fa
Feedback
The East Palace (2026) MmSub

The East Palace (2026) MmSub

رفتن به کانال در Telegram

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
251
مشترکین
+124 ساعت
+77 روز
+730 روز
آرشیو پست ها
Repost from N/a
Killer Toon (2013) IMDb Rating (6.7) Horror ကားတွေနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ကြိုက်နှစ်သက်သူတွေအတွက် 2013 တုန်းက ထွက်ရှိခဲ့တဲ့
+4
Killer Toon (2013) IMDb Rating (6.7) Horror ကားတွေနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ကြိုက်နှစ်သက်သူတွေအတွက် 2013 တုန်းက ထွက်ရှိခဲ့တဲ့ ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Sweet Home ထဲက မင်းသမီး Lee Si Young နဲ့ Penthouse ထဲက မင်းသား Uhm Ki Joon တို့က အဓိကပါဝင်ထားပြီး မင်းသမီး Moon Ga Young နဲ့အတူ တခြားသော အနုပညာရှင်တွေလည်း ပါဝင်အားဖြည့်ပေးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း Horror Webtoon တွေကို ရေးဆွဲတဲ့ နာမည်ကြီး ကာတွန်းဆရာမ ဂန်ဂျီယွန်း (Lee Si Young) ဟာ အိပ်မက်ဆိုးတွေကတစ်ဆင့် သူနဲ့မရင်းနှီးတဲ့နေရာတွေကို ရောက်ရှိသွားတတ်ပြီး အဖြေရှာရခက်တဲ့ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့နေရသူပါ။ ဂန်ဂျီယွန်းရဲ့ ကာတွန်းစာမူတွေကို ကိုင်တွယ်ပေးရတဲ့ ရုပ်ပြကာတွန်း ကုမ္ပဏီတစ်ခုရဲ့ အဖွဲ့မှူးဟာ ဂန်ဂျီယွန်းရဲ့ ဇာတ်လမ်းအသစ်ကို လက်ခံရရှိပြီးတဲ့နောက် ထူးဆန်းစွာပဲ သေဆုံးသွားခဲ့ရသလို ဂန်ဂျီယွန်းရေးဆွဲတဲ့ ရုပ်ပြကာတွန်းရဲ့ ဇာတ်လမ်းဇာတ်ကွက်တွေအတိုင်း အပြင်လောကမှာ ဖြစ်ပျက်လာတဲ့အချိန်မှာတော့ အမှုကို ဖြေရှင်းဖို့ စုံထောက်အီဂီချော (Uhm Ki Joon) ကပါ ပါဝင်ပတ်သက်လာပါတော့တယ်။ထူးဆန်းတဲ့ သည်းထိပ်ရင်ဖိုဇာတ်လမ်းတွေနဲ့ အပြင်က လက်တွေ့အမှုတွေကြား ပတ်သက်မှုက ဘာတွေဖြစ်မလဲ... ကာတွန်းဆရာမ ဂန်ဂျီယွန်းနဲ့ ဘယ်လိုဆက်စပ်နေတာလဲဆိုတဲ့ လျှို့ဝှက်ပုစ္ဆာတစ်ခုကို အဆုံးထိ အဖြေရှာရင်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ ဇာတ်လမ်းဇာတ်ကွက်‌တွေကို ကြိုက်နှစ်သက်သူတွေအတွက် အချိန်ပေးပြီး ကြည့်ရတာတန်တဲ့ ကားကောင်းလေးဖြစ်ကြောင်း ညွှန်းပေးလိုက်ချင်ပါတယ်။

