Bioscope Vibes
کانال بسته
Well
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
📈 تحلیل کانال تلگرام Bioscope Vibes
کانال Bioscope Vibes بازیگری فعال است. در حال حاضر جامعه شامل 15 468 مشترک است و جایگاه را در دسته متفرقه دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 15 468 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 27 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 659 و در ۲۴ ساعت گذشته برابر 40 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 5.66% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 1.76% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 873 بازدید دریافت میکند. در اولین روز معمولاً 272 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 1 است.
📝 توضیح و سیاست محتوایی
نویسنده این فضا را محل بیان دیدگاههای شخصی توصیف میکند:
“Well”
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 28 سپتامبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته متفرقه تبدیل کردهاند.
15 468
مشترکین
+4024 ساعت
+1817 روز
+65930 روز
آرشیو پست ها
15 468
Shesha 2016 (2026) သမိုင်း
IMDb 5.8
ကာနာတာကာရဲတပ်ဖွဲ့သမိုင်းမှာ အဆိုးဝါးဆုံးဖြစ်စဉ်တစ်ခု။ သတင်းထောက်တွေ
ပြည်သူတွေ နဲ့ စည်ကားနေတဲ့ ရဲစခန်း။
TV တွေမှာလည်း တိုက်ရိုက်တွေလွှင့်နေကြတဲ့ ဒီရဲစခန်းရဲ့ဖြစ်ရပ်က ဘာလဲ။
လွန်ခဲ့တဲ့ ၁၅ နာရီကပေါ့။ ဆော်မြဆိုတဲ့ ကောင်မလေးအမှုနဲ့ပတ်သက်ပြီး
နီးစပ်ရာလူတွေကို စစ်ဆေးရင်းနဲ့ အမှုက အနည်းငယ် ကြီးသွားပါတယ်။
ဝန်ကြီးချုပ်နားအထိပါ ပေါက်ကြားသွားတော့ စုံစမ်းရေးကို အရှိန်မြှင့်တင်ရတော့တာပေါ့။
ဒီအမှုကိုစုံစမ်းရင်း တစ်ညမှာ ရဲစခန်းကို ဖုန်းဝင်လာတယ်။ ဆက်တဲ့လူက သမိုင်းဆရာ။
ရဲထဲက အန်တိုနီဆိုတဲ့လူကို ဓားစာခံအဖြစ် ဖမ်းထားပြီး သူမေးတဲ့ဉာဏ်စမ်းမေးခွန်း ဖြေနိုင်ရင်
ဒီလူကို လွှတ်ပေးပြီး မဖြေနိုင်ရင် အာမမခံဘူးဆိုပြီး ရဲစခန်းကို ခြိမ်းခြောက်အကြပ်ကိုင်လာပါတယ် ။
ဇာတ်ရှိန် အတက်အကျတွေနဲ့ ဒီလူရဲ့ ကြိုးဆွဲရာ ကကြရင်း ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့...။
15 468
အရှုံးတွေပိုက်ပြီး Digital version ထွက်လာတဲ့ Supergirl
S*u*p*e*r*g*i*r*l (2026) စူပါဂဲလ် အကြည်ဗားရှင်း
IMDb Rating (6.1) / Rotten Tomatoes (53%)
S*u*p*e*r*g*i*r*l ဟာ DC Universe (DCU) ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဖြစ်ပြီး ကောမက်ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ Tom King ရဲ့ Supergirl: Woman of Tomorrow ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။
