သတင်းဗဟို MM
رفتن به کانال در Telegram
ပြည်တွင်းသတင်းစုံ
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
2 474
مشترکین
+1424 ساعت
+37 روز
+13530 روز
آرشیو پست ها
2 474
လောက်ကိုင်မှာ CDM ဆရာဝန်က CDM အမျိုးသမီးကို မုဒိမ်းကျင့်မှုဖြစ်ပွာ။
#local@localnews67
2 474
+2
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က DKBA ကို အွန်လိုင်းလိမ်လည်မှုတွေ တိုက်ဖျက်ရေးမှာ ပူးပေါင်းပါဝင်ဖို့နဲ့ ဒီလိုလုပ်ရပ်တွေမှာ ကိုယ်တိုင်လည်း မပတ်သက်ဖို့ တိုက်တွန်းပြောကြားခဲ့တာက လက်ရှိအခြေအနေမှာ အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်…
အခုအချိန်မှာ အွန်လိုင်းလိမ်လည်မှုတွေက ပုံစံမျိုးစုံနဲ့ ပိုမိုများပြားလာနေပြီး ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ယုံကြည်မှုကို ထိခိုက်စေနိုင်တဲ့ ပြဿနာတစ်ခု ဖြစ်လာပါတယ်။ ဒီလိုအန္တရာယ်တွေကို လျှော့ချနိုင်ဖို့ဆိုရင် အဖွဲ့အစည်းတစ်ခုတည်းနဲ့ မလုံလောက်ဘဲ သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်…
DKBA အနေနဲ့လည်း အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးမှာ အပြုသဘောဆောင်စွာ ပါဝင်ပူးပေါင်းပေးနိုင်မယ်ဆိုရင် ဒေသခံပြည်သူတွေအတွက် ပိုမိုလုံခြုံပြီး ယုံကြည်စိတ်ချရတဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်… ဒါ့အပြင် ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ နောင်မျိုးဆက်သစ်တွေရဲ့ အနာဂတ်အတွက် ပညာရေး၊ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေးကဏ္ဍတွေမှာ ပူးပေါင်းလုပ်ဆောင်သွားမယ့် အချက်တွေကလည်း အရေးကြီးတဲ့ အဓိကအချက်တွေပါပဲ…
ဘာကြောင့်လဲဆိုတော့ တကယ့်ငြိမ်းချမ်းရေးဆိုတာ တိုက်ပွဲတွေ မရှိရုံနဲ့ မပြီးဆုံးပါဘူး။ ပြည်သူတွေ လုံခြုံစွာ နေထိုင်နိုင်ခြင်း၊ ကလေးတွေ ပညာသင်ယူနိုင်ခြင်း၊ လူမှုဘဝတွေ တိုးတက်ကောင်းမွန်လာခြင်းတို့နဲ့အတူမှသာ ရေရှည်တည်တံ့နိုင်မှာ ဖြစ်ပါတယ်…ဒါကြောင့် အားလုံးက ဒေသအကျိုး၊ ပြည်သူအကျိုးကို ရှေးရှု့ပြီး ပူးပေါင်းလက်တွဲနိုင်မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို တည်ဆောက်နိုင်မှာပါ…
ဒီတွေ့ဆုံဆွေးနွေးမှုကနေ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်တဲ့အခြေအနေတွေ အခွင့်အလမ်းတွေပေါ်လာမယ်လို့ မျှော်လင့်ပါတယ်…
သီဟဝဏ္ဏ
2 474
ခင်ဦးနယ်ကို ပြောလိုက်တာနဲ့ အရင်ကတော့ စိမ်းစိုတဲ့ လယ်ကွင်းတွေ၊ အလုပ်ကြိုးစားတဲ့ လယ်သမားတွေ၊ ရွာထဲမှာ ဆော့ကစားနေတဲ့ ကလေးတွေရဲ့ ရယ်သံတွေကိုပဲ မြင်ယောင်မိပါတယ်…
ကိုယ်တွေလည်း အဲဒီဒေသဘက်မှာ ၆ နှစ်လောက်နေခဲ့တော့ သံယောဇဉ်တွေက မပြတ်ဘူး… ဒါပေမယ့် အကြမ်းဖက် PDF ပေါ်လာပြီးနောက်မှာတော့ အဲဒီရယ်သံတွေထက် စိုးရိမ်မှုတွေက ပိုကြီးလာသလို၊ အေးချမ်းမှုထက် ကြောက်ရွံ့မှုက ပိုများလာတယ်ဆိုတာကတော့ အသေအချာပဲ…
လက်နက်ကိုင်ပြီး ရမ်းကားနေတဲ့ အကြမ်းဖက် PDF ကြောင့် လယ်လုပ်စားတဲ့သူတွေ လယ်မဆင်းရဲကြတော့ဘူး။ ဈေးရောင်းတဲ့သူတွေ အရင်လို စိတ်ချလက်ချ မရောင်းနိုင်တော့သလို ကလေးတွေတောင် အေးအေးချမ်းချမ်း စာသင်ဖို့ မလွယ်တော့တဲ့ အခြေအနေတွေကို ရင်ဆိုင်နေကြရပြီ… ပြောရမယ်ဆိုရင် ရှုံးမှုအများဆုံးက ဘယ်သူတွေလဲဆိုရင် လက်နက်မကိုင်တဲ့ သာမန်ပြည်သူတွေပဲ….
