သိင်္ခ
رفتن به کانال در Telegram
အသိတိုး
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
1 060
مشترکین
-124 ساعت
-237 روز
-7030 روز
آرشیو پست ها
1 060
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ရာအဆောက်အအုံ ၃၁ လုံး တည်ဆောက်ရေးအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ
ရန်ကုန်၊ စက်တင်ဘာ ၁၃
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြိုပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော်တည်ဆောက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ရာစီမံကိန်း ၃ ခုတွင် အိမ်ရာအဆောက်အအုံ ၃၁ လုံး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားကြောင်း သိရသည်။
1 060
ဝန်ခံပြီပေါ့ အခုတော့ ။ Online က social media ပေါ် မှာ စစ်မရှုံးပါဘူး ဘယ်လောက်အော် အော်။ ဒေသခံအကောင့်တွေကို ဆန်းစစ်ကြည့်ရင်ကို AA အတော်လေး အထိနာပြီဆိုတာ သေချာပြီလေ။
1 060
ကျော်မိုးထွန်းအား မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် အသိအမှတ်မပြုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ထားပြီးဖြစ်သည့် ကျော်မိုးထွန်း၏ တရားမဝင်လှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ကျော်မိုးထွန်းသည် နိုင်ငံတော်က ပေးအပ်သည့် အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိဘဲ သံတမန်ကျင့်ဝတ်ပျက်ယွင်းစွာ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခြင်းနှင့် တရားမဝင်အဖွဲအစည်းများကို ကိုယ်စားပြုလှုပ်ရှားခြင်းတိုကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်မှစ၍ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
1 060
မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မရှင်(JCBC)ကဲ့သို ယန္တရားများပြန်လည်စတင်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲတိုဆွေးနွေး
1 060
သြစတြီးယားနိုင်ငံသည် အစိုးရနှင့် ပုဂ္ဂလိကကျောင်းများတွင် ဟီဂျာဘ် (hijab) နှင့် ဘူကာ (burka) အပါအဝင် ခေါင်းစည်းပုဝါများ ဝတ်ဆင်ခြင်းကို တားမြစ်သည့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်း
နိုင်ငံတကာ သတင်းထူးများမှာ သြစတြီးယားနိုင်ငံသည် အသက် ၁၄ နှစ်အောက် မိန်းကလေးငယ်များအနေဖြင့် အစိုးရနှင့် ပုဂ္ဂလိကကျောင်းများတွင် ဟီဂျာဘ် (hijab) နှင့် ဘူကာ (burka) အပါအဝင် ခေါင်းစည်းပုဝါများ ဝတ်ဆင်ခြင်းကို တားမြစ်သည့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းလိုက်ပြီ ဖြစ်ကြောင်း ဖော်ပြလာကြသည်။
1 060
ကမ္ဘောဒီးယားက မြန်မာနိုင်ငံ အာဆီယံမှာ မူလအတိုင်း တက်တက်ကြွကြွ ပြန်လည်ပါဝင်လာရေး အပြည့်အဝထောက်ခံမည်ဟု သမ္မတရုံး ဒုဝန်ကြီးပြော
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အာဆီယံအဖွဲတွင် မူလအတိုင်း ပြန်လည်၍ တက်တက်ကြွကြွ ပါဝင်လာနိုင်ရေးနှင့် နိုင်ငံတကာမျက်နှာစာတွင် ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် အပြည့်အဝထောက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၊ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
1 060
+1
ချင်းပြည်နယ်၊ဖလမ်းခရိုင်၊ဖလမ်းမြို့ တွင် စက်တင်ဘာလ ၁၂ ရက်ယနေ့မှစ၍ ဆက်သွယ်ရေးကွန်ရက်(MPT )လိုင်းများ ပြန်လည်ရရှိပြီ
အေးချမ်းခြင်းရဲ့ ကောင်းကျိုးတွေပေါ့
မှိုင်းဝေ
1 060
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၁၁-၉-၂၀၂၆ မှ ၁၂-၉-၂၀၂၆ ထိ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်(State Visit) သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များအပေါ် နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ၊ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဒေါက်တာ ခိုင်ခိုင်စိုး ၏ ဖြေကြားချက်
1 060
(၁၂.၉.၂၀၂၆)ရက်နေ့
ပုဏ္ဏားကျွန်း ၊မင်းချောင်း တံတားအရှေ့ဘက်ကားလမ်းရှိ AA အကြမ်းဖက်အဖွဲ့နေရာများအား Drop Bomb၊ FPV တို့ဖြင့်ပစ်ခတ် ချေမှုန်းမှု
1 060
ICC မှ နုတ်ထွက်ရန် ကြေညာသည့်နိုင်ငံ ၅ နိုင်ငံအထိ ရှိလာ
စက်တင်ဘာ ၁၂
နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး (ICC) မှ နုတ်ထွက်ရန် ကြေညာထားသည့် နိုင်ငံအရေအတွက်မှာ မကြာသေးမီက ဗင်နီဇွဲလားနှင့် ချဒ်နိုင်ငံတို့ ထပ်မံကြေညာလာပြီးနောက် စုစုပေါင်း ၅ နိုင်ငံအထိ ရှိလာကြောင်း သိရသည်။
နုတ်ထွက်ရန် ကြေညာထားသည့် နိုင်ငံများ
ဘာကီနာဖာဆို၊ မာလီ၊ နိုင်ဂျာ၊ ဗင်နီဇွဲလားနှင့် ချဒ်နိုင်ငံတို့ ဖြစ်သည်။
ဗင်နီဇွဲလား၏ နုတ်ထွက်မှု
ဗင်နီဇွဲလားနိုင်ငံက ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း ICC မှ နုတ်ထွက်ရန် တရားဝင်လုပ်ငန်းစဉ် စတင်ခဲ့ကြောင်း သိရသည်။
ချဒ်နိုင်ငံ၏ နုတ်ထွက်မှု
ချဒ်နိုင်ငံကလည်း မကြာသေးမီက ICC မှ နုတ်ထွက်ရန် ကြေညာခဲ့ပြီး ယင်းကြောင့် နုတ်ထွက်ရန် ကြေညာထားသည့် နိုင်ငံအရေအတွက် ၅ နိုင်ငံအထိ တိုးလာခြင်းဖြစ်သည်။
နုတ်ထွက်မှု အကျိုးသက်ရောက်မည့်အချိန်
အဆိုပါနိုင်ငံများ၏ ရောမဥပဒေ (Rome Statute) မှ နုတ်ထွက်မှုသည် သက်ဆိုင်ရာနိုင်ငံများက ကုလသမဂ္ဂသို့ တရားဝင်အကြောင်းကြားပြီးနောက် တစ်နှစ်အကြာတွင် အကျိုးသက်ရောက်မည်ဖြစ်သည်။
1 060
အကြမ်းဖက် NUG ဝန်ကြီးချုပ်ရုံး အတွင်းဝန်ဆိုသူ ဦးမင်းမင်း ဘက်ပြောင်းခိုလှုံလာ ..
