fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید 👈

သိင်္ခ

သိင်္ခ

رفتن به کانال در Telegram

အသိတိုး

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
1 085
مشترکین
-124 ساعت
-227 روز
-5530 روز
آرشیو پست ها
တောင်ကြီးမြို လမ်းမတော်ရပ်ကွက် တပင်ရွှေထီးလမ်း (ဗိုလ်ချုပ်လမ်းနှင့် စဝ်စံထွန်းလမ်းကြား) ဈေးကြီးနှင့် ကုန်တိုက်ကြားတွင် ယာဉ်အစ
တောင်ကြီးမြို လမ်းမတော်ရပ်ကွက် တပင်ရွှေထီးလမ်း (ဗိုလ်ချုပ်လမ်းနှင့် စဝ်စံထွန်းလမ်းကြား) ဈေးကြီးနှင့် ကုန်တိုက်ကြားတွင် ယာဉ်အစီးရေ ၄၀၀ ကျော် ရပ်နိုင်သည့် အထပ်မြင့် တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား ပြုလုပ် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို လမ်းမတော်ရပ်ကွက် တပင်ရွှေထီးလမ်း (ဗိုလ်ချုပ်လမ်းနှင့် စဝ်စံထွန်းလမ်းကြား) ဈေးကြီးနှင့် ကုန်တိုက်ကြားတွင် ယာဉ်အစီးရေ ၄၀၀ ကျော် ရပ်နိုင်သည့် အထပ်မြင့်ယာဉ်ရပ်နားစခန်း တည်ဆောက်ရန်အတွက် ယနေ့ (အောက်တိုဘာ ၃ ရက်) တွင် ပန္နက်တင်မင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့သည်။

ရေနံချောင်းမြိုနယ်၌ ကုန်းတွင်းမုန်တိုင်းငယ်အရှိန်ကြောင့် ဘေးသင့်ခဲ့သည့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ် ရေနံချောင်း၊ အောက
ရေနံချောင်းမြိုနယ်၌ ကုန်းတွင်းမုန်တိုင်းငယ်အရှိန်ကြောင့် ဘေးသင့်ခဲ့သည့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ် ရေနံချောင်း၊ အောက်တိုဘာ ၃ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြိုနယ်၌ ကုန်းတွင်းမုန်တိုင်းငယ်အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပွားကာ ရပ်ကွက်နှင့်ကျေးရွာအချိုတွင် နေအိမ်များပေါ်သို သစ်ပင်သစ်ကိုင်းများကျိုးကျပြီး ထိခိုက်ပျက်စီးခဲ့သည့်အတွက် မြိုနယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အဆိုပါဘေးသင့်ပြည်သူများအား ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

မတ္တရာနှင့် ပန်းတောင်းမြိုနယ်တိုတွင် အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် ရာအိမ်မှူးတစ်ဦးနှင့် အုပ်ကြီးတစ်ဦးသေဆုံး 𝙊𝘾𝙏~�
မတ္တရာနှင့် ပန်းတောင်းမြိုနယ်တိုတွင် အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် ရာအိမ်မှူးတစ်ဦးနှင့် အုပ်ကြီးတစ်ဦးသေဆုံး 𝙊𝘾𝙏~𝟑 မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြိုနယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြိုနယ်တိုတွင် အကြမ်းဖက် NUG သြဇာခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ရာအိမ်မှူးတစ်ဦးနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးတို သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲသတင်းအရ သိရသည်။

