fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

رفتن به کانال در Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

نمایش بیشتر
285
مشترکین
+224 ساعت
+27 روز
-530 روز
آرشیو پست ها
Repost from Thazin Oo 🇲🇲
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့တွင် သူငယ်ချင်းအချင်းချင်း အရက်သောက်စားရာမှ စကားများရန်ဖြစ်ကာ ပုဆိန်ဖြင
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့တွင် သူငယ်ချင်းအချင်းချင်း အရက်သောက်စားရာမှ စကားများရန်ဖြစ်ကာ ပုဆိန်ဖြင့်ခုတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန်လ ၁၃ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်က ရတနာပုံရပ်ကွက်၊ ဇီဇဝါ(၅)လမ်းရှိ နေအိမ်တစ်အိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇော်သက်ပိုင် (ခ) ဝိုင်းချစ် (၂၁ နှစ်) က ဖြိုးဝေစိုးနှင့် ဝင်းထက်ရှိန်တို့အား ပုဆိန်ဖြင့်ခုတ်ခဲ့ကြောင်း သိရသည်။ ပုဆိန်ခုတ်ခံရသူ နှစ်ဦးအနက် ဖြိုးဝေစိုးမှာ ဆေးရုံတွင် ကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ပြီး ဝင်းထက်ရှိန်မှာ ဆက်လက်ကုသမှုခံယူနေရကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဥသျှစ်ပင်နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီး သေဆုံးမှုဖြစ်ပွားခဲ့သဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန္တလေး–မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သော အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရ
+9
မန္တလေး–မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သော အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရေးကုန်ပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်တန်း တတိယအကြိမ်မြောက် မြစ်ကြီးနားမြိုသို ထပ်မံရောက်ရှိလာခဲ့ရာ ဒေသခံပြည်သူများက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြသည်။ ဖိုးမောင်

စစ်သုံ့ပန်းတွေအပေါ် AA အကြမ်းဖက် လက်နက်ကိုင် မူးယစ်ကုန်ကူးနေတဲ့အဖွဲ့ ရဲ့ လုပ်ရပ် ဖိုးမောင်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြိုအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၉၄ ဦးအား လုပ်ငန်းသုံး
+3
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြိုအတွင်း  အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၉၄ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ သက်ထား

ပဒက်တွေ ကလေး-ခမ်းပါတ်လမ်းပေါ်က ၅၅ မိုင် ရွာတံတားဖျက်ဆီးသွားပြန် တစ်ခုတော့ မေးချင်မိတယ်... စစ်တိုက်နေတာလား၊ လမ်းတွေ တံတားတွေကိ
ပဒက်တွေ ကလေး-ခမ်းပါတ်လမ်းပေါ်က ၅၅ မိုင် ရွာတံတားဖျက်ဆီးသွားပြန် တစ်ခုတော့ မေးချင်မိတယ်... စစ်တိုက်နေတာလား၊ လမ်းတွေ တံတားတွေကို လိုက်ဖျက်ဆီးနေတာလားဆိုတာကိုပါ။ စစ်ကြောင်းထိုးတယ်ဆိုတဲ့ သတင်းကြားတာနဲ့ လမ်းတွေဖျက်၊ ကျင်းတွေတူး၊ တံတားတွေ မိုင်းခွဲဖျက်ဆီးလိုက်ကြတာကို မြင်ရတိုင်း စိတ်မကောင်းဖြစ်မိတယ်။ အဲ့ဒီလမ်းတွေ၊ တံတားတွေက စစ်သားတွေအတွက်ပဲ မဟုတ်ဘူးလေ။ ဒေသခံပြည်သူတွေ သွားလာဖို့၊ လူနာတင်ဖို့၊ ကုန်ပစ္စည်းတွေ ပို့ဆောင်ဖို့ အသုံးပြုနေကြတာတွေ မဟုတ်လား။ စစ်ပွဲကြောင့် ပင်ပန်းဆင်းရဲနေရတဲ့ ပြည်သူတွေကို ထပ်ပြီး အခက်အခဲဖြစ်စေတဲ့ လုပ်ရပ်တွေကို မြင်ရတိုင်း ရင်ထဲမှာ ဝမ်းနည်းမိတယ်။ ဘယ်ဘက်ကပဲဖြစ်ဖြစ် ပြည်သူတွေ အသုံးပြုနေရတဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးသွားရင် နောက်ဆုံး ဒုက္ခရောက်ရတာက သာမန်ပြည်သူတွေပဲ ဖြစ်နေတယ်။ ဒီလိုမြင်ကွင်းတွေ ထပ်မတွေ့ရတော့တဲ့ နေ့တွေ မြန်မြန်ရောက်လာပါစေလို့ပဲ ဆုတောင်းမိပါတယ်... သက်ထား

