fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

သိင်္ခ

သိင်္ခ

رفتن به کانال در Telegram

အသိတိုး

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
1 058
مشترکین
اطلاعاتی وجود ندارد24 ساعت
-67 روز
-5330 روز
آرشیو پست ها
❝AI ခေတ်မှာ ကမ္ဘာ့အလုပ်အကိုင်ဈေးကွက် ဘယ်လိုပြောင်းလဲနေသလဲ❞ ≋လူသားတွေအတွက် ဘယ်အလုပ်တွေ ကျန်ရှိမလဲ≋ 《သတင်းဆောင်းပါး》 Artificial
❝AI ခေတ်မှာ ကမ္ဘာ့အလုပ်အကိုင်ဈေးကွက် ဘယ်လိုပြောင်းလဲနေသလဲ❞  ≋လူသားတွေအတွက် ဘယ်အလုပ်တွေ ကျန်ရှိမလဲ≋ 《သတင်းဆောင်းပါး》 Artificial Intelligence (AI) နည်းပညာ အရှိန်အဟုန်ဖြင့် ဖွံဖြိုးလာခြင်းနှင့်အတူ ကမ္ဘာတစ်ဝန်းရှိ အလုပ်အကိုင်ဈေးကွက်သည်လည်း အကြီးအကျယ် ပြောင်းလဲလာနေပြီး AI က လူသားများ၏ အလုပ်အကိုင်များကို အပြည့်အဝ အစားထိုးသွားမည်လား၊ သိုမဟုတ် လူသားများ၏ လုပ်ငန်းတာဝန်များကို ပိုမိုလွယ်ကူမြန်ဆန်စေရန် အထောက်အကူပြုသည့် နည်းပညာတစ်ရပ်အဖြစ်သာ ရပ်တည်မည်လားဆိုသည့် မေးခွန်းမှာ ကမ္ဘာတစ်ဝန်းတွင် အရေးကြီးသည့် ဆွေးနွေးစရာတစ်ခု ဖြစ်လာနေသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲချုပ် (ILO) ၏ ၂၀၂၅ ခုနှစ် လေ့လာချက်အရ ကမ္ဘာတစ်ဝန်းရှိ အလုပ်သမား ၄ ဦးတွင် ၁ ဦးခန့်သည် Generative AI ၏ သက်ရောက်မှုရှိနိုင်သည့် အလုပ်အကိုင်အမျိုးအစားများတွင် ပါဝင်နေကြောင်း သိရသည်။ သိုသော် AI ကြောင့် အလုပ်အကိုင်များ အလုံးစုံပျောက်ကွယ်သွားမည့်အခြေအနေထက် လက်ရှိအလုပ်များအတွင်းရှိ တာဝန်များနှင့် လုပ်ငန်းစဉ်များ ပြောင်းလဲသွားနိုင်ခြေက ပိုမိုများပြားကြောင်း ILO က သုံးသပ်ထားသည်။

