Crocodile MLBB Updates & Dia Shop 💎
رفتن به کانال در Telegram
ညီကိုတို့ရဲ့ ကြော်ငြာများထည့်သွင်းလိုပါက ဆက်သွယ်ရန် ... ➡️ @ProfessorH_11 ⬅️
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
2 382
مشترکین
+2824 ساعت
+3007 روز
+92730 روز
آرشیو پست ها
11 ပွဲလောက် ဆက်တိုက်နိုင်ချင်ပါသလား?
နည်းလမ်းကတော့ လွယ်လွယ်လေးပါ ။
Angela ကိုင်ပြီး အကုန်လုံးသာ ပိတ်ခွပစ်လိုက် auto win သွားပါလိမ့်မယ် 🤣🤌
Aspirants Unite V Event Leaks!
မကြာခင်လာတော့မယ့် Aspirants Unite V Event ရဲ့ Prize Pool ထွက်ပေါ်လာပါပြီနော် ။
• ပထမဆုံး 10 Draws လှည့်ရုံနဲ့ ကိုယ့်မှာ မရှိသေးတဲ့ Epic (သို့) အဲ့ထက်ပိုကောင်းတဲ့ Skin တစ်ခု သေချာပေါက် ရရှိမှာပါ ✨
• Prize Pool ထဲမှာ ပါဝင်မယ့် Skin တွေကတော့ ပုံထဲမှာ ပြထားတဲ့အတိုင်းပါဘဲနော် ။
ကဲကဲ အားလုံးဘဲ 10 Draws နဲ့ Collector & Luckybox Skin တွေ ပေါက်ကြပါစေဗျို့ 🤪
Diamond တွေကို စျေးချိုချိုလေးနဲ့ ဝယ်ယူလိုပါက _
ဝယ်ယူရန် - @Hannimori 💫
https://t.me/cartooncroco
https://t.me/+ttIdw5UqXpkxMjI9ဒီ Cartoon Channel လေး နှစ်ခုကို Join ထားပေးကြပါဦးနော် ။ လူများလာရင် နောက်လ Wp give away ပေးမယ်ဗျို့... ☺️
+3
🐼 MLBB x Kung Fu Panda Event
Mobile Legends ဂိမ်းဖိုင်တွေထဲမှာ Kung Fu Panda Event နဲ့ ပတ်သက်တဲ့ Assets အသစ်တွေကို ပြန်လည်တွေ့ရှိထားပါတယ်။ ဒီအချက်အရဆိုရင်တော့ ဒီနာမည်ကြီး Collab Event က နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာဖို့ အလားအလာ အတော်လေးများနေပါပြီ။ အရင်တုန်းက ဒီ Skin တွေကို လွတ်သွားတဲ့ သူတွေအတွက်တော့ သတင်းကောင်းပါပဲနော် ။
အခုလက်ရှိမှာတော့ တရားဝင်ကြေညာချက် မထွက်ရှိသေးပေမဲ့ Dia ကြိုစုထားရင် ပိုလို့တောင်အဆင်ပြေဦးမယ်နော် ။
စျေးချိုချိုလေးနဲ့ ဝယ်ယူရန် -
@Hannimori 🖤
+1
New Survey Recall Effect .
အသေလေတိုက်လို့ ကောင်းမယ့် Recall ကြီးပါကွာ 👽
ထုံးစံအတိုင်း ဇတ်ကားလေးကြည့်ပြီးမှအိပ်ကြဗျို့။☺️
2 လေးလည်းတင်ပေးဦးမှာမို့ ချန်နယ်လေးကို ဂျွိုင်းထားကြဦးနော်။🤗
https://t.me/cartooncroco
Luo Xiao Hei Zhan Ji [Troy]
The Legend of Hei (2019) ဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် နေစရာအိမ် ပျောက်ဆုံးသွားခဲ့ရတဲ့ ကြောင်နက်စပရစ် (Spirit) လေး Hei ရဲ့ အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လူသားတွေကို ကလီးစားချင်နေတဲ့ စပရစ်တွေနဲ့ ဆုံတွေ့ခဲ့ပေမဲ့ နောက်ပိုင်းမှာ လူသားနဲ့ စပရစ်တွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို လိုလားတဲ့ စွမ်းအားကြီး စပရစ်ထိန်းသိမ်းရေးသမား Wuxian နဲ့ ဆုံတွေ့သွားခဲ့ပါတယ်။ Hei တစ်ယောက် ကမ္ဘာကြီးကို မုန်းတီးရမလား၊ လူသားတွေနဲ့ အတူယှဉ်တွဲနေထိုင်ရမလားဆိုတာကို အမှန်နဲ့ အမှား ကြားမှာ ရွေးချယ်ရတော့တာပါ။
