Bee Kyal Football News
رفتن به کانال در Telegram
ဘောလုံး အားကစားသတင်းစုံ
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
590
مشترکین
+224 ساعت
-37 روز
-330 روز
آرشیو پست ها
ပရီးမီးယားလိဂ်တန်းတက်ခွင့်အတွက် ဟားလ်စီးတီးအသင်းနဲ့ Playoff Final ပွဲစဉ်ကစားဖို့ရှိနေတဲ့ ဆောက်သမ်တန်အသင်းဟာ မစ်ဒယ်ဘရော့အသင်းရဲ့ တိုင်ကြားမှုကြောင့် FA ရဲ့ စုံစမ်းမှုနဲ့ ကြုံတွေ့နေရပါပြီ ။ Playoff ဆီမီးဖိုင်နယ်ပွဲစဉ်တွေ မကစားခင်မှာ ဆောက်သမ်တန်အသင်းရဲ့ နည်းပြအဖွဲ့ဝင်တယောက်ဟာ မစ်ဒယ်ဘရော့အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို လာရောက်မှတ်တမ်းရယူသွားခဲ့တဲ့ပုံရိပ်တွေကို မစ်ဒယ်ဘရော့အသင်းဘက်က ထုတ်ပြလာခဲ့တာပဲဖြစ်ပါတယ် ( ဘောလုံးမှာ ဒီလိုမျိုးပြိုင်ဘက်အသင်းရဲ့ လေ့ကျင့်မှုတွေကို ခွင့်ပြုချက်မရှိဘဲ မှတ်တမ်းရယူမှုကို ခွင့်မပြုပါဘူး ) ။
မစ်ဒယ်ဘရော့ဟာ ဆီမီးဖိုင်နယ်မှာ ဆောက်သမ်တန်အသင်းကို နှစ်ကျော့ပေါင်း ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အခုလိုတိုင်ကြားမှုအပြီးမှာတော့ ဆောက်သမ်တန်အသင်းဟာ Playoff Final ကစားခွင့် ဆုံးရှုံးနိုင်တဲ့အနေအထားအထိ ဖြစ်လာနိုင်တယ်လို့ သုံးသပ်လာကြပါတယ် ။ ဒါပေမယ့် အတော်များများကတော့ ဒဏ်ငွေနဲ့ အဆိုပါနည်းပြအဖွဲ့ဝင်ကို အချိန်အတိုင်းအတာတခုအထိ ဘောလုံးကနေ ထုတ်ပယ်ထားတာမျိုးတွေသာ ပြုလုပ်သွားဖို့ အလားအလာများတယ်လို့ ခန့်မှန်းထားကြပါတယ် ။
#BeeKyal
အာဆင်နယ်ကစားသမားတွေများပြားမှုက ဘရူနို ဖာနန်ဒက်စ်ကို နောက်တကြိမ်အောင်ပွဲခံသွားစေမလား
ပရီးမီးယားလိဂ်တနှစ်တာအကောင်းဆုံးဆုအတွက် စကာတင်ကစားသမားစာရင်း ထွက်ပေါ်လာပါပြီ ။ အာဆင်နယ် က ဒီကလန်ရိုက်စ် ၊ ဂါဘရီရယ် ၊ ဒါးဗစ်ရာယာတို့နဲ့ အများဆုံးပါဝင်လာခဲ့ပြီး မန်စီးတီးက ဟာလန်းနဲ့ ဆီမီညိုတို့ ပါခဲ့ပါတယ် ။ ကျန်တာတွေကတော့ မန်ယူက ဘရူနို ဖာနန်ဒက်စ် ၊ ဖောရက်စ်က မော်ဂန် ဂစ်ဘ်ဝှိုက် နဲ့ ဘရန့်ဖိုဒ့်က အီဂေါတီယာဂိုတို့ပါ ။ လက်ရှိမှာတော့ ဘရူနို ၊ ရိုက်စ် နဲ့ ရာယာတို့က ဒီဆုအတွက် အလားအလာကောင်းနေကြပါတယ် ။