Flydubai တွဲဖက်လေယာဉ်မှူးသည် အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်ရန် စီစဉ်ခဲ့ကြောင်း ယူအေအီး ပြောကြား Flydubai တွဲဖက်လေယာဉ်မှူးသည် အကြမ
Flydubai တွဲဖက်လေယာဉ်မှူးသည် အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်ရန် စီစဉ်ခဲ့ကြောင်း ယူအေအီး ပြောကြား Flydubai တွဲဖက်လေယာဉ်မှူးသည် အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်ရန် စီစဉ်ခဲ့ကြောင်း ယူအေအီး စုံစမ်းစစ်ဆေးရေးအရာရှိများက ပြောကြားခဲ့သည်။ ယခုသီတင်းပတ်အတွင်း ဒူဘိုင်းမှ အစ္စရေးသို ပျံသန်းသည့် Flydubai ပေါ်တွင် တွဲဖက်လေယာဉ်မှူးက အဓိကလေယာဉ်မှူးကို တိုက်ခိုက်ရန် လေယာဉ်မှူးအခန်းအတွင်းရှိ အရေးပေါ် ပုဆိန်ကို အသုံးပြုခဲ့ကြောင်း ယူအေအီး စုံစမ်းစစ်ဆေးရေးမှူးများက ပြောကြားခဲ့သော်လည်း တိုက်ခိုက်မှုနောက်ကွယ်မှ စေ့ဆော်ချက်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားယူမည့် ဝန်ထမ်းများအတွက် လစဉ် ဆန်၊ ဆီ၊ ကုန်ခြောက်ပစ္စည်းများနှင့် စတုတ္ထအကြိမ် ထောက်ပံ့ကြေး
နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားယူမည့် ဝန်ထမ်းများအတွက် လစဉ် ဆန်၊ ဆီ၊ ကုန်ခြောက်ပစ္စည်းများနှင့် စတုတ္ထအကြိမ် ထောက်ပံ့ကြေးကို လတ်တလောတွင် ထောက်ပံ့ပေးရန် အစီအစဉ် မရှိသေး နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားယူမည့် ဝန်ထမ်းများအတွက် လစဉ် ဆန်၊ ဆီ၊ ကုန်ခြောက်ပစ္စည်းများနှင့် စတုတ္ထအကြိမ် ထောက်ပံ့ကြေးကို လတ်တလောတွင် ထောက်ပံ့ပေးရန် အစီအစဉ် မရှိသေးကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြောကြားသည်။

ထရမ့်ရဲ့သားတွေက ယူကရိန်းစစ်ပွဲမှာသုံးတဲ့ ဒရုန်းတွေကို ထုတ်ဖိုအတွက် လုပ်နေ အောက်တိုဘာ - ၃ ( စနေနေ့ ) အမေရိကန် သမ္မတ ဒေါ်နယ်ထရမ
ထရမ့်ရဲ့သားတွေက ယူကရိန်းစစ်ပွဲမှာသုံးတဲ့ ဒရုန်းတွေကို ထုတ်ဖိုအတွက် လုပ်နေ အောက်တိုဘာ - ၃ ( စနေနေ့ ) အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သားတွေနဲ့ ပတ်သက်မှုရှိတဲ့ အမေရိကန် ဒရုန်းကုမ္ပဏီတစ်ခုဟာ ယူကရိန်းရဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာတွေကို အမေရိကန်ဆီ ယူဆောင်လာချင်နေတယ်လို ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။ ယူကရိန်းဘက်မှာတော့ လက်နက်ဝယ်ယူရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး လာဘ်စားမှု သတင်းဆိုးတွေ ထွက်ပေါ်နေပေမဲ့လည်း ဒေါ်လာဘီလီယံပေါင်းများစွာ တန်ကြေးရှိတဲ့ လက်နက်တင်ပိုရောင်းချမှုတွေကို ဆက်လက် လုပ်ဆောင်နေတာပါ။

စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ကန့်ဘလူခရိုင်နှင့် ကသာခရိုင်တိုကို ဆက်သွယ်ထားသည့် ရထားလမ်းအား နယ်မြေလုံခြုံရေး အခြေအနေပေးသည့်
စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ကန့်ဘလူခရိုင်နှင့် ကသာခရိုင်တိုကို ဆက်သွယ်ထားသည့် ရထားလမ်းအား နယ်မြေလုံခြုံရေး အခြေအနေပေးသည့်အချိန်တွင် ပြုပြင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပိုဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြောကြား Noted: တကယ်တော့ ဒီကာလတွေမှာ ပြည်သူတွေအတွက် ရထားဟာ အတော်လေးအားထားရတဲ့ ပို့ဆောင်ရေးတစ်ခုပါ။ စျေးကလည်းသက်သာတယ်၊ အချိန်ကာလအားဖြင့်လည်း ကားနည်းတူဆိုတော့ တော်တော်များများ ကြိုက်ကြပါတယ်။ ခက်တာက အညာ။ ခုထိကို ငါးနဲ့ဖားမကွဲသေးတာကခက်တယ်။ နယ်မြေလုံခြုံရေးအားနည်းတော့ စစ်ကိုင်းဖက်ဝင်ဖို့ အတော်ခက်ခဲပါတယ်။ နောက်ဆုံးတော့လည်း သဗ္ဗေသတ္တာ ကမ္မသကာပဲပြောရတော့မှာပဲ။ မငြိမ်းချမ်းတော့ ပို့ဆောင်ရေးခက်၊ ပို့ဆောင်ရေးခက်တော့ ကုန်စျေးနှုန်းတက်၊ ပိုခက်တော့ ပိုတက်၊ ပိုတက်တော့ ပြည်သူတွေ ပိုကြပ်တည်းကြတာပေါ့ ။ ပြောခဲ့ပါတယ် "နောက်ဆုံးဒီနိုင်ငံရေးဖြစ်စဉ်မှာ အခြေခံကလူတွေပဲ ခါးစည်းပြီးခံကြရမှာဆိုတာ" ။ ဟိုတုန်းကအများသိတဲ့ တိုက်တန်းနစ် သင်္ဘောကြီးနှစ်တော့ အသေအပျောက်စာရင်းစစ်လိုက်တော့ အောက်ဆုံးထပ်က လူဆင်းရဲတွေက ပိုသေကြတယ်။ စဉ်းစားနိုင်အောင်ပါ။ ဘေးကင်းကြပါစေ။ သိင်္ခ

