fa
Feedback
သတင်းဗဟို MM

သတင်းဗဟို MM

رفتن به کانال در Telegram

ပြည်တွင်းသတင်းစုံ

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
2 474
مشترکین
+1424 ساعت
+37 روز
+13530 روز
آرشیو پست ها
ဗန်းမော်ပြီးရင် ရွှေကူလား... KIA ရဲ့ မြို့ဖျက်စီမံကိန်း ပရိသတ်ကြီးခင်ဗျာ... အခုရက်ပိုင်းအတွင်းမှာ ဗန်းမော်မြို့ကြီး ပျက်စီးသွ
+3
ဗန်းမော်ပြီးရင် ရွှေကူလား... KIA ရဲ့ မြို့ဖျက်စီမံကိန်း ပရိသတ်ကြီးခင်ဗျာ... အခုရက်ပိုင်းအတွင်းမှာ ဗန်းမော်မြို့ကြီး ပျက်စီးသွားတဲ့ မြင်ကွင်းတွေကို ကြည့်ပြီး မြို့ခံပြည်သူတွေတင်မကဘဲ အားလုံးကပါ တော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ အားလုံးဟာ ကိုယ့်အိုး၊ ကိုယ့်အိမ်တွေကို စွန့်ခွာပြီး အိုးမဲ့အိမ်မဲ့တွေ ဖြစ်ခဲ့ကြရတာပါ။ ဗန်းမော်မြို့ခံ အများစုဟာလည်း အခုဆိုရင် မန္တလေးနဲ့ ရန်ကုန်လို မြို့ကြီးတွေကို တိမ်းရှောင်ပြီး ကြုံရာကျပန်းအလုပ်တွေကို လုပ်ကိုင်ရင်း ရုန်းကန်နေကြရသလို၊ ရင်သွေးငယ်တွေရဲ့ ပညာရေးတွေလည်း ဆုံးရှုံးခဲ့ရပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူးခင်ဗျာ။ အခု ဗန်းမော်မြို့ကို ဖျက်ဆီးလို့မှ မပြီးသေးဘူး၊ နောက်ထပ် ရွှေကူမြို့ကိုပါ ထပ်ပြီး ဖျက်ဆီးဖို့အတွက် KIA က ပြင်ဆင်နေပြန်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာလို့ လူတွေ စိုးရိမ်နေကြပြန်ပါပြီ။ တကယ်တော့ KIA နဲ့ KIO ရဲ့ မြို့သိမ်းတိုက်ပွဲတွေကြောင့် ဘယ်မြို့က ပြည်သူတွေ ကောင်းကောင်းမွန်မွန် နေထိုင်ခွင့် ရခဲ့ကြလို့လဲဗျာ။ အရင်ကလည်း အင်းတော်တို့၊ ဗန်းမောက်တို့ဆိုတာ ဒီလိုတိုက်ပွဲတွေကြောင့်ပဲ မြို့ပျက်ကြီးတွေ ဖြစ်ခဲ့ရပြီးပြီလေ။ အခုလည်း ဗန်းမော်မြို့ ပျက်စီးသွားတဲ့ မြင်ကွင်းတွေကို ကြည့်ပြီး ရွှေကူမြို့ပါ ထပ်ဖြစ်ဦးမလားဆိုပြီး အားလုံးက ရင်တမမ ဖြစ်နေကြရပါတယ်။ ဒါကြောင့်လည်း အများက ဝေဖန်နေကြတာကတော့ KIA/KIO ရဲ့ မြို့သိမ်းစီမံကိန်းဆိုတာ တကယ်တော့ "မြို့သိမ်းတာ" မဟုတ်ဘဲ "မြို့ဖျက်စီမံကိန်း" သာဖြစ်တယ် ဖြစ်ပါတယ်။ ပုံ - ဗန်းမော်မြို့ ပျက်စီးမှုမြင်ကွင်းများ @area14media

တပ်ရင်းမှူးနှင့် တပ်ရင်းမှူးဇနီးသည် တပ်၏ အမိအဖဖြစ်ပြီး တပ်တွင်လိုက်ပါနေထိုင်သည့် အရာရှိဇနီးများသည် ခင်ပွန်းသည်၏အလုပ်ကို ကူညီပ
