သိင်္ခ
رفتن به کانال در Telegram
အသိတိုး
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
1 086
مشترکین
اطلاعاتی وجود ندارد24 ساعت
-77 روز
-3830 روز
آرشیو پست ها
1 086
နေပြည်တော်၊ အောက်တိုဘာ ၆
နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံသားတိုင်းမဖြစ်မနေထမ်းဆောင်ကြရမည့် တာဝန်ဖြစ်သည့်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းများကို စနစ်တကျဖြင့် အဆင့်အတန်းမီစွာ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ပြောကြား
1 086
လေယာဉ်လက်မှတ် ဈေးပိုပေးဝယ်ရပါက အထောက်အထားဖြင့် တိုင်ကြားနိုင်ကြောင်း DCA အသိပေး
လေယာဉ်လက်မှတ်များကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုပေးဝယ်ခဲ့ရပါက တိကျသည့် အထောက်အထားများဖြင့် သက်ဆိုင်ရာလေကြောင်းလိုင်းများထံ တိုက်ရိုက်တိုင်ကြားနိုင်ပြီး ဈေးနှုန်းပိုမိုရောင်းချမှုများနှင့် လိမ်လည်ရောင်းချမှုများကို စိစစ်တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း လေကြောင်းပိုဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (DCA) က အသိပေးထားသည်။
1 086
ဂျာမနီထောက်လှမ်းရေးအဖွဲ အကြီးအကဲက ရုရှားဆင်နွှသည့် လျှိဝှက်စစ်ပွဲ အရှိန်မြင့်တက်လာသည်ဟု သတိပေး
မော်စကိုက ညွှန်ကြားသည့် ပေါင်းစပ်တိုက်ခိုက်မှုများ မြင့်တက်လာသောကြောင့် ဂျာမနီသည် ရုရှားနှင့်ဖြစ်ပွားသည့် ပဋိပက္ခထဲဆွဲသွင်းခံရမည့် အန္တရာယ်ရှိနေသည်ဟု ဂျာမနီ၏ပြည်ပထောက်လှမ်းရေးအကြီးအကဲက အောက်တိုဘာ ၅ ရက်တွင် သတိပေးခဲ့သည်။
1 086
Flydubai တွဲဖက်လေယာဉ်မှူးက ယခင်ကလည်း တဲလ်အဗစ်သိုသွားမည့် လေယာဉ်ကို ပြန်ပေးဆွဲရန် ရည်ရွယ်ခဲ့ပြီး နောက်မှ စိတ်ပြောင်းသွားဟုဆို
Flydubai လေယာဉ်ကို ပြန်ပေးဆွဲရန် ကြိုးပမ်းခဲ့သူဟု စွပ်စွဲခံထားရသည့် အိုမန်နိုင်ငံသား တွဲဖက်လေယာဉ်မှူးက ယခင်ကလည်း တဲလ်အဗစ်မြိုသို ပျံသန်းမည့် လေယာဉ်တစ်စင်းကို ပြန်ပေးဆွဲကာ ပျက်ကျစေရန် ရည်ရွယ်ခဲ့ပြီး နောက်မှ လေယာဉ်ပေါ်တွင် မိမိနှင့်သိကျွမ်းသူတစ်ဦး လိုက်ပါလာသည်ကို သိရသဖြင့် စိတ်ပြောင်းသွားခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများကို ထုတ်ပြောခဲ့သည်။
1 086
ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြိုနယ် နားလုံကျေးအနီး အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၈၇ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီး
1 086
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား လိုအပ်သည်များလမ်းညွှန်မှာကြား
