ကဗျာတိုတို🌄 ရင်မှာငို🕊️
رفتن به کانال در Telegram
ကဗျာတိုတိုများတင်မည်
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
206
مشترکین
اطلاعاتی وجود ندارد24 ساعت
-37 روز
-1430 روز
آرشیو پست ها
မင်းနဲ့ဝေးနေတဲ့အချိန်တွေမှာတောင်မှ မင်းရဲ့အငွေ့အသက်ကလေးတွေက ကိုယ့်ပတ်လည်မှာ ရှိနေသလိုပဲ။ နေရောင်ခြည်လို နွေးထွေးပြီး ပင်လယ်ပြင်လို နက်ရှိုင်းတဲ့ မင်းအချစ်တွေက ကိုယ့်ဘဝရဲ့ အလှဆုံးဖြစ်ခဲ့ပါလား အချစ်ရယ်
-နေဘုန်းရှိန် (ဧရာဝတီ)
"ကိုယ့်လက်ကိုနွေးနွေးထွေးတွေ "
"ဆုပ်ကိုင်ပေးမဲ့"
"ယောက်ျားကို်ယ့်ကိုဘာမှထိခိုက်မှုမရှိအောင်"
"ထားနိုင်မဲ့ ယောက်ျားက"
"အဖေပဲရှိတယ်"
သံစဉ်....✨
မျက်ရည်ကျအောင် ခနခနလုပ်တဲ့
ယောကျာ်းတစ်ယောက်ကို
ဘဝထဲဆွဲခေါ်ရလောက်တဲ့ထိ
မေတ္တာမထားနိုင်ဘူး
မောင်...........☺️
Hnin:)🌹
မင်းမရှိရင် မဖြစ်ဘူးဆိုတဲ့လူကိုမှ ထားခဲ့ပြီး
မင်းမရှိလည်း ဖြစ်တဲ့လူနောက်ကို မင်းက လိုက်သွားခဲ့တာပဲ
တန်ရာတန်ရာပေါ့ကွာ.......
-နေဘုန်းရှိန်(ဧရာဝတီ)
"မြစမ်းကြည်"လို မာနကြီး သူမို့လို့
"ကိုစိုးတင့်လိုချစ်ပေးနိုင်မှ"
"လာခဲ့"
Than Zin🍀
ငါ့နဲ့နင်ပြိုင်ချင်ရာလာပြိုင်လို့ရတယ်
မာနချင်းတော့လာမပြိုင်နဲ့
နင်နဲ့ငါ "သူစိမ်း" ဖြစ်သွားမယ်...🤫
Than Zin:🍀
အချစ်ဆိုတဲ့အရာကလေ
အဖေတိုက်ခဲ့တဲ့
အောက်ခံပန်းကန်ပြား
ထဲဝေတိုက်ခဲ့တဲ့
လက်ဖက်ရည်လေးလောက်တောင်
မချိုမြိန်ဘူး....
Than Zin
"Baby"ဆိုတဲ့နံစားလေးကိုသိပ့်မုန်းတယ်"
"မျှော်လင်ချက်တွေပေး"
"ရင်ခုန်ခြင်းတွေပေးပီး"
"အရမ်းချစ်ပါ့တယ်ဆိုတဲ့"
"စကားကိုပြောသွားတဲ့"
"ရှင့်ကိုဆိုရင်...."
"ပို့လို့ကိုမုန်းတယ်"
"ရှင့်ကိုမုန်းလို့"
"Baby" ဆိုတဲ့ရှင်ပါးစပ်က
"နံစားကိုလည်း သပ့်မုန်းတယ်..."
"တခါတစ်လေ ကိုယ့်ရဲ့ဝမ်းနည်းခြင်းတွေက""
"ဒေါသဆိုတဲ့အရာပေါ်ကိုရောက်သွားတယ်"
"ဘာလို့သူလိုလူကိုချစ်ခဲ့တာလဲ"
"သူရဲ့လှည့်ဖြားမှုတွေကို" "ပြုံးပြီးနားထောင်ခဲ့တာလဲလို့"
"ဒေါ်သနဲ့ကိုယ့်ကိုယ်ကို" "ဒေါ်သနဲ့အပြစ်တင်ခဲ့တယ်"
"ဒါပေမဲ့ " "ဝမ်းနည်းခြင်းပျော်ရွှင်ခြင်းဒေါ်သဖြစ်ခြင်း"
"စတဲ့အရာတွေဟာ" "အချို့သောတစ်ရာဖိုးသုံးယောင်ဆိုတဲ့လူတွေဆီ"ကနေစီးဆင်းလာတက်တယ်"..........
သံစဉ်.....🍁
ငါဆိုတဲ့ မိန်းမက..
ချစ်ပီ ကြိုက်ပြီဆို
အဆုံးထိတာဝန်ကျေတယ်
အဲ့လို့မဟုတ်ပဲ
စိတ်ပျက်သလိုလို
စိတ်မဝင်စားသလိုလို
လာမလုပ်နဲ့
ပျက်ပီဆိုလဲ
အရှေ့မှဒူထောင့်
တောင်းပန်ရင်တောင်
လှည့်မကြည့်တက်တဲ့မိန်းမမို့
သွေးတိုးတော့လာမစမ်းနဲ
ရူးခါသွားမယ်.....သိဖို့
သံစဉ်...🍁
မိုးစက်တွေ တဖွဲဖွဲရွာချတဲ့
ညနေခင်းတိုင်း
ကိုယ်တို့အတူ လျှောက်ခဲ့ဖူးတဲ့
လမ်းကလေးတွေပေါ် ကိုယ်ခြေဦးလှည့်မိတယ်။
မိုးရာသီက နှစ်တိုင်း အလည်ပြန်လာတတ်ပေမယ့်
မင်းကတော့... ဘယ်တော့မှ ပြန်မလာတော့ဘူး.....။
-နေဘုန်းရှိန်
ချစ်ရတာခက်လားတဲ့.....