Race to Freedom Um Bok Dong (2019) NF WEB-DL 720p

စက်ဘီးတစ်စီးနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို တာဝန်ယူခဲ့တဲ့ ဖြစ်ရပ်မှန် သမိုင်းဝင် အားကစားဒရမ်မာဇာတ်ကားလေးကို တင်ဆက်ပေးလ
စက်ဘီးတစ်စီးနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို တာဝန်ယူခဲ့တဲ့ ဖြစ်ရပ်မှန် သမိုင်းဝင် အားကစားဒရမ်မာဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း ​၁၉၁၀ ပြည့်နှစ် ဂျပန်ရဲ့ အမှောင်မိုက်ဆုံး ဖိနှိပ်မှုအောက်မှာ ကိုးရီးယားပြည်သူတွေ မျှော်လင့်ချက်မဲ့နေချိန်... ရိုးသားတဲ့ ရွာသားလေး အွန်းဘို့ဒုံ (Rain) ဟာ ခိုးခံလိုက်ရတဲ့ စက်ဘီးဖိုး ပြန်ရှာရင်းကနေ စက်ဘီးစီးပြိုင်ပွဲလောကထဲကို မထင်မှတ်ဘဲ ရောက်ရှိလာခဲ့ပါတယ်။ ​ဂျပန်အာဏာပိုင်တွေက ကိုးရီးယားပြည်သူတွေရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးဖို့ စက်ဘီးပြိုင်ပွဲကြီး ကျင်းပခဲ့ပေမဲ့၊ မွေးရာပါ ပါရမီရှင် အွန်းဘို့ဒုံရဲ့ အနိုင်ယူပြမှုဟာ ဖိနှိပ်ခံ ပြည်သူတစ်ရပ်လုံးအတွက် “မျှော်လင့်ချက်နဲ့ အမျိုးသားဂုဏ်သိက္ခာရဲ့ သင်္ကေတ” ဖြစ်လာခဲ့ပါတယ်။ ဒါကို မရှုစိမ့်တဲ့ ဂျပန်တွေက သူ့ကို တားဆီးဖို့ မသမာတဲ့ နည်းလမ်းပေါင်းစုံ သုံးလာတဲ့အခါ... ပြိုင်ကွင်းထက်က စက်ဘီးလမ်းကြောင်းဟာ ရိုးရိုးပြိုင်ပွဲတစ်ခုမဟုတ်တော့ဘဲ လူမျိုးတစ်မျိုးလုံးရဲ့ လွတ်လပ်ရေးအတွက် အသက်နဲ့လဲရမယ့် တိုက်ပွဲ တစ်ခု ဖြစ်လာခဲ့ပါတော့တယ်။ အွန်းဘို့ဒုံအဖြစ် ​မင်းသား Rain ရဲ့ အားပါလှတဲ့ သရုပ်ဆောင်မှု၊ ရင်ခုန်စရာ စက်ဘီးပြိုင်ပွဲ အခန်းတွေနဲ့အတူ မင်းသမီး Kang So-ra နဲ့ တခြားသရုပ်ဆောင်ပေါင်းများစွာရဲ့ ကိုလိုနီခေတ် မျိုးချစ်စိတ်ဓာတ်ကို ကြက်သီးထဖွယ် ခံစားရမှာမို့ မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ကြည့်ရန် 🔽🔽🔽🔽🔽🔽 https://t.me/kmv212 Link⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️ https://t.me/kmv212/358