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသထံ ကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်း   မန္တလေး ဩဂုတ် ၂၄   မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြိုနယ် အောင်ချမ်းသာကျေးရွာရှိ ဓမ္မသဟာယသာသနစင်တာ၌ သီတင်းသုံးတော်မူလျက်ရှိသည့် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသထံ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့နံနက်ပိုင်းတွင် သွားရောက်ဖူးမြော်ကြည်ညိုပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့်ဇနီး ဒေါ်ကြူကြူလှ သား၊ သမီး၊ မြေးတစ်စုတိုက လှူဒါန်းသော ဓမ္မစကြာမဟာဋီကာသစ်ကျမ်းကြီး၊ ဗုဒ္ဓဝါဆိုစဉ်အလင်္ကာများစာအုပ်နှင့် သာသနာရေးဝန်ကြီးဌာနမှ ဆောင်ရွက်ထားရှိသော ကွန်ပျူတာစာစီမူ အဋ္ဌကထာကျမ်းစာအုပ်များကို ဆက်ကပ်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။   ပါမောက္ခချုပ်ဆရာတော်ကြီးက “အဋ္ဌကထာ ဋီကာကျမ်းစာအုပ်များကို ပြန်လည်ပုံနှိပ်နိုင်ခြင်းမရှိသည်မှာ နှစ်ပေါင်းအတော်ကြာပြီဖြစ်ကြောင်း၊ ပါဠိတော်များကို အဋ္ဌကထာ၊ ဋီကာအဖွင့်များနှင့်ကြည့်၍ အဓိပ္ပာယ်သိရှိရပါကြောင်း၊ အဋ္ဌကထာဋီကာအဖွင့်ကို မကြည့်ဘဲပါဠိတော်သက်သက် ဘာသာပြန်လျှင် Interpretation Problem ဖြစ်နိုင်ကြောင်း၊ နောင်တွင် AI tool များဖြင့် ဘာသာပြန်ခြင်းလုပ်ငန်းဆောင်ရွက်လျှင် Leak Version (မူကွဲမူပျက်) များ ထွက်ပေါ်လာနိုင်ပြီး ပျက်စီးနိုင်ပါကြောင်း။   အလွန်ပြည့်စုံပြီး အင်မတန် ကောင်းမွန်သောအလုပ် ထိုကြောင့် ပါဠိတော်၊ အဋ္ဌ ကထာ၊ ဋီကာစာပေများ မပျောက်ပျက်အောင် ထိန်းသိမ်းခြင်းလုပ်ငန်းသည် သာသနာရေးဝန်ကြီးဌာန၏ အဓိကလုပ်ငန်းဖြစ်ပြီး အရေးအကြီးဆုံးဖြစ်သဖြင့် ယခုလို အဋ္ဌကထာ၊ ဋီကာကျမ်းများကို ဆဋ္ဌမူအတိုင်း ပြင်ဆင်ဖြည့်စွက်နုတ်ပယ်ခြင်းမပြုဘဲ နောက်ဆက် တွဲ(Index)ပါ နာနာပါဌ (Different Version)များ၊ အောက်ခြေမှတ်စု (Foot note) များပါမကျန် ကွန်ပျူတာစာစီမူ ပြန်လည်ပုံနှိပ် ဆောင်ရွက်ခြင်းသည် အလွန်ပြည့်စုံပြီး အင်မတန်ကောင်းမွန်သော အလုပ်ဖြစ်ပါကြောင်း၊ စာပေပျောက်လျှင် လူမျိုးပျောက်နိုင်သဖြင့် စာပေထိန်းသိမ်းရေးကို အဓိကထားကြိုးစားရန် တိုက်တွန်းလိုပါကြောင်း၊ ထေရဝါဒ ဗုဒ္ဓဘာသာနှင့်ပတ်သက်လျှင် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ စာပေများကို ထေရဝါဒအတိုင်း ထိန်းသိမ်းထားနိုင်သည့် မြန်မာနိုင်ငံကိုသာ အားကိုးပြုရမည် ဖြစ်ပါကြောင်း” စသည်ဖြင့် ဩဝါဒကထာများ မိန့်ကြားချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသထံ ကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်း
ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသထံ ကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်း

စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ပထမနှစ် ဝင်ခွင့်လျှောက်လွှာခေါ်ယူ
စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ပထမနှစ် ဝင်ခွင့်လျှောက်လွှာခေါ်ယူ

အိန္ဒိယသမ္မတနိုင်ငံက တပ်မတော်ဆေးတက္ကသိုလ်အတွက် ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်း နေပြည်တော်၊ ဩဂုတ်
အိန္ဒိယသမ္မတနိုင်ငံက တပ်မတော်ဆေးတက္ကသိုလ်အတွက် ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်း နေပြည်တော်၊ ဩဂုတ်လ ၂၄ တပ်မတော်ဆေးတက္ကသိုလ်တွင် ဘွဲကြို၊ ဘွဲလွန်ဆေးပညာသင်ကြားရေး ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် အိန္ဒိယသမ္မတနိုင်ငံအစိုးရက လှူဒါန်းသည့် ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှတစ်ဆင့် ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ်၊ ပင်မစာသင်ဆောင်၊ အစည်းအဝေး ခန်းမ(၁) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြိုနယ်(၆) မြိုန
ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြိုနယ်(၆) မြိုနယ်ရှိရပ်ကွက် (၂ဝ)ခုနှင့် ကျေးရွာအချို ရေဝင်ရောက်မှုဖြစ်ပွား၊ ကူညီကယ်ဆယ်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

🙏🙏🙏
🙏🙏🙏

ရေခြားမြေခြားက သတင်းစကားများ | အပိုင်း(၇) ကီဇီးလ်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ

