သိင်္ခ
رفتن به کانال در Telegram
အသိတိုး
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
1 060
مشترکین
-124 ساعت
-237 روز
-7030 روز
آرشیو پست ها
1 060
+1
ဘင်္ဂလားဒေ့ရှ်၌ ဝက်သက် ရောဂါကြောင့် ကလေး ၁,၀၀၀ နီးပါး သေဆုံးခဲ့ပြီး အဆိုးဆုံး အခြေအနေကိုရောက်ရှိနေ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ဝက်သက်ရောဂါ ကူးစက်ပြန့်ပွားလျက်ရှိရာ ကလေး ၁,၀၀၀ နီးပါး သေဆုံးသည့် စိုးရိမ်ဖွယ်ရာ မှတ်တမ်းအထိ ရောက်ရှိလာနေပြီး ဆေးရုံများတွင်လည်း ရောဂါဝေဒနာခံစားနေရသည့် ကလေးငယ်များဖြင့် ပြည့်နှက်နေကြောင်း သိရသည်။
1 060
+4
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် နှင့်အတူ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်ကြူကြူလှ Van Phuc ပိုးထည်ရွာ (Silk village)သို သွားရောက်လေ့လာ
Van Phuc ပိုးထည်ရွာသည် ဗီယက်နမ်နိုင်ငံ၏ အထင်ရှားဆုံး ရိုးရာပိုးထည် ယက်လုပ်သည့် ကျေးရွာများထဲမှ တစ်ခုဖြစ်ပြီး အဆိုပါကျေးရွာတွင် ပိုးထည်ယက် လုပ်သည့် ရိုးရာအမွေအနှစ်သည် နှစ်ပေါင်း (၁၀၀၀) ကျော်သက်တမ်းရှိ
နေပြည်တော်၊ စက်တင်ဘာ - ၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် နှင့်အတူ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်ကြူကြူလှ သည် ယနေ့ နံနက် ပိုင်းတွင် Van Phuc ပိုးထည်ရွာ (Silk village)သို သွားရောက်လေ့လာသည်။
1 060
အိန္ဒိယမှာ အဖမ်းခံထားရတဲ့ ယူကရိန်း၊ အမေရိကန် ကြေးစားစစ်သားတွေက မြန်မာ့ခရီးသည်တင် လေယာဉ်တစ်စီးကို ဒရုန်း နဲ့ တိုက်ခိုက်ခဲ့တယ်လို ဆို
စက်တင်ဘာ - ၅ ( စနေနေ့ )
"ကြေးစားစစ်သားများ" လို ဖော်ပြခံရပြီး လက်ရှိထောင်ဒဏ်ကျခံနေရသူ ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦးတိုက အိမ်နီးချင်း မြန်မာနိုင်ငံရှိ အရပ်ဘက် လေယာဉ်တစ်စင်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြကြောင်း အိန္ဒိယနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးအေဂျင်စီက ဒေလီတရားရုံးသို ထွက်ဆိုပြောကြားခဲ့သည်။
အဆိုပါ လူ ၇ ဦးကို အိန္ဒိယနိုင်ငံ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က အိန္ဒိယနိုင်ငံရဲ့ မတူညီသော ဒေသအသီးသီးမှတစ်ဆင့် ထွက်ခွာရန် ကြိုးပမ်းနေစဉ် မတ်လအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။
ယူကရိန်းပဋိပက္ခတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ (FPV) ဒရုန်းအမျိုးအစားတစ်စင်းက ဖေဖော်ဝါရီ ၂၀ ရက်က မြစ်ကြီးနားလေဆိပ်မှ မန္တလေးသို ထွက်ခွာရန် ပြင်ဆင်နေသည့် မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် ATR-72-600 လေယာဉ်ကို ထိမှန်တိုက်ခိုက်ခဲ့ကြောင်း ထိုစဉ်က မြန်မာသတင်းမီဒီယာများက ဖော်ပြခဲ့ကြပါတယ်။
1 060
အမေရိကန်မှာ သိမ်းထားတဲ့ အရန်ရွှေတွေကို ပြန်သိမ်းကြပြီ
စက်တင်ဘာ - ၅ ( စနေနေ့ )
နယ်သာလန် ဗဟိုဘဏ်(DNB)ဟာ အမေရိကန်ပြည်ထောင်စုအတွင်း ထိန်းသိမ်းထားရှိတဲ့ သူတိုရဲ့ ရွှေအရန် စတော့တွေကို ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ နယ်သာလန် ဗဟိုဘဏ်ဟာ ရွှေတန်ချိန် ၈၆ တန်ကို လန်ဒန်မြိုထံ လွှပြောင်းလိုက်ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပြီး၊ ဒီလိုဆောင်ရွက်မှုကို "ပထဝီနိုင်ငံရေး မတည်ငြိမ်မှုများ မြင့်တက်နေချိန်" အတွင်း "ပဋိပက္ခအတွက် ကြိုတင်ပြင်ဆင်မှု" ဖြစ်တယ်လို ဖော်ပြခဲ့ပါတယ်။
1 060