ဒါရိုက်တာ Craig Gillespie ရိုက်ကူးထားပြီး Milly Alcock (Supergirl)၊ Matthias Schoenaerts (Krem)၊ Eve Ridley (Ruthye) နဲ့ တခြားသရုပ်ဆောင်တွေ အများကြီးပါဝင်ထားတဲ့ စူပါဟီးရိုး၊ သိပ္ပံဇာတ်လမ်း (Sci-Fi) နဲ့ အက်ရှင်အမျိုးအစား ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
ကမ္ဘာမြေပေါ်မှာ ချစ်ခြင်းမေတ္တာအပြည့်နဲ့ ကြီးပြင်းလာခဲ့ရတဲ့ Superman နဲ့ မတူဘဲ Supergirl ဖြစ်သူ Kara Zor-El ကတော့ Krypton ဂြိုဟ် ပျက်စီးသွားချိန်မှာ အပျက်အစီးတွေကြား ၁၄ နှစ်ကြာအောင် ဒုက္ခမျိုးစုံခံပြီးမှ အသက်ရှင်ကျန်ရစ်ခဲ့တာပါ။
ဒါကြောင့်မို့လို့ သူ့ရဲ့ စိတ်ဓာတ်နဲ့ စရိုက်က Superman ထက် အများကြီး ပိုမာကျောပြီး ရင်းနှီးရခက်တဲ့ ပုံစံရှိပါတယ်။
သူ့ရဲ့ ၂၃ နှစ်ပြည့် မွေးနေ့မှာတော့ Kara တစ်ယောက် အာကာသထဲ လှည့်လည်ရင်း သောက်စားမူးယစ်နေတုန်း Ruthye ဆိုတဲ့ ဂြိုဟ်သူ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။
Ruthye ဟာ သူ့အဖေကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့တဲ့ Krem ဆိုတဲ့ လူသတ်သမားကို လက်စားချေဖို့ ကြိုးစားနေတာပါ။
အစတော့ မကူညီချင်ပေမဲ့ Krem က Kara ရဲ့ ခွေးလေး Krypto ကို ထိခိုက်အောင် လုပ်လိုက်တဲ့အခါမှာတော့ Kara တစ်ယောက် ခရစ်ပတိုကို ကယ်ဖို့ Krem ကို တွေ့အောင်ရှာမှဖြစ်မှာမို့ ရုသီကိုခေါ်ပြီး စကြဝဠာတစ်ခွင် စွန့်စားခန်းတွေ ဖွင့်ကြပါတော့တယ်။
သမီးလိမ္မာပုံစံ မဟုတ်ဘဲ သေနတ်၊ ဓား၊ စကြာဝဠာထဲက အရက်ဆိုင်တွေနဲ့ ခပ်ကြမ်းကြမ်း Space Western ပုံစံ ဖန်တီးထားတာမို့လို့ DCU ရဲ့ ဇာတ်ကြောင်းအသစ်ကို မြင်တွေ့ရမှာပါ။
House of the Dragon ထဲမှာ ပရိသတ်သဘောကျခဲ့တဲ့ Milly Alcock က Kara အဖြစ် သရုပ်ဆောင်ထားပြီး Character နဲ့ အတော်လေး လိုက်ဖက်မှုရှိပါတယ်။
Aquaman အဖြစ်ကနေ ပရိသတ်တွေ မျှော်လင့်နေကြတဲ့ အာကာသ ကြေးစားဆုကြေးမုဆိုး Lobo အဖြစ် Jason Momoa ပါဝင်လာတာကလည်း ဇာတ်ကားရဲ့ ကြည့်ချင်စရာ အချက်တစ်ခုပါ။
ကမ္ဘာမြေပေါ်မှာပဲ အခြေမစိုက်ဘဲ ဂြိုဟ်ပေါင်းစုံ၊ အာကာသဓားပြတွေ၊ ကြေးစားတွေနဲ့ အက်ရှင်ခန်းစုံစုံလင်လင် ကြည့်ရမှာဖြစ်လို့ တင်ဆက်ပေးလိုက်ရပါတယ်။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+_EjqNe-b4CQxYzQ1
ဇာတ်ကားကြည့်ရန်👇👇👇
https://t.me/c/4315958829/291
15 468
အရှုံးတွေပိုက်ပြီး Digital version ထွက်လာတဲ့ Supergirl
S*u*p*e*r*g*i*r*l (2026) စူပါဂဲလ် အကြည်ဗားရှင်း
IMDb Rating (6.1) / Rotten Tomatoes (53%)
15 468
Broken (2026)
****
ဒီကားဟာ ၂၀၂၅ ခုနှစ် ရုပ်ရှင်ရုံတင်ပြသမှုကနေတစ်ဆင့် ၂၀၂၆ ခုနှစ်မှာ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေပေါ် ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ သည်းထိတ်ရင်ဖို ရာဇဝတ်မှု ဒရမ်မာ (Dark Mystery & Thriller / Horror) ရုပ်ရှင်ကားသစ် ဖြစ်ပါတယ်။