နေပြည်တော်၊ အောက်တိုဘာ ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည် နယ်ဝန်ကြီးချုပ်များအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ ရုံးတော် အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက် ရောက်ကြသည်။
1 086
+2
အမှန်တကယ်ကောက်ခံရရှိရမည့် အခွန်ငွေများ အပြည့်အဝမှန်မှန်ကန်ကန် ကောက်ခံရရှိရေး စိစစ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ မှာကြား
အမှန်တကယ်ကောက်ခံရရှိရမည့် အခွန်ငွေများကို အပြည့်အဝနှင့် မှန်မှန်ကန်ကန် ကောက်ခံရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက စနစ်တကျ စိစစ်ဆောင်ရွက်ကြရန် ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်းတွင် ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေး၌ မှာကြားခဲ့သည်။
နိုင်ငံတော်၏ အခွန်အခများ ပိုမိုရရှိစေရေးအတွက် အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံခြင်းထက် အမှန်တကယ် ကောက်ခံရရှိရမည့် အခွန်ငွေများကို အပြည့်အဝ၊ မှန်မှန်ကန်ကန် ကောက်ခံရရှိရေးက ပိုမိုအရေးကြီးကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
1 086
+2
အယ်လ်နီညို ရာသီဥတုဖြစ်ပေါ်လာနိုင်၍ ကြိုတင်ပြင်ဆင်ထားရမည့် အချက်များကို နိုင်ငံတော်သမ္မတ လမ်းညွှန်
အယ်လ်နီညို ရာသီဥတုဖြစ်ပေါ်လာနိုင်သည့်အတွက် ပူပြင်းခြောက်သွေ့မှုနှင့် ရေရှားပါးမှုအပါအဝင် ကြုံတွေ့လာနိုင်သည့် ရာသီဥတုဆိုင်ရာ အခြေအနေများကို ရင်ဆိုင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လမ်းညွှန်မှာကြားသည်။
ယနေ့ အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက ယင်းသို့ မှာကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ဆောင်းရာသီသို့ ရောက်ရှိတော့မည်ဖြစ်သော်လည်း အယ်လ်နီညို၏ သက်ရောက်မှုကြောင့် ပူပြင်းခြောက်သွေ့မှုများနှင့် မြေအောက်ရေခမ်းခြောက်မှုများ ကြုံတွေ့လာနိုင်ပြီး လက်ရှိအချိန်၌ပင် အချို့မြို့နယ်များတွင် ပုံမှန်ထက် အပူချိန်ပိုမိုမြင့်မားမှုများ ရှိနေကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
1 086
+2
ပြည်ပသို့ ဆန်တင်ပို့ရာ၌ ပို့ကုန်ပမာဏတိုးမြှင့်ရရှိရေး အရည်အသွေးကောင်းသည့် စပါးမျိုးများ စိုက်ပျိုးရန် နိုင်ငံတော်သမ္မတ မှာကြား
မြန်မာနိုင်ငံမှ အရည်အသွေးကောင်းသည့် ဆန်များကို ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးအတွက် အရည်အသွေးကောင်းမွန်သည့် စပါးမျိုးများ စိုက်ပျိုးရန်၊ ဆန်စက်များ၏ အရည်အသွေးကို မြှင့်တင်ရန်နှင့် ပြည်ပဈေးကွက်များ ပိုမိုရရှိရေး ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာကြားသည်။