ပြည်တွင်းထဲမှာတင်မကတော့ဘူး ပြည်ပကလူတွေပါ အလင်းဝင်ကုန်ပြီ..
ဘာပဲပြောပြောတိုင်းပြည်အတွက် အလုပ်လုပ်မယ်ဆိုရင်တော့ ကြိုဆိုရမှာပဲ...
ကိုယ်တွေကတစ်ဖက်ပိတ်နေသူတွေ မဟုတ်ဘူး... တိုင်းပြည်ကောင်းရာကောင်းကျိုးအတွက်ဆိုရင် စေတနာမှန်ရင်တော့ အမြဲလက်ကမ်းလျက်ပါပဲ..
1 060
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိ
နေပြည်တော်၊ စက်တင်ဘာ - ၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင် မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွား ရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် ဆီရမ်ရိမြို့၊ Siem Reap Angkor အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာသည်။
1 060
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင်မြင့် ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့ရှိ Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာ
1 060
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင်မြင့် ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့ရှိ Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာ
1 060
+4
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ ပြည်နယ်ရှိ Bayon temple သို့သွားရောက်ကြည့်ရှုလေ့လာ
1 060
+8
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယား နိုင်ငံ ဆီရမ်ရိပြည်နယ်ရှိ အန်ကောဝပ်ကျောင်းတော်သို့သွားရောက်ကြည့်ရှုလေ့လာ
1 060
အိန္ဒိယ-မြန်မာ လေတပ်နှစ်ရပ်အကြား အရာရှိကြီးများအဆင့် အလုပ်သဘောခရီးစဉ်များ အပြန်အလှန်စေလွှတ်ရေး (Functional Level Visit) ခရီးစဉ်လာရောက်
နေပြည်တော်၊ စက်တင်ဘာ ၁၂
အိန္ဒိယ-မြန်မာလေတပ်နှစ်ရပ်အကြား အရာရှိကြီးများအဆင့် အလုပ်သဘောခရီးစဉ်များ အပြန်အလှန်စေလွှတ်ရေး (Functional Level Visit) လာရောက်သည့် အိန္ဒိယလေတပ်မှ အရှေ့ပိုင်းလေတပ်ဌာနချုပ်မှူး Air Marshal Inderpal Sing Walia ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၇ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ တပ်မတော် (လေ) မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
1 060
အိန္ဒိယ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရန် မိုဒီနှင့် ပူတင် သဘောတူ
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် စွမ်းအင်နှင့် ကာကွယ်ရေးကဏ္ဍများအပါအဝင် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ပြီးနောက် နှစ်နိုင်ငံအကြား အထူးနှင့် ဦးစားပေး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် သဘောတူခဲ့ကြကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ထုတ်ပြန်သည်။
1 060
နာဂျစ်၏ လွတ်ငြိမ်းချမ်းသာခွင့်လျှောက်ထားမှု ဆုံးဖြတ်ချက် မလေးရှားဘုရင် ရွှေ့ဆိုင်း
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်၏ ပြစ်ဒ-ဏ်လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားချက်အသစ်အပေါ် ဆုံးဖြတ်မည့်အစီအစဉ်ကို မလေးရှားဘုရင် ဆူလ်တန် အီဘရာဟင်မ်က သောကြာနေ့တွင် ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
သောကြာနေ့က ကျင်းပသည့် လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ ဘုတ်အဖွဲ့အစည်းအဝေးကို ဦးဆောင်ခဲ့သည့် ဘုရင် ဆူလ်တန် အီဘရာဟင်မ်က အကျဉ်းသား ၆၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သော်လည်း နာဂျစ်၏ လျှောက်ထားမှုကို နောက်တစ်ကြိမ် အစည်းအဝေးအထိ ရွှေ့ဆိုင်းဆွေးနွေးရန် ညွှန်ကြားခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး၏ ဥပဒေရေးရာဌာနခွဲက ထုတ်ပြန်သည်။
