fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید 👈

သိင်္ခ

သိင်္ခ

رفتن به کانال در Telegram

အသိတိုး

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
1 066
مشترکین
اطلاعاتی وجود ندارد24 ساعت
-367 روز
-7530 روز
آرشیو پست ها
ချမ်းမြေ့ဆရာတော်ဘုရားကြီး ခန္ဓာ့ဝန်ချ ပျံလွန်တော်မူ ရန်ကုန်၊ စက်တင်ဘာ ၁၉ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသသည် ယနေ့ စ
ချမ်းမြေ့ဆရာတော်ဘုရားကြီး ခန္ဓာ့ဝန်ချ ပျံလွန်တော်မူ ရန်ကုန်၊ စက်တင်ဘာ ၁၉ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသသည် ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် သက်တော် ၉၈ နှစ်အရွယ်၌ ခန္ဓာ့ဝန်ချ ပျံလွန်တော်မူခဲ့ကြောင်း ချမ်းမြေ့ရိပ်သာဝေယျာဝစ္စအဖွဲ ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြိုရှိ Grand Hantha International Hospital ၌ ငြိမ်းချမ်းစွာ ခန္ဓာ့ဝန်ချ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။ ချမ်းမြေ့ဆရာတော်ဘုရားကြီးကို ၁၉၂၈ ခုနှစ် ဇူလိုင် ၂၄ ရက်တွင် ဖွားမြင်ခဲ့ပြီး ဘဝတစ်လျှောက်လုံး မြတ်စွာဘုရားရှင်၏ အဆုံးအမတော်များကို အခြေခံကာ ဝိပဿနာတရားတော်များ ပြသဟောကြားခြင်းနှင့် သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်တော်မူခဲ့သည်။

ထောပတ်သီးများ လှိင်လှိင်ဝင်ရောက်လာ၍ ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းသက်သာ ရန်ကုန်၊ စက်တင်ဘာ ၁၉ ထောပတ်သီး ရာသီပေါ်ချိန်ရောက်ရှိလ
ထောပတ်သီးများ လှိင်လှိင်ဝင်ရောက်လာ၍ ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းသက်သာ ရန်ကုန်၊ စက်တင်ဘာ ၁၉ ထောပတ်သီး ရာသီပေါ်ချိန်ရောက်ရှိလာပြီး ပြည်တွင်းဈေးကွက်သို ထောပတ်သီးများ လှိင်လှိင်ဝင်ရောက်လာသဖြင့် ဈေးနှုန်းများ သက်သာလျက်ရှိကာ စားသုံးသူများအနေဖြင့် သင့်တင့်သည့်ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ကြောင်း ထောပတ်သီးရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ကျေးဇူးတော်ရှင် သက်တော်ရှည် ချမ်းမြေ့ဆရာတော်ကြီး ဘဝနတ်ထံပျံလွန်တော်မူကြောင်းကြားသိရပါသည် ၁၉-၉-၂၀၂၆
+6
ကျေးဇူးတော်ရှင် သက်တော်ရှည် ချမ်းမြေ့ဆရာတော်ကြီး ဘဝနတ်ထံပျံလွန်တော်မူကြောင်းကြားသိရပါသည် ၁၉-၉-၂၀၂၆