ဒီနေရာမှာ တခုပြောစရာရှိလာတာက အာဆင်နယ်ကစားသမားတွေကြား ခွဲဝေရောက်ရှိသွားမယ့် ရမှတ်တွေပါ ။ ပြီးခဲ့တဲ့ အားကစားကလောင်ရှင်များဆု ( FWA Award ) တုန်းက ဝင်ရောက်ရွေးချယ်ကြတဲ့သူတွေဟာ မန်ယူကစားသမားကို ပေးဖို့စိတ်ကူးထားရင် ဘရူနို ဖာနန်ဒက်စ်တယောက်ပဲ ရွေးချယ်စရာရှိပေမယ့် အာဆင်နယ်ကစားသမားတယောက်ယောက် ရသင့်တယ်လို့ စိတ်ကူးခဲ့သူတွေကတော့ ရိုက်စ် ၊ ရာယာ နဲ့ ဂါဘရီရယ်တို့အကြားမှာ ရွေးချယ်မှုတွေ ကွဲပြားခဲ့ကြပါတယ် ။ ဒါကြောင့် နောက်ဆုံးမှာ ဘရူနို ဖာနန်ဒက်စ်က ရိုက်စ်ကို ၂၈ မှတ်အသာနဲ့ ကျော်ဖြတ်ပြီး ဆုရရှိသွားခဲ့တာပါ ။
လက်ရှိအလားအလာအကောင်းဆုံး ၃ ယောက်ထဲမှာတော့ ဒါးဗစ်ရာယာကို ဒီဆုရစေချင်ပါတယ် ။ ပရီးမီးယားလိဂ်တနှစ်တာအကောင်းဆုံးဆုကို ဂိုးသမားတယောက်မရတာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပါပြီ ။ ဘရူနိုက ဂိုးဖန်တီးမှု ၂၀ ကျော်ပြီး စံချိန်မတင်နိုင်ခဲ့ရင် ဒီဆုရဖို့မသင့်ဘူးလို့ ထင်ပါတယ် ။ ရိုက်စ်ကတော့ ပုံစံကောင်းပြနိုင်သူဖြစ်ပေမယ့် ရာယာလို ခိုင်မာတဲ့အချက်အလက် ( clean sheet, Golden Glove ) ကောင်းကောင်းမရှိသလိုဖြစ်နေပါတယ် ။
တကယ်လို့ ဘရူနို က အခုချိန်မှာ ဂိုးဖန်တီးမှုစံချိန်ရယူထားပြီးဖြစ်နေရင်တော့ ဒီဆုကိုရဖို့ အလားအလာများနိုင်ပါတယ် ။ ဒါပေမယ့် လက်ရှိအနေအထားအရတော့ ဒါးဗစ်ရာယာဖြစ်လာဖို့ များမယ်လို့ ထင်မိပါတယ် ။ အာဆင်နယ်အတွက်ရွေးချယ်သူတွေသာ ဒွိဟဖြစ်ပြီး ဟိုလူ့ပေးဒီလူ့ပေး မလုပ်မိခဲ့ဘူးဆိုရင်ပေါ့ . . .
#BeeKyal
✅ မိုက်ကယ်ကာရစ် ယူနိုက်တက်နည်းပြဖြစ်ပြီ ✅
မိုက်ကယ်ကာရစ် ယူနိုက်တက်နည်းပြဖြစ်ဖို့ 99.9% လောက်ထိသေချာသွားခဲ့ပါပြီ ။
အနာဂတ်အစီစဥ်တွေအတွက် ရေရှည်လက်တွဲသွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး အမြဲတမ်း စာချုပ်သစ်ကမ်းလှမ်းသွားဖို့ပြင်ဆင်ထားခဲ့ပြီ.....
CEo ဖြစ်သူ Omar Berrada နဲ့ အားကစားဒါရိုက်တာ Jason Wilcox တို့က Carrickသာ ယူနိုက်တက် အမြဲတမ်း နည်းပြဖြစ်သင့်ကြောင်း Sir Jim က်ိုတင်ပြတော့မှာ..
Sir Jim အနေနဲ့ ဆုံးဖြတ်ပေးရမယ်...
ဒါ့အပြင် တခြား နည်းပြတွေက်ိုလည်းစာရင်းထဲမထည့်ထားတော့ဘဲ ကာရစ်ကိုသာ အဓိကဦးတည်လိုက်ပြီ
ကစားသမားတွေ အသင်းမှာရှိတဲ့ ဝန်ထမ်းတွေအကုန်လုံးကလည်းထောက်ခံမှုအပြည့်ရှိနေပြီး ကာရစ်ကို
အမြဲတမ်းနည်းပြဖြစ်စေချင်နေကြတယ်
ယူနိုက်တက်ဘက်ကလည်း မိုက်ကယ်ကာရစ်လုပ်ပြထားတဲ့အရာတွေစွမ်းဆောင်ရည်တွေကိုအသိမှတ်ပြုထားတယ်...