Repost from N/a
Our Town (2007) WEB-DL 720p

Repost from N/a
Our Town (2007) IMDb Rating (6.7) ဒီရုပ်ရှင်လေးကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ Parasite မင်းသားကြီး Lee Sun-kyun ရဲ့ အစောပိုင်းလ
+3
Our Town (2007) IMDb Rating (6.7) ဒီရုပ်ရှင်လေးကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ Parasite မင်းသားကြီး Lee Sun-kyun ရဲ့ အစောပိုင်းလက်ရာတွေထဲကမှ Thriller, Mystery ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ The Man of the Vineyard ထဲမှာ မင်းသား Oh Man-Seok နဲ့ God's Quiz ထဲမှ မင်းသား Ryu Deok-Hwan တို့လည်း အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင် အားဖြည့်ပေးထားပါသေးတယ်။ ⤵️ - ဇာတ်လမ်းအကျဉ်း - ⤵️ အေးချမ်းသာယာလှပါတယ်ဆိုတဲ့ မြို့လေးတစ်မြို့မှာ အမျိုးသမီးတွေကိုသာ ပစ်မှတ်ထားပြီး ရက်ရက်စက်စက် သတ်ဖြတ်လေ့ရှိတဲ့ ကွင်းဆက်လူသတ်သမား တစ်ယောက်ကြောင့် တစ်မြို့လုံး အထိတ်ထိတ် အလန့်လန့်နဲ့ပေါ့။ အဲဒီမြို့လေးက ဂယောင်းဂျူကတော့ စိတ်ကူးယဉ် လူသတ်မှုအကြောင်းအရာတွေကို အဓိကထားရေးသားပေမဲ့ မအောင်မြင်သေးတဲ့ စာရေးဆရာတစ်ယောက်ဖြစ်ပြီး ဂယောင်းဂျူရဲ့ ငယ်သူငယ်ချင်းဖြစ်သူ ဂျယ်ရှင်းကတော့ မြို့ထဲကကွင်းဆက်လူသတ်မှုကို အသည်းအသန် လိုက်လံစုံစမ်းနေရတဲ့ ပါးနပ်ထက်မြက်တဲ့ စုံထောက်တစ်ယောက်ပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ မြို့ထဲမှာ ပုံစံတူလူသတ်မှုတစ်ခု ထပ်မံဖြစ်ပွါးခဲ့ပြီး ပါးနပ်တဲ့ဂျယ်ရှင်းကတော့ ဒီအမှုဟာ ကွင်းဆက်လူသတ်သမား လက်ချက်မဟုတ်ဘဲ အတုခိုးထားတဲ့ လူသတ်မှုတစ်ခုဖြစ်တယ်ဆိုတာကို စုံစမ်းသိရှိခဲ့ရပါတယ်။ လှည့်ကွက်တွေ ပြည့်နှက်နေတဲ့ ဒီဇာတ်လမ်းထဲမှာ ကွင်းဆက်လူသတ်သမားအစစ်၊ သူ့ကိုတုပတဲ့သူနဲ့ သူတို့ကို လိုက်ဖမ်းရမယ့် စုံထောက်တို့ကြားက mind game တွေ တကယ့်ကွင်းဆက်လူသတ်သမားအစစ်က ဘယ်သူလဲ... သူတို့ကြားထဲမှာရော ဘယ်လိုဇာတ်လမ်းတွေရှိနေမလဲ ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ Crime-Thriller ဇာတ်လမ်းကောင်းတွေကိုမှ ကြိုက်နှစ်သက်တတ်တဲ့ ပရိသတ်တွေအတွက်တော့ ဇာတ်ရှိန်တက်တက်နဲ့ ဆွဲခေါ်သွားမယ့် ရုပ်ရှင်ဟောင်းကောင်းလေးတစ်ကားဖြစ်လို့ လုံးဝလက်မလွှတ်သင့်ပါဘူးနော်။

Repost from N/a
ဒီည အတွက် အကြည့်သင့်ဆုံး သရဲကား Dominion Of Darkness (2024)