ဒါရိုက်တာ Nate Taylor ကိုယ်တိုင် ဇာတ်ညွှန်းရေးသား ရိုက်ကူးထားပြီး ခပ်မှောင်မှောင် စိတ်ကျဉ်းကျပ်စရာ ကောင်းတဲ့ လူသတ်မှု စုံထောက်ဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေအတွက် သဘောကျစေမယ့် ကားမျိုးပါ။
ဇာတ်လမ်းက အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်ရဲ့ ကလိဗ်လင်းမြို့ကြီးမှာ အခြေခံထားတာပါ။ မြို့ပြရဲ့ လမ်းမတွေပေါ်မှာ ရက်ရက်စက်စက် လိုက်လံသတ်ဖြတ်တတ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ကြောင့် တစ်မြို့လုံး ထိတ်လန့်တုန်လှုပ်နေကြပါတယ်။
ဒီလူသတ်မှုကို ဖော်ထုတ်ဖို့အတွက် စုံထောက်နှစ်ယောက်ဖြစ်တဲ့ မီနာ ကိုဝါစကာ (Detective Mina Kowalska) နဲ့ လူးဝစ် ဒန်နီရယ်လ် (Detective Luis Daniels) တို့က တာဝန်ယူပြီး တရားခံကို အသည်းအသန် လိုက်လံစုံစမ်းကြရပါတယ်။
တစ်ဖက်မှာလည်း ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ နန်စီ (Nancy Ford) ဆိုတဲ့ ကောင်မလေးတစ်ယောက် ရှိပါတယ်။ သူဟာ အတိတ်က ကြေကွဲဝမ်းနည်းစရာ ဖြစ်ရပ်ဆိုးကြောင့် စိတ်ဒဏ်ရာအကြီးအကျယ်ရပြီး ဘဝပျက်လုနီးပါး ဖြစ်ခဲ့ရသူပါ။ အခုအခါမှာတော့ သူက သူ့ရဲ့မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ပုံမှန်အတိုင်း သံယောဇဉ်ပြန်ဆက်နိုင်ဖို့၊ ဘဝကို အကောင်းဆုံး ပြန်လည်တည်ဆောက်ဖို့အတွက် အပြင်းအထန် ကြိုးစားနေရပါတယ်။
ဒါပေမဲ့ စိတ်မကောင်းစရာက ... စုံထောက်တွေက လူသတ်သမားကို အပူတပြင်း လိုက်ဖမ်းနေတဲ့အချိန်၊ နန်စီတစ်ယောက် သူ့ဘဝကို ပြန်ထူထောင်ဖို့ ကြိုးစားနေတဲ့အချိန်မှာပဲ... ဒီသွေးအေးလူသတ်သမားကြီးရဲ့ နောက်ထပ် ပစ်မှတ်က နန်စီ ဖြစ်လာဖို့ ဦးတည်သွားပါတော့တယ်။
နန်စီတစ်ယောက် သူ့ရဲ့အတိတ်က စိတ်ဒဏ်ရာတွေကို ရုန်းကန်ရင်ဆိုင်ရင်းနဲ့ တစ်ဖက်ကလည်း ဒီလူသတ်သမားကြီးရဲ့ နောက်ထပ် သားကောင်အသစ် ဖြစ်မသွားအောင် ဘယ်လိုမျိုး အသက်လု သဲထိတ်ရင်ဖို ကြိုးစားရမလဲ၊ စုံထောက်တွေကော လူသတ်မှုကို အချိန်မီ ဖော်ထုတ်နိုင်ပါ့မလားဆိုတာကို ၁ နာရီခွဲကျော် ကြာချိန်အတွင်းမှာ ရင်တမမနဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်က သာမန် စုံထောက်လူသတ်ကားတွေလို တရားခံကို လိုက်ဖမ်းတဲ့ အပိုင်းတင်မကဘဲ၊ ကူးစက်တတ်တဲ့ စိတ်ဒဏ်ရာတွေက လူတစ်ယောက်ရဲ့ လူမှုပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက်စေလဲဆိုတဲ့ စိတ်ပညာပိုင်းကိုပါ နှောပြီး ရိုက်ပြထားတာပါ။ အမေရိကန် မင်းသမီး Hayley Johnson က နန်စီအဖြစ် အပီပြင်ဆုံး သရုပ်ဆောင်ထားပြီး၊ ရုပ်ရှင်ဇာတ်ရှိန်က တဖြည်းဖြည်း မှောင်ပြီး လေးလံလာတဲ့ ပုံစံမျိုးမို့လို့ Thriller/Dark Drama ကား ကြိုက်သူတွေအတွက် သဘောကျမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+sHLyxfc2smVhYzVl