ကာရစ်နဲ့ယူနိုက်တက်တို့ ပူးပေါင်းပြီဆိုတဲ့အကြောင်းကို
တရားဝင်မကြာမှီ ချပြတော့မှာဖြစ်ပြီး အပြီးသတ်စာချုပ်ပါချုပ်ဆိုတော့မှာလို့သိထားရပါတယ်....
အခုသတင်း Source တွေက FabrizioRomano /SkySport / The Athletic အစရှိတဲ့ Tier 1 News တွေ
ဆီကနေပြန်လည်ထုတ်နုတ်ထားပါတယ်
#beekyal
ဘာစီလိုနာအသင်းရဲ့ လာလီဂါရာသီတစ်ခုအတွင်း ရမှတ် ၁၀၀ ပြည့်ယူမည့် မျှော်လင့်ချက်ဟာ အလာဗတ်စ် (Alaves) အသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ပြီးနောက် ရပ်တန့်သွားခဲ့ရပါတယ်
+1
ချစ်ကိုတစ်ယောက်ရဲ့ ၁၉ သိန်းအထုတ်လေး
ပွဲကောင်းလည်းထုတ်ပွဲမကောင်းလည်းထုတ် bro တို့ကတော့အလကားပေးနေတယ်ထင်နေလားမသိဘူးဗျာ
စိတ်ချယုံကြည်ရတဲ့ငွေသွင်းငွေထုတ်ဝန်ဆောင်မှု့များနဲ့အတူရှယ်ကြမ်းမယ်ဆိုတဲ့ညီကိုတွေ
🟥🟥🟥🟥🟥🟥🟥ကိုလှမ်းလာခဲ့လိုက်နော်
ဆက်သွယ်ရန်😀😀
📱 - 09-777-652-652
📱 - https://t.me/beekyal23
မန်စီးတီးကလည်း ပဲလေစ့်ကို ၃ ဂိုးပြတ်နိုင်သွားတော့ ပရီးမီးယားလိဂ် ချန်ပီယံက ဘယ်သူဖြစ်မလဲဆိုတာ ပြောရခက်နေဆဲပါပဲ
အာဆင်နယ်ကတော့ ပိုအားသာနေတာတော့ အမှန်ပါပဲ
မန်စီးတီးက နောက်ပွဲ ဘုန်းမောက်အိမ်ကွင်းသွားကန်ရမှာ ဖြစ်ပြီး အာဆင်နယ်ကတော့ အမ်းမရိတ်မှာ ဘန်လေကို ဧည့်ခံရပါမယ်
ဂိုးကွာခြားချက်က မန်စီးတီးက ၁ ဂိုးပဲ သာနေတာဖြစ်လို့ အာဆင်နယ်သာ ဘန်လေကို ဂိုးပြတ်သွင်းလိုက်ရင် နောက်ဆုံး ရာသီပိတ်ပွဲကျရင် အာဆင်နယ်အနေနဲ့ ပဲလေ့စ်ကို သရေကန်တောင် ရသွားမယ့်အခွင့်အရေး ပိုင်ဆိုင်သွားပါမယ် (ကြားပွဲအကုန်နိုင်လို့ တွက်ရင်ပေါ့)
ဒါကြောင့် ဘယ်သူ စည်သူလွင်ဖြစ်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ
#BeeKyal
ပီအက်စ်ဂျီအသင်းရဲ့ အဓိကကစားသမား အူစမန် ဒမ်ဘီလီဟာ အခုနှစ်ဘောလုံးရာသီ လီဂူးဝမ်းရဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆုကို ရယူဆွတ်ခူးနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ဒမ်ဘီလီဟာ ဒီရာသီ လီဂူးဝမ်းမှာ ၉ ပွဲသာ ပွဲထွက်ပါဝင်ကစားခဲ့ပြီး ဂိုးသွင်းယူမှုမှာရော ဂိုးဖန်တီးမှုအပိုင်းမှာပါ ထိပ်ဆုံးမဟုတ်ခဲ့ပါဘူး ။ လီဂူးဝမ်းမှာ ဒမ်ဘီလီဟာ ၁၀ ဂိုးသာသွင်းထားပြီး နံပါတ် ၁၁ နေရာမှာသာရပ်တည်နေတာပါ ( အများဆုံးက ဂိုး ၂၀ ) ။ ဂိုးဖန်တီးမှုအပိုင်းမှာလည်း ၆ ဂိုးသာပြုလုပ်နိုင်ခဲ့တာပါ ( အများဆုံးဂိုးဖန်တီးမှု ၉ ကြိမ် ) ။ ဒါကြောင့် ပြင်သစ်ဘောလုံးဖန်တွေက လီဂူးဝမ်းဟာ ဒမ်ဘီလီကို ရွှေဘောလုံးဆုရရှိအောင် ကူညီပေးနေတာဖြစ်တယ်လို့ ပြောဆိုဝေဖန်လာခဲ့ကြပါတယ် ။