ချစ်ရတာကမခက်ပါဘူး.....
ချစ်မြဲနေဖို့ပဲခက်တာ.....☺️
Crd..
ကိုယ်ကသာ မင်းကို ကမ္ဘာကြီးတစ်ခုလိုတန်ဖိုးထားချစ်ခဲ့တာ
မင်းကတော့ ကိုယ့်ကို အပျင်းပြေဖတ်ပစ်လိုက်တဲ့ စာမျက်နှာတစ်ခုထက် ပိုမသတ်မှတ်ခဲ့ဘူးး......
ဇာတ်သိမ်းသွားတဲ့အထိ ကိုယ်ပဲနာကျင်နေရတယ်
မတရားလိုက်တာ အချစ်ရယ်.....
-နေဘုန်းရှိန်
နင်ချန်ခဲ့တဲ့ အတိတ်ရဲ့ အရိပ်တွေကြားမှာ ငါ့နှလုံးသားက အစအနရှာမရအောင် တစ်စတစ်စ ချေမွခံနေရတယ် နင်အရမ်းရက်စက်ရက်တာပဲနော်
-နေဘုန်းရှိန်
နောက်ဆုတ်ပေးပါတဲ့
လူတွေကရယ်ရတယ်နော်
နောက်ဆုံးကလူကို
နောက်ထပ်ဆုတ်ခိုင်းတယ်။
-ဝေယံနွယ်
ပျော်ရွှင်ခဲ့ရတဲ့အချိန်တွေဟာ သိပ်တိုလွန်းတယ်။
ကျန်ရစ်ခဲ့တဲ့ အမှတ်တရတွေက ရင်ထဲမှာ အမြစ်တွယ်နေတုန်းပဲဆိုပေမယ့်
အဝေးကနေပဲ ကိုယ်မင်းအတွက် '' အရာရာအဆင်ပြေပါစေ'' ဆိုတဲ့စိတ်နဲ့ တိတ်တိတ်ကလေး ဆုတောင်းပေးနေပါတယ်။
-နေဘုန်းရှိန်
မင်းမရှိတော့တဲ့နောက်...
ကိုယ့်ရဲ့မှတ်ဉာဏ်တွေက ကိုယ့်ကိုပြန်ကိုက်တဲ့ ခွေးရူးလိုပဲ
ညတိုင်း အိပ်မပျော်နိုင်ဘဲ
မင်းနဲ့ပတ်သက်တဲ့ အမှတ်တရအစအနတွေကို လိုက်ရှာ
ပြီးရင်... အဲ့ဒီအမှတ်တရတွေကို ဓားလုပ်ပြီး
ကိုယ့်ရင်ဘတ်ထဲကိုယ် ပြန်ထိုးထည့်နေမိတယ်
"ကိုယ့်အပေါ် ဘာလို့ ဒီလောက်ထိ ရက်စက်ရတာလဲ" လို့
မင်းကို သွားမေးဖို့လည်း ကိုယ့်မှာ သိက္ခာမရှိတော့ပါဘူးကွယ်
အဆိုးဆုံးက ဘာလဲသိလား...
အဲ့လို သွေးအိုင်ထဲ လူးလဲပြီး သေလုမတတ် ခံစားနေရတဲ့အချိန်မှာတောင်
ကိုယ့်ကို လာကယ်မယ့် မင်းရဲ့လက်တွေကို မျှော်လင့်မိနေတုန်းပဲ
-နေဘုန်းရှိန်
"များများတွေးရင်မြန်မြန်သေတယ်တဲ့"
"ဟုတ်ကဲ့သေသွားတာကမှကောင်းအုံးမယ်"
စိတ်တွေလည်းအရမ်းမွန်းကျပ်နေပါပီ....."💔🥀
.. သံစဉ်...🌷
ငါလည်း နားလည်ချင်တာပေါ့ ဦးနှောက်ရယ်...။ ဒါပေမဲ့ မင်းတွက်ချက်ပြနေတဲ့ အမှားအမှန်တွေထက် ငါ့ရဲ့ ခံစားချက်တွေက ပိုပြီး ရိုးသားနေခဲ့တာ။
ဒဏ်ရာတွေကတော့ အထပ်ထပ်ပါပဲ။
ငါ့ကို ငါပြန်ချုပ်တည်းရင်းနဲ့ပဲ မင်းပြောသလို 'နောက်တစ်ခါ' ဆိုတာမျိုး ရှိလာခဲ့ရင်တောင်... အဲ့ဒီအချိန်ကျရင်တော့ ငါဟာ အခုထက်ပိုပြီး အေးစက်မာကြောသွားမလား ဒါမှမဟုတ် ပိုပြီး ကြေကွဲလွယ်သွားမလားဆိုတာ ငါကိုယ်တိုင်တောင် မသိတော့ဘူးရယ်။
မင်းပြောတဲ့ 'နားလည်လား' ဆိုတဲ့ စကားလုံးက ငါ့အတွက်တော့ အရမ်းကို လေးလံလွန်းတယ်။
အခုလောလောဆယ်တော့ ငါ့မှာရှိတဲ့ ဒဏ်ရာတွေကိုပဲ တိတ်တိတ်လေး ကုသခွင့်ပေးပါအုံး 😔
-နေဘုန်းရှိန်
အားလုံးအတွက် ငါရှိပေးခဲ့ပေမဲ့... ငါ့အတွက် ဘယ်သူမှ ရှိမနေတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဖက်ထားဖို့တောင် လက်တွေက အားမရှိတော့ဘူးကွယ်..
-နေဘုန်းရှိန်
