သိင်္ခ
رفتن به کانال در Telegram
အသိတိုး
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
1 065
مشترکین
اطلاعاتی وجود ندارد24 ساعت
-367 روز
-7530 روز
آرشیو پست ها
1 065
အမျိုးသမီးငယ် ၂ ဦးကို ယာဉ်ဖြင့် သွေးဆောင်ခေါ်ဆောင်ပြီး ကော်သေနတ်၊ ဓားတိုဖြင့်ခြိမ်းခြောက်ကာ အဓမ္မပြုကျင့် ငွေတောင်းယူခဲ့သူ ဖမ်းဆီးရမိ
《𝙎𝙀𝙋~𝟏𝟖》
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ်တွင် အမျိုးသမီးငယ် ၂ ဦးကို နေအိမ်သို လိုက်ပိုပေးမည်ဟုဆိုကာ ယာဉ်ဖြင့် သွေးဆောင်ခေါ်ဆောင်ပြီး ဓားနှင့် သေနတ်ပြခြိမ်းခြောက်ကာ ငွေကျပ် ၁၀ သိန်း တောင်းယူခဲ့သူ အမျိုးသားတစ်ဦးကို စက်တင်ဘာ ၁၇ ရက် ညပိုင်းတွင် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
1 065
ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူဇော်ပွဲတော်ကို ရန်ကုန်မြို၌ ခမ်းနားစွာကျင်းပ
ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်) ပူဇော်ပွဲတော် ကျင်းပခဲ့သည်။
အဆိုပါပွဲတော်သို သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.S Mr. Abahay Thakur ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲမှူး ရဲမှူးချုပ် ကိုကိုလွင်၊ Morya Indian Club ၏ ဥက္ကဋ္ဌ Shri Shyam Narsariaနှင့်တကွ ဖိတ်ကြားထားသည့် ဂုဏ်သရေရှိဧည့်သည်တော်များစွာ တက်ရောက်ခဲ့သည်။
1 065
ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ၂ ကြိမ်ဖြစ်ပွား၊ ထိခိုက်ဒ-ဏ်ရာရသူမရှိ
ရန်ကုန်၊ စက်တင်ဘာ ၁၀
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက အရှိန်မထိန်းနိုင်ခြင်းနှင့် ယာဉ်မောင်းအိပ်ငိုက်ခြင်းတိုကြောင့် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှစ်ခုစလုံးတွင် ထိခိုက်ဒ-ဏ်ရာရရှိသူ မရှိကြောင်း သိရသည်။
1 065
ဆီရမ်ရိကို ကမ္ဘာ့အဆင့်မီ စမတ်ရှေးဟောင်းအမွေအနှစ် ခရီးစဉ်ဒေသအဖြစ် မြှင့်တင်မည့် စီမံကိန်း စတင်
ဆီရမ်ရိ၊ စက်တင်ဘာ ၁၈
ကမ္ဘောဒီးယားနိုင်ငံ၏ အထင်ကရ ရှေးဟောင်းသမိုင်းဝင်ဒေသဖြစ်သည့် ဆီရမ်ရိပြည်နယ်ကို ကမ္ဘာ့အဆင့်မီ စမတ်ရှေးဟောင်းအမွေအနှစ် ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်နိုင်ရေးအတွက် “ဆီရမ်ရိပြည်နယ် ခရီးသွားလာရေး ဖွံဖြိုးတိုးတက်မှု စီမံကိန်း ၂၀၂၆–၂၀၃၀” ကို ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီး ဟုတ်ဟက်က စက်တင်ဘာ ၁၇ ရက်တွင် ဆီရမ်ရိပြည်နယ်ခန်းမ၌ တရားဝင် စတင်မိတ်ဆက်ခဲ့သည်။
1 065
အမေရိကန်က မြန်မာအစိုးရအပါအဝင် အဖွဲအစည်းအားလုံးနဲ့ ဆက်လက်ထိတွေ့ဆက်ဆံနေဟု နိုင်ငံခြားရေးဝန်ကြီးဌာနပြော
𝙈𝙃𝙏 𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟏𝟖》
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအတွင်းရှိ အဖွဲအစည်းအားလုံးနဲ့ ထိတွေ့ဆက်ဆံနေပြီး နေပြည်တော်ရှိ အာဏာပိုင်တွေနဲ့လည်း အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေမှာ ဆက်လက်ထိတွေ့ဆက်ဆံနေတယ်လို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားတယ်လို သိရပါတယ်။