Repost from N/a
Dominion of Darkness (2024) ဖာသာ သောမတ်စ်ဟာ မိခင်နဲ့ညီမဖြစ်သူကို မတော်တဆမှုတစ်ခုမှာဆုံးရှုံးခဲ့ပြီးနောက်၊ သူ့ကိုယ်သူလိပ်ပြာမလ
Dominion of Darkness (2024) ဖာသာ သောမတ်စ်ဟာ မိခင်နဲ့ညီမဖြစ်သူကို မတော်တဆမှုတစ်ခုမှာဆုံးရှုံးခဲ့ပြီးနောက်၊ သူ့ကိုယ်သူလိပ်ပြာမလုံစိတ် သံသယစိတ်တွေနဲ့ယုံကြည်ချက်ပြိုကွဲနေခဲ့ပြီး အသင်းတော်ကနေနူတ်ထွက်ဖို့ကြံစည်နေတဲ့သူတစ်ယောက်ပါ။ သွားလေသူ သူ့ ညီမဖြစ်တဲ့ဒီယန်ဒရာရဲ့သူငယ်ချင်း ကေလာဆိုတဲ့ကောင်မလေးကတော့ သူ့မိခင်ဖြစ်တဲ့သူတွဲနေတဲ့ လူရှုပ်လူပွေဖြစ်သူ ဒင်းနစ်စ်ကို မျက်မုန်းကျိုးကြည့်မရသလို အဲ့ဒီလူနောက် သူ့အမေ ပါသွားမှာကိုလည်း အစိုးရိမ်ကြီးစိုးရိမ်နေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဆယ်ကျော်သက်ပီပီကြံရာမရစဉ်းစားရင်း သူငယ်ချင်းနောက်တစ်ယောက်ဖြစ်တဲ့ စီလာရဲ့အကြံနဲ့ ဝိဉာဉ်ခေါ်အရုပ်ကိုသုံးပြီး ဖခင်ဖြစ်သူရဲ့ဝိဉာဉ်ကိုခေါ်ယူပြီး အကူအညီတောင်းဖို့ဆုံးဖြတ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီမကြံမကောင်းမစည်ရာအကြံအစည်ကို အကောင်အထည်ဖော်ပြီးပြီးချင်း သူတို့နှစ်ဦးလုံး ထိတ်လန့်ဖွယ်ဖြစ်ရပ်တွေဆက်တိုက်ကြုံခဲ့ပြီးတဲ့နောက်မှာတော့ အသင်းတော်ရဲ့တာဝန်ရှိသူတွေ၊ အပနှင်ဘုန်းတော်ကြီးတွေ အားလုံးပါ ပေါင်းစည်းနှိမ်နင်းရတဲ့ ဆရာမနိုင်မိစ္ဆာတွေနဲ့ရင်ဆိုင်တွေ့ကြုံရတဲ့အဖြစ်တွေကိုသည်းထိတ်ရင်ဖိုခံစားကြရမှာပါ။ သမားရိုးကျအင်ဒိုဟော်ရာတွေထုံးစံဖြစ်တဲ့ အောက်လမ်းတွေ မှော်အတတ်တွေကနေ ခွဲထွက်သွားပြီး နတ်ဆိုးအပနှင်ပုံစံမျိုးကိုမှ ဟော်ရာကျွမ်းကျင်သူတွေဖြစ်တဲ့ အင်ဒိုနီးရှားလက်ရာနဲ့ရှုစားကြရမှာဖြစ်ပါတယ်။

Repost from N/a
We Are Brothers (2014) NF WEB-DL 720p

We Are Brothers (2014) အခုတင်ဆက်ပေးသွားမယ့် Movie လေးကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိထားပြီး မင်းသားကြီး Kim Sung-kyun နဲ့ Cho Ji
We Are Brothers (2014) အခုတင်ဆက်ပေးသွားမယ့် Movie လေးကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိထားပြီး မင်းသားကြီး Kim Sung-kyun နဲ့ Cho Jin-woong တို့ အပြိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ “We Are Brothers” ဆိုတဲ့ မိသားစုဟာသဒရာမာကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ငယ်စဉ်ကတည်းက မိဘမဲ့ဂေဟာမှာ ကွဲကွာသွားခဲ့ကြတဲ့ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ ဆန်းယွန်းနဲ့ ဟာယွန်းတို့ဟာ နှစ်ပေါင်း ၃၀ ကြာပြီးနောက် လူပျောက်ရှာဖွေရေး TV အစီအစဉ်တစ်ခုမှာ ပြန်လည်ဆုံစည်းခဲ့ကြပါတယ်။ အမေရိကန်မှာ ကြီးပြင်းလာပြီး သင်းအုပ်ဆရာတစ်ယောက် ဖြစ်လာတဲ့ အစ်ကိုကြီး ဆန်းယွန်းနဲ့ နတ်ဆရာတစ်ယောက် ဖြစ်လာတဲ့ ညီလေး ဟာယွန်းတို့ဟာ ယုံကြည်ကိုးကွယ်မှုချင်း မတူညီကြတဲ့ညီအစ်ကိုနှစ်ယောက် ဖြစ်ပြီးတော့ သူတို့ ပြန်လည်ဆုံတွေ့ပြီးတဲ့နေ့မှာပဲ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရတဲ့ သူတို့အမေ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် ညီအစ်ကိုနှစ်ယောက်ဟာ အမေ့ကို အတူတူလိုက်လံရှာဖွေရင်း မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေနဲ့ ရယ်စရာအခြေအနေတွေကို ရင်ဆိုင်ကြရပါတော့တယ်။ မိသားစုအကြားက သံယောဇဉ်၊ ညီအစ်ကိုနှစ်ယောက်ရဲ့ မတူညီတဲ့ဘဝပုံစံတွေနဲ့ ဟာသတွေကို ပေါင်းစပ်ဖော်ပြထားတဲ့ မိသားစုဟာသဒရာမာကားကောင်းလေးတစ်ကား ဖြစ်တာကြောင့် ကြည့်ရှုကြဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်.... ကြည့်ရန်⬇️⬇️⬇️⬇️⬇️⬇️⬇️ https://t.me/kmv212 Link⬇️⬇️⬇️⬇️⬇️⬇️⬇️ https://t.me/kmv212/349