ဒဂုံမြိုသစ်မြောက်ပိုင်း သီတဂူစက္ခုဒါနဆေးရုံတွင် (၁၉) ကြိမ်မြောက် အခမဲ့ မျက်စိစမ်းသပ် ခွဲစိတ်ကုသပေးလျက်ရှိ
ရန်ကုန်၊ စက်တင်ဘာ ၅
အဆိုပါ (၁၉) ကြိမ်မြောက် မျက်စိအလှူတော် အစီအစဉ်တွင် စက်တင်ဘာလ ၁ ရက်မှ ၂ ရက်နေ့အထိ မျက်စိဝေဒနာရှင်များကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး စက်တင်ဘာလ ၃ ရက်မှ ၇ ရက်နေ့အထိ ခွဲစိတ်ကုသပေးခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ လက်ရှိတွင် မျက်စိဝေဒနာရှင် ၁,၃၀၀ ဦး စာရင်းပေးသွင်းထားကြောင်း သိရသည်။
"မျက်စိအခမဲ့ ခွဲစိတ်ကုသမှု ခံယူထားသူတွေကို အမြင်အာရုံ ကောင်းမကောင်း၊ ထည့်ပေးထားတဲ့ မှန်ဘီလူးတွေ စောင်းတာ၊ နေရာလွဲတာရှိမရှိနဲ့ မျက်စိအောင့်၊ မျက်စိကိုက်တာတွေကို အထူးကု ဆရာဝန်ကြီးတွေက သေချာစစ်ဆေးပေးပြီး လိုအပ်တဲ့ ဆေးဝါးတွေကို ရက်သတ်မှတ်ပြီး ဆက်လက် ထုတ်ပေးသွားမှာပါ" ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
1 060
ငါးသိုင်းချောင်းမြို၊ ရေဘေးသင့်ပြည်သူများအတွက် ရေသန့်ဖြန့်ဝေပေးနေ
ပုသိမ်၊ စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ငါးသိုင်းချောင်းမြို၊ စိန္တာမုနိစေတီတော်မြတ်ကြီးဝန်းတွင် ရေဘေးသင့်ပြည်သူများအတွက် SML Business Group ကုမ္ပဏီမှ လှူဒါန်းသည့် ရေသန့်စင်စက်တပ်ဆင်ပြီးစီးမှုနှင့် ပြည်သူများထံ ရေသန့်ဖြန့်ဝေဆောင်ရွက်နေမှုအား ယမန်နေ့က ကြည့်ရှုအားပေးခဲ့သည်။
1 060
မြန်မာ-ရုရှားနှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (၂၀၂၇- ၂၀၂၈) ကို စက်တင်ဘာ ၂ ရက်က ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို၌လက်မှတ်ရေးထိုးခဲ့ကြောင်း
1 060
+5
ဟနွိုင်၌ မြန်မာ-ဗီယက်နမ် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး
နေပြည်တော်၊ စက်တင်ဘာ ၅
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန်နှင့် ယနေ့မွန်းလွဲပိုင်းတွင် ဟနွိုင်မြို့ရှိ အစိုးရအဖွဲ့ရုံး Grand Hall ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံမှုသည် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ဆက်ဆံရေးတွင် စာမျက်နှာသစ်တစ်ရပ် ဖွင့်လှစ်နိုင်ခြင်း၏ ပြယုဂ်တစ်ခုဖြစ်ကြောင်း သိရသည်။
1 060
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့အား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ တိုလန်း နှင့် ဇနီးတို့က ဂုဏ်ပြုကြိုဆို
နိုင်ငံတော်သီချင်းများတီးမှုတ်ဂုဏ်ပြု နေစဉ် ဗီယက်နမ်နိုင်ငံ ဂုဏ်ပြုအမြောက်တပ်ဖွဲ့မှလည်း အမြောက် ၂၁ ချက်ပစ်ဖောက် ၍ ဂုဏ်ပြု
နေပြည်တော်၊ စက်တင်ဘာ - ၅
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့အား ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်း နှင့် ဇနီးတို့က အမျိုးသားလွှတ်တော် (National Assembly Building) ရှေ့ရင်ပြင်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုသည်။
1 060
ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက် ၄ ခုမှ ပြည်သူ ၅၀၀ ခန့်အား ယာယီရွှေ့ပြောင်းနေရာချထား
ပဲခူး၊ စက်တင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို၌ မိုးသည်းထန်စွာရွာသွန်း၍ ပဲခူးမြစ်ရေ မြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဝင်ရောက်ခဲ့သဖြင့် ရေဘေးသင့်ပြည်သူ ၅၀၀ ခန့်အား ဘေးလွတ်ရာ ယာယီကယ်ဆယ်ရေးစခန်းများသို ရွှေ့ပြောင်းနေရာချထားပေးခဲ့ကြောင်း သိရသည်။
1 060