လယ်မြေဆိုတာ ဒေသခံတွေအတွက် မြေတစ်ကွက်သက်သက် မဟုတ်ပါဘူး။ အဲဒါက သူတို့မိသားစုရဲ့ အသက်မွေးဝမ်းကျောင်း၊ မျိုးဆက်အလိုက် ထိန်းသိမ်းလာတဲ့ အမွေအနှစ်၊ သားသမီးတွေရဲ့ အနာဂတ်ကို တည်ဆောက်ပေးတဲ့ အခြေခံအုတ်မြစ်တွေဖြစ်တယ်…
အကြမ်းဖက် PDF မီးရှို့ဖျက်ဆီးလို့ပျက်စီးသွားတဲ့ အိမ်တစ်လုံးကို အုတ်နံရံနဲ့ ခေါင်မိုးတစ်ခု ဆုံးရှုံးသွားတာလို့ပဲ မြင်လို့မရဘူး။ အဲဒီအိမ်ထဲမှာ ရှိခဲ့တဲ့ ဘဝတစ်ခု၊ မိသားစုတစ်စုရဲ့ အမှတ်တရတွေ၊ အနာဂတ်အိပ်မက်တွေပါ တစ်ပြိုင်တည်း ပျက်စီးသွားတာ…
ဒါတွေတင်မကသေးဘူး အကြမ်းဖက်သမား PDF တွေရဲ့ခြိမ်းခြောက်အနိုင်ကျင့်မှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေဟာ နေ့စဉ် ကြောက်ရွံ့မှုတွေနဲ့ အိပ်ရာဝင်ရတဲ့ ဘဝ၊ မနက်ဖြန် ဘာဖြစ်မလဲဆိုတာ မသေချာတဲ့ ဘဝ၊ ကိုယ့်သားသမီးရဲ့ အနာဂတ်ကိုတောင် စိတ်မချနိုင်တဲ့ဘဝ ဒီလိုနာကျင်စရာကောင်းတဲ့ အခြေအနေတွေနဲ့ ဖြတ်သန်းနေကြရတယ်…
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ခင်ဦးနယ်ကပြည်သူတွေက သူတို့နယ်မြေလေး အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ဖို့ အကြမ်းဖက်သမား PDF တွေကို အမြန်ဆုံးချေမှုန်းရှင်းလင်းပေးပါဆိုတဲ့ တောင်းဆိုတဲ့အသံတွေထွက်လာတယ်… ဒီလိုထွက်ပေါ်လာတဲ့ အသံဟာ ခင်ဦးနယ်တစ်ခုတည်းရဲ့ အသံမဟုတ်ပါဘူး။ အကြမ်းဖက်သမားတွေရဲ့ဒဏ်ကို ခံစားနေရတဲ့ ဒေသတိုင်းက သာမန်ပြည်သူတွေရဲ့ ရင်ထဲက အသံပါ….