ပီအက်စ်ဂျီအသင်းရဲ့ ဒမ်ဘီလီ အပေါ်ပံ့ပိုးပေးနေမှုဟာ ဘာစီလိုနာအသင်းက ယာမဲလ် နဲ့ ရာဖင်ညာတို့လိုအဖြစ်မျိုးနဲ့ ပုံစံတူနေပါတယ် ။ ဒီလိုမျိုး ကူညီပေးမှုတွေရှိနေတာကြောင့် တသင်းတည်းကစားရတဲ့ ခါဗာရက်စ်ခီလီယာဟာ ဘယ်လိုနည်းနဲ့မှ ရွှေဘောလုံးဆုကို ရယူနိုင်မှာမဟုတ်ပါဘူး ။
#BeeKyal
မနေ့ညက ကစားခဲ့တဲ့ ကိုပါအီတလီယာဖလားဗိုလ်လုပွဲမှာ အင်တာမီလန်အသင်းက လာဇီယိုအသင်းကို ၂-၀ နဲ့ အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ် ။ ဒါဟာ အင်တာမီလန်အသင်းအတွက် ၁၀ ကြိမ်မြောက် ကိုပါအီတလီယာဖလားအောင်မြင်မှုလည်း ဖြစ်လာစေခဲ့တာပါ ။ အင်တာမီလန်နည်းပြ ခရစ်ရှန် ချီဗူးကတော့ အခုရာသီကို ဖလား ၂ လုံးနဲ့ အောင်မြင်စွာပြီးဆုံးစေခဲ့ပါပြီ ။
အင်တာမီလန်အသင်းရဲ့ ချန်ပီယံဖြစ်လာမှုကြောင့် ဖာဘရီဂတ်စ်ရဲ့ ကိုမိုအသင်းဟာ လာမယ့်ရာသီမှာ အနိမ့်ဆုံးအဖြစ် ယူရိုပါလိဂ်ဝင်ခွင့်ကို ရရှိသွားခဲ့ပါပြီ ။ စီးရီးအေကနေ အဆင့် ၅ နဲ့ ရှုံးထွက်ဖလားချန်ပီယံကို ယူရိုပါလိဂ်ဝင်ခွင့်ပေးအပ်တာဖြစ်ပြီး ရှုံးထွက်ဖလားချန်ပီယံက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိပြီးဖြစ်ပါက အဆင့် ၆ နေရာကအသင်းကို ယူရိုပါလိဂ်ကစားခွင့် ပေးအပ်သွားတာဖြစ်ပါတယ် ။
စီးရီးအေရာသီကုန်ဖို့ ၂ ပွဲအလိုမှာ ကိုမိုအသင်းဟာ အဆင့် ၆ နေရာမှာရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အထိ မျှော်လင့်နိုင်ပါသေးတယ် ။ မနေ့ညက အင်တာမီလန်အသင်း ချန်ပီယံဖြစ်လာခဲ့တာကြောင့် အဆင့် ၆ နဲ့ ရာသီကုန်ခဲ့ရင်လည်း ကိုမိုအသင်းဟာ ယူရိုပါလိဂ်ဝင်ခွင့်ကို ရယူသွားနိုင်တော့မှာ ဖြစ်ပါတယ် ။
#BeeKyal
ဆီဗီးလားအသင်းကတော့ ၃ ပွဲဆက်အနိုင်ရမှုနဲ့အတူ လာလီဂါမှာ ကျန်ရစ်ဖို့ အလားအလာကောင်းသထက်ကောင်းလာခဲ့ပါပြီ ။ မနေ့ညကပွဲမှာ ဗီလာရီးရဲအသင်းကို ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ ၃ ဂိုးပြန်လိုက်သွင်းပြီး ၃-၂ နဲ့ အနိုင်ကစားနိုင်ခဲ့တာကြောင့် ရာသီကုန်ဖို့ ၂ ပွဲအလိုမှာ ၃၄ မှတ်နဲ့ အဆင့် ၁၀ နေရာအထိ ရောက်ရှိလာနိုင်ခဲ့ပြီဖြစ်ပါတယ် ။