တပ်ရင်းမှူးနှင့် တပ်ရင်းမှူးဇနီးသည် တပ်၏ အမိအဖဖြစ်ပြီး တပ်တွင်လိုက်ပါနေထိုင်သည့် အရာရှိဇနီးများသည် ခင်ပွန်းသည်၏အလုပ်ကို ကူညီပေးရန်ဖြစ်သော်လည်း ဝင်ရောက်စွက်ဖက်၍မရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြောကြား
တပ်ရင်းမှူးနှင့် တပ်ရင်းမှူးဇနီးသည် တပ်၏ အမိအဖဖြစ်ပြီး တပ်တွင်လိုက်ပါနေထိုင်သည့် အရာရှိဇနီးများသည် ခင်ပွန်းသည်၏အလုပ်ကို ကူညီပေးရန်ဖြစ်သော်လည်း ဝင်ရောက်စွက်ဖက်၍မရကြောင်း၊ ခေါင်းဆောင်မှုကောင်းခြင်းဖြင့် မိမိကွပ်ကဲရသော အဖွဲ့အစည်းအတွက် အေးမြသောအရိပ်အာဝါသတစ်ခုကိုဖြစ်စေပြီး စည်းလုံးညီညွတ်မှုနှင့် တပ်နေပျော်ရေးကိုဖြစ်ပေါ်စေကြောင်း၊ ကောင်းမွန်သောခေါင်းဆောင်မှုဖြင့် မိမိတပ်အပေါ် စေတနာထားကာ စည်းကမ်းကောင်းမွန်၍ စွမ်းရည်သုံးရပ်ထက်မြက်အောင် တည်ဆောက်ပေးနိုင်သောတပ်မှူးများကို ၎င်းတပ်ရင်းက တသသအမှတ်ရနေမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က မေလ ၁၉ ရက်တွင် တောင်ကြီးတပ်နယ်နှင့် ဆီဆိုင်၊ ဘန်းယဉ်တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲက လာရောက်ဂါရဝပြုတွေ့ဆုံ.
+7
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲက လာရောက်ဂါရဝပြုတွေ့ဆုံ.. #local@localnews67

ယဉ်ကျေးမှု ဖလှယ်ခြင်းမှသည် ချစ်ကြည်ရင်းနှီးမှုဆီသို့ တရုတ်မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၆) နှစ်မြောက်အထိမ်းအမှတ် ၊ ၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင် သီတင်းပတ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Ms.Ma Jia နှင့် တွေ့ဆုံမေးမြန်းမှု PPIB Links Youtube | Tiktok | Telegram

မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲမှာ ပထမဆုရရှိခဲ့တဲ့ ရှမ်းပြည်နယ်ဂုဏ်ဆောင် မအိမ့်ချစ်သူနဲ့ ထူးချွန်လူငယ်မောင်မယ်များကို ဒေသခံပြည်သူများနှင့်ဌာနဆိုင်ရာများက သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆို @area14media

နိုင်ငံတော်အတွက် အကျိုးရလဒ်များစွာ ရရှိစေခဲ့သည့် သမ္မတကြီး၏ အိန္ဒိယခရီးစဉ်တစ်လျှောက် ဆောင်ရွက်ချက်များ။ #local@localnews67
နိုင်ငံတော်အတွက် အကျိုးရလဒ်များစွာ ရရှိစေခဲ့သည့် သမ္မတကြီး၏ အိန္ဒိယခရီးစဉ်တစ်လျှောက် ဆောင်ရွက်ချက်များ။ #local@localnews67