ပြည်သူတွေ လိုချင်တာက ရိုးရှင်းပါတယ်…
"ကြောက်ရွံ့မှု မရှိတဲ့နေ့ရက်တွေနဲ့အေးချမ်းစွာ ရှင်သန်နိုင်တဲ့ဘဝလိုအပ်တာပါ"
သီဟဝဏ္ဏ
2 474
ပြောရမယ်ဆိုရင် စာသင်ကျောင်းဆိုတာ ကလေးတွေရဲ့ အိပ်မက်တွေ ရှင်သန်ရာ၊ အနာဂတ်ကို ပုံဖော်ရာ "ဘေးကင်းလုံခြုံတဲ့ နိဗ္ဗာန်ဘုံ" တစ်ခုပါ။ ဒါပေမဲ့ ဒီကနေ့မှာတော့ အကြမ်းဖက် NUG လက်အောက်ခံ PDF အဖွဲ့တွေရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေကြောင့် တဖြည်းဖြည်း မှေးမှိန်နေပြီလို့ ပြောရမလိုဖြစ်နေပြီ...
ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်ငူမြို့နယ်၊ မြပင်ကူးရွာမှာ ကလေးတွေ စာသင်ကြားနေတုန်း အကြမ်းဖက် PDF တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ဟာ ကလေးငယ်တွေရဲ့ စိတ်နှလုံးကို ဘယ်လောက်ထိ ဒဏ်ရာရစေမလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ရင်နာစရာပါ။ "ကျောင်းတက်လို့" ဆိုတဲ့ အကြောင်းပြချက်နဲ့ အပြစ်မဲ့တဲ့ ကလေးတွေကို ပစ်မှတ်ထားတာဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ ယုတ်မာတဲ့ လုပ်ရပ်ဖြစ်ပါတယ်...
ဒါတင်မကသေးပါဘူး၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းရွာမှာလည်း ကျောင်းသားတွေ ကျောင်းတက်လို့ဆိုပြီး အကြမ်းဖက် NUG PDF တွေက မိဘတွေကို ဖမ်းဆီးကာ ရိုက်နှက်သတ်ဖြတ်လို့ ကျောင်းသားမိဘတစ်ဦး သေဆုံးခဲ့ရတဲ့ သတင်းတွေဟာ တော်တော်လေးကို အော့နှလုံးနာစရာကောင်းလှပါတယ်...
ကလေးတစ်ယောက်ကို ကျောင်းမတက်ဖို့ ခြိမ်းခြောက်တာ၊ ကျောင်းကို ပစ်ခတ်တာဟာ အဲဒီကလေးတွေရဲ့ တစ်နေ့တာကို ဖျက်ဆီးလိုက်တာ မဟုတ်ပါဘူး၊ သူတို့တွေရဲ့ ဘဝတစ်ခုလုံးနဲ့ နိုင်ငံရဲ့ အနာဂတ်ကို ဖျက်ဆီးလိုက်တာပါ။ ပညာရေးကဏ္ဍကို တိုက်ခိုက်နေတာတွေဟာ နိုင်ငံတကာ ရာဇဝတ်မှုတွေ ဖြစ်သလို၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေလည်း ဖြစ်ပါတယ်...
ကလေးတွေ လက်ထဲမှာ ပတ်ဝန်းကျင်မှာ သေနတ်တွေ၊ ကျည်ဆံတွေ ဗုံးဆံတွေ မဟုတ်ဘဲ စာအုပ်စာပေတွေနဲ့ လှပတဲ့အိပ်မက်တွေပဲ ရှိသင့်ပါတယ်… ပညာရေးဟာ ငြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အတွက် အဲဒီအုတ်မြစ်ကို ဖြိုဖျက်နေတာတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ကို မှောင်မိုက်စေမှာ အသေအချာပါပဲ…
ဒါကြောင့် ဒီလိုစစ်ရာဇဝတ်မှုကျူးလွန်တာတွေရပ်တန့်ဖို့အတွက်ဆိုရင် အကြမ်းဖက် NUG နဲ့ NUG လက်အောက်ခံ PDF တွေကို ပြည်တွင်းမှာတင်မကဘဲ နိုင်ငံတကာကပါ ထိထိရောက်ရောက် ဖိအားပေးပြီး ပြတ်ပြတ်သားသားချေမှုန်းဖို့ လိုပါတယ်… ဒါမှသာ ကလေးငယ်တွေရဲ့ဘဝအိပ်မက်တွေနဲ့ နိုင်ငံရဲ့အနာဂတ်ကလှပမှာဖြစ်ပါတယ်…
သီဟဝဏ္ဏ
2 474
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့်ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လာအိုပြည်သူ့ဒီမိုရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိ
PPIB
@area14media
2 474
+4
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာ
နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေး ဆွေးနွေးမည်
နေပြည်တော်၊ ဇူလိုင် ၃
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်သော မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပါသည်။
နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် လာအိုသံရုံးမှ တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။
ယခု နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာ-လာအို နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအားကောင်းစေရေး၊ နှစ်နိုင်ငံအစိုးရများနှင့် ပြည်သူများအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထားဆွေးနွေးသွားမည်ဖြစ်ပါသည်။
အဆိုပါ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များလည်း လိုက်ပါသွားခဲ့ကြပါသည်။
2 474
မုံရွာမြို့နယ်ထဲမှာရှိတဲ့ အကြမ်းဖက် ပလဖ စခန်းတွေကို အကြမ်းဖက် NUG အဖွဲ့က ဝင်ရောက်တိုက်ခိုက်တဲ့အတွက် အကြမ်းဖက် ပလဖ အဖွဲ့တွေ အများအပြားသေဆုံး..