ဒက္ခိဏသီရိမြိုနယ်၊ ဒက္ခိဏသီရိရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်
ဒက္ခိဏသီရိမြိုနယ်၊ ဒက္ခိဏသီရိရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို ယနေ့ ၅-၉-၂၀၂၅ ရက်နေ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်မိရပ်ဖများက ကြီးကြပ်၍ ဆောင်ရွက်ပေးခဲ့ကြသည်။
ဥပဒေအရ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်း၊ ရာအိမ်မှူးများရွေးချယ်ခြင်းကို ဆောင်ရွက်ခဲ့ကြပြီး ရာအိမ်မှူးများထဲမှ အုပ်ချုပ်ရေးမှူး နေရာအတွက် ယှဉ်ပြိုင်သူ ဦးထွန်းသိန်းအောင် နှင့် ဦးထွန်းပေါ် တိုကို ရပ်ကွက်နေ အိမ်ထောင်စုစာရင်းပေါက် အိမ်ထောင်ဦးစီးများက မဲပေးရွေးချယ်ကြသည်။
မဲရလဒ်အရ ဦးထွန်းသိန်းအောင် ကို ရပ်ကွက်နေပြည်သူများ ၏ ဆန္ဒပဲပေးရွေးချယ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် အတည်ပြုခဲ့ကြသည်။
1 060
ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးအတွက် ကိုယ်စားလှယ်တည်းခိုရာနှင့် လွှတ်တော်အနီးရှိ စားသောက်ဆိုင်များကို အထူးဂရုပြု စစ်ဆေးရန်လို
နေပြည်တော်၊ စက်တင်ဘာ ၅
ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးအတွက် ကိုယ်စားလှယ်တည်းခိုရာနှင့် လွှတ်တော်အနီးရှိ စားသောက်ဆိုင်များ၏ အစားအသောက်နှင့် သောက်သုံးရေ သန့်ရှင်းမှုကို အထူးဂရုပြု စစ်ဆေးပေးရန်လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး က ပြောကြားလိုက်သည်။
1 060
အိန္ဒိယ ပါလီမန်တွင်ကျင်းပသည့် စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်၌ မြန်မာကိုယ်စားလှယ်များတက်ရောက်
အိန္ဒိယနိုင်ငံ ပါလီမန်၌ စက်တင်ဘာ ၁ ရက်မှ ၈ ရက်နေ့အထိ ကျင်းပသည့် စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်၌ မြန်မာလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်လျက်ရှိကြောင်း သိရသည်။
မြန်မာ- အိန္ဒိယလွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။
1 060
NSSA က အလုပ်အကိုင် ၄၂ မျိုးအတွက် လုပ်သား ၃၃,၀၈၄ ဦးအား အမျိုးသားအဆင့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ပေးအပ်နိုင်ခဲ့
မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ (NSSA) အနေဖြင့် ၂၀၁၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ အလုပ်အကိုင် ၄၂ မျိုးတွင် လုပ်သား ၃၃,၀၈၄ ဦးအား အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်မှတ်များအနက် ကျွမ်းကျင်မှုအဆင့် (၁) အတွက် လုပ်သား ၂၉,၉၀၈ ဦး၊ အဆင့် (၂) အတွက် ၃,၁၅၁ ဦးနှင့် အဆင့် (၃) အတွက် ၂၅ ဦးတို ပါဝင်ကြောင်း သိရသည်။
1 060
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့်ဇနီး ဗီယက်နမ် အမျိုးသားသူရဲကောင်းများ အာဇာနည်ဗိမာန်၌ ဂုဏ်ပြုလွမ်းသူ့ပန်းခွေချ အလေးပြု
ဟနွိင်း၊ စက်တင်ဘာ ၅
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီး ဒေါ်ကြူကြူလှတိုသည် ဗီယက်နမ်နိုင်ငံသမ္မတနှင့် ဇနီးတို၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေကြသည်။
ထိုသို ရောက်ရှိနေစဉ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီး ဒေါ်ကြူကြူလှတိုသည် ယနေ့ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ဟနွိင်းမြိုရှိ ဗီယက်နမ် အမျိုးသားသူရဲကောင်းများ အာဇာနည်ဗိမာန် (Monument to Heroes and Martyrs) သို သွားရောက်၍ ဗီယက်နမ်နိုင်ငံ၏ အမျိုးသားလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာအတွက် အသက်ပေးလှူခဲ့ကြသည့် သူရဲကောင်းအာဇာနည်များအား ဂုဏ်ပြုလွမ်းသူ့ပန်းခွေချ၍ အလေးပြုခဲ့ကြသည်။