ဆီဗီးလားဟာ တန်းဆင်းဇုန်ထဲက လီဗန်တေး ၊ အဆင့် ၁၇ နေရာက မာယော့ကာ ( ၂ သင်းစလုံးရမှတ်တူ ) တို့ထက် ၄ မှတ်အသာရရှိထားပြီး အဆိုပါ ၂ သင်းဟာ ပွဲစဉ် ၃၇ မှာ ဆုံတွေ့ကြမှာဖြစ်တာကြောင့် ဆီဗီးလားအသင်း တန်းမဆင်းဖို့အတွက် ၁ မှတ်သာလိုအပ်တော့တာပဲဖြစ်ပါတယ် ။ လာမယ့်ပွဲစဉ်မှာတော့ ဆီဗီးလားဟာ ရီးရဲမက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရတော့မှာပါ ။
ကစားသမားဟောင်းကြီး ဆာဂျီယို ရာမိုစ့်က အသင်းရဲ့ ပိုင်ရှင်သစ် ဖြစ်လာတော့မယ့်အချိန်မှာ ဆီဗီးလားကလည်း လာလီဂါမှာ ဆက်လက်ကျန်ရစ်နေဖို့ အလားအလာတွေကောင်းမွန်လာခဲ့ပြီဖြစ်ပါတယ် ။
#BeeKyal
မနေ့ညတုန်းက အာလာဗက်စ်အသင်းကို ရှုံးနိမ့်သွားခဲ့တာကြောင့် ဘာစီလိုနာဟာ လက်ကျန် ၂ ပွဲစလုံးကို အနိုင်ကစားနိုင်မယ်ဆိုရင်တောင်မှ ရီးရဲမက်ဒရစ် ( ၂၀၁၁-၁၂ ) နဲ့ ဘာစီလိုနာ ( ၂၀၁၂-၁၃ ) အသင်းတွေ ရယူထားတဲ့ တရာသီ ရမှတ် ၁၀၀ စံချိန်ကို လိုက်မီနိုင်တော့မှာ မဟုတ်ပါဘူး ။ ယာမဲလ် ၊ ရာဖင်ညာတို့ မပါခဲ့ဘဲ ရွန်နီ ၊ လိဝန်ဒေါ့စကီး ၊ ဒါနီအိုလမို ၊ မားကပ်စ် ရက်ရှ်ဖိုဒ့်တို့နဲ့ ကစားလာခဲ့တဲ့ ဘာစီလိုနာဟာ မိနစ် ၉၀ အတွင်းမှာ ဂိုးတည်မှုတကြိမ်မှ မရှိတဲ့အထိ ဖြစ်ခဲ့ရပါတယ် ။ လာလီဂါ ချန်ပီယံဖြစ်ထားပြီးပြီဆိုပေမယ့် ရမှတ် ၁၀၀ စံချိန်ကိုတော့ ဘာစီလိုနာတို့ လိုက်မမီနိုင်တော့ပါဘူး ။
#BeeKyal
+1
မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကိုလှူနေသလားထင်ရတယ်ဗျာပွဲပါးလို့ပါလို့ reason မပေးပဲပါးတဲ့ပွဲကိုပေါက်အောင်လောင်းသွားတာ
ချစ်ကိုတစ်ယောက်ရဲ့သိန်း ၄၀ အထုတ်
ကဲ ပွဲပါးတဲ့ အချိန်မှာ ibet နဲ့တီးဖို့အတွက်
🟥🟥🟥🟥🟥🟥🟥 နဲ့ လက်တွဲလိုက်တော့ဗျို့
ဘောလုံး စလော့ကစားဖို့ ❤️✍️🧎
💬Viber => 09777652652
✈️ Telegram => @beekyal23
ဖာဘရီဇီယိုရိုမားနိုးရဲ့ ဖော်ပြချက်ဖြစ်ပါတယ် ။ VAR ကို ပရီးမီးယားလိဂ်မှာ အသုံးပြုခဲ့ဘူးဆိုရင် အာဆင်နယ်အသင်းဟာ အဆင့် ၁ နေရာမှာဆက်ရှိနေနိုင်ပေမယ့် မန်စီးတီးက ပွဲကျန်ကိုနိုင်သွားခဲ့မယ်ဆိုရင် အဆင့် ၂ နေရာကိုဆင်းပေးရလိမ့်မယ်လို့ပါရှိပါတယ် ။ အာဆင်နယ်ထက် ပိုဆိုးတဲ့အသင်းက လီဗာပူးဖြစ်ပြီး VAR သာမပါခဲ့ဘူးဆိုရင် အဆင့် ၇ နေရာအထိ ရောက်ရှိနေမှာပါ ။ မန်ယူအသင်းကတော့ VAR ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အဆင့် ၃ နေရာမှာပဲ ရှိနေလိမ့်မယ်လို့ဆိုပါတယ် ။
#BeeKyal
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
