထဲတွင်
T_h-e M-a_g-i_c F-ar_aw-ay T-r-e_e (2-0-2-6)
IMDB ⭐️ 6.6/10
ပျော်ပျော်ရွှင်ရွှင် မှော်တောအုပ်ထဲတွင်
Spider-Man မင်းသား Andrew Garfield ကို ဖခင်တစ်ယောက်အဖြစ် မြင်တွေ့ရမဲ့ မိသားစု မှော်ဇာတ်ကားလေး
ဇာတ်လမ်းအကျဉ်း
လူကြီးဖြစ်လာရတဲ့ ဘဝမှာ ရင်ဘတ်ထဲက အိပ်မက်တွေကို ချောင်ထိုးထားရင်း ပုခုံးပေါ်က တာဝန်တွေကိုပဲ မမောနိုင်မပန်းနိုင် ထမ်းပိုးထားရတာ သဘာဝပါ။
ဒါပေမဲ့... ဘဝကို အသစ်ကပြန်စဖို့ အခွင့်အရေးတစ်ခု ရလာခဲ့ရင် သင် အိပ်မက်တွေကို ပြန်လည်အသက်သွင်းချင်မလား?
တင်မ်ဟာ အိမ်ရှင်ထီးတစ်ယောက်ဖြစ်ပြီး တစ်ရက်မှာတော့ သူ့ဇနီးဖြစ်သူ အလုပ်ကထွက်လိုက်ရတာကြောင့် သူတို့မိသားစုလေး အိမ်ခြေရာမဲ့ဖြစ်မဲ့ အခြေအနေနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒီလိုအကျပ်အတည်းထဲမှာပဲ တင်မ်တစ်ယောက် ဟိုးအရင်က ဇနီးမောင်နှံနှစ်ဦး အတူမက်ခဲ့ဖူးတဲ့ "ကျေးလက်တောရွာလေးမှာ အခြေချမဲ့ အိပ်မက်" ကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
ဒါပေမဲ့ ပြဿနာက မိဘနှစ်ပါးက အိပ်မက်နောက် လိုက်ချင်ပေမဲ့ မြို့ပြရဲ့ သက်သောင့်သက်သာဘဝနဲ့ အသားကျနေတဲ့ Gen Z သားသမီး ၃ ယောက်ကတော့ အဆင်မပြေပါဘူး။
ဇွတ်တရွတ်နိုင်လှတဲ့ မိဘတွေကြောင့် မီးလည်းမရှိ၊ ဝိုင်ဖိုင်လည်းမရတဲ့ တောရွာလေးကို ရောက်သွားတဲ့အခါ ကလေး ၃ ယောက်မှာ အကြီးအကျယ် တိုင်ပတ်ပါတော့တယ်။
ဒါပေမဲ့ ထင်မှတ်မထားဘဲ သမီးငယ်လေးက မတော်တဆ မှော်တောအုပ်ထဲက ထူးဆန်းတဲ့ အရာတစ်ခုနဲ့ ဆုံတွေ့မိသွားရာကနေ...
ဖခင်ဖြစ်သူ အမြဲတမ်း ပြောပြလေ့ရှိတဲ့ မှော်ဆန်တဲ့ စွန့်စားခန်းကြီး စတင်ပါတော့တယ်။
မှော်တောအုပ်ထဲက စွန့်စားခန်းက သူတို့မိသားစုလေးကို ဘယ်လိုပြောင်းလဲပစ်မလဲ?
မိဘတွေ မျှော်လင့်နေတဲ့ ဖုန်းကိုယ်စီမပွတ်ဘဲ မျက်နှာချင်းဆိုင် စကားပြောကြမဲ့ မိသားစုထမင်းဝိုင်းလေးရော အဆင်ပြေပြေ ဖြစ်လာပါ့မလား?