အတိုက်ခံရတဲ့ အာဂူး ဦးဆောင်တဲ့ ပလဖ အဖွဲ့ဟာ မုံရွာမြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေကို ဆက်ကြေးကောက် ဓါးပြတိုက် မုဒိမ်းကျင့်မှုတွေ ကျူးလွန်နေတဲ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကိုပါ မညှာမတာနဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်….
ပြောရမယ်ဆိုရင် တိုက်တဲ့အဖွဲရော အတိုက်ခံရတဲ့အဖွဲ့ရော နှစ်ဖွဲ့လုံးက အကြမ်းဖက် NUG လက်အောက်ခံအဖွဲ့တွေဖြစ်သလို ပြည်သူတွေကို မထင်ရင် မထင်သလို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ အဖွဲ့တွေဖြစ်တယ်…
ယခုလည်း NUG လောက်အောက်ခံချင်းအတူတူ အာဂူးရဲ့ ပလဖ အဖွဲ့ကိုတိုက်တယ်ဆိုတော့ NUG အဖွဲ့တွေက ဇာတ်တူသားစားရတာချိုမှန်းသိသွားပြီထင်တယ်..
ဒီလိုဖြစ်တာလည်းကောင်းပါတယ်... တပ်မတော်ကြီး ကျည်ကုန်သက်သာသွားတာပေါ့…
@area14media
2 474
+9
တိုင်းစစ်ဌာနချုပ်အသီးသီတွင် စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးခဲ့တဲ့ အမှတ်စဥ်(၃)မှ ပြည်သူ့စစ်မှုထမ်းများကို ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ပုံစံ(၁၂)နဲ့ ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်။
@area14media
2 474
အကြမ်းဖက် KIA အဖွဲ့က အများပြည်သူသွားလာနေသည့်လမ်းအား မိုင်းထောင်ဖို့လုပ်ဆောင်နေ..
KIA မိုက်ရိုင်းပြီ..
@area14media
2 474
မီဇိုရမ်ပြည်နယ်၊ ကျိုင်ဖိုင်းမြို့ရှိ Bethel Branch YMA က စစ်ဘေးရှောင် စီးပွားရေးလုပ်ကိုင်သူအဖြစ် ဟန်ဆောင်ကာ ပြည်သူများကို လိမ်လည်လှည့်ဖြားနေတဲ့ အကြမ်းဖက် ချင်း PDF ထောက်ပို့ ၈ ဦး ဇွန်လ ၂၅ ရက်နေ့တွင် မီဇိုရမ်ပြည်နယ်မှ နှင်ထုတ်ကြောင်းထုတ်ပြန်ခဲ့သည်….