ဘန်ကောက်မြို့တွင် ဇနီးဖြစ်သူအား သတ်ဖြတ်မှုဖြင့် အလိုရှိနေသည့် အမျိုးသားတစ်ဦး ဟင်္သာတတွင် ဖမ်းဆီးခံရ ထိုင်းနိုင်ငံ ဘန်ကောက်မြိ
+2
ဘန်ကောက်မြို့တွင် ဇနီးဖြစ်သူအား သတ်ဖြတ်မှုဖြင့် အလိုရှိနေသည့် အမျိုးသားတစ်ဦး ဟင်္သာတတွင် ဖမ်းဆီးခံရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဇနီးဖြစ်သူအား သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရပြီး အလိုရှိနေသည့် အမျိုးသားတစ်ဦးကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူမှာ အသက် ၃၆ နှစ်အရွယ် အောင်ပြည့် (ခေါ်) အောင်ပေ ဖြစ်ပြီး ဟင်္သာတမြို့၊ မြဝတီရပ်ကွက်၊ သီတာလမ်းရှိ ၎င်း၏နေအိမ်၌ သက်ဆိုင်ရာတာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ သက်ထား

Repost from Thazin Oo 🇲🇲
အရေးတော်ပုံအောင်တော့မယ်ဆိုပြီး ထွက်လာတာ... နောက်ဆုံးတော့ သယ်သွားခံရတဲ့ပုံနဲ့ပဲ ဇာတ်သိမ်းသွားရပြန်ပြီ။

ရွှေကူမြို့ကို တိုက်ခိုက်လိုတဲ့ KIA ရဲ့ ရည်မှန်းချက်ကို ရပ်တန့်ရန် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ
+1
ရွှေကူမြို့ကို တိုက်ခိုက်လိုတဲ့ KIA ရဲ့ ရည်မှန်းချက်ကို ရပ်တန့်ရန် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) က ဇွန်လ ၁၁ ရက် ရက်စွဲနဲ့ ထုတ်ပြန် ထုတ်ပြန်ချက်ထဲမှာတော့ ရွှေကူမြို့ကို တိုက်ခိုက်လိုတဲ့ KIA ရဲ့ ရည်မှန်းချက်ကို ရပ်တန့်ရန်နှင့် အခြား ဒေသများမှာလည်း ရန်လိုတဲ့ တိုက်ပွဲဖော်ဆောင်မှုများကို လုံးဝရပ်ဆိုင်းရန် တိုက်တွန်းထားပါတယ်။ KIA ရဲ့ ရန်လိုမှုကြောင့် လူမျိုးရေး ပြဿနာဖြစ်ခဲ့လျှင် KIO/KIA ရဲ့ တာဝန်သာဖြစ်ကြောင်း အသိပေး သဘောထား ထုတ်ပြန်လိုက်သည် လို့ ရေးသားထားတာ ဖြစ်ပါတယ်။ ဇွန်လ ၈ ရက်နေ့ ရက်စွဲဖြင့် KIA အမှတ် (၁၂) တပ်ရင်းကနေ ထုတ်ပြန်ထားတဲ့ ရွှေကူမြို့အဝင် လမ်းမကြီးနှင့် ငါးအိုး-ရွှေကူလမ်းမကြီးအားလုံးကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှစပြီး ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်ပင်လိုက်ကြောင်း၊ ရွှေကူမြို့အတွင်းရှိ မိဘပြည်သူများ အားလုံး ရွှေကူမြို့ အတွင်းမှ ထွက်ခွာတိမ်းရှောင်ကြရန် စတဲ့ ထုတ်ပြန်ချက်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ TNDP ပါတီက ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။ ဖိုးမောင်

Adam Castillo အဖမ်းခံရမှုနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန် Adam Castillo ကို နိုင်ငံရေးလုပ်ဆောင်မှုများကြောင့် ဖမ်းဆီးခဲ့သည်ဟု ဖော်ပ
Adam Castillo အဖမ်းခံရမှုနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန် Adam Castillo ကို နိုင်ငံရေးလုပ်ဆောင်မှုများကြောင့် ဖမ်းဆီးခဲ့သည်ဟု ဖော်ပြနေမှုများရှိသော်လည်း ရရှိထားသော အချက်အလက်များအရ ယင်းဖော်ပြချက်များနှင့် ကွဲလွဲမှုရှိကြောင်း သိရသည်။ သိရှိရသည့်အချက်များအရ အသင်းဝင်ကုမ္ပဏီအချို့၏ တိုင်ကြားချက်များအပေါ် အခြေခံ၍ ငွေကြေးဒေါ်လာသန်းချီ အလွဲသုံးစားမှုနှင့် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုဆိုင်ရာ စွပ်စွဲချက်ဖြင့် အရေးယူဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။ (တရားရုံး၏ နောက်ဆုံးဆုံးဖြတ်ချက် မဟုတ်သေးပါ) သက်ထား