အခုတလော မြန်မာနိုင်ငံထဲမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ နယ်မြေစိုးမိုးမှု အခြေအနေတွေက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းပြီး လူတိုင်း သ
အခုတလော မြန်မာနိုင်ငံထဲမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ နယ်မြေစိုးမိုးမှု အခြေအနေတွေက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းပြီး လူတိုင်း သတိထားမိနေကြတဲ့ ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် အကြမ်းဖက် PDF နဲ့ EAOs ပူးပေါင်းအဖွဲ့တွေ ယာယီသိမ်းပိုက်ထားတဲ့ မြို့ရွာတွေကို မြန်မာ့တပ်မတော်က ပြန်လည်သိမ်းပိုက်နေတဲ့ ဖြစ်စဉ်တွေက အခုနှစ်ပိုင်းအတွင်းမှာ ခပ်စိပ်စိပ် တွေ့လာရတာပါ။ အဲဒီအဖွဲ့တွေ နေရာယူထားတဲ့ အချိန်တုန်းက ဒေသခံ တိုင်းရင်းသား ပြည်သူတွေခမျာ နေ့စဉ်နဲ့အမျှ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ဖြတ်သန်းခဲ့ကြရပါတယ်။ တော်လှန်ရေး ခေါင်းစဉ်အောက်မှာ ပြည်သူတွေဆီကနေ အတင်းအဓမ္မ ဆက်ကြေးကောက်တာ၊ ဓားပြတိုက်သလို လုယက်တာတွေကြောင့် ဒေသခံတွေရဲ့ လူမှုဘဝတွေလုံးဝ ပျက်စီးသွားခဲ့ရသလို အကြမ်းဖက် PDF နဲ့ EAOs တွေရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းတာနဲ့ ပေါ်တာဆွဲမှုတွေကြောင့် မိသားစုတွေကွဲကွာပြီး ပြည်သူတွေ ငရဲကမ္ဘာလို ဒုက္ခရောက်ခဲ့ကြရပါတယ်။ ဒါပေမဲ့ မြန်မာ့တပ်မတော်က အဲဒီမြို့ရွာတွေကို ပြန်လည်သိမ်းပိုက် စိုးမိုးပြီးတဲ့နောက်မှာတော့ အခြေအနေတွေက ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပါတယ်။ တပ်မတော်အနေနဲ့ နယ်မြေကို ထိန်းချုပ်ရုံတင်မကဘဲ ဒေသခံ ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို နှောင့်နှေးမှုမရှိဘဲ လက်တွေ့ ဆောင်ရွက်ပေးခဲ့လို့ပါပဲ။ အဓိကကတော့ ခြိမ်းခြေက်မှုတွေ ကင်းစင်အောင် လုပ်ပေးပြီး ဒေသတွင်း တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကို စနစ်တကျ ပြန်လည်တည်ဆောက်ပေးခဲ့တာ ဖြစ်ပါတယ်။ စစ်ဘေးဒဏ်ကြောင့် ပျက်စီးသွားခဲ့ရတဲ့ လမ်းတံတားတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကိုလည်း ပြည်သူတွေ အဆင်ပြေအောင် ချက်ချင်း ပြန်ပြင်ပေးခဲ့ကြသလို