ယနေ့ အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက ယင်းသို့ မှာကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ အရည်အသွေးကောင်းသည့် ဆန်များကို ပြည်ပသို့ တင်ပို့လျက်ရှိပြီး ပို့ကုန်ပမာဏ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် အရည်အသွေးကောင်းမွန်သည့် စပါးမျိုးများကို စိုက်ပျိုးရန်လိုအပ်သကဲ့သို့ ဆန်စက်များ၏ အရည်အသွေးကိုလည်း မြှင့်တင်ရန်နှင့် ပြည်ပဈေးကွက်များရရှိရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားသည်။
1 086
ရန်ကုန်-ပြည်ကားလမ်းတွင် ဆီဘောက်ဆာကားနှင့် စပါးများတင်လာသည့် (၆)ဘီးကား မျက်နှာချင်းဆိုင်တိုက် (၃)ဦးဒ-ဏ်ရာရ
ပဲခူးတိုင်း၊ အုတ်ဖိုမြိုနယ်ရှိ ရန်ကုန်-ပြည်သွားကားလမ်းတွင် ဆီဘောက်ဆာကားနှင့် စပါးများတင်လာသည့် (၆)ဘီးကားတို မျက်နှာချင်းဆိုင်တို-က်မိခဲ့မှု ယနေ့ အောက်တိုဘာ ၅ ရက်ညနေ ၄ နာရီခွဲကျော်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကားနှစ်စီးသည် အုတ်ဖိုမြိုနယ်၊ ရန်ကုန်-ပြည်သွားကားလမ်း၏ မိုင်တိုင်အမှတ် ၁၁၈/၂ တွင် မျက်နှာချင်းဆိုင်တို-က်မိခဲ့ခြင်းဖြစ်ကာ အုတ်ဖိုမြိုနယ်မီးသတ်စခန်းမှတပ်ဖွဲဝင်များက ရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Noted: ဘယ်လိုစဉ်းစား စဉ်းစားလုံးဝ စဉ်းစားမရဘူး။ မျက်နှာချင်းဆိုင်တိုက်တယ်ဆိုတာကြီးက။ အဖြစ်နိုင်ဆုံးကတော့ မင်းမတိန်းရင် ငါလည်းမတိန်းဘူးကွာဆိုပြီး လမ်းဖယ်မပေးပဲ မောင်းလို့သာဖြစ်ဖို့များပါတယ်။ ကားကြီးမောင်းတဲ့သူတွေကြည့်ရင် ဉာဏ်နည်းသူကများပါတယ်။ လူတိုင်းကိုတော့ မဆိုလိုပါဘူး။
1 086
ပြင်သစ်ဆန္ဒပြမှုများနှင့် ဆက်စပ်၍ European Left Alliance ကို စုံစမ်းစစ်ဆေးရန် ECR ကြိုးပမ်း
𝙊𝘾𝙏~𝟓
ဥရောပပါလီမန်အတွင်းရှိ European Conservatives and Reformists (ECR) အဖွဲက ပြင်သစ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်ပြီး European Left Alliance (ELA) ကို ဥရောပသမဂ္ဂရဲ့ နိုင်ငံရေးပါတီများဆိုင်ရာ စောင့်ကြည့်ရေးအဖွဲက စုံစမ်းစစ်ဆေးနိုင်ရေးအတွက် မဲခွဲဆုံးဖြတ်ရန် လက်မှတ်တွေ စုဆောင်းနေတယ်လို POLITICO က ဖော်ပြပါတယ်။
1 086
ဆေးပညာနဲ့ ဇီဝကမ္မဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို သိပ္ပံပညာရှင် ၃ ဦး ဆွတ်ခူး
ဆွီဒင်နိုင်ငံ၊ ကာရိုလင်စကာ အင်စတီကျု (Karolinska Institutet) ရဲ့ နိုဘယ်လ်ကော်မတီကနေ ၂၀၂၆ ခုနှစ်အတွက် ဆေးပညာနဲ့ ဇီဝကမ္မဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို သိပ္ပံပညာရှင် ၃ ဦးဖြစ်တဲ့ ကားလ် ဒိုင်စရော့ (Karl Deisseroth)၊ ပီတာ ဟက်ဂ်မန်း (Peter Hegemann) နဲ့ ဂေါ့ဂျ် နာဂယ်လ် (Georg Nagel) တိုကို ချီးမြှင့်လိုက်ပါတယ်။