1 060
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာတိုလန်း၊နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ ဧည့်ခန်းမ၌ သီးသန့်တွေ့ဆုံဆွေးနွေး
နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင် ဆောင်ရွက်သွားနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေး
နေပြည်တော်၊ စက်တင်ဘာ - ၅
ဦးစွာ နိုင်ငံတော်သမ္မတနှစ်ဦးနှင့် ဇနီးတိုသည် သီးသန့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မည့် အမျိုးသားလွှတ်တော်သို အတူတကွ လမ်းလျှောက်ထွက်ခွာကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထိုနောက် နိုင်ငံတော်သမ္မတနှစ်ဦးတိုသည် နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ ဧည့်ခန်းမ၌ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
1 060
လိုဏ်ခေါင်းထဲပိတ်မိနေသော နီပေါများ အသက်ရှင်နိုင်ခြေရှိဟုဆို
ကြောက်မက်ဖွယ် ကောင်းသော ရုတ်တရက်ရေကြီးရေလျှံမှုများဖြစ်ပြီးနောက် နီပေါနိုင်ငံ ရာဆူဝါဂါဒီ ရေအားလျှပ်စစ်စက်ရုံ၏ မြေအောက်လိုဏ်ခေါင်းအခန်းတစ်ခုတွင် တစ်ပတ်ကြာ ပိတ်မိနေခဲ့သည့် ဒါဇင်များစွာသော အလုပ်သမားများကို အသက်ရှင်လျက်တွေ့နိုင်ခြေမြင့်မားကြောင်း နီပေါလျှပ်စစ်အာဏာပိုင်အဖွဲ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
“ရာဆူဝါဂါဒီမှာ လူ ၄၆ လောက်ယောက်ဟာ ဥမင်လိုဏ်ခေါင်းထဲက အခန်းတစ်ခုလို နေရာထဲမှာ ပိတ်မိနေတယ်လို ကျွန်တော်တို ယူဆပါတယ်” ဟု နီပေါလျှပ်စစ်အာဏာပိုင်အဖွဲ၏ ဘုတ်အဖွဲဝင်တစ်ဦးဖြစ်သူ အမ်ဆူ ကီရန် ရှာဟီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
“အဆောက်အအုံထဲမှာ အစားအစာနဲ့ ရေရှိတာကြောင့် တစ်ပတ်ကြာသွားပေမယ့် သူတို အသက်ရှင်ဦးမယ်လို ကျွန်တော်တို ယုံကြည်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။
1 060
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် ဖလမ်းခရိုင်နှင့် မြိုနယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဖလမ်းမြိုတွင်း ဌာနဆိုင်ရာအဆောက်အအုံများ ပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေး
ချင်း၊ စက်တင်ဘာ ၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် စက်တင်ဘာ(၃)ရက်နေ့တွင် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲသို တက်ရောက်ပြီး အမှာစကားပြောကြားပြီးနောက်၊ မွန်းလွဲပိုင်းတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် ဌာနဆိုင်ရာ အဆောက်အအုံများ ပြန်လည်ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
1 060
+3
Sept-5
▪️ဒုတိယသမ္မတ ဦးညိုစော ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့ရှိ အကြီးဆုံးသော အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံနှင့် ဗလာဒီဗော့စတော့ ကုန်သွယ်ရေးဆိပ်ကမ်းတို့အား လှည့်လည်ကြည့်ရှု
1 060
+9
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး အောင်မြင်မှုတွေအလီလီရရှိခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်မှ ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများရဲ့ စက်တင်ဘာလ ၄ ရက် အိမ်အပြန်လမ်းခရီးကို တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြတဲ့ မြင်ကွင်းပုံရိပ်များ...