အဆိုပါပြောကြားချက်ဟာ အမေရိကန်နိုင်ငံသား အဒမ်ကက်စတီလို (Adam Castillo) ကို မြန်မာနိုင်ငံကနေ ပြန်လည်လွှတ်ပေးရေးအတွက် အမေရိကန်အစိုးရအရာရှိတွေ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။
1 065
တရုတ်သိပ္ပံပညာရှင်များက ခြောက်ကီလိုဂရမ်သာလေးသည့် ကမ္ဘာ့အသေးဆုံး CT စကင်နာ တီထွင်
တရုတ်သုတေသီများ တည်ထောင်ထားသည့် ကုမ္ပဏီတစ်ခုက အလေးချိန်ခြောက်ကီလိုဂရမ်သာရှိသည့် CT စကင်နာတစ်မျိုးကို တီထွင်လိုက်ပြီး ကမ္ဘာ့အသေးဆုံး CT စနစ်ဖြစ်ကြောင်း ကုမ္ပဏီဘက်က ကြေညာထားသည်။
အသေးစားအရာဝတ္ထုများ၏ အတွင်းပိုင်းဖွဲစည်းပုံကို ပုံရိပ်ဖော်စစ်ဆေးနိုင်ပြီး သယ်ဆောင်ရလွယ်ကူသည့် Xtomo-Cube ဟု အမည်ပေးထားသော CT စကင်နာကို တရုတ်နိုင်ငံ ရှန်တုံပြည်နယ်၊ ကျီနန်မြိုအခြေစိုက် Rayim ကုမ္ပဏီက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ Rayim ကုမ္ပဏီကို တရုတ်အဆင့်မြင့်စွမ်းအင် ရူပဗေဒအင်စတီကျုမှ သုတေသနအဖွဲက တည်ထောင်ခဲ့သည်ဟု နည်းပညာသတင်းဝက်ဘ်ဆိုက် IT Home က ဖော်ပြသည်။
1 065
(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ခုရရှိသူ ကျောင်းသားအား ဂုဏ်ပြုကြိုဆို
ပခုက္ကူ၊ စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၌ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၁၁ရက်မှ၁၅ရက်အထိကျင်းပခဲ့သော (၂၇)ကြိမ်မြောက်မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊အက၊အရေး၊အတီးပြိုင်ပွဲ(အခြေခံပညာအဆင့်)တွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်၂ဆုရရှိသူ ကျောင်းသား မောင်ဟိန်းထွန်းနိုင်အား ယမန်နေ့နံနက်ပိုင်းက ဂုဏ်ပြုကြိုဆိုကြသည်။
1 065
ရေးမြိုနယ် ပုပ္ဖဝတီကျေးရွာရှိ ကျိုက်ဒေ့တမောဗရတ် ကိုရင်လေး သာသနာပြုနယ်မြေအတွင်း မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံးဖြစ်လာမည့် ကြေးခေါင်းလောင်းကြီးသွန်းလုပ်ကာ ချိတ်ဆွဲသွားမည်
ရေးမြိုနယ် ပုပ္ဖဝတီကျေးရွာရှိ ကျိုက်ဒေ့တမောဗရတ် ကိုရင်လေး သာသနာပြုနယ်မြေအတွင်း မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံးဖြစ်လာမည့် ကြေးခေါင်းလောင်းကြီးသွန်းလုပ်ကာ ချိတ်ဆွဲသွားမည် သိရ သည်။
အဆိုပါ ကြေးခေါင်းလောင်းကြီးအား “ရာမည အတုလ ဓမ္မရာဇိက” ဟု ဘွဲအမည်ပေးထားကြောင်း၊ အလေးချိန်အားဖြင့် (၂၅) တန်၊ ကြေးပိဿာချိန် (၁၅၃၀၀) ခန့်ရှိမည်ဖြစ်ကြောင်းနှင့် အမြင့် (၁၈) ပေ၊ နှင့် ခေါင်းလောင်းအကျယ် (၉) ပေ ပမာဏဖြင့် သွန်းလုပ်ရန် ကိုရင်လေးဆရာတော်မှ မိန့်ကြားထားကြောင်း ကပ္ပိယတစ်ဦးက ပြောကြားသည်။
1 065
ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု ပြန်ပြင်လိုမရတော့ဟု ပညာရှင်များဆို
ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုဟာ ပြန်ပြင်လိုမရတော့တဲ့ အကူးအပြောင်းအမှတ်တစ်ခုကို ရောက်သွားပြီးတာဖြစ်နိုင်တယ်လို သိပ္ပံပညာရှင်တွေက ဆိုကကြပါတယ်။ ဘာကြောင့်ဆိုတော့ကာ အရေးပါတဲ့ သမုဒ္ဒရာရေစီးကြောင်းတွေ ပြိုလဲတော့မယ့် စိုးရိမ်စရာ အရိပ်အယောင်တွေ ပြနေတာကြောင့်ပါ။
1 065
ယာဉ်မောင်းအိပ်ငိုက်၍ ငှက်ပျောသီးတင်ယာဉ်တစ်စီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး လမ်းလယ်ကျွန်းတွင် တိမ်းမှောက်
ယာဉ်မောင်းအိပ်ငိုက်၍ ငှက်ပျောသီးတင်ယာဉ်တစ်စီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး လမ်းလယ်ကျွန်းတွင်စက်တင်ဘာ ၁၈ ရက် နံနက် ၈ နာရီ ၂၀ မိနစ်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲထံက သိရသည်။
1 065
ပေကျင်းမြိုတစ်ဝိုက် အီတလီနိုင်ငံအရွယ်အစားရှိ လေကြောင်းလုံခြုံရေးဇုန် သတ်မှတ်
တရုတ်နိုင်ငံက မြိုတော်ပေကျင်းတစ်ဝိုက်တွင် အီတလီနိုင်ငံအရွယ်အစားခန့်ရှိ လေကြောင်းလုံခြုံရေးဇုန်ကြီးတစ်ခုကို စက်တင်ဘာ ၂၀ ရက်မှစ၍ အမြဲတမ်းသတ်မှတ်သွားမည်ဖြစ်ကြောင်း အစိုးရပိုင်မီဒီယာနှင့် လေကြောင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ယခုကြေညာချက်သည် ဇွန်လအတွင်း ပေကျင်းမြိုလယ်ရှိ မိုးမျှော်တိုက်တစ်ခုကို လေယာဉ်ငယ်တစ်စင်း ဝင်တိုက်ခဲ့သည့် ရှားပါးဖြစ်ရပ်နောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
1 065
ထိုင်းတောင်ပိုင်းရှိ မွတ်စလင်ခွဲထွက်ရေးသမားများက လွတ်လပ်သောအစ္စလာမ်မစ်နိုင်ငံထူထောင်ရေးအတွက် အဆုံးထိတိုက်ပွဲ၀င်သွားမည်ဟု ပြောကြား
ထိုင်းတောင်ပိုင်း၌ လူအရေအတွက် ထောင်ချီသေဆုံးခဲ့သည့် ပုန်ကန်မှုသည် ဆယ်စုနှစ်နှစ်ခုထဲရောက်လာသည့်အခါ မလေး-မွတ်စလင်အများစုပါသော အုပ်စု၏ခေါင်းဆောင်က ဦးတည်ချက်များ ပြည့်မြောက်ချိန်အထိ ဆက်လက်တိုက်ပွဲ ၀င်မည်ဟု ယခုသီတင်းပတ်ထဲတွင် ပြောကြားခဲ့သည်။
"ဒီတော်လှန်မှုဟာ အချိန်ကုန်ဆုံးသွားချိန်အထိ ဆက်လက်ရှိနေမှာပါ"ဟု Barisan Revolusi National (BRN)ငြိမ်းချမ်းရေးဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲအတွက်ပြောရေးဆိုခွင့်ရှိသူ နစ်မာတူလာဆီရီက AFP သတင်းဌာနနှင့်ရှားရှားပါးပါးပြုလုပ်ခဲ့သောအင်တာဗျူးတွင်ဖြေကြားခဲ့သည်။
1 065
+1
ညောင်ဦးခရိုင်၌ HIV/AIDS ရောဂါနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး
ညောင်ဦး၊ စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ၏ ဦးဆောင်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာတွင်သာမက ပြင်ပဗဟုသုတများကိုလည်း လေ့လာ မှတ်သားနိုင်စေရန် အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး) ပန်းမျိုးတစ်ရာခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲက အသိပညာပေးဟောပြောပွဲ ကျင်းပကြောင်း သိရသည်။
1 065