ရေခြားမြေခြားက သတင်းစကားများ | အပိုင်း(၆) ရုရှားနိုင်ငံ၊ တူဗာပြည်နယ်၊ ကီဇီးလ် မြို့သို့ ရောက်ရှိ

ရေခြားမြေခြားက သတင်းစကားများ | အပိုင်း(၅) ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၏ ဩဂုတ် ၂၁ ရက်နေ့ ခရီးစဉ်အတွင်း ဆောင်ရွက်ခဲ့သည့် အရေးပါသော တွေ့ဆုံဆွေးနွေးမှုများ၊ နှစ်နိုင်ငံသဘောတူညီချက်များနှင့် သံတမန်ရေးရာဆိုင်ရာ လှုပ်ရှားမှုများကို စုစည်းတင်ဆက်ထားပါသည်။

ယူကရိန်း၏ မဟာမိတ်များ ကိယက်ဗ်မြို၌ စုဝေးစဉ် ရုရှား၏ ခြိမ်းခြောက်မှုများကို ဗြိတိန်ဝန်ကြီးချုပ် ပယ်ချ ယူကရိန်း၏ မဟာမိတ်များ ကိယက်ဗ်မြို၌ စုဝေးစဉ် ရုရှား၏ ခြိမ်းခြောက်မှုများကို ဗြိတိန်ဝန်ကြီးချုပ် ပယ်ချကြောင်း သိရသည်။ ရုရှား၏ ခြိမ်းခြောက်မှုများ ရှိနေသည့်တိုင် ယူကရိန်းအား စစ်ရေးအရ ကူညီပံ့ပိုးမှုများကို ဗြိတိန်က ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ဟု မဟာမိတ်များ စုဝေးပြီး ထောက်ပံ့ရေးကိစ္စများ ဆွေးနွေးသည့် ကိယက်ဗ်မြိုခရီးစဉ်အတွင်း ဗြိတိန်ဝန်ကြီးချုပ် အန်ဒီဘန်းဟမ်းက ဩဂုတ် ၂၄ ရက်တွင် ပြောကြားသည်။ ပြင်သစ်နှင့် ဂျာမနီခေါင်းဆောင်နှစ်ဦးတိုက အွန်လိုင်းမှတစ်ဆင့် ပူးတွဲသဘာပတိအဖြစ် ပါဝင်ပြီး ဗြိတိန်ဝန်ကြီးချုပ်ဘန်းဟမ်းကိုယ်တိုင် တက်ရောက်သည့် "ဆန္ဒရှိသူများ၏မဟာမိတ်များအဖွဲ" (Coalition of the Willing) အစည်းအဝေးတွင် လေကြောင်းရန်ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးရေးကိစ္စကို အဓိကထား ဆွေးနွေးကြမည်ဖြစ်သည်။ ဝန်ကြီးချုပ် ဘန်းဟမ်းသည် ရာထူးတာဝန် စတင်ထမ်းဆောင်ပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဥရောပခေါင်းဆောင်များနှင့် ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယို ကော်စတာတိုနှင့်အတူ ကိယက်ဗ်မြိုသို ရောက်ရှိလာခြင်းဖြစ်သည်။ “ကျွန်‌တော့်နိုင်ငံကိုရုရှားရဲ့တရားလွန် ခြိမ်းခြောက်မှု‌တွေရှိနေပေမယ့် ယူကရိန်းရဲ့ကာကွယ်ရေးအတွက် ကျွန်‌တော်တိုရဲ့ ကူညီပံ့ပိုးမှု‌တွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု အစည်းအဝေးမစတင်မီ ယူကရိန်းလွတ်လပ်ရေးနေ့တွင် ပြောကြားသည့် မိန့်ခွန်း၌ ဘန်းဟမ်းက ထည့်သွင်းပြောကြားခဲ့သည်။ ရုရှားသည် လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ကိယက်ဗ်မြိုတော်ရှိ တိုက်ခန်းများကို ပဲ့ထိန်းဒုံးကျည်များဖြင့် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အဆောက်အအုံများ ပျက်စီးကာ လူပေါင်းများစွာ သေဆုံးခဲ့သည်။