2D Animation လက်ရာက ရေဆေးပန်းချီဆွဲထားသလို အရမ်းလှပပြီး Action အခန်းတွေကလည်း မြန်ဆန်သွက်လက်ပါတယ်။ ကလေးဆန်မသွားဘဲ သဘာဝပတ်ဝန်းကျင်နဲ့ လူသားတွေကြားက ပဋိပက္ခကို လေးနက်စွာ တင်ဆက်ထားတာပါ။ Hei ရဲ့ ချစ်စရာကောင်းတဲ့ အမူအရာတွေနဲ့ Wuxian တို့ကြားက ဆရာတပည့် သံယောဇဉ် တိုးလာပုံတွေကလည်း တကယ့်ကို စိတ်အပန်းပြေစေတာမို့ Animation ကြိုက်သူတွေ မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။
Channel အရင် join ပါ👇 https://t.me/cartooncroco ဇာတ်ကားကြည့်ရန်လင့် 👇
https://t.me/cartooncroco/73
ဒီနေ့ phase 2 လာတယ်ဆိုတာ မေ့နေကြတာလားဟမ်။
လာမဝယ်ရင် ခရက်လေးကပြန်မကြိုက်ကြပါစေနဲ့ကွာ။
New Hero - Dori
Role - Mage / Midlane
ထွက်ရှိမယ့် ရက်ကတော့ သေချာမသိသေးပါဘူး ။ အစကတော့ Season 42 reset ချိန်မှာ ထွက်လိမ့်မယ်လို့ ခန့်မှန်းထားပေမယ့်လည်း 10th Anniversary Event တွေနဲ့ဆိုတော့ အစီစဥ်ကပြောင်းလဲနိုင်ပါတယ် ။
ဒီနေ့ခင်းမှာလာမယ့် ဂျုဂျုစုကိုင်ဆန် Phase 2 အတွက် -
Task အနေနဲ့ 250 ထည့် 250 သုံးရမှာဖြစ်ပြီး token 29 ခုရရှိမှာပါ ။
" 250 Recharge အတွက် " ✅ 3 Wp - 20,100 ကျပ် ✅ 2 Wp + 💎 59 - 18,100 ကျပ် ✅ 💎 278 - 19,000 ကျပ် ✅ 💎 343 - 20,700 ကျပ်📍257 Dia က 250 Recharge မပြည့်ပါဘူးရှင့် ဝယ်ယူရန် --> @Hannimori 🎀🧸 Channel link - https://t.me/Diamondshop2395 Gp link - https://t.me/+PVOWWeya-B8yOGQ1
The Wind Rises (2013) [720p]
ဒီဇတ်ကားကားလေးကတော့ ငယ်စဉ်ကတည်းက လေယာဉ်ပျံတွေကို ရူးသွပ်စွာ ချစ်မြတ်နိုးခဲ့တဲ့ Jiro Horikoshi ဆိုတဲ့ ဂျပန်အင်ဂျင်နီယာလေးရဲ့ ဘဝဇာတ်ကြောင်း ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံရဲ့ နာမည်ကျော် Zero စစ်လေယာဉ်ကို တီထွင်ဖန်တီးခဲ့တဲ့ သူ့ရဲ့ အိမ်မက်၊ အနုပညာနဲ့ တီထွင်ဖန်တီးမှုတွေအပြင်၊ တီဘီရောဂါသည်မလေး Nahoko နဲ့ သူတို့နှစ်ဦးကြားက ရင်နင့်ဖွယ် အချစ်ဇာတ်လမ်းကို အဓိက ပုံဖော်ထားတာပါ။
ရောဂါသည်ဇနီးရဲ့ နားမှာ အချိန်အကြာကြီး မရှိပေးနိုင်ပေမဲ့၊ ရှိသမျှအချိန်လေးမှာ အပြည့်အဝ ချစ်ပေးခဲ့ကြတဲ့ Jiro နဲ့ Nahoko တို့ရဲ့ အချစ်က ကြည့်သူတိုင်းကို စိတ်ထိခိုက် အသည်းကွဲစေခဲ့ပါတယ်။
Ghibli ရဲ့ အခြား Fantasy ဇာတ်ကားတွေနဲ့ မတူဘဲ ပိုမိုရင့်ကျက်ပြီး လူကြီးဆန်တဲ့ ရသကို ပေးစွမ်းနိုင်တဲ့ မာစတာပိစ် ဖြစ်ပါတယ်။ အိပ်မက်တစ်ခုအတွက် ရင်းနှီးပေးဆပ်မှုနဲ့ အချစ်ရဲ့ တန်ဖိုးကို ခံစားချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားပါ။
Channel အရင် join ပါ👇
https://t.me/cartooncroco
ဇာတ်ကားကြည့်ရန်လင့် 👇
https://t.me/cartooncroco/62
ထီးကအစ အပြစ်ပြောစရာ တစ်ကွက်မှမရှိအောင်မိုက်တဲ့
Kagura ရဲ့ "Feast of Eternity" Legend Deadly Sins skin artwork
/ Before & After /
ထီးကအစ အပြစ်ပြောစရာ တစ်ကွက်မှမရှိအောင်မိုက်တဲ့
Kagura ရဲ့ "Feast of Eternity" Legend Deadly Sins skin artwork
/ Before & After /
Mathilda ရဲ့ "Arcane Verdict" Special Skin Optimized [Splash Art] လေးပါ ။
StarLight ကနေ ဖရီးရမယ့်စပရှယ်စကင်လေးဖြစ်သွားပါပြီ ... ။