သူတို ၃ ဦးဟာ "အလင်းနဲ့ ထိန်းချုပ်နိုင်တဲ့ အိုင်းယွန်း လမ်းကြောင်းတွေ (light-gated ion channels) နဲ့ အော့ပ်တိုဂျင်နက်တစ် (optogenetics) နည်းပညာကို ရှာဖွေတွေ့ရှိခဲ့တာ" ကြောင့် အခုလို ဆုချီးမြှင့်ခံရတာ ဖြစ်ပါတယ်။
1 086
ကုလသမဂ္ဂညီလာခံ လာတက်သည့် အီရန်ကိုယ်စားလှယ်အဖွဲဝင် နှစ်ဦးကို အမေရိကန်က နှင်ထုတ်
ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ခဲ့သည့် အီရန်ကိုယ်စားလှယ်အဖွဲဝင် နှစ်ဦးသည် အမေရိကန်နိုင်ငံမှ ထွက်ခွာရန် ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိသဖြင့် ၎င်းတိုကို နှင်ထုတ်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၃ ရက်တွင် ကြေညာခဲ့သည်။
“ကုလသမဂ္ဂ အထွေထွေညီလာခံ ပြီးသွားပြီးတဲ့နောက် အချိန်အတော်ကြာသည်အထိ နယူးယောက်မှာ ဆက်လက်ရှိနေတဲ့ အီရန်ကိုယ်စားလှယ်အဖွဲဝင် နှစ်ဦးကို အမေရိကန်နိုင်ငံကနေ နှင်ထုတ်လိုက်ပါပြီ” ဟု အမေရိကန်အရာရှိတစ်ဦးက AFP သတင်းဌာနကို ပြောသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ထိုကိစ္စကို အလေးအနက်ထား ဆောင်ရွက်နေကြောင်းလည်း ၎င်းအရာရှိကပြောသည်။
1 086
ချွန်ဘူရီကမ်းခြေမှာ မြန်မာဆောက်လုပ်ရေးလုပ်သားတစ်ဦး သေဆုံးလျက်တွေ့
𝙊𝘾𝙏~𝟓
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဆတ္တဟိပ်မြိုနယ်ရှိ တာဝန်ရွန်ကမ်းခြေမှာ အသက် ၃၆ နှစ်အရွယ် မြန်မာနိုင်ငံသား ဆောက်လုပ်ရေးလုပ်သားတစ်ဦးကို အောက်တိုဘာ ၂ ရက်က သေဆုံးလျက်တွေ့ရှိခဲ့တယ်လို ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
သေဆုံးသူဟာ အနီးနားရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်သူဖြစ်ပြီး ကမ်းခြေမှာထိုင်ကာ အရက်သောက်လေ့ရှိသူတစ်ဦးဖြစ်တယ်လို ရဲတပ်ဖွဲက ပြောပါတယ်။
1 086
မြန်မာ - ဂူအမ် အစဉ်အလာကို ပြန်လည်ပြသခဲ့တဲ့ မြန်မာ (ယူ-၁၇) အမျိုးသမီးအသင်း
ယနေ့ အမျိုးသမီး (ယူ-၁၇)ပွဲစဉ်မှာ မြန်မာအမျိုးသမီးအသင်းဟာ အစဉ်အလာအားဖြင့် မြန်မာ - ဂူအမ် ပွဲစဉ်တွေမှာ မြင်တွေ့နေကျ ဖြစ်တဲ့ ဂိုးအရေအတွက်များစွာနဲ့ ပြန်လည်အနိုင်ယူပြခဲ့ပါတယ်။
မြန်မာလက်ရွေးစင်အသင်းကြီးတွေမှာ ယခင်က ဂူအမ်ကို ဂိုးအရေအတွက်များများ ဂိုးပြတ်အနိုင်ယူခဲ့တာတွေ ရှိပေမယ့် နောက်ပိုင်းမှာတော့ ဂိုးပြတ်အနိုင်ရရှိမှု နည်းပါးသွားခဲ့ပါတယ်။
ဒီနေ့မှာတော့ ယူ-၁၇ အမျိုးသမီးများက ဒီအစဉ်အလာကို ပြန်လည်ဖော်ထုတ် ပြသနိုင်ခဲ့ပါတယ်။
ခန္ဓာကိုယ်ကြံ့ခိုင်မှုအပိုင်းမှာ ဂူအမ် က သာတယ်လို ထင်ရပေမယ့် အကောင်သေးသေး မာမာစွာစွာ မြန်မာ(ယူ-၁၇) သမီးပျိုလေးများဟာ ဂူအမ်ကို ပြတ်ပြတ်သားသား (မြန်မာ ၉ - ၀ ဂူအမ်) အနိုင်ရယူပေးခဲ့ပါတယ်။
1 086
မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း တည်ထောင်သူ အသက်(၉၀)နှစ်ရှိသည့် ဂုဏ်ထူးဆောင်နာယက ဆရာကြီး ဒေါက်တာဦးသိန်း ယနေ့ ကွယ်လွန်
ရန်ကုန်၊ အောက်တိုဘာ ၅
မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း တည်ထောင်သူဖြစ်ပြီး အသက် ၉၀နှစ်အရွယ်ရှိသည့် ဂုဏ်ထူးဆောင်နာယက ဆရာကြီး ပါမောက္ခဒေါက်တာဦးသိန်း(ရန်ကုန်တက္ကသိုလ် ဘူမိဒေဌာန ပါမောက္ခ(ငြိမ်း) သည် ယနေ့ အောက်တိုဘာ ၅ ရက်နေ့တွင် ကွယ်လွန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
1 086
သီးထပ်စိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ ထပ်မံထုတ်ချေးမည်
၂၀၂၆ ခုနှစ် ဆောင်းရာသီတွင် သီးထပ်စိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို တိုးမြှင့်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်က အသိပေးထားသည်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း မိုး၊ ဆောင်းနှင့် မိုးကြိုရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ်နှုန်းထားထက် ပျမ်းမျှနှစ်ဆတိုးမြှင့်၍ ထုတ်ချေးပေးလျက်ရှိသည်။
1 086
DEMU ရထား လက်မှတ်ကုန်သည်အထိ ခရီးသည်စီးနင်းမှုများပြားနေ
ရန်ကုန်–နေပြည်တော်–မန္တလေး ရထားလမ်းပိုင်းတွင် ခေတ်မီလေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများကို လက်မှတ်ကုန်သည်အထိ ခရီးသည်များ စီးနင်းမှုများပြားလာကြောင်း သိရသည်။
ထိုကြောင့် မြန်မာ့မီးရထားအနေဖြင့် ရထားပြေးဆွဲမှုများ တိုးချဲ့ဆောင်ရွက်ထားပြီး ခရီးသွားပြည်သူများအနေဖြင့် လက်မှတ်များကို ကြိုတင်ဝယ်ယူရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
" ရထားလက်မှတ်ကအွန်လိုင်းကနေတောင်တော်တော်နဲ့ဝယ်မရတာများတယ်။ လက်မှတ်ကုန်တာမြန်တယ်။ သူကစီးရတာလည်းအဆင်ပြေတယ်။ အချိန်ကလည်း မှန်တော့ ကားထက်ပိုအဆင်ပြေတယ်။ လက်မှတ်ကိုတော့ သတ်မှတ်ရက်ထက်ကြိုဖြတ်ဖိုလိုတယ်" ဟု ရထားစီးခရီးသည်တစ်ဦးကပြောသည်။
1 086
အီရန်နိုင်ငံမှာ အရပ်ဘက်သုံး နျူကလီးယား အစီအစဉ် လုပ်ဆောင်ဖို 'တရားဝင် အခွင့်အရေး' ရှိတယ်လို တရုတ်ကိုယ်စားလှယ်ပြောကြား
နျူကလီးယားလက်နက် မပြန့်ပွားရေး စာချုပ်(NPT) မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် အီရန်နိုင်ငံအနေနဲ့ ငြိမ်းချမ်းတဲ့ နျူကလီးယား အစီအစဉ်တစ်ခု လုပ်ဆောင်ခွင့်ရှိတယ်လို ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံရဲ့ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။
ကြာသပတေးနေ့က ကျင်းပတဲ့ အထွေထွေညီလာခံမှာကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံရဲ့ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ဆွန်လိုင်(Sun Lei)က အခုလို ပြောကြားခဲ့တာပါ။