photo content

ထိုင်းနိုင်ငံ(တောင်ပိုင်း)တွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပေါ်နေသည့် ပြည်နယ်(၃)ခုတွင်နေထိုင်သော မြန်မာနိုင်ငံသားများ တစ်စု
ထိုင်းနိုင်ငံ(တောင်ပိုင်း)တွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပေါ်နေသည့် ပြည်နယ်(၃)ခုတွင်နေထိုင်သော မြန်မာနိုင်ငံသားများ တစ်စုံတစ်ရာဖြစ်ပေါ်ပါကဆက်သွယ်နိုင် ထိုင်းနိုင်ငံ(တောင်ပိုင်း)တွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပေါ်နေသည့် ပြည်နယ်(၃)ခုတွင်နေထိုင်သော မြန်မာနိုင်ငံသားများ တစ်စုံတစ်ရာဖြစ်ပေါ်ပါကဆက်သွယ်နိုင်သည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဗန်ကောက်မြိုက ယနေ့ သြဂုတ် ၂၄ ရက်တွင် အသိပေးခဲ့သည်။ ထိုင်းနိုင်ငံ(တောင်ပိုင်း)၊ ပတ္တနီ၊ ယာလာနှင့် နရာသီဝပ်ပြည်နယ်များတွင် လက်ရှိအချိန်၌ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပေါ်လျက်ရှိသည်။ ထိုကြောင့် ယင်းပြည်နယ်များတွင်နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် မသက်ဆိုင်သော လူစုလူဝေးများတွင် ပါဝင်ပတ်သက်မှုမရှိရန်၊ လုံခြုံ ရေးအထူးဂရုပြုနေထိုင်သွားလာရန်၊ အကြောင်းတစ်စုံ တစ်ရာပေါ်ပေါက်ပါက မြန်မာသံရုံးနှင့် အလုပ်သမားသံအရာရှိရုံးများသို ဆက်သွယ်အကြောင်းကြားကြရန် အသိပေးခဲ့သည်။

■ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျောင်းသူတစ်ဦးကို အရှင်လတ်လတ် မီးရှိသတ်ခဲ့သည့် ကျောင်းအုပ်ဆရာဟောင်းအပေါ် ချမှတ်ထားသော သေဒဏ်ကို အယူခံတရားရုံးက အတည်ပြု ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျောင်းသူတစ်ဦးကို အရှင်လတ်လတ် မီးရှိသတ်ခဲ့သည့် ကျောင်းအုပ်ဆရာဟောင်းအပေါ် ချမှတ်ထားသော သေဒဏ်ကို အယူခံတရားရုံးက ဩဂုတ် ၂၄ ရက် အတည်ပြုခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် နူစရတ် ဂျာဟန် ရာဖီအမည်ရှိ ကျောင်းသူက ကျောင်းအုပ်ဆရာဟောင်းကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုဖြင့် စွပ်စွဲတိုင်ကြားခဲ့ပြီးနောက် ထိုကျောင်းအုပ်ဆရာဟောင်းက ကျောင်းသူကို မီးရှိသတ်ခဲ့ခြင်းဖြစ်ကာ ထိုအမှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းကို တုန်လှုပ်သွားစေခဲ့သည်။ ထိုပြင် တရားရုံးသည် အဆိုပါကျောင်းသူအား သတ်ဖြတ်မှုတွင် ပူးပေါင်းပါဝင်သူတစ်ဦးအား ချမှတ်ထားသည့် သေဒဏ်ကိုလည်း ဆက်လက်အတည်ပြုခဲ့ပြီး အခြားတရားခံ ၁၀ ဦးကိုမူ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့သည်။ ကျေးလက်ဒေသရှိ အစ္စလာမ်ဘာသာရေးကျောင်း အကြီးအကဲကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုဖြင့် တိုင်ကြားခဲ့ပြီးနောက် ဓာတ်ဆီလောင်းကာ မီးရှိသတ်ဖြတ်ခံခဲ့ရသည့် အဆိုပါ အသက် ၁၀ ကျော် ကျောင်းသူ၏ သေဆုံးမှုသည် ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ နူစရတ်သည် ၎င်း၏ ခန္ဓာကိုယ် ၈၀ ရာခိုင်နှုန်းခန့် မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ၄ ရက်အကြာတွင် ဆေးရုံ၌ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ကျောင်းအုပ်ဆရာဟောင်း အက်စ်အမ် ဆီရာ့ချ်အွတ် ဒေါင်လာသည် ကြိုးမိန့် ပေးခံခဲ့ရပြီး အခြားတရားခံ ၄ ဦး၏ သေဒဏ်ကိုမူ အယူခံတရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်းသို လျှော့ပေါ့ပေးခဲ့သည်။ နူစရတ်၏ သေဆုံးမှုသည် တစ်နိုင်ငံလုံးတွင် ဒေါသများကို မြင့်တက်စေခဲ့ပြီး ဒါကာမြိုတော်မှ ဆန္ဒပြသူများသည် လူသတ်သမားများအား နောင်ကြဉ်အောင် သတိပေးသည့်အနေဖြင့် အမြင့်ဆုံးပြစ်ဒဏ်ပေးရန် ရက်ပေါင်းများစွာ ဆန္ဒပြခဲ့ကြသည်။