ခွက်ခေါက်ရင်ခေါက်
မခေါက်ရင် ခိုးတယ်…
@area14media
2 474
ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး
ရန်ကုန်၊ ဇွန် ၂၆
(၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲကို ရန်ကုန်မြို့ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးအမျိုးအစား ၃၁ မျိုးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ မြန်မာငွေ ကျပ် ၁ ဒသမ ၁၇၆ ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၃၂၁ ဒသမ ၃ သန်းခန့်) ရှိကြောင်း သိရသည်။
@area14media
2 474
+1
ဒလမြို့နယ် ရာဇသင်္ကြန်ရပ်ကွက်ရှိ ပြည့်ဝကုန်ခြောက်ဆီဆိုင်ပိုင်ရှင်များ အသတ်ခံရမှု
၂၅-၆-၂၀၂၆
ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်ရှိ ပြည့်ဝကုန်ခြောက်ဆီဆိုင်ပိုင်ရှင် အသတ်ခံရမှုသည် ဇွန်လ ၂၅ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အတည်ပြုရရှိသည့် သတင်းအချက်အလက်များကို ဆက်လက်စုဆောင်းနေပြီး နောက်ဆက်တွဲသတင်းများကို ထပ်မံဖော်ပြမည်။
#SittNaing
.
2 474
+9
◾️ တရုတ် - မြန်မာ MOU ၁၈ ခု ရေးထိုးနိုင်မှုဖြင့် အောင်မြင်ခဲ့သော တရုတ်ခရီးစဉ်မှ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိင် မြန်မာနိုင်ငံသို ပြန်လည်ရောက်ရှိလာ
◾️ အောင်မြင်မှုအပြည့်ဖြင့် အမိနိုင်ငံသို ရောက်ရှိလာသော နိုင်ငံတော်သမ္မတကြီးအား ပြည်သူများနှင့် အနုပညာရှင်များက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို
◾️ နိုင်ငံတော်အဆင့် စာချွန်လွှာများအပြင် Business to Business စာချွန်လွှာ ၇၀ ပါ ရေးထိုးနိုင်ခဲ့
2 474
တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးတွဲကြေညာချက်ကို သေချာကြည့်လိုက်ရင် ဒါဟာ သာမန်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတစ်ခုထက် ပိုပါတယ်။ ပထဝီနိုင်ငံရေးရှုထောင့်က ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်ထွက်ပေါက်ရစေမယ့် မဟာဗျူဟာမြောက် အချက်အချာနေရာတစ်ခု ဖြစ်နေပါတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မန္တလေး-မူဆယ်ရထားလမ်းနဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းတွေကို အရှိန်မြှင့်ဆောင်ရွက်မယ်ဆိုတာက တရုတ်အနေနဲ့ မလက္ကာရေလက်ကြားအပေါ် မှီခိုနေရတဲ့ အခြေအနေကို လျှော့ချပြီး စွမ်းအင်နဲ့ ကုန်သွယ်ရေးလမ်းကြောင်းသစ်တစ်ခု တည်ဆောက်ဖို့ ရည်ရွယ်ချက် ရှင်းရှင်းလင်းလင်း တွေ့ရပါတယ်။
တစ်ဖက်မှာလည်း နှစ်နိုင်ငံစလုံးက တစ်နိုင်ငံတည်း ဩဇာလွှမ်းမိုးတဲ့ ကမ္ဘာ့စနစ်ထက် အင်အားမျှတတဲ့ Multipolar World ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားထားတာ တွေ့ရပါတယ်။ ဒါဟာ လက်ရှိ ကမ္ဘာ့နိုင်ငံရေး အားပြိုင်မှုအတွင်း တရုတ်ရဲ့ အခန်းကဏ္ဍကို ပိုမိုခိုင်မာစေဖို့ ကြိုးပမ်းမှုတစ်ခုဖြစ်သလို မြန်မာနိုင်ငံအတွက်လည်း နိုင်ငံတကာဖိအားတွေကြားမှာ မဟာဗျူဟာမြောက် မိတ်ဖက်တစ်ဦးကို ပိုမိုအားကိုးလာတဲ့ အခြေအနေကို ဖော်ပြနေပါတယ်။