ဇာတ်ကားကြည့်ရန်👇👇👇
https://t.me/c/2704450145/1311
15 468
ဝိညာဉ်ခွင်းဓား
(断魂剑) Soul-Severing Sword 2026 Movie
ဒီတစ်ခါမှာတော့ စုန့်မင်းဆက် နှောင်းပိုင်းအချိန်အခါကိုမှ သိုင်းလောက နောက်ခံထားပြီး ဟာသပါးပါးလေးနဲ့သိုင်းပညာပေါင်းစပ်ထားတဲ့ ရုပ်ရှင်ကားသစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်
ဇာတ်လမ်းအကျဉ်း 📝
စုန့်မင်းဆက် နှောင်းပိုင်း သိုင်းလောကကြီး မငြိမ်မသက်ဖြစ်နေချိန် ဝိညာဉ်ခွင်းဓားရဲ့ လျှို့ဝှက်စွာပေါ်ထွက်လာမှုကြောင့် သိုင်းလောကတစ်ခုလုံး သွေးချောင်းစီးမယ့် မုန်တိုင်းကြီးနဲ့ ရင်ဆိုင်လိုက်ရပါတော့တယ်
အော်မေ့ဂိုဏ်းရဲ့ တင်းကျပ်လှတဲ့ စည်းကမ်းချက်တွေကို ငြီးငွေ့နေတဲ့ Chu Tianjiao ဟာ ဆရာဖြစ်သူရဲ့ အမိန့်အတိုင်း ချင်းချန်ဂိုဏ်းက ညီမလေးထံ စာသွားပို့ခွင့် ရရှိခဲ့ပါတယ်
ခရီးလမ်းမှာ အမြဲတမ်း နှိပ်စက် ဖိနှိပ်ခံနေရတဲ့ ချင်းချန်ဂိုဏ်းရဲ့ တပည့်ဖြစ်သူနဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ကြပါတယ်
သူမ ယူဆောင်လာခဲ့တဲ့ နတ်ဓား ကြောင့် သိုင်းလောကက ကောက်ကျစ်တဲ့ ရန်သူတွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကို ခံခဲ့ရပြီး အမုန်းနဲ့ ရန်ငြိုး ဝင်္ကပါကြီးထဲကို ကျဆင်းသွားခဲ့ရပါတော့တာပေါ့
Chu Tianjiao နဲ့ Mo Huicong တို့ဟာ သံသယတံတိုင်းတွေကို ဖြိုခွဲပြီး သိုင်းလောကရဲ့ မတရားမှုတွေကို သတ္တိရှိရှိ တန်ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါတော့တယ်
သူတို့နှစ်ယောက်ဟာ ဒီသိုင်းလောက ပဟေဠိကြီးကို ဘယ်လိုတရားမျှတမှုကို ဖော်ထုတ်သွားမလဲဆိုတာ.....
15 468
C-r-i-m-s-o-n S-h-a-d-o-w-s (2026)
ကောင်းကင်မှာ သွေးရောင်လမင်းကြီးပေါ်ထွက်လာပြီး တစ္ဆေပွဲတော်ညကျင်းပဖို့နီးလာတဲ့အချိန်မှာ ရှန်ဟိုင်းမှာနေထိုင်တဲ့မိန်းကလေးအန်းယွင်မန့်ဟာ သူ့ရဲ့ဇာတိရွာလေးကို
အရေးတကြီးပြန်ရောက်လာခဲ့ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ရဲ့အစ်ကိုနှစ်ယောက်ဟာ ရှေ့ဆင့်နောက်ဆင့်ပဲ အလောင်းကောင်တွေသတ်ဖြတ်သွားတာကိုခံလိုက်ရပါတယ်။
အဖေဖြစ်သူကတော့ မိသားစုရဲ့ကပ်ဘေးဆိုးကြီးတွေအားလုံးက သူ့ရဲ့အငယ်ဆုံးသမီးလေးကြောင့်ဆိုပြီးတော့သာ ပုံချလို့နေပါတယ်။ မိသားစုတစ်စုလုံး အန္တရာယ်တွေနဲ့ကြုံနေရချိန်မှာ
ဆရာကြီးခွေဟာ ကူညီဖို့ရောက်လာခဲ့ပါတယ်။ ဆရာကြီးခွေဟာ ဒီညီအစ်ကိုနှစ်ယောက်သေဆုံးသွားတာ သာမန်မဟုတ်ပဲ နောက်ကွယ်ကနေစေခိုင်းသူရှိလိမ့်မယ်ဆိုတာကို
သံသယဝင်လာပါတယ်။ တစ္ဆေပွဲတော်ညရောက်လာတဲ့အချိန်မှာတော့ သေခြင်းတံခါးကြီးပွင့်လာပြီး အမှောင်ဓာတ်တွေလွှမ်းမိုးသွားပါတော့တယ်။
ဆရာခွေဟာ အန်းမိသားစုကိုကယ်နိုင်ပါ့မလား..... ဒီအမှောင်ထုရဲ့နောက်ကွယ်မှာ ဘယ်လိုရက်စက်တဲ့အမှန်တရားတွေကဖုံးကွယ်နေမလဲ......