စိန့်မေရီ ရေခဲပြင်ကြီး လုံးဝ အရည်ပျော်သွားပြီ အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှာရှိတဲ့ စိန့်မေရီရေခဲပြင်ကြီးဟာ ကမ္ဘာ
စိန့်မေရီ ရေခဲပြင်ကြီး လုံးဝ အရည်ပျော်သွားပြီ အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှာရှိတဲ့ စိန့်မေရီရေခဲပြင်ကြီးဟာ ကမ္ဘာ့သမိုင်းမှတ်တမ်း၊မှာ ပထမဆုံးအကြိမ်အဖြစ် လုံးဝကို အရည်ပျော်သွားခဲ့ပါပြီ။ ပညာရှင်တွေကတော့ ဒါဟာ အရှိန်အဟုန်နဲ့ ပူနွေးလာနေတဲ့ ကမ္ဘာကြီးရဲ့ သမိုင်းဝင် မှတ်တိုင်တစ်ခုပဲလို ဆိုနေကြပါတယ်။ ဒင်ဗာ(Denver) မြိုအနားမှာရှိတဲ့ စိန့်မေရီ ရေခဲပြင်လို လူသိများတဲ့ ဒီအမြဲတမ်းရေခဲပြင်ကြီးဟာ နွေရာသီရဲ့ အပူပြင်းဆုံးအချိန်မှာတောင် နှင်းတွေတွေ့နိုင်တဲ့ တစ်နှစ်ပတ်လုံးအတွက် ဆယ်စုနှစ်ပေါင်းများစွာကတည်းက အိုအေစစ်တစ်ခုလို ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ဆောင်းရာသီမှာ နှင်းကျတာ အားနည်းလာသလို နွေရာသီမှာလည်း စံချိန်တင်ပူပြင်းခဲ့လာတာကြောင့် ပေ ၁၁၀၀၀ အမြင့်ရှိတဲ့ ဒီအထင်ကရနေရာကြီးဟာ ခုဆိုရင် လုံးဝပျောက်ကွယ်သွားခဲ့ပါပြီ။

လွှတ်တော်ကိုယ်စားလှယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျန်းမာရေးဝန်ကြီးဌာန စီစဉ်ဆောင်ရွက် နေပြည်တော်၊ စက်တင်ဘာ ၁၉ နေပြည်တ
လွှတ်တော်ကိုယ်စားလှယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျန်းမာရေးဝန်ကြီးဌာန စီစဉ်ဆောင်ရွက် နေပြည်တော်၊ စက်တင်ဘာ ၁၉ နေပြည်တော်၌ တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ တတိယပုံမှန်အစည်းအဝေးများ ကျင်းပချိန်တွင် အစည်းအဝေးတက်ရောက်ရန် ရောက်ရှိလာမည့် လွှတ်တော်ကိုယ်စားလှယ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ဆော်ဒီအာရေဗျသို အမေရိကန်၏ F-35 တိုက်လေယာဉ်များ ရောင်းချမှုကို စိုးရိမ်သည်ဟု အစ္စရေး ပြောကြား အမေရိကန်ပြည်ထောင်စုက ဆော်ဒီအာရေဗ
ဆော်ဒီအာရေဗျသို အမေရိကန်၏ F-35 တိုက်လေယာဉ်များ ရောင်းချမှုကို စိုးရိမ်သည်ဟု အစ္စရေး ပြောကြား အမေရိကန်ပြည်ထောင်စုက ဆော်ဒီအာရေဗျသို F-35 တိုက်လေယာဉ် ၄၈ စင်းကို ဒေါ်လာ ၂၄ ဒသမ ၃ ဘီလျံဖြင့် ရောင်းချရန် အတည် ပြုလိုက်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်ပြီး အဆိုပါရောင်းချမှုကို စိုးရိမ်သည်ဟု အစ္စရေးကပြောကြားခဲ့သည်။