photo content

ောင်ရင်းမြစ်ရေ မြဝတီမြို၏စိုးရိမ်ရေမှတ်အထက် သို တစ်ကျော့ပြန်ကျော်လွန်ရောက်ရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို ရွေ့ပြောင်းကြရန်
ောင်ရင်းမြစ်ရေ မြဝတီမြို၏စိုးရိမ်ရေမှတ်အထက် သို တစ်ကျော့ပြန်ကျော်လွန်ရောက်ရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို ရွေ့ပြောင်းကြရန်လိုက်လံအသိပေးနှိးဆော် သောင်ရင်းမြစ်ရေသည် ယနေ့ သြဂုတ် ၂၄ ရက်တွင် ကရင်ပြည်နယ်၊ မြဝတီမြို၏စိုးရိမ်ရေမှတ်အထက်သို တစ်ကျော့ပြန်ကျော်လွန်ရောက်ရှိလာသဖြင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို ရွှေ့ပြောင်းနေ ထိုင်ကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများက အသိပေးနှိးဆော်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်ညနေပိုင်းမှစတင်၍ သောင်ရင်းမြစ်ရေသည် မြဝတီမြို၏စိုးရိမ်ရေမှတ်အ ထက်သိုကျော်လွန်ရောက်ရှိခဲ့သဖြင့် အနိမ့်ပိုင်းရပ်ကွက်များနှင့် မြစ်ကမ်းအနီးတိုတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်သူများကို ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၆)ခုသိုရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။ ထိုသို ရွှေ့ပြောင်းပေးခဲ့ရာမှ ယမန်နေ့ သြဂုတ် ၂၃ ရက်တွင် ရေများပြန်လည်ကျဆင်းသွားသဖြင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၆)ခုအနက် (၃)ခုကိုပိတ်သိမ်းပြီးနောက် ရေဘေးသင့်သူများမှာ ၎င်းတို၏နေ အိမ်များသိုပြန်လည်နေထိုင်ခဲ့ကြကြောင်း သိရသည်။

ခေတ်မီဆေးပညာသင်ထောက်ကူပစ္စည်းများကို တပ်မတော်ဆေးတက္ကသိုလ်(ရန်ကုန်)သို အိန္ဒိယသံအမတ်ကြီးက လွှပြောင်းပေးအပ် မြန်မာနိုင်ငံဆိုင်ရ
ခေတ်မီဆေးပညာသင်ထောက်ကူပစ္စည်းများကို တပ်မတော်ဆေးတက္ကသိုလ်(ရန်ကုန်)သို အိန္ဒိယသံအမတ်ကြီးက လွှပြောင်းပေးအပ် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၏ သံအမတ်ကြီး Abhay Thakur က ခေတ်မီဆေးပညာသင်ထောက်ကူပစ္စည်းများကို စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အကူအညီပေးရေးအစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် တပ်မတော်ဆေးတက္ကသိုလ်(ရန်ကုန်)သို ယနေ့ သြဂုတ် ၂၄ ရက်တွင်လွှပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ laparoscopy ကိရိယာများ၊ သွားဘက်ဆိုင်ရာပစ္စည်းများ၊ မျိုးရိုးဗီဇခွဲခြမ်းစိတ်ဖြာမှုနှင့် ရောဂါဗေဒဆိုင်ရာ ပစ္စည်းကိရိယာများနှင့် digital panelများ အပါအဝင် ခေတ်မီဆေးပညာသင်ထောက်ကူပစ္စည်းများကို လွှ ပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်