" A Bona Fide K.i.l.l.e.r " EP12-720P

" A Bona Fide K.i.l.l.e.r " EP12-1080P

" A Bona Fide K.i.l.l.e.r " EP11-720P

" A Bona Fide K.i.l.l.e.r " EP11-1080P

Repost from N/a
Love.Attack (2023)

Repost from N/a
Love.Attack ရှယ်ရို ရှယ်ချိုစိမ့်ဖြစ်ပြီး ကြည့်တာနဲ့ ပါးစပ်မစိနိုင်အောင် ကြည်နူးနေရမယ့် တပိုင်းထဲ Rocom လေး Love Attack လေးကိ
Love.Attack ရှယ်ရို ရှယ်ချိုစိမ့်ဖြစ်ပြီး ကြည့်တာနဲ့ ပါးစပ်မစိနိုင်အောင် ကြည်နူးနေရမယ့် တပိုင်းထဲ Rocom လေး Love Attack လေးကို တင်ဆက်ပေးလိုက်ရပါတယ် အတန်းထဲမှာ အဆင့်တစ်နဲ့ အဆင့်နှစ်ဆိုတာက အမြဲ ပြိုင်ဘက်တွေမလား ဒီတစ်ခေါက် ဇာတ်လမ်းလေးကတော့ ဂန်ဂယောင်းဂျူဆိုတဲ့ ကောင်မလေးက ရွာမှာနေပြီး ငွေရေးကြေးရေးအဆင်မပြေပေမဲ့ စာကြိုးစားပြီး အောင်မြင်အောင်လုပ်ပြီး အဘွားကို ကောင်းကောင်းမွန်မွန် ထားနိုင်အောင်လုပ်ပေးဖို့ ကြိုးစားနေတဲ့ကောင်မလေးဖြစ်ပြီး ချာဆော့ဂျင်းဆိုတဲ့ကောင်လေးကတော့ ပိုက်ဆံရှိပြီး တစ်သက်လုံး စာကလွဲပြီး ဘာမှမလုပ်လာတဲ့ ကောင်​လေးပေါ့ သူတို့နှစ်ယောက် တက္ကသိုလ်မှာတွေ့ပြီး ဂန်ဂယောင်းဂျူက အဆင့်တစ်ရပြီး ချာဆော့ဂျင်းက အဆင့်နှစ်ရတဲ့အခါမှာတော့ ချာဆော့ဂျင်းက ဂန်ဂယောင်းဂျူ စာထဲအာရုံမစိုက်နိုင်အောင် ဖွင့်ပြောပြီး တိုက်ခိုက်ပါတော့တယ် အဲလိုနဲ့ စတွဲဖြစ်သွားတဲ့ သူတို့နှစ်ယောက် တကယ် ချစ်မိသွားကြမလား ပြိုင်ဆိုင်ချင်စိတ်ကနေ စလာတဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ဒီတစ်ခေါက် KBS Special Drama မှာ ရင်ခုန်စွာ ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ် #Crd