အငတ်ဘေးဆိုက်နေတဲ့ ဒေသခံတွေအတွက် အခြေခံစားသောက်ကုန်တွေကို အခမဲ့ ဖြန့်ဝေပေးပြီး မိမိတို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်လုပ်နိုင်အောင် ပံ့ပိုးပေးခဲ့တာလည်း တွေ့ရပါတယ်။တပ်မတော်အနေနဲ့ နိုင်ငံတော် တည်ငြိမ်ဖို့အတွက် ကျန်ရှိနေသေးတဲ့ နယ်မြေတွေကိုလည်း ဆက်လက်ပြီး ပြန်လည်သိမ်းပိုက်သွားဖို့ အရှိန်အဟုန်မြှင့် ပြင်ဆင်နေပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ NUG၊ PDF နဲ့ EAO အဖွဲ့တွေအနေနဲ့ အမြန်ဆုံး လက်နက်ချ အလင်းဝင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ အကယ်၍ အမှားကို သိမြင်ပြီး ဥပဒေဘောင်အတွင်း အလင်းဝင်လာရင်တော့ မိသားစုနဲ့ ပြန်ဆုံစည်းနိုင်မယ့် အခွင့်အရေး ရရှိမှာ ဖြစ်ပေမယ့် အဲလိုမှမဟုတ်ဘဲ ဇွတ်ခေါင်းမာပြီး လူမိုက်ဇာတ်လမ်း ဆက်ခင်းနေမယ်ဆိုရင်တော့ တပ်မတော်ရဲ့ ခြေမှုန်းမှုအောက်မှာ အသက်ဆုံးရှုံးခြင်းနဲ့ပဲ နိဂုံးချုပ်သွားရမှာပါ။ ဒါကြောင့် အကြမ်းဖက် NUG အဖွဲ့ရဲ့ ကိုယ်ကျိုးရှာ အာဏားရူးတွေအောက်မှာရှိနေတဲ့ PDF တွေအနဲ့ အမြန်ဆုံး ရုန်းထွက်ပြီး အလင်းဝင်ကြခြင်းဖြင့် မိမိအသက်ကို ကယ်တင်ကြပါ။ #loca@localnews67

မြန်မာ-အိန္ဒိယ ဆက်ဆံရေးနဲ့ မြန်မာ့ဗျူဟာမြောက် အရေးပါမှု ကမ္ဘာကြီး ဘယ်လိုပဲ ပြောင်းပြောင်း နိုင်ငံတကာဆက်ဆံရေးမှာ "အမျိုးသားအကျ
မြန်မာ-အိန္ဒိယ ဆက်ဆံရေးနဲ့ မြန်မာ့ဗျူဟာမြောက် အရေးပါမှု   ကမ္ဘာကြီး ဘယ်လိုပဲ ပြောင်းပြောင်း နိုင်ငံတကာဆက်ဆံရေးမှာ "အမျိုးသားအကျိုးစီးပွား" နဲ့ "ပထဝီဝင်အနေအထား" က အဓိကပဲ။ အထူးသဖြင့် အိမ်နီးချင်းဆိုတာ ဖြတ်တောက်လို့မရတဲ့ သဘာဝတရားမို့ အိန္ဒိယနဲ့ မြန်မာ့ဆက်ဆံရေးကို မြေပြင်ပကတိအခြေအနေအတိုင်း ကြည့်ဖို့ လိုပါတယ်။ ဒါတွေကို ကဏ္ဍကြီး (၃) ခုနဲ့ ခွဲပြီးကြည့်မယ်ဆိုရင် အိန္ဒိယအတွက် မြန်မာဟာ ဘာကြောင့် "အသက်သွေးကြော" ဖြစ်နေတာလဲ.? Ø  အရှေ့မျှော်ဝါဒ (Act East Policy): အိန္ဒိယက ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်ချင်တာ။ ဒါအောင်မြင်ဖို့ဆိုရင် သူ့ရဲ့ အရှေ့မြောက်ဘက်ဒေသတွေ ဖွံ့ဖြိုးဖို့နဲ့ နယ်စပ်တည်ငြိမ်ဖို့ လိုတယ်။ ဒါက မြန်မာ့ပူးပေါင်းဆောင်ရွက်မှုမရှိရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ Ø  ဗျူဟာမြောက် စီမံကိန်းကြီးများ: ကုလားတန်ဘက်စုံစီမံကိန်းနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးတို့ လည်ပတ်နိုင်ဖို့က မြန်မာအစိုးရရဲ့ မြေပြင်ထိန်းချုပ်နိုင်မှုအပေါ် တိုက်ရိုက်မူတည်နေတယ်။ Ø  နယ်စပ်စီးပွားရေး: နယ်စပ်ကုန်သွယ်ရေး ပုံမှန်လည်ပတ်ဖို့က နှစ်ဖက်စလုံးက ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် လက်တွေ့ကျကျ လိုအပ်နေတာပါ။ အိန္ဒိယရဲ့ လက်တွေ့ကျတဲ့ သံတမန်ရေး (Pragmatic Diplomacy) Ø  အိန္ဒိယက အနောက်အုပ်စုနိုင်ငံတွေလို မြန်မာ့အရေးကို အတင်းအကျပ် ဖိအားပေးတာ၊ ဝင်စွက်ဖက်တာမျိုး မလုပ်ဘဲ ညှိနှိုင်းအဖြေရှာတာကိုပဲ လိုလားတယ်။ Ø  အဓိက စိုးရိမ်ချက်: မိမိနယ်စပ်မှာ မတည်ငြိမ်တာ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု၊ လူကုန်ကူးမှုနဲ့ အွန်လိုင်းလိမ်လည်မှု (Online Scams) တွေကို အစိုးရိမ်ဆုံးပဲ။ ဒါတွေကို နှိမ်နင်းဖို့ နှစ်နိုင်ငံ စစ်ဘက်၊ အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှုက မရှိမဖြစ်ပဲ။ Ø  အရှိတရားကို လက်ခံခြင်း: မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ အားပေးပေမယ့် လက်ရှိမြေပြင်မှာ တကယ်အာဏာသက်ရောက်မှုရှိတဲ့ အင်အားစုတွေနဲ့ လက်တွေ့ကျကျ ဆက်ဆံရမယ်ဆိုတာကို အိန္ဒိယက ကောင်းကောင်းကြီး သဘောပေါက်ထားတယ်။ ပထဝီနိုင်ငံရေး (Geopolitics) အရ ညှပ်နေတဲ့ မြန်မာ Ø  ထိပ်သီးနှစ်နိုင်ငံကြားက အချက်အချာ: မြန်မာဟာ တရုတ်နဲ့ အိန္ဒိယဆိုတဲ့ လူဦးရေအများဆုံး၊ စင်္ကြံအကြီးဆုံး နိုင်ငံကြီးနှစ်ခုကြားမှာ ညှပ်နေတာ။ ဒါက စိန်ခေါ်မှုကြီးသလို အခွင့်အလမ်းလည်း ဖြစ်ပါတယ်။ Ø  လမ်းပွင့်သွားတဲ့ ထွက်ပေါက်များ: အိန္ဒိယအတွက်က အိန္ဒိယသမုဒ္ဒရာနဲ့ ဘင်္ဂလားပင်လယ်အော်ကို ထွက်ဖို့ တံခါးပေါက်ဖြစ်ပြီး၊ တရုတ်အတွက်ကတော့ မလက္ကာရေလက်ကြားကို ရှောင်ပြီး စွမ်းအင်နဲ့ ကုန်စည်တွေ တိုက်ရိုက်သယ်နိုင်မယ့် စင်္ကြံ ဖြစ်နေတယ်။ Ø  စီးပွားရေးအရ အချက်အချာ (Land Bridge): မြန်မာနိုင်ငံဟာ သဘာဝသယံဇာတ (ရေနံ၊ ဂတ်စ်၊ ကျောက်မျက်) ကြွယ်ဝရုံတင်မကဘဲ အာဆီယံနဲ့ တောင်အာရှဈေးကွက်ကြီး နှစ်ခုကို ကုန်းလမ်းကနေ တိုက်ရိုက်ချိတ်ပေးထားတဲ့ ကုန်းတွင်းတံတားကြီးလို ဖြစ်နေလို့ Supply Chain မှာ လုံးဝ အရေးပါနေပါတယ်။   