ခေတ်သစ်မြို့ပြဘဝထဲမှာ ပျောက်ဆုံးနေတဲ့ မိသားစုနွေးထွေးမှုတွေကို မှော်အတတ်တွေနဲ့အတူ ပြန်လည်ရှာဖွေမဲ့ ဇာတ်ကားကောင်းလေးမို့ အားလုံးကို မှော်တောအုပ်ထဲမှာ အတူတူ ပျော်ပျော်ရွှင်ရွှင် လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+NOBL7w1vj0M3MDdl
ဇာတ်ကားလင့်ခ်👇👇👇
https://t.me/c/3774947924/44
15 520
မမ်မီ ဟော်ရာကားလေးရပါပြီ
T_h-e M-u-m-m-y (2-0-2-6)
=======================
IMDB ⭐️ 6.4/10
ရုံတင်တုန်းကတည်းက လူကြိုက်များနေတဲ့ မမ်မီရုပ်ရှင်လေးထွက်ရှိလာလို့ ခုပဲ လက်မနှေးတမ်း တင်ဆက်ပေးလိုက်ပါပြီ။
Horror ကားတွေနဲ့နာမည်ကြီးတဲ့ Lee Croninရဲ့လက်ရာဖြစ်လို့ Evil Dead Riseရဲ့ အငွေ့အသက်လေးတွေပါ မြင်တွေ့ရမှာပါ။
ဇာတ်လမ်းကတော့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ နေထိုင်ကြတဲ့ သတင်းထောက် ချာလီတို့ မိသားစုကနေ အစပြုပါတယ်။
တစ်နေ့မှာတော့ သူတို့ရဲ့ သမီးလေး ကေတီဟာ သဲကန္တာရထဲမှာ အစအနမကျန် ပျောက်ဆုံးသွားခဲ့ပါတယ်။ သဲလွန်စဆိုလို့ ဘယ်ကမှန်းမသိတဲ့ သကြားလုံးတွေပဲကျန်ရစ်ပြီး ဘာသတင်းအစအနမှမရတော့ပါဘူး။
ဒီလိုနဲ့ ဝမ်းနည်းပူဆွေးမှုတွေနဲ့ ဖြတ်သန်းရင်း (၈) နှစ်ကြာပြီးတဲ့နောက်မှာတော့ ကေတီလေးကို မထင်မှတ်ဘဲ ပြန်လည်ရှာတွေ့ခဲ့ကြပါတယ်။
ဒါပေမဲ့ ပြဿနာက အဲဒီမှာ စတာပါပဲ။ ပျော်ရွှင်စရာ မိသားစု ပြန်လည်ဆုံဆည်းခြင်း ဖြစ်ရမယ့်အစား... ကေတီလေးဟာ သာမန်လူမဟုတ်တော့ဘဲ ရှေးဟောင်း မိစ္ဆာဆိုးကြီးတစ်ခု ဝင်ပူးနေတဲ့ ခန္ဓာကိုယ်တစ်ခု ဖြစ်နေခဲ့တဲ့အခါ...
မိသားစုတစ်စုလုံး ဘယ်လို ကြောက်မက်ဖွယ် ခြောက်လှန့်မှုတွေ၊ အန္တရာယ်တွေကို ရင်ဆိုင်ရမလဲဆိုတာကတော့…
ဒီကားဟာ ရိုးရိုး မမ်မီကားထက် Demonic Possession တွေ၊ သွေးသံရဲရဲ Body Horror တွေနဲ့ ဇာတ်ရှိန်ကို တင်ထားတာပါ။
Evil Dead Rise ရိုက်ခဲ့တဲ့ ဒါရိုက်တာပီပီ Jump Scare တွေ၊ ကြက်သီးထစရာ သွေးထွက်သံယို အခန်းတွေနဲ့ ပိုးကောင်တွေ၊ ကင်းမြီးကောက်တွေကို အသေအချာ အသုံးချသွားတာမို့... ရိုးရိုး Action မဟုတ်ဘဲ တကယ့် Horror အကြမ်းစား Gore ကားတွေကိုမှ ခိုက်ပါတယ်ဆိုတဲ့ ဘော်ဒါတွေအတွက်တော့ အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးပါပဲ။
15 520
ဘောင်းဘီပြဲခဲ့သော အတိတ်မှ...