Repost from N/a
S*w*i*n*g K*i*d*s

Repost from N/a
ဒီတစ်ခါမှာတော့ အဓိကသရုပ်ဆောင်တွေအဖြစ် EXO အဖွဲ့ဝင် D.O,မင်းသမီး Park Hye Soo, ပရိတ်သတ်ရင်းနှီးပြီးသားသရုပ်ဆောင် Oh Jung se တိ
ဒီတစ်ခါမှာတော့ အဓိကသရုပ်ဆောင်တွေအဖြစ် EXO အဖွဲ့ဝင် D.O,မင်းသမီး Park Hye Soo, ပရိတ်သတ်ရင်းနှီးပြီးသားသရုပ်ဆောင် Oh Jung se တို့အဓိက ပါဝင်ထားပြီး 2018ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ကိုရီးယား musical ရုပ်ရှင်လေးတစ်ကားကိုပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင် .. ဇာတ်လမ်းအကျဉ်း 1951ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲအတွင်းမှာမြောက်ကိုရီးယားနဲ့ တရုတ်အကျဉ်းသားတွေကတောင်ကိုရီးယား ဂိုဂျယ်ကျွန်းရှိ စခန်းကို စေလွှတ်ခံခဲ့ရပါတယ် POW စခန်းကတော့ ကွန်မြူနစ်စနစ်ကိုလိုလားတဲ့သူတွေနဲ့ကွန်မြူနစ်စနစ်ကိုဆန့်ကျင်တဲ့သူတွေအကြားက ပဋိပက္လက်အောက်မှာ ရှိနေပါတယ် ရိုဂီဆူကတော့ ဂိုဂျယ်POW စခန်းမှာ ထိန်းသိမ်းခံထားရတဲ့မြောက်ကိုရီးယားစစ်သားတစ်‌ယောက်ပါအဲဒီအချိန်မှာပဲ တပ်ကြပ်ကြီးဂျက်ဆင်ဆီကိုtap dance ဆိုတဲ့ ဖိနပ်စည်းချက်လိုက်အကကဖို့အကအဖွဲ့တစ်ခုဖွဲ့ရန် အမိန့်ကျလာပါတယအဲဒါကြောင့် ဂျက်ဆင်က စခန်းမှာအကအဖွဲ့ဝင်တွေ ရွေးချယ်ဖို့အတွက်လူရွေးပွဲကျင်းပခဲ့ပြီးနောက်ဆုံးမှာတော့ တရုတ်စစ်သား ရှောင်းဖန်ကွန်မြူနစ်ပါတီဝင်ဟု မတရားစွပ်စွဲခံခဲ့ရတဲ့ ဂန်ဗြောင်ဆမ်း နှင့်မိသားစုကို ထောက်ပံ့ပေးနေတဲ့ ယန်းဖန်းလယ်တို့ သုံးယောက်ကအကအဖွဲ့မှာ ပါဖို့ဖြစ်လာပါတော့တယ်ထိုအချိန်တွင် တပ်ကြပ်ကြီးဂျက်ဆင်က ဂီဆူရဲ့ အကအရည်အချင်းကိုသဘောကျပြီးတော့အကအဖွဲ့ထဲဝင်ဖို့ ကမ်းလှမ်းတဲ့အခါမှာတော့စစ်ပွဲအကြားမှာ သူတို့ရဲ့ အိပ်မက်ဖြစ်တဲ့ အကအဖွဲ့လေးကိုအကောင်အထည်ဖော်သွားနိုင်မလားဆိုတာကိုတော့ဒီကားလေးထဲမှာ စောင့်မျှော်ကြည့်ရှူပေးကြပါဦး‌နော် …