ဒေသဖွံဖြိုးရေးလုပ်ငန်းများတွင် ပြည်သူများပါဝင်လာစေရန် မီဒီယာက တက်ကြွစွာပူးပေါင်းရန် ပြန်ကြားရေးဝန်ကြီးမှာကြား တောင်ငူ၊ စက်တင်
ဒေသဖွံဖြိုးရေးလုပ်ငန်းများတွင် ပြည်သူများပါဝင်လာစေရန် မီဒီယာက တက်ကြွစွာပူးပေါင်းရန် ပြန်ကြားရေးဝန်ကြီးမှာကြား တောင်ငူ၊ စက်တင်ဘာ ၁၉ နိုင်ငံတော်အစိုးရက ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေးနှင့် ဒေသအလိုက် ဖွံဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပြည်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်လာစေရန် မီဒီယာအခန်းကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက မှာကြားသည်။ ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် တောင်ငူမြိုရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် မှာကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မီဒီယာလုပ်ငန်းများမှတစ်ဆင့် ဒေသဖွံဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာ အသိပညာပေးဖော်ပြနိုင်ရေး၊ ပြည်သူများ ပိုမိုပါဝင်လာစေရေးအတွက် တာဝန်ရှိသူများအနေဖြင့် မီဒီယာအခန်းကဏ္ဍကို တက်ကြွစွာ အသုံးချ၍ ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်၌ မုတ်သုံလေ အားကောင်းနေမှုကြောင့် စက်တင်ဘာ ၂၃ ရက်အထိ တိုင်းနှင့် ပြည်နယ်အများအပြား၌ မ
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်၌ မုတ်သုံလေ အားကောင်းနေမှုကြောင့် စက်တင်ဘာ ၂၃ ရက်အထိ တိုင်းနှင့် ပြည်နယ်အများအပြား၌ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သတိပေး (မိုး/ဇလ) စက်တင်ဘာ ၁၉ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတိုတွင် မုတ်သုံလေ အားကောင်းနေခြင်းနှင့် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေခြင်းတိုကြောင့် စက်တင်ဘာလ ၁၉ ရက်မှ ၂၃ ရက်နေ့အတွင်း တိုင်းနှင့် ပြည်နယ် အများအပြား၌ မိုးထစ်ချုန်းရွာပြီး ဒေသအချိုတွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် အမှတ်စဉ် (၈၀/၂၀၂၆) ဖြင့် သတင်းထုတ်ပြန်ထားသည်။

ခေတ်နှင့်အညီ လိုအပ်လာသည့် 5G စနစ်နည်းပညာကို ဝန်ဆောင်မှုပေးနိုင်ရန် ဆက်သွယ်ရေးအော်ပရေတာများအတွက် လိုအပ်သည့် 2600MHz လှိင်းနှုန
ခေတ်နှင့်အညီ လိုအပ်လာသည့် 5G စနစ်နည်းပညာကို ဝန်ဆောင်မှုပေးနိုင်ရန် ဆက်သွယ်ရေးအော်ပရေတာများအတွက် လိုအပ်သည့် 2600MHz လှိင်းနှုန်းစဉ်ကို သတ်မှတ်ခွင့်ပြုပေးအပ်ပြီးဖြစ်   စက်တင်ဘာ ၁၈၊ ၂၀၂၆   ခေတ်နှင့်အညီ လိုအပ်လာသည့် 5G စနစ်နည်းပညာကို ဝန်ဆောင်မှုပေးနိုင်ရန် ဆက်သွယ်ရေး အော်ပရေတာများအတွက် လိုအပ်သည့် 2600MHz လှိင်းနှုန်းစဉ်ကို သတ်မှတ်ခွင့်ပြုပေးအပ်ပြီးဖြစ်၍ အကောင်အထည်ဖော် တည်ဆောက်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေကြပြီဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ယနေ့ပြောကြားသည်။   ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြိုရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတိုင်းဒေသကြီး မန်နေဂျာရုံး၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာ့စာတိုက်လုပ်ငန်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ထိုသိုပြောကြား ခဲ့ခြင်းဖြစ်သည်။   ထိုပြင် ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် မိမိတိုကျရာတာဝန်များကို ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြိုးပမ်းဆောင်ရွက်သွားကြရန်မှာကြားပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ (၁၉-၉-၂၀၂၆)နေ့တွင် ရန်ကုန်မြိုနှင့် မန္တလေးမြိုအတွက် ရည်
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ (၁၉-၉-၂၀၂၆)နေ့တွင် ရန်ကုန်မြိုနှင့် မန္တလေးမြိုအတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြိုတော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်လျက်ရှိသူများကို ပြည်သူ့စစ်မှုထမ်းရန်ကာလများ လျှော့ပေါ့ပေးလျက်ရှိ 《𝙎𝙀𝙋~𝟏𝟗》 ပြည်သူ့စစ်မှုထ
+3
ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်လျက်ရှိသူများကို ပြည်သူ့စစ်မှုထမ်းရန်ကာလများ လျှော့ပေါ့ပေးလျက်ရှိ 《𝙎𝙀𝙋~𝟏𝟗》 ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်နေသူ၏ မိဘနှစ်ပါးအနက် တစ်ဦးဦးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါက သိုမဟုတ် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစားယူထားသူဖြစ်ပါက အဆိုပါ ပြည်သူ့စစ်မှုထမ်း၏ စစ်မှုထမ်းရန်ကာလကို ဥပဒေအရ သုံးပုံတစ်ပုံအထိ လျှော့ပေါ့ပေးလျက်ရှိကြောင်း သိရသည်။ မိဘနှစ်ပါးစလုံးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါက သိုမဟုတ် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစားယူထားသူများဖြစ်ပါက စစ်မှုထမ်းရန်ကာလ၏ တစ်ဝက်အထိ လျှော့ပေါ့ပေးလျက်ရှိသည်။