H_e-a_r-tm_a-n: R-o_c-k a-n_d Lo-v_e (2-0-2-6)
IMDB ⭐️ 5.7/10
Hitman: Agent Jun ထဲက မင်းသားကြီး Kwon Sang-woo နဲ့
Flower of Evil ထဲက မမ Moon Chae-won တို့ရဲ့ အချစ်ဟာသကားလေး..
ကလေးမချစ်တဲ့ အချစ်ဦးနဲ့ ပြန်ဆုံချိန်မှာ သမီးရှိတာကို ဖုံးကွယ်ထားရတဲ့
Single Father တစ်ယောက်ရဲ့ လျှို့ဝှက်ချက်က ဘယ်လို အလှည့်အပြောင်းတွေ သယ်ဆောင်လာမလဲ..
ဘောင်းဘီပြဲပြီး လူနာတင်ကားစီးသွားရတဲ့ အတိတ်က အရှက်ရစရာ Incident ကနေ
အခုတော့ ကလေးမချစ်တဲ့ Crush ရဲ့အချစ်ကို ရဖို့ ကြိုးစားရတဲ့အထိ..
ကလေးမရှိမှ အချစ်က ပြည့်စုံမှာလား.. ဒါမှမဟုတ် မိသားစုဆိုတဲ့ အဓိပ္ပာယ်က ပိုပြီး နက်ရှိုင်းတာလား..
ဒီရုပ်ရှင်ဟာ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ အာဂျင်တီးနား ရုပ်ရှင် "No Kids" ကို တောင်ကိုရီးယား Cinematic Style နဲ့ အကောင်းဆုံး Remake ပြန်လုပ်ထားတာ ဖြစ်ပါတယ်။ ကလေးမချစ်တဲ့ လူငယ်တွေရဲ့ Modern အတွေးအမြင်နဲ့ မိဘတစ်ယောက်ရဲ့ တာဝန်ဝတ္တရားကြားက ပဋိပက္ခတွေကို ပေါ့ပေါ့ပါးပါး Rom-com အမျိုးအစားအဖြစ် ဖန်တီးထားတာမို့လို့ ပရိသတ်တွေအတွက် ဆန်းသစ်တဲ့ Vibe မျိုး ပေးစွမ်းမှာပါ။
လူကြိုက်များခဲ့တဲ့ "Hitman: Agent Jun" ရဲ့ ဒါရိုက်တာ Choi Won-sub က ပဲ့ကိုင်ပေးထားပြီး ဇာတ်ညွှန်းကိုတော့ Lee Soo-ah က ရေးသားထားတာမို့ လွှတ်ကနဲ ရယ်မောလိုက်ရမဲ့ ဟာသအကွက်တွေ စိတ်ချလက်ချ မျှော်လင့်လို့ရပါတယ်။
ဇာတ်လမ်းရဲ့ အစကတော့ အတိတ်က ကျောင်းသားပွဲတော်တစ်ခုမှာ ဆန်းမင်း တစ်ယောက် ဘိုနာရှေ့ အရှက်ရခဲ့တဲ့ Incident လေးကနေ စတင်ခဲ့တာပါ။ အဲဒီနောက်ပိုင်း ဘိုနာတစ်ယောက် ပြည်ပကို ထွက်ခွာသွားခဲ့ပြီး နှစ်တွေအကြာမှာ ဆန်းမင်းက အိမ်ထောင်ကွဲ တစ်ခုလပ်အဖြစ် သမီးလေး ဆိုယောင်းနဲ့အတူ ဘဝကို ဖြတ်သန်းနေပါတယ်။
တစ်နေ့မှာတော့ သူ့ရဲ့ အတိတ်က အချစ်ဦး ဘိုနာနဲ့ မမျှော်လင့်ဘဲ ပြန်ဆုံတွေ့တဲ့အခါမှာတော့ အချစ်မီးတွေ တစ်ကျော့ပြန် တောက်လောင်လာခဲ့ပါတယ်။ ဒါပေမဲ့ ပြဿနာက ဘိုနာဟာ သားသမီးမယူဘဲ အေးဆေးနေချင်တဲ့ Strict No-Kids Lifestyle သမား ဖြစ်နေတာပါပဲ။