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+NOBL7w1vj0M3MDdl
ဇာတ်ကားလင့်ခ်👇👇👇
https://t.me/c/3774947924/594
15 468
I-p M-a-n: K-u-n-g F-u L-e-g-e-n-d (2026) ရှယ်ကြမ်းကားသစ်
၂၀၂၆ထွက် အသစ်စက်စက် IP Man ဇာတ်ကားပါ။ဒီကားက IP Man က ဖော်ရှန်းကနေ ဟောင်ကောင်ကိုရောက်လာပြီး အခြေချခါစ သိုင်းခန်းမစဖွင့်ဖို့ကြိုးiစားနေတဲ့အချိန်ပဲဖြစ်ပါတယ်။
အဲဒီအချိန်မှာ ကျင့်ဝတ်မရှိတဲ့ အနောက်တိုင်းကုန်သည်တစ်ယောက်က အနောက်တိုင်းလက်ဝှေ့ရုံဖွင့်ဖို့အတွက် ဒေသခံသိုင်းသင်တန်းကျောင်းတွေ ဆိပ်ကမ်းတွေကို အတင်းအဓမ္မသိမ်းယူဖို့
ကြိုးစားနေပါတယ်။ အနိုင်ကျင့်ခံရတဲ့ ဒေသခံအလုပ်သမားတွေနဲ့ သိုင်းဆရာကြီးတွေဘက်ကနေပြီး ယဲ့ဝမ့်က မတရားမှုကိုအပြင်းအထန်ရင်ဆိုင်ကာကွယ်ပေးခဲ့တာကြောင့်
အနောက်တိုင်းအတွက်ယဲ့ဝမ့်ဟာ ပစ်မှတ်တစ်ခုဖြစ်သွားခဲ့ပါတယ်။ လူသတ်မှုနဲ့ မတရားထောင်ချောက်ဆင်ပြီး စွပ်စွဲပြီးထောင်ချလိုက်ပါတယ်။ ထောင်နံရံရဲ့နောက်ကွယ်မှာ
မြေအောက်ဂိုဏ်းကစေလွှတ်တဲ့ ကြေးစားလူသတ်သမားတွေရဲ့ အန္တရာယ်အမျိုးမျိုးကိုပါ ယဲ့ဝမ့်ဟာ ရင်ဆိုင်လာရပါတယ်။ သိုင်းအဖွဲ့သားတွေရဲ့စည်းလုံးမှုနဲ့အတူ ယဲ့ဝမ့်ရဲ့
ယုံချွင်းလက်သီးသိုင်းပညာနဲ့ အနောက်တိုင်းသားကိုပြန်လှန်မယ့်ဇာတ်လမ်းပဲဖြစ်ပါတယ်။
မင်းသား Dennis To ဟာ The Lengend is Born: IP Man(2010) နဲ့ IP Man : Kung Fu Master ( 2019) တို့မှာလည်း ယဲ့ဝမ့်အဖြစ် သရုပ်ဆောင်ခဲ့တာကြောင့်
အတိုက်အခိုက်ကွန်ဖူပိုင်းကတော့ ပီပြင်တဲ့အတွက် ကွန်ဖူးပရိသတ်တွေအတွက်ဇာတ်ကားလေးပဲဖြစ်ပါတယ်။