နောက်ထပ် သတိထားရမယ့်အချက်က အချုပ်အခြာအာဏာနဲ့ ပတ်သက်တဲ့ အပြန်အလှန် ထောက်ခံမှုတွေပါပဲ။ မြန်မာက "တရုတ်တစ်နိုင်ငံတည်းမူဝါဒ" ကို ထောက်ခံပေးသလို တရုတ်ကလည်း မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့မှုကို နိုင်ငံတကာစင်မြင့်တွေမှာ အားပေးထောက်ခံပေးမယ်လို့ ပြသထားပါတယ်။ ဒါဟာ နိုင်ငံရေးအရ အပြန်အလှန် အကာအကွယ်ပေးတဲ့ ဆက်ဆံရေးမျိုးကို ပိုမိုနက်ရှိုင်းလာစေတဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။
ဂေဟနိုင်ငံရေး ဒါမှမဟုတ် ရင်းမြစ်နဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ စွမ်းအင်လုံခြုံရေးက အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ၊ လျှပ်စစ်ဓာတ်အား ချိတ်ဆက်မှုတွေကို တိုးမြှင့်ဆောင်ရွက်မယ်ဆိုတာက မြန်မာနိုင်ငံဟာ တရုတ်ရဲ့ စွမ်းအင်စီးဆင်းမှုအတွက် အရေးပါတဲ့ Transit State တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဦးမယ်ဆိုတာကို ပြသနေပါတယ်။
တစ်ချိန်တည်းမှာပဲ ယခင်ကလို အကြီးစား စီမံကိန်းကြီးတွေထက် "Small but Beautiful" လို့ခေါ်တဲ့ သေးငယ်ပေမယ့် လူထုဘဝကို တိုက်ရိုက်အကျိုးပြုနိုင်တဲ့ စီမံကိန်းတွေကို အလေးထားလာတာကိုလည်း တွေ့ရပါတယ်။ ဒါဟာ ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချဖို့၊ ဒေသခံပြည်သူတွေရဲ့ ထောက်ခံမှုကို ရယူဖို့နဲ့ စီမံကိန်းတွေကို ပိုမိုရေရှည်တည်တံ့စေဖို့ ရည်ရွယ်တဲ့ ချဉ်းကပ်မှုပုံစံသစ်လို့ မြင်နိုင်ပါတယ်။
ဒါ့အပြင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၊ AI နည်းပညာနဲ့ အာကာသနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်မယ်ဆိုတာက အနာဂတ်မှာ ရေအရင်းအမြစ်၊ ဒေတာနဲ့ နည်းပညာစံနှုန်းတွေကို ဘယ်သူက ဦးဆောင်သတ်မှတ်မလဲဆိုတဲ့ ပြိုင်ဆိုင်မှုထဲမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ပိုမိုတိုးချဲ့ဖို့ ရည်ရွယ်ချက်ပါဝင်နေတယ်လို့ သုံးသပ်နိုင်ပါတယ်။
ခြုံငုံပြောရမယ်ဆိုရင် ဒီပူးတွဲကြေညာချက်ဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးကိုသာ ဖော်ပြထားတာမဟုတ်ဘဲ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်၊ စွမ်းအင်လုံခြုံရေး၊ နယ်စပ်တည်ငြိမ်ရေး၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှုနဲ့ အနာဂတ်နည်းပညာစံနှုန်းများအထိ ချိတ်ဆက်ထားတဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ဖြစ်ကြောင်း ထင်ရှားစွာ ဖော်ပြနေတဲ့ ကြေညာချက်တစ်ရပ်လည်း ဖြစ်ပါတယ်။
@area14media
2 474
+6
မြန်မာနိုင်ငံက ပတ္တမြား၊ နီလာလို အဖိုးတန်ရတနာတွေ ပေါများတဲ့ နိုင်ငံဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ အခုလို အရွယ်အစားလည်းကြီး၊ အရည်အသွေးလည်းထူးခြားတဲ့ ရတနာကြီးတွေကို အချိန်တိုအတွင်း ဆက်တိုက်တွေ့ရတာတော့ တကယ်ရှားပါတယ်။