တောင်ငူမြိုတွင် မိခင်ဖြစ်သူအား ဓားမဖြင့်ခုတ်သတ်ခဲ့သည့် သားဖြစ်သူမှာ ပြင်းထန်စိတ်ဝေဒနာ ခံစားနေရသဖြင့် ရန်ကုန်စိတ်ကျန်းမာရေး ဆေ
တောင်ငူမြိုတွင် မိခင်ဖြစ်သူအား ဓားမဖြင့်ခုတ်သတ်ခဲ့သည့် သားဖြစ်သူမှာ ပြင်းထန်စိတ်ဝေဒနာ ခံစားနေရသဖြင့် ရန်ကုန်စိတ်ကျန်းမာရေး ဆေးရုံသို လွှပြောင်းပိုဆောင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြိုတွင် မိခင်ဖြစ်သူအား ဓားမဖြင့် ခုတ်သတ်ခဲ့သည့် သားဖြစ်သူမှာ ပြင်းထန်စိတ်ဝေဒနာ ခံစားနေရသဖြင့် တောင်ငူဆေးရုံကြီးမှတစ်ဆင့် ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးသို လွှပြောင်းပိုဆောင်ခဲ့ကြောင်း သိရသည်။ မိခင်ဖြစ်သူအား ဓားမဖြင့်ခုတ်သတ်ခဲ့သည့် သားဖြစ်သူ ဟန်ထူးအောင် (အသက် ၂၂ ) ကို တောင်ငူမြိုမ ရဲစခန်းမှ တာဝန်ရှိသူများက အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးသို ပိုဆောင်ခဲ့သည်။

ဒဂုံအရှေ့ပိုင်းသည် ဓာတ်အားပျေ-ာက်ဆုံးမှုများပြား၍ တရားမဝင်ဓာတ်အားရယူသုံးစွဲမှုများကိုစိစစ်ဖော်ထုတ်အရေးယူရမည် ရန်ကုန်တိုင်း၊ ဒ
ဒဂုံအရှေ့ပိုင်းသည် ဓာတ်အားပျေ-ာက်ဆုံးမှုများပြား၍ တရားမဝင်ဓာတ်အားရယူသုံးစွဲမှုများကိုစိစစ်ဖော်ထုတ်အရေးယူရမည် ရန်ကုန်တိုင်း၊ ဒဂုံမြိုသစ်(အရှေ့ပိုင်း)မြိုနယ်သည် ဓာတ်အားပျောက်ဆုံးမှုများပြား၍ တရားမဝင်ဓာတ် အားရယူသုံးစွဲမှုများကိုစိစစ်ဖော်ထုတ်အရေးယူရမည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ဥက္ကဋ္ဌဦးအောင်ကျော်ဦးက ပြောသည်။