15 468
အရိပ်မဲ့အမှောင်ည (血夜行) Crimson Shadows 2026 Movie
ဇာတ်လမ်းအကျဉ်း 📝
မင်ကော်ခေတ်ကာလ အမျိုးသမီး ရဲစုံထောက် Yun Man ဟာ သူမရဲ့ နယ်မြေအတွင်း ဖြစ်ပွားခဲ့တဲ့ ထူးဆန်းဆန်းပြားလှတဲ့ လူသတ်မှုကြီး နှစ်ခုကို စုံစမ်းဖို့အတွက် ဆွေမျိုးမိတ်ဆွေဆီ လာရောက်လည်ပတ်ဟန်ဆောင်ကာ ရှန်ရှီဒေသရဲ့ Wutong ကျေးရွာဆီကို လျှို့ဝှက်စွာ ရောက်ရှိလာခဲ့ပါတယ်
ညဉ့်နက်သန်းခေါင် တောင်တက်လမ်းမှာ လျှို့ဝှက်စက္ကူလှေတွေ အလောင်းနှင်သူတွေနဲ့ ကြုံတွေ့ခဲ့ရပြီး လမ်းခုလတ်မှာ Kui Ye နဲ့ တွေ့ဆုံကာ အချင်းချင်း စည်းကမ်းချက် ၃ ချက် ထားရှိပြီး ခရီးဆက်ခဲ့ကြပါတယ်
ကျေးရွာထဲ ရောက်ရှိချိန်မှာတော့ ရွာသူရွာသားတွေရဲ့ ထူးဆန်းလှတဲ့ အပြုအမူတွေ ဘိုးဘေးဘုရားကျောင်းမှာ တည်းခိုဖို့ ဖိတ်ခေါ်တဲ့ ရွာသား An Bo ရဲ့ စကားဝှက်တွေကို သတိပြုမိခဲ့ပါတယ် အဲဒီနောက် ရွာထဲက တံငါသည် Qiao San နဲ့ အုတ်သယ်သူ Chen Si တို့ ထူးဆန်းစွာ သေဆုံးခဲ့ပြီး Qiao San ရဲ့ အလောင်းပါ ပျောက်ဆုံးသွားတာကြောင့် ရွာသူရွာသားတွေက အလောင်းတစ္ဆေကလဲ့စားချေတာလို့ သံသယဝင် ကြောက်ရွံ့နေကြပါတော့တယ်
Yun Man နဲ့ Kui Ye တို့ အမှုမှန်ကို သွေးအေးအကွက်ချ စုံစမ်းလိုက်ချိန်မှာတော့ .....
အတိတ်က မိန်းကလေး Ling Yu ဟာ Qiao San, Chen Si နဲ့ An Bo တို့ရဲ့ ကောက်ကျစ်လှတဲ့ နတ်ဘုရားပူဇော်ပွဲဆိုတဲ့ အကြောင်းပြချက်နဲ့ အရှင်လတ်လတ် မြေမြှုပ်သင်္ဂြိုဟ်ခြင်း ခံခဲ့ရတာကို သိလိုက်ရတဲ့အခါ.....