အမေရိကန်အနေနဲ့ မြန်မာမှာရှိတဲ့ အဖွဲအစည်းအားလုံးနဲ့ ဆက်ဆံ ပြောဆိုနေပြီး အမေရိကန်ရဲ့ အကျိုးစီးပွားကို ရှေ့ဆက် ဖော်ဆောင်နေတယ်လို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘီဘီစီကို ပြောပါတယ်။
1 065
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ် များ၏ ၂၀၂၆ ပညာသင်နှစ်၊ အဝေးသင်သင်တန်းများ စာမေးပွဲဖြေဆိုမည့်ရက်များအား ထုတ်ပြန် ကြေညာ
1 065
Repost from Gyar Nuu (ဂျာနူး)✍️
"အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့ -Together Against Corruption" ခေါင်းစဉ်ဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးက ကျင်းပပြုလုပ်မည့် လူငယ်အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လူမှုကြော်ငြာပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေး အသိပေးတိုက်တွန်းနှိုးဆော်ခြင်း
1 065
+3
ရွှေဘိုမြို့တွင် ခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမှတ်(၂)ဒိုဘီတန်းရပ်ကွက်သို့ ကွင်းဆင်းသွားရောက်၍ ကျန်းမာရေးအသိပညာပေးခြင်းများဆောင်ရွက်
1 065
မုံရွာ၊ စက်တင်ဘာ (၁၆)ရက်
ရွှေဘို ခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် စက်တင်ဘာလ (၁၄)ရက်နေ့က အမှတ်(၂)ဒိုဘီတန်းရပ်ကွက်သို့ ကွင်းဆင်းသွားရောက်၍ ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ကျဝန်ထမ်းများနှင့် သက်ဆိုင်ရာရပ်ကွက်မှ အုပ်ချုပ်ရေးမှူး၊ စာရေးနှင့် ရပ်မိရပ်ဖများ လိုက်ပါခဲ့ကြပြီး ရက်ကွက်အတွင်းမှ အိမ်ခြေ (၄၁)အိမ်၊ ပြည်သူ (၆၂) ဦးအား ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သန့် (၅)သန့်နှင့်အညီ နေထိုင်တတ်စေရေးအသိပညာပေးခြင်း၊ စားသုံးဆီလျှော့ချစေရေးအတွက် အသိပညာပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ကျန်းမာရေး အသိပညာပေးခြင်း၊ အိမ်တွင်း၊ အိမ်ပြင်သန့်ရှင်းရေး၊ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ရန် မှာကြားခြင်း၊ ဖုံးသွန်လဲစစ်လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး သောက်ရေသုံးရေသန့်ရှင်းမှုနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အိမ်သာသုံးစွဲမှုရှိစေရေးတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
#မုံရွာသတင်းဌာနခွဲ
1 065
+4
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို 2026 ခုနှစ် လာမည့် နိုဝင်ဘာလ 18.11.2026 ရက် မှ 24.11.2026 ) ရက်ထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး မီးပုံးပျံ အရေအတွက်ပေါ် မူတည်ပြီး ပွဲရက် ထပ်တိုးနိုင်ခြေရှိသည်ဟု သိရပါသည်။
1 065
နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ
နေပြည်တော် စက်တင်ဘာ ၁၇
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၈ ဒသမ ၇၅၉၁ တန်၊ သစ်မာ ၁၁ ဒသမ ၃၁၃၄ တန်၊ အခြား ၇၂ ဒသမ ၆၂၇၀ တန် စုစုပေါင်း ၉၂ ဒသမ ၆၉၉၅ တန်၊ ယာဉ်/ယန္တရား ရှစ်စီး၊ တရားခံ ရှစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