ဦးမောင်မြင့်အား အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန် ပြောင်းလဲ ခန့်အပ် နေပြည်တော်၊ အောက်တိုဘာ ၃ ပြည်ထောင်စုသမ္မတမြန်မာ
ဦးမောင်မြင့်အား အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန် ပြောင်းလဲ ခန့်အပ် နေပြည်တော်၊ အောက်တိုဘာ ၃ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ အမိန့်အမှတ် ၆၈ / ၂ဝ၂၆ ( ၂ဝ၂၆ ခုနှစ်၊ အောက်တိုဘာလ ၃ ရက် ) ရက်စွဲဖြင့် ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်ရာတွင် ဦးမောင်မြင့်အား အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန် ပြောင်းလဲ ခန့်အပ်ထားသည်။ လက်ရှိ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး အား ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်လိုက်ခြင်း ဖြစ်သည်။

လယ်ယာကဏ္ဍဖွံဖြိုးရေးအတွက် ဘဏ္ဍာရေးပံ့ပိုးမှုနှင့် ငလျင်ပြန်လည်ထူထောင်ရေးချေးငွေများကိစ္စ ဗဟိုဘဏ်နှင့် ဘဏ်များအသင်း ဆွေးနွေး �
လယ်ယာကဏ္ဍဖွံဖြိုးရေးအတွက် ဘဏ္ဍာရေးပံ့ပိုးမှုနှင့် ငလျင်ပြန်လည်ထူထောင်ရေးချေးငွေများကိစ္စ ဗဟိုဘဏ်နှင့် ဘဏ်များအသင်း ဆွေးနွေး 𝙊𝘾𝙏~𝟑 လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေးမှတစ်ဆင့် နိုင်ငံ့ထုတ်ကုန်တိုးတက်ရေးအတွက် ဘဏ္ဍာရေးကဏ္ဍက ပံ့ပိုးနိုင်မည့် လုပ်ငန်းစဉ်များနှင့် ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးချေးငွေများ ဆက်လက်ပံ့ပိုးနိုင်ရေးတိုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံဘဏ်များအသင်းတိုက အောက်တိုဘာ ၂ ရက်တွင် နေပြည်တော်၌ ညှိနှိင်းဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံဖြိုးရေး ဝန်ဆောင်မှုအရည်အသွေးနှင့် လူ့စွမ်းအားဖွံဖြိုးရေး အလေးထားရန် ပြည်ထောင်စုဝန်ကြီးပြောကြား �
ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံဖြိုးရေး ဝန်ဆောင်မှုအရည်အသွေးနှင့် လူ့စွမ်းအားဖွံဖြိုးရေး အလေးထားရန် ပြည်ထောင်စုဝန်ကြီးပြောကြား 𝙊𝘾𝙏~𝟑 ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားဧည့်သည်ဝင်ရောက်မှုအပြင် စီးပွားရေးဖွံဖြိုးတိုးတက်မှုအတွက် အရေးပါသည့်ကဏ္ဍဖြစ်သဖြင့် ဝန်ဆောင်မှုအရည်အသွေးမြှင့်တင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။

မုံရွာမြိုတွင် ငွေကျပ် ၂ ဒသမ ၃၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ နေပြည်တော်၊ အောက်တိုဘာ ၃ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် သတင်းအရ သက်သေများနှင့်အတူ စက်တင်ဘာလ ၂၇ ရက်နေ့ ၂၀၃၀ အချိန် မုံရွာမြို၊ အိုးဘိုထောင်ရပ်ကွက်နေ ဇော်နိုင် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ကျော်မင်းလွင်(ခ)ဟိန်းထက်ဝင်း၊ ဝမ်းဝမ်း၊ ဇော်ဟိန်းထက် တိုအား FORLAND အမျိုးအစား မော်တော်ယာဉ်နှင့်အတူ ယာဉ်ပေါ်မှ ဘိန်းဖြူ အလေးချိန် ၆၆ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၃၁ ဘီလီယံ)နှင့် လက်ကိုင်ဖုန်း ၃ လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဇော်နိုင်(၄၉)နှစ်၊ ကျော်မင်းလွင်(ခ)ဟိန်းထက်ဝင်း(၂၄)နှစ်၊ ဝမ်းဝမ်း(၁၉)နှစ် နှင့် ဇော်ဟိန်းထက်(၃၁)နှစ်တိုအား မုံရွာမြိုမရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည် Noted: လူငယ်တွေ အထူးသတိထားကြပါ။ အခုနောက်ပိုင်းသိလာရတာက တိုင်းရင်းသားလက်နက်ကိုင်တွေက အညာလူငယ်တွေနဲ့ပေါင်းပြီး မူးယစ်ဆေးဝါးတွေ ဖြန့်လာတာတွေ့ရပါတယ်။ လူငယ်တွေ သုံးကြရင်နဲ့ သားကောင်ဖြစ်လာကြပါတော့မယ်။ မူးယစ်ဆေးသုံးပြီဆိုရင် အခြားပြစ်မှုတွေပါ တွဲခေါ်လာပါလိမ့်မယ်။ ဘေးကင်းကြပါစေ။