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+NOBL7w1vj0M3MDdl
ဇာတ်ကားလင့်ခ်👇👇👇
https://t.me/c/3774947924/589
15 468
Kung Fu Soccer (2026)
မစောင့်နိုင်လို့ကြိုကြည့်ချင်ကြတဲ့သူတွေအတွက် ဦးစွာ HDTC Version ကိုအရင်ဆုံးတင်ဆက်လိုက်ပါတယ်..အရသာပြည့်ပြည့်ဝဝခံစားချင်ရင်တော့
Digital Release သာ စောင့်ကြပါလို့ အကြံပေးလိုက်ပါတယ်
၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့ပြီး ကမ္ဘာတစ်လွှားမှာ အောင်မြင်မှုမှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့တဲ့ ဂန္ထဝင်ဟာသဇာတ်ကားကြီး "Shaolin Soccer" ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အခုဆိုရင်တော့
ဆယ်စုနှစ် နှစ်ခုကျော်အကြာမှာ ဟာသဘုရင်ကြီး စတီဖင်ချောင် (Stephen Chow) ကိုယ်တိုင် ရိုက်ကူးပုံဖော်ထားတဲ့ "Shaolin Women's Soccer" (သို့မဟုတ်) "Kung Fu Soccer"
(功夫女足) ဆိုတဲ့ အသစ်စက်စက် ၂၀၂၆ ထွက် ဇာတ်ကားကြီးနဲ့အတူ ပရိသတ်တွေရှေ့ကို တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပါပြီ။ ဒီကားမှာတော့ နာမည်ကြီး တရုတ်မင်းသမီးချောလေး
Dilraba Dilmurat ၊ Zhang Xiaofei နဲ့ နာမည်ကျော် အဆိုတော်/မင်းသား Lay Zhang တို့က အဓိကပါဝင်အားဖြည့်ထားပြီး Stephen Chow ရဲ့ နာမည်ကျော် အငွေ့အသက်တွေနဲ့အတူ
အားရပါးရ ရယ်မောရမယ့် Sports Comedy ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ "Emei" (အော်မေ့) လို့ခေါ်တဲ့ အမျိုးသမီး ဘောလုံးအသင်းလေးရဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီအသင်းဟာ အစပိုင်းမှာတော့ ဘယ်သူကမှ
အထင်မကြီးတဲ့၊ ပျမ်းမျှအသက် ၃၀ ကျော်အရွယ် အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းလေးတစ်ခုပေါ့။ ဒါပေမဲ့ သူတို့တွေဟာ "Supreme Invincible Cup" ဆိုတဲ့ အကြီးမားဆုံး
ဘောလုံးပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့... ရိုးရိုးဘောလုံးကန်တာမျိုးမဟုတ်ဘဲ တရုတ်ရိုးရာ သိုင်းပညာ (Kung Fu) တွေကို
ဘောလုံးကစားကွက်တွေထဲမှာ ထည့်သွင်းအသုံးပြုလာကြပါတော့တယ်။ပြိုင်ပွဲတစ်လျှောက်မှာ သူတို့အသင်းလေးဟာ သိုင်းပညာနဲ့ ဘောလုံးပေါင်းစပ်ထားတဲ့ ထူးခြားတဲ့
စွမ်းရည်တွေကြောင့် အောင်ပွဲတွေ ဆက်တိုက်ရလာခဲ့ပေမဲ့၊ မထင်မှတ်ထားတဲ့ အတွင်းလူရဲ့ သစ္စာဖောက်မှုကြောင့် အကြီးအကျယ် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။
ဒီလို အခက်အခဲတွေ၊ အကြပ်အတည်းတွေကြားထဲကနေ Emei အမျိုးသမီး ဘောလုံးအသင်းလေး
ဘယ်လို ပြန်လည်ထလာမလဲ၊ ပြိုင်ဘက်တွေကို သိုင်းကွက်ဆန်းတွေနဲ့ ဘယ်လို အကြိတ်အနယ် ယှဉ်ပြိုင်သွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။
ဒီဇာတ်ကားဟာ အရင် Shaolin Soccer ရဲ့ အငွေ့အသက်တွေကို အပြည့်အဝ ပြန်လည်ခံစားရစေမယ့်အပြင်၊ Stephen Chow ရဲ့ ကိုယ်ပိုင်ဟန်ဖြစ်တဲ့ အဓိပ္ပါယ်မဲ့ ဟာသ
(Nonsense Comedy) တွေ၊ အမိုက်စား CGI အထူးပြုလုပ်ချက်တွေနဲ့ သိုင်းကွက်ဆန်းတွေကို ခေတ်မီမီ မြင်တွေ့ရမှာပါ။ ဒါ့အပြင် Carina Lau နဲ့ ဂျပန်မင်းသား Takeru Satoh တို့လို
နာမည်ကြီး သရုပ်ဆောင်တွေကလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ထားသေးတာမို့ အရင် Shaolin Soccer ကို သဘောကျခဲ့တဲ့ ပရိသတ်တွေရော၊ ပေါ့ပေါ့ပါးပါးနဲ့
ရယ်ရယ်မောမော ကြည့်ချင်တဲ့ ပရိသတ်တွေပါ လုံးဝ (လုံးဝ) လက်မလွတ်သင့်တဲ့ ဇာတ်ကားကြီးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ရပါတယ်။