အခု မိုးကုတ်ရတနာမြေကနေ အရွယ်အစားကြီးမားတဲ့ နီလာအရိုင်းတုံးကြီးတွေနဲ့ ပုံဆောင်ခဲတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး နိုင်ငံတော်ထံ လာရောက်အပ်နှံခဲ့ပါတယ်။ အဲဒီရတနာတွေကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကလည်း ကိုယ်တိုင်သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
စိတ်ဝင်စားစရာကောင်းတာက ဒီနီလာကြီးတွေ မပေါ်ခင် လအနည်းငယ်အတွင်းမှာပဲ အရွယ်အစားကြီးမားတဲ့ ပတ္တမြားရိုင်းတုံးကြီးတွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြတာပါ။ ပတ္တမြားကြီးတွေ ပေါ်ပြီးတဲ့နောက် နီလာကြီးတွေပါ ဆက်ပြီးတွေ့လာတာက မြန်မာနိုင်ငံရဲ့ သဘာဝရတနာကြွယ်ဝမှုကို ပိုပြီး ထင်ရှားစေပါတယ်။
ရှေးလူကြီးတွေကတော့ တိုင်းပြည်ကို ဦးဆောင်အုပ်ချုပ်တဲ့သူတွေရဲ့ ဘုန်းကံတန်ခိုး ကောင်းမွန်တဲ့အချိန်တွေမှာ တိုင်းပြည်အတွက် မင်္ဂလာရှိတဲ့ နိမိတ်လက္ခဏာတွေ ပေါ်လာတတ်တယ်လို့ ပြောလေ့ရှိကြပါတယ်။
အဲဒါကြောင့်လည်း အခုလို သမ္မတကြီး တာဝန်ထမ်းဆောင်နေတဲ့ကာလအတွင်း အဖိုးတန်ရတနာကြီးတွေ ဆက်တိုက်ပေါ်ထွက်လာတာကို ပြည်သူအချို့က သမ္မတကြီးရဲ့ ဘုန်းကံတန်ခိုးနဲ့ ဆက်စပ်ပြီး မြင်ကြတာလည်း ရှိပါတယ်။
ဘာပဲဖြစ်ဖြစ် မိုးကုတ်ရတနာမြေကနေ ဆက်တိုက်ပေါ်ထွက်လာတဲ့ ပတ္တမြားကြီးတွေနဲ့ နီလာကြီးတွေကတော့ မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတ ကြွယ်ဝမှုကို ထပ်မံသက်သေပြနေတဲ့ သတင်းကောင်းတစ်ခုလို့ ပြောရမှာပါ။
ဒါ့အပြင် တိုင်းပြည်ရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ချမ်းသာကြွယ်ဝမှုအတွက်လည်း မင်္ဂလာရှိတဲ့ အရိပ်အယောင်တစ်ခုအဖြစ် လူအများက ယုံကြည်နေကြပါတယ်ခင်ဗျာ။
@area14media
2 474
လမ်းမှန်ဆိုတဲ့ သီချင်းနဲ့အတူ PDF တစ်ဦးရဲ့ ခံစားချက်
တစ်ခါတလေ လူတစ်ယောက်ရဲ့ဘဝဟာ သူများတွေရဲ့ နိုင်ငံရေး၊ အကျိုးစီးပွား၊ ရည်မှန်းချက်တွေအတွက် အသုံးချခံနေရတာကို ကိုယ်တိုင်တောင် မသိလိုက်ရဘူး။
အချိန်ကုန်တယ်၊ ခွန်အားကုန်တယ်၊ နောက်ဆုံး အသက်တောင် ပေးဆပ်ရတတ်တယ်။ဒါပေမယ့် အကျိုးကျေးဇူးတွေကိုတော့ တခြားသူတွေကပဲ ရယူသွားကြတယ်။
မင်းမှာ မိသားစုရှိတယ်၊ မင်းကို စောင့်မျှော်နေတဲ့ မိဘတွေရှိတယ်၊ မင်းအတွက် စိုးရိမ်နေတဲ့ ချစ်ခင်ရသူတွေရှိတယ်။ ဒါကြောင့် ကိုယ့်ဘဝကို တန်ဖိုးထားပါ။ ကိုယ့်ရဲ့အနာဂတ်ကို ကိုယ်တိုင်တည်ဆောက်ပါ။
အမှားလမ်းပေါ် ရောက်နေတယ်လို့ ခံစားရရင် ပြန်လှည့်ဖို့ မရှက်ပါနဲ့။ အချိန်မနှောင်းသေးခင် အသိမှန်၊ အမြင်မှန်နဲ့ ဘဝသစ်တစ်ခုကို စတင်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။
@area14media
2 474
+8
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၉)မှ သင်တန်းသားများ အမျိုးသားပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာ။
@area14media
2 474
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်- မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိခဲ့သည့် ထူးခြားလှပပြီး အရွယ်အစား ကြီးမားသော နီလာအရိုင်းတုံးကြီးနှင့် ပုံဆောင်ခဲတိုအား ကြည့်ရှုစစ်ဆေး
@area14media