ဘိုနာရဲ့ အချစ်ကို ရဖို့အတွက် ဆန်းမင်း တစ်ယောက် မိမိမှာ သမီးလေးရှိနေတာကို ဖုံးကွယ်ဖို့ ကြိုးစားရင်း ဖြစ်ပေါ်လာမဲ့ ရှုပ်ထုပ်ရှုပ်ချက် ဟာသ Vibe တွေက ပရိသတ်ကို တခိခိနဲ့ ရယ်မောနေရစေမှာပါ။ တစ်ဖက်ကလည်း သမီးဖြစ်သူရဲ့ ကူညီပေးမှုတွေ၊ သားအဖကြားက နွေးထွေးတဲ့ သံယောဇဉ် Feel တွေကိုပါ ရရှိစေမှာ ဖြစ်ပါတယ်။ နှလုံးသားကို နွေးထွေးစေမဲ့ Rock ဂီတသံစဉ်တွေနဲ့အတူ ချစ်ခြင်းမေတ္တာရဲ့ အဓိပ္ပာယ်ကို အသစ်တစ်မျိုး ခံစားရစေမဲ့ ဇာတ်လမ်းလေးမို့ ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
ဇာတ်ကားကြည့်ရန်👇👇👇
https://t.me/burmasubmov/2929
15 520
Lee Cronin's The Mummy (2026)
"Evil Dead Rise" ကားကို ရို-က်ခဲ့တဲ့ ဒါရို-က်တာ Lee Cronin ရဲ့ ၂၀၂၆ ထွက် Horror ကားအသစ် "Lee Cronin's The Mummy" ရပါပြီ။
ဒီကားက ရှေးဟောင်းအီဂျစ်ဂူတွေထဲက Mummy ဇာတ်လမ်းတွေနဲ့ မတူဘဲ မိသားစုအရေးနဲ့ သည်-းထိ-တ်ရ-င်ဖိုကို ပေါင်းစပ်ထားတဲ့ ပုံစံမျိုးလေးပါ။
ဇာတ်လမ်းအကျဉ်း
++++++++
ဇာတ်လမ်းကတော့ သတင်းထော-က်တစ်ယောက်ရဲ့ သမီးငယ်လေး သဲ-က-န္တာ-ရထဲမှာ သဲ-လွ-န်စ-မရှိဘဲ ပျော-က်သွားရာကနေ စထားတယ်။
၈ နှစ်လောက်ကြာတော့ မိသားစုလည်း စိ-တ်ပျ-က်လ-က်ပျ-က် ဖြစ်နေပြီပေါ့။
ဒါပေမဲ့ တစ်နေ့ကျတော့ အဲဒီကောင်မလေး ရု-တ်တ-ရ-က် ပြန်ရောက်လာတဲ့အတွက် အကုန်လုံး အံ့-ဩသွားကြတယ်။
တကယ်ဆိုရင် သမီးလေး ပြန်တွေ့တဲ့အတွက် ပျော်စရာ တွေဖြစ်သင့်ပေမဲ့ အဲဒီလို မဟုတ်ဘဲ အိပ်မက်ဆို-းကြီးတစ်ခုလို ကြော-က်စရာကောင်းတဲ့
ကိစ္စတွေ ဆ-က်တို-က် ဖြစ်လာပါတော့တယ်။
ဘာတွေ ဆက်ဖြစ်မလဲ၊ သဲ-က-န္တာ-ရထဲမှာ ၈ နှစ်လောက် ဘာတွေ-ကြုံ-ခဲ့ရလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ကားပါ။
Horror နဲ့ Mystery ခပ်မို-က်မို-က် ကြိုက်တဲ့သူတွေ သဘောကျမယ့် ကားလေးမို့ ကြည့်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။