အချုပ်ပြောရမယ်ဆိုရင်... မြန်မာပြည်ရဲ့ လက်ရှိ မတည်ငြိမ်မှုတွေဟာ မြန်မာတစ်နိုင်ငံတည်း ကိစ္စမဟုတ်တော့ဘဲ ဒေသတွင်း ကုန်သွယ်ရေးနဲ့ လုံခြုံရေးအထိ ရိုက်ခတ်နေပါတယ်။ မြန်မာပြည် ငြိမ်းချမ်းမှ အိမ်နီးချင်းတွေလည်း စိတ်အေးလက်အေး စီးပွားရေးလုပ်နိုင်မှာပါ။ ဒါကြောင့် အိမ်နီးချင်းနိုင်ငံကြီးတွေအနေနဲ့ မြန်မာပြည် တည်ငြိမ်လာဖို့အတွက် အရင်ကထက် ပိုပြီး လက်တွေ့ကျကျ၊ မျှမျှတတနဲ့ ဝိုင်းဝန်းကူညီပေးမယ့် အခင်းအကျင်းမျိုး ဖန်တီးလာရတော့မယ်ဆိုတာ "ပကတိအရှိတရား" ပဲ ဖြစ်ပါတယ်။ #local@localnews67

မြန်မာ့ရုပ်ရှင်လောကမှာ မြင်ရခဲတဲ့ Hacker တို့ရဲ့ ပညာရပ်တချို့ကို ထည့်သွင်းရိုက်ကူး ပုံဖော်ထားတဲ့ .. “ဖိုးကောက်”.. - မြန်မာ့အနုပညာ အစစ်အမှန်ကို ခေတ်နဲ့လျှော်ညီစွာ ပြုပြင်မွမ်းမံတင်ဆက်ထားတဲ့ .. “ဖိုးကောက်”.. - ပရိတ်သတ်ရဲ့ရင်ထဲမှာ ရသမျိုးစုံကျန်ရစ်ခဲ့မှာ ဖြစ်သလို မှတ်သားစရာများ ကျန်ရစ်စေမယ့်.. “ဖိုးကောက်”.. - အမြည်းအစမ်းလေး တင်ပေးလိုက်ပါတယ် #local@localnews67

စစ်ကောင်စီခေါင်းဆောင်ပိုင်းကသူတွေ သူတိုသားသမီး ပြည်သူ့စစ်မှူထမ်းထဲ ဝင်ရောက်တာဝန်ထမ်းတာကို ဘယ်လောက်ဂုဏ်ယူကြောင်းနဲ့ မိခင်တစ်ယောက်ရဲ့ ခံစားချက်ကို ပေါ်လွင်အောင် ရေးထားတဲ့ Post လေး သဘောကျလို ယူလာတာ ========= သတင်းထဲမှာ ပုံမပါလို့ မယုံပါ တဲ့။ အနေအေးပြီး စကားနည်းတဲ့ အဲ့သည်ကျေးဇူးရှင်လေးဟာ သူ 3rd year မှာ ဂုဏ်ထူး (၄)ဘာသာရတယ်ဆိုတာရယ်၊ Final year ကျောင်းပြီးတာ Graduate with first class ဆိုတာရယ်ကို မိဘကို မပြောခဲ့ပါဘူး။ (၂)ခုစလုံးကို ကျောင်းကဖုန်းဆက်မှ သည်မေမေက သိရတာ။ ဇန်နဝါရီလမှာ ကျောင်းပြီးတယ်၊ ဖေဖေါ်ဝါရီလ တစ်လနားစေပြီး မတ်လမှာ ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ခိုင်း ခဲ့တယ်။ “သား ..စစ်မှုထမ်းရမယ်”လို့ အကျိုးအကြောင်းလျော်ညီစွာ ရှင်းပြလာတဲ့ အဖေ့စကားကို သားဟာ အနည်းငယ်သော်မှ စောဒကမတက်ခဲ့ပါဘူး။ သင်္ကြန်ရက်တွေရယ်နဲ့ သူ့မွေးနေ့ရက်ရယ်ကို သင်တန်းမှာပဲကျော်ဖြတ်ခဲ့တယ်။ ပျော့သွားမှာစိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သည်မေမေဟာ သားရဲ့မွေးနေ့ရက်မှာ တစ်ခါပဲဖုန်းဆက်ခဲ့ပြီး နောက်.. တစ်ခါမှဖုန်းမခေါ်ခဲ့တာ သင်တန်းပြီးတဲ့အထိပေါ့။ စိမ်းကားတာလား၊ မာနထားတာလားမသိတဲ့ သည်သားဟာလည်း သင်တန်းတစ်လျှောက်လုံး သူကစပြီး ဖုန်းမခေါ်ခဲ့ပါဘူး။ သင်တန်းကာလတစ်လျှောက် Viber က family group chat မှာ ဘယ်တော့မှ ဝင်မလာတဲ့ သည်သားဟာ သူ ပစ်ခတ်စဉ်မှာ ၄ လက်မကျည်စုကို ၅ ချက်ဝင်ပြီး အမှတ်အများဆုံးရတဲ့အချိန်မှာတော့ “သည်သတင်းလေး မိသားစုဆီပို့လို့ရလား” လို့ သင်တန်းကတာဝန်ရှိသူကို ခွင့်တောင်းပြီး သတင်းပို့လာတော့တာ။ “ဒါ သူဂုဏ်ယူလို့ပေါ့” ဆိုပြီး သည်မေမေမှာ ပျော်မဆုံး။ ကိုယ်တိုင်သွင်းတာကလွဲလို့ အထွက်သာရှိပြီး အဝင်မရှိတဲ့ မေမေရဲ့ kpay ကို ငွေဝင်ကြောင်း အချက်ပြသံကြားတော့ ဘယ်ကပါလိမ့် လို့ ...။ သားက “သားရဲ့ပထမဦးဆုံးလစာထဲက လွှဲပေးလိုက်တာ”လို့ ဖတ်လိုက်ရတဲ့အချိန်မှာ သည်မေမေကြည်နူးလိုက်ရတာ ဆိုတာလေ။ သားပျော့သွားမှာစိုးလို့ ပစ်ထားခဲ့တဲ့ သည်မေမေဟာ သင်တန်းဆင်းပွဲအခမ်းအနားမှာတော့ မျက်ရည်ဝိုင်းရတော့တာပဲ။ သားဟာ ၂ လခွဲအတွင်းမှာ အသားတွေညိုသွား၊ ၁၃ ပေါင် တက်လာ (ပဲဟင်းအစွမ်း)၊ ရင်အုပ်ကြီးကားလာပြီး ကြွက်သားတွေ ကျစ်လစ်မာကျောလာတော့တာ။ သင်တန်းဆင်းပွဲအခမ်းအနားမှာ သားတို့စစ်ကြောင်းကြီး စထွက်လာကတည်းက မေမေက ရင်ခုန်သံတွေမြန်နေပြီ။ မျက်နှာထားကအစ ပြောင်းလဲသွားတဲ့မာန်အပြည့်နဲ့ စစ်ပုံကျကျလမ်းလျှောက်နေတဲ့သားကို မြင်ရချိန်မှာ မေမေ့မျက်ဝန်းထဲ မျက်ရည်တွေလည်လို့ပေါ့။ ကျေးဇူးအများကြီးတင်ပါတယ် သား။ တာဝန်ထမ်းစဉ်ကာလတစ်လျှောက်မှာလည်း သားထူးချွန်ခဲ့တဲ့ Computer science ပညာနဲ့ အကောင်းဆုံး အကျိုးပြုလိမ့်မယ်လို့ မေမေယုံကြည်ပါတယ်။ ××××× သိပ်မကြွားတတ်တဲ့ သည်မေမေဟာ သမီး Master ပြီးတုန်းက သမီးအကြောင်းကြွားခဲ့တာမို့ သားတာဝန်ကျေတဲ့ အခါမှာလည်း သားအကြောင်းကြွားရတော့တာပါ။ Media တွေမှာ မဟုတ်တာတွေ ဘယ်လောက်ရေးခံရ ရေးခံရ မတုန်လှုပ်ဘဲ ကိုယ်လုပ်စရာရှိတာကို တည်တည်ငြိမ်ငြိမ် လုပ်ခဲ့တဲ့ သမီးနဲ့သားကို ကျေးဇူးတင်ပါတယ်။ ×××× ကဲ.... ယုံတယ်ဆိုတဲ့သူတွေ သည်ဘက်လာ၊ မယုံဘူးဆိုတဲ့သူတွေ ဟိုဘက်သွား။ ချစ်တဲ့သူတွေ သည်ဘက်လာ၊ မချစ်တဲ့သူတွေ ဟိုဘက်သွား။ မှန်တယ်ထင်တဲ့သူတွေ သည်ဘက်လာ၊ မမှန်ဘူးထင်တဲ့သူတွေ ဟိုဘက်သွား။ သည်ဘက်က များချင်များ ..ဟိုဘက်က များချင်များ ကိုယ်လုပ်ရမယ့်အလုပ် ကိုယ်လုပ်၊ တို့တတွေ တာဝန်ကျေကြစို့ ...သမီးနဲ့သားတို့ ... ======== Crd