photo content

မန္တလေးတိုင်း ရေဘေးသင့်ပြည်သူများအတွက် တရုတ်နိုင်ငံက ဆန် ၁၆၃ တန်ကျော် လှူဒါန်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူမ
မန္တလေးတိုင်း ရေဘေးသင့်ပြည်သူများအတွက် တရုတ်နိုင်ငံက ဆန် ၁၆၃ တန်ကျော် လှူဒါန်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်ရိက္ခာ (APTERR) အစီအစဉ်-၃ (၂၀၂၅) အရ တရုတ်နိုင်ငံက ဆန် ၁၆၃ ဒသမ ၈၇၇ တန် လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်းသည့် ဆန်များကို မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် တိုင်းဒေသကြီးအစိုးရအဖွဲထံ အောက်တိုဘာ ၂ ရက်က လွှပြောင်းပေးအပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က လက်ခံရယူခဲ့သည်။

EV နည်းပညာသုတေသနရလဒ်များကို လက်တွေ့အသုံးချနိုင်ရေးနှင့် ပြည်တွင်းသုတေသနနယ်ပယ်များ ဦးစားပေးသတ်မှတ်ရန် ဆွေးနွေး 𝙊𝘾𝙏~𝟑 လျှပ်စစ်သုံးယာဉ် (EV) ကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် သုတေသနရလဒ်များကို လက်တွေ့အသုံးချနိုင်သည့် နည်းပညာများအဖြစ် ပြောင်းလဲနိုင်ရေး Prototype ဖန်တီးခြင်း၊ စမ်းသပ်စစ်ဆေးခြင်းနှင့် လက်တွေ့အသုံးချခြင်းတိုကို ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်းက ပြောကြားသည်။ Noted: ဒါကလွယ်ပါတယ်။ EV နဲ့ပတ်သက်ပြီး တက်ကျွမ်းနားလည်တဲ့သူတွေနဲ့ အလုပ်ရုံဆွေးနွေးပွဲ၊ ဒါမှမဟုတ် စာတမ်းဖတ်ပွဲတွေကျင်းပမယ်။ ဒီအထဲကမှ သုတေသနအချက်အလက်တွေကိုစုစည်းဖော်ထုတ်ပြီး အုပ်ချုပ်သူတွေကို ပြုစုပြီး သင်တန်းတွေပေးမယ်၊ ဒီဘာသာရပ်နဲ့ ဆက်စပ်တဲ့ သင်ခန်းစာတွေ လက်တွေ့လုပ်ငန်းတွေကို တက္ကသိုလ်တွေ ကောလိပ်တွေမှာ အခါအားလျော်စွာ သင်ပြပေးမယ်။ တကယ်ဖွံ့ဖြိုးချင်တဲ့စိတ်စေတနာရှိမယ်ဆိုရင် ပြောပါတယ်။ အခုဟာက ရုံးတွင်းလောက်နဲ့ လုပ်တယ်ဆိုတာ အထင်ဖြစ်အောင် ညွှန်ကြားချက်ပေးတာလောက်နဲ့ကတော့ သုတေသန Level မရောက်နိုင်ဘူးဆိုတာ ပညာတက်တဲ့ လူအကုန်သိပါတယ်။ ထားပါ။ လက်လွန်ကြက်သွန်ဖြစ်ကုန်ပါလိမ့်မယ်။ အနာနဲ့ဆေးတည့်ကြပါစေ။ သိင်္ခ