အိမ်မဲမြိုတွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချ အိမ်မဲ၊ သြဂုတ် ၂၄ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရို
အိမ်မဲမြိုတွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချ အိမ်မဲ၊ သြဂုတ် ၂၄ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြိုနယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့်အထက်ပိုင်းရပ်ကွက်ရှိ မြိုနယ်ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို ယနေ့နံနက်(၈)နာရီတွင် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မလေးရှားရဲတပ်ဖွဲက ထိုင်းနှင့် နယ်စပ်တစ်လျှောက် လုံခြုံရေးတင်းကျပ် ထိုင်းနိုင်ငံ တောင်ပိုင်းပြည်နယ်သုံးခုတွင် ဩဂုတ် ၂၂ ရက်က ဗု
မလေးရှားရဲတပ်ဖွဲက ထိုင်းနှင့် နယ်စပ်တစ်လျှောက် လုံခြုံရေးတင်းကျပ် ထိုင်းနိုင်ငံ တောင်ပိုင်းပြည်နယ်သုံးခုတွင် ဩဂုတ် ၂၂ ရက်က ဗုံးခွဲမှုများ၊ ဒေသန္တရအစိုးရရုံးများ မီးရှိခံရမှုများ အပါအဝင် တိုက်ခိုက်မှု ၅၀ ကျော် ဖြစ်ပွားခဲ့ပြီးနောက် မလေးရှားရဲတပ်ဖွဲက မလေးရှား-ထိုင်းနယ်စပ်တစ်လျှောက် လုံခြုံရေးအစီအမံများကို တိုးမြှင့်လိုက်သည်။ The Star မလေးရှားသတင်းစာ ဖော်ပြချက်အရ မလေးရှားရဲတပ်ဖွဲက ပြည်သူများကို မတည်မငြိမ်ဖြစ်နေသည့် နေရာများနှင့် ဝေးဝေးတွင်နေကြရန်လည်း သတိပေးထားသည်။ နယ်စပ်ထိန်းချုပ်မှုများကို တိုးမြှင့်ထားသည်ဟုလည်း ဆိုသည်။ ထိုင်းနယ်စပ်ပြည်နယ်သုံးခုဖြစ်သည့် နာရာထိဝတ်၊ ပတ္တနီနှင့် ယာလာပြည်နယ်များတွင် ဖြစ်လာသည့် တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးအနူတင်က ဩဂုတ် ၂၃ ရက် နံနက်ပိုင်းတွင် အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့သည်။

တောင်ငူမြို ဘိုးဘွားရိပ်သာစေတီမှ ကြေးဆင်းတုများ၏ လက်တော်များ ဖြတ်တောက်ခိုးယူသူ အသက် ၁၃ နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးစစ်ဆေး
တောင်ငူမြို ဘိုးဘွားရိပ်သာစေတီမှ ကြေးဆင်းတုများ၏ လက်တော်များ ဖြတ်တောက်ခိုးယူသူ အသက် ၁၃ နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးစစ်ဆေး ပဲခူးတိုင်းဒေသကြီး တောင်ငူမြို ဘိုးဘွားရိပ်သာစေတီမှ ကြေးဆင်းတု ဗုဒ္ဓရုပ်ပွားတော်များ၏ လက်တော်များ ဖြတ်တောက်၍ ခိုးယူခဲ့သူဟု သံသယရှိသည့် အသက် ၁၃ နှစ်အရွယ် လူငယ်တစ်ဦးကို ဩဂုတ် ၂၃ ရက် နံနက်ပိုင်းက ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း တောင်ငူမြိုမရဲစခန်းမှ သိရသည်။ တောင်ငူမြိုတွင် ပြီးခဲ့သော ဇူလိုင်လအတွင်းက တောင်ငူ(ကေတုမတီ)ဘိုးဘွားရိပ်သာအတွင်း တည်ထားသော စေတီငယ်ရှိ ကြေးဆင်းတုဗုဒ္ဓရုပ်ပွားတော်များ၏ ဝဲဘက် လက်ကောက်ဝတ်ရင်းမှ လက်တော်များအား ဖြတ်တောက်ခိုးခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။