နိုင်ငံ့ဝန်ထမ်းများ အဂတိကင်းရှင်းပြီး စည်းမျဉ်းစည်းကမ်းနှင့် ကျင့်ဝတ်များ လိုက်နာရန် တိုက်တွန်း 《𝙎𝙀𝙋~𝟏𝟗》 အဂတိလိုက်စားမှု
နိုင်ငံ့ဝန်ထမ်းများ အဂတိကင်းရှင်းပြီး စည်းမျဉ်းစည်းကမ်းနှင့် ကျင့်ဝတ်များ လိုက်နာရန် တိုက်တွန်း 《𝙎𝙀𝙋~𝟏𝟗》 အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲတို ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ ရုံးအမှတ်(၁၇) စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထိုအပြင် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိပြီး ကျောသားရင်သားမခွဲခြားဘဲ မျှတစွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားနိုင်ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၏ စတုတ္ထအကြိမ်မြောက် ပါတီညီလာခံ(၂၀၂၆) ပထမနေ့ ကျင်းပ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
+9
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၏ စတုတ္ထအကြိမ်မြောက် ပါတီညီလာခံ(၂၀၂၆)  ပထမနေ့ ကျင်းပ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၏ စတုတ္ထအကြိမ်မြောက် ပါတီညီလာခံ(၂၀၂၆) ပထမနေ့အား ယနေ့(စက်တင်ဘာ ၁၉ ရက်) တွင် ကျင်းပခဲ့သည်။ နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဌာနချုပ် အစည်းအဝေးခန်းမတွင် ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၏ စတုတ္ထအကြိမ်မြောက် ပါတီညီလာခံ(၂၀၂၆)သို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးနှင့် ပါတီ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၏ စတုတ္ထအကြိမ်မြောက် ပါတီညီလာခံ(၂၀၂၆) ပထမနေ့အား နိုင်ငံတော်သီချင်း သီဆို၍ စတင်ခဲ့သည်။ ထိုနောက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ က စတုတ္ထအကြိမ်မြောက် ပါတီညီလာခံ(၂၀၂၆) အဖွင့်မိန့်ခွန်းအား ပြောကြားခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၏ စတုတ္ထအကြိမ်မြောက် ပါတီညီလာခံ(၂၀၂၆) အား ယနေ့(စက်တင်ဘာ ၁၉ ရက်)နှင့် စက်တင်ဘာ ၂၀ရက်တိုတွင်နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က CNN ၊ MS NOW နှင့် Politico သတင်းဌာနများကို အစိုးရအဖွဲနှင့် ပတ်သက်ပြီး သတင်းတု၊ သတင်းမှားများ ဖြန
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က CNN ၊ MS NOW နှင့် Politico သတင်းဌာနများကို အစိုးရအဖွဲနှင့် ပတ်သက်ပြီး သတင်းတု၊ သတင်းမှားများ ဖြန့်ဝေနေသည်ဟု စွပ်စွဲကာ အိမ်ဖြူတော်သို ဝင်ရောက်ခွင့် ပိတ်ပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က CNN၊ MS NOW နှင့် Politico သတင်းဌာနများကို အစိုးရအဖွဲနှင့် ပတ်သက်ပြီး သတင်းတု၊ သတင်းမှားများ ဖြန့်ဝေနေသည်ဟု စွပ်စွဲကာ အိမ်ဖြူတော်သို ဝင်ရောက်ခွင့် ပိတ်ပင်ကြောင်း စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