Repost from N/a
" Maa Inti Bangaaram " (2026) 720p

Repost from N/a
" Maa Inti Bangaaram " (2026) " Maa Inti Bangaaram " (2026) ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ဖိုက်တင်အကြမ်းစားနဲ့ ဟာသလေးတ
" Maa Inti Bangaaram " (2026) " Maa Inti Bangaaram " (2026) ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ဖိုက်တင်အကြမ်းစားနဲ့ ဟာသလေးတွေပါတဲ့ မိသားစု ဒရာမာအမျိုးအစားလေးပဲဖြစ်ပါတယ်။ ဆွာနာဟာ သာမန်လွတ်လပ်တဲ့ကောင်မလေးတစ်ယောက်ဖြစ်ပြီး သာမန်အိမ်ထောင်သည်အမျိုးသမီးတွေနဲ့ မတူညီတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ ခင်ပွန်းသည်အာနီရဲ့ ညီမမင်္ဂလာပွဲအတွက် သူတို့ဇနီးမောင်နှံနှစ်ဦးအိမ်ကို ပြန်လာခဲ့ကြပါတယ်။ အာနီဟာ နာမည်ကြီးနိုင်ငံရေးသမားတစ်ယောက်ရဲ့သားအကြီးဆုံးဖြစ်ပြီး ဆရာဝန်ကောင်းတစ်ယောက်လည်းဖြစ်တဲ့အပြင် ဆွာနာအပေါ်မှာလည်း လင်ဝတ္တရားကျေပွန်သူတစ်ဦးဖြစ်ပါတယ်။ သူတို့ရဲ့ အိမ်ထောင်ရေးဟာ သုခဘုံလေးဖြစ်နေခဲ့ပေမဲ့လည်း မပျော်ရွှင်နိုင်တဲ့အကြောင်းအရင်းလေးတစ်ခုတော့ရှိနေပြန်ပါတယ်။ ဒါကတော့ အာနီဟာ မိဘတွေက သဘောတူခြင်းမရှိဘဲ ဆွာနာကိုလက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။ တစ်အိမ်လုံးရဲ့ နှင်ထုတ်ခြင်းကို ခံထားရတဲ့ ဆွာနာတို့ဇနီးမောင်နှံနှစ်ယောက် အိမ်တော်ကြီးကို ပြန်လာကြတဲ့အခါ ဆွာနာကို ဦးဆုံးကြိုဆိုလိုက်တာကတော့ စံပြချွေးမစံနှုန်းတွေပဲဖြစ်ပါတယ်။ အာနီနဲ့ သူရဲ့ အဖေပြန်လည်ပြေလည်ဖို့အရေး ယောက္ခမတွေရဲ့အမြင်ကြည်အောင် ဆွာနာဟာ ဒီအိမ်ကြီးထဲမှာ စံပြချွေးမဖြစ်ဖို့အကောင်းဆုံးကြိုးစားတဲ့အခါ.... စံပြချွေးမဖြစ်ဖို့ သင်ခန်းစာတွေအများကြီးကို လုပ်ဆောင်ပြီးနောက်ဆုံးအိမ်ထဲမှာ နေရာတစ်နေရာရလာပြီး သူ့ရဲ့ အိမ်အနေနဲ့ ဖြစ်လာခဲ့အချိန်မှာတော့ သူ့ရဲ့အတိတ်ဆိုးကြီးတစ်ခုဟာ သူ့ရဲ့အိမ်ရှေ့ကိုတံခါးခေါက်လာပါတော့တယ်။ ဒီအခါ ဆွာနာတစ်ယောက် ဘယ်လိုမျိုး သူ့ရဲ့အတိတ်ဆိုးကြီးကိုဖုံးကွယ်ဖို့ကြိုးစားမလဲ။ တစ်ဖက်က သူ့ရဲ့အတိတ်ဆိုး အခြားတစ်ဖက်ကသူ့ရဲ့ မိသားစုကြားမှာ နောက်ဆုံးသူဘယ်ဖက်ကို ရွေးချယ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

Repost from N/a
ကျွန်တော်တိုမမ Gal Gadot တစ်ယောက် လှလှလေးပြေးမဲ့ အက်ရှင်ကားသစ်