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော် သို့ တက်ရောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော် သို ဇွန်လ (၁၃) ရက်နေ့ ယနေ့နံနက်ပိုင်းက တက်ရောက်ခဲ့ပါသည်။ တစ်စ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်ပေါင်း (၇၅)ပွဲ ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှာ တစ်ရက်တည်း၊ တစ်ချိန်တည်း၊ တစ်ပြိုင်တည်းကျင်းပ၍ အပင်ပေါင်း (၅၄,၈၁၀)ပင်ကို စိုက်ပျိုးခဲ့ကြောင်းလည်း သိရပါသည်။ သက်ထား

ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး နိုင်ငံတိုင်းမှာ ကိုယ့်နိုင်ငံအတွက် အကျိုးစီးပွားကို အရင်စဉ်းစားကြတာက သဘာဝကျတဲ့အရာတစ်ခု ဖြစ်ပါတယ်ရှ
ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး နိုင်ငံတိုင်းမှာ ကိုယ့်နိုင်ငံအတွက် အကျိုးစီးပွားကို အရင်စဉ်းစားကြတာက သဘာဝကျတဲ့အရာတစ်ခု ဖြစ်ပါတယ်ရှင်။ တရုတ်နိုင်ငံလည်း အဲဒီလိုပဲ သူ့ရဲ့ အကျိုးစီးပွားကို အခြေခံပြီး ဆုံးဖြတ်ချက်တွေ ချမှတ်တာကို တွေ့ရပါတယ်။ ဒါက ထူးခြားတဲ့အရာတစ်ခု မဟုတ်ဘဲ နိုင်ငံတကာဆက်ဆံရေးရဲ့ ပုံမှန်သဘောတရားတစ်ခုလို့ မြင်မိပါတယ်။ ဒါပေမယ့် တစ်ခါတလေ ဆက်ဆံရေးတစ်ခုရဲ့ အဓိပ္ပါယ်က စကားလုံးတွေထက် အချိန်တွေက ပိုပြောပြတတ်ပါတယ်ရှင်။ ဘယ်လိုအခင်းအကျင်းတွေ မှာပဲဖြစ်ဖြစ် ပူးပေါင်းမှုတွေ၊ အားပေးထောက်ခံမှုတွေ ဆက်ရှိနေတယ်ဆိုရင် အဲဒီဆက်ဆံရေးမှာ နီးစပ်မှုတစ်ခုတော့ ရှိနေတယ်လို့ ခံစားရပါတယ်။ အိမ်နီးချင်းကောင်းဆိုတာ အဆင်ပြေတဲ့နေ့တွေမှာပဲ တွေ့ရတာ မဟုတ်ဘဲ လိုအပ်တဲ့အချိန်တွေမှာလည်း အနားမှာ ရှိနေပေးနိုင်တာကို ဆိုလိုတာ ဖြစ်ပါတယ်ရှင်။ နိုင်ငံတွေကြားက ဆက်ဆံရေးတွေကလည်း ဒီလိုပဲ—အကျိုးစီးပွားရှိပေမယ့် နွေးထွေးမှုနဲ့ ယုံကြည်မှုတွေပါ တည်ဆောက်သွားရတာ ဖြစ်တယ်လို့ နားလည်ပါတယ်။ သက်ထား

Repost from Thazin Oo 🇲🇲
တောင်ငူခရိုင် PDFအကြမ်းဖက်တပ်ရင်း ၃၅၀၅ မှ အလင်းဝင်ရောက်တဲ့ ညီမငယ်တစ်ဦးရဲ့ ဘဝအတွေ့ကြုံ ... တိုက်ပွဲတွေမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့သူတစ်ယောက်အနေနဲ့ ဒီအချိန်မှာ ဘဝအတွက် အာမခံချက်ရှိတဲ့ အနာဂတ်တစ်ခု ရွေးချယ်ဖြစ်တဲ့ အကြောင်း... ThazinOo (ရွှေဆည်သူ)

🙏🙏🙏
🙏🙏🙏

အတွေးမှား၊ အပြောမှား၊ အလုပ်မှားရင် ရလဒ်လည်းမှားမှာပဲ။
အတွေးမှား၊ အပြောမှား၊ အလုပ်မှားရင် ရလဒ်လည်းမှားမှာပဲ။

Repost from MRTV
မြန်မာအမျိုးသမီးများနေ့ အခမ်းအနားနှင့် အကြိုလှုပ်ရှားမှုများကို ခမ်းနားစွာ ကျင်းပသွားမည်

၅ နှစ်တာကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြာ
၅ နှစ်တာကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား မိမိတို့အစိုးရအနေဖြင့် စတင်တာဝန်ယူစဉ်ကပင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ဆောင်ရွက်ခဲ့ပြီး ၅ နှစ်တာကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောကြားလိုကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရှိမှသာ တိုင်းပြည်တည်ငြိမ်းအေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မည်ကို ကောင်းစွာ နားလည်လက်ခံထားကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဇွန်လ ၁၂ ရက်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan PHOMVIHANE နှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။ - သက်ထား

Repost from MWD News
နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံ အဖွဲ့ဝင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၇ ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်။ ရန်ကုန်၊ ဇွန်လ -၁၂ ရက်။