5G ဝန်ဆောင်မှုအတွက် 2600MHz လှိင်းနှုန်းစဉ် သတ်မှတ်ခွင့်ပြုပြီး တည်ဆောက်ရေးလုပ်ငန်းများ စတင်နေ 𝙎𝙀𝙋~𝟏𝟗 ခေတ်နှင့်အညီ လိုအပ
5G ဝန်ဆောင်မှုအတွက် 2600MHz လှိင်းနှုန်းစဉ် သတ်မှတ်ခွင့်ပြုပြီး တည်ဆောက်ရေးလုပ်ငန်းများ စတင်နေ 𝙎𝙀𝙋~𝟏𝟗 ခေတ်နှင့်အညီ လိုအပ်လာသည့် 5G စနစ်နည်းပညာ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ဆက်သွယ်ရေးအော်ပရေတာများ အသုံးပြုရန် လိုအပ်သည့် 2600MHz လှိင်းနှုန်းစဉ်ကို သတ်မှတ်ခွင့်ပြုပေးပြီးဖြစ်ကာ အကောင်အထည်ဖော်တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ပြောကြားသည်။ Noted: တစ်ခါတစ်လေကြတော့လည်း 4G ကနေ 5G ပြောင်းတယ်ဆိုတာထက် 4G စနစ်ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်စေချင်ပါတယ်။ ဂဏန်းတွေတိုးသွားတာထက် အရည်အသွေးပိုင်းနဲ့ ပြတ်တောက်မှုအပိုင်းတွေကို ပိုအလေးထားဆောင်ရွက်စေချင်တာပါ။ တိုးခြင်းကို ကန့်ကွက်စရာမရှိပေမဲ့ ဝန်ဆောင်မှုကောင်းကို ပိုမျှော်လင့်တာပါ။ သူများလုပ်လို့ အလျင်မီအောင် လုပ်ရတဲ့ဟာတွေက အလှမ်းကျယ်ပြီး အလယ်မလပ်စေချင်ယုံပါ။ သိင်္ခ

ဖလမ်းမြိုတွင် မြိုပေါ်လူဦးရေ၏ ၂၁ ဒသမ ၆၄ ရာခိုင်နှုန်းအထိ ပြန်လည်နေထိုင်လာ ဖလမ်းမြိုကို တပ်မတော်က ထိန်းချုပ်ပြီးနောက် ဒေသခံပြည
ဖလမ်းမြိုတွင် မြိုပေါ်လူဦးရေ၏ ၂၁ ဒသမ ၆၄ ရာခိုင်နှုန်းအထိ ပြန်လည်နေထိုင်လာ ဖလမ်းမြိုကို တပ်မတော်က ထိန်းချုပ်ပြီးနောက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် မေ ၆ ရက်မှစတင်၍ နေရပ်သို နေ့စဉ်ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ စက်တင်ဘာ ၁၇ ရက်အထိ ဖလမ်းမြိုပေါ် လူဦးရေ၏ ၂၁ ဒသမ ၆၄ ရာခိုင်နှုန်း နေရပ်သို ပြန်လည်နေထိုင်နေပြီဖြစ်ကြောင်း သိရသည်။