photo content

EV နည်းပညာသုတေသနရလဒ်များကို လက်တွေ့အသုံးချနိုင်ရေးနှင့် ပြည်တွင်းသုတေသနနယ်ပယ်များ ဦးစားပေးသတ်မှတ်ရန် ဆွေးနွေး 《𝙊𝘾𝙏~𝟑》 လျှ
EV နည်းပညာသုတေသနရလဒ်များကို လက်တွေ့အသုံးချနိုင်ရေးနှင့် ပြည်တွင်းသုတေသနနယ်ပယ်များ ဦးစားပေးသတ်မှတ်ရန် ဆွေးနွေး 《𝙊𝘾𝙏~𝟑》 လျှပ်စစ်သုံးယာဉ် (EV) ကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် သုတေသနရလဒ်များကို လက်တွေ့အသုံးချနိုင်သည့် နည်းပညာများအဖြစ် ပြောင်းလဲနိုင်ရေး Prototype ဖန်တီးခြင်း၊ စမ်းသပ်စစ်ဆေးခြင်းနှင့် လက်တွေ့အသုံးချခြင်းတိုကို ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်းက ပြောကြားသည်။ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကို အောက်တိုဘာ ၂ ရက် မွန်းလွဲပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌလည်းဖြစ်သည့် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးတွင် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများအနက် ပြည်တွင်း၌ သုတေသနပြုဖွံဖြိုးနိုင်မည့် နည်းပညာနယ်ပယ်များကို ဦးစားပေးသတ်မှတ်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

ပြင်သစ်တွင် ကျောင်းသားဆန္ဒပြပွဲများပိုပြင်းထန်လာ၊ ကျောင်းသား ၂,၀၀၀ နီးပါး ထိန်းသိမ်းခံရ 03 October 2026 ပြင်သစ်မှာအထက်တန်းကျေ
ပြင်သစ်တွင်  ကျောင်းသားဆန္ဒပြပွဲများပိုပြင်းထန်လာ၊  ကျောင်းသား ၂,၀၀၀ နီးပါး ထိန်းသိမ်းခံရ 03 October 2026 ပြင်သစ်မှာအထက်တန်းကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေ ပိုမိုအရှိန်မြင့်လာနေပါတယ်။ ကျောင်းတွေကို ပိတ်ဆိုတာ၊ ရဲတပ်ဖွဲနဲ့ ထိတွေ့ရိုက်ပုတ်မှုတွေဖြစ်ပွားနေပြီး ကျောင်းဆောင် အဆောက်အအုံယိုယွင်းမှု၊ စာသင်ခန်း အခြေအနေ၊ ဆရာ/မ မလုံလောက်မှုနဲ့ တက္ကသိုလ်ဝင်ခွင့် စနစ်တွေအပေါ် မကျေနပ်ကြလို အခုလို ဆန္ဒပြနေကြတာပါ။ လက်ရှိမှာ အထက်တန်းကျောင်းပေါင်း ၅၆၄ ကျောင်းရဲ့ သင်ကြားရေးစနစ် ထိခိုက်ခဲ့ရပြီး ကျောင်းအုပ်ကြီး ၄၀ အပါအဝင် ကျောင်းဝန်ထမ်း ၆၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ကျိုက်ထို ဆောင်နိုင်ကြီးဓာတ်အားခွဲရုံ Drop Bomb ဖြင့် တိုက်ခိုက်ခံရပြီး ဓာတ်အားပြတ်တောက် (ပြည်တွင်း) အောက်တိုဘာ ၃ မွန်ပြည်နယ်
ကျိုက်ထို ဆောင်နိုင်ကြီးဓာတ်အားခွဲရုံ Drop Bomb ဖြင့် တိုက်ခိုက်ခံရပြီး ဓာတ်အားပြတ်တောက် (ပြည်တွင်း) အောက်တိုဘာ ၃ မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်ရှိ ဆောင်နိုင်ကြီးဓာတ်အားခွဲရုံကို စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်တွင် Drop Bomb ၂ လုံးဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါဖြစ်စဉ်သည် စက်တင်ဘာ ၃၀ ရက် ည ၁၂ နာရီ ၁၀ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဆောင်နိုင်ကြီးဓာတ်အားခွဲရုံရှိ Control Room ပေါ်သို Drop Bomb ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ပေါက်ကွဲမှုကြောင့် Control Room နံရံများ၊ ခေါင်မိုးရှိ သွပ်ပြားများ၊ မျက်နှာကြက်နှင့် ပြတင်းတံခါးမှန်များ ပျက်စီးခဲ့သည်။ ထိုအပြင် ၃၃ ကေဗွီနှင့် ၁၁ ကေဗွီ Control Panel များ ဗုံးစထိမှန်ခဲ့ပြီး Control Cable များ ပျက်စီးကာ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။