ကိုရီးယား-မြန်မာ စီးပွားရေးလုံခြုံမှုဆိုင်ရာ သုတေသနအသင်း စတင်ဖွဲစည်းခြင်းအထိမ်းအမှတ် စီးပွားရေးဖိုရမ် ကျင်းပ 《𝙎𝙀𝙋~𝟏𝟗》 ကိ
ကိုရီးယား-မြန်မာ စီးပွားရေးလုံခြုံမှုဆိုင်ရာ သုတေသနအသင်း စတင်ဖွဲစည်းခြင်းအထိမ်းအမှတ် စီးပွားရေးဖိုရမ် ကျင်းပ 《𝙎𝙀𝙋~𝟏𝟗》 ကိုရီးယား-မြန်မာ စီးပွားရေးလုံခြုံမှုဆိုင်ရာ သုတေသနအသင်း (Korea-Myanmar Association for Economic & Security Studies - KMAESS) စတင်ဖွဲစည်းတည်ထောင်ခြင်း အထိမ်းအမှတ် စီးပွားရေးဖိုရမ်ကို စက်တင်ဘာ ၁၅ ရက်တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြိုရှိ LS Tower (MIR Hall) ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ယူကရိန်းစစ်ပွဲကို အဆုံးမသတ်ခင် အမေရိကန်က ရုရှားနဲ့ အပေးအယူတွေလုပ်နေပြီ လို ဆို စက်တင်ဘာ - ၁၈ ( သောကြာနေ့ ) အမေရိကန်သမ္မတ ဒေါ်
ယူကရိန်းစစ်ပွဲကို အဆုံးမသတ်ခင် အမေရိကန်က ရုရှားနဲ့ အပေးအယူတွေလုပ်နေပြီ လို ဆို စက်တင်ဘာ - ၁၈ ( သောကြာနေ့ ) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအနေနဲ့ ယူကရိန်းစစ်ပွဲ မပြီးဆုံးသေးခင်မှာတောင် ရုရှားနဲ့ စီးပွားရေးအရ သဘောတူညီချက်တွေ ရယူဖို စဉ်းစားနေပါတယ်။ မော်စကိုနဲ့ ဆွေးနွေးတဲ့နေရာမှာ နည်းလမ်းအသစ်တခုအနေနဲ့ ချဉ်းကပ်လာတာဖြစ်ကြောင်း နယူယောက်ခ်တိုင်းမ် သတင်းစာက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

ဒေသဖွံဖြိုးရေးလုပ်ငန်းတွေမှာ ပြည်သူတွေကိုယ်တိုင် ပါဝင်လာစေဖို မီဒီယာက တက်ကြွစွာပူးပေါင်းရန် ပြန်ကြားရေးဝန်ကြီး မှာကြား 《𝙎𝙀�
ဒေသဖွံဖြိုးရေးလုပ်ငန်းတွေမှာ ပြည်သူတွေကိုယ်တိုင် ပါဝင်လာစေဖို မီဒီယာက တက်ကြွစွာပူးပေါင်းရန် ပြန်ကြားရေးဝန်ကြီး မှာကြား 《𝙎𝙀𝙋~𝟏𝟗》 နိုင်ငံတော်အစိုးရက ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေးနှင့် ဒေသအလိုက် ဖွံဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပြည်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်လာစေရန် မီဒီယာအခန်းကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက မှာကြားသည်။

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မည် မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား စိုက်ပျိုးမွ
မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မည် မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာရဲထွန်းဝင်းနှင့် ဘယ်လာရုစ်နိုင်ငံ စိုက်ပျိုး ရေးနှင့် စားနပ်ရိက္ခာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Ivan Smilgin တိုဆွေးနွေးခဲ့